ဟွမ်ယွမ်ဆေးလုံး
Vol. 9 Ch. 109
ကျန်းယီမင်နှင့် သူ့မူလဝိညာဉ်များက ပျက်သုဥ်းခြင်းလက်ဝါးကို တစ်ပြိုင်နက်တည်းထုတ်လိုက်သည့်အခါ အားလုံးကအစွမ်းထက်ပုံရသော်လည်း ထိုအရာကရန်သူကိုနှိမ်နင်းမည့် သူ့စစ်မှန်သောနည်းလမ်းမဟုတ်ပေ။ သူ့အစစ်အမှန်ရည်ရွယ်ချက်မှာ ရှန့်ကွမ်းယွမ်မူလဝိညာဉ်များကို သူ့ရှေ့ကိုရောက်လာအောင် ဆွဲဆောင်ရန်ဖြစ်သည်။ ကျန်းယီမင်ပုံရိပ်သည် သူ့ဆီကိုရောက်ရှိလာတဲ့ စိတ်ဝိညာဉ်စွမ်းအားများကို ရှောင်တိမ်းလိုက်ပြီး လက်ထဲမှစိတ်ဝိညာဉ်ဓားကို ဝှေ့ယမ်းလိုက်ကာ ရှန့်ကွမ်းယွမ်ရဲ့မူလဝိညာဉ်များထဲမှ တစ်ခုကိုထိုးစိုက်လိုက်သည်။
"အား..."
လူတစ်ယောက်ရဲ့မူလဝိညာဉ်သည် သဘာဝကျစွာပင် ထိုလူနှင့်ဆက်စပ်သည်။ ရှန့်ကွမ်းယွမ်သည် ကျန်းယီမင်တိုက်ခိုက်တာကို သူရှောင်တိမ်းနိုင်မှာ မဟုတ်ဘူးလို့ သူမမျှော်လင့်ထားခဲ့ပေ။ ယခုအခါ သူ့မူလဝိညာဉ်များထဲမှတစ်ခုသည် ကျန်းယီမင်ဓားထက်ဖြင့် ထိုးဖောက်ထိခိုက်ခြင်းခံလိုက်ရသည်။ ရှန့်ကွမ်းယွမ်ခန္ဓာကိုယ်က အနည်းငယ် ယယိမ်းယိုင်သွားသည်။
နောက်ထပ် ပျက်သုဥ်းခြင်းလက်ဝါး တစ်ချက်၊ ကျန်းယီမင်ပေါင်းစပ်တိုက်ခိုက်မှုများက အလုပ်ဖြစ်သွားသည်။ အဆုံးမဲ့အရှိန်အဝါပါဝင်တဲ့ ပျက်သုဥ်းခြင်းလက်ဝါးသည် ရှန့်ကွမ်းယွမ်ခန္ဓာကိုယ်တည့်တည့်သို့ ရိုက်ခတ်သွားသည်။ ခေတ္တမျှကြာ ရှန့်ကွမ်းယွမ်တောင် သူ့အရှိန်အဝါကိုတည်ငြိမ်အောင် မထိန်းချုပ်နိုင်ခဲ့ပေ။ ထိုအချိန်တွင်ခုနက ကျန်းယီမင်နှင့် တိုက်ခိုက်ခဲ့တဲ့စီမာကျန်းနှင့် ရှန့်ကွမ်းဝေတို့သည်အောက်မှနေပြီး အံ့ဩမှင်သက်စွာကြည့်နေကြသည်။
ကျန်းယီမင်အတွက် သူတို့နှစ်ယောက်စလုံးနှင့် အချီများစွာတိုက်ခိုက်ခဲ့ရခြင်းမှာ မလွယ်ကူခဲ့ဘူးလို့ သူတို့ အစကထင်မှတ်ထားခဲ့ကြသည်။ သို့သော် ကျန်းယီမင်ရဲ့ လက်ရှိအခြေအနေကိုကြည့်ရတာ သူက ခုနက သူတို့ကိုလက်ညှာပေးခဲ့သလိုဖြစ်နေသည်။ အကယ်၍ သူသာခုနက အစွမ်းကုန်တိုက်ခိုက်ခဲ့လျှင် သူတို့နှစ်ယောက်စလုံးလည်း သေဆုံးသွားလောက်သည်။ ကျန်းယီမင်ကိုရင်ဆိုင်ရာတွင် ရှန့်ကွမ်းယွမ်ရည်ရွယ်ချက်မှာ အစကပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားပြီး ကြွက်သားများကိုလေ့ကျင့်ပေးရန်သာ ဖြစ်သည်။
တိုက်ကွက်အနည်းငယ်လုပ်ပြီးနောက် အခြေအနေသည် သူထင်ထားသကဲ့သို့ တစ်ဖက်သတ်မဖြစ်နေတာကို သူမမျှော်လင့်ထားခဲ့ပေ။ ထိုအစား တစ်ဖက်လူက သူ့မူလဝိညာဉ်များထဲမှတစ်ခုကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဆက်တိုက်တိုက်ခိုက်ချက်များက သူ့ကိုအနည်းငယ် အကျပ်ရိုက်သွားစေခဲ့သည်။ ရှန့်ကွမ်းမိသားစုဝင်များသည်လည်း ထိုအရာကိုမြင်တဲ့အခါ အနည်းငယ်အံ့အားသင့်သွားကြသည်။
'တိုက်ပွဲက ဒီလိုမဖြစ်သင့်ဘူး မဟုတ်ဘူးမလား...'
အကြီးအကဲရှန့်ကွမ်းယွမ် တံခါးပိတ်ကျင့်ကြံရာကနေ ရုတ်တရက်ထွက်လာပြီးနောက် ကျန်းယီမင်ကို တိုက်ကွက်အနည်းငယ်ဖြင့် အမှုန့်ဖြစ်အောင် ရိုက်နှက်ပစ်တော့မယ်လို့ သူတို့ထင်ထားကြသည်။
"ခွေးကောင်... မင်း ငါ့ကိုဒီလိုလုပ်အောင် တွန်းအားပေးလိုက်တာပဲ..." ရှန့်ကွမ်းယွမ်ပုံရိပ်သည် သနားစရာကောင်တဲ့အခြေအနေဖြင့် ပြေးထွက်လာသည်။
သို့သော် ကျန်းယီမင်က မတုန်လှုပ်ပေ။
"ဘာပြောပြောအပိုပဲ။ မင်းမှာ တကယ် အရည်အချင်းရှိရင် ငါ့ကိုပြလိုက်စမ်း။ မင်းက ဟန်ပြသက်သက်ပဲဆိုရင် အမြန်ဆုံးလက်နက်ချလိုက်ဖို့ ငါအကြံပေးချင်တယ်..."
သူတို့ စကားပြောနေစဉ်မှာပင် ကျန်းယီမင်က နောက်ထပ်တိုက်ခိုက်ချက်တစ်ခု စတင်လိုက်သည်။ ပုံရိပ်များသည် ကောင်းကင်ယံတွင်ကြက်ခြေခတ်သဏ္ဌာန် ဖြတ်သန်းသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲသံများသည် တောင်ကြားတွင် ပဲ့တင်ထပ်သွားသည်။ ရှန့်ကွမ်းယွမ်ရဲ့မူလဝိညာဉ်တစ်ခုက အခုလေးတင် ဒဏ်ရာရသွားခဲ့သည်။ သေစေလောက်တဲ့ဒဏ်ရာမဟုတ်သော်လည်း ၎င်းသည် သူ့လက်ရှိခွန်အားကို အနည်းငယ်အားနည်းသွားစေသည်။
ကျောက်စိမ်းကြာပန်းတစ်ပွင့်က ကျန်းယီမင်လက်ထဲတွင်ပေါ်လာပြီး ရှန့်ကွမ်းယွမ်ဆီသို့ ပျံသန်းသွားသည်။ အနီးကပ်ရောက်သောအခါ ထိုကြာပန်းသည် ချက်ချင်းပေါက်ကွဲသွားပြီး ကောင်းကင်ကိုငှက်မွေးဓားများဖြင့် ပြည့်နှက်သွားစေသည်။ ထိုတိုက်ကွက်သည် စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ်မှ ကျန်းယီမင် နားလည်သဘောပေါက်ခဲ့တဲ့ သိုင်းကွကွဖြစ်သည်။ စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်သည် အသုံးပြုသူကို သိုင်းပညာရပ်အသစ်များကို တိုက်ရိုက် ပေးအပ်နိုင်ခြင်းမရှိပေ။ သို့သော် ဒီကျင့်စဉ်ရဲ့အံ့ဩဖွယ်ရာအချက်မှာ ကျင့်ကြံသူများကို လေ့လာသင်ယူနေစဉ်အတွင်း သူတို့ကိုယ်ပိုင်ထူးခြားတဲ့တိုက်ကွက်များကို ဖန်တီးစေနိုင်ခြင်း ဖြစ်သည်။
ငှက်မွေးဓားများသည် ရှန့်ကွမ်းယွမ် ယကို အလုပ်ရှုပ်နေစေသည်။
"နောက်တစ်ကြိမ်.... ဖျက်စီးခြင်းလက်ချောင်း..."
ထိုသို့ပြောပြီးနောက် ကြီးမားတဲ့လက်ညှိုးတစ်ချောင်း ကျန်းယီမင်နောက်ကျောမှ ဆန့်ထွက်လာသည်။ အရင်က သူသည်အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိသေးသဖြင့် သူ့ဖျက်စီးခြင်းလက်ချောင်းသည် လူတစ်ရပ်အရွယ်အစားခန့်သာ ရှိသည်။ သို့သော် ယခုသူသည် မွေးဖွားခြင်းအစောပိုင်းအဆင့်တွင် ရှိနေသည်။ ဖျက်စီးခြင်းလက်ချောင်းရဲ့ အရွယ်အစားသည် ကောင်းကင်နှင့်နေမင်းကိုပါ ဖုံးလွှမ်းသွားတဲ့အထိ ကြီးမားလာသည်။ ၎င်းသည်ပျက်သုဥ်းခြင်းလက်ဝါးထက် အရွယ်အစားမသေးငယ်ပေ။
"သွားစမ်း..."
ရှန့်ကွမ်းယွမ်သည် သူ့အင်္ကျီလက်ထဲမှ တာအိုအဆောင်တစ်ခုကို ထုတ်ယူပြီးအားကုန်လွှဲပစ်လိုက်သည်။ တာအိုအဆောင်သည် စွမ်းအား ယလုံးဝမပါဝင်သကဲ့သို့ ပေါ့ပါးနေပုံရသည်။ သို့သော် ထိုအဆောင်သည် ဧရာမလက်ချောင်းထိပ်ဖျားတွင် လွင့်မျောနေရုံဖြင့် ဖျက်စီးခြင်းလက်ချောင်းသည် ရှေ့ကိုလုံးဝဆက်မတိုးနိုင်တော့ပေ။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ခွန်အားကြီးသူများ လှုပ်ရှားလိုက်တဲ့အခါ သူတို့ကိုယ်ပိုင်ခွန်အားပဲ အလွန်သန်မာတာမဟုတ်ပေ။ သူတို့တွင် ရတနာများစွာလည်း ရှိကြသည်။
လင်းယွင်ဂိုဏ်းသည် သိုင်းကျင့်စဥ်ခန်းမ၊ တာအိုအဆောင်ခန်းမနှင့် တခြားအဆောက်အအုံများကို အမြန်ဆုံး တည်ဆောက်ရန်လိုအပ်နေသေးသည်။ သူ့ဧရာမလက်ချောင်းကြီး ရှေ့ဆက်မတိုးနိုင်တော့တာကို မြင်လိုက်ရသောအခါ ကျန်းယီမင်က ထိုအဆောင်ကိုအားကျစိတ် အနည်းငယ်ဖြစ်လာသည်။
သို့သော် အခုချိန်က ထိုအရာတွေ တွေးနေရမယ့်အချိန်မဟုတ်ပေ။ စိတ်အတွေးတစ်ချက်ဖြင့် ပျက်သုဥ်းခြင်းနယ်ပယ် စတင်တုန်ခါလာခဲ့သည်။ သူက ပျက်သုဥ်းခြင်းနယ်ပယ်ထဲတွင် အဆုံးမဲ့စွမ်းအင်နှင့် အရှိန်အဝါများကို စုစည်းလိုက်သည်။ ထို့နောက် ထိုစွမ်းအင်တို့ကို အကန့်အသတ်အထိဖိသိပ်ပြီးမှသာ ပေါက်ကွဲစေမည်ဖြစ်သည်။ ထွက်ပေါ်လာမည့်စွမ်းအားသည် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူငါးယောက်တပြိုင်နက် ကိုယ့်ကိုယ်ကို ဖောက်ခွဲတာထက် ပိုအားကောင်းလိမ့်မည်။ ရှန့်ကွမ်းယွမ်သည် တိုက်ပွဲပေါင်းရာချီကြုံတွေ့ဖူးတယ်လို့ သတ်မှတ်နိုင်သဖြင့် ကျန်းယီမင်စွမ်းအင်စတင်စုစည်းလိုက်သည့်ခဏတွင်ပင် သူ့ရှေ့မှကောင်လေး ဘာတွေးနေတယ်ဆိုတာကို သူနားလည်သဘောပေါက်လိုက်သည်။
သူ့ပြိုင်ဘက်တွင် ထိုသို့သောအတွေးရှိနေမှတော့ သူလည်း လက်တွန့်နေမည်မဟုတ်ပေ။ ထိုသို့ တွေးမိသောအခါ ရှန့်ကွမ်းယွမ်လည်း အလျင်အမြန်လှုပ်ရှားလိုက်သည်။ ကျန်းယီမင်က ရှန့်ကွမ်းယွမ်တိုက်ခိုက်တာကို ထုတ်သုံးခွင့်သူလုံးဝမပေးနိုင်ပေ။ သို့မဟုတ်ပါက သူ့အောက်ကအစီအရင်ထဲမှ ရှန့်ကွမ်းမိသားစုဝင်များတောင် အခုလိုပေါက်ကွဲချက်အောက်တွင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ကြမည် မဟုတ်ပေ။
"ခွေးကောင်... မင်းဘာလုပ်နေလဲဆိုတာ သိရဲ့လား၊ အခု ငါ့မိသားစုထဲမှာ မင်းရဲ့တပည့်တွေ မရှိတာမှ မဟုတ်တာ... သူတို့ဘေးကင်းရေးကို မင်းလုံးဝဂရုမစိုက်တော့ဘူးလား..."
သူ့ဆီကို ပြေးဝင်လာတဲ့ ရှန့်ကွမ်းယွမ်အသံကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်ပြုံးလိုက်သည်။ ဟုတ်တယ်၊ သူ့ရည်မှန်းချက်အောင်မြင်သွားခဲ့သည်။ တစ်ဖက်လူသည် ယခင်ကကဲ့သို့တည်ငြိမ်အေးဆေးတာ မရှိတော့ပေ။
'သူ စတင်ပြီးစိုးရိမ်လာပြီ.... ဒါကသူသုံးနေတဲ့ အကွက်ဟာ သူ့ပြိုင်ဘက်ရဲ့အားနည်းချက် အတိအကျဖြစ်ကြောင်း ပြသနေတာပဲ....'
ကျန်းယီမင်သည် မစုစည်းရသေးတဲ့စိတ်ဝိညာဉ်စွမ်းအားများကို သူ့လက်ထဲမှထုတ်လိုက်သည်။
"ဝုန်း...."
"ဝုန်း...."
"ဝုန်း...."
ဆက်တိုက်ပေါက်ကွဲသွားတာ သုံးကြိမ်တိုင်တိုင် ဖြစ်သွားသည်။ စွမ်းအားသည် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက် သို့မဟုတ် နှစ်ယောက် ကိုယ့်ကိုယ်ကိုဖောက်ခွဲလိုက်တာထက် မလျော့နည်းပေ။ ပျက်သုဥ်းခြင်းနယ်ပယ်ထဲတွင် သူ့စွမ်းအင်စုစည်းတာသည် အပြင်ဘက်ထက်ပိုမြန်ဆန်သည်။
ရှန့်ကွမ်းယွမ်ကတော့ စိန်တွေလှုပ်ရှားနေသည်။ သူ ပျက်သုဥ်းခြင်းနယ်ပယ်ကို ဖြိုခွင်းနိုင်ရုံဖြင့် ကျန်းယီမင်တိုက်ခိုက်ရေးစွမ်းရည် ထက်ဝက်ကျော်လျော့ကျသွားမည်ဖြစ်ကြောင်း သူကောင်းကောင်းသိသည်။ နယ်ပယ်ကိုဖြိုခွင်းရန် သူမစွမ်းဆောင်နိုင်တာမဟုတ်ဘဲ အချိန်အနည်းငယ်သာ လိုအပ်နေခြင်းဖြစ်သည်။
ဟွမ်ယွမ်ဆေးလုံးအာနိသင် မကုန်ဆုံးသေးပေ။ ထိုဆေးလုံးသည် ကျန်းယီမင်အတွင်းကလီစာများထဲသို့ အရည်ပျော်ဝင်သွားပြီဖြစ်သည်။ ဆေးလုံးသည် သူ့အသိတရားကို လောင်ကျွမ်းနေတဲ့မီးတောက်တစ်ခုလိုဖြစ်နေပြီး သူ့ရင်ထဲမှတိုက်ခိုက်လိုစိတ်ကို အဆက်မပြတ်လှုံ့ဆော်ပေးနေသည်။
ရှန့်ကွမ်းယွမ် သူ့ခြေဖျားကို ခပ်ဖော့ဖော့ကန်လိုက်သည်။ သူ့နောက်ကျောမှ ဝပ်နေတဲ့နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ အဆင့်သုံးအင်အားစု ရှန့်ကွမ်းမိသားစုအဘိုးဘေးတစ်ယောက်အနေဖြင့် သူ့ကျင့်စဉ် မဆိုးရွားဘူးဆိုတာ သူသေချာသည်။
"နဂါးပျံသန်းကျင့်စဉ်...."
ဒဏ္ဍာရီများတွင် တစ်ယောက်ယောက်သည် ဒီကျင့်စဉ်ကို အမှန်တကယ်အောင်မြင်အောင် ကျင့်ကြံနိုင်ပါက သူကတကယ့်နဂါးအဖြစ် ပြန်လည်မွေးဖွားနိုင်ပြီး နတ်ဘုရားအဆင့်သို့ ဝင်ရောက်နိုင်မယ်လို့ အဆိုရှိသည်။ ထိုကျင့်စဥ်သုံးတာကို မြင်လိုက်တဲ့အခါ အကြီးအကဲက ဒေါသထွက်နေပြီဖြစ်ကြောင်း ရှန့်ကွမ်းလီနှင့်တခြားသူများ သိလိုက်ကြသည်။
"ကောင်စုတ်လေး... သေစမ်း...."
ရှန့်ကွမ်းယွမ်နှင့် သူ့နောက်ကဧရာမနဂါးကြီးတို့ရဲ့ မျက်လုံးများက ရွှေရောင်အလင်းတန်းဖြင့် လင်းလက်လာသည်။ သူတို့ပါးစပ်များကို တစ်ပြိုင်နက် ဖွင့်လိုက်ရာ စူးရှတဲ့ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ကျန်းယီမင်က အလျင်အမြန်ရှောင်တိမ်းလိုက်သည်။ တစ်ဖက်လူပါးစပ်မှ ထွက်ပေါ်လာတဲ့ရူးသွပ်ဖွယ်အရှိန်အဝါကို သူခံစားလိုက်ရသည်။ အကယ်၍ အလင်းတန်းအနည်းငယ်မျှကိုသာ ထိတွေ့မိလိုက်ရင် သူအမှုန့်ဖြစ်သွားနိုင်သည်။
"ဘုန်း...."
"မင်းဘယ်ပြေးမယ်လို့ တွေးနေတာလဲ...."
ရှန့်ကွမ်းယွမ်က ထိုသို့ပြောနေတုန်းပင် ကြောက်မက်ဖွယ်ကောင်းတဲ့ အလင်းတန်းများသည် သူ့လက်နှစ်ဖက်စလုံးမှပေါက်ကွဲထွက်လာသည်။
"ဘုန်း...."
ကျန်းယီမင်သည် အစွမ်းကုန်ရှောင်တိမ်းနေသော်လည်း အလင်းတန်းများသည် ကိုယ်ပိုင်အသက်ရှိသကဲ့သို့ဖြစ်နေသည်။ သူတို့သည် လေထဲတွင် ထူးဆန်းတဲ့ ထောင့်ချိုးများဖြင့်တွန့်လိမ်ကာ ကျန်းယီမင်ဆီသို့ တည့်တည့်ဦးတည်လာနေဆဲဖြစ်သည်။
ဒီတစ်ကြိမ်တွင် ကျန်းယီမင်က အချိန်မီမရှောင်တိမ်းနိုင်တော့ဘဲ သူ့ခါးကိုထိမှန်သွားသည်။ သူက စင်တီမီတာဝက်ခန့်သာထိမှန်ခံရသော်လည်း သူလေထဲမှာ ဆက်မထိန်းသိမ်းနိုင်တော့ပေ။.အတောင်ပံကျိုးသွားတဲ့ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်မှပြုတ်ကျလာသည်။
"ပျက်စီးသွားစမ်း...."
ကျန်းယီမင် အရှိန်နဲ့ပြုတ်ကျလာတာကို မြင်သောအခါ ရှန့်ကွမ်းယွမ်ဝမ်းသာသွားသည်။ သူသည် ရှန့်ကွမ်းမိသားစုတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ပရမ်းပတာနယ်ပယ်ဆီသို့ အာရုံအမြန်ပြောင်းလိုက်သည်။ သူ အမှားပေါင်းများစွာလုပ်နိုင်သော်လည်း ပြိုင်ဘက်ကို အနည်းငယ်ထိခိုက်အောင် လုပ်နိုင်လျှင်ပင် ပြိုင်ဘက်သည်ကျရှုံးသွားလိမ့်မည်။