← Chapters

ဓားပြများကိုမှ သွားစိန်ခေါ်မိတဲ့ ကောင်းချူနဲ့လျှို့လုန်

Vol. 6 Ch. 57

ဓားပြများကိုမှ သွားစိန်ခေါ်မိတဲ့ ကောင်းချူနဲ့လျှို့လုန်

Vol. 6 Ch. 57

အဆောင်သခင် အဆင့်နှစ် များက အတော်လေး ချမ်းသာကြသည်။

သိုလှောင်အိပ်များအားလုံးကို ရှာဖွေပြီးနောက် တစ်ယောက်စီတိုင်းတွင် အနည်းဆုံး ယွမ်ကျောက်တုံး တစ်ထောင်စီ ရှိကြသည်။

တစ်ချို့မှာ သောင်းချီ ရှိသည်။

သူက အားလုံးကို ယူလိုက်ပြီး၊ သူ့လက်ထောက်လေး လင်းတုန်ကို လွှဲပေးလိုက်သည်။

လီဟူ ဆိုသည့် ယန်မြို့ အဆောင်သခင် တစ်ယောက်က သတိပေးလိုက်သည် - “အစ်ကိုကြီး ဝူယွမ် ၊ လျှို့လုန်နဲ့ ကောင်းချူတို့က ငါးထပ်မြောက်ကို ရောက်နေပြီ... သူတို့က အစ်ကိုကြီးတို့နှစ်ယောက်ကို ချောင်းမြှောင်းတိုက်ခိုက်ဖို့ ကြံနေပုံဘဲ ... အထက်ကိုတက်ရင် သတိထားပါ”

“ရော့ ညီအစ်ကိုတို့အတွက်”

ဝူယွမ်သည် ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်း ဆေးလုံးများကို ထုတ်ယူကာ အခြားသူများကို ခွဲပေးလိုက်သည်။

ထို့နောက် လင်းတုန်နှင့် အပြန်အလှန်ကြည့်လိုက်ပြီး ငါးထပ်မြောက် ကိုတက်ဖို့ ဝိညာဉ်စွမ်းအင်အကာဆီသို့ ပြေးတော့သည်။

ဝိညာဉ်စွမ်းအင် အတားအဆီးနားတွင် ကောင်းချူနှင့် လျှို့လုန်တို့စောင့်နေကြသည်။

သူတို့က ခြောက်ထပ်မြောက်ကို ဝင်ရောက်ရန် ဝိညာဉ်စွမ်းအင်အကာအကွယ်ကို ဖြတ်ကျော်ဖို့ရာ ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့ပေ... ထို့ကြောင့် ဝူယွမ်နှင့် လင်းတုန်တို့ကို ငါးထပ်‌မြောက် ဝင်ပေါက်အနီးတွင် စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

စင်္ကြာလှေကားထစ်အတွင်း၌ ဘင်းရွှမ်းဓားကို ပြန်လည်ရယူလိုကြသည်။

“ဒုတိယစီနီယာအကိုကြီး ... သူတို့က ဘာလို့ မတက်လာကြသေးတာလဲ... သူတို့သာ ငါးထပ်ကို တက်မလာနိုင်ဘူးဆို ကျွန်တော်တို့ စောင့်နေရတာ အလကားဖြစ်သွားမလား” ကောင်းချူက စိတ်မရှည်တော့တဲ့ လေသံဖြင့် ပြောလိုက်သည်။

“ဝူယွမ်အကြောင်းကိုတော့ ငါမသိဘူး... ဒါပေမဲ့ လင်းတုန်က မင်းကို အနိုင်ယူနိုင်တာကြောင့်... သူ သေချာပေါက် ငါးထပ်ထိ တက်နိုင်လိမ့်မယ် ... စောင့်နေ... သူတက်လာတာနဲ့ သူ့ကို ခံစားရအောင် လုပ်ပေးမယ်”

ဝူယွမ် နှင့် လင်းတုန်သည် ဆရာဟန်နှင့် အဆောင်သခင် အများအပြားရှေ့မှာ သူတို့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ခဲ့သည်... လျှို့လုန် စိတ်ထဲ လက်စားချေချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

“လာပြီ”

ဤအချိန်တွင် ကောင်းချူ၏မျက်နှာ လင်းလက်သွားသည်... ဝိညာဉ်စွမ်းအင်အကာအကွယ် လှုပ်သွားသည်ကို မြင်လိုက်ရပြီး... တစ်ယောက်ယောက် တက်လာနေမှန်း သိလိုက်ရသည်။

သူ လက်သီးဆုပ်လိုက်ပြီး... ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ လက်ထဲမှာ အမြန်ဆုံး စုစည်းလိုက်သည်နှင့်... ခဏအတွင်းမှာပင် မြန်မြန်ဆန်ဆန် လည်ပတ်နေသော ဝိညာဉ်စွမ်းအင်ဘီးလုံးနှစ်ခု ဖြစ်ပေါ်လာသည်... မြန်ဆန်သောအရှိန်ဖြင့် လည်ပတ်နေသောကြောင့် ထိုဘီးလုံးများ၏ ချွန်ထက်သော ဓားသွားများမှ တရွှီရွှီမြည်သံများပင် ထွက်ပေါ်လာသည်။

“လီဟော်ဓား”

လျှို့လုန်သည်လည်း ချက်ချင်း တုံ့ပြန်လိုက်သည်... မီးနီရောင် ဓားရှည်တစ်ချောင်း သူ၏ ရှေ့တွင်ပေါ်လာပြီး... ၀င်လာသည်နှင့် တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည်။

ဝူယွမ်နှင့် လင်းတုန်တို့၏ ပုံရိပ်များ ပေါ်လာသည်နှင့် တပြိုင်နက်... တရွှီရွှီမြည်သံနှစ်ခု ချက်ချင်းရောက်ရှိလာသည်။

“သွား”

ကောင်းချူနှင့် လျှို့လုန်သည် တစ်ချိန်တည်း အော်ဟစ် တိုက်ခိုက်လိုက်ကြသည်။

ဝိညာဉ်စွမ်းအင်ဘီးလုံးများနှင့် လီဟော်ဓားသည် ဝူယွမ်နှင့် လင်းတုန်ဆီ သို့၀င်ရောက်လာလေသည်။

“ကလန်”

ကောင်းချူနှင့် လျှို့လုန်၏ တိုက်ခိုက်မှုများ တားဆီးခံလိုက်ရသည်။

ဝူယွမ်နှင့် လင်းတုန်သည် ကျောချင်းဆိုင်ရပ်နေပြီး... သူတို့၏ ဝိညာဉ်စွမ်းအင်များကို ပေါင်းစည်းကာ ... အားကောင်းသော ဝိညာဉ်စွမ်းအင် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ပြီး... သူတို့နှစ်ဦးစလုံးကို ကာကွယ်ထားလိုက်သည်။

“ငါတို့သာ ကြိုတင်ပြင်ဆင် မထားခဲ့ရင်တော့ မင်းတို့ လုပ်ကြံတာ အောင်မြင်လောက်တယ်။ ”

ဝူယွမ်သည် ရယ်မောကာ ပြောလိုက်သော်လည်း... သူ၏စကားထဲတွင် စိတ်တိုစရာအချက်များ ပါဝင်နေသည်။

“အဲ့တော့... မင်းတို့နှစ်ယောက်ကို ရေခဲပုံဆောင်ခဲဓား အစွမ်းကို မြည်းခိုင်းရမယ်”

ရေခဲနှင့်တူသော အပြာရောင် ဓားအလင်းတန်းများ ထိုးထွက်လာပြီး... ဝူယွမ်နှင့် လင်းတုန်တို့ နှစ်ယောက်စလုံး ရေခဲပုံဆောင်ခဲဓားများကို ကိုင်တွယ်ကာ... လျှို့လုန်နှင့် ကောင်းချူကို တစ်ယောက်ဆီ တာ၀န်ယူလိုက်ကြသည်။

လျှို့လုန်၏ စွမ်းရည်သည် အတော်လေး မြင့်မားသည်... အဆောင်သခင် အဆင့်နှစ် အထွတ်အထိပ်မှာ ရှိပြီး... အဆောင်သခင် အဆင့်သုံးနှင့် သိပ်မဝေးတော့ပေ... သူကိုင်ထားသော လီဟော်ဓားသည်လည်း ကောင်းချူ၏ အရင်ကရေခဲဓားထက် ပိုအားကောင်းသည်။

ဝူယွမ်က သူ့နှင့် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်သည်... သေးငယ်သော ရေခဲပုံဆောင်ခဲဓားပေါ်မှ ရူန်းများ လျှပ်တပြက်ထွက်လာပြီး... ရေခဲအလွှာများ ဖုံးအုပ်သွားသည်။

“ဒန်”

ရေခဲပုံဆောင်ခဲဓားက လီဟော်ဓားနှင့် ထိမိသည်နှင့်... ဓားကိုယ်ထည်တစ်ခုလုံး ရေခဲသဘာ၀ ဝိညာဉ်စွမ်းအင်ကြောင့် အေးခဲသွားသည်။

ရေခဲပုံဆောင်ခဲဓားနှင့် နှိုင်းယှဉ်လျှင်... လီဟော်ဓား၏ မီးသဘာ၀ ဝိညာဉ်စွမ်းအင်သည် သိပ်သနားစရာဖြစ်နေသည်။

ဝူယွမ်သည် မူလရေခဲရူန်းများကို အသုံးပြုထားပြီး... လီဟော်ဓားတွင် သာမန်အခြေခံ မီးရူန်းများသာ ရှိသည်။

အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက်... လီဟော်ဓားသည် သူ၏ဓာတ်သဘာ၀ကို ဆုံးရှုံးလိုက်ရသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လျှို့လုန်သည် သူ၏အချစ်တော် လီဟော်ဓားကို ကြည့်ရင်းယုံဖို့ရာခက်ခဲနေသည်။

အရင်... လီဟော်ဓားသည် ရေခဲဓားကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်။

ဘာကြောင့် ပိုင်ရှင်ပြောင်းပြီးနောက် ဒီလောက် ကြောက်စရာကောင်းသွားရတာလဲ။

“ကောင်းချူ... ပေါင်းတိုက်မယ်”

လျှို့လုန်သည် အော်ဟစ်ရင်း... ကောင်းချူကို အကူအညီတောင်းလိုက်သည်။

ကောင်းချူသည် လင်းတုန်ကို ရှောင်ကာ... ချက်ချင်းပင် လျှို့လုန်ဆီသို့ ဆုတ်ခွာသွားသည်။

နှစ်ယောက်လုံး စွမ်းအားပြင်းဝိညာဉ်စွမ်းအင်များကို သူတို့ရှေ့ရှိ လီဟော်ဓားထဲသို့ ဆက်တိုက် ထည့်သွင်းလိုက်သည်။

သူတို့နှစ်ဦး၏ ဝိညာဉ်စွမ်းအင်များ ဆက်တိုက်ထည့်သွင်း ပေးနေသောကြောင့်... လီဟော်ဓားက စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး... မီးဓာတ်သဘာ၀က လေထဲသို့ ပျံ့နှံ့သွားကာ... ပူပြင်းသည့် ဓားစွမ်းအင်နှင့်အတူ... မီးနီရောင် ဓားအရိပ်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး... အောက်ဘက်ရှိ ဝူယွမ်နှင့် လင်းတုန်တို့ကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။

“အလှပြယုံသက်သက်ပါဘဲ”

ဝူယွမ်က မျက်ခုံးပင့်လိုက်သည်.. ဝိညာဉ်စွမ်းအင်ကို ဤကဲ့သို့သော နည်းလမ်းဖြင့် အသုံးချရသည်ကို သူလည်းသဘောကြသည်။

“‌ မြွေအသွင်‌ပြောင်းတံဆိပ်”

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များသည် သူ၏ရှေ့တွင် ဧရာမမြွေပုံသဏ္ဍာန်ကြီးအဖြစမ် စုစည်းလာသည်...... အရင်က လင်းတုန်သုံးခဲ့သော မြွေအသွင်‌ ပြောင်းတံဆိပ်ထက် ပိုအသက်ဝင်ပြီး ပြီးပြည့်စုံသည်။

ဧရာမမြွေပုံရိပ်ကြီးက လီဟော်ဓားနှင့် ထိတ်တိုက်တွေ့သွားပြီး စွမ်းအားပြင်း ဝိညာဉ်စွမ်းအင် ပညာရပ်နှစ်ခု၏ ထိတ်တိုက်တွေ့စုံမှုသည် ငါးထပ်မြောက် တစ်ထပ်လုံးကို တုန်ခါသွားစေသည်။

မြွေပုံရိပ်ကြီး ပျောက်ကွယ်သွားပြီး... လီဟော်ဓားသည်လည်း မြေပြင်ပေါ်သို့ ကျသွားကာ... ထိန်းချုပ်မှုလွှတ်သွားသည်။

လျှို့လုန်နှင့် ကောင်းချူတို့ မတုန့်ပြန်နိုင်သေးခင် ရေခဲပုံဆောင်ခဲဓားနှစ်ချောင်းက သူတို့လည်ပင်းနား ရောက်နေပီဖြစ်သည်။

“မသတ်ပါနဲ့... မသတ်ပါနဲ့”

လျှို့လုန်သည် ချက်ချင်း ချွေးသီးချွေးပေါက်များ ကျပြီး... သဲကြီးမဲကြီး အော်လိုက်သည်။

“ငါ မင်းတို့ကို သတ်မယ်လို့ ဘယ်သူပြောတာလဲ... နောက်ဆက်တွဲ ပြဿနာ‌တွေကို ကိုင်တွယ်ဖို့ရာ အရမ်းပျင်းနေတယ်” ဝူယွမ်က မထီမဲ့မြင်ပြောသည်။

“မင်းဆီမှာ ရှိတဲ့ ရတနာတွေအားလုံး ထုတ်ပေးလိုက်... မဟုတ်ရင် အရိုက်နှက်ခံရမယ်”

ကောင်းချူ - “ဒါက လုယက်မှုပဲ... နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာ ငါတို့ အဆောင်သခင်အသင်းကို သွားပြီး တိုင်မယ်”

“ချလွတ်”

လင်းတုန်သည် စကားနည်းသူဖြစ်ပြီး... ကောင်းချူ၏ လက်တစ်ဖက်ကို ချိုးပစ်လိုက်သည်။

“အား”

“မင်းဘာလိုချင်တာလဲ”

လျှို့လုန် တုန်တုန်ရီရီဖြင့်... သူ၏ခါးမှ သိုလှောင်အိပ်ကို ထုတ်ယူလိုက်သည်။

“အကုန်‌ေပး”

ဝူယွမ်က ချက်ချင်းဆွဲယူလိုက်ပြီး ကြည့်တောင်မကြည့်ဘဲ သူ၏ရင်ဘက်ထဲသို့ ထည့်လိုက်သည်။

အတွင်းတွင် မည်သည့်အရာရှိသည်ဖြစ်စေ... အားလုံးက သူပိုင်သွားပီဖြစ်သည်။

သူတို့နှစ်ဦး‌ဆီက သိုလှောင်အိပ်များ လုယက်ပြီးနောက်... ဝူယွမ်က လီဟော်ဓားကို ကိုင်ပြီး... ဂရုတစိုက် စစ်ဆေးကြည့်နေသည်... အရင်က သုံးခဲ့သော မီးမိုးကြိုးဓား ရေခဲပုံဆောင်ခဲ ဓားတို့နှင့် မတူဘဲ လီဟော်ဓားက ဓားရှည်တစ်ချောင်းဖြစ်နေသည်။

“မဆိုးဘူး ... ပြန်ရောက်ရင် ရူန်းအစုန် ပေါင်းထည့်လို့ရလောက်တယ်”

ဝူယွမ် စိတ်၀င်တစား ကြည့်ရင်း ပြောလိုက်သည်။

အရင်က သူသုံးခဲ့သော ဓားများသည် အလွန်သေးငယ်ပြီး... ရူန်းတစ်မျိုးတည်းသာ ရေးဆွဲရသောကြောင့်... စွမ်းအင် အကန့်အသတ်ရှိသည်။

“သွားကြစို့... ခြောက်ထပ်မြောက်ကို ဆက်သွားမယ်”

ထိုအချိန်တွင်... အပြင်ရှိ လူများအားလုံး ဝိညာဉ်မျှော်စင်ကိုသာ အာရုံစိုက်နေကြသည်။

ပထမ ငါးထပ်တွင်... တစ်ထပ်စီ၌ အလင်းစက်များစွာ ရှိသည်။

အလင်းစက်တစ်ခုစီတိုင်းက လူတစ်ဦးကို ကိုယ်စားပြုသည်။

အခုအချိန်တွင် အဆင့်ခြောက်တွင် အလင်းစက်နှစ်ခု ရှိနေပြီဖြစ်သည်။

အားလုံးက ထိုနှစ်ဦးသည် မည်သူမည်ဝါဖြစ်မည်ကို မှန်းဆနေကြဆဲဖြစ်သည်။

ရုတ်တရက်... အဆင့်ခြောက်မှာ အလင်းစက်နှစ်ခု ထပ်ပေါ်လာသည်။

“လေးယောက်”

“အိုး ... ဒီနှစ်မှာ လေးယောက်တောင်ရောက်နေပီ။”

လူတိုင်း အံ့အားသင့်သွားကြသည်။

ပြီးခဲ့သည့်နှစ်က ဇီယွဲ့နှင့် ကျိုးထုန်တို့ နှစ်ဦးဘဲ ခြောက်ထပ်‌မြောက်အထိ ရောက်ခဲ့ကြသည်။

“ဝူယွမ် ၊ လင်းတုန် နဲ့ ဇီယွဲ့... သူတို့ပဲဖြစ်ရမယ်”

ယန်မြို့ အဆောင်သခင်အသင်းမှ သတ်လတ်ပိုင်းအရွယ် အဆောင်သခင် အများအပြားက စိတ်လှုပ်ရှားစွာဖြင့် ပြောနေကြသည်။

ဝူယွမ်နှင့် လင်းတုန်တို့၏ ဝိညာဉ်စွမ်းအင်က ဇီယွဲ့ထက် ပိုအားကောင်းသည်ကို သူတို့သိထားသည်... ဇီယွဲ့တောင် ခြောက်ထပ်အထိ ရောက်နိုင်ပါက... သူတို့နှစ်ဦးသည်လည်း ရောက်နိုင်လိမ့်မည်။

ကျန်တစ်ဦးကတော့ ကျိုးထုန်ဘဲ ဖြစ်နိုင်သည်။

ယန်ရွှမ်း၏ အိုမင်းရွတ်တွနေသော မျက်နှာ‌သည် ရှားရှားပါးပါး နီမြန်းလာပြီး... ပုံမှန်အားဖြင့် တည်တည်ကြည်ကြည်နေသော်လည်း... အခုတော့ အပျော်ရိပ်များသန်းနေပြီး တည်ငြိမ် မနေနိုင်တော့ပေ။

ဟန်ယွမ် မျက်နှာ နည်းနည်း ပျက်နေသည်... ထန်းဟော်မြို့မှ အဆောင်သခင်များ၏ စွမ်းရည်သည် ဒီနှစ်သိပ်မမြင့်မားပေ... အထွတ်အထိပ် ပါရမီရှင်များ နည်းပါးလွန်းလှသည်

‌ဒါပေမဲ့ သူ ဆက်လက်မျှော်လင့် နေဆဲဖြစ်သည်။

“လူများတာက ဘာလုပ်ရမှာလဲ... အရေးကြီးတာက ဘယ်သူက အမြင့်ဆုံးအထိတက်နိုင်ပြီး... ဘယ်သူက အကြာဆုံးခံနိုင်မလဲဆိုတာဘဲ” ဟန်ယွမ်က အေးစက်စက်ဖြင့် ရယ်မောလိုက်သည်။

ကျိုးထုန်၏ စွမ်းရည်ကို အစစ်အမှန်ကို သူသိသည်... ကျိုးထုန်သည် အဆောင်သခင် အဆင့်သုံးကို ရောက်နေပီဖြစ်သည်။

အရည်အတွက်က အရည်အသွေးနှင့် ယှဉ်လို့မရပေ။

“ဘယ်လိုပါရမီရှင်မဆို... ကျိုးထုန်ရှေ့မှာ... သူတို့က လပြည့်ဝန်းကြီးရှေ့က ပိုးစုန်းကြူးလေးတွေ သာသာဘဲဖြစ်လိမ့်မယ်”

ခြောက်ထပ်မြောက်၌။

ဇီယွဲ့နှင့် ကျိုးထုန်သည် အလယ်ဗဟိုကို အတူရောက်လာကြသည်။

ဇီယွဲ့၏ ခြေလှမ်းများက ယိုင်နဲ့နေပြီဖြစ်ပြီး... သူ အတော်လေး ခက်ခက်ခဲခဲ ‌လမ်းလျှောက်နေရသည်။

“လက်လျှော့လိုက်တော့... ဒီအထပ်မှာရှိတဲ့ ဝိညာဉ်စွမ်းအင်ဖိအားက မင်းခံနိုင်တဲ့အရာမဟုတ်ဘူး”

ကျိုးထုန်က ပြောပြီးသည်နှင့် ... ခုနှစ်ထပ်မြောက်ကို သွားဖို့ရာ ဝိညာဉ်စွမ်းအင်အတားအဆီးဆီသို့ ဆက်လျှောကိသွားသည်။

“ကျွန်မ အလွယ်တကူ လက်မလျှော့နိုင်ဘူး” ဇီယွဲ့က လက်သင့်မခံနိုင်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

သူမ၏ လှပသော မျက်လုံးများ ကျဉ်းသွားပြီး... ကျိုးထုန်ကို စူးစိုက်ကြည့်နေရင်း စဉ်းစားလိုက်သည ... “သူ တစ်ကယ်ဘဲ အတားအဆီးကို ကျော်ဖြတ်နိုင်မှာလား”

ကျိုးထုန်သည် ခုနှစ်ထပ်မြောက်ကို တက်ရန် ဝိညာဉ်စွမ်းအင်အတားအဆီးထဲကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်... ချက်ချင်း... ဝိညာဉ်စွမ်းအင်များ ရူးသွပ်စွာ လှုပ်ရှားလာပြီး... ကြောက်မက်ဖွယ် လှိုင်းများ ထွက်ပေါ်လာကာ... သူ့ကို တွင်းထုတ်ရန် ကြိုးစားနေဟန်ရှိသည်... ထိုဖိအားကို ရင်ဆိုင်နေရသော်လည်း... ကျိုးထုန်သည် ဝိညာဉ်စွမ်းအင်အတားအဆီးထဲကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး... နောက်ဆုံး ဇီယွဲ့၏ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသည်။

“သူ တစ်ကယ်ရောက်သွားပီ” ဇီယွဲ့ ရုတ်တရက် ရပ်တန့်သွားသည်။

အရင်နှစ်တုန်းက... သူမနှင့် ကျိုးထုန်က ခြောက်ထပ်မှာ ဘယ်သူပိုကြာကြာခံနိုင်မလဲဆိုတာ ပြိုင်ခဲ့ကြရသည်။

တစ်နှစ်ကြာပြီးနောက်... သူက ကြီးကြီးမားမား တိုးတက်လာသော်လည်း သူမကအရင်အခြေအနေနှင့်သိပ်မကွာချေ။

သူမတွင်... သူမ၏ မောင်ငယ်မှ ပေးထားသော ရှေးဟောင်း၀န်ရိုးဝိညာဥ်အဆောင် စုစည်းခြင်း နည်းစနစ် ရှိသော်လည်း... သူမအခုထိ မကျွမ်းကျင်သေးပေ။

သူမက ခြောက်ထပ်မြောက်တွင် နည်းနည်း ပိုခံနိုင်ရည်လာရှိသော်လည်း... ခုနှစ်ထပ်မြောက်ကို စိန်ခေါ်ရန် မတတ်နိုင်သေးပေ။

“မောင်လေး... မင်းဘာလို့ မတက်လာသေးတာလဲ” ဇီယွဲ့ စိုးရိမ်နေသည်။

ဝိညာဉ်မျှော်စင်ကို ထန်းဟော်မြို့လက်ထဲထည့်ပေးဖို့မဖြစ်နိုင်ချေ။

ထိုအချိန်တွင်... သူမနောက်မှ ခြေသံများ ကြားလိုက်ရသည်။

ဇီယွဲ့ အံ့အားသင့်သွားပြီး... နောက်သို့လှည့်ကြည့်လိုက်သည်။

သူမ၏ ချောမောလှပသော မောင်လေး ဝူယွမ်သည်... သူ၏ ချစ်စရာကောင်းသော ညီငယ် လင်းတုန်နှင့်အတူ... ယုံကြည်မှုအပြည့်... စွမ်းအားအပြည့်ဖြင့်... လမ်းလျှောက်လာကြသည်။

“မောင်လေး... မင်းဘာလို့ ဒီလောက်နှေး‌နေရတာလဲ... ကျိုးထုန်က ခုနှစ်ထပ်မြောက်ကို ရောက်နေပီ ”

ဝူယွမ် - “အစ်မကြီး မစိုးရိမ်ပါနဲ့... အစ်မကြီးသိပါတယ်... ကျွန်တော်က အမြဲတမ်း အေးဆေးဘဲ အနိုင်ယူချင်တာ။ ”

All Chapters