တုန်းမီရဲ့ နောက်ကွယ်ထူးဆန်းတဲ့ မိသားစု
Vol. 9 Ch. 111
အကယ်၍ ကျန်းယီမင်ကိုပါ ထည့်တွက်မည်ဆိုရင် လင်းယွင်ဂိုဏ်းဘက်မှာ ရှန့်ကွမ်းမိသားစုထက် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ပိုများနေသည်။ ကျန်းယီမင်က အကူအညီဖြင့်မတ်တတ်ထရပ်လိုက်ပြီး သူ့အသက်ကိုကယ်တင်ခဲ့သူရဲ့ ခွန်အားကို အာရုံခံမိလိုက်သည်။ ရှန့်ကွမ်းယွမ်သည် အဘယ်ကြောင့် သူ့ကိုယ်သူထိန်းချုပ်ခဲ့တာလဲဆိုတာကို အံ့ဩစရာမလိုတော့ပေ။ သူ့ကိုကယ်တင်ခဲ့သူသည်လည်း မွေးဖွားခြင်းအထွတ်အထိပ်အဆင့်တွင် ရှိနေသည်။
ကျန်းယီမင်သည် ဒီလူတွေဘယ်ကရောက်လာသလဲကိုလည်း နားမလည်နိုင်ဖြစ်နေသည်။ သူ့အနောက်က ကျန်းယီမင်မတ်တတ်ရပ်လိုက်တာကို သတိထားမိတဲ့အခါ မွေးဖွားခြင်းအထွတ်အထိပ်အဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူသည် လှည့်ကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ကျန်းယီမင်ကို အရိုအသေပြုလိုက်သည်။
"ကျွန်တော်က တုန်းယွင်ပါ။ မင်္ဂလာပါ ကျေးဇူးရှင်"
'ကျေးဇူးရှင်...'
ကျန်းယီမင် ကြောင်သွားသည်။
'ဒီလူက သူ့ကိုတွေ့တွေ့ချင်း ကျေးဇူးရှင်လို့ ခေါ်လိုက်တာလား... ခဏနေပါဦး၊ သူ့နာမည်က တုန်းယွင်တဲ့။
သူ့မျိုးရိုးနာမည်က "တုန်း"....'
ကျန်းယီမင်က ကိစ္စအဝဝကို ချက်ချင်းနီးပါး နားလည်လိုက်သည်။ သူ့ရှေ့မှ ဒီအစွမ်းထက် ကျွမ်းကျင်သူသည် တုန်းမီပြောခဲ့ဖူးတဲ့ "လျို့ဝှက်ဆန်းကြယ်မိသားစု" မှလွဲပြီး တခြားသူမဟုတ်ပေ။
"ဘယ်လောက်တောင် ရက်ရောလိုက်သလဲ... မွေးဖွားခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူသုံးယောက်ကို တပြိုင်နက်တည်းစေလွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ... တုန်းမိသားစုက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ...'
ကျန်းယီမင် ပြုံးလိုက်သည်။ တစ်ဖက်လူသည် ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်ကြောင်းသိလိုက်ရသောအခါ သူက တစ်ဖက်လူကိုလက်နှစ်ဖက်ဆုပ်ကာ ပြန်လည် အရိုအသေပြုလိုက်သည်။
"ကျွန်တော့်မိသားစုဝင်တွေကို ဒုက္ခပင်လယ်ဝေနေတဲ့အခြေအနေကနေ ကယ်တင်ဖို့ဘယ်လိုနည်းလမ်း သုံးခဲ့လဲဆိုတာ ကျွန်တော်မသိပေမယ့် အလွန်အန္တရာယ်များခဲ့မယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့မိသားစုရဲ့ကံကြမ္မာကို ပြောင်းပေးခဲ့ပြီးနောက် ခင်ဗျားကို ချက်ချင်းလာကျေးဇူးတင်ချင်ခဲ့တာပါ၊ ဒါပေမဲ့မျိုးနွယ်စုထဲမှာ ဖြေရှင်းစရာကိစ္စတချို့ ရှိနေလို့ ခြေလှမ်းအနည်းငယ်နောက်ကျသွားခဲ့ရပါတယ်" တုန်းယွင်စကားများတွင် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေသည်။
"ရပါတယ်၊ ရပါတယ်။ စောစောရောက်တာထက် အချိန်ကိုက်ရောက်တာက ပိုကောင်းပါတယ်။ ဒါ့အပြင် ကျွန်တော့်ကိုသိပ်ပြီး ကျေးဇူးတင်နေစရာမလိုပါဘူး။ တုန်းမီက တကယ့်ကိုပါရမီရှင်တစ်ယောက်ပါ။ သူ့မိသားစုရဲ့အကျပ်အတည်းကို ဖြေရှင်းမယ့်နည်းလမ်းကို သူကိုယ်တိုင်နားလည်သဘောပေါက်ခဲ့တာပါ။ မဟုတ်ရင် ကျွန်တော်လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး"
အနည်းဆုံးတော့ ယခုသူ့ဘက်မှအင်အားသည် တစ်ဖက်လူနှင့်ယှဉ်လျှင် တန်းတူနီးပါးဖြစ်နေသည်။ဒါကြောင့် ကျန်းယီမင်စိတ်နှလုံးသည် အတော်လေး သက်သာရာရသွားသည်။.ရှန့်ကွမ်းယွမ်သည် သတိပြန်ဝင်လာသည်။ သူ့ရှေ့မှလူများသည်လည်း ပြဿနာရှာရန် ရောက်လာကြခြင်းဖြစ်သည်။
"ဟေး... ဟေး... ဟေး... မင်းတို့ကငါ့ရှန့်ကွမ်းမိသားစုထဲက ဂျူနီယာအများကြီးကို ဒဏ်ရာရစေခဲ့တယ်.. အခု ဒီမှာစကားစမြည်လာပြောနေကြတာလား... မွေးဖွားခြင်းအထွတ်အထိပ်အဆင့်မှာ ရှိနေတဲ့ငါ့ကို မင်းတို့အရေးမစိုက်ကြဘူးလား..." ရှန့်ကွမ်းယွမ်က ဟိန်းဟောက်လိုက်သည်။
"ကျစ်... ဆူညံလိုက်တာ။ ခင်ဗျားက ဒီလိုလူမျိုးနဲ့ ဘယ်လိုများ ပတ်သက်နေတာလဲဗျ" တုန်းယွင်က မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့က ကျွန်တော့်တပည့်တစ်ယောက်အပေါ်ကို အမြဲတမ်းခွင့်မလွှတ်နိုင်ဘဲ ရန်ငြိုးဖွဲ့နေခဲ့တာ။ အခု သူတို့က ကျွန်တော့်တပည့်နောက်နှစ်ယောက်ကိုပါ ဓားစာခံအဖြစ်ဖမ်းထားတယ်"
ခုနကဆေးလုံးအာနိသင်သည် တကယ်ကိုပင် ကောင်းကင်ဘုံကို အံတုနိုင်စွမ်းရှိသည်။ အခုအချိန်တွင် ကျန်းယီမင်ဒဏ်ရာများက တော်တော်များများ ပျောက်ကင်းသွားပြီး သူကုန်ဆုံးသွားတဲ့ စိတ်ဝိညာဉ်စွမ်းအားများလည်း လျင်မြန်စွာပြန်ဖြည့်တင်းနေသည်။
"ကောင်းပြီ... ဒါဆိုကျွန်တော် ကျေးဇူးရှင်ကို ကူညီပြီး နောင်အရှုပ်အရှင်းကင်းသွားအောင် ဒီမိသားစုကို အမြစ်ဖြတ်ချေမှုန်းပေးပါ့မယ်..."
တုန်းယွင်စကားကို ကြားလိုက်သောအခါ ရှန့်ကွမ်းယွမ်မျက်လုံးများတွင် အမူအရာပြောင်းလဲသွားသည်။
"နောက်တစ်ကြိမ်လာပြန်ပြီ" သူအော်ဟစ်လိုက်သည်။
"ရှန့်ကွမ်းမိသားစုက အဆင့် ၃ အင်အားစုကွ... မင်းတို့က လင်းယွင်ဂိုဏ်းကို အဆုံးထိကူညီဖို့ ဆုံးဖြတ်ထားပုံရတယ်... ငါတို့မိသားစုကို ဖျက်ဆီးမယ်ဆိုတဲ့ စကားမျိုးတောင် ပြောထွက်ရဲတယ်ပေါ့၊ ဒါဆို အသက်ရှင်လျက်ပြန်ထွက်သွားဖို့ စိတ်ကူးတောင်မယဉ်နဲ့...." ရှန့်ကွမ်းယွမ်က ဒေါသထွက်နေသည်။
ထို့နောက် ရှန့်ကွမ်းမိသားစုအိမ်တော်များမှ နောက်ထပ် အရှိန်အဝါများစွာပေါက်ကွဲထွက်လာသည်။ နောက်ထပ်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ရှန့်ကွမ်းယွမ်ဘေးတွင် လာရပ်လိုက်သည်။ ရှန့်ကွမ်းမိသားစုရှိ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူငါးယောက်က စုဝေးရောက်ရှိနေပြီဖြစ်သည်။ တစ်ယောက်မှာ နှောင်းပိုင်းအဆင့်၊ သုံးယောက်မှာ အလယ်အလတ်အဆင့်နှင့် တစ်ယောက်မှာ အစောပိုင်းအဆင့်တွင်ရှိကြသည်။ တခြားတစ်ဖက်တွင် ကျန်းယီမင်ဘက်ကတော့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ လေးယောက်သာရှိသည်။ တစ်ယောက်မှာ နှောင်းပိုင်းအဆင့်၊ နှစ်ယောက်မှာ အလယ်အလတ်အဆင့်နှင့် တစ်ယောက်မှာ အစောပိုင်းအဆင့်တွင်ရှိသည်။
ဘယ်လိုပဲကြည့်ကြည့် အသာစီးရနေသည်မှာ ရှန့်ကွမ်းမိသားစုဘက်တွင်ဖြစ်သည်။ ထိုအချိန်တွင် တုန်းမီသည် ဝိုင်းရံပိတ်ဆို့ထားတာကို ဖောက်ထွက်ပြီး ကျန်းယီမင်နား လာရပ်လိုက်သည်။ အခုအချိန်တွင် တုန်းမီက ဘာဖြစ်နေတာလဲကို နားလည်သွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့စိတ်ဓာတ်ခွန်အားများက မြင့်တက်လာခဲ့သည်။ သူတို့တွေ ဒီနေ့ဒီကိုလာရသည့် ရည်ရွယ်ချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်က ခိုင်မာသွားသည်။ ရှန့်ကွမ်းမိသားစုမှ ပေါက်ကွဲထွက်လာတဲ့ အရှိန်အဝါနှင့်စွမ်းအင်များကို မိုင်တစ်ရာအကွာအဝေးကပင် ခံစားနိုင်သည်။
"ရှန့်ကွမ်းဝေ၊ အခြေတည်စိတ်ဝိညာဥ်အဆင့်အောက်က တပည့်တွေကိုတိုက်ပွဲမှာ ဝင်မပါဖို့ပြောလိုက်" ရှန့်ကွမ်းယွမ်က အေးစက်စွာညွှန်ကြားလိုက်သည်။
"ကျန်တဲ့လူတွေကတော့ အစီအရင်အတားအဆီးတစ်ခုဖန်တီးပြီး မိသားစုပိုင်ဆိုင်တာတွေကို ထိခိုက်မှုမရှိအောင်ကာကွယ်ကြ"
အခုလိုမျိုးကြီးတဲ့ အတိုင်းအတာရှိသည့်တိုက်ပွဲမျိုး ကန်းလန်နယ်မြေတွင် မဖြစ်ခဲ့တာနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ နှစ်ဖက်စလုံးသည် အင်အားချင်း ညီမျှလုနီးပါးရှိပြီး တစ်ဖက်စီတွင်ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူအရေအတွက်မှာ တိမ်တိုက်များသဖွယ် များပြားလှသည်။ တိုက်ပွဲက အချိန်မရွေးစတင်တော့မည့် အခြေအနေတွင်ရှိနေသည်။
"တုန်းရွှန်း၊ နားထောင်... အစီအရင်ဖွဲ့စည်းကြ..."
"ဟုတ်ကဲ့..." တုန်းယွင်အမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက်သည် လက်ထဲမှအလံကို မြှောက်တင်လိုက်သည်။
"ရှန့်ကွမ်းယင်... အစီအရင်ဖွဲ့လိုက်စမ်...."
နှစ်ဖက်စလုံးက သူတို့ကိုယ်ပိုင်အစီအရင်များကို ပြင်ဆင်နေကြသည်။ အခြေတည်စိတ်ဝိညာဥ်အဆင့် အစီအရင်များသည် မွေးဖွားခြင်းအဆင့်အစီအရင်များနှင့် လုံးဝနှိုင်းယှဉ်၍မရနိုင်ပေ။ နှစ်ဖက်စလုံးသည် အစီအရင်ကိုပြင်ဆင်ရန် မွေးဖွားခြင်းအဆင့် နှစ်ယောက်နှင့် အခြေတည်စိတ်ဝိညာဥ်အဆင့်ငါးယောက်ကို စေလွှတ်လိုက်ကြသည်။
လင်းယွင်ဂိုဏ်းဘက်တွင် ရေဆုတောင်းပြန်လည်ရောက်ခြင်းအစီအရင်ဟုခေါ်တဲ့ ထောက်ပံ့ရေးအစီအရင်ရှိသည်။ ရှန့်ကွမ်းမိသားစုဘက်တွင်မူ တူဖန် သောင်းချီလည်ပတ်ခြင်းအစီအရင်ဟုခေါ်တဲ့ ထိန်းချုပ်ရေးအစီအရင်ရှိသည်။ နှစ်ဖက်စလုံးက အသက်သွင်းလိုက်တဲ့ အစီအရင်များသည် ပြင်းထန်တဲ့တိုက်ခိုက်ခြင်းတွေလုပ်နိုင်သည့် တိုက်ခိုက်ရေးအမျိုးအစားအစီအရင်များ မဟုတ်ကြပေ။ သို့သော်ဘယ်ဘက်ကဖြစ်ဖြစ် အစီအရင်အရင်ပြီးသည်ဖြစ်စေ တခြားတစ်ဖက်က စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားတဲ့ထိုးနှက်ချက်ကို ခံစားရမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက ကောင်းကောင်းသိထားကြသည်။
"ကျန်တဲ့တပည့်တွေအားလုံး... ရန်သူရဲ့အစီအရင် ကို ဖျက်ဆီးကြ..."
"ပျက်သုဥ်းခြင်းလက်ဝါး...."
"ကောင်းကင်ထိုးလက်သီး..."
"ခန္ဓာနှင့်ဝိညာဉ်..."
"တောင်ပေါ်သို့ပြန်လည်ရောက်ခြင်း..."
လင်းယွင်ဂိုဏ်းမှ ကျင့်ကြံသူများသည် သိုင်းကျင့်စဥ်ချို့ကို ထုတ်သုံးလိုက်ကြသည်။ ရှန့်ကွမ်းမိသားစုသည်လည်း နောက်ဆုတ်နေမည်မဟုတ်ပေ။
"ဂျီဖန်းကြေညာချက်..."
"တာအိုမီးတောက် ပိုးသားအတွင်းဝင်ရောက်ခြင်း..."
"လေနှင့်တိမ်တိုက်များကို စီးနင်းခြင်း..."
"ရုတ်တရက်နှင်တံ..."
အရင်တိုက်ပွဲတွင် လူအနည်းငယ်စုသာ အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ယခုအခါမွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်နီးပါးနှင့် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အယောကွ၂၀ ကျော်တို့ အတူတကွလှုပ်ရှားနေကြသည်။ ခေတ္တခနမျှ ကောင်းကင်ကြီးပင် အရောင်ပြောင်းသွားသည်။ သဲများနှင့်ကျောက်ခဲများ လွင့်စင်နေပြီး မြင်ကွင်းတစ်ခုလုံးက သက်ဝင်လှုပ်ရှားနေသည်။
သူတို့ကနဦးရည်ရွယ်ချက်မှာ ရှန့်ကွမ်းချင်းယန်တစ်ဦးတည်းသာ ဖြစ်ခဲ့သော်လည်း အခုအခါကိစ္စရပ်တစ်ခုလုံးက ရှန့်ကွမ်းချင်းယန်အပေါ်တွင်သာ မူတည်တာမဟုတ်တော့တာကို ရှန့်ကွမ်းယွမ်က နားလည်လိုက်သည်။ တစ်ဖက်လူသည် ရှန့်ကွမ်းမိသားစုကိုမျိုးဖြုတ်ပစ်ရန် ဆုံးဖြတ်ချက်ချထားသည်။ ရှန့်ကွမ်းမိသားစုတွင် ဓားစာခံအဖြစ်ဖမ်းဆီးထားတဲ့ တပည့်နှစ်ယောက်သည် သူတို့ရဲ့နောက်ဆုံး ညှိနှိုင်းစရာ အပေါင်ပစ္စည်းများသာဖြစ်သည်။ သူတို့သည် အခုစစ်မြေပြင်တွင် အနိုင်ရမှဖြစ်မည်။
မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအားလှိုင်းများသည် လေထဲတွင်ဖြတ်သန်းသွားလာနေကြသည်။ သိုင်းကျင့်စဥ်များဖြင့် ပထမတချီစမ်းသပ်တိုက်ခိုက်ပြီးနောက် နှစ်ဖက်စလုံးသည် တစ်ဖက်လူရဲ့စစ်မှန်တဲ့ခွန်အားကို အခြေခံအားဖြင့်သိသွားကြပြီဖြစ်သည်။ ဘာတွေဖြစ်နေလဲဆိုတာ အခြေခံအားသိပြီးနောက် သူတို့ကသူတို့ပိုင်ဆိုင်ထားတဲ့ မှော်ရတနာများကို စတင်အသုံးပြုလာကြသည်။
မွေးဖွားခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က ကျန်းယီမင်ဆီကို ချဥ်းကပ်လာပြီး တိုက်ခိုက်ရန်အသင့်ဖြစ်နေကြသည်။ သူတို့ထဲမှတစ်ဦးမှာ သူ့ပြိုင်ဘက်ဟောင်း စီမာကျန်းဖြစ်သည်။ အရင်ကပြိုင်ဘက်ဟောင်းရှန့်ကွမ်းဝေသည် လောလောဆယ်တွင် အစီအရင်တည်ဆောက်ရာတွင် ကူညီရန်အလုပ်ရှုပ်နေသည်။ ယခုချိန် သူ့တခြားပြိုင်ဘက်ကတော့ မည်းမှောင်တဲ့မျက်နှာထားရှိသည့် အဘိုးအိုရှန့်ကွမ်းရှားဖြစ်သည်။ အရင်ရှန့်ကွမ်းဝေနှင့်မတူဘဲ ရှန့်ကွမ်းရှားသည်လည်း ကြမ်းတမ်းတဲ့တိုက်ခိုက်ရေးကျင့်စဉ်ကို လေ့ကျင့်ထားသူဖြစ်သည်။
ထို့ကြောင့် စီမာကျန်းနှင့်ရှန့်ကွမ်းရှားတို့က ကျန်းယီမင်နှင့် တဖန်ပြန်တိုက်ခိုက်နေကြသည်။.တုန်းယွင်နှင့် ရှန့်ကွမ်းယွမ်တို့ဖြစ်တဲ့ မွေးဖွားခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကြားက စစ်မှန်တဲ့တိုက်ပွဲကတော့ မစတင်ရသေးပေ။
"ငါမင်းကို အကြံတစ်ခုပေးလိုက်မယ်၊ အခုထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး၊ ဝင်မပါနဲ့..."
ရှန့်ကွမ်းယွမ်သည် တစ်ဖက်လူကိုသေချာစိုက်ကြည့်ရင်း တစ်ဖက်လူအသုံးပြုနေတဲ့ ကျင့်စဉ်အမျိုးအစားကို သိရန်ကြိုးစားနေသည်။ တုန်းယွင်လည်း ထိုနည်းတူလုပ်ဆောင်ရင်း ပြောလိုက်သည်။
"ကျွန်တော်က သူများကိစ္စဝင်ပါတတ်တဲ့ လူမဟုတ်ပေမယ့် ဒါကကျွန်တော်တို့မိသားစုအတွက် သေးငယ်တဲ့ကိစ္စမဟုတ်ဘူး..."
"ခွေးကောင်... ငါတို့နှစ်ယောက်စလုံးက တူညီတဲ့ ကျင့်ကြံခြင်းအဆင့်မှာရှိနေတာကို မင်းသိလား... တကယ်တိုက်ခိုက်ကြရင် နှစ်ဖက်စလုံးက ထိခိုက်နစ်နာလိမ့်မယ်..." ရှန့်ကွမ်းယွမ်သည် လျှို့ဝှက်တိုက်ခိုက်ချက်တစ်ခုကိုလုပ်ရန် ပြင်ဆင်ရင်းသူ့စွမ်းအင်များကို တိတ်တဆိတ်စုစည်းနေသည်။
"ကျွန်တော်သိတာပေါ့။ ဒါပေမဲ့ သူကကျွန်တော်တို့ မိသားစုဝင်တွေ အားလုံးရဲ့အသက်သခင် ကျေးဇူးရှင်ပဲ။ ဒါကိုခဏထားလိုက်ဦး၊ ခင်ဗျားနဲ့ကျွန်တော်က မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတွေ ဖြစ်နေရက်နဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို တိတ်တဆိတ်လေး စုစည်းနေတဲ့ညစ်ပတ်တဲ့နည်းလမ်းကို ခင်ဗျားအခုသုံးနေတယ်။ အရှက်နည်းနည်းလေးတောင် မရှိဘူးလား..."