← Chapters

ကိုးထပ်မြောက်၊ ဘိုးဘေးအဆောင် လျှို့ဝှက်ချက်

Vol. 6 Ch. 60

ကိုးထပ်မြောက်၊ ဘိုးဘေးအဆောင် လျှို့ဝှက်ချက်

Vol. 6 Ch. 60

“အံ့ဩစရာ ဝိညာဉ်စွမ်းအင် လျှို့ဝှက်ပညာရပ်ကြီးဘဲ”

သေးငယ်သော စာလုံးများနှင့် ဝိညာဉ်စွမ်းအင်မှ တိုက်ရိုက်ပေါ်ထွက်လာသည့် ဝိညာဉ်စီးဆင်းမှုပုံစံကို မြင်လိုက်ရသောအခါ ဝူယွမ်အတော်လေး အံ့အားသင့်သွားခဲ့သည်။

ထိုအရာက သူ၏ ဝိညာဉ်စွမ်းအင်အပေါ် နားလည်မှုကို နောက်တစ်ဆင့်မြင့်စေခဲ့သည်။

သူတို့နှစ်ဦး ကြည့်နေစဉ် ထိုသေးငယ်သော ဝိညာဉ် သက်ေတစာလုံးများသည် တိုက်ရိုက်ပင် သူတို့၏ စိတ်ထဲ ၀င်ရောက်ပေါင်းစည်းသွားခဲ့သည်။

ဝူယွမ် - “ဒီအထပ်က ဝိညာဉ်စွမ်းအင်တွေက သိပ်သည်းလွန်းတယ်၊ သန့်စင်မှုကအဆင့်လည်း အောက်က အထပ်တွေထက် အများကြီး ပိုမြင့်တယ်။ ဒီမှာ ခဏလောက် ကျင့်ကြံကြရအောင်”

“ကျွန်တော်လည်း ချက်ချင်းကြီး အဆင့်တက်တော့မလိုခံစားလိုက်ရတသည် ဒီမှာ ခဏလောက် ကျင့်ကြံလိုက်ရင် အဆောင်သခင် အဆင့်သုံးကို ရောက်နိုင်မယ်ထင်တယ်”

သူ၏ သဘာဝဝိညာဉ်အဆောင်သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူနေခဲ့သည်။

သူတို့နှစ်ဦးစလုံး ခြေချိတ် ထိုင်လိုက်ကြသည်။

သဘာဝဝိညာဉ်အဆောင်၏ ဝိညာဉ်စွမ်းအင် စုဆောင်းခြင်းနှင့် ဝါးမျိုခြင်း သက်ရောက်မှုကြောင့် ဝိညာဉ်စွမ်းအင်သည် ကိုယ်တိုင် ကျင့်ကြံနေနိုင်‌ခဲ့သည်။

ဝူယွမ်မှာမူ ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအင်ကြိတ်ဆုံ နည်းစနစ်ကို စတင် ကျင့်ကြံလေတော့သည်။

သူသည် နတ်ဘုရားကြိတ်ဆုံကို စူးစိုက်ကြည့်ရင်း သူ၏ ဝိညာဉ်စွမ်းအင်ကို နောက်ထပ် သန့်စင်ခဲ့ပြီး ပိုသန့်ရှင်းစင်ကြယ်ကာ ပိုခိုင်မာလာစေခဲ့သည်။

“လင်းတုန်၊ ကျောက်လက်ဖွဲ့ထဲကို ခဏ၀င်ခဲ့”

ရုတ်တရက် ရှောင်ဒေါင်က လင်းတုန်ကို ဆက်သွယ်လိုက်သည်။

“ဘာလို့လဲ”

လင်းတုန်၏ ဝိညာဉ်စွမ်းအင်သည် ကျောက်လက်ဖွဲ့ထဲ ဝင်ရောက်သွားရင်း မေးလိုက်သည်။

“ငါ မင်းကို ကူညီမယ်လို့ ပြောခဲ့တယ်လေ။ ကျောက်လက်ဖွဲ့ရဲ့ နေရာလွတ်က ကျယ်ပြန့်လွန်းတော့ မင်း မသိသေးတဲ့ နေရာတွေ အများကြီးပဲ။ အဲ့နေရာတွေထဲမှာ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ နေရာတစ်ခု ရှိတယ်”

အမှောင်ထုအတွင်း၌ လင်းတုန်သည် ရှောင်ဒေါင် အနောက်က ကပ်ပြီး လိုက်လာခဲ့သည်။ ခဏကြာသောအခါ ရှောင်ဒေါင်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူပျောက်ကွယ်သွားသော နေရာမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထိုအဖြူရောင် အလင်းတန်းများအတွင်း၌ လင်းတုန်သည် ကြီးမားလှသော ကြိတ်စက်ကြီး နှစ်ခု ဖြေးညှင်းစွာ လည်ပတ်နေသည်ကို မြင်လိုက်ရသည်။ ကြိတ်စက်များ လည်ပတ်မှုဖြစ်စဉ်ကြောင့် လှိုင်းများ ထနေသည်။

ရှောင်ဒေါင် - “မင်းရဲ့ ဝိညာဉ်ကိုယ်ကို ဟိုမှာ ထိုင်လိုက်။ ကြိတ်စက်တွေက မင်းရဲ့ ဝိညာဉ်ကို ကြိတ်ချေပစ်လိမ့်မယ်၊ ပြီးရင် ပြန်ပြင်ပေးလိမ့်မယ်၊ ဒီလုပ်ငန်းစဉ်ကို မရပ်မနား ထပ်ကာထပ်ကာ လုပ်ပေးလိမ့်မယ်။

ဒီလုပ်ငန်းစဉ်က အရမ်းနာကျင်လိမ့်မယ် ဒါကြောင့် မင်း သည်းခံနိုင်မှရမယ်။

ဒီဝိညာဉ်ကြိတ်စက်က မင်းရဲ့ ဝိညာဉ်စွမ်းအင် မြင့်တက်လာပြီး၊ဝိညာဉ်စွမ်းအင်ကို ပိုပြီး ခိုင်မာလာအောင် ကူညီပေးနိုင်တယ်။

မင်း သည်းခံနိုင်မယ်ဆိုရင် ဒါက မင်းရဲ့ ဝိညာဉ်စွမ်းအင်အတွက် အကျိုးကျေးဇူး အများကြီး ဖြစ်စေလိမ့်မယ်။

ဒါပေမယ့် မင်း မသည်းခံနိုင်ဘူးဆိုရင်တော့ မင်းရဲ့ အဓိက ဝိညာဉ်ကိုယ်ကို ထိခိုက်စေနိုင်ပြီး၊ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျန်ရစ်လိမ့်မယ်”

လင်းတုန်သည် မတွန့်ဆုတ်ဘဲ ချက်ချင်း ဝိညာဉ်ကြိတ်စက်ပေါ်သို့ ထိုင်လိုက်သည်။

ကြိတ်စက် လည်ပတ်နေစဉ် သူ၏ ဝိညာဉ်ကိုယ်သည် စုပ်ယူခံလိုက်ရပြီး အလင်းစက်များစွာအဖြစ် ကြိတ်ချေခံရကာ ပြန်လည်စုစည်းသွားပြီး နောက်တဖန် ကြိတ်ချေခံရပြန်သည်။ ထိုဖြစ်စဉ်သည် ထပ်ကာထပ်ကာ ဖြစ်ပျက်နေခဲ့သည်။

ပြင်းထန်သော နာကျင်မှုက လင်းတုန်၏ စိတ်ထဲသို့ လဝင်ရောက်လာခဲ့ပြီး ဝိညာဉ်ကို စုတ်ဖြတ်ခံနေရသကဲ့သို့ ခံစားနေရသည်။

လင်းတုန်သည် အံကြိတ်ပြီး ဆက်လက်သည်းခံ ကျင့်ကြံနေလိုက်သည်။

“ဟေ့ဟေ့၊ တကယ့်ကို ဒုက္ခကို လှလှနဲ့ ခွဲဝေခံစားနေကြတာပဲကွ”

လင်းတုန်၏ မျက်နှာ နာကျင်မှုကြောင့် တွန့်လိန်သွားသည်ကို မြင်လိုက်ရသောအခါ ဝူယွမ်သည် လင်းတုန် ကျောက်လက်ဖွဲ့အတွင်းရှိ ဝိညာဉ်ကြိတ်စက်ကို အသုံးပြုနေသည်ကို သိသွားသည်။

သူလည်း ထိုကဲ့သို့ နာကျင်မှုမျိုးကို ခံစားနေရသည်။

တကယ်တော့ ဝိညာဉ်ကြိတ်စက်၏ နိယာမသည် သူ၏ နတ်ဘုရားကြိတ်ဆုံ နည်းစနစ်နှင့် ဆင်တူသည်။

နှစ်ဦးစလုံး ဝိညာဉ်ကို ကျင့်ကြံနေကြခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ရှစ်ရက်ကုန်လွန်သွားခဲ့သည်။

မျှော်စင်ပြင်ပ၌ လူအုပ်ကြီးသည် နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြသည်။

ပထမဦးဆုံး ဇီယွဲ့ ပေါ်ထွက်လာခဲ့သည်။

သူမသည် ရှစ်ထပ်မြောက်က အလင်းစက်နှစ်စက်ကို ကြည့်ကာ အံ့အားသင့်ပြီး ပါးစပ်လေး ဟသွားသည်။

ဘယ်သူတွေလဲဆိုတာ သူမ မခန့်မှန်းနိုင်ချဲ့ပ။

နောက်ဆုံးတွင် ခုနှစ်ထပ်မြောက်ရှိ အလင်းစက်သည် ပျောက်ကွယ်သွားခဲ့သည်။

လူအုပ်၏ စိတ်အားထက်သန်စွာ ကြည့်နေမှုအောက်၌ ကျိုးထုန်သည် သိမ်မွေ့လှပစွာ ထွက်ပေါ်လာခဲ့သည်။

“ဘယ်လိုဖြစ်နိုင်မလဲ၊ စီနီယာအစ်ကိုကြီး ကျိုးထုန်လား မဖြစ်နိုင်တာ”

“အစ်ကိုကြီးကျိုးထုန်တောင် ရှစ်ထပ်မြောက်ကို မတက်နိုင်ဘူးဆိုရင် အဲဒီကောင်လေးနှစ်ယောက်က ဘယ်လိုလုပ်တက်နိုင်ကြမှာလည်း”

“မယုံနိုင်စရာပဲ၊ အကိုကြီးကျိုးထုန်က ဘာကြောင့် ရှစ်ထပ်မြောက်မှာ မရှိတာလည်း ”

...ထန်းဟော်မြို့ရှိ အဆောင်သခင်များသည် ထိုရလဒ်ကို လက်ခံရန် ခက်ခဲနေကြသည်။

ဟန်းယွမ်၏ မျက်နှာသည်လည်း တွေဝေနပြီး နောက်ဆုံး သူတို့သည် ဝိညာဉ်မျှော်စင်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံလိုက်သည်။

“ဆရာ ရှုံးနိမ့်လာတဲ့အတွက် တောင်းပန်ပါတယ်”

ကျိုးထုန်သည် ဟန်းယွမ်နား ချဉ်းကပ်လာကာ ဝမ်းနည်းစွာဖြင့် ပြောဆိုလိုက်သည်။

သူသည် ဝူယွမ်တို့ကို အလွယ်တကူပင် ရှုံးနိမ့်လာခဲ့သည်။

သူသည် ရှစ်ထပ်မြောက်ရှိ အလင်းစက်နှစ်စက်ကို ပြန်လှည့်ကြည့်လိုက်ပြီး သက်ပျင်းချကာ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

“ယန်ရွှမ်း၊ မင်းကံကောင်းသွားတယ်။ ငါတို့ ထန်းဟော်မြို့ အဆောင်သခင်အသင်းက တစ်နေ့နေ့မှာ ဝိညာဉ်မျှော်စင်ကို ပြန်ယူမှာပါ”

ဟန်းယွမ်သည်လည်း ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။

“လိုက်မပို့တော့ဘူး ”

ဆရာယန်သည်လည်း အပျော်လွန်နေခဲ့သည်။

နောက်ထပ် နှစ်ရက် အကြာ။

“ဒီနှစ်ယောက် ဘာလို့ မဆင်းလာကြတာလဲ၊တစ်ခုခု ဖြစ်နေကြတာလား” အဆောင်သခင် တစ်ဦးက စိုးရိမ်စိတ်ဖြင့် ပြောဆိုလိုက်သည်။

ရှစ်ထပ်မြောက်တွင် ကာလကြာရှည်စွာ ခံနိုင်ရည်ရှိရန်က။

“သူတို့ ဘာမှမဖြစ်ကြပါဘူး”

ဆရာယန်က သူတို့ကို နှစ်သိမ့်ပေးခဲ့သည်။ သူ ဝူယွမ်အား အပြည့်အ၀ ယုံကြည်သည်၊ ဤတပည့်သည် သူ့ကို ဘယ်တုန်းကမှ စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

နောက်ထပ် ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပြန့်လာခဲ့သည်။

“နောက်တစ်ယောက် အဆင့်တက်သွားပီ ”

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“လင်းတုန်ဘဲ”

“သူလည်း အောင်မြင်သွားပြီ”

“တကယ်ပဲ၊ နောက်လာတဲ့ လှိုင်းတွေက ရှေ့လှိုင်းတွေထက်ပိုကြီးပြီး မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေထက် ပိုပြီး ထက်မြက်လာကြတာဘဲ”

“ဒီလင်းတုန်ကလည်း ဘိုးဘေး အဆောင်သခင်ရဲ့ အရည်အချင်း တစ်ဝက်‌လောက်ရှိတယ်”ဆရာယန်က စဉ်းစားရင်း “ယန်မြို့ဟာ ဝိညာဉ်စွမ်းအင် အဆောင်သခင်တစ်ဦး ပေါ်ထွန်းရန် သိပ်မကြာတော့ဘူးထင်တယ်”

“ဝိညာဉ်စွမ်းအင် အဆောင်သခင်၊ ဟစ်၊ ဒါက ချီဖန်တီးမှုအဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ဖြစ်တည်မှုပဲ၊ ဒါပေမဲ့ဒီနှစ်ယောက်... တကယ်ဖြစ်နိုင်ခြေရှိတယ်”

မူလက ကန့်ကွက်ချင်ခဲ့သော အဆောင်သခင်သည် နောက်ထပ် စကားမပြောတော့ပေ။ ဝိညာဉ်စွမ်းအင် အဆောင်သခင် အဆင့်သည် အလွန်ဝေးကွာသည်ဟု သူခံစားရသော်လည်း ဝူယွမ်နှင့် လင်းတုန်တို့၏ ပါရမီများသည်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။

“ရှစ်ထပ်မြောက်က ဒီလောက်ဘဲ။ ကိုးထပ်အထိ တက်ကြည့်ဖို့ စိတ်ဝင်စားလား”

ဝူယွမ်သည် ကိုးထပ်မြောက်ရဲ့ ဝိညာဉ်စွမ်းအင် အတားအဆီးကို ကြည့်ရှုကာ ပြောဆိုလိုက်သည်။

“အစ်ကိုကြီးရဲ့ စရိုက်က မကြိုးစားဘဲ လက်လျှော့မှာမဟုတ်မှန်း ကျွန်တော် သိပါတယ်။ ထုံးစံအတိုင်း အစ်ကိုကြီးကို လမ်းကြောင်းရှာပေးဖို့ ကျွန်တော် ကူညီမယ်”

လင်းတုန်သည်လည်း ကိုးထပ်မြောက်မှာ ဘယ်လို အရာမျိုးရှိမလဲ အလွန်စိတ်ဝင်စားနေခဲ့သည်။ ဆက်တိုက်တက်လာပြီးမှ နောက်ဆုံးတစ်ထပ်ကို မကြိုးစားဘဲထားခဲ့လျှင် နောင်တရနေမည်မှာ သေချာသည်။

“ရဲရဲသာ တိုး၀င်သွားလိုက်၊ အစ်ကိုကြီးက မင်းနောက်မှာ ရှိနေမယ်”

ဝူယွမ်သူ့ကို အားပပပေးလိုက်သည်။

ရဲရင့်သော နွားကလေး၊ နွံကိုမကြောက်သကဲ့သို့။

လင်းတုန်သည် ကိုးထပ်မြောက် အတားအဆီးထဲကို ခုန်၀င်သွားခဲ့သည်။ သူ၏နီ၀မ်နယ်ပယ်ကနေ သဘာဝဝိညာဉ်အဆောင် သုံးခု ချက်ချင်းထွက်လာပြီး အတားအဆီးဆီမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်သည်။

ဝိညာဉ်စွမ်းအင် အတားအဆီးက လင်းတုန်ကို တွန်းထုတ်လိုသော်လည်း လင်းတုန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်။

အတော်လေး ဇွဲကောင်းပြီး စိတ်ဓာတ်ခိုင်မာလွန်းတယ်။

နာရီဝက်ကြာ ပြီးနောက် လင်းတုန်သည် နောက်ဆုံး ကိုးထပ်မြောက် အတားအဆီးကို ချိုး‌ဖြတ်နိုင်ခဲ့ပြီး ရှစ်ထပ်မြောက်မှ ပျောက်ကွယ်သွားခဲ့သည်။

ဝူယွမ် အနည်းငယ် ပြုံးလိုက်ပြီး လင်းတုန်၏ ဇွဲနှင့်သတ္တိကို သူချီးကျူးမိလိုက်သည်။

ရဲရင့်သော ညီငယ်ကြောင့် သူသည်လည်း သဘာဝအားဖြင့် လွှမ်းမိုးမှုရှိခဲ့သည်။

သူသည် ဝိညာဉ်ရေးရာ အတားအဆီးထဲသို့ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

လင်းတုန် ဝင်ရောက်ခဲ့သည်က ညင်သာသောနည်းနှင့် ဖြစ်ပါကာ ဒီတစ်ကြိမ် ဝူယွမ် ၀င်ရောက်ခြင်းသည် ကြမ်းတမ်းလွန်းနေသည်။

ဝူယွမ်၏နည်းလမ်းမှာ တစ်ကြိမ်တည်းဖြင့် အားကုန်ထုတ်သုံးကာ ထိုးဖောက်၀င်ရောက်ခြင်းဖြစ်သည်။

ထိုနည်းလမ်းက ထိရောက်မှုရှိပြီး ဝူယွမ် တစ်ကြိမ်တည်းနဲ့ ဝင်ရောက်နိုင်ခဲ့သည်။

“အစ်ကိုကြီး၊ မင်းအရမ်းမြန်တာပဲ” လင်းတုန်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

သူ ရောက်ယုံရှိသေး ဝူယွမ်က ချက်ချင်းပင် နောက်မှလိုက်ပါလာခဲ့သည်။

“ဒီလောက်လွယ်လွယ် ဖြတ်သန်းလာနိုင်တာက မင်းက လမ်းကြောင်းရှာပေးခဲ့လို့ဖြစ်မယ်” ဝူယွမ်က သာမန်ဆန်သောအရာတစ်ခုကို လုပ်ခဲ့သလို ရိုးရိုးလေးဘဲပြောလိုက်သည်

လင်းတုန်က သူ့ခေါင်းသူ ပွတ်ကာ “အစ်ကိုကြီး၊ ဘာတွေပြောနေတာလဲ၊ ဒီအတားအဆီးက သူ့ဘာသာသူ ပြန်ပြင်နိုင်တယ်။ အစ်ကိုကြီးရဲ့ စွမ်းအားက ပြင်းထန်လွန်းလို့ ဒီအတားအဆီးလေးက အစ်ကိုကြီးကို ဘယ်လိုမှ မတားဆီနိုင်ခဲ့တာ‌ေနမှာပါ”

“ကိုးထပ်မြောက်က ဒီလောက်ပဲလား”

ဝူယွမ် စကားမပြောတော့ပေ။ ဝိညာဉ်မျှော်စင်၏ ကိုးထပ်မြောက်သည် ပုံမှန်အထပ်များကဲ့သို့ မဟုတ်ဘဲ သာမန်ဆန်လွန်းနေခဲ့သည်၊ အလွန်သေးငယ်ပြီး တစ်ဆယ် ကျန်းခန့်သာကျယ်၀န်းသည်၊မြေပြင်တွင်လည်ူ ဖုန်မှုန့်များဖြင့် ပြည့်နှက်နေကာ အလွန်ရှုပ်ပွနေပြီး အောက်အထပ်များနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် သာမန်ဆန်နေခဲ့သည်။

သာမန် အခန်းငယ်လေးတစ်ခု။

လင်းတုန်သည်လည်း သူ့ရှေ့မှောက်ရှိ မြင်ကွင်းကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်၊ လျှို့ဝှက်ဆန်းကြယ်သော ကိုးထပ်မြောက်က သာမန်သာဖြစ်မည်ဟု မျှော်လင့်မထားခဲ့ပေ၊ အထူးအဆန်းဟူ၍ ဘာဆိုဘာမှမရှိသလို ထင်ရသည်။

“အို၊ အစ်ကိုကြီး၊ ဒီနံရံကို ကြည့်လိုက်သည်။”

လင်းတုန်သည် သိပ်မကြာခင် တစ်ခုခုကို တွေ့သွားသည်။

သူ၏ အကြည့်သည် ဘေးနှစ်ဖက်ရှိ မျှော်စင်နံရံများပေါ်၌ ရပ်တန့်သွားခဲ့သည်။ နံရံများပေါ်တွင် ပုံစံများစွာ ရှိသည်။ ဤပုံစံများသည် အတော်လေး ရှုပ်ထွေးသည်။ အနည်းငယ် လေ့လာပြီးနောက် လင်းတုန်သည် ထိုရှုပ်ထွေးသော ပုံစံများသည် ရှေးခတ်ကဖြစ်ဟန်ရပြီး ရှုပ်ထွေးသော သင်္ကေတနှစ်ခုကို ဖွဲ့စည်းထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့သည်။

ဝူယွမ်၏ နှုတ်ခမ်းထောင့်တွင် ပြုံးရိပ်သန်းသွားသည်။ ဒီနေရာတွင် ဝှက်ထားသော အရာသည် ဘိုးဘေးအဆောင်နှင့် သူ၏လျှို့ဝှက်ချက်ကို ဝူယွမ်သိထားသည် သို့သော် ဘာမှမသိသလို ဟန်ဆောင်ရမည်ဖြစ်သည်။

All Chapters