← Chapters

အကြံကုန်ဂဠုန်ဆားချက်

Vol. 9 Ch. 112

အကြံကုန်ဂဠုန်ဆားချက်

Vol. 9 Ch. 112

ဒီတိုက်ပွဲသည် ရှန့်ကွမ်းချင်းယန်ကိုလုယူကြတဲ့ ရိုးရှင်းသောတိုက်ပွဲတစ်ခု မဟုတ်တော့ပေ။ ကျန်းယီမင်နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော မိသားစု ရှိနေသည်။ အကယ်၍ သူတို့ရှုံးနိမ့်သွားပါက ရှန့်ကွမ်းမိသားစုတစ်ခုလုံး ယနေ့ပျက်စီးသွားလိမ့်မယ်ဆိုတာက သိသာထင်ရှားသည်။ စီမာကျန်းသည် အခြေအနေ ဘယ်လောက်ထိပြင်းထန်ကြောင်း သူသိထားသည်။ သူ့အထက်တွင် ရှန့်ကွမ်းယွမ်ရှိနေသည်။ ရှန့်ကွမ်းမိသားစုတစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံးအကြီးအကဲအနေဖြင့် သူတို့နိုင်မှဖြစ်မှာကို ပိုလို့ပင်နားလည်ထားသည်။

ရှန့်ကွမ်းယွမ်သည် အခုချိန်တွင် အနည်းငယ်အကျပ်ရိုက်နေသည်။ သူ့ရှေ့မှ တုန်းယွင်သည် သူနဲ့ခွန်အားချင်းယှဉ်လျှင် သူ့လောက်အလွန်နီးကပ်လွန်းသည်။ တစ်ဖက်လူသည် သူ့ကိုတစ်ခါတည်းသတ်ပစ်ရန် လုံလောက်သော အစွမ်းသတ္တိမရှိသော်လည်း သူသည် တစ်ဖက်လူရဲ့လှုပ်ရှားမှုများကို ချေဖျက်နိုင်ခြင်းခည်းမရှိပေ။ သူတို့နှစ်ယောက်သည် တစ်ဦးတိုက်ခိုက်လိုက်၊ တစ်ဦးကပြန်ချေဖျက်လိုက်နှင့် စိတ်ဝင်စားဖွယ်သံသရာစက်ဝန်းထဲတွင် ပိတ်မိနေကြသည်။

"ဒါ အကုန်ပဲလား..."

"နောက်တစ်ကြိမ်..."

တုန်းယွင်လက်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများစုစည်းလာပြီး ရှန့်ကွမ်းယွမ်ဆီသို့ တစ်ဖန်ပြေးဝင်သွားသည်။ ရှန့်ကွမ်းယွမ်သည် အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော်လည်း တုန်းယွင်ကရော ထိုသို့တံခါးပိတ်ကျင့်နေခဲ့ခြင်းဖြစ်သည်။ မိသားစုရဲ့ကံကြမ္မာက ပျက်စီးခြင်းသို့ဦးတည်နေကြောင်း သိပြီးနောက် မိသားစုအတွင်းကကျင့်ကြံသူများသည် လောကရေးရာများကို ဂရုမစိုက်ကြတော့ပေ။ သူတို့လိုချင်သည်မှာ သူတို့ကံကြမ္မာကို ဖျက်စီးပစ်မည့်နည်းလမ်းကို ရှာဖွေရန်သာဖြစ်သည်။ ထို့ကြောင့် တုန်းယွင်သည်လည်း အခုလိုမျိုးတိုက်ပွဲကြီး မကြုံတွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ရှန့်ကွမ်းယွမ်သည် တစ်ဖက်လူရဲ့တိုက်ခိုက်ချက်များကို အဆက်မပြတ်ဖြေရှင်းနေရင်း တန်ပြန်တိုက်ခိုက်မည့်နည်းလမ်းများကို စဉ်းစားနေသည်။ ရှန့်ကွမ်းမိသားစုမှ အရှိန်အဝါများသည် အချိန်အကြာကြီးကတည်းက တောက်လျှောက်ထွက်ပေါ်နေသည်။ထို့အပြင် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ အနည်းငယ် ထပ်တိုးလာခြင်းကြောင့် ကျန်းယီမင်သည် သူ့ထက် အင်အားကြီးတဲ့အဖွဲ့အစည်းတစ်ခုကို အနိုင်ယူနိုင်မည့် အံ့ဖွယ်ကိစ္စမျိုးကို စွမ်းဆောင်နိုင်မလား၊ သို့မဟုတ် မျိုးဆက်သစ်ကျွမ်းကျင်သူသည် ဒီအတိုင်းကျဆုံးသွားမလားဟု လူအများကသိချင်စိတ် ဖြစ်ပေါ်နေသည်။ ထိုအချိန်တွင် ကျန်းယီမင်သည် စီမာကျန်းကို အမြန်ဆုံးသတ်ပစ်ချင်နေသည်။

စီမာကျန်းကို တစ်ခါတည်းမသတ်နိုင်ရင်တောင် အနည်းဆုံးတော့တစ်ဖက်လူကို တိုက်ခိုက်နိုင်စွမ်းမရှိအောင် လုပ်ရမည်။ တခြားတစ်ဖက်တွင် ဂူလင်းဖေးသည် သူ့ကျင့်စဉ်က တစ်ဖက်လူကျင့်စဉ်ကို ထိန်းချုပ်နိုင်သည့်အချက်အပေါ် အားကိုးပြီး တစ်ဖက်ရန်သူနှင့် အပြန်အလှန်တိုက်ခိုက်နိုင်ခဲ့သည်။ သူက တစ်ဖက်ရန်သူကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် ထိုကဲ့သို့သော အပေါ်ယံစွမ်းအင်သည် သိပ်ကြာရှည်ခံမည်မဟုတ်ပေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် မြင့်တက်နေသောစွမ်းအင်များသည် အခုအချိန်တွင် တဖြေးဖြေးကုန်ခမ်းသွားသည်။

ရှန့်ကွမ်းရှားသည် အခုလိုအခွင့်အရေးကြီးကို လက်လွတ်ခံမည် မဟုတ်ပေ။ သူသည် ကောင်းကင်နှင့်မြေကြီးစွမ်းအင်ကို ယပ်တောင်ထဲတွင် ထည့်သွင်းပြီး ဂူလင်းဖေးခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။ ဂူလင်းဖေးသည် အခြေတည်စိတ်ဝိညာဥ်အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ ပြိုင်ဘက်သည် သူ့ထက်အဆင့်တစ်ဆင့်မြင့်တဲ့ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။

သူသည် နည်းလမ်းပေါင်းစုံကိုသုံးပြီး တစ်ဖက်ရန်သူနှင့်ယှဉ်ပြိုင်နိုင်တဲ့အဆင့်အထိ သူ့ခွန်အားကိုမြှင့်တင်နိုင်ခဲ့သော်လည်း အခုအခါပြိုင်ဘက်က သူ့ကိုတစ်ဖန်ပြန်လည် တိုက်စစ်ဆင်နိုင်ပြီဖြစ်သည်။ ဂူလင်းဖေးက ရန်သူနီးနီးကပ်ကပ်မရောက်ခင်မှာပဲ ကောင်းကင်ထံမှ တိုက်ရိုက်ရိုက်ချခံလိုက်ရသည်။ အခုချိန်တွင်နှစ်ဖက်စလုံး ပိုအာရုံစိုက်နေကြတဲ့ကိစ္စမှာ သူတို့ခြေထောက်အောက်က အစီအရင်ဖြစ်သည်။ နှစ်ဖက်စလုံးသည် သူတို့သက်ဆိုင်ရာ အစီအရင်များကို ဖွဲ့စည်းရန် ကျင့်ကြံသူများကို စေလွှတ်ထားသည်။

အစီအရင် ပိုပြီးပြည့်စုံလေလေ၊ အစီအရင်က ပိုအားကောင်းလာလေလေဖြစ်သည်။ အစီအရင်ပြီးသွားပါက သူတို့ကပိုကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကိုပိုင်ဆိုင်လာနိုင်မှာ အသေအချာဖြစ်သည်။ နှစ်ဖက်စလုံးက တစ်ဖက်ရန်သူအစီအရင်ပုံဖော်တာကို တားဆီးရန် လူများကိုစေလွှတ်ထားသည်။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများသည် အချင်းချင်းတိုက်ခိုက်နေကြသည်။

တချိန်တည်းမှာပင် အခြေတည်စိတ်ဝိညာဥ်အဆင့် ကျွမ်းကျင်သူများသည် အစီအရင်ကိုဗဟိုပြုကာ ပေါ်တင်သော်လည်းကောင်း၊ တိတ်တဆိတ်သော်လည်းကောင်း တိုက်ခိုက်နေကြသည်။ တိုက်ပွဲမြင်ကွင်းတစ်ခုလုံးက သက်ဝင်လှုပ်ရှားနေသည်။ ရှန့်ကွမ်းချင်းယန်လေ့ကျင့်ထားတဲ့ ကျင့်စဉ်သည် တစ်ဖက်ရန်သူ့အစီအရင်ကို ဖျက်စီးပစ်နိုင်သည့် ထက်မြက်တဲ့လက်နက်တစ်ခု ဖြစ်သည်။ ကံဆိုးစွာဖြင့် သူကအချိန်အတန်ကြာနှောင့်နှေးခဲ့ရပြီး အခုအချိန်တွင် နှစ်ဖက်စလုံးရဲ့အစီအရင်များသည် တဖြည်းဖြည်းပုံဖော်လာနေသည်။

ကျန်းယီမင်သည် သူ့ဓားနှစ်လက်ကို တစ်ဖန်ပြန်ထုတ်လွှတ်လိုက်ပြီး စီမာကျန်းကို ထိုနေရာတွင်ပင် ထိန်းချုပ်ထားလိုက်သည်။ ထို့နောက် သူ့ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကိုလက်ဝါးပေါ်တွင် စုစည်းကာ ထုတ်လိုက်သည်။ လက်ဝါးသည် တစ်ဖက်ရန်သူအစီအရင်ပေါ်ကို ပြင်းထန်စွာရိုက်ခတ်သွားသည်။

"ဝုန်း....."

'အလုပ်ဖြစ်တယ်...'

ရှန့်ကွမ်းမိသားစုအစီအရင်သည် လင်းယွင်ဂိုဏ်းအစီအရင်ထက် ပိုမြန်မြန်ဆန်ဆန် ပုံဖော်လာနေခဲ့သည်။သို့သော် ကျန်းယီမင်ရဲ့လှုပ်ရှားမှုကြောင့် အခြေအနေသည် တစ်ဖန်ပြောင်းပြန်လှန်သွားသည်။ စီမာကျန်းသည် အခုလိုဖြစ်လာမှာကို မလိုလားပေ။ ရှန့်ကွမ်းမိသားစုဝင်များသည် ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံးရှောင်ရှားရန် တိုက်ပွဲများကိုမြေပြင်နှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် ထားလိုကြသည်။ သို့သော် ကျန်းယီမင်တွင် ကိုယ်ကျင့်တရားမရှိပေ။

ထို့နောက် စီမာကျန်းနှင့် ရှန့်ကွမ်းရှားတို့သည် မပြီးသေးတဲ့ လင်းယွင်ဂိုဏ်းအစီအရင်ရှေ့တွင် အတူတူပေါ်လာကြသည်။ ကျန်းယီမင် အခုလိုလှုပ်ရှားလာမှာကို မျှော်လင့်ထားပြီးဖြစ်သည်။ အသက်ရှူတစ်ခဏအတွင်း သူသည် ထိုနှစ်ဦးရှေ့ကိုရောက်လာပြီး သူတို့စိတ်ဝိညာဉ်စွမ်းအားကို ပိတ်ဆို့လိုက်သည်။

ရှန့်ကွမ်းယွမ်သည် အောက်ဘက်မှအရှိန်အဝါများကို ခံစားလိုက်ရသောအခါ သူ တုန်းယွင်နှင့်တိုက်ခိုက်နေဆဲဖြစ်တာကို ဂရုမစိုက်တော့ပေ။ သူက သူ့တာအိုဝတ်ရုံကိုချန်ထားခဲ့ပြီး တိုက်ပွဲမှထွက်ပြေးလိုက်သည်။ သူက အခုအခွင့်အရေးကို အသုံးချပြီး ကျန်းယီမင်ကို တိုက်ခိုက်ချင်သည်။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ရဲ့ တိုက်ခိုက်ချက်ကို တစ်ပြိုင်နက်တည်းကိုင်တွယ်ဖြေရှင်းနေရသော ကျန်းယီမင်သည် မောပန်းနွမ်းနယ်နေသည်။

ရှန့်ကွမ်းယွမ်ပုံရိပ်ကို မြင်သောအခါ အခြေအနေကဆိုးဝါးလာကြောင်း ကျန်းယီမင်သိလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် သူ့ခန္ဓာကိုယ်အတွင်းမှစွမ်းအင်များ ရုတ်တရက်ထိုးတက်လာသည်။ ကုန်ခမ်းသွားတဲ့ သူ့စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်ဖြည့်တင်းလာသည်။ သူမော့ကြည့်လိုက်သောအခါ ကောင်းကင်နှင့်မြေကြီးကြားရှိ အရောင်များက ရုတ်တရက်ပြောင်းလဲသွားတာကို ကျန်းယီမင်တွေ့လိုက်ရသည်!

သူခုနက ထုတ်လိုက်တဲ့ပျက်သုဥ်းခြင်းနယ်ပယ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အမှောင်ထုနှင့် မတူဘဲ နွေးထွေးတဲ့ အရောင်ဖြစ်နေသည်။ လင်းယွင်ဂိုဏ်းအစီအရင်တွင် အစီအရင်အလံများ လွင့်ပျံနေသည်။ လူတိုင်း ဝမ်းသာသွားကြသည်။ လင်းယွင်ဂိုဏ်းအစီအရင် အရင်ပြီးသွားခဲ့လိုက်သည်။ အစီအရင်ထောက်ပံ့မှုဖြင့် အစီအရင်အတွင်းရှိ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်အနက် တစ်ယောက်သည် တိုက်ခိုက်ရန်အတွက် ရှေ့တက်လာနိုင်ခဲ့သည်။

"ရှန့်ကွမ်းသူခိုးအဘိုးကြီး၊ မင်းအခု လက်နက်ချရင် မင်းပြောခဲ့သလိုပဲ မင်းကိုအလောင်းအကောင်းအတိုင်း ချန်ထားပေးမယ်..." ကျန်းယီမင် ပြောလိုက်သည်။

တုန်းယွင်သည်လည်း ကျန်းယီမင်ဘေးသို့ ရောက်လာသည်။ သူတို့အစီအရင်သည် အစကတည်းက ထောက်ပံ့ရေးကို အဓိကထားတဲ့အစီအရင် ဖြစ်သည်။ ထို့ကြောင့် အခုအစီအရင်အပြည့်အဝ ဖွဲ့စည်းပြီးသွားပြီဖြစ်ရာ သူတို့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများနှင့် ကျင့်ကြံခြင်းအဆင့်များပာ အကြီးအကျယ်တိုးတက်လာသည်။

"ကျေးဇူးရှင်၊ ကျွန်တော်တို့ အတူတူတိုက်ခိုက်ကြမလား? ဒီနေ့ကိစ္စပြီးသွားရင် ကျေးဇူးတင်စကားဆိုဖို့ ခင်ဗျားတို့ဂိုဏ်းကို သပ်သပ်လာခဲ့ပါ့မယ်..."

"ကောင်းပြီ... အဲ့ဒါက ကျွန်တော်တွေးနေတဲ့အတိုင်းပဲ..."

ကျန်းယီမင်အရှိန်အဝါ မြင့်တက်လာသည်။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများ သူ့ဘေးတွင်ကာကွယ်ပေးထားသဖြင့် သူသည် ပျက်သုဥ်းခြင်းဗုဒ္ဓကို တွန့်ဆုတ်ခြင်းမရှိဘဲ အသုံးပြုနိုင်သည်။ ကြီးမားတဲ့ မစ္ဆာဗုဒ္ဓကြီးသည် လူတိုင်းမျက်စိရှေ့တွင် ပေါ်လာသောအခါ စီမာကျန်းရဲ့မျက်ဝန်းအိမ်က ကျဉ်းမြောင်းသွားသည်။ အခုလိုအချိန်မျိုးတွင် ပျက်သုဥ်းခြင်းဗုဒ္ဓသည် အစွမ်းအထက်ဆုံးနဲ့ တိုက်ပွဲအကျိုးသက်ရောက်မှုကို ဆောင်ကြဉ်းပေးနိုင်ကြောင်း သူကောင်းကောင်းသိထားသည်။

ပျက်သုဥ်းခြင်းဗုဒ္ဓရဲ့ ကြီးမားတဲ့လက်ဝါးကြီး ကျဆင်းလာသည်။ ရှန့်ကွမ်းယွမ်သည် သူ့ခေါင်းပေါ်တွင် စိတ်ဝိညာဉ်စွမ်းအားအပိုင်းအစတစ်ခုကို စုစည်းပြီး လက်ဝါးရိုက်ချက်ကို ခံယူလိုက်သည်။ သို့သော် တုန်းယွင်တိုက်ခိုက်ချက်သည်လည်း တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။ လင်းယွင်ဂိုဏ်းအစီအရင်ဖွဲ့စည်းပြီးနောက် ရှန့်ကွမ်းမိသားစုဝင်များသည် ပြိုင်ဘက်များကို ခုခံရန်ခွန်အားမရှိကြတော့ပေ။ သူတို့သည်တိုက်ခိုက်ရင်း နောက်ဆုတ်နေကြရသည်။ သူတို့နောက်တွင် သူတို့ကိုယ်ပိုင်အစီအရင် သာ ရှိတော့သည်။

"သောက်ကျိုးနည်းအစီအရင်က ဘာလို့အခုထိမပြီးသေးတာလဲ..." ရှန့်ကွမ်းယွမ်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

အခုအခြေအနေနဲ့ဆိုရင် လင်းယွင်ဂိုဏ်းက ရှန့်ကွမ်းမိသားစုကို ချေမှုန်းပစ်ခါနီးဖြစ်နေသည်။ မိစ္ဆာဗုဒ္ဓကြီးရဲ့လက်ဝါးက ပြန်မြှောက်တက်သွားပြီး ပြန်ကျလာသည်။ ထိုလက်ဝါးရိုက်ချက်ဖြင့် ရှန့်ကွမ်းမိသားစုရဲ့နောက်ဆုံးမျှော်လင့်ချက်ကို ရိုက်ချိုးပစ်နိုင်သည်။

"ခဏနေဦး...."

ရလဒ်ကဆုံးဖြတ်ပြီးသားဟု လူတိုင်းထင်မှတ်နေချိန်တွင် အံ့အားသင့်ဖွယ်အော်ဟစ်သံတစ်ခုက လူအုပ်ကြီးကို နောက်တစ်ကြိမ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

"ရပ်လိုက်... မင်းတို့တပည့်တွေရဲ့အသက်ကို ကယ်ချင်သေးရင် ရပ်လိုက်..."

ကျန်းယီမင်လှည့်ကြည့်လိုက်ရာ ယန်ရှန်ချင်းနှင့် ဟွမ်းချောင်ယုတို့ရဲ့ လည်ပင်းတွင် ဓားမြှောင်များတေ့ထားလျက် အပြင်သို့တွန်းထုတ်ခံလာရတာကို တွေ့လိုက်ရသည်။

All Chapters