ဘိုးဘေးအဆောင် တည်ရှိရာနေရာ
Vol. 7 Ch. 61
လင်းတုန် ကြည့်နေသော နေရာကို လိုက်ကြည့်ရင်း ဝူယွမ်သည်လည်း ဘယ်ဘက်နံရံပေါ်ရှိ အဆောင်အမှတ်အသားကို တွေ့သွားသည်။ သူစူးစိုက်ကြည့်လိုက်သောအခါ နံရံပေါ်တွင် ပုံကြမ်း ရေးဆွဲထားသည့် ရှေးဟောင်းအဆောင်တစ်ခုသည် စုပ်ယူမှုအား အနည်းငယ်ထုတ်လွှတ်နေသည်ကို ရုတ်တရက်သတိထားမိလိုက်သည်။ ထိုစုပ်ယူမှုအားကြောင့် သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ သဘာဝဝိညာဉ်အဆောင်သည် ပျံထွက်လာတော့မလို ခံစားနေရသည်။
နံရံပေါ်ရှိ အဆောင်ကို စစ်ဆေးပြီးနောက် ဝူယွမ်သည် ချက်ချင်းပင် သူ၏ စိတ်ထဲမှ မူလရူန်း လျှို့ဝှက်ချက်ကို သတိရသွားပြီး နှိုင်းယှဉ်ကြည့်လိုက်သည်။
“မူလ ဝါးမျိုးအဆောင်နဲ့၊ မူလ မိုးကြိုးအဆောင်...”
ထိုနံရံပေါ်တွင် ပုံကြမ်းရေးဆွဲထားသော ရှေးဟောင်းအဆောင်များသည် အမှန်စင်စစ် ဘိုးဘေးဝါးမျိုးအဆောင်နှင့် ဘိုးဘေးမိုးကြိုးအဆောင်တို့မှ ရူန်းအမှတ်အသားများ ဖြစ်သည်။
ထိုနံရံပေါ်တွင် အဆောင်များ၏ ပုံသဏ္ဍာန်ကို ရိုးရိုးရှင်းရှင်း ရေးဆွဲထားခြင်းသာဖြစ်ပြီး ဘိုးဘေးအဆောင်တစ်ခု၏ အစွမ်းမျိုး ပိုင်ဆိုင်ထားခြင်း မရှိပေ။
ဘိုးဘေးအဆောင်များသည် ကောင်းကင်နှင့် မြေကြီးကြားမှ မွေးဖွားလာသော မူလ အဆောင်များဖြစ်ကြသည်။
ထိုအဆောင်များသည် ကောင်းကင်နှင့်မြေကြီးမှ အစွမ်းကို စုပ်ယူနိုင်ကြသည်။
ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ရန် သူ့ပုံဏ္ဍာန်နှင့် ရူန်းအစိတ်အပိုင်း အနည်းကို သိရုံလောက်ဖြင့်မလုံလောက်ပေ။
အကယ်၍ သိရုံနဲ့သာ ပိုင်ဆိုင်နိုင်ပါက ဘိုးဘေးအဆောင်သခင် ရှစ်ယောက်၏ မူလအဆောင်အားလုံးသည် ဝူယွမ်၏ မူလရူန်း လျှို့ဝှက်ချက် အတွင်း အညွှန်းပုံစံများ ပါရှိပြီးသားဖြစ်သည်။
ထိုကြောင့် အဆောင်နှင့် ရူန်း သိသိသာသာ ကွာခြားမှုရှိသည်။
ဝူယွမ်၏ မူလရူန်းလျှို့ဝှက်ချက်သည်။ မူလ ရူန်းတစ်ခုခြင်းစီအတွက် လေ့ကျင့်ရေးနည်းလမ်းများပါ၀င်သည်။ ထိုထဲတွင် မူလရူန်း တစ်ခုစီတိုင်းတွက် အနက်ဖွင့်ဆိုချက်များ ပါဝင်ပြီး ထိုရူန်းအမျိုးအစားကို မည်သို့လေ့ကျင့်ရမည်ကို ညွှန်းကြား ပြသပေးထားသည်။
သူ့ရှေ့မှောက်ရှိ အဆောင်များသည်တော့ ပုံသဏ္ဍာန်သာရှိပြီး မည်သည့်နေရာမှ စတင်ရမည်ကိုပင် သူမသိပေ။
ဝူယွမ် လေ့ကျင့်ထားသော မူလရူန်းများသည်။ သဘာဝအလျောက် မွေးဖွားလာသော ဘိုးဘေးအဆောင် များကဲ့သို့ စွမ်းအားပြင်းထန်မည် မဟုတ်သော်လည်း သူသည် မူလရူန်းများကို ကျွမ်းကျင်တတ်မြောက်ပြီး သူတို့အားလုံးကို လိုက်ဖက်ညီအောင် အသုံးပြုနိုင်လျှင် ဘိုးဘေးအဆောင် တစ်ခုနှင့် တူညီသော အဆင့်သို့ ရောက်ရှိနိုင်သည်။
ဝူယွမ်က သူသာ မူလရူန်း လျှို့ဝှက်ချက်ကို အဆုံးထိ ပြီးဆုံးအောင်လေ့လာနိုင်ခဲ့ပါက ဘိုးဘေးအဆောင်သခင် အဆင့်နီးပါး ရောက်ရှိလာမည်ဟု သူယုံကြည်သည်။
ထိုသို့ဖြစ်ဖို့ရာက ခက်ခဲလွန်းလှသည်။ဒီနေ့အထိ သူအမှန်တကယ် ကောင်းကောင်းတတ်မြောက်ပြီး လက်ဖက်ညီအောင် အသုံးချနိုင်တဲ့ မူလရူန်းမှာ သူ၏ သဘာဝဝိညာဉ်အဆောင်ထဲသို့ မူလ ၀ိညာဥ်စွမ်းအင်စုစည်းရေးရူန်းတစ်ခုကို ထည့်သွင်းနိုင်ခြင်းဘဲ ရှိသေးသည်။
ဒါတောင် မူလ၀ိညာဥ်စွမ်းအင်စုစည်းရေး ရူန်းတစ်ခုလုံး၏ တစ်ထောင်ပုံတစ်ပုံကိုသာ သူ၏ သဘာ၀ဝိညာဉ်အဆောင်ပေါ်တွင် ရေးဆွဲနိုင်သေးသည်။
တစ်နေ့ သူသာ မူလဝိညာဉ်စွမ်းအင်စုစည်းရေး ရူန်းတစ်ခုလုံးကို သူ၏ သဘာဝဝိညာဉ်အဆောင်မှာ အပြည့်အဝ ရေးဆွဲနိုင်ခဲ့ပါက သူ၏ သဘာဝဝိညာဉ်အဆောင်သည်လည်း “၀ိညာဥ်စွမ်းအင်စုစည်း ဘိုဘေးအဆောင်” အဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။
ဝူယွမ်သည် ဝိညာဉ်အဆောင်ကို ဘိုးဘေးအဆောင်အဖြစ် ပြောင်းလဲရန် နည်းလမ်းကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ထိုလမ်းကြောင်းသည် ခက်ခဲကြမ်းတမ်းပြီး ရေရှည် စူးစမ်းရှာဖွေမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လိုအပ်သည်။
ဝူယွမ် နက်နက်နဲနဲ စဉ်းစားနေစဉ်တွင်...
အခြားတစ်ဖက်တွင် လင်းတုန်သည်လည်း အာရုံစူးစိုက်နေသည်။ ရှောင်ဒေါင်သည် ပုံသဏ္ဍာန်များကို မြင်ပြီးနောက် ထိုအရာများသည် ဘိုးဘေးအဆောင်များ၏ ပုံသဏ္ဍာန်များဖြစ်သည်ကို ချက်ချင်းနားလည်သွားပြီး အံ့အားသင့်သွားသည်။
သူက လင်းတုန်ဆီသို့ ဝိညာဉ်စွမ်းအင် ပို့လွှတ်ပြီး ရှင်းပြလိုက်သည်။
“ဒီနေရာမှာရှိတဲ့ဟာက ဘိုးဘေးအဆောင်နှစ်ခုရဲ့ ပုံကြမ်းတွေဘဲ ဒီအဆောင်ပုံကြမ်းကို ချန်ခဲ့တဲ့သူက ဒီဘိုးဘေးအဆောင်နှစ်ခုကို မြင်ဖူးခဲ့လိမ့်မယ်။ ပြောရမယ်ဆို အဲ့လူက အရည်အချင်းနည်းနည်းရှိတယ်။ ဘိုးဘေးအဆောင်တွေက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတာဘဲ။ ဘိုးဘေးအဆောင် ရဲ့ပုံသဏ္ဍာန်ကို ရေးဆွဲဖို့ဆိုတာ သာမန်အဆောင်သခင် တစ်ယောက်က လုံး၀မလုပ်နိုင်တဲ့အရာဘဲ ဒီလူက ဘိုးဘေးအဆောင်နှစ်ခုစလုံးရဲ့ပုံကြမ်းကို ရေးဆွဲနိုင်ခဲ့တယ်ဆိုတာ့ ပုံသဏ္ဍာန် တူယုံဘဲဆိုရင်တောင် အတော်လေး ထူးချွန်တယ် လို့ပြောလို့ရတယ်။”
“ဒါပေမဲ့ သူက နေရာမှာ ဘာလို့ နေရာလွတ်တွေ ချန်ခဲ့တာလဲ။”
“သူက ဘိုးဘေးအဆောင်နှစ်ခုကိုမြင်ဖူးခဲ့တယ်၊ အဲ့တာကြောင့် အဆောင်တွေရှိတဲ့ နေရာကိုသိလိမ့်မယ်”
“ဒီနေရာလွတ်တွေမှာ ဘိုးဘေးအဆောင်တွေနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှိလောက်တယ်”
“လင်းတုန် အမြန်ရှာကြည့် မင်းသာ ဘိုးဘေးအဆောင်တစ်ခုကို ရရှိနိုင်ရင် တစ်ကြိမ်တည်းနဲ့ ချမ်းသာသွားလိမ့်မယ်။ ဘိုးဘေးအဆောင်ပိုင်ရှင် တွေက ဒီလောကကြီးထဲမှာ ထိတ်ဆုံးကရပ်တည်ခဲ့တဲ့ သူတွေဘဲ ”
ရှောင်ဒေါင် အရမ်း စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမည် မသိဖြစ်နေသည်။
ထိုအချိန်တွင် လင်းတုန် ဘေးနားရှိ ဝူယွမ်၏ နီဝမ်နယ်ပယ်မှ သဘာဝဝိညာဉ်အဆောင်တစ်ခု ပျံထွက်လာသည်။
ထိုဝိညာဉ်အဆောင်သည် နံရံဆီသို့ အလိုအလျောက် ချဉ်းကပ်သွားပြီး ထိန်းချုပ်မှုပျောက်ဆုံးသွားကာ အဆောင်ပေါ်ရှိ ရူန်းများ တဖြည်းဖြည်း လည်ပတ်လာကာ ဝိညာဉ်စွမ်းအင်သည် အလင်းရောင်ကဲ့သို့ ဖြစ်သွားပြီး ထိုအလင်းသည် နံရံပေါ်ရှိ ဘိုးဘွားအဆောင်ပုံကြမ်းပေါ်သို့ ကြရောက်သွားသည်
ဝိညာဉ်အလင်းရောင်များ ကြရောက်လာသည်နှင့် နံရံပေါ်ရှိ ဘိုးဘွားအဆောင်ပုံသဏ္ဍာန်မှ အလင်းအချို့ ရောင်ပြန်ဟပ်သွားသည်။ ထိုအလင်းရောင်များသည် လေထဲတွင်စုစည်းလာပြီး မြေပုံကဲ့သို့ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
“ပြန်လည်၀င်စားသူဆိုတဲ့အတိုင်းဘဲ ဘိုးဘေးအဆောင်ရဲ့ လျှို့ဝှက်ချက်ကိုတောင် ဒီလောက်မြန်မြန် ရှာတွေ့ခဲ့တယ်” ရှောင်ဒေါင်သည် အလွန်အမင်း ချီးကျူးဂုဏ်ပြုကာ ပြောလိုက်သည်။
“ဒီအရာက... မဟာယန်မင်းဆက်ရဲ့ မြေပုံတစ်ခုလား”
ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မြေပုံကို ကြည့်ရင်း လင်းတုန်း အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
သူ၏စကား မပြီးဆုံးသေးခင်တွင် မြေပုံအတွင်း အနီရောင်အစက်နှစ်စက် ပေါ်လာသည်။
အနီစက်တစ်စက်က မဟာယန်မင်းဆက် နယ်နမိတ်အတွင်း ဖြစ်ပြီး နောက်တစ်စက်ကတော့ မဟာယန်မင်းဆက် နယ်နမိတ်အပြင်ဘက်မှာ ဖြစ်သည်။
“ဒီသေးငယ်တဲ့ မဟာယန်မင်းဆက်လို မင်းဆက်ငယ်လေးထဲမှာ ဘိုးဘေးအဆောင်နှစ်ခုရဲ့ တည်နေရာကို သိတဲ့သူရှိတာက မယုံနိုင်စရာဘဲ ပြီးတော့ ဘိုးဘေးအဆောင်လို အရာမျိုးက ဒီလိုနေရာမှာ ရှိနေမယ်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး”
ရှောင်ဒေါင် တအံတဩ ပြောဆိုလိုက်သည်။ ဘိုးဘေးအဆောင်များသည် တစ်ကမ္ဘာလုံးပေါင်းမှ ရှစ်ခုသာရှိသည်။
ထိုအထဲမှနှစ်ခုက ဒီလိုနေရာမျိုးတွင် ပေါ်လာခဲ့သည်။
ဝိညာဉ်မြေပုံက မှေးမှိန် ပျောက်ကွယ်သွားပြီး ထိုအလင်းရောင်ကို ဝူယွမ်၏ သဘာဝဝိညာဉ်အဆောင်က စုပ်ယူသွားခဲ့သည်။
ဝူယွမ် - “ဒီအနီစက်တွေက ဘယ်လိုဟာကို ကိုယ်စားပြုတာလဲ မသိဘူး၊ ဒီလောက် လျှို့ဝှက်ဖုံးကွယ် ထားတယ်ဆိုတော့ အတော်လေး တန်ဖိုးကြီးတဲ့ အရာဘဲဖြစ်ရမယ်။ နောက်ပိုင်း ငါတို့ ညီအစ်ကိုတွေ အတူတူ ခရီးထွက်ရင်း ဒီအနီစက်တွေ ရှိတဲ့နေရာမှာ ဘယ်လိုအရာကို ဝှက်ထားတာလဲဆိုတာ ရှာကြည့်လိုရတယ်”
စကားပြောနေရင်း ဝူယွမ်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးသွားပြီး ပြုံးရိပ်သန်းသွားသည်။
သူ ဟန်ဆောင်နေခြင်းဖြစ်သည်။
အမှန်စင်စစ် သူ မသိဟန်ဆောင်နေခြင်းသာဖြစ်သည်။
ကျောက်လက်ဖွဲ့အတွင်းရှိ ရှောင်ဒေါင်သည်လည်း “မိုက်မဲတဲ့သူတစ်ယောက်ကဘဲ ဒါကိုယုံမယ်” ဆိုသော မျက်နှာအမူအရာဖြင့် ရှိနေသည်။
ပြန်လည်မွေးဖွားလာသူများသည်လည်း သရုပ်ဆောင်တတ်မည် သူမထင်ထားပေ။
သူသည် ဝူယွမ်က ဘိုးဘေးအဆောင်ကဲ့သို့သော အရာတစ်ခုကို မသိဘဲနေမည်ဟု မထင်ပေ။
သူက အရင်က ဘိုးဘေးအဆောင်ပိုင်ရှင်များထဲမှ တစ်ယောက်ဖြစ်နိုင်သည်။ ထိုသို့ဖြစ်နိုင်ချေမှာလည်း များသည်ဟု ရှောင်ဒေါင် ယူဆထားသည်။
ဝူယွမ် ရေးဆွဲခဲ့သော ဝိညာဉ်စွမ်းအင်စုစည်းရေးရူန်းသည် အလွန်နက်ရှိုင်းလွန်းပြီး ထိုအရာ၏ ရှုပ်ထွေးမှုမှာ ဘိုးဘွားအဆောင်များနှင့် နှိုင်းယှဉ်လို့ ရလောက်တဲ့အထိဖြစ်နေသည်။
စဉ်းစားကြည့်ပါ၊ ချင်းယန်မြို့ငယ်လေးတစ်ခုအတွင်းမှာ ဒီလို ပါရမီရှင်တစ်ဦးက ဘယ်လိုလုပ် ပေါ်ပေါက်လာနိုင်မည်နည်း။
ထိုအရာများသည် သူ၏ အရင်ဘ၀က တတ်ကျွမ်းထားတဲ့ အရာများဖြစ်ပေလိမ့်မည်။
“အရမ်းကောင်းတယ်။ ကျွန်တော်လည်း ကမ္ဘာပတ် စူးစမ်းချင်နေတာ။ အစ်ကိုကြီးနဲ့အတူ တစ်ကမ္ဘာလုံးကို လျှောက်ပတ်သွားဖို့ဆိုတာ ကျွန်တော် အိပ်မက်မက်နေတဲ့ အရာပဲ။” လင်းတုန်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လူငယ်တိုင်းတွင် တစ်ကမ္ဘာလုံးကို စွန့်စားခန်းထွက်ရန် အိပ်မက်တစ်ခုရှိတတ်သည်။
“ကောင်လေး၊ အပျော်မစောနဲ့အုံး၊ ဘိုးဘေးအဆောင်လို ရတနာရဲတည်နေရာကို မင်းရခဲ့တယ်ဆိုပေမဲ့ မင်းအစ်ကိုကြီးက မင်းကိုခွဲဝေပေးမှာမဟုတ်ဘူး။”
ရှောင်ဒေါင်သည် သူ့ကို စိတ်ဓာတ်မကျအောင် မပြောဘဲ မနေနိုင်ခဲ့ပေ။
ဝူယွမ်သည် ပြန်လည်မွေးဖွားလာသူ တစ်ဦးဖြစ်နေသော်လည်း ဘိုးဘေးအဆောင်ကဲ့သို့သော တစ်ကမ္ဘာလုံးမှာပင် အထွတ်အထိပ်အဆင့်ရှိသည့် ရတနာကို လျစ်လျူရှုနိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။
“ဟမ့်... ကျွန်တော်တို့ အဲ့တာကို မရသေးဘဲနဲ့ ဘယ်လိုသိမှာလဲ။ အစ်ကိုကြီးက ကျောက်လက်ဖွဲ့အတွက်တောင် ကျွန်တော့်နဲ့ မယှဉ်ပြိုင်ခဲ့ဘူး၊ ဘိုးဘေးအဆောင်ကြမှ ပြိုင်စရာလား”
“ပြီးတော့ ကျွန်တော်က အစ်ကိုကြီးနဲ့ ဘာလို့ ဘိုးဘေးအဆောင်အတွက် ယှဉ်ပြိုင်ရမှာလဲ။ ကျွန်တော်တို့က ညီအစ်ကိုတွေပဲ၊ ဘိုးဘေးအဆောင်က ဘယ်သူ့ဆီမှာ ရှိရှိအတူတူဘဲ ”
“ပြီးတော့ ဘိုးဘေးအဆောင် ရတာမရတာ အရေးမကြီးပါဘူး၊ ကျွန်တော်က အစ်ကိုကြီးဘေးမှာ နေချင်တာ”
လင်းတုန်းသည် ရှောင်ဒေါင်၏ မှတ်ချက်များကို ခပ်တင်းတင်းဘဲ ပြန်လည်ချေပလိုက်သည်။ သူသည် အစ်ကိုကြီးအပေါ် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိသဖြင့် ရှောင်ဒေါင်၏ မှတ်ချက်များကို ခေါင်းထဲမထည့်ပေ။
“မင်းက အတော်လေး ရိုးသားပြီး ကိုယ့်ကိုယ်ကိုယ် နားလည်တဲ့သူမျိုးဘဲ၊ ဒါကြောင့်မလို့ မင်းအစ်ကိုကြီးက မင်းကို တန်ဖိုးထားတာ”
ရှောင်ဒေါင် အနည်းငယ် အားကျမိသွားသည်... ထိုအရာသည် မည်မျှ ကြီးမြတ်သည့် ညီအကိုဆက်ဆံရေးမျိုးလဲ၊အတော်လေး ကောင်းမွန်လှသည်။ သူပင် ဝူယွမ်နှင့် ညီအစ်ကိုဖြစ်ချင်သွားသည်။
သို့သော် သူသည် အနည်းငယ်စိုးရိမ်နေဆဲဖြစ်ပြီး ဝူယွမ်ကို ပြောပြဖို့ မဝံ့မရဲဖြစ်နေသည်။ အကယ်၍ ဝူယွမ်သာ မြွေပါများကို မကြိုက်နှစ်သက်တာကြောင့် သူ့ကို ဝါးမျိုပစ်လိုက်ရင်ရော။
“သွားကြရအောင်၊ ထွက်ဖို့ အချိန်တန်ပြီ။”
“အင်း”
သူတို့နှစ်ယောက်စလုံး ဝိညာဉ်မျှော်စင်မှ ထွက်လာခဲ့ကြသည်။
ယန်ရွှမ်နှင့် အခြားသော အဆောင်သခင်များသည် သူတို့နှစ်ယောက်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ရက်ပေါင်း နှစ်ဆယ်ကျော်ကြာတဲ့အထိ သူတို့က တစ်ချိန်လုံး အပြင်ဘက်တွင် စောင့်ဆိုင်း နေခဲ့ကြခြင်းဖြစ်သည်။
“မင်းတို့ ကိုးထပ်ကို တက်သွားခဲ့တာလား။”
ယန်ရွှမ်းက ဝိညာဉ်စွမ်းအင်ဖြင့် ဝူယွမ်ကို လျှို့ဝှက် ဆက်သွယ် မေးမြန်းလိုက်သည်။
အရင် သူတို့၏ အလင်းစက်များသည် ရှစ်ထပ်မြောက်မှ ပျောက်ကွယ်သွားခဲ့ပြီး ကိုးထပ် ဒါမှမဟုတ် အခြားမည်သည့်ထပ်ပေါ်တွင်မျှ မပေါ်လာခဲ့ပေ။ ထို့ကြောင့် ကိုးထပ်မြောက်ကို ရောက်သွားသည်ဟု ယန်ရွှမ်းထင်လိုက်သည်။
ယန်ရွှမ်းသည် နဝမထပ်သို့ မရောက်ဖူးသဖြင့် ထိူအရာသည် သူ၏မှန်းဆချက်တစ်ခုသာဖြစ်သည်။
ဝူယွမ် ခေါင်းညိတ်ပြလိုက်ပြီး ယန်ရွှမ်းက ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
ထိုအရာများသည် သူ့တပည့်၏ လျှို့ဝှက်ချက်များဖြစ်သည်။ အကုန် လိုက်မေးနေစရာ မလို။
ဝူယွမ်သည် အခုအချိန်မှာ အဆောင်သခင် အဆင့်သုံးသာရှိသေးသော်လည်း ကိုးထပ်မြောက်အထိ ဝင်ရောက်နိုင်ခြင်းက ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် သူ့ထက်သာကြောင်း သက်သေပြနေသည်။
ထိုဝိညာဉ်မြေပုံသည် ဝူယွမ်၏ သဘာဝဝိညာဉ်အဆောင်ထဲသို့ ပေါင်းစပ်သွားပြီဖြစ်သဖြင့် နံရံပေါ်ရှိ ပုံကြမ်းသည် အသုံးမဝင်တော့ဘဲ မြေပုံကို နောက်တစ်ကြိမ် ပြသနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဝူယွမ်သည် ရှေးဟောင်းဝန်ရိုးအဆောင် စုစည်းနည်းကို လေ့ကျင့်နေသည့် ယန်ရွှမ် နှင့် ဇီယွဲ့တို့ မြေပုံကို ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်မနေတော့ပေ။
ဘိုးဘေးအဆောင်အတွက် ပြိုင်ဆိုင်မှုများသည် အန္တရာယ် များလွန်းလှသည်။
ယန်ရွှမ်နှင့် ဇီယွဲ့ကဲ့သို့သော သူများသာ ပါဝင်ပါက အသက်ပေးဆပ်ရယုံသာရှိမည်။
သူတို့အား မသိစေတာက သူတို့အတွက် ပိုကောင်းသည်။
“အိမ်ကို ရက်နှစ်ဆယ်နီးပါ မပြန်ရသေးဘူး။ ချင်းတန် ရဲ့အခြေအနေ ဘယ်လိုရှိမလဲ၊ မြန်မြန်ပြန်ကြရအောင်။”
ဝူယွမ်သည် လိုလီမလေးကို အတော်လေး စိုးရိမ်နေသည်။
မူရင်းဇာတ်လမ်းအရ ထိုလိုလီမလေး သေမည်မဟုတ်သည်ကို သူသိသော်လည်း မကြာခဏ ထွက်ပေါ်လာသော အအေးဓာတ်သည် သူမကို အတော်လေး ခံစားရစေမည်ဖြစ်သည်။
ဝူယွမ်၏ သတိပေးမှုကြောင့် လင်းတုန်းသည်လည်း သူ့ညီမအကြောင်းကို သတိရသွားပြီး စိုးရိမ်သောကရောက်ကာ စိတ်ပူသွားသည်။
“ဟင်းး... အစ်ကိုကြီး ရောက်လာကတည်းက ကျွန်တော့်ရဲ့ ချင်းတန်အပေါ် စိုးရိမ်မှုက လျော့နည်းသွားတယ်။ အစ်ကိုကြီးက ချင်းတန်ကို ကိုယ့်ညီမလေးလိုပဲ ဆက်ဆံပြီး ဘယ်တော့မှ လျစ်လျူရှုမထားဘူး။” လင်းတုန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
သူက ကျောက်လက်ဖွဲ့အတွင်းရှိ ရှောင်ဒေါင်ထံသို့ မေးမြန်းလိုက်သည်။
“စကားမစပ် ရှောင်ဒေါင်၊ မင်းလည်း အဆူရာမိစ္ဆာခန္ဓာကိုယ်အကြောင်း နားလည်တယ်မလား။ ငါ့ကိုပြောပါ၊ တစ်ကယ်လို့ ထိန်းချုပ်မရနိုင်တဲ့ အခြေအနေကို ရောက်သွားရင် ဘာတွေဖြစ်လာနိုင်လဲ”
ရှောင်ဒေါင် - “သူမရဲ့ အဆူရာမိစ္ဆာခန္ဓာကိုက ယင်ဒန်ကို ဖွဲ့စည်းပြီးမှ သူမရဲ့ကိုယ်တွင်းရှိ ယင်ဓာတ်စွမ်းအင်ကို ဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်မှာ၊ မဟုတ်ရင် သူမက အဆူရာယင်စွမ်းအင် တိုက်ခိုက်မှုကို မကြာခဏခံစားရလိမ့်မယ်။ နာကျင်ယုံတင်မဟုတ်ဘဲ အဆူရာယင်စွမ်းအင်တွေက သူမရဲ့ တစ်ကိုယ်လုံးကို ဝါးမျိုသွားပြီး အသက်ရှူဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်သွားနိုင်တယ်”
“အဲ့လောက်ကြီးထိတောင်လား”
လင်းတုန်းသည် အပြစ်ရှိသလို ခံစားလိုက်ရပြီး ပိုစိုးရိမ်သောကရောက်လာသည်။
အရင်က အစ်ကိုကြီးရှိပြီး အစ်ကိုကြီးက အရမ်းစိုးရိမ်မနေသောကြောင့် အဆင်ပြေနေသည်ဟု သူထင်ခဲ့သည်။
“စိတ်မပူပါနှင့်။ မင်းအစ်ကိုကြီးရှိတယ်၊ အဆူရာမိစ္ဆာခန္ဓာကိုယ်လို အသေးစား ပြဿနာလောက်လေးက သူ့အတွက် ထမင်းစားရေသောက်သလောက်ဘဲရှိမှာ၊ စိတ်ချလက်ချသာနေလိုက်”
ရှောင်ဒေါင်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
ပြန်လည်မွေးဖွားလာသူ ဝူယွမ်အပေါ် သူ အပြည့်အ၀ ယုံကြည်နေသည်။
သို့သော်သည်း... ဝူယွမ် စိုးရိမ်မှုမရှိရခြင်းမှာ သူက... ဇာတ်ကွက်ကို သိထားသောကြောင့်ဖြစ်သည်ကို ထိုအနက်ရောင် မြွေပါကြီး မသိရှိခဲ့ပေ။