← Chapters

အန္တရာယ်တော

Vol. 9 Ch. 113

အန္တရာယ်တော

Vol. 9 Ch. 113

"ရပ်လိုက်..."

ပြန်တိုက်ခိုက်ခုခံရန် နည်းလမ်းမရှိတော့တာကို သိလိုက်ရသောကြောင့် ရှန့်ကွမ်းမိသားစုသည် သူတို့အဆိုးရွားဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်ရသည်။ သူတို့ဓားစာခံများကို ကျန်းယီမင်နှင့် တခြားသူများရှေ့ ချပြလိုက်ခြင်းပင်ဖြစ်သည်။ သူတို့က ကျန်းယီမင်တို့ကိုကို ရွေးချယ်မှုတစ်ခုလုပ်ခိုင်းမည်။ ဧရာမဗုဒ္ဓကြီးပုံရိပ်ကြီးက လေထဲတွင်ပျောက်ကွယ်သွားသည်။ တုန်းယွင်နှင့် တခြားသူများက ထိုအရာကိုမြင်သောအခါ အခြေအနေကို အကြမ်းဖျင်းနားလည်သဘောပေါက်လိုက်ပြီး သူတို့တိုက်ခိုက်တာကိုလည်း ရပ်တန့်လိုက်ကြသည်။

သို့သော် သူတို့စိတ်ဝိညာဉ်စွမ်းအားများသည် ရှန့်ကွမ်းမိသားစုနေရာအနှံ့အပြားသို့ စိမ့်ဝင်ပျံ့နှံ့နေသည်။ အကယ်၍ ရှန့်ကွမ်းမိသားစုကသာ မဆင်မခြင်လုပ်ရဲပါက သူတို့ကမိသားစုတစ်ခုလုံးကို ချက်ချင်းသုတ်သင်ပစ်လိမ့်မည်။ ရှန့်ကွမ်းချင်းယန်က ကျန်းယီမင်ဘေးသို့ ရောက်လာသည်။ အဝေးမှ သူ့ဂျူနီယာညီလေးနှင့် စီနီယာအစ်မတို့ကို ကြည့်ရင်း ရှန့်ကွမ်းချင်းယန်က လေးနက်တဲ့အသံဖြင့် ပြောလိုက်သည်။

"ဆရာ..."

"လင်းယွင်ဂိုဏ်းချုပ်ဆိုပါလား... ကောင်းပြီ၊ မင်းဒီနေ့ကိစ္စကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်..."

ရှန့်ကွမ်းလီသည် ဒေါသကြောင့် အံကြိတ်နေရသည်။ သို့သော် သူ့ရှေ့မှအခြေအနေနှင့် ရင်ဆိုင်ရသောအခါ ရှန့်ကွမ်းမိသားစုရှုံးနိမ့်သွားပြီဖြစ်ကြောင်း သံသယရှိစရာတောင် မလိုပေ။ သူက ဝန်ခံချင်စိတ်မရှိသော်လည်း အခုအချိန်တွင် ဓားစာခံများကို ညှိနှိုင်းစရာအပေါင်ပစ္စည်းအဖြစ်မသုံးပါက ရှန့်ကွမ်းမိသားစုအမွေအနှစ်များနှင့် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများသည် တမဟုတ်ချင်း ပျက်စီးသွားပေလိမ့်မည်။

"ဒါပေမဲ့... မင်းဘယ်လောက်ပဲသန်မာနေပါစေ၊ မင်းရဲ့ဒီတပည့်နှစ်ယောက်က ငါ့လက်ချက်နဲ့သေရလိမ့်မယ်..."

ကျန်းယီမင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"ဒီလူနှစ်ယောက်ကို ရှန့်ကွမ်းချင်းယန်နဲ့ လဲလှယ်မယ်..."

"အခုချိန်မှာ ငါနဲ့ ညှိနှိုင်းဖို့ မင်းမှာအခွင့်အရေးရှိတယ်လို့ ထင်နေတာလား..." ကျန်းယီမင်က ခေါင်းခါလိုက်ရုံသာ ပြုသည်။

ရှန့်ကွမ်းမိသားစုတစ်ခုလုံးရဲ့ အသက်သွေးကြောသည် အခုအခါ ကျန်းယီမင်လက်ထဲတွင် ရှိနေသည်ဟု ပြောနိုင်သည်။

"ဒီမေးခွန်းကို မင်းကို ငါကမေးရမှာလို့ ထင်တယ်၊ အခုချိန်မှာ ငါနဲ့ညှိနှိုင်းဖို့ မင်းမှာအခွင့်အရေးရှိတယ်လို့ ထင်နေတာလား..." ရှန့်ကွမ်းလီက အထိတ်တလန့်ဖြစ်နေသည်။

ဒီနေ့ ကျန်းယီမင်တပည့်များကို လွှဲပေးလိုက်ရင်တောင် သူသေဘေးမှ လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်မည်။ သို့သော် တချိန်တည်းမှာပင် ကျန်းယီမင်သည် သူ့တပည့်ဘယ်သူ့ကိုမှ မထိခိုက်စေလိုကြောင်း သူသိသည်။

"သူတို့ကို ရှန့်ကွမ်းချင်းယန်နဲ့ လဲလှယ်လို့ရတယ်၊ မင်း သူ့ဆီက ဘာတွေသိထားလဲဆိုတာ ငါမသိပေမယ့် ငါတို့ကြားမှာ နားလည်မှုလွဲတာတစ်ခုခု ရှိနေမှာပါ၊ ငါ သူ့အသက်ကိုယူမှာ မဟုတ်ဘူး..." ရှန့်ကွမ်းလီ ပြောလိုက်သည်။

ထို့နောက် ရှန့်ကွမ်းချင်းယန်ထက် ငယ်ရွယ်ပုံရတဲ့ မိန်းကလေးတစ်ယောက်က လမ်းလျှောက်ထွက်လာသည်။

"မင်းညီမ အပါအဝင်ပေါ့...."

ကျန်းယီမင် တုန်လှုပ်သွားသည်။ တစ်ဖက်လူက အဓိပ္ပာယ်မရှိတာတွေ ပြောနေမှန်း သူသိနေသည်။ သို့သော် အခုရန်သူရဲ့လက်ထဲမှာ လူသုံးယောက်ရဲ့ အသက်တွေ ရှိနေသည်။

"ဆရာ၊ ကျွန်တော့်ကိုလက်လျော့လိုက်သလိုမျိုး ဟန်ဆောင်လိုက်ပါလား... ကျွန်တော်အတင်းဝင်ပြီး ကြိုးစားကြည့်မယ်" ဟု ရှန့်ကွမ်းချင်းယန် တိုးတိုးလေး ပြောလိုက်သည်။

ရှန့်ကွမ်းမိသားစုမှ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူများသည် ဝိုင်းပိတ်ခံထားရသည်။ထိုသို့ဆိုလျှင်ပင် ရှန့်ကွမ်းချင်းယန်ကျင့်ကြံခြင်းအဆင့်သည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တွင်သာ ရှိသေးသဖြင့် အလွန်နိမ့်ကျလွန်းသည်။ ရှန့်ကွမ်းလီကိုယ်တိုင်က အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိသည်။

'သူက တစ်ဖက်လူလက်ထဲကနေ တခြားသူတွေကို လုယူနိုင်ပါ့မလား....'

ကျန်းယီမင် အကြီးအကျယ်တွန့်တွန့်ဆုတ်ဆုတ်ဖြစ်နေသည်။

"ဆရာ၊ ကျွန်တော့်ကို အရင်လွှဲပေးလိုက်သလိုမျိုး ဟန်ဆောင်လိုက်ပါ။ ကျွန်တော့်ဂျူနီယာညီလေး၊ စီနီယာအစ်မနဲ့ ညီမလေးကို ကျွန်တော်တို့ဘက်ရောက်အောင် အရင်လုပ်ကြရအောင်။ ပြီးမှ ကျွန်တော် လှုပ်ရှားဖို့အခွင့်အရေးရှာပြီး လွတ်မြောက်ဖို့နည်းလမ်းရှာပါ့မယ်..."

ကျန်းယီမင် စဉ်းစားလိုက်သည်။

"ဆရာ... မစဉ်းစားပါနဲ့တော့... ဒါကတကယ့်ကို ကျွန်တော်တို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ..."

မှန်ပါသည်၊ ရှန့်ကွမ်းချင်းယန်က ရှန့်ကွမ်းမိသားစုသို့ ပြန်ရောက်သွားပြီးနောက် တစ်ဖက်လူသည်သူ့ကို ချက်ချင်းသတ်ပစ်လောက်အောင် မအကြတာ သေချာသည်။ သူတို့က ရှန့်ကွမ်းချင်းယန်ကို ညှိနှိုင်းစရာအပေါင်ပစ္စည်းအဖြစ် ထပ်အသုံးပြုကြလိမ့်မည်။ ထို့နောက် သူတို့သည် ရှန့်ကွမ်းချင်းယန် ကိုထောင်ချပြီး သေဆုံးသွားသလိုဟန်ဆောင်ကြလိမ့်မည်။

ထိုနည်းအားဖြင့် ရှန့်ကွမ်းလီလိုချင်တာ ရမည့်အပြင် ရှန့်ကွမ်းချင်းယန်ကိုလည်း ရှန့်ကွမ်းမိသားစုအတွက် အပေါင်ပစ္စည်းအဖြစ် ဆက်အသုံးပြုနိုင်ဦးမည်။ သူတို့သည် ကျန်းယီမင်က သူတို့အပေါ် ဘယ်တော့မှမတိုက်ခိုက်နိုင်အောင်လုပ်နိုင်ပြီး ရှန့်ကွမ်းမိသားစုကို ကာကွယ်နိုင်မည်ဖြစ်သည်။ အခု သူ့တပည့်များရဲ့ဘေးကင်းရေးကို အာမခံနိုင်ရန်အတွက် ဒါကတစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်သည်။ သူ အရာအားလုံးကို ရှန့်ကွမ်းချင်းယန်အပေါ် ပုံအောလိုက်တော့မည်။

"လင်းယွင်ဂိုဏ်းချုပ်ရေ၊ ခင်ဗျား ဘယ်လိုစဉ်းစားထားလဲမသိဘူး၊ ရှန့်ကွမ်းမိသားစုကတော့ ဆက်မစောင့်နိုင်တော့ဘူး..." ရှန့်ကွမ်းလီက ပြောရင်း ဓားမြှောင်ကို ဟွမ်းချောင်ယုလည်ပင်းပေါ် တင်လိုက်သည်။ ဟွမ်းချောင်ယုရဲ့ နူးညံ့တဲ့အရေပြားပေါ်တွင် သွေးစများ ချက်ချင်းထွက်လာသည်။

"နေဦး... ရပ်လိုက်... ကောင်းပြီ..." ကျန်းယီမင် အော်ဟစ်လိုက်သည်။

သူ ဆက်ပြီး တွန့်ဆုတ်နေလို့မဖြစ်တော့ပေ။ သူသာ ဆက်ပြီးတွန့်ဆုတ်နေရင် အကျပ်ရိုက်နေတဲ့ ရှန့်ကွမ်းလီက ဟွမ်းချောင်ယုကို တကယ် သတ်ပစ်လိမ့်မည်။

"ငါ့တပည့်နှစ်ယောက်လုံးနဲ့ ရှန့်ကွမ်းချင်းယန်ရဲ့ ညီမလေးကို ရှန့်ကွမ်းချင်းယန်နဲ့ လဲလှယ်မယ်..."

"အော်... လင်းယွင်ဂိုဏ်းချုပ်၊ ခင်ဗျားတောင်းဆိုတာ များလွန်းနေပြီ..."

ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရှန့်ကွမ်းလီသည် ညှိနှိုင်းတာတွင် တဖန်အသာစီးရယူရန် အစွမ်းကုန်ကြိုးစားဖို့ ဒီအခွင့်အရေးကို အလျင်အမြန်ဆုပ်ကိုင်လိုက်သည်။

"ဟဟ...၊ ဒီတပည့်နှစ်ယောက်က လင်းယွင်ဂိုဏ်းကဆိုတာ သေချာတယ်။ သူတို့ကို ခင်ဗျားဆီပြန်ပေးဖို့ ကျွန်တော့်မှာ ဘာကန့်ကွက်စရာမှမရှိပါဘူး..." ရှန့်ကွမ်းလီသည် သူ့လက်ထဲမှဓားမြှောင်ကို ဟွမ်းချောင်ယုလည်ပင်းမှ ဖယ်ရှားလိုက်ပြီး သူမခန္ဓာကိုယ်တဝိုက် ရွှေ့လျားလိုက်သည်!

"ရှောင်ယုကို မထိနဲ့..." ကျန်းယီမင်နှင့် ဟွမ်းထျန်ချီတို့ ပြိုင်တူနီးပါးအော်ဟစ်လိုက်ကြသည်။

ကျန်ရှိနေတဲ့တပည့်များသည် သူတို့ရှေ့မှကောင်စုတ်ကို အပိုင်းပိုင်းဆွဲဖြဲပစ်ချင်စိတ်ကို အောင့်အီးသည်းခံရင်း ဂနာမငြိမ်ဖြစ်နေကြသည်။

"ခင်ဗျားတို့က ဘာလုပ်နိုင်မှာမို့လို့လဲ..." ရှန့်ကွမ်းလီ ထိုစကားပြောလိုက်သောအခါ သူ့အဓိပ္ပာယ် ရှင်းလင်းနေသည်။ လင်းယွင်ဂိုဏ်းအနေဖြင့် ရှန့်ကွမ်းမိသားစုကိစ္စများတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဟု ဆိုလိုခြင်းဖြစ်သည်။

"အသက်တစ်ချောင်းနဲ့ အသက်သုံးချောင်းလဲချင်တာလား... ဟားဟားဟား... ဒီလောက်ကောင်းတဲ့ အပေးအယူမျိုး လောကကြီးမှာဘယ်လိုလုပ်ရှိနိုင်မှာလဲ..." ရှန့်ကွမ်းလီမျက်လုံးများ ပိုရက်စက်ကြမ်းကြုတ်လာပြီး ဟိန်းဟောက်လိုက်သည်။

"ဒါက ခင်ဗျားကိုပေးမယ့်နောက်ဆုံးအမိန့်ပဲ... ရှန့်ကွမ်းချင်းယန်ကို လွှဲပေးလိုက်၊ ဒါဆိုခင်ဗျားရဲ့ တပည့်နှစ်ယောက်ကို ပြန်ပေးမယ်၊ ဒါ့အပြင် ကျွန်တော် အရင်ကပြောခဲ့သလိုပဲ ရှန့်ကွမ်းချင်းယန် နဲ့ သူ့ညီမလေးကို သတ်မှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ရှန့်ကွမ်းချင်းယန်က ကျွန်တော်တို့ရဲ့အနာဂတ် မိသားစုခေါင်းဆောင်လေ... ဘာလို့သူ့ကိုသတ်ရမှာလဲ..."

ရှန့်ကွမ်းချင်းယန်မျက်လုံးများ မီးဟုန်းဟုန်းတောက်နေသကဲ့သို့ဖြစ်နေပြီး ပြောလိုက်သည်။

"ဒီအဘိုးကြီး... အဓိပ္ပာယ်မရှိတာတွေမပြောခင် စဉ်းတောင်မစဉ်းစားဘူး... ရတယ်... ဆရာ၊ စိတ်မပူပါနဲ့... သူပြောတဲ့အတိုင်းလုပ်လိုက်ပါ၊ ကျွန်တော့်ညီမလေးကို ကျွန်တော်ကာကွယ်ပါ့မယ်..."

ရှန့်ကွမ်းချင်းယန်ဆုံးဖြတ်ချက်ချပြီး သူ့မျက်လုံးများတွင် ပြတ်သားမှုများနဲ့ ပြည့်နှက်နေသည်။ ထို့နောက် သူဆက်ပြောလိုက်သည်။

"ဒါ့အပြင် ကျွန်တော့်အသက်တစ်ချောင်းတည်းနဲ့ စီနီယာအစ်မနဲ့ ဂျူနီယာညီလေးကို ပြန်ရနိုင်တယ်လေ၊ ဆရာ... တကယ်လို့ ကျွန်တော်သံသရာစက်ဝန်းထဲ ဝင်ရောက်နိုင်ခဲ့ရင် ဆရာ့တပည့်ပြန်ဖြစ်ဖို့ ဆန္ဒရှိပါတယ်..."

ရှန့်ကွမ်းချင်းယန်က ဒူးထောက်ပြီး ကျန်းယီမင်ကို ဦးခိုက်လိုက်သည်။

"ရှန့်ကွမ်းလီ... ငါအခုလာခဲ့မယ်... မင်း ငါ့စီနီယာအစ်မနဲ့ဂျူနီယာညီလေးကို လွှတ်ပေးလိုက်..."

"ကောင်းပြီ၊ ဒါပေမဲ့ မင်းတို့တွေသေချာကြည့်ထားကြ။ လှည့်ကွက်တွေသုံးဖို့ကြိုးစားရင် ဒီလူတွေသေရမယ်..."

ရှန့်ကွမ်းလီလက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ ဖြည်းညှင်းစွာပေါ်လာသည်။ ထိုစွမ်းအားသည် လက်နှစ်ဖက်ပုံစံပြောင်းလဲသွားပြီး လက်တစ်ခုစီတွင် ဓားထက်တစ်လက်ကိုကိုင်ဆောင်ကာ လင်းယွင်ဂိုဏ်း တပည့်နှစ်ယောက်ရဲ့လည်ပင်းပေါ်တွင် အလျားလိုက်တင်ထားလိုက်သည်။

"ငါ သတိပေးလိုက်မယ်... လင်းယွင်ဂိုဏ်းချုပ်... ခင်ဗျားရဲ့အဖိုးတန်တပည့်တွေကို သေချာကြည့်ထား... ခင်ဗျားသာ သူတို့ကိုငါ့လက်ထဲကနေ အတင်းအကျပ်ကယ်ထုတ်ဖို့ ကြိုးစားရင်ဘယ်သူ့ဓားက ပိုမြန်မလဲဆိုတာ ကြည့်ကြတာပေါ့..."

ရှန့်ကွမ်းလီက ဟွမ်းချောင်ယုနှင့် ယန်ရှန်ချင်းတို့ကို ချည်နှောင်ထားတဲ့ကြိုးများကို ဖြေလျော့ပေးရင်း ပြောလိုက်ပြီး ထပ်ပြောလိုက်သည်။

"ရှန့်ကွမ်းချင်းယန်၊ မင်းလက်တွေကို ကြိုးတုပ်ပြီး မျက်လုံးတွေကိုစည်းလိုက်... သူတို့နဲ့လူလဲလိုက်..."

ကျန်းယီမင်က ခေါင်းညိတ်လိုက်ရာ သူ့ဘေးနားက လူများသည် ရှန့်ကွမ်းလီညွှန်ကြားချက်အတိုင်း လုပ်လိုက်ကြသည်။

"ဆရာ... ကျွန်တော်က တပည့်ဆိုးပါ... ဂိုဏ်းမှာ ဆက်နေလို့ မရတော့ဘူး... ဒီနှုတ်ဆက်ပြီးရင် ကျွန်တော်တို့ ဘယ်တော့ပြန်ဆုံတွေ့ရမလဲ မသိတော့ဘူး..."

ရှန့်ကွမ်းချင်းယန်က မျက်ရည်ကျနေသည်။ သူက ကျန်းယီမင်ကို ထပ်ဦးခိုက်လိုက်ပြီးနောက် သူ့စီနီယာအစ်ကိုများကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ရှန့်ကွမ်းလီက ဂုဏ်ယူဝင့်ကြွားတာကို မခံစားဘဲမနေနိုင်တော့ပေ။

All Chapters