← Chapters

ဆိုင်းအင်နေရာအသစ် - ရှေးဟောင်းဂူသင်္ချိုင်း

Vol. 7 Ch. 62

ဆိုင်းအင်နေရာအသစ် - ရှေးဟောင်းဂူသင်္ချိုင်း

Vol. 7 Ch. 62

“ဒိန်! နောက်ထပ် ဆိုင်းအင်း ပြုလုပ်ရမည့်နေရာ ပြန်လည်စတင်ပါပီ၊ ရှေးဟောင်းဂူသင်္ချိုင်းတွင် ဆိုင်းအင်း ပြုလုပ်ပါ!”

ဝူယွမ် ဝိညာဉ်မျှော်စင်ထဲမှ ထွက်လာသည်နှင့် စနစ်၏အသိပေးချက်ကို ကြားလိုက်ရသည်။

ဝူယွမ်မျှော်လင့်ထားသည့်အတိုင်း နောက်ထပ် ဆိုင်းအင် ပြုလုပ်ရမည့်နေရာက ရှေးဟောင်းဂူသင်္ချိုင်း ဖြစ်သည်။

ချင်းတန်ကို စိုးရိမ်မိသောကြောင့် ဝူယွမ်က သူမကို သွားကြည့်ရန် လင်းတုန်နှင့်အတူ လင်းမိသားစုကို လိုက်သွားခဲ့သည်။

“ဝူးး...ဝူး ဝရားး”

လင်းမိသားစုအိမ်တော် တံခါးဝသို့ ရှိသည်နှင့် ကျားဟိန်းသံများ ကြားလိုက်ရပြီး ပိုင်ယွမ်နှင့် ရှောင်ယန်တို့ အတွင်းမှပြေးထွက်လာကြသည်။

ဝူယွမ်သည် အလုပ်ကိစ္စကြောင့် အိမ်မှာမရှိသည့်အခါများတွင် ပိုင်ယွမ်ကို ချင်းတန်ထံ အပ်နှံထားတတ်သည်၊ ပိုင်ယွမ်တစ်ကောင်တည်း ပျင်းနေမှာ စိုးသောကြောင့်ဖြစ်သည်။

‘ငတုံးကျား’ နှစ်ကောင်ရှိနေသောကြောင့် ချင်းတန်လည်း အရမ်းမပျင်းရိပေ။

အရင်တစ်ခေါက်က သင်ခန်းစာကြောင့် ပိုင်ယွမ်သည် ဝူယွမ်ကိုမြင်တာနဲ့ ရင်ခွင်ထဲသို့ အပြင်းအထန် ခုန်ဝင်ခြင်း မပြုတော့ပေ။

သူ့ရှေ့မှာပဲ ရပ်လိုက်ပြီး ဝူယွမ်ကို တစ်ပတ်ပတ်ကာ။ ဝူယွမ်အပေါ်ရှိ အနံ့ကို ရှူကြည့်နေသည်။

သူဒဏ်ရာမရ၊ လုံးဝကျန်းမာနေသည်ကို အတည်ပြုပြီးမှသာ။

ပိုင်ယွမ်သည် ညည်းညူလိုက်ပြီး သူ၏ ခေါင်းကြီးကို ဝူယွမ် ရင်ခွင်ထဲ အတင်းတိုး ပွတ်သတ်နေပြီး ရက်နှစ်ဆယ်ကျော် ကာလအတွင်း သူ၏ လွမ်းဆွတ်မှုကို ဖော်ပြနေသည်။

ဝူယွမ်သည်လည်း ချစ်စနိုးဖြင့် ပိုင်ယွမ်၏ ဦးခေါင်းကို ပြန်ပွတ်သပ်ပေးလိုက်သည်။

သူ၏ သိုလှောင်အိပ်ထဲမှ ယန်ဆေးလုံးများစွာကို ထုတ်ယူပြီး ပိုင်ယွမ်ကို ကျွေးလိုက်သည်။

ဝူယွမ် နှင့် ပိုင်ယွမ်ကြား နှိုင်းယှဉ်ပါက ဝူယွမ်က ပို အထီးကျန်သည်။

ဝူယွမ်တွင် ညီအစ်ကိုများ၊ ဆရာတစ်ဦးနှင့် မိတ်ဆွေများ ရှိသော်လည်း ပိုင်ယွမ်မှာ‌ေတာ့ သူတစ်ဦးတည်းကသာ တစ်ခုတည်းသော အားကိုးရာဖြစ်သည်။

လက်ရှိ ပိုင်ယွမ်သည် ကျားဖြူ၏ ရဲရင့်ခြင်းကို အရှိန်အဝါကို ပိုင်ဆိုင်နေပီဖြစ်သည်။ ရှောင်ယန်ကလည်း သူ၏ မူလအမျိုးအစား နဲ့လုံးဝမတူတော့ပေ။

ရှောင်ယန်က သွေးမျိုးဆက်ပြောင်းခြင်း အခြေအနေနဲ့ ကြုံတွေ့နေရပြီး သံမြေကျေးရွာ မီးတောင်ဂူထဲက သားရဲအရိုးစုကြီး၏ သားရဲအမြုအတေကို မျိုချပြီးကတည်းက အတော်လေး ပြောင်းလဲသွားခဲ့သည်။

‌ဆိုရသော် မီးလျှံကျားမောင်နှမသည် မီးလျှံကျားများ မဟုတ်ကြတော့ပေ။

“မဆိုးဘူး၊ ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့်ရှိ ကျင့်ကြံသူနဲ့ ယှဉ်နိုင်နေပြီ”

ဝူယွမ်က ပိုင်ယွမ်၏ ခေါင်းကြီးကို ပွတ်သပ်ရင်း ချီးကျူးလိုက်သည်။

ယွမ်ကျောက်တုံးများစွာ၏ ကျေးဇူးကြောင့် ပိုင်ယွမ်သည် အလွန်လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့်ကို ရောက်ရှိခဲ့ပြီး ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် နှင့်လည်း သိပ်မဝေးတော့ပေ။

“အစ်ကိုကြီးဝူယွမ်၊ အစ်ကိုကြီးလင်းတုန်၊ အစ်ကိုတို့နှစ်ယောက်ပြန်လာတယ်ဆိုတာ ကျွန်‌မသိ‌နေတယ်”

ချင်းတန် အိမ်တွင်းမှထွက်လာပြီး အံ့အားသင့် ပျော်ရွှင်သွားခဲ့သည်။ သူမ၏ အရှိန်သည် ကျားနှစ်ကောင်ထက် ပိုနှေးသောကြောင့် နည်းနည်းနောက်ကြ ပြီးမှရောက်လာချင်းဖြစ်သည်။

“ချင်းတန် နေကောင်းလား” လိုလီမလေးချင်းတန် ထွက်လာသည်ကိုမြင်သောအခါ ဝူယွမ်သည် ပိုင်ယွမ်ကို ဖယ်ခိုင်းလိုက်ပြီး ချင်းတန်ဆီလျှောက်လာခဲ့သည်။

ချင်းတန်သည် စိမ်းပြာရောင် စကတ်တိုကိုဝတ်ဆင်ထားပြီး သူမ၏ပေါင်တံရှည်လေးများနဲ့ ဒူးခေါင်းအထိ ဖုံးအုပ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီကြီးကို ဝတ်ဆင်ထားသည်။

သူမ၏ဦးခေါင်းပေါ်တွင်လည်း ဆံကျစ်လေးနှစ်ခုစည်းထားပြီး မယုံနိုင်စရာ ကောင်းလောက်အောင် ချစ်စရာကောင်းနေသည်။

“ကျွန်မကောင်းပါတယ်။ အစ်ကိုဝူယွမ် ပြောခဲ့တဲ့ ယင်ရှချီ စုပ်ယူတဲ့ နည်းအတိုင်းလိုက်လုပ်ပြီး နောက်ပိုင်း ကျွန်မ အတော်လေး နေလို့ထိုင်လို့ ကောင်းလာတယ်။ ပြီးတော့ အစ်ကိုကြီးတို့နှစ်ယောက်က ဆေးပြားတွေအများကြီးချန်ထားပေးခဲ့တယ်လေ၊ ကျွန်မ အခုထိအဲ့တာအားလုံး သုံးလို့မကုန်သေးဘူး”

ချင်းတန် ချိုမြိန်စွာပြုံးပြလိုက်သည်။ ဒီကာလများအတွင်း သူမက အအေးဓာတ်ထဖောက်သော်လည်း သူမ၏အစ်ကိုနှစ်ယောက်ကို မစိုးရိမ်စေလိုသည့်အတွက် မပြောပြခဲ့ပေ။

သူမ၏အစ်ကိုနှစ်ယောက်ကိုမြင်ရသည်နှင့်ပင် ပျော်ဖို့ကောင်းနေပြီဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ပြဿနာများကို ဂရုစိုက်စရာမလိုပေ။

ချင်းတန်၏ ဟိုရှောင်ဒီရှောင်လုပ်နေသော မျက်လုံးများကိုမြင်သည်နှင့် ဝူယွမ် ချက်ချင်းနားလည်သွားခဲ့သည်။

ထိုလိုလီမလေးက ရင်နာစရာကောင်းလောက်အောင် သဘောထားကြီးနေဆဲဖြစ်သည်။

“သွားကြရအောင်၊ ငါနဲ့အတူ အခန်းထဲကိုလိုက်ခဲ့”

ဝူယွမ်က ချက်ချင်းရှေ့သို့တက်ကာ ချင်းတန်၏လက်ကလေးကိုကိုင်ပြီး ခြံဝင်းအတွင်း ၀င်သွားခဲ့သည်။

“အာ... အစ်ကိုဝူယွမ်၊ အခန်းထဲကိုဘာသွား လုပ်မလို့လဲ”

ချင်းတန်၏ နှလုံးသားသည် တဒိန်းဒိန်းခုန်နေခဲ့ပြီး သူမ အစ်ကိုဝူယွမ်၏ ရင်ခွင်ထဲ တိုး၀င်အိပ်ခဲ့သည့်အချိန်ကို ပြန်သတိရသွားသည်။

သူမသည် လင်းတုန်က သူမအစ်ကိုဝူယွမ်ကို ကြိုက်နေမှန်း သိသွားမည်ကို စိုးရိမ်နေခဲ့သည်။ လင်းတုန် သာသိရင် သဘောမတူလောက်ဖူး ဟုထင်နေသည်။

“အဲဒီကိုရောက်ရင် ငါပြောပြမယ်။ မင်း နာကျဉ်ရတာကို လျှော့ချဖို့ နည်းလမ်းတစ်ခုငါတွေးထားတယ်”

ဝူယွမ်က လင်းတုန်ဘက်သို့လှည့်ကာ “ညီလေး မင်းက ပိုင်ယွမ်၊ရှောင်ယန်တို့နဲ့အတူ ရှေ့ကစောင့်နေ ချင်းတန်နဲ့ငါ အရေးတကြီးလုပ်စရာရှိလို့” ဟုပြောခဲ့သည်။

“အစ်ကိုကြီး စိတ်မပူပါနဲ့။ စိတ်ချလက်ချသွား ကျွန်တော် ဘယ်သူ့ကိုမှ လာနှောင့်ယှက်ခွင့်မပေးဘူး” လင်းတုန်က အာမခံပေးလိုက်သည်။

ဝူယွမ်နှင့် ချင်းတန်တို့ ချင်းတန်၏အခန်းထဲသို့ဝင်ပြီးနောက် လင်းတုန်သည် ကျားနှစ်ကောင်နှင့်အတူ အပြင်တွင်ရပ်ပြီး စောင့်ကြည့်ပေးခဲ့သည်။

သူအရင်က ရှောင်ဒေါင်ကိုမေးခဲ့ဖူးပြီး ချင်းတန်၏ ပြဿနာကိုသာ အချိန်အတော်ကြာတဲ့အထိ မဖြေရှင်းနိုင်ပါက သူမ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည်ဟု ပြောခဲ့သည်။ ရှောင်ဒေါင်က အစ်ကိုကြီးမှာ ချင်းတန်ရဲ့ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုရှိမည်ဖြစ်ကြောင့်နှင့် သူ့အကိုကြီးကိုယုံကြည်ကြောင်း ပြောခဲ့သည်။

လင်းတုန်သည်လည်း သူ့အစ်ကိုကြီးကို အပြည့်အ၀ ယုံကြည်ပြီးသားဖြစ်သည်။ အရင်က သူ့ကိုတားခဲ့သည့် ရှောင်ဒေါင်ပင် အခု အစ်ကိုကြီးကိုယုံကြည်နေမှတော့ သူဆိုရင် ထည့်ပြောဖို့တောင်မလိုပေ။

အစ်ကိုကြီး၏မြင့်မြတ်သောရည်ရွယ်ချက်များကို သူ၏သေးသိန်သောစိတ်ထားဖြင့် ဆက်လက်မခန့်မှန်းလို တော့ပေ။

အခြားတစ်ယောက်ကသာ ချင်းတန်ကို အခုလို ခေါ်ဆောင်သွားလိုပါက လင်းတုန်သေချာပေါက် ငြင်းဆန်မည်ဖြစ်သည်။

သို့သော် သူ့အစ်ကိုကြီးကိုတော့ လင်းတုန် စိတ်ချထားသည်။

ဒါပေမဲ့ ဝူယွမ်က ဘာမှမလုပ်ဘဲ သူ၏ညီမက စတင်လိမ့်မည်ဟုတော့ လင်းတုန် ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

အခန်းထဲကိုဝင်သည်နှင့်တစ်ပြိုင်နက်။

ဂလောက်!

တံခါးပိတ်သွားခဲ့သည်။

ချင်းတန်၏မျက်နှာကလေးသည်လည်း နီရဲနေခဲ့သည်။

ဝူယွမ်သည် ချင်းတန်၏လက်ကိုလွှတ်ရန် လုပ်သော်လညါူ ချင်းတန်က ပြန်ဆွဲထားပြီး ပိုပြီးတင်းတင်းကျပ်ကျပ်ပင် ဆုပ်ကိုင်ထားလိုက်သည်။

“အစ်ကိုဝူယွမ်၊ ချင်းတန် အစ်ကို့ကိုလွမ်းတယ်”

သူမသည် ရုတ်တရက် ဝူယွမ်၏ခါးကိုဖက်လိုက်ကာ သူမ၏ဦးခေါင်းလေးကို ဝူယွမ်၏ရင်ဘတ်နှင့် ဖိကပ်ထားခဲ့သည်။

“အဲ့လိုမလုပ်နဲ့၊ မင်းအစ်ကိုလင်းတုန် အပြင်မှာရှိနေတယ်”

ဝူယွမ်သည် စိတ်ရှုပ်ထွေးနေပြီး သူ၏လက်များ မည်သည့်နေရာတွင်ထားရမည်ကို မသိတော့ပေ။

“ပြဿနာမရှိပါဘူး၊ သူမမြင်ဘူး။ အရင်တုန်းက အစ်ကိုတို့နှစ်ယောက် အခန်းထဲရှိနေတိုင်း ကျွန်မကတံခါးဝမှာရှိနေပေမယ့် ဘာမှမမြင်ရဘူး မကြားရဘူး” ချင်းတန်က ရှက်ကြောက်စွာဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

ရက်နှစ်ဆယ်ကြာ ခွဲခွါခဲ့ရသောကြောင့် သူမက အစ်ကိုဝူယွမ်ကို အတော်လေး လွမ်းဆွတ်သတိရ နေခဲ့သည်။

ယင်ဓာတ်စွမ်းအင်များ ထကြွလာသည့်အခါတိုင်း သူမသည် အစ်ကိုဝူယွမ်က သူမကို ပွေ့ဖက်ပေးထားသည်ဟု စိတ်ကူးယဉ်ခဲ့သည်။

ကလေးဘဝကတည်းက ချင်းတန်၏ခန္ဓာကိုယ်က အမြဲတမ်းအေးစက်နေခဲ့သည်။

သူမ၏ဘဝတွင် အပူဆုံးခံစားချက်က ဝူယွမ်၏ပွေ့ဖက်မှုပင်ဖြစ်သည်။

ထို့ကြောင့် သူမ ထိုခံစားချက်ကို အလွန်တောင့်တနေခဲ့သည်။

ပြောရမည်ဆို ဝူယွမ်သည်လည်း ထိုခံစားချက်ကို အတော်လေးကြိုက်နှစ်သက်နေသည်။

ချင်းတန်၏ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားရသည့်အချိန်တိုင်း သူ၏ခံစားချက်တို့ ပုံမှန်နှင့်မတူတော့ပေ။

ထိုအရာသည် သူ့အား ခိုးချစ်ခြင်းဟူသော ခံစားချက်ကို ပေးခဲ့သည်။

သူက အမြဲတမ်း လင်းတုန်ကို သစ္စာဖောက်လိုက်သည့်အလား ခံစားနေရသည်။

လင်းတုန်က သူ့ကို သူ၏ညီအကိုအဖြစ် အမှန်တကယ်ယုံကြည်ထားသောကြောင့် အပြစ်ရှိသလို ခံစားနေရသည်။

သူကလည်း လင်းတုန်ကို သူ၏ညီအစ်ကိုအစစ်အဖြစ် သတ်မှတ်ထားသောကြောင့်ဖြစ်သည်။

သူ့ညီအကို၏ ညီမနှင့်ခိုးချစ်နေပြီး အစ်ကိုကို စောင့်ကြည့်ခိုင်းခြင်းမှာ။ မည်သည့်ညီအစ်ကိုမျိုးက အခုလိုလုပ်မည်နည်း။

“ချင်းတန်၊ အကို အရေးကြီးအကြောင်းအရာတစ်ခု ပြောစရာရှိသည်။ ”

ဝူယွမ်က ချင်းတန် ဖက်ထားသည်မှလွှတ်ရန် ကြိုးစားနေသည်။

“အစ်ကိုဝူယွမ်၊ ကျွန််မကို ဖက်ခွင့်ပေးပါလား” ချင်းတန်၏အသံသည် ရုတ်တရက်တိုးသွားပြီး သူမ အသနားခံလိုက်သည်။

ထိုအချိန်တွင် ချင်းတန်၏ခန္ဓာကိုယ်မှ ပြင်းထန်သော အအေးဓာတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

သူမ၏မျက်နှာကလေးက ဖြူရော်သွားပြီး ဝူယွမ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ သူ၏ခန္ဓာကိုယ် အတွင်းမှ အပူကို တစ်လက်မမကျန် စုပ်ယူရန် ကြိုးစားခဲ့သည်။

ထိုကိစ္စကြောင့် ဝူယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချင်းတန်ပွေ့ကာ အိပ်ရာပေါ်တင်လိုက်ပြီး သူမကိုတင်းတင်းကျပ်ကျပ် ‌ဖက်ပေးထားလိုက်သည်။

ထိုအချိန်တွင် သူ့တွင် ချင်းတန်ကိုပွေ့ဖက်ရသည်ကို မတွန့်ဆုတ်နေတော့ပေ။

တစ်ချိန်တည်းမှာဘဲ သူက ချင်းတန် နွေးထွေးစေရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ယန်စွမ်းအင်ကို ဆက်တိုက်ထုတ်လွှတ်ပေးနေသည်။

ချင်းတန်သည် ဝူယွမ်၏ပွေ့ဖက်ထားသည့်ကြားမှ ခေါင်းမော့လိုက်ပြီး အအေးဓာတ်များ ဆက်လက်ထွက်နေသော်လည်း သူမ ချိုမြိန်စွာပြုံးပြလိုက်သည်။

လိုလီမလေး၏ အပြုံးသည် အလွန်စွဲမက်ဖွယ်ကောင်းသည်။

သူမသည် ရုတ်တရက် ခေါင်းကိုဆန့်ကာ ဝူယွမ် သတိမထားမိသည့်အချိန်တွင် သူ၏ပါးကို မြန်မြန်နမ်းလိုက်သည်။

ထို့နောက် ခေါင်းကို ရင်ဘက်ထဲအတင်း ပြန်တိုးကာ။

ထိုမိန်းကလေးသည် ရဲရင့်ခြင်းနှင့် ရှက်ရွံမှုတို့ကို တစ်ချိန်တည်းမှာဘဲ ဖော်ထုတ်ပြသခဲ့သည်။

သူမ၏ခြေထောက်ကလေး နှစ်ချောင်းသည်လည်း ဝူယွမ်၏ခြေထောက်ကို ဖိထားကာ သူမမည်မျှ ရှက်ရွံ့နေသည်ကို သက်သေပြ နေသည်။

“မိန်းကလေး၊ မင်းက ကိုယ့်အစ်ကိုကိုစမ်းသပ်နေတာလား” ဝူယွမ်က မျက်ခုံးကျုံ့ကာ အလွန်လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ဘယ်လိုအစ်ကိုကများ ဒီလိုစမ်းသပ်မှုကို ခံနိုင်မှာတုန်း။

သူ‌ေတာ်ကောင်း ဖြောင့်မတ်မှန်ကန်တဲ့ အကိုအရင်းတစ်ယောက်ဆိုရင်တော့ ဖြစ်နိုင်တယ်။

သို့သော် ဝူယွမ်သည် အရင်ဘဝမှ အခုဘဝအထိ ဖြောင့်မတ်မှန်ကန်တဲ့ သူတော်ကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။

“မပုန်းနေနဲ့တော့။ ခေါင်းမော့လိုက်။ အစ်ကိုက မင်းကို ယန်စွမ်းအင်တစ်ချို့ ထည့်ပေးမယ်”

All Chapters