ဝူယွမ် - ယွမ်ဒန်အဆင့်ကြီးမားသော အောင်မြင်မှုအဆင့်
Vol. 7 Ch. 63
၀ူယွမ်က ချင်းတန်၏ နှုတ်ခမ်းလေးကို အတင် စုပ်ယူနမ်းရှုတ်လိုက်သည်။
သူက ယန်စွမ်းအင်ကို သူမအား ပေးမည်ဟု ဆိုခဲ့သော်လည်း...
သူ၏ နှုတ်ခမ်းက သူမ၏ နှုတ်ခမ်းနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ဝူယွမ်သည် ချင်းတန်၏ အေးစိမ့်သော သွားရည်များကိုသာ ဆက်တိုက် စုပ်ယူနေမိသည်။
အချိန်အတော်ကြာပြီးနောက်။
ချင်းတန်က ဝူယွမ်ကို တွန်းဖယ်လိုက်သည်။
“ဟူး... ဟူး... ဟူး...”
သူမသည် အသက်ပြင်းပြင်းရှူပြီး
“အစ်ကိုဝူယွမ်... အသက်ရှူမဝတော့ဘူး...”
သူမ၏ မျက်နှာသည် အရက်မူးနေသကဲ့သို့ နီရဲနေကာ စိတ်လှုပ်ရှားနေသော သမင်ကလေးတစ်ကောင်ကဲ့သို့ စိတ်ရှုပ်ထွေးပြီး ခေါင်းငုံ့လျှက် လျင်မြန်စွာ ရှင်းပြလိုက်သည်။
ထိုအချိန်တွင် ချင်းတန်၏ ကိုယ်တွင်းမှ အအေးဓာတ်ကလည်း တဖြည်းဖြည်း ပြေလျော့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ အပူချိန်သည်လည်း တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့သည်။
“ကောင်းပြီ... ထကြရအောင်။”
ဝူယွမ်က သူ၏ နှုတ်ခမ်းကို သုတ်လိုက်ပြီး စိတ်မသက်မသာဖြင့် ထရပ်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ရာ လင်းတုန်က အပြင်တွင် စောင့်နေသေးသည်ကို သိရသည်။
ထို့ကြောင့် သူသည် ဆင်ခြင်တုံတရားဖြင့် ဆက်မဖြစ်အောင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။
ချင်းတန်က ချစ်စရာကောင်းသော ကလေးမလေး တစ်ယောက်ဖြစ်သည်၊ ရှုပ်ထွေးနေသည့်အချိန်တွင် သူမကို အခွင့်ကောင်းမယူချင်ပေ။
အတူနေဖို့ရာ သင့်တော်သောအချိန်ထိ စောင့်မည်ဖြစ်သည်။
ထိုသည်မှာ ချင်းတန်အား လေးစားမှုနှင့် တာဝန်ယူမှုတို့ကြောင့် ဖြစ်သည်။
ချင်းတန်က သူမ၏ နှုတ်ခမ်းကို လျက်ကြည့်ရင်း ထရပ်လိုက်သော်လည်း ခန္ဓာကိုယ်မှာ ထုံကျင်နေပြီး လျှာမှာလည်း ထုံထိုင်းနေသကဲ့သို့ဖြစ်နေသည်။
အစောက အချိန်အတွင်း သူမသည် စိတ်လှုပ်ရှားလွန်း သဖြင့် လှုပ်ရှားရန် မဝံ့မရဲဖြစ်နေခဲ့ပြီး ခြေထောက်များပင် ကျင်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမသည် ယင်ရှစွမ်းအင် ပေါက်ကွဲခြင်း နာကျင်မှုကိုပါ မေ့လျော့သွားခဲ့သည်။
အခုတစ်ကြိမ်မှာ သူမ ကြုံခဲ့ရသမျှ ယင်ရှစွမ်းအင်ထိန်းချုပ်မှုလွတ်ကင်းခြင်း အကြိမ်များထဲမှ အသက်သာဆုံး အကြိမ်တစ်ခု ဖြစ်နိုင်သည်။
အစ်ကိုဝူယွမ်သာ ယင်ရှစွမ်းအင်ပေါက်ကွဲထွက်လာတိုင်း သူမ၏ ဘေးနားတွင် ရှိနေမည်ဆိုပါက မသက်သာလည်းကိစ္စမရှိပေ၊ အအေးဓာတ်ကြောင့် ခံစားရသောနာကျဉ်မှုကလည်း မပြောပတော့ပေ။
“မင်းရဲ့ ယင်ရှစွမ်းအင်ကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတစ်ခု ငါတွေ့ထားတယ် လာ၊ ငါနဲ့အတူ လေ့လာမယ်၊ ‘သန့်ရှင်းစင်ကြယ် ရွေ့လျားမှု အခန်း’...”
ဝူယွမ်သည် နောက်ဆုံးတွင် အရေးကြီးသော အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်၊ သူသည် ချင်းတန်အား ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်ရန် သင်ကြားပေးခဲ့သည်။
ဝိညာဉ်မျှော်စင်အတွင်း ရှိနေတုန်းက ဝူယွမ်သည် ချင်းတန်အား ကူညီနိုင်မည့် နည်းလမ်းများကို ဂရုတစိုက် စဉ်းစားနေခဲ့သည်။ မူရင်းဇာတ်လမ်းတွင် ချင်းတန် ရရှိခဲ့သော ‘အမှောင်ဘိုးဘေးအဆောင်’ နှင့် ဆက်စပ်သော ‘ရူန်း’ များကို စတင်ရှာဖွေခဲ့သည်။
သူ့ထံတွင် ရှိသော ‘ရူန်း’ နည်းစနစ် အမျိုးအစား များသည် အလွန်ပြည့်စုံသည်။
နောက်ဆုံး ‘မူလရူန်း လျှို့၀ှက်ချက် ’ ထဲတွင် ချင်းတန်အတွက် အထောက်အကူဖြစ်စေနိုင်မည့် ‘မူလ တိုင်ယင်း ရူန်း’ ကို ရှာဖွေတွေ့ရှိခဲ့သည်။
[မူလ တိုင်ယင်းရူန်း - ကောင်းကင်နှင့် မြေကြီးကြားက မွေးဖွားလာတဲ့ မူလရူန်းတွေထဲက တစ်ခုဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးရဲ့ စွမ်းအားကို သန့်စင်သော တိုင်ယင်း စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ ထိုအဆောင် ပေါ်လာသည့်နေရာတွင် ယင်စွမ်းအားသည် အလွန်ပြင်းထန်ပြီး ချမ်းစိမ့်သော ကြပ်တည်းနယ်မြေ၊ တစ္ဆေနယ်မြေစသည့် ဆန်းကြယ်သော နယ်မြေများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်တယ်၊ ယင်ရှစွမ်းအင်ကို စုဆောင်းရန်၊ တိုင်ယင် ခန္ဓာကိုယ်ကို စုစည်းရန် အသုံးပြုနိုင်သည်...]
လက်ရှိ ချင်းတန်၏ အခြေအနေသည် သူမ၏ အအေးဓာတ်ကိုထိန်းသိမ်းရန် ပြင်းထန်သော ယင်ရှစွမ်းအင်ကို အထူးလိုအပ်နေသည်။
ထို့ကြောင့် မူလ တိုင်ယင်း ရူန်း သည် အခုပြဿနာကို ကောင်းစွာ ဖြေရှင်းပေးနိုင်သည်။
ဝူယွမ်က ချင်းတန်အား တိုင်ယင်ရူန်း စုစည်းနည်းကို သင်ကြားပေးရန် စီစဉ်ထားသည်။
ချင်းတန်မှာ ဝိညာဉ်စွမ်းအင် ကျင့်ကြံချင်းအတွက် ပါရမီကောင်းဖို့ မလိုပေ၊ ဝိညာဉ်စွမ်းအင်အနည်းငယ် ရှိသည်နှင့် သူက တိုင်ယင်ရူန်းကို ‘အဆောင်စက္ကူ’ စာရွက်တစ်ရွက်ပေါ်တွင် ရေးဆွဲနိုင်ပြီး ချင်းတန်က ထိုအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ရုံဖြင့် တိုင်ယင်ရူန်း၏ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဒါပေမဲ့...
ဝူယွမ်သည် ‘သန့်ရှင်းစင်ကြယ် ရွေ့လျားမှု အခန်း’ ၏ ပထမဆင့်ကို ချင်းတန်ကို သင်ပြပေးလိုက်သည်။
ချက်ချင်း...
ချင်းတန်က ဝိညာဉ်စွမ်းအင်ကို ခံစားမိပြီး အလွန်ပြင်းထန်သော ဝိညာဉ်စွမ်းအင်ကို စုစည်းမိခဲ့သည်။
“ဒါက...”
ဝူယွမ် တည်ငြိမ်မှုပျောက်ဆုံးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊ ချင်းတန်၏ ဝိညာဉ်စွမ်းအင် ပါရမီသည် အားနည်းခြင်း မရှိပေ။
အားနည်းခြင်းမရှိယုံမျှ မဟုတ်ဘဲ အလွန်ပြင်းထန်သည်ဟုပင် ဆိုနိုင်သည်။ သူမ၏ ဝိညာဉ်စွမ်းအင်သည် အခြေခံသည် အရင်က လင်းတုန်၏ ဝိညာဉ်စွမ်းအင်ထက်ပင် ပိုကြွယ်ဝနေသည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ထက် အနည်းငယ်သာ အားနည်းသည်။
ထို့အပြင် ချင်းတန်၏ ဝိညာဉ်စွမ်းအင်သည် ပိုထူထဲပြီး ဝူယွမ်၏ လက်ရှိရှိနေသော အဆင့်နှင့်ပင် နှိုင်းယှဉ်လို့ရသည်။
“ဘာလို့ ဒီလောက်သန်မာနေရတာလဲ”
ဝူယွမ်သည်လည်း မစဉ်းစားတတ်တော့ပေ။
“ယင်ရှစွမ်းအင်။”
“ချင်းတန်ရဲ့ ထူးခြားချက်က ယင်ရှစွမ်းအင်ဘဲ။”
“ဟုတ်တယ် ချင်းတန် ယင်ရှစွမ်းအင် ပေါက်ကွဲတိုင်း နာကျဉ်မှုဒဏ်ကိုခံရတယ်၊ အဲ့နာကျဉ်မှုက ပြင်ပရုပ်ပိုင်းဆိုင်ရာ နာကျဉ်မှုတင်မဟုတ်ဘဲ ဝိညာဉ်အထိပါ သက်ရောက်မှုရှိတယ်၊ ငါ ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအင်ကြိတ်ဆုံကို ပုံဖော်ပြီး ဝိညာဉ်စွမ်းအင်ကို သန်မာအောင် လေ့ကျင့်သလိုဘဲ၊ ချင်းတန်လဲ အဲ့လိုအခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာဘဲနေမယ်။
ဝူယွမ်သည် အကြောင်းရင်းကို နားလည်သဘောပေါက်သွားသည်။
ယင်ရှစွမ်းအင် တစ်ကြိမ်ပေါက်ကွဲတိုင်း ချင်းတန်၏ ဝိညာဉ်စွမ်းအင်ကို ပိုအားကောင်းလာစေတယ်။
“ချင်းတန်... စိတ်ကို လွှတ်ထား၊ အခု အများကြီးမတွေးနဲ့ ငါ့အသံကိုဘဲ နားထောင် မင်းရဲ့ ‘နီဝမ်နယ်ပယ်’ ကို ဖွင့်ဖို့ ငါ သင်ပေးမယ်...”
ဝူယွမ်သည် ချင်းတန်အား လမ်းညွှန်မှု စတင်ခဲ့သည်။ သူမ၏ စုစည်းထားသော စွမ်းအားဖြင့် သူမ၏ ဝိညာဉ်စွမ်းအင်သည် နီဝမ်နယ်ပယ်ကို ဖွင့်ရန် လုံလောက်နေပီ ဖြစ်သည်။
“ဘာလို့ ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်း တွေထနေရသနည်း။”
အခန်းအပြင်ဘက်တွင် လင်းတုန်သည် ရုတ်တရက် အံ့အားသင့်သွားပြီး အခန်း၏ ပိတ်ထားသော တံခါးကို ရပ်ရင်း ငေးကြည့်နေမိသည်။
“အစ်ကိုကြီးနဲ့ ချင်းတန်တို့ ဘာလုပ်နေကြတာလဲ။”
လင်းတုန်သည် သူ၏ ခေါင်းကို ကုတ်ရင်း စိတ်ရှုပ်ထွေးနေသည်။
အခန်းအတွင်း။
“ဟုန်း...”
ချင်းတန်သည် ရုတ်တရက် သူမ၏ ဦးနှောက်ထဲတွင် ဗလုံးဗထွေးအသံတစ်ခုကို ကြားရလိုက်သည်။ ချက်ချင်းပင် သူမ၏ မြင်ကွင်းက ကျယ်ပြန့်သွားပြီး သူမ၏ ဝိညာဉ်စွမ်းအင်သည် လွင့်ပျံသွားကာ မျက်လုံးပါသကဲ့သို့ တစ်အိမ်လုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
“အစ်ကိုလင်းတုန်၊ ပိုင်ယွမ်၊ ရှောင်ယန်။”
သူမသည် ဝိညာဉ်စွမ်းအင်မှ တစ်ဆင့် တံခါးဝရှိ လူနှင့် ကျားနှစ်ကောင်ကို တွေ့လိုက်ရသည်။
“ချင်းတန်... မင်း ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပကို ထုတ်နိုင်တယ်လား။”
လင်းတုန်၏ မျက်လုံးများ အံ့အားသင့် ပြူးကျယ်သွားသည်။
“အကိုကြီး အခန်းထဲ၀င်သွားတာ ဘယ်လောက်ကြာသေးလို့လဲ၊သူက ချင်းတန်ကို နီ၀မ်နယ်ပယ်ကို ဖွင့်ပေးနိုင်လိုက်ပီလား
ထိုထိရောက်မှု၊ ထိုနီဝမ်နယ်ပယ် ဖွင့်သည့် နှုန်း၊
အစ်ကိုကြီးကတော့ အကိုကြီးဘဲ ဖြစ်သည်။
လင်းတုန်သည် စိတ်ထဲမှလှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်မိသည်။
“ကောင်းပြီ... ချင်းတန်... မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို ပြန်သိမ်းလိုက်၊ နီဝမ်နယ်ပယ် ဖွင့်တာ ပထမဆုံး အဆင့်ပဲရှိသေးတယ်။ မင်းကို သဘာ၀ဝိညာဉ်အဆောင် ဖန်တီးနိုင်ဖို့ သင်ပေးမယ်။
“နောင်တစ်ချိန်ကြရင် မင်းက ‘ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ‘ယင်ရှခန္ဓာကိုယ် ကို ထိန်းချုပ်လာနိုင်လိမ့်မယ်”
ဝူယွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ချင်းတန်၏ ‘ဝိညာဉ်စွမ်းအင်’ ပါရမီက ထိုမျှ ထူးချွန်သည်ကို တွေ့လိုက်ရပြီး သူအတော်လေး စိတ်လှုပ်ရှားနေသည်။
“အင်း...”
ချင်းတန်က သူမ၏ ဝိညာဉ်စွမ်းအင်ကို ရုပ်သိမ်းလိုက်ပြီး ဝူယွမ်ကို ဂရုတစိုက် နားထောင်နေသည် သူမ၏ မျက်လုံးထဲတွင်လည်း ကြယ်ကလေးများ ပြည့်နှက်နေသည်။
“ဒီနေ့ မင်းကို ‘ရူန်း’ တစ်ခု သင်ပေးမယ်၊ ဒါပေမယ့် အဲ့တာကို မင်းတစ်ယောက်တည်းပဲ သင်ယူနိုင်တယ်။ အခြားသူကို မပြောပါနဲ့။ သေချာမှတ်ထား၊ ဒါက ငါတို့ရဲ့ လျှို့ဝှက်ချက်ဘဲ။”
ဝူယွမ်သည် ချင်းတန်ကို ကြည့်ရင်း ပြောသည်။
သူက ‘မူလ တိုင်ယင်းရူန်း’ လေ့ကျင့်နည်းကို ချင်းတန်ထံ လွှဲပြောင်းပေးရန် စီစဉ်ထားသည်၊ သူမအား ‘မူလ တိုင်ယင်း ရူန်း’ ကို တိုက်ရိုက် ‘သဘာ၀ဝိညာဉ်အဆောင်’ အဖြစ် စုစည်းနိုင်ရန်ဖြစ်သည်
အကယ်၍ ချင်းတန်သာ ‘မူလ တိုင်ယင်းရူန်း’ ကို ‘သဘာ၀ဝိညာဉ်အဆောင်’ အဖြစ် အောင်မြင်စွာ စုစည်းနိုင်ပါက ‘ဘိုးဘေးအဆောင်’ အဆင့်အထိ ပြုစုပျိုးထောင်နိုင်ပြီး၊ တစ်နေ့တွင် ‘ဘိုးဘေး အဆောင်’ အသစ်တစ်ခု ဖြစ်လာနိုင်သည်၊ ‘တိုင်ယင်း ဘိုးဘေးအဆောင်’။
ထိုအရာသည် ဝူယွမ်၏ ကြီးမားသော လျှို့ဝှက်ချက် ဖြစ်သောကြောင့် လူသိခံ၍မဖြစ်ပေ။
တစ်နည်းအားဖြင့် ဝူယွမ်သည် ‘ဘိုးဘေးအဆောင်’ အားလုံးကို ပြုစုပျိုးထောင်နိုင်တယ်။
‘တျန်းရွှမ်းတိုက်ကြီး’ ၏ ‘ဘိုးဘေးအဆောင်’ ရှစ်ခု အပါအဝင် ဖြစ်သည်။
“အစ်ကုိဝူယွမ်စိတ်မပူပါနဲ့၊ ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောပါဘူး၊ အစ်ကိုလင်းတုန် ကိုတောင် မပြောဘူး။”
ချင်းတန်သည် ထိုအချက်ကို သေချာ ကတိပေးလိုက်သည်။
သူမသည် အစ်ကိုဝူယွမ်နှင့် သူမ၏ ကိုယ်ပိုင်ကိစ္စများကို ဘယ်သူ့ကိုမှ ပြောပြရန် ရည်ရွှယ်ချက်မရှိပေ။
“ဂရုစိုက်ကြည့်ထား”
ဝူယွမ်သည် ချင်းတန်၏ ရှေ့တွင် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ‘တိုင်ယင်ရူန်း’ ကို စတင်ရေးဆွဲပြလိုက်သည်။
နောက်ရက်အနည်းငယ်ကြာတဲ့အထိ ‘ရူးသွပ်ဓားသိုင်းခန်းမ’ သို့ ခဏတဖြုတ် ပြန်ခြင်းမှလွဲ၍ ဝူယွမ်သည် လင်းမိသားစုတွင် အချိန်အားလုံးနီးပါးကို ကုန်ဆုံးခဲ့သည်၊ သူရောက်သည်နှင့် ချင်းတန်နှင့် အတူ အခန်းထဲတွင် ရှိနေခဲ့သည်။
ထို့နောက် လင်းတုန်အား တံခါးဝတွင် စောင့်ကြပ်ခိုင်းခဲ့သည်။
အရင်က ဝူယွမ်နှင့် လင်းတုန်တို့ အတူ အခန်းထဲတွင် ရှိစဉ် ချင်းတန်က တံခါးဝတွင် စောင့်ကြပ်နေသကဲ့သို့ ဖြစ်သည်။
ဝူယွမ် - “’တိုင်ယင်ရူန်း’ ရေးဆွဲနည်းကို မင်း မှတ်မိပြီးလား။ အခု မင်းက အခုရူန်းရေးဆွဲနည်းကို မင်းရဲပ ‘သဘာ၀ဝိညာဉ်အဆောင်’ ပေါ်ကို ရေးဆွဲရမယ်။ ရူန်းအပြည့်အစုံကို ရေးဆွဲပြီးတာနဲ့ မင်းက ဒီလောကမှာ အပြင်းထန်ဆုံး ‘ရှေးဟောင်းဘိုးဘေးအဆောင်’ ကို ပိုင်ဆိုင်နိုင်လိမ့်မယ်”
“မင်းရဲ့ လက်ရှိ ‘သဘာ၀ဝိညာဉ်အဆောင်’ မှာ ‘တိုင်ယင်ရူန်း’ ရဲ့ အခြေခံ ပုံစံ ရှိနှင့်ပြီးသားမလို့ ‘တိုင်ယင်ရူန်း’ ရဲ့ အစွမ်း အနည်းငယ် ထုတ်ဖော်နိုင်တယ်၊ နောက်တစ်ကြိမ် ယင်ရှစွမ်းအင် ပေါက်ကွဲရင် မင်းက ‘တိုင်ယင်းရူန်း’ ကို တိုက်ရိုက် အသက်သွင်းလိုက်တာနဲ့ မင်းခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ယင်ရှစွမ်းအင်ကို ထိန်းချုပ်ဖို့ရာ ကူညီပေးနိုင်သည်။”
ချင်းတန် - “ဝူယွမ်အစ်ကို... ဒါဆို ကျွန်မ ခန္ဓာကိုယ်ထဲက ယင်ရှစွမ်းအင်ကို စိုးရိမ်စရာ မလိုတော့ဘူးလား။”
ဝူယွမ် - “လုံးဝတော့ မဟုတ်သေးဘူး။ ယင်ရှ စွမ်းအင်က မင်းရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နေသေးတယ် ‘တိုင်ယင်းရူန်း’ နာကျဉ်မှုကို လျှော့ချဖို့ ကူညီနိုင်ရုံဘဲရှိတယ်။ မင်းက ‘ယင်ဒန်’ ကို စုစည်းဖို့ လိုအပ်နေတုန်းဘဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲက ယင်ရှစွမ်းအင်ကို လုံးဝ ထိန်းချုပ်နိုင်သွားတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို စိုးရိမ်စရာမလိုတော့ရုံသာမက မင်းက စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်၊ မင်းရဲ့ အစ်ကို လင်းတုန်ကိုတောင် ကျော်တက်သွားနိုင်တယ်။”
ချင်းတန် - “ဘာလို့ လင်းတုန်အစ်ကိုကိုပဲ ကျော်တက်နိုင်ရတာလဲ။ အစ်ကိုဝူယွမ်ကိုရော ကျော်တက်လို့ မရဘူးလား။”
ဝူယွမ် - “ကလေးမကြီး... မင်းရဲ့ ရည်မှန်းချက်က ကြီးလှကြီးလား၊ ငါ့ကို ကျော်တက်ချင်သေးတယ်ပေါ့။ မင်းလုပ်နိုင်မှာလား။”
ချင်းတန်သည် ပြုံးရယ်ကာ ထရပ်လိုက်ပြီး ဝူယွမ် ပေါ်တက်ကာ ငုံ့ကြည့်ရင်း ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ဟီး... ဝူယွမ်အစ်ကိုက ဘယ်လောက်ပဲ အံ့ဖွယ်ကောင်းနေပါစေ၊ အခုတော့ ကျွန်မရဲ့ အောက်မှာပဲ ရှိနေတယ်မဟုတ်လား။”
သူမ၏ ခန္ဓာကိုယ် ပြဿနာ ဖြေရှင်းပြီးနောက် ချင်းတန် စိတ်ပင်ပန်းမှုမှ လွတ်မြောက်သွားခဲ့သည်။ သူမသည် ရွှင်လန်းပျော်ရွှင်တတ်သူ ဖြစ်ကာ ဝူယွမ်ရှေ့တွင် လုံးဝ လွှတ်လွှတ်လပ်လပ် ပျော်ရွှင်နေခဲ့သည်။
“ကလေးမလေး.. မင်း မင်းလွန်မယ်နော်၊ မင်းအစ်ကိုဝူယွမ်ရဲ့ ခေါင်းက မုန့်ညက်နဲ့ လုပ်ထားတာ မဟုတ်ဘူး။”
ဝူယွမ်က ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်သည်။
သူ၏ ‘လိုလိီ’ မလေးအတွက် သည်းခံမှုက အကန့်အသတ်မရှိပေ။
“ဝူယွမ်အစ်ကို... အရင်တစ်ခေါက်တုန်းက ကျွန်မ အသက်ရှူမဝခဲ့ဘူး။ အသက်ရှူနည်းကို သေချာ သင်ပေးနိုင်မလား။” ချင်းတန်သည် ရုတ်တရက် ကိုယ်ကို ကိုင်းညွှတ်လာပြီး ပြောလိုက်သည်။
သူတို့၏ မျက်နှာများသည် နီးကပ်စွာ ထိမိသွားပြီး အသက်ရှူသံများပင် ကြားနေရသည်။
“ဒါ မကောင်းဘူးထင်တယ်နော်... မင်းရဲ့ အစ်ကိုက အပြင်မှာ...”
“အွတ်...”
မိန်းမငယ်လေး ချင်းတန်သည် အမြဲတမ်း စိတ်ထဲရှိသလို လုပ်ဆောင်တတ်ပြီး ဝူယွမ်အား စကားပြောခွင့်ပင် မပေးချေ။
... “မဟုတ်သေးဘူး... ငါ အဆင့်တက်တော့မှာဘဲ”
ဝူယွမ် အော်လိုက်ကာ ချင်းတန်ကို အိပ်ရာပေါ်သို့ ပစ်တင်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။
ထို့နောက် သူသည် ‘ မြင့်မြတ် ကောင်းကင်ဘုံတန်ခိုး’ ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။
သူ၏ ‘ဒန်တျန်’ အတွင်းရှိ ယွမ်ဒန် စွမ်းအင်သည် ဆူပွက်နေပြီး ကြယ်များပုံစံဖြင့် ဖုံးအုပ်ထားသော ငွေရောင် ‘ယွမ်ဒန်’ မှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
တစ်လကျော်အကြာ၊ ဒီကာလမျာယအတွင်း ဝူယွမ်သည် ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထား သော်လည်း သူသည် နေ့တိုင်း ယန်ဆေးလုံးများကို သုံးစွဲခဲ့သည်။
ဒီနေ့ သူသည် ချင်တန်းနှင့် နှုတ်ခမ်းချင်းချိတ်ဆက်နေရင်းမှ အဆင့်တက်တော့မည့် အရိပ်အယောင်ကို ခံစားရသည်။
ပြင်းထန်သော ယွမ်ဒန် စွမ်းအင် လှိုင်းများ ပျံ့နှံ့သွားပြီး ဝူယွမ်သည် ယန်ဆေးလုံး များကို ထုတ်ယူကာ သကြားလုံးများစားသကဲ့သို့ ဝါးစားလိုက်သည်။
ချင်းတန်သည် ရုတ်တရက် အဆင့်တက်ရန် ပြင်နေသော ဝူယွမ်ကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
သူမက သူ့ကို နမ်းရုံသက်သက်ဖြင့် ဝူယွမ်က ဘာလို့ ဒီလောက် အပြင်းအထန် တုန့်ပြန်လာသနည်း။
သူမ၏ အနမ်းတွင် အဆင့်တက်ဖို့ရာ ကူညီနိုင်တဲ့ အကျိုးသက်ရောက်မှုမျိုး ရှိတာလား။
“အစ်ကိုကြီး... သူ အဆင့်တက်တော့မှာလား”
တံခါးအပြင်ဘက်တွင် လင်းတုန်သည် ယွမ်ဒန် စွမ်းအင် လှိုင်းများကို သတိပြုမိပြီး စူးစမ်းလိုစိတ်ဖြင့် အခန်းဆီသို့ အမြန်လျှောက်သွားခဲ့သည်။
ထိုအချိန်တွင် ချင်းတန်က တံခါးဖွင့်ကာ ထွက်လာခဲ့သည်။
လင်းတုန် - “ချင်းတန်... မင်း အစ်ကိုကြီးကို ဘာလုပ်လိုက်တာလဲ။”
“အာ...”
ချင်းတန်သည် လင်းတုန်၏ မေးခွန်းကို ကြားသောအခါ မျက်နှာပူပြီး အံ့အားသင့်သွားသည်။ လင်းတုန်က လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က သူတို့၏ မသင့်လျော်သော အပြုအမူကို သိသွားတာလားလို့ ထင်မိမတတ် ဖြစ်သွားသည်။
“ခဏလေး… ငါဖြေရှင်းချက် တစ်ခုပေးဖို့ အကြံထုတ်ရမယ်” ချင်းတန်သည် လင်းတုန်၏ အကြည့်ကို ရှောင်ကာ လျင်မြန်စွာ လှည့်ပြီး တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။
“ဟိုဘက်ကို သွားကြရအောင်၊ အစ်ကို၀ူယွမ် အဆင့်တတ်နေတာကို အနှောင့်အယှက်မဖြစ်အောင်လို့”
သူတို့သည် အခန်းနှင့် နည်းနည်း ဝေးဝေးသို့ ရောက်သွားသောအခါ လင်းတုန်သည် မနေနိုင်ဘဲ ထပ်မေးလိုက်ပြန်သည်။
“ဘာတွေဖြစ်နေတာလဲ။”
“အင်... ဝူယွမ်အစ်ကိုက ကျွန်မကို ဝိညာဉ်စွမ်းအင် ကျင့်ကြံနည်း သင်ပေးနေတာ၊ ကျွန်မ မျက်လုံးမှိတ်ပြီး ကျင့်ကြံနေရင်း၊ ဘယ်လိုဖြစ်တာလဲတော့မသိဘူး သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်တဲ့ ယွမ်ဒန် စွမ်းအင်တွ ရုတ်တရက် ပေါက်ကွဲထွက်လာတယ်။ ပြီးတော့ သူ အဆင့်တက်တော့မယ် ဆိုပြီး ကျွန်မကို အရင်ထွက်ခိုင်းလိုက်တယ်။” ချင်းတန်က ပိပိရိရိ လိမ်ပြောလိုက်သည်။
“ဟူးးး...”
လင်းတုန် လေမှုတ်ထုတ်လိုက်ပြီး “အစ်ကိုကြီး နောက်ဆုံးအဆင့် တက်ထားတာက တစ်လပဲ ကြာသေးတယ်။ အစ်ကိုကြီးက တကယ့် ပါရမီရှင်ပဲ ဒီလိုအမြန်နှုန်းနဲ့ အဆင့်တက်နေတယ် ”
“လင်းတုန်... ဒါက ဘာမှထူးဆန်းတာ မဟုတ်ဘူး။ မင်းအစ်ကိုကြီးလို လူမျိုးအတွက်ဆိုရင် အဆင့်တက်တယ်ဆိုတာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ။ လုံလောက်တဲ့ စွမ်းအင်ကို စုစည်းမိပြီဆိုတာနဲ့ အတားအဆီးက သူ့အလိုလို ပျက်စီးသွားလိမ့်မယ်။”
‘ရှောင်ဒေါင်’ သည် ‘ကျောက်လက်ဖွဲ့’ မှတစ်ဆင့် ဆက်သွယ်ပြောလိုက်သည်။
သူက ဝူယွမ်၏ လုပ်ရပ်များသည် လုံးဝမထူးဆန်းဟု ယူဆထားခဲ့သည်။
‘ရှောင်ဒေါင်’ ၏ ဝိညာဉ်စွမ်းအင်က အလွန် အားကောင်းသော်လည်း ဝူယွမ်ကို စမ်းသပ်ရန် မလုပ်ရဲခဲ့ပေ။ တစ်ကယ်လို့ ရှောင်ဒေါင်သာ အခန်းအတွင်းရှိ အခြေအနေကို စမ်းသပ်ရဲခဲ့ပါက ဝူယွမ်က ပြန်လည်၀င်စားခြင်းအဆင့်ကသူ ဆိုသည့်အချက်ကို အခုလောက် သေချာမှုရှိမှာ မဟုတ်တော့ပေ။
မကြာမီအတွင်း ဝူယွမ်၏ ဒန်တျန်အတွင်း ယွမ်ဒန်စွမ်းအင်များ ငြိမ်သက်သွားခဲ့သည်။
ဒီတစ်ခေါက် အဆင့်တက်မှုသည် အလွန်ချောမွေ့ခဲ့ပြီး သတိမထားမိဘဲ စုဆောင်းနေတဲ့ စွမ်းအင်ပြည့်သွားတာနဲ့ သဘာဝအတိုင်း အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့သလို ခံစားရသည်။
သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး စူးရှသော အလင်းတန်းနှစ်ခု ထွက်လာသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သည်လည်း အဆပေါင်းများစွာ တိုးပွားလာသည်ကို ခံစားနေရသည်။
သူ တအံတဩပြောလိုက်သည်။
“ဒါက ‘ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့်လား”