ကောင်းကင်ဓားကျောင်းတော်
Vol. 7 Ch. 64
ရွှေတစ်သောင်းကုန်သည်အသင်း!
လ၀က်လောက်ကြာပြီးနောက် ဝူယွမ်က ရွှမ်စုကို သွားရှာခဲ့သည်။
“အစ်မ ရွှမ်စု၊ ကျွန်တော်ရှာခိုင်းတဲ့ ဝိညာဉ်ဆေးပင်တွေအကြောင်း သတင်းရလား”
သူက ရွှမ်စုကို တွေ့တွေ့ချင်း တန်းမေးလိုက်သည်။
ရင်ဘက်မှာ အပေါက်ပါသော အနီရောင် ချုံစန်း အကျီအကျပ်ကိုဝတ်ထားသော သော ရွှမ်စုသည် အနည်းငယ်စိတ်ဆိုးနေဟန်ဖြင့် ဝူယွမ်ဆီသို့ လျှောက်လာပြီး ပြောလိုက်သည်၊
“မောင်လေး ဝူယွမ်၊ မင်းက တကယ်ကို ခေါင်းပြပြီး အမြီးမပြတဲ့ နဂါးတစ်ကောင်နဲ့တူတယ်။ ဝိညာဉ်ဆေးပင်တွေ ရှာဖို့သာမလိုရင် အစ်မကို မင်းလာမရှာလောက်ဘူးထင်တယ်၊ ဟုတ်တယ်မလား”
“အစ်မကြီး ဘာပြောနေတာလဲ။ ကျွန်တော် ဆရာ့အတွက် မျှော်စင်တိုက်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်နေတာ၊ ဝိညာဉ်မျှော်စင်ထဲမှာ ရက်ပေါင်း နှစ်ဆယ်ကျော်ကြာ တစ်ယောက်တည်းနေရတော့ အစ်မကို အရမ်းလွမ်းနေတာ”
ဝူယွမ်၏ မျက်လုံးများက ရွှမ်စုကို အပေါ်မှ အောက်သို့၊ အောက်မှ အပေါ်သို့ စုံဆန်ကြည့်ေနသည်။၊ ရွှမ်စုသည် ဆွဲဆောင်မှုအပြည့်ရှိနေဆဲသည်။
ချင်းတန်သည် သိမ်မွေ့ချစ်စရာကောင်းသော်လည်း အခုအချိန်တွင် အရွယ်ရောက်ပြီး ရင့်ကျက်နေသော ရွှမ်စု၏ ဆွဲဆောင်မှုကို တော့မမီသေးပေ။
ဝူယွမ်၏ ရှေ့ဆုံးအမည်သည် ဝူ ဖြစ်သောကြောင့် သူသည် ရင့်ကျက်သော အမျိုးသမီးများကို ပိုနှစ်သက်ဆဲဖြစ်သည်။
ချင်းတန်ကဲ့သို့ နုနယ်သော ကလေးမျိုးနှင့် မဆင်မချင်ပြုလုပ်ရဲ သူ၏စိတ်က မလုပ်ရဲပေ။
ထိုကြောင့် ချင်းတန်က ကြိမ်ဖန်များစွာ ရဲရဲရင့်ရင့်ကြိုးစားသော်လည်း ဝူယွမ်က သူမကို လွှတ်ပေးခဲ့သည့် အကြောင်းရင်းလည်းဖြစ်သည်။
မဟုတ်လျှင် အရွယ်ရောက်ပြီးသားသူ တစ်ယောက်အနေနှင့် သူသည် မိမိကိုယ်ကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
ရွှမ်စုက ဝူယွမ်၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ ပြောသည်။ သူမသည် ဝူယွမ်၏ ပါးစပ်သရမ်းတတ်တဲ့ အကျင့်ကို ကျင့်သားရသွားပြီ ဖြစ်သည်။ “ယွမ်လေး၊ ဒီ ဒီယင်ရှစွမ်းအင်ပါတဲ့ ဝိညာဉ်ဆေးပင်တွေက ရှာရတာအရမ်းခက်တယ်။ လောလောဆယ် ရှာတွေ့သမျှက အဆင့်သုံး အဆင့်အောက်ပဲရှိတယ်။ ဒါပေမယ့် အခြားဂုဏ်သတ္တိရှိတဲ့ ဝိညာဉ်ဆေးပင်တွေကတော့ အတော်များများရှိတယ်။ အဆင့်ငါး အောက်တွေ မပြောနဲ့၊ အစ်မက အဆင့်ခြောက် ဝိညာဉ်ဆေးပင်ကိုတောင် မင်းအတွက် ချန်ထားပေးတယ်။ ဒါက လေလံတင်ဖို့ ပစ္စည်းဆိုပေမဲ့ အခြားတစ်ဖက်ကို မင်းနဲ့လဲလှယ်ဖို့ စောင့်ဆိုင်းခိုင်းထားတယ်။ စျေးနှုန်းကတော့ မသက်သာနိုင်ဘူး၊ မင်းပြင်ဆင်ထားသင့်တယ်”
ရွှမ်စုက အနီရောင် အသီးတစ်လုံးထုတ်ယူပြီး ပြောသည်၊ “ဒါက နတ်ဆိုးသွေးကြိုးကြာ သစ်သီး လို့ခေါ်တယ် အဆင့်ခြောက်မှာရှိတယ် သူ့စျေးက အဆင့်ငါး ဝိညာဉ်ဆေးပင်နဲ့ ဆယ်ဆလောက်ကွာတယ်”
“ယင်ရှစွမ်းအင်ပါတဲ့ ပစ္စည်းတွေက ဒီလောက်ရှားတာလား”
ဝူယွမ်က နတ်ဆိုးသွေးကြိုးကြာ သစ်သီး ကို ယူလိုက်သော်လည်း မျက်မှောင်ကြုတ်နေသည်။
သူက ချင်းတန်ကို မူလ တိုင်ယင်းရူန်း ပေးထားသော်လည်း ထိုအရာသည် ရူန်း တစ်ခုသာဖြစ်သည်။ သူမအား ယင်ဒန် တည်ဆောက်ရာတွင် ကူညီဖို့အတွက် ယင်ရှစွမ်းအင်များ လိုအပ်နေဆဲဖြစ်သည်။
“အိုး... ချစ်စရာ မောင်လေး၊ ဒီလိုမျိုး ဝိညာဉ်ဆေးပင်တွေက ရှားပါးလွန်းတယ်။ အခြားသူတွေ ရသွားရင်တောင်မှ သူတို့ကိုယ်တိုင်ဒါမှမဟုတ် သူတို့ရဲ့မျိုးဆက်တွေအတွက် သိမ်းထားတတ်ကြတယ်။ ဘယ်သူက လေလံတင်ဖို့ သဘောတူမှာလဲ”
ရွှမ်စုက ရှင်းပြသည်။ ယင်စွမ်းအင်ပါသော ဝိညာဉ်ဆေးပင်များသည်။ ယွမ်မြေကြီးနယ်ပယ် အဆင့် ကျင့်ကြံသူများအတွက် ရတနာတစ်ပါးဖြစ်သောကြောင့် ၎င်းတို့ကို လေလံတင်ရန် သဘောတူသူ မရှိသလောက်ဖြစ်သည်။
ထို့ကြောင့် ရွှေတစ်သောင်းကုန်သည်အသင်း၏ ချမ်းသာကြွယ်ဝမှု မည်မျှပင်ရှိစေကာမူ ထိုကုန်ပစ္စည်းများကို မရနိုင်ပေ။
“ဒါဆို အစ်မ ရွှမ်စု၊ ယင်ရှစွမ်းအင်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေရော ရထားလား”
ရွှမ်စု- “နည်းနည်းတော့ သိတယ်။ မကြာသေးမီက ယန်မြို့မှာ လူစည်လာတယ်။ ယွမ်လေးလည်း သတိထားမိမယ်ထင်တယ်။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ရှေးဟောင်းဂူသင်္ချိုင်းက ယန်မြို့ရဲ့ တောင်တန်းများကြားမှ ပေါ်လာလို့ မဟာယန် မင်းဆက် တစ်ခုလုံးက စွမ်းအားရှင်တွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတယ် အမတို့ ရွှေတစ်သောင်းကုန်သည်အသင်းရဲ့ သတင်းအရ ယန်မင်းဆက်ရဲ့ မိသားစုကြီးလေးခုကလူတွေက ဒီဂူသင်္ချိုင်းထဲက ရတနာတွေအတွက် ယှဉ်ပြိုင်ဖို့ လူစတင်စုစည်းနေပြီ။ ယင်ရှစွမ်းအင် အားကောင်းလွန်းတဲ့ ဝိညာဉ်ဆေးပင်တစ်မျိုးဖြစ်တဲ့ “ပြင်းထန်ယင် နဂါးတံတွေး” ရှိတယ်လို့ သတင်းရထားတဲ့ ဒါက မောင်လေးလိုချင်တဲ့ ဝိညာဉ်ဆေးပင်အတိအကျဘဲ”
“သတင်းပေးတဲ့အတွက် ကျေးဇူးဘဲ အစ်မ ရွှမ်စု။ အစ်မစုထားတဲ့ ဝိညာဉ်ဆေးပင်အားလုံးကို ယူမယ်၊ စျေးကတော့ အစ်မပြောတဲ့အတိုင်းဘဲ”
ဝူယွမ်သည် ဝမ်းသာသွားပြီး ယွမ်ဆေးလုံးများဖြင့် ကျသင့်ငွေကို ပေးချေလိုက်သည်။
သူသည် ရွှမ်စု စုဆောင်းထားသော ဝိညာဉ်ဆေးပင်များနှင့်အတူ လင်းမိသားစုသို့ ပြန်လာခဲ့သည်။
သူသည် ဝိညာဉ်ဆေးပင်အားလုံးကို ကိရိယာကောင်လေး လင်းတုန်အား ဆေးလုံးလုပ်ရန် ပေးခဲ့သည်။
ထို့နောက် သူသည် ပိုင်ယွမ်နှင့်အတူ ရူးသွပ်ဓားသိုင်းခန်းမ သို့ ပြန်လာခဲ့သည်။
ဝူယွမ်သည် အိမ်ကို မရောက်တာကြာသကဲ့သို့ ခံစားနေရသည်။ သူ ချင်းတန်ကို စိုးရိမ်ပူပန်သောကြောင့် လင်းမိသားစုတွင်သာ နေရင်း သူမနှင့် ရင်းနှီးလာပြီးနောက်တွင် ရူးသွပ်ဓားသိုင်းခန်းမ သို့ သိပ်မပြန်ဖြစ်တော့ပေ။
လုံထန်- “ညီလေး နောက်ဆုံးတော့ ပြန်လာပြီဘဲ။ မင်းက နေ့တိုင်း လင်းမိသားစုမှာပဲ အချိန်ဖြုံးနေတာ တစ်ယောက်ယောက်က မင်းကို သူတို့ရဲ့အိမ်ထောင်ဖက်အဖြစ် သတ်မှတ်ထားလို့ ထင်တယ်”
ဝူယွမ်ပြန်ရောက်သည်ကို တွေ့သောအခါ လုံထန်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး ဘာတွေပြောနေတာလဲ။ လင်းမိသားစုက မိန်းကလေးကို ကြိုက်ရင်တောင် ကျွန်တော်က လက်ထပ်ပြီး ဒီကို ခေါ်လာမှာ၊ သူတို့အိမ်မှာ မနေဘူး”
ဝူယွမ်က အခိုင်မမာ ငြင်းဆိုလိုက်သည်။
သူ လင်းမိသားစုမှာရှိရသည့် အဓိက အကြောင်းအရင်းမှာ ချင်းတန်ကြောင့်ပင် ဖြစ်သည်။
ထိုနုနယ်သော မိန်းကလေးငယ်လေးက သူ၏နှလုံးသားကို နက်ရှိုင်းစွာ ဖမ်းစားထားခဲ့သည်။
“ကောင်းပြီ၊ မင်းကို ဆက်မစတော့ဘူး ငါတို့ဆီ အရေးကြီးဧည့်သည်တွေ ရောက်နေတယ်၊အခု အဖေက သူတို့ကို ဧည့်ခံနေတယ်၊ အဲ့တာ မင်းကိုရှာခိုင်းလိုက်လို့”
“အိုး အဖေက ကျွန်တော့်ကိုရှာတာလား”
ဝူယွမ်သည် ချက်ချင်း စိတ်အားထက်သန်သွားသည်။ အခြားအရာများကို ဘေးဖယ်ထားလိုက်ပါ၊ သူသည် သူ၏ မွေးစားအဖေ လုံချန်းကို အလွန်လေးစားကာ သူတောင်းဆိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပေးမည်ဖြစ်သည်။
“အတူတူသွားကြရအောင်။ အဖေက အရမ်းစိတ်လှုပ်ရှားနေတယ်။ ကောင်းကင်ဓားကျောင်းက လူတွေရောက်လာတယ်။ အဖေက အရင်က ကောင်းကင်ဓားကျောင်းရဲ့ တပည့် ဖြစ်ခဲ့တယ်”
လုံထန်က ပြုံးရင်းရှင်းပြသည်။ သူသည် သူ၏ညီ အတွက် ဂုဏ်ယူနေဆဲဖြစ်သည်။ ဝူယွမ်မရှိပါက ရူးသွပ်ဓားသိုင်းခန်းမ သည် ယနေ့ ယန်မြို့တွင် ကိုယ်ပိုင်နေရာရရှိမည် မဟုတ်ပေ။
“ကောင်းကင်ဓားကျောင်း”
ဝူယွမ်၏ စိတ်ထဲတွင် ပြင်းထန်သော သိလိုစိတ်များ ပေါ်ပေါက်လာသည်။
ဤကျောင်းတော်နှင့် ပတ်သက်၍ သူ၏စိတ်ထဲတွင် နာမည်ကို စွဲစွဲမြဲမြဲ သိနေသည်။ လုံချန်းက အကြိမ်တော်တော်များများ ကောင်းကင်ဓားကျောင်းတော် အကြောင်း ပြောပြခဲ့ဖူးသည်။
ထိုကျောင်းသည် ယန်မင်းဆက် ၏ အဓိကကျောင်းတော်ကြီးများထဲမှ တစ်ခုဖြစ်သည်။
လုံချန်းက သူတို့၏ ရူးသွပ်ဓားသိုင်းခန်းမသည် ကောင်းကင်ဓားကျောင်းတော်၏ ပြင်ပ အစိတ်အပိုင်းဖြစ်ပြီး ကောင်းကင်ဓားကျောင်းတော်က တပည့်များကို စမ်းသပ်ရန် စစ်ဆေးသောနေရာ တစ်ခုဖြစ်သည်ဟု ဆိုသည်။ တပည့်တစ်ဦးတွင် ထူးချွန်သော ပါရမီရှိပါက ကောင်းကင်ဓားဘုရားကျောင်းတော်သို့ သွားရောက်စစ်ဆေးနိုင်ပြီး ကောင်းကင်ဓားဘုရားကျောင်းတော်၏ အတွင်းတပည့်ဖြစ်ရန် အခွင့်အလမ်းများစွာရှိသည်။
ဝူယွမ်နှင့် လုံတုန်းတို့သည် ခန်းမကြီးထဲသို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် လုံချန်းသည် ဧည့်သည်အုပ်စုတစ်စုကို ရိုရိုသေသေ ဧည့်ခံနေသည်။
ဧည့်သည်များသည် မာနတကြီးဖြင့် ရှိနေပြီး ခရမ်းရောင် ဓားပုံပါသော တူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
အဓိကအိမ်ရှင်ဖြစ်သည့် လုံချန်းက ဒုတိယထိုင်ခုံတွင် ထိုင်နေရပြီး၊ အဓိကထိုင်ခုံကို သက်လက်ပိုင်းအရွယ် လူတစ်ဦးက သိမ်းပိုက်ထားသည်။
လုံချန်း- “အစ်ကိုကြီး ချန်း၊ ကျွန်တော့်တပည့် ဝူယွမ်က တကယ်ကို ရှားရှားပါးပါး ပါရမီရှင်တစ်ဦးဘဲ။ သူက ကျောင်းတော်ရဲ့ အတွင်းပိုင်းကို ဝင်ရောက်နိုင်လိမ့်မယ်လို့ ကျွန်တော် အာမခံတယ်”
လုံချန်းသည် သူ့ကိုယ်သူ အလွန်တရာနှိမ့်ချကာ ပြောလိုက်သည်။ ထိုအစ်ကိုကြီး ချန်းသည် တစ်ချိန်က သူကဲ့သို့ အပြင်စည်းတပည့် ဖြစ်သော်လည်း သူ၏ပါရမီက ကောင်းသောကြောင့် ယခုအခါ အပြင်စည်းအကြီးအကဲဖြစ်နေပီ ဖြစ်သည်။
အစ်ကိုကြီး ချန်းလို့ခေါ်သူသည် လုံချန်း မျက်နှာကိုမထောက်ဘဲ မောက်မောက်မာမာ ပြောလိုက်သည်၊ “လုံချန်း၊ မင်း ကသာဒီလောက် ချီးကျူးနေတာ။ မင်းရဲ့ ဝူယွမ်ကကော သူ့ကို ဘာလို့ မထုတ်ပြရသေးတာလဲ။ ကောင်းကင်ဓားကျောင်းတော်မှာ စွမ်းအားကြီးမားတဲ့ လူငယ်ပါရမီရှင်တွေ အများကြီးရှိတယ်။ သူ့ကို သူတို့နဲ့ ပေါ့ပေါ့ဆဆ နှိုင်းယှဉ်လို့မရဘူး။ အတွင်းကျောင်းတော်ထဲဝင်ဖို့ဆိုရင် စွမ်းအားပေါ်မှီခိုရမယ်”
အစ်ကိုကြီး ချန်း စကားပြောပြီးနောက် လူငယ်တစ်ဦးက ဆက်စကားပြောသည်၊
“ဟားဟား၊ ဒီလိုနေရာမျိုးကနေ ဘယ်လိုပါရမီရှင်ပေါ်မှာတုန်း။ လုံချန်း၊ မင်းကိုယ်တိုင်က ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် မှာဘဲရှိသေးတယ်။ မင်းက ပိုပြီးစွမ်းအားကြီးတဲ့ တပည့်ကို ဘယ်လိုသင်ပေးနိုင်မှာလဲ။ မင်းလိုလူမျိုးကို ပါရမီရှင်ရှာဖို့ ခန်းမခွဲတစ်ခုအဖြစ် ကျောင်းတော်က ခွင့်ပြုတာကိုက အမှားကြီးဘဲ။ အရှင်သခင် ချန်း၊ ကျွန်တော်တို့ ဒီမှာနေရင် အချိန်ဖြုန်းနေရုံ သတ်သတ်ဘဲရှိမှာပါ”
သူသည် အတွင်းစည်းတပည့်ဖြစ်သောကြောင့် လူငယ်တစ်ဦးဖြစ်သော်လည်း လုံချန်းကို မည်သည့်ယဉ်ကျေးမှုမှမပြပေ။ သူသည် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် မှာ ရှိပြီး လုံချန်းမျက်နှာကို မထောက်သလို၊ လုံချန်းသင်ကြားပေးသည့် တပည့်တစ်ဦးသည်လည်း သူတို့လို အတွင်းစည်းတပည့်များနှင့် နှိုင်းယှဉ်နိုင်မည်ဟု မထင်ပေ။
“အစ်ကိုကြီး ရဲ့ရှေ့မှောက်မှာ ဘယ်သူက ပါရမီရှင်လို့ ကြွားဝါရဲမှာလဲ”
“တကယ်ကို ရေတွင်းထဲက ဖားတွေလိုဘဲ၊ ပါရမီရှင်တွေကို မမြင်ဖူးတော့ ပါရမီရှင်လို့ ကြွားဝါတတ်ကြတယ်”
“သူတို့ရဲ့ နောက်ခံဆိုရင်တော့ ကြည့်တောင် မကြည့်နဲ့တော့”
...တပည့်အုပ်စုက ကဲ့ရဲ့ရှုတ်ချဟန်ဖြင့် ရယ်မောကြလိုက်သည်။
လုံချန်း၏မျက်နှာသည် နီရဲသွားသည်။ သူက ပုံမှန်အားဖြင့် ရိုင်းပျပြီး လွတ်လပ်သူဖြစ်သည်။ ထိုသို့သော အရှက်ရစေမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ အစ်ကိုကြီး ချန်းက သူ့ကို စော်ကားသည်က ထားအုံး အခု ထိုငယ်ရွယ်သော တပည့်များပါ သူ့ကို စော်ကားနေကြသည်။
သို့သော်လည်း သူသည် ဒေါသထွက်ရန် မရဲဖြစ်နေသည်။ ကောင်းကင်ဓားကျောင်းတော်သည် အလွန်ကြီးမားလွန်းသည်။ သူ မထိရဲပေ။
ထိုငယ်ရွယ်သော တပည့်များတွင်ပင် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် ကျင့်ကြံသူအချို့ပါပြီး သူတို့ အစ်ကိုကြီးရဲ လို့ခေါ်သူသည် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ထိပင် ရောက်ရှိနေခဲ့သည်။
အပြင်ဘက် တံခါးဝသို့ရောက်ရှိလာသော လုံထန်သည် ထိုစကားများ ကြားလိုက်ရပြီး သူ၏လက်များကို တင်းတင်းဆုပ်ထားလိုက်မိသည်။
သူသည် ကောင်းကင်ဓားကျောင်းတော်မှ လူများရောက်လာသည်ကို သိသောအခါ သူ၏အဖေအတော်လေး ပျော်ရွှင်နေသည်ကို သိသော်လည်း ကောင်းကင်ဓားကျောင်းတော်မှ လူများသည် သူ၏အဖေအား အခုလို အရှက်ရအောင် ပြုလုပ်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဝူယွမ်သည် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ၏စိတ်ထဲမှ ဒေါသမီးကို မငြိမ်းသတ်နိုင် ဖြစ်နေသည်။ ခန်းမကြီးအတွင်း အဓိကထိုင်ခုံတွင် ထိုင်နေသူမှာ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် မှာဘဲရှိသေးသည်။ သူ့မှာ ဒီလောက် မာနကြီးစွာပြုမှုရန် လုံလောက်တယ်လား။
သူသည် အတွင်းထဲသို့ လျှောက်၀င်သွားပြီး ခန်းမထဲရှိလူအားလုံးကို စိန်ခေါ်သလိုကြည့်ကာ ပြောလိုက်သည်၊ “မင်းတို့က ဘယ်သူတွေလဲ၊ ဒီလောက်ကြွားဝါနေရအောင် ကြွားဝါနိုင်တဲ့ အရည်အချင်းရောရှိိလို့လား။ ကောင်းကင်ဓားကျောင်းတော်က လူတိုင်းက မင်းတို့လိုသာဆို၊ ဒီကောင်းကင်ဓားကျောင်းတော် ဆိုတာကို မဝင်တာနဲ့ပဲ တူတယ်”