← Chapters

အမှိုက်များအားပညာပေးခြင်း

Vol. 7 Ch. 65

အမှိုက်များအားပညာပေးခြင်း

Vol. 7 Ch. 65

အခုပြောလိုက်ချင်းသည် ဝူယွမ် ကမ္ဘာကူးပြောင်းလာပြီးနောက် ပြောခဲ့ဖူးသမျှ စကားများထဲမှ အမောက်မာဆုံး စကားလုံးဖြစ်သည်။

ထို့အပြင် အခုအချိန်သည် သူ၏ အမျက်ဒေါသ အထွဋ်အထိပ်ရောက်နေသည့် အခိုက်အတန့်လည်း ဖြစ်၏။

လုံချန်းသည် မည်သူနည်း။ သူသည် ဝူယွမ်၏ မွေးစားဖခင်၊ ကျေးဇူးရှင် နှင့် ဆရာတစ်ဆူပင် ဖြစ်သည်။

သွေးသားတော်စပ်သည်ထက်ပင် ပိုမိုနီးကပ်သော ဆက်ဆံရေး ဖြစ်၏။

ကိုယ့် အဖေ မထီမဲ့မြင်ပြုခံရသည်ကို မည်သည့်သားသမီးမျှ မြင်လိုကြသည် မဟုတ်ပေ။

အထူးသဖြင့် အခုကဲ့သို့ သာမန်အခါတွင် မားမားမတ်မတ်နေသော်လည်း မိမိသားသမီး၏ အနာဂတ်အတွက် မိမိကိုယ်ကို နှိမ့်ချပြီး ပြောဆိုနေရသည့် အချိန်မျိုးတွင် ဖြစ်သည်။

လုံချန်းက စော်ကားခံရခြင်းကို ညည်းခံကာ ယဉ်ကျေးစွာပြောဆိုနေခြင်းမှာ ဝူယွမ် ကောင်းကင်ဓားကျောင်းတော်သို့ ဝင်ရောက်နိုင်ရန်အတွက်သာ ဖြစ်သည်။

ထိုလူများ၊ လူအိုကြီးများနှင့် ငယ်ရွယ်သူများ အားလုံးက သူ့ကို လှောင်ပြောင်နေကြသည်။

ထိုအရာကို လက်ခံထားလို့ရမလား။

“မင်းက ဘယ်သူလဲ ဘယ်သူ့ကို စကားပြောနေတာလဲ ဆိုတာသိလား”

“မောက်မာတဲ့လူငယ်လေးဘဲ လုံချန်း... မင်းရဲ့ ရူးသွပ်ဓားသိုင်းခန်းမက တကယ်ကို ဂုဏ်ယူစရာဘဲ၊ တပည့်တွေကို ဒီလိုသင်ပေးနေတယ်”

“အကြီးတွေကိုမရိုမသေနဲ့၊ ရိုက်နှက် ခံခြင်နေတာဘဲ”

“တွင်းထဲက ဖားလေး။ ဒီမှာ ဘယ်သူတွေထိုင်နေသလဲဆိုတာကိုတောင် သူမသိဘူးထင်တယ်၊ သူ့ဆရာကတောင် လေးစားရမယ့် လူတွေကိုးဗျာ။”

...ကောင်းကင်ဓားကျောင်းတော် အဖွဲ့ဝင်များသည် ကိုယ့်ကိုကိုယ် မြင့်မြတ်ဟန်ဖြင့် ဝူယွမ်အား ဝေဖန်နေကြသည်။ တစ်ချို့ တပည့်များဆိုလျှင် ဝူယွမ်အား တိုက်ရိုက်ဆုံးမချင်နေကြသည်။

“ယွမ်... မလုပ်နဲ့။ ဒီတစ်ယောက်က ကောင်းကင်ဓားကျောင်းတော်က အကြီးအကဲချန်းဘဲ။ မြန်မြန်လာပြီး ဂါရဝပြုလိုက်။”

လုံချန်းက ဆူပူဆုံးမလိုက်သည်။ ဝူယွမ်ကို စိတ်မြန်လက်မြန်မလုပ်မိစေချင်ပေ။ ကောင်းကင်ဓားကျောင်းတော်၏ ကြီးမားမှုသည် ဝူယွမ် မျှော်လင့်ထားသည်ထက် ပိုများသည်။

“အဖေ... ရူးသွပ်ဓားသိုင်းခန်းမှာ ကျွန်တော်တို့က အိမ်ရှင်တွေ၊ သူတို့က ဧည့်သည်တွေပါ။ အိမ်ရှင်က ဧည့်သည်ကို သည်းခံနိုင်ပေမယ့် ဧည့်သည်က အိမ်ရှင်လို့ တကယ်မှတ်ယူလို့မရပါဘူး။”

ဝူယွမ်သည် ခန်းမထဲရှိ လူအားလုံးကို အေးစက်စက်ကြည့်ကာ သူ၏မျက်လုံးထဲတွင် ရှားရှားပါးပါး လူသတ်ချင်စိတ်များ ပေါ်လာခဲ့သည်။

“ဟားဟား... ရူးသွပ်ဓားသိုင်းခန်းမဆိုတာ ငါတို့ ကောင်းကင်ဓားကျောင်းတော်က တပည့်ရွေးဖို့ ထောင်ထားတဲ့ ခန်းမအသေးလေးတစ်ခုပါပဲ။ ဒီမှာဆို ငါတို့ကမှ အိမ်ရှင်တွေဘဲ”

အသက်ငယ်ငယ် တပည့်တစ်ဦးက ပြတ်ပြတ်သားသား ပြန်ပြောကာ ဝူယွမ်ကို မထီမဲ့မြင်ပြုသည့်အကြည့်မျိုးဖြင့် ကြည့်နေသည်။

“ကောင်းကင်ဓားကျောင်းတော်က စွမ်းအားကြီးပေမဲ့... မင်းတို့တွေကတော့ အဲ့တာနဲ့ ထိုက်တန်ခြင်းမရှိဘူး”

ဝူယွမ်က သူ့ဘက်သို့ လက်ညှိုးထိုး နေသော ကောင်းကင်ဓားကျောင်းတော် တပည့်များနှင့် အကြီးအကဲချန်းကိုပါ ပစ်မှတ်ထားလိုက်သည်။

“ဘယ်သူ့ကိုမှ ရည်ရွယ်တာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီမှာရှိတဲ့ လူတွေအားလုံးကတော့ အမှိုက်တွေကြီးဘဲ။ မင်းတို့တွေက ကောင်းကင်ဓားကျောင်းတော်ကို ကိုယ်စားမပြုနိုင်ဘူး”

“ဟူးး... ဟူးး... ဟူးး...”

ဝူယွမ်ဆီမှ စကားလုံးများ ထွက်လာသည်နှင့် လူအားလုံး ဒေါသတစ်ထောင်းထောင်း ဖြစ်သွားကြသည်။

သူတို့၏ မျက်လုံးများထဲတွင် ဒေါသရိပ်များဖြင့် ဝူယွမ်ကို စိုက်ကြည့်နေကြသည်။

“မောက်မာလွန်းတယ!”

“လုံချန်း...ဒါကမင်းသင်ပေးခဲ့တဲ့ တပည့်လား”

“စကားမပြောတတ်ဘူးဘဲ။ငါသင်ပေးလိုက်မယ်၊ ကျောင်းတော်ကြီးရဲ့ စွမ်းအားကို သိသာအောင်လေ။”

“ရူးသွပ်မုန်တိုင်းဓား” (ဆေဘာအစား ဓားလို့ပြောင်းလဲအသုံးပြုထားသည်)

လူငယ် တပည့်တစ်ဦးက သူ၏တန်ဖိုးကြီးဓားကို တိုက်ရိုက်ဆွဲထုတ်လိုက်ကာ ယွမ်စွမ်းအင်သည် ဓားကိုယ်ထည်ပေါ်သို့ စုဝေးလာပြီး။ သူ၏ တတိယအဆင့် ကိုယ်ခန္ဓာပညာရပ် ‘ရူးသွပ်မုန်တိုင်းဓား’ ကို ထုတ်သုံးလိုက်သည်။

ထိုပညာရပ်သည် ကောင်းကင်ဓားကျောင်းတော်၏ အခြေခံအကြဆုံး ကိုယ်ခန္ဓာပညာရပ်ဖြစ်ကာ တပည့်အားလုံး သင်ယူနိုင်ပြီး လုံချန်းကဲ့သို့ အပြင်တပည့်များပင် အခြားသူများကို သင်ပေးနိုင်သည်။

ထိုကိုယ်ခန္ဓာပညာရပ်ကို တတ်ထားပါတယ် ကောင်းကင်ဓားကျောင်းတော်၏ စစ်ဆေးမှုတွင် ပါဝင်နိုင်သည်။

‘ရူးသွပ်မုန်တိုင်းဓား’ သည် ကောင်းကင်ဓားကျောင်းတော်၏ သင်္ကေတတစ်ခုကဲ့သို့ပင်။

“အမြင်ဘဲလှတယ်၊ အသုံးမကျဘူး။ ငါပြမယ်၊ တကယ့် ရူးသွပ်မုန်တိုင်းဓား က ဘာလဲဆိုတာ”

ဒေါသထွက်နေသော ဝူယွမ်သည် သူ၏ သိုလှောင်အိပ်ထဲမှ အသစ်ပြုပြင်ထားသော မိုးကြိုးမုန်တိုင်းဓားကို ထုတ်ယူလိုက်၏။ ခရမ်းရွှေရောင် တောက်ပနေသော ဈယွမ်ဒန်စွမ်းအင်များ ထွက်လာပြီး မိုးကြိုးမုန်တိုင်းဓားကို ခရမ်းရွှေရောင် အလွှာတစ်ထပ် ဖုံးလွှမ်းသွားစေသည်။

ခမ်းနားထည်ဝါးပြီး သန့်စင်သည့် ယွမ်ဒန်စွမ်းအင် အလင်းတန်းတစ်ခုကို မိုးကြိုးမုန်တိုင်းဓားမှ ထုတ်လွှတ်လိုက်သည်။

“ကလန့်!”

ထိုအလင်းတန်းကို ထိမိသည်နှင့် ပြိုင်ဘက်၏ဓားသည် ချက်ချင်း ကျိုးသွားသည်။

ခုခံနိုင်စွမ်း လုံးဝမရှိ။

အချိန်တိုအတွင်း ဝူယွမ်၏ မိုးကြိုးမုန်တိုင်းဓားသည် သူ၏ နဖူးနှင့် ဖိကပ်နေပီဖြစ်သည်။ ဓားသွား၏ ထက်မြက်မှုသည် သူ၏စိတ်ထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာပြီး သေခြင်းတရားက သူ့နှင့် နီးကပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

လူငယ် တပည့်သည် တံတွေးမျိုချလိုက်မိပြီး ချွေးစေးများ မျက်နှာပေါ်သို့ စီးကြလာသည်။

“ပုတ်”

ဝူယွမ်က ဓား၏မျက်နှာပြင်ကိုသာ အသုံးပြုပြီး သူ့မျက်နှာကို ရိုက်နှက်လိုက်သဖြင့် သွားများကျိုးကာ သွေးများအန်ထွက်ပြီး ခန်းမကြမ်းပြင်တွင် အားအင်ကုန်ခမ်းကာ လဲကျသွားသည်။

“ကောင်လေး ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် လေးနဲ့ ဒီလောက်ယုံကြည်ချက်ရှိ မောက်မာနေတယ်၊ ငါပြောမှားတာလား? မင်းက အမှိုက်ဘဲ”

ဝူယွမ်က လဲကျနေသော တပည့်ကို ဓားဖြင့်ထောက်လိုက်ပြီး ညှာတာမှုမရှိ ပြောလိုက်သည်။

“ငါမှားသွားပီ။ သူက တကယ်ပဲ ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့်မှာ ရှိနေတယ်။”

“သူက တစ်ခုခုဘဲ”

“ဒါပေမယ့်ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့်က ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့်ကို ရိုက်တာက ဘာမှမထူးဘူး ငါသွားမယ်”

...ကောင်းကင်ဓားကျောင်းတော် တပည့်များ လှုပ်ရှားလိုစိတ် ပြင်းပြနေကြသည်။

“တစ်ယောက်ချင်းဆိုကြာတယ်”

ဝူယွမ်က ခန်းမအလယ်ရှိ အကြီးအကဲချန်းအပါအဝင် လူတိုင်းကို ဓားဖြင့် ချိန်လိုက်ပြီး “ခင်ဗျားတို့ အားလုံး... တစ်ပြိုင်နက်တည်း လာကြ”

မောက်မာလိုက်တာ”

“သူ့ကိုဆုံးမပေးမှရမယ်”

“အကြီးအကဲချန်းကိုတောင်စိန်ခေါ်ရဲတယ်”

တပည့်ကိုးယောက်လောက်က ဓားများကိုဆွဲကာ ဝူယွမ်ဆီသို့ ပြေးဝင်လာသည်။

အားလုံးက ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် မှာဖြစ်ပြီး နှစ်ယောက်မှာ ယွမ်ဒန်အဆင့် ကြီးမားသော အောင်မြင်မှုအဆင့်မှာ ရှိသည်။

“ဒုတ်”

“ပုတ်”

“တိန်”

...ဝူယွမ်သည် ဓားကို ဆက်တိုက်လှုပ်ရှားရင်း ခရမ်းရောင်စွမ်းအားပြင်းနတ်ဆိုးမျက်စိနှင့် တစ္ဆေအရိပ်လှည့်စားခြင်း ကို ပေါင်းစပ် အသုံးပြုလိုက်သည်။ သူ၏ ဓားအစွမ်းသည် ကြမ်းတမ်း၊ မြန်ဆန်၊ တိကျပြီး မနာလိုဖွယ်ကောင်းလွန်းလှသည်။

သူက စုစုပေါင်း ကိုးချက် ရိုက်နှက်လိုက်သည်

တပည့်အားလုံး၏ မျက်နှာပေါ်တွင် နီရဲနေသော ဓားရာ အမှတ်အသားများပေါ်သွားသည်။

တစ်ယောက်မှ သူ၏လှုပ်ရှားမှုတစ်ခုကို မပိတ်ဆို့နိုင်ခဲ့ပေ။

ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့်နှင့် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ကျင့်ကြံသူများသည် သူ၏လက်ထဲတွင် အားလုံးအတူတူပင်... အမှိုက်များဖြစ်ကြသည်။

ခန်းမထဲတွင် သွားများ ပျံ၀ဲနေပြီး နှာခေါင်းသွေးနှင့် ပါးစပ်သွေးများလည်း နေရာအနှံ့ စီးဆင်းနေသည်။

သိပ်မကြာခင်က မောက်မာကာ မာနကြီးလွန်းသော ကောင်းကင်ဓားကျောင်းတော် တပည့်များသည် ယခုအခါ မလှုပ်

ဝူယွမ်ကို ကြည့်ရှုရင်း ဒေါသထွက်နေကြသော်လည်း စကားမပြော ရဲကြတော့ပေ။

“မင်းရဲ့ အစွမ်းအစကို ငါအသိအမှတ်ပြုပါတယ်၊ ဒါပေမယ့် မင်းက အရမ်းမောက်မာလွန်းတယ်။ အမြဲတမ်း မင်းထက် ပိုကောင်းတဲ့လူဆိုတာရှိတယ်၊ ကောင်းကင်ဘုံအထက်မှာ ကောင်းကင်ဘုံဆိုတာ ရှိသေးတယ်ဆိုတာ မင်းသိဖို့လိုတယ်။ ဒီနေ့ ဒီလူအိုကြီးက မင်းလိုလူငယ်တစ်ယောက်ကို သင်ပေးမယ်” အကြီးအကဲချန်းသည် နောက်ဆုံးတွင် မထိုင်နေနိုင်တော့ဘဲ စကား၀င်ပြောလိုက်သည်။

ထိုရိုက်နှက်ခံရသော တပည့်အများစုသည် ကျောင်းတော်အတွင်း သူ၏လက်အောက်မှ ဆင်းသက်လာသူများဖြစ်သည်။မဟုတ်လျှင် ရှေးဟောင်းဂူသင်္ချိုင်း ပြိုင်ပွဲအတွက် သူတို့ကို ခေါ်ဆောင်လာမည် မဟုတ်ပေ။

“ဓားထုတ်ပါ”

ဝူယွမ်က အေးစက်စက်ပြောလိုက်သည်၊ “စကားကိုလျှော့ပြော မဟုတ်ရင် နောက်ပိုင်းမှာ မင်းရဲ့ အရေပြားထူတာတောင် အရှက်ရလိမ့်မယ်”

“ဟမ့်”

အကြီးအကဲချန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူသည် ပေါ့ပေါ့စစ မလုပ်မဘဲ စတင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သူက သူ၏ သိုလှောင်အိပ်ထဲမှ အနီရောင်ဓားကြီးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ပြင်းထန် သန်စင်သည့် ယွမ်ဒန်စွမ်းအင်သည် ဓားကြီးနှင့် ပေါင်းစပ်သွားသည်။

“မီးတောက်ဓား”

သူ၏ဓားသွားပေါ်ရှိ သန့်စင်သော ယွမ်ဒန်စွမ်အင်သည် ပူပြင်းတောက်လောက်နေသော မီးလျှံများကို သယ်ဆောင်ကာ ခုတ်ချလိုက်သည၊ အပြင်စည်း အကြီးအကဲချန်းသည် သဏ္ဍာန်ပြောင်းအဆင့် ၏ စွမ်းအင်တစ်ချို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

“မိုးကြိုးလျှပ်စီး”

ဝူယွမ်၏ ယွမ်ဒန်သည် သူ၏ဒျန်တန်ထဲတွင် လှည့်ပတ်ကာ ခရမ်းရွှေရောင် ယွမ်စွမ်းအင်များကို လှုံ့ဆော်ပေးနေပြီး တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်ကို မိုးကြိုးမုန်တိုင်းဓားပေါ်သို့ ထုတ်လွှတ်လိုက်ပြီး ခဏအတွင်းမှာပင် ဓားပေါ်တွင် ‌ မြေဆွဲအားရူန်းတစ်ခုကို ချက်ချင်း ရေးဆွဲလိုက်သည်။

မိုးကြိုးလျှပ်စီး နှင့် မြေဆွဲအားရူန်း ‌ပေါင်းစပ်ခြင်း

ထိုအရာသည် ဝူယွမ် သုတေသနပြုထားသော တိုက်ခိုက်ရေးနည်းလမ်း အသစ်တစ်ခုဖြစ်သည်။

“မိုးကြိုးတောင်ဆွဲအား”

“ဖောက်”

အနီရောင် မီးတောက်ဓားကြီးနှင့် တောက်ပသော ခရမ်းရွှေရောင် မိုးကြိုးမုန်တိုင်းဓားတို့ ပြင်းထန်စွာ ထိတ်တိုက်တွေ့သွားကြသည်။

အကြီးအကဲချန်းရဲ့ ခန္ဓာကိုယ်သည် တစ်ဖြေးဖြေး နိမ့်လာပြီး ဒူးတစ်ဖက်ထောက်သွားသည်

မိုးကြိုးတောင်ဆွဲအား၏ စွမ်းအင်ကို သူ မခုခံနိုင်ခဲ့ပေ။

ဝူယွမ်က ဓား၏မျက်နှာပြင်ကို လှည့်ပြီး အကြီးအကဲချန်း၏ မျက်နှာကိုလည်း ရိုက်နှက်လိုက်သည်။

အကြီးအကဲချန်းသည်လည်း ရှေ့ကတပည့်များကဲ့သို့ သွားများကျွတ်သွားပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကြလာသည်။

“ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းနဲ့ ဖြေရှင်းလိုက်နိုင်တယ်လား”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ အသံတစ်သံပင် ထွက်မလာတော့ပေ။

ကောင်းကင်ဓားကျောင်းတော်မှ လူအုပ်စုသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ဝူယွမ်ကို ကြည့်ရင်း တုန်လှုပ်ချောက်ချားနေကြပြီး ဘယ်သူမှသူနှင့် အကြည့်ချင်းမဆုံရဲကြတော့ပေ။

လုံချန်းသည်လည်း အတော်လေး အံ့အားသင့်သွားသည်။ ဝူယွမ်၏ စွမ်းရည်သည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပီဖြစ်သည်။

လွန်ခဲ့သော တစ်လက ယွမ်ဒန်အဆင့် ပြီးပြည့်စုံသော အောင်မြင်မှုအဆင့် ကျင့်ကြံသူ ယွဲ့ရှန်းကို သူသတ်နိုင်ခဲ့သော်လည်း ထိုအချိန်က ဝူယွမ်သည် နည်းလမ်းအားလုံးကို အသုံးပြုခဲ့ပြီး သူ၏စွမ်းအားများအားလုံး ကုန်ခမ်းသွားခဲ့သည်။ ဒီနေ့ ယွဲ့ရှန်းထက်ပိုအားကောင်းသော ချန်းရှုကို ကိုင်တွယ်ရာတွင် စက္ကန့်ပိုင်းအတွင်း သူ့ကိုအနိုင်ယူနိုင်ခဲ့သည်။

မျက်နှာတစ်ခုလုံး ရှုပ်ပွသွားသော ချန်းရှုကို ကြည့်ရင်း လုံချန်း၏ စိတ်ထဲတွင် သာယာမှုအနည်းငယ် ခံစားလိုက်ရသည် - လန်းဆန်းပြီး ကျေနပ်ဖွယ်ရာပင်။

ထိုချန်းရှုနှင့် သူသည် တစ်ချိန်က ကောင်းကင်ဓားကျောင်းတော်၏ အပြင်တပည့်များဖြစ်ခဲ့ကြသည် ကျောင်းတော်အတွင်းစည်းသို့ ဝင်ရောက်ရန် နှစ်ဦးစလုံး ပြိုင်ဆိုင်ခဲ့ကြပြီး ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်၊ တစ်ယောက်ကိုတစ်ယောက် မကြိုက်ကြဘဲ၊ အချင်းချင်း နင်းခြေချင်နေကြသည်။

ချန်းရှုသည် နောက်ပိုင်း အပြင်ထွက်ရင်း ကံကောင်းမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး သူ၏စွမ်းရည်သည်လည်း ချက်ချင်း ခုန်တက်လာသည်။ သို့သော် သူပြန်ရောက်လာသည့်အခါ လုံချန်းက ကျောင်းတော်မှ ထွက်ခွာသွားပြီဖြစ်သဖြင့် လုံချန်းရှေ့တွင် ကြွားဝါရန် အခွင့်အရေးမရှိခဲ့ပေ။

ဒီတစ်ကြိမ် တျန်းယန်တောင်တန်းများထဲတွင် ရှေးဟောင်းဂူသင်္ချိုင်း ပေါ်လာတဲ့သတင်းကြောင့် ချန်းရှုက စုံစုမ်းရန် အဖွဲ့ကို ခေါ်ဆောင်လာရင်း ယန်မြို့တွင် ကောင်းကင်ဓားကျောင်းတော်မှ ထူထောင်ထားသော သိုင်းခန်းမရှိမရှိ သိရန် လာကြည့်ချင်းဖြစ်သည်။

အရင်က ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိအဆင့်အတန်းကွာခြားမှုကလည်း ကြီးမားလှသောကြောင့် ချန်းရှု၏ စိတ်ခံစားချက်ကို မှန်းဆနိုင်သည်။ သူက လုံချန်းရှေ့တွင် သူ၏အဆင့်အတန်းကို ပြသချင်ခဲ့၏။ ထို့ကြောင့် သူ့တပည့်များကို လုံချန်းကို မထီမဲ့မြင်ပြုရန် လလှုံ့ဆော်ခဲ့ခြင်းဖြစ်သည။

“ကောင်းတယ်၊ ကောင်းတယ်”

“ဟားဟားဟား”

“ဒီလူအိုကြီး ဒီလောက်ကြာအောင် စောင့်ကြည့်နေတာ အချည်းနှီးမဖြစ်ခဲ့ဘူး”

ရုတ်တရက် အသံတစ်ခုက လူအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သည်။ ရူးသွပ်ဓားသိုင်းခန်း၏ အမိုးပေါ်တွင် မည်သည့်အချိန်က ပေါ်လာမှန်းမသိတဲ့ ဓားပုံဖော်ထားသော ချည်ထည်ဝတ်စုံကို ၀တ်ဆင်ထားသည့် အဘိုးကြီးတစ်ဦး ပေါ်လာခဲ့သည်။

သူသည် အနက်ရောင် လင်းတတစ်ကောင်ပေါ်တွင် ရပ်နေရင်း လက်နှစ်ဖက်ကို ကျောနောက်သို့ ချိတ်ကာ ဆင်းလာခဲ့သည်။

သူ၏ဝင်ရောက်မှုတစ်ခုတည်းကပင် သူသည် လူကြီးတစ်ယောက်ဖြစ်ကြောင်း ပြသနေ၏။

ယွမ်စွမ်းအင် ပုံသဏ္ဍာန်

အဟောင်းက အကောင်းဟန်ဆောင်တယ်

ဖန်တီးခြင်းအဆင့်သုံးဆင့်ထဲက သဏ္ဍာန်ပြောင်းအဆင့်

သူ၏ခြေ ထေက်အောက်ရှိ ပျံသန်းနေသော လင်းတသည် ယွမ်စွမ်းအင် သဏ္ဍာန်ဖြစ်၏။

“ဟမ်း... ဒီအဘိုကြီး... အခုမှ ထွက်လာတယ် ...” ဝူယွမ်သည် စိတ်ထဲတွင် သက်ပျင်းချလိုက်သည်။ ရူးသွပ်ဓားသိုင်းခန်းမထဲသို့ ရောက်ရောက်ချင်း လုံထန်က ကောင်းကင်ဓားကျောင်းတော်မှ လူများရောက်နေသည်ဟု ပြောကတည်းက သူ၏ဝိညာဉ်စွမ်းအင်ဖြင့် သိုင်းခန်းမတစ်ခုလုံးကို တစ်ချက်စစ်ဆေးကြည့်ရင်း ထိုအဘိုးကြီးရှိမှန်း သူသတိထားမိပြီးသားဖြစ်သည်။

အဘိုးကြီး၏စွမ်းရည်သည် သူ၏အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် မလုံလောက်ဟု သူတွက်ချက်ထားပြီးသား ဖြစ်သောကြောင့် အဘိုးကြီးရှိမှန်း သိသော်လည်း ဝူယွမ် ထိုလူများကို ဆုံးမရဲသေးသည်။

ဝူယွမ်သည်လည်း စွမ်းအားကို တမင်တကာ လျှော့သုံးထားခဲ့သည်။ ဆိုရသော် သူက ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် မှာဘဲရှိသေးသည်။ သဏ္ဍာန်ပြောင်းအဆင့်နှင့် ရန်သူဖြစ်ခြင်းကို ရှောင်ရှားနိုင်လျှင်ပိုကောင်းမည်။

ထိုလူအိုကြီးသာမရှိရင် ချန်းရှုနှင့် အခြားသူများ ခြေလက်များ ဆုံးရှုံးတာ ကြာပီဖြစ်သည်။

“နှုတ်ဆက်ပါတယ်... အကြီးအကဲ... ကျန်း”

ချန်းရှုနှင့် ကောင်းကင်ဓားကျောင်းတော် တပည့်များသည် မြန်မြန်ဆန်ဆန် ဒဏ်ရာရထားသော သူတို့၏ ခန္ဓာကိုယ်များကို အတင်းဆွဲထကာ ပါးစပ်မှသွေးများထွေးလိုက်ပြီး အကြီးအကဲအား အရိုသေပေးလိုက်ကြသည်။

“အသုံးမကြတဲ့အမှိုက်ကောင်တွေ ကျောင်းတော်ကို အရှက်ရစေဖို့ဘဲသိတယ်။”

အကြီးအကဲကျန်းက ဒေါသထွက်ပြီး ဆူပူကာ ချန်းရှုနှင့် အခြားသူများကို မထီမဲ့မြင်ကြည့်လိုက်သည်။

“ကျေးဇူးပြုပြီး အကြီးအကဲ၊ ကျွန်တော်တို့အတွက် တတရားမျှတမှုကို ရှာပေးပါ”

ချန်းရှုက ဒူးထောက်တောင်းပန်၏။

“ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်က ယွမ်ဒန်အဆင့် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် လူငယ်တစ်ယောက်ဆီမှာ ချက်ချင်းရှုံးနိမ့်သွားတယ်၊ အဲ့တာတောင် မင်းက တရားမျှတမှုကိုတောင်းဖို့ မျက်နှာပြသေးတယ်လား”

အကြီးအကဲကျန်းက သူ့ကို တိုက်ရိုက်ပြောဆိုလိုက်သည်။

“ဒီအဘိုးကြီးက ခုဏက ဖြစ်ပျက်သမျှအားလုံးကို မြင်တွေ့ခဲ့တယ်။ ငါဝင်ရောက်စွက်ဖက်ချင်ရင် အစကတည်း ၀င်လာလို့ရတယ်၊ ချန်းရှု၊ မင်းနဲ့အခြားသူတွေက သူများကို ပထမဆုံးမထီမဲ့မြင်ပြုခဲ့တာ။ သူတို့က မင်းတို့ကိုပြန်ဆုံးမတာက မတရားစရာမရှိဘူး၊ ဒီကောင်လေး မလုပ်ခဲ့ရင်တောင် ငါကိုယ်တိုင် မင်းတို့ကိုဆုံးမဖို့ ပြင်ဆင်ထားပြီးသား။”

“အပြင်ဘက်မှာ ဖြန့်ကျက်ထားတဲ့ သိုင်းခန်းတွေက ကျောင်းတော်အတွက် အခြေခံကိုယ်ခန္ဓာပညာရပ်တွေ ပြန့်ပွားစေဖို့နဲ့ အရည်အချင်းရှိတဲ့ တပည့်တွေရွေးချယ်ဖို့ အတွက်ဘဲ။ ကျောင်းတော်အတွင်းမှာ မရှိတောင် ကောင်းကင်ဓားကျောင်းတော်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တုန်းဘဲ။ မင်းတို့ ခုနက လုပ်ခဲ့တာက လွန်လွန်ကျူးကျူးဖြစ်လွန်းတယ် ပြန်ရောက်တဲ့အခါ ကျောင်းသားအချင်းချင်း မထီမဲ့မြင်ပြုမှုအတွက် စည်းမျဉ်းအရ အပြစ်ပေးခံရလိမ့်မယ်”

“ဟုတ်ကဲ့၊ အကြီးအကဲ”

ချန်းရှုနှင့် အခြားသူများသည် အတွန့်မတက်ရဲဘဲ ရိုသေစွာဖြင့် ခေါင်းငုံ့ထားကာ အမိန့်ကိုလက်ခံလိုက်သည်။

သူတို့တစ်ဦးစီတိုင်းသည် အမှားကြီးတစ်ခု ကျူးလွန်မိသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေကြသည်။

တပည့်များက ချန်းရှုရှေ့တွင် မျက်နှာရလိုသဖြင့် လုံချန်းကို မထီမဲ့မြင်ပြုကြခြင်းဖြစ်သည်။ ထို့ကြောင့် အကြီးအကဲက အပြစ်ပေးသည့်အခါ သူတို့ မဆန့်ကျင်ရဲပေ။

ချန်းရှုလည်း သိပ်မကွာ‌ပေ။အကယ်၍ သူနှင့် လုံချန်းသည် တစ်ဦးကိုတစ်ဦးသိထားပြီး သူက ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် အခုလို ပြုမူနေခြင်းဖြစ်သည်ကို အကြီးအကဲသာသိသွားပါက အပြစ်ဒဏ်က ပိုမိုပြင်းထန်လိမ့်မည်။

“ဒါပေမယ့် ငါ မင်းကို ကျေးဇူးတင်ရမယ်။ မင်းတို့ရဲ့ အခုလိုမတရားမှုတွေ မရှိခဲ့ရင် ငါ့ ကောင်းကင်ဓားကျောင်းတော်က ပါရမီရှင်တစ်ယောက်ကို လက်လွှတ်ရတော့မလို့”

အကြီးအကဲကျန်းက စကားပြောပြီးနောက် ဝူယွမ်ကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးမျာထဲတွင်လည်း ချီးကျူးဂုဏ်ပြု မှုများဖြင့် ပြည့်နှက်နေပြီး ကမ္ဘာ့အဖိုးတန်ဆုံး ရတနာကို ကြည့်နေသကဲ့သို့ဖြစ်သည်။

သူသည် အပြည့်အ၀ ချီးကျူးဂုဏ်ပြုလိုက်သည်။

“ကောင်းကင်ဓားကျောင်းတော်မှာ မင်းလို မောက်မာရဲပြီး မောက်မာနိုင်တဲ့ တပည့်တွေ လိုအပ်တယ်။”

“ဒီလိုမျိုး အမှားကို လက်မခံနိုင်တဲ့စရိုက် လက္ခဏာမျိုးနဲ့မှသာ ‘ရူးသွပ်မုန်တိုင်းဓား’ ကိုယ်ခန္ဓာပညာရပ်ထဲက ‘ရူးသွပ်မှု’ ကို လွှတ်ထုတ်နိုင်မှာဖြစ်ပြီး ဒီလို ကြမ်းတမ်းမှုမျိုးကမှ ငါ့ကောင်းကင်ဓားကျောင်းတော်ရဲ့ ထူးခြားတဲ့ နည်းစနစ်တွေကို လေ့ကျင့်ဖို့ အသင့်တော်ဆုံးဘဲ”

All Chapters