အရိပ်တစ်ထောင်ဓားလက်သီး၊ နဂါးပျံသန်းခြင်းကိုးကွက်
Vol. 7 Ch. 66
“ဝေါင်း...”
ကျားဟိန်းသံပါလား
အဖြူရောင်အရိပ်တစ်ခု ခန်းမထဲကို ချက်ချင်းပြေးဝင်လာသည်။
ပိုင်ယွမ်သည် ခြေလှမ်းတစ်လှမ်းချင်းစီ ဝင်ရောက်လာရင်း သားရဲဘုရင်ကဲ့သို့ လူအားလုံးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ပြီး ဝူယွမ်ရှေ့မှာကာ ရပ်လိုက်သည်။
ထိုအရာက ပိုင်ရှင်ကို ကာကွယ်ခြင်းပင်။ ပိုင်ယွမ်၏ အကျင့်လည်းဖြစ်သည်။
သူ့ရှေ့မှာ ဝူယွမ်ကို ဘယ်သူမှ ထိခိုက်အောင် လုပ်ခွင့်မရှိ၊ ပိုင်ယွမ် မနိုင်တောင် ကာပေးအုံးမည်ဖြစ်သည်။
အကြီးအကဲ ကျန်းသည် အံ့အားသင့်သွားသည်၊ သူကိုယ်တိုင် သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်သော်လည်း ထိုအဖြူရောင်ကျားသည် ကြောက်ရွံ့မှုမရှိဘဲ သူ့ကိုပါပြန် ခြိမ်းခြောက်နေသကဲ့သို့ပင်။
“မစိုးရိမ်နဲ့ ပိုင်ယွမ်၊ ကိစ္စမရှိဘူး”
ဝူယွမ်က ပိုင်ယွမ်၏ဦးခေါင်းကြီးကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
အရင်က ပိုင်ယွမ်ကို အခန်းထဲပြန်အနားယူခိုင်းခဲ့သော်လည်း တိုက်ခိုက်မှုလှိုင်းများကို ပိုင်ယွမ် ခံစားမိသွားပြီး အလျင်အမြန် ပြေးလာခြင်းဖြစ်ပေမည်။
“မင်း မွေးထားတဲ့ သားရဲလား”
အကြီးအကဲကျန်းက အံ့အားသင့်စွာမေးလိုက်သည်။
ပိုင်ယွမ်ကဲ့သို့ အရှိန်အဝါနှင့် သားရဲကို သူရှားရှားပါးပါးသာ မြင်ဖူးခြင်းဖြစ်သည်။
သဏ္ဍာန်ပြောင်းအဆင့် သားရဲများတောင် ပိုင်ယွမ်လောက်အရှိန်အဝါ မြင့်မြတ်ခြင်း၊ ကြမ်းကြုတ်ခြင်း မရှိချေ။
“ဟုတ်ပါတယ် အကြီးအကဲ” ဝူယွမ်က အေးဆေးပြန်ဖြေလိုက်သည်။
အကြီးအကဲကျန်း - “ကျောင်းတော်အတွင်းမှာ သားရဲမွေးမြူတဲ့ တပည့်တွေအတော်များများ ရှိပေမဲ့ သူတို့ရဲ့သားရဲတွေက မင်းရဲ့ကျားဖြူနဲ့ မယှဉ်နိုင်ဘူး။ ဒီကျားရဲ့စွမ်းအားသည် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ကျင့်ကြံသူကိုတောင် တိုက်ခိုက်နိုင်လောက်တယ်။ ငါမထင်ထားတာက ချင်းယန်မြို့ငယ်လေးက ကိုယ်ခန္ဓာပညာရပ်ခန်းမငယ်လေးတစ်ခုက မင်းလို ကြီးကျယ်တဲ့ ပါရမီရှင်ကို မွေးထုတ်ပေးနိုင်တဲ့အပြင် ဒီလောက်ပြင်းထန်တဲ့ သွေးမျိုးဆက်ရှိတဲ့ သားရဲကိုပါ ရထားတာကိုဘဲ”
အကြီးအကဲချန်း စိတ်လှုပ်ရှားစွာဖြင့် ဖိတ်ခေါ်လိုက်သည် - “ဝူယွမ် မလား၊ ငါနဲ့အတူ ကောင်းကင်ဓားကျောင်းတော်ကို လိုက်လာမလား၊ စိတ်မပူပါနဲ့၊ ကျောင်းတော်ကိုရောက်ရင် အနည်းဆုံး ကျောင်းတော်အတွင်းစည်းတပည့် မဟုတ်ရင် အဓိကတပည့်ဖြစ်လိမ့်မယ်၊ မင်းလို ထူးချွန်တဲ့ပါရမီရှင်ကို ကျောင်းတော်သခင် သိရင်လည်း ကျေနပ်ဝမ်းသာမှာသေချာတယ်”
“ယွမ်အာ... အကြီးအကဲကြီး ချက်ချင်းသဘောတူလိုက်ပါ။ ကောင်းကင်ဓားကျောင်းတော်ကို ဝင်ရောက်မှ ပိုကောင်းတဲ့ ကျင့်ကြံရေး ပတ်ဝန်းကျင်ကိုရပြီး ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးဆီကို ခြေလှမ်းနိုင်လိမ့်မယ်”
လုံချန်းက ဝူယွမ်ကို စိတ်လှုပ်ရှားစွာဖြင့် နားချလိုက်သည်။
ကျောင်းတော်များ၏ စွမ်းအားကို သူကောင်းကောင်းသိသည်၊ ယင်းတို့သည် ယန်မင်းဆက်အတွင်း အစွမ်းထက်ဆုံးသော အရာများထဲမှ တစ်ခုဖြစ်သည်။ ဝင်ရောက်နိုင်ပြီး ပြန်ထွက်လာသောအခါ ဩဇာရှိတဲ့ပုဂ္ဂိုလ်ကြီးများ ဖြစ်လာကြတာများသည်။
ယန်မြို့တော်လေးက သေးငယ်လွန်းလှပြီး၊ ဝူယွမ် နောက်ဆုံးတွင် ထွက်ခွာရမည်ဖြစ်သည်။
ဝူယွမ် ခဏတိတ်ဆိတ်သွားသည်။ လုံချန်း၏ ရည်ရွယ်ချက်ကို သူနားလည်သည်၊ ကျောင်းတော်၏ အကျိုးကျေးဇူးများကိုလည်း သိသည်။
ထို့အပြင် သူ၏မူလအစဖြစ်သည့် ရူးသွပ်ဓားသိုင်းခန်းမသည် ကောင်းကင်ဓားကျောင်းတော်၏ အစိတ်အပိုင်း ဖြစ်သဖြင့် ကောင်းကင်ဓားကျောင်းတော်သို့ ဝင်ရောက်ခြင်းသည် မူလအစသို့ ပြန်သွားခြင်းပင်ဖြစ်သည်။
“အကြီးအကဲ ကျန်း... အခုကျွန်တော် ကျောင်းတော်တစ်ခုခုကို မဝင်ရောက်လိုသေးပါဘူး။ ကိုယ်တိုင်အပြင်ထွက်လေ့လာချင်ပါတယ်။ ဝင်ရောက်တော့မယ်ဆိုလည်း ကျောင်းတော်ရဲ့ စစ်ဆေးမှုကို ကိုယ်ပိုင်စွမ်းအားနဲ့သာ ဖြတ်ကျော်ပြီး ဝင်ရောက်မယ်”
ဝူယွမ်က သူ၏ရည်ရွယ်ချက်ကို ရိုးရိုးသားသားပြောပြလိုက်သည်။
သို့သော် အကြီးအကဲကျန်းက ဝူယွမ်သည် ချန်းရှုနှင့် အခြားသူများအပေါ် မကျေမနပ်ဖြစ်နေသည်ဟု ထင်လိုက်သည်။
ချန်းရှုနှင့် အခြားသူများ၏ လုပ်ရပ်များက စိတ်ပျက်ဖွယ်ရာဖြစ်သည်ကိုလည်း သူနားလည်သည်။
“မင်းရဲ့ စွမ်းဆောင်ရည်က ကျောင်းတော်ရဲ့အတွင်းစည်း တပည့်အများစုထက် သာလွန်နေပြီ။ စစ်ဆေးမှုဆိုတာက သာမန် လုပ်ငန်းစဉ်တစ်ခုဘဲ။ မင်းသာစိတ်ဝင်စားရင် ငါတို့ ကောင်းကင်ဓားကျောင်းတော်ရဲ့ ကျောင်းတော်အတွင်းစည်းတပည့် တန်းဖြစ်လို့တယ်။ ဒါပေမယ့် ငါအတင်းမတိုက်တွန်းတော့ဘူး။ မင်းမှတ်ထားရမှာက ရူးသွပ်ဓားသိုင်းခန်းမ မင်းစတင်ရာက ငါတို့ ကောင်းကင်ဓားကျောင်းတော်ကို ဝင်ရောက်ပြီးသားဘဲ၊ အဲ့တာကြောင်ြ ကျောင်းတော်ကို နစ်နာစေမယ့် အရာတွေလုံးဝမလုပ်ရဘူး။
ဒါပေမယ့် ကျောင်းတော်ကလည်း မင်းကို မတရားမလုပ်ပါဘူး ငါတို့ဟာ ပါရမီရှင်တပည့်တွေကို အမြဲဦးစားပေးခဲ့ကြတယ်။ ဒါက ကောင်းကင်ဓားကျောင်းတော်ရဲ့ တပည့် သင်္ကေတဘဲ၊ ယူထားလိုက်၊ မင်းအပြင်ထွက်တဲ့အခါ အထောက်အကူဖြစ်လိမ့်မယ်။ ပြီးတော့ ဒီကိုယ်ခန္ဓာပညာရပ်နှစ်မျိုးက ကျောင်းတော်ရဲ့တပည့်တွေ သင်ယူခွင့်ရှိတာမလို့ မင်းကိုငါပေးဖို့ ဆုံးဖြတ်လိုက်တယ်။ တျန်းထောင်မြို့မှာ မင်းကိုစောင့်နေမယ်၊ ကျောင်းတော်ထဲရောက်တဲ့နေ့ကို မျှော်လင့်နေမယ်”
အကြီးအကဲကျန်းက ကောင်းကင်ဓားကျောင်းတော်ရဲ့ သင်္ကေတပါသည့် တံဆိပ်တစ်ခုနှင့် ကိုယ်ခန္ဓာပညာရပ်စာအုပ်နှစ်အုပ်ကို ထုတ်ယူပြီး ဝူယွမ်အား ပေးအပ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒီတပည့် မှတ်ထားပါ့မယ်”
ဝူယွမ်က လက်နှစ်ဖက်ဖြင့် တရိုတသေယူလိုက်သည်။
အရှင်သခင်ကျန်း၏ ကျေးဇူးတရားကို ဝူယွမ် လက်ခံလိုက်သည်။
အခြားသူက ဘက်မလိုက်ဘဲ နေခြင်းသည်ပင် သူမျှော်လင့်ထားသည်ထက် ပိုနေပြီဖြစ်သည်၊ အခုလိုပါ ပေးအပ်မည်ဟု မထင်ခဲ့ပေ။
ထိုအရာက ကျောင်းတော်များက ဆွဲဆောင်မှုရှိကြောင်း သူ့ကိုခံစားရစေပြီး နောက်ပိုင်းအချိန်ရလျှင် သွားရောက်လည်ပတ် သင့်ကြောင်း ထင်မြင်သွားစေသည်။
ဝူယွမ်၏ သဘောထားကို အကြီးအကဲကျန်း အလွန်ကျေနပ်သွားသည်၊ ထိုအရာက ဝူယွမ်သည် ကျောင်းတော်ဘက်မှာ ရှိနေဆဲဖြစ်ပြီး ချန်းရှုနှင့် အခြားသူများကြောင့် စိတ်မပျက်သွားကြောင်း သက်သေပြနေသည်။
ထို့အပြင် ဝူယွမ်က ချန်းရှုနှင့် အခြားသူများကို လုံးဝဂရုမစိုက်ကြောင်းလည်း ဖော်ပြရာရောက်သည်။
အကြီးအကဲကျန်းတွင် ဝူယွမ်အပေါ် မျှော်လင့်ချက် ကြီးကြီးအားအားရှိသည်၊ ဝူယွမ်၏ အနာဂတ်အောင်မြင်မှုက ကန့်သတ်ချက်မရှိဟု ကောက်ချက်ချထားသည်။ ထိုသို့သော ပါရမီရှင်မျိုးသာ ကောင်းကင်ဓားကျောင်းတော်သို့ ရောက်လျှင် ကောင်းကင်ဓားကျောင်းတော်အား ယခင်ကဲ့သို့ ဘုန်းတန်ခိုး ပြန်လည်ထွန်းလင်း တောက်ပစေနိုင်သည်။
ပစ္စည်းများပေးအပ်ပြီးနောက် ထွက်ခွာရန် မလုပ်ခင် အကြီးအကဲကျန်းက ရုတ်တရက်အရာတစ်ခုကို သတိရသွားပြီး ပြောလိုက်သည် -
“အော်သတိရပီ၊ အခု တျန်းယန်တောင်တန်းမှာ ရှေးဟောင်းဂူသင်္ချိုင်းပေါ်လာတယ်၊ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးက ချန်ခဲ့တယ်လို့ပြောတယ်။ ဒီတခါလာရတဲ့ ရည်ရွယ်ချက်က အဲ့ဒီအတွက်ဘဲ။ မင်းစိတ်ဝင်စားလား။ ငါနဲ့အတူ လိုက်မလား။ ငါရှိနေရင် မင်းဘေးကင်းဖို့အတွက် အာမခံနိုင်တယ်”
“မလိုက်ချင်ပါဘူး။ သူတို့နဲ့မလိုက်တော့ဘူး။ ကျွန်တော်သူတို့ကို ရိုက်နှက်လိုက်တာကို သူတို့ကျေနပ်ကြမှာမဟုတ်ဘူး။ သူတို့ကိုဘဲ ကာကွယ်ပေးလိုက်ပါ၊ ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့စွမ်းရည် အနည်းငယ်ရှိပါတယ်”
ဝူယွမ်က ယဉ်ယဥ်ကျေးကျေးဘဲ ငြင်းဆိုလိုက်သည်။
“ကောင်းပြီ ကောင်လေး... သတိထားပါ”
အကြီးအကဲကျန်းက သူ၏လူများကို ခေါ်ဆောင်ကာ သိုင်းခန်းမမှ ထွက်ခွာသွားသော်လည်း သူ၏စိတ်ထဲတွင် နောက်တဖန် လှုပ်ခတ်သွားသည်... “သူ့မှာ တကယ်ပဲ လျှို့ဝှက်ချက်ကြီးရှိတယ်၊ သဏ္ဍာန်ပြောင်းအဆင့် စွမ်းအားရှင်တွေကို မကြောက်သလို၊ ငါ့ရဲ့အကာအကွယ်ကိုလည်း လုံးဝဂရုမစိုက်ဘူး။”
“ငါလာတာ မှန်သွားတယ်”
အရှင်သခင်ကျန်းက ကံကောင်းသည်ဟု ခံစားနေရသည်။ မဟုတ်ပါက ဝူယွမ်ကဲ့သို့ ကောင်းကင်ဓားကျောင်းတော်သို့ ရောက်သင့်သည့် ပါရမီရှင်သည် ချန်းရှုနှင့် အခြားသူများကြောင့် ဆန့်ကျင်ဘက်အုပ်စုသို့ ရောက်သွားနိုင်သည်။
ဝူယွမ်က အကြီးအကဲကျန်းပေးခဲ့သည့် ကိုယ်ခန္ဓာပညာရပ်စာအုပ်နှစ်အုပ်ကို ကောက်ယူကာ ဖတ်ကြည့်လိုက်သည်။
တစ်ခုမှာ အဆင့်ခြောက် အလယ်အလတ် ကိုယ်ခန္ဓာပညာရပ်ဖြစ်သည့်...
“အရိပ်တစ်ထောင်ဓားလက်သီး”
နောက်တစ်ခုကတော့ အဆင့် ခုနှစ် အဆင့်မြင့် ကိုယ်ခန္ဓာပညာရပ်ဖြစ်သည့်...
“နဂါးပျံသန်းခြင်းကိုးကွက်”
“ဒီလောက်ရက်ရောတယ်လား...” ဝူယွမ်၏ နှလုံးသား တဒိန်းဒိန်းခုန်နေသည်။
အဆင့်မြင့် ကိုယ်ခန္ဓာပညာရပ်များကို သူအခုအချိန်တွင် လိုအပ်နေသည်။
စွမ်းအားမြင့်တက်လာသည်နှင့်အမျှ အဆင့် သုံး နှင့် အဆင့်လေး ကိုယ်ခန္ဓာပညာရပ်များသည် သူ၏စွမ်းအားကို အပြည့်အဝ ဖော်ပြနိုင်ခြင်းမရှိတော့ပေ။
ယန်မြို့တော်ကဲ့သို့သော နေရာတွင် အဆင့် ငါး ထက်မြင့်သည့် ကိုယ်ခန္ဓာပညာရပ်ကို ရှာဖွေရန် မဖြစ်နိုင်လောက်အောင်ခက်ခဲသည်၊ ငွေဖြင့်ဝယ်၍မရနိုင်ပေ။
အစက နောက်ပိုင်း ကောင်းကင်ဓားကျောင်းတော်သို့ ၀င်ရန် မသေချာမရေရာဖြစ်နေသော်လည်း အခု ဒီလောက်ပေးအပ်လာသဖြင့် မတွန့်ဆုတ်တော့ပေ။
အကြီးအကဲကျန်းက သူ့ကို တကယ်ပဲ အရေးပေးထားသည် မဟုတ်လျှင် တန်ဖိုးကြီးသည့် ကိုယ်ခန္ဓာပညာရပ်များကို ပေးအပ်မည်မဟုတ်ပေ။
၀ူယွမ်သာ မသွားလျှင် အကြီးအကဲကျန်းကို စိတ်ပျက်စေလိမ့်မည်။
ထို့အပြင် ဝူယွမ်ကို အဓိက ဆွဲဆောင်သည်မှာ ကျောင်းတော်ကြီး၏ အရင်းအမြစ်များဘဲဖြစ်သည်၊ ကောင်းသည့်ပစ္စည်းများအများကြီးရှိသဖြင့် မယူဘဲထားလျှင် နစ်နာပေမည်။
“မြန်မြန်လေ့ကျင့်မှရမယ်၊ ရှေးဟောင်းဂူသင်္ချိုင်း အတွက် အချိန်မီပြင်ဆင်ဖို့ရာ”
ဝူယွမ်သည် ကိုယ်ခန္ဓာပညာရပ်စာအုပ်များကို ယူဆောင်ပြီး သူ၏အိမ်ကလေးဆီသို့ ပြန်သွားကာ လေ့ကျင့်တော့သည်။
သူက ပထမဆုံး “အရိပ်တစ်ထောင်ဓားလက်သီး” ကို လေ့ကျင့်လိုက်သည်။ ဤကိုယ်ခံပညာသည် လက်သီးနှင့်� ဓားပညာရပ် နှစ်မျိုးလုံးကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး၊ လက်ကို ဓားအဖြစ်အသုံးပြု၍ လေ့ကျင့်ရသည်။
ထိုကိုယ်ခန္ဓာပညာရပ်သည် အရှိန်ကို အခြေခံပြီး၊ အနီးကပ်တိုက်ခိုက်မှုအတွက် သင့်တော်သည်။ ကျွမ်းကျင်အောင်မြင် သွားလျှင် သုံးပေအတွင်းသည် လက်သီးဓား၏ နယ်ပယ်ဖြစ်သွားပြီး ချင်းကပ်လာသမျှ လက်သီးဓား စာမိလိမ့်မည်ဖြစ်သည်။
သို့သော် လေ့ကျင့်ရန် အနည်းငယ်ခက်ခဲသည်၊ ပထမဆုံး လက်ကို လေ့ကျင့်ရန် လိုအပ်သည်၊ လက်များကို အတိုင်းအတာတစ်ခုအထိ မာကျောအောင် လေ့ကျင့်ရသည်။
ထိုအရာသည် နှေးကွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ ဤအဆင့်အတွက် အချိန်အများကြီးလိုအပ်သည်။
“ဟမ်... ငါက မှော်ကျောက်စိမ်းလက်နဲ့ ပေါင်းသုံးလို့ရလောက်တယ်”
ဝူယွမ် ရုတ်တရက် အကြံရသွားသည်။
သူက မှော်ကျောက်စိမ်းလက်ကို အချိန်အတော်ကြာ လေ့ကျင့်ထားပြီး မှော်ကျောက်စိမ်းလက် လေ့ကျင့်နည်းက အရိပ်တစ်ထောင်လက်သီးသိုင်း လေ့ကျင့်နည်းထက် ပိုနက်ရှိုင်းသည်ကို တွေ့လိုက်ရသည်။
“မှော်ကျောက်စိမ်းလက်ကို အခြေခံပြီး လက်သီးဓားနည်းလမ်းကို တိုက်ရိုက်အသုံးချ နိုင်လောက်တယ်”
ဝူယွမ်က ချက်ချင်း စမ်းကြည့်လိုက်သည်။
ဟစ်... ဟစ်... ဟစ်... သူ၏ ကျောက်စိမ်းကဲ့သို့ လက်များသည် မာကျောလွန်းလှပြီး ဓားတစ်ချောင်းကဲ့သို့ လှုပ်ရှားနေသည်၊ ခရမ်းရွှေရောင် ယွမ်ဒန်စွမ်းအင်သည်လည်း ထက်မြက်သော ဓားသွားကဲ့သို့ လက်ပေါ်တွင် စုစည်းလာသည်။
လက်သီးဓားဖြင့် ခုတ်လိုက်သည်နှင့် ကျောက်တုံးကြီးတစ်တုံးသည် စက္ကူကဲ့သို့ နှစ်ပိုင်းပြတ်သွားသည်။
“ဒီလောက်တောင် စွမ်းအားပြင်းတယ်လား၊ တကယ်အလုပ်ဖြစ်တယ်၊ ပိုပြီးတော့တောင် အားကောင်းလာသေးတယ်”
ဝူယွမ်သည် အံ့အားသင့် ဝမ်းသာသွားပြီး အော်ဟစ်လိုက်မိသည်။
မှော်ကျောက်စိမ်းလက် ပညာရပ်က သူ့ကို အချိန်အများကြီး ချွေတာပေးလိုက်သည်။
ထို့နောက် သူက “နဂါးပျံသန်းခြင်းဓားကိုးကွက်” ကို လေ့လာလိုက်သည်။
ထိုကိုယ်ခန္ဓာပညာရပ်သည် အဆင့် ခုနှစ် ဖြစ်ပြီး၊ အဆင့်မြင့် ကိုယ်ခံပညာတစ်ခုဖြစ်သည်။
အဆင့် ခြောက် နှင့် ခုနှစ် ကြားက တစ်ဆင့်သာကွာသော်လည်း၊ အဲ့ကြားထဲတွင် ကြီးမားသော ကွာဟချက်ကြီးတစ်ခု ရှိသည်။
တစ်ခုက အဆင့်မြင့်ဖြစ်ပြီး၊ နောက်တစ်ခုက အလယ်အလတ်ဖြစ်သဖြင့် စွမ်းအားက ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသည်။
နဂါးပျံသန်းခြင်းကိုးကွက် သည် ရွေ့လျားမှုနည်းစနစ်နှင့် ဓားနည်းစနစ်ကို ပေါင်းစပ်ထားသည့် ကိုယ်ခန္ဓာပညာရပ် တစ်ခုဖြစ်ပြီး အရိပ်လက်သီးဓားတစ်ထောင် နှင့်ဆင်တူသည်၊ နဂါးပျံသန်းခြင်းဓားကိုးကွက်သည်လည်း ပထမဆုံး နဂါးပျံရွေ့လျားမှုနည်းလမ်းကို သင်ယူရန် လိုအပ်သည်။
ကံကောင်းစွာဖြင့် ဝူယွမ် ကျွမ်းကျင်ထားသည့် ရွေ့လျားမှုနည်းလမ်း တစ်ခုဖြစ်သည့် တစ္ဆေအရိပ်လှည့်စားခြင်း သည်လည်း နဂါးပျံ ရွှေ့လျှားမှုနည်းလမ်းနှင့် တူညီမှုရှိသည်ကို တွေ့ရသည်။
နဂါးပျံရွေ့လျားမှုနည်းလမ်းသည် ဓားစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုအာရုံစိုက်ရသော်လည်း...
တစ္ဆေအရိပ်လှည့်စားခြင်းသည် ရှောင်တိမ်းရန်ကို ပိုအာရုံစိုက်ရသည်။
သို့သော် နှစ်ခုလုံး၏ အကွက်များက တူညီနေပြီး- ခြေလှမ်းများ ကန့်သတ်ခြင်းမရှိဘဲ၊ နှစ်ခုလုံးက ပေါင်းစပ်အသုံးပြု၍ရနေသည်။
တစ္ဆေအရိပ်လှည့်စားခြင်းကို အခြေခံပြီး နဂါးပျံရွေ့လျားမှုနည်းလမ်းကို လေ့ကျင့်ခြင်းသည် လွယ်ကူလွန်းလှသည်။
ထိုအရာက ဝူယွမ်အား တစ်ရက်အတွင်း ကိုယ်ခန္ဓာပညာရပ်နှစ်မျိုးလုံးကို ကျွမ်းကျင်စေသည်။
“ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းက အခုထိ အလွန်အသုံးဝင်နေသေးတာဘဲ”
ထိုပညာရပ်နည်းလမ်းသည် ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားသည်၊ အခြေခံကိုယ်ခန္ဓာပညာရပ်များတွင် ပြီးပြည့်စုံဆုံးဖြစ်ပြီး၊ လက်တွေ့အကျဆုံးဖြစ်သည်။
ဒီကမ္ဘာ၏ စွမ်းအားပြင်းကိုယ်ခန္ဓာပညာရပ်များနှင့် နှိုင်းယှဉ်လျှ�င် အားနည်းချက်ရှိနိုင်သော်လည်း ဒီကမ္ဘာ၏ ကိုယ်ခန္ဓာပညာအားလုံးကို အဆင့်တစ်ခုထိ မြှင့်တင်ပေးနိုင်စွမ်းရှိသည်။
အထူးသဖြင့် စွမ်းအားပြင်းနတ်ဆိုးမျက်စိကို ဝူယွမ်က ဝိညာဉ်စွမ်းအင်နှင့်ပေါင်းစပ် အသုံးပြုခြင်းက စွမ်းဆောင်ရည်ကို နှစ်ဆတိုးစေလာပြီး ဝိညာဉ်အဆင့် လျှို့ဝှက်ပညာရပ် တစ်ခုအဖြစ်တောင် သတ်မှတ်နိုင်သည်၊ အဆင့်မြင့် ဝိညာဉ်အဆင့် လျှို့ဝှက်ပညာရပ်များထက်ပင် ပိုထိရောက်သေးသည်။
သို့သော် ထိုပညာရပ်၏အစွမ်းကို အပြည့်အဝပြသရန် အခြားလျှို့ဝှက်နည်းများနှင့် ပေါင်းစပ်အသုံးပြုရန် လိုအပ်သည်။
ထို့အပြင် ဝူယွမ် ရူန်းများကို လေ့ကျင့်သောအခါ ထိုရှုပ်ထွေးသောပုံစံများသည် အမြင်အားကောင်းရန် လိုအပ်သည်။
မူလရူန်း လျှို့ဝှက်ချက် ကိုလေ့ကျင့်ရာတွင် စွမ်းအားပြင်းနတ်ဆိုးမျက်စိက အဓိကနေရာမှ ပါ၀င်သည်။
...လင်းမိသားစု။
လင်းတုန်သည် ကျောက်လက်ဖွဲ့အတွင်း ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းမှ ကိုယ်ခန္ဓာပညာရပ်များကို လေ့ကျင့်နေသည်။
ရှောင်ဒေါင် - “လင်းတုန်၊ မင်းရဲ့ ကိုယ်ခန္ဓာပညာရပ်တွေက တကယ့်ကို အံ့သြစရာပဲ၊ ငါ့တောင် မျက်လုံးပြူးသွားတယ်၊ ဒီလိုပြည့်စုံတဲ့ ကိုယ်ခန္ဓာပညာရပ်က အဆင့်နိမ့်ကိုယ်ခန္ဓာပညာရပ်တစ်ခု ဘယ်လိုဖြစ်နေလဲ ငါမစဉ်းစားတတ်ဘူး။ သူ့ရဲ့ ကိုယ်ခန္ဓာပညာရပ် အစွမ်းက အားနည်းတယ်ဆိုပေမယ့် စနစ်ကျမှု၊ ပြည့်စုံမှုကတော့ ငါမြင်ဖူးတဲ့ ဘယ်လေ့ကျင့်ရေးနည်းလမ်းထပ်မှ မလျော့ဘူး။ လူတစ်ယောက် စတင်လေ့ကျင့်ဖို့အတွက် ပြီးပြည့်စုံဆုံး ကိုယ်ခန္ဓာပညာရပ်လို့တောင် ပြောလို့ရတယ်”
“ဘာကိုဆိုလိုတာလဲ။ ငါ့အစ်ကိုကြီးက ဒါကိုသင်ပေးထားတာ၊ ဒီလေ့ကျင့်ရေးနည်းလမ်းက တစ်ခုခု ထူးခြားနေတာလား”
လင်းတုန်က နားမလည်ဘဲ မျှော်လင့်ချက် အနည်းငယ်ဖြင့် မေးလိုက်သည်။
“ဘယ်အဆင့် ကိုယ်ခန္ဓာပညာရပ်ဖြစ်နိုင်လဲ”
ရှောင်ဒေါင်က သူ၏သေးငယ်သော အနက်ရောင်ဦးခေါင်းကို ပွတ်သပ်ကာ စဉ်းစားနေသည်။ လင်းတုန် ကောင်းကင်ဘုံတန်ခိုးမှတ်တမ်း လေ့ကျင့်သည်ကို သူ အချိန်အတော်ကြာကြာ ကြည့်နေခဲ့ပြီး သူ၏နားလည်မှုသည် လင်းတုန်ထက်ပင် နက်ရှိုင်းသည်။
“စွမ်းအားမကြီးဘူး၊ ဒါပေမဲ့ ပြောရရင် စွမ်းအားအလွန်မှာဘဲ”
“ဘယ်လိုပြောရမလဲ။ အဆင့်သတ်မှတ်ချက်အရဆိုရင်”
ရှောင်ဒေါင်က ဦးခေါင်းကို နောက်တစ်ဖန် ပွတ်သပ်ကာ သင့်တော်သော ဖော်ပြချက်တစ်ခုကို စဉ်းစားနေသည်။
“ဒါ... ဒါက ပြီးပြည့်စုံစွာ အားနည်းနေတဲ့ ကိုယ်ခန္ဓာပညာရပ်မျိုးဘဲ၊ နားလည်လား”