← Chapters

လင်းခဲ့အာ ၊ ချစ်စရာ ကျားဖြူကလေး

Vol. 7 Ch. 67

လင်းခဲ့အာ ၊ ချစ်စရာ ကျားဖြူကလေး

Vol. 7 Ch. 67

“ပိုင်ယွမ်၊ သွားကြရအောင်၊ လင်းတုန့်ကို ရှာသွားကြမယ်”

ဝူယွမ်သည် ပိုင်ယွမ့်ကို ခေါ်ကာ ကျွမ်းကျွမ်းကျင်ကျင်ဘဲ သူမ၏ကျောပေါ်သို့ တက်လိုက်သည်။

“အီး... ဟေ့...”

ထို့နောက် သူသည် ပိုင်ယွမ် ပုတ်လိုက်သည်နှင့် သူမက ချက်ချင်း ပြေးထွက်သွားပြီး လမ်းတစ်လျှောက် ဖုန်တန်းကြီး တစ်ခုဖြစ်သွားလေသည်။

သိပ်မကြာလိုက်ဘဲ သူတို့ လင်းမိသားစုသို့ ရောက်ရှိလာကြသည်။

လင်းမိသားစု၏ တံခါးဝတွင် ဝူယွမ်သည် ဇိမ်ခံလှည်းရထားပုံစံ ခမ်းနားသော လှည်းများစွာကို တွေ့မြင်လိုက်ရသည်။

“အိုး... ဟုတ်ပြီ၊ လင်းမိသားစုဆီကိုလည်း အရေးကြီးတဲ့ ဧည့်သည်တွေ ရောက်လာကြတယ်ထင်တယ်”

ဝူယွမ် ချက်ချင်းနားလည်သွားသည်၊ ရှေးဟောင်းဂူသင်္ချိုင်း ပေါ်ထွန်းလာသည်နှင့်အတူ အဓိကလင်းမိသားစုကြီးကလည်း လူများစေလွှတ်ခဲ့ကြသည်။

သူတို့က ယန်မြို့ကို ရောက်လာမှတော့ လင်းမိသားစုထံ လာရောက်လှည့်ပတ်တာ သဘာ၀ကြသည်။

ဝူယွမ်က ပိုင်ယွမ်ကို စီးလျက် လင်းတုန့်ကို တိုက်ရိုက်ရှာဖွေလေသည်။

သူတို့က လေ့ကျင့်ရေးကွင်းရှေ့ကို ရောက်သွားပြီး ထိုနေရာတွင် လူငယ်များစွာ လက်ရည်စမ်းနေကြသည်။

ဝူယွမ်က လင်းတုန်ကို ထိုနေရာတွင် မြင်လိုက်ရပြီး စိတ်ဝင်စားသွားကာ လေ့ကျင့်ရေးကွင်းနား ကပ်သွားခဲ့သည်။

လင်းတုန့်နှင့် လင်းမိသားစုမှ လူငယ်လေးဦး ရင်ဆိုင်နေကြပြီး နှစ်ဖက်ကြားလေထုက အနည်းငယ် တင်းမာနေပုံရသည်။

“အိုး... မှတ်မိသေးတယ်၊ နောက်ဆုံးအကြိမ် မိသားစုအစည်းအဝေးမှာတုန်းက အမှိုက်က မင်းတို့ဆီက လာခဲ့တာဘဲ”

လေးယောက်ထဲက အသားမဲမဲ လူငယ်တစ်ယောက်က သရော်ဟန်ဖြင့် ရှုံ့ချပြောဆိုလိုက်သည်။

ထိုစကားကိုကြားလျှင် လင်းတုန်၏မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး တစ္ဆေအရိပ်လှည့်စားခြင်း ခြေလှမ်းများဖြင့် အလွန်မြန်ဆန်စွာ ရွေ့လျားပြီး ရှေ့တက်တိုက်ခိုက်လိုက်သည်။

“‌ဖောက်”

သူက ထိုလူငယ်၏ ပါးကို ရိုက်နှက်လိုက်ပြီး လူငယ်၏ သွားများ လေပေါ်ပျံဝဲသွားပြီး ချက်ချင်း သတိလစ်သွားသည်။

လင်းတုန်၏ ရိုက်နှက်မှုက သူဒေါသဘယ်လောက် ထွက်နေကြောင်း သိသာသည်။

“ကောင်လေး မင်းကသူ့ကိုရိုက်ရဲတယ်လား”

“သူ့ကိုဖမ်းလိုက်၊ အဆင့်နိမ့်မိသားစုက လူတစ်ယောက်က ဒီလောက်ရဲရဲတင်းတင်း လုပ်ရဲတယ်လား”

ကျန်တဲ့လူသုံးယောက်က လင်းတုန်ကို ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

လင်းတုန် လက်ရမ်းလိုက်သည်နှင့် ရေခဲပုံဆောင်ခဲ ဓားတိုတစ်ချေညင်း လျင်မြန်စွာ ထွက်လာပြီး ချက်ချင်း အနားကပ်လာသောသူ၏ လည်ပင်းကို ဖိကပ်ထားလိုက်သည်။

“ယွမ်ဒန်အဆင့် သေးငယ်‌သောအောင်မြင်မှုအဆင့် မှာဘဲရှိသေးတဲ့ သူက ငါ့ရှေ့မှာ ဘာမျှအဖြစ်မရှိဘဲ ကြွားဝါနေရဲတယ်။ မင်းက ဘာလဲ”

လင်းတုန်၏ အားပြင်းသော ဝိညာဉ်စွမ်းအင် ဖိအားသည် ထိုလူကို ဖုံးလွှမ်းသွားကာ အလွန်အေးစက်သောအသံဖြင့် ပြောလိုက်သည်။

ဖိအားအောက်တွင် ထိုလူငယ်လေး ချက်ချင်း ဒူးထောက်သွားသည်။

ကျန်နှစ်ယောက်က တက်လာဖို့လုပ်နေစဉ်။

“မိုးကြိုးလှိုင်းတုန်ခါခြင်း”

လင်းတုန်က ဝိညာဉ်စွမ်းအင် လျှို့ဝှက်ပညာရပ်ကို ထုတ်လွှတ်လိုက်ပြီး နှစ်ယောက်လုံးကို သတိလစ်သွားစေသည်။

“ထွက်သွား၊ ငါတို့လေ့ကျင့်နေတာကိုလာ မနှောင့်ယှက်နဲ့”

လင်းတုန်က သူ၏ ရေခဲပုံဆောင်ခဲဓားကို ပြန်သိမ်းရင်း ပြောလိုက်သည်။

ထိုလူငယ်က ကျန်သုံးယောက်ကို မတ်တတ်ရပ်နိုင်အောင် ကူညီပေးရင်း ဆုတ်ခွာလာသည့်အချိန်တွင် ဝူယွမ်က ခနဲ့လိုက်သည်။

“မင်းရဲ့မိသားစုမှာလည်း စိတ်ရှုပ်စရာ ယင်ကောင်တွေ ရောက်လာတာလား”

ဝူယွမ်သည် ပိုင်ယွမ်၏ကျောပေါ်တွင် စီးလျက် ထိုလေးယောက်ကို တစ်ချက်တောင်မကြည့်ဘဲ လင်းတုန်ကို ပြောလိုက်သည်။

“ယင်ကောင်”

သူ့အဖေဆီမှ အကူညီတောင်းရန် ဆုတ်ခွါလာသော လင်းဖန်းသည် ဝူယွမ်၏ ကျောပြင်ကို တိတ်တဆိတ် လှည့်ကြည့်လိုက်ပြီး ဝူယွမ်ကို မှတ်ထားလိုက်သည်။

“အစ်ကိုကြီး”

လင်းတုန် အံ့အားသင့်သွားပြီး နှုတ်ဆက်လိုက်သည်။

သူ့အစ်ကိုကြီးကို မြင်လိုက်ရသည်နှင့် သူ၏ တင်းမာနေသောစိတ်မှာ ချက်ချင်း ပြေလျော့သွားသည်။

“အစ်ကိုကြီးရဲ့ ခန်းမကိုလည်း ရောက်လာကြတယ်လား”

“ဟုတ်တယ်၊ ရှေးဟောင်းဂူသင်္ချိုင်းရဲ့သတင်းထွက်ပေါ်လာတာနဲ့ ယန်မြို့တစ်မြို့လုံး လူထူထပ်သွားတယ်”

“ငါမင်းကိုလာရှာတာက ရှေးဟောင်းဂူသင်္ချိုင်း အတွက် ပြင်ဆင်ထားဖို့ဘဲ။ အစ်မရွှမ်စု ရထားတဲ့သတင်းအရ ရှေးဟောင်းဂူသင်္ချိုင်းမှာ ပြင်းထန်ယင် နဂါးတံတွေးသစ်သီး ရှိတယ်၊ အဲ့တာကချင်းတန်ကို ယင်ဒန် စုစည်းနိုင်အောင် ကူညီပေးနိုင်တယ်”

“အစ်ကိုကြီး၊ ကျွန်တော်လည်း အကိုကြီးကို ဒီအကြောင်းပြောဖို့ စောင့်နေတာ၊ နိဗ္ဗာန် အဆင့်ရှိ ကျင့်ကြံသူရဲ့ ဂူမှာ ရတနာတွေအများကြီးရှိလိမ့်မယ်။ ကျွန်တော်တို့ညီအစ်ကိုတွေ သွားကြရ‌အောင်”

လင်းတုန်လည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ရှောင်ဒေါင်က ရှေးဟောင်းဂူသင်္ချိုင်းအကြောင်း ကြားသည့်အချိန်မှစ၍ သူ့ကိုဆက်တိုက်နှောင့်ယှက်ကာ သွားခိုင်းနေသည်။

လင်းတုန်က သွားချင်သော်လည်း သူ၏စွမ်းရည်မလုံလောက်မှာကို စိုးရိမ်နေသည်။

ထို့ကြောင့် အစ်ကိုကြီးနှင့် အတူသွားပါက သူစိတ်ပူစရာမလိုပေ။

ရှောင်ဒေါင်၏ဆန္ဒမှာလည်း သူ့ကို အစ်ကိုကြီးနောက်ကို လိုက်ခိုင်းရန်ဖြစ်သည်။

နှစ်ယောက်သားစကားပြောနေစဉ်အတွင်း လင်းရှားက လှပသော ခြေတံရှည်လေးများဖြင့် ပြေးလာခဲ့သည်။

“လင်းတုန်၊ အဖိုးက နင့်ကို ခန်းမကြီးထဲ လာဖို့ ခေါ်လိုက်သည်”

သူမသည် ရင်ဘက်ကို ပွတ်သပ်ကာ အသက်ရှုမှန်အောင်လုပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီးဝူယွမ်၊ အစ်ကိုလည်း ရောက်နေပြီလား”

သူမ၏ လှပသောမျက်လုံးများသည် ဝူယွမ်အပေါ်တွင်သာ အာရုံစိုက်နေပြီး သူမ၏ နှလုံးသားသည်လည်း တဒိန်းဒိန်းခုန်နေသည်။

လင်းတုန်က နှစ်ဦးကြားထဲမှပိတ်ရပ်လိုက်ပြီး လင်းရှား အစ်ကိုကြီးကို ဆက်ကြည့်မနေနိုင်အောင် တားလိုက်သည်။

“အစ်မလင်းရှား၊ ဘာကိစ္စလဲ”

လင်းတုန်၏ မျက်နှာအမူအရာကို တွေ့ရသောအခါ လင်းရှား နားလည်သွားသည်။

“လင်းမိသားစုကြီးက လူတွေကို နင် ရိုက်လိုက်တာလား”

လင်းတုန် - “သူတို့က သွားတိုင်ကြတယ်လား”

လင်းရှား - “သူတို့က တိုင်တော့မတိုင်ဘူး၊ ဒါပေမယ့် သူတို့ရဲ့ သူငယ်ချင်းတွေကိုခေါ်ဖို့ သွားကြတယ် ထင်တယ်”

“ဘာကြောင့်လဲတော့မသိတော့ဘူး၊ ဒီတစ်ခါ လင်းမိသားစုအကြီးက လူတွေအများကြီး ရောက်လာကြတယ်၊အဲ့ထဲက အများစုကတော့ လူငယ်တွေပါ။ နင့်ရဲ့ စွမ်းရည်နဲ့ဆိုရင် လင်းဖန်လိုလူမျိုးကို စိုးရိမ်စရာမလိုဘူး၊ ဒါပေမယ့် လူနှစ်ယောက်ကိုတော့ သတိထားရမယ်”

“တစ်ယောက်ကယောကျာ်းလေးဖြစ်ပြီး နောက်တစ်ယောက်ကမိန်းကလေးဘဲ။ အဖေပြောတာကြားတာတော့ ဒီလူနှစ်ယောက်က လင်းမိသားစုကြီးအတွင်းမှာတောင် ထူးချွန်တယ်လို့ သတ်မှတ်ခံရတယ်တဲ့။ ယောက်ျားလေးကို လင်းချန်းလို့ခေါ်ပြီး မိန်းကလေးက လင်းခဲ့အာလို့ခေါ်တယ်”

“ကောင်းပြီ၊ ကျွန်တော်သွားလိုက်မယ်”

လင်းတုန်သည် မျက်ခုံးပင့်ရင်း ပြောလိုက်သည်။

ထို့နောက် သူသည် ဝူယွမ်ထံသို့ လှည့်ကာ အနည်းငယ် မအီမသာဖြစ်နေသည့်ပုံဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီး၊ချင်းတန်ဆီ သွားပြီး ခဏစောင့်ပေးပါလား။”

လင်းရှားက လင်းတုန့်ကို ဆွဲကာ တွန်းအားပေးလိုက်သည်။

“အိုး... လင်းတုန်၊ မြန်မြန်သွား၊ အစ်ကိုကြီးဝူယွမ်ကို ကျွန်မဆီလွှဲထားလိုက်”

ဝူယွမ်သက လင်းရှား သူ့အနားသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

“လင်းရှား၊ ဒီနေ့ လင်းမိသားစုမှာ ဧည့်သည်ရောက်နေတော့ မင်းအလုပ်များနေမှာဘဲ။ ငါက လင်းမိသားစုကို နေသားကျပြီးသား၊ ကိုယ့်အိမ်လိုဘဲ၊ ငါ့ကိုပူဖို့မလိုဘူး၊ ရှောင်ယန်ကို သွားရှာပြီး ပိုင်ယွမ်ကို ရှောင်ယန်နဲ့ကစားခိုင်းထား လိုက်အုံးမယ်”

ဝူယွမ်သည် မြန်မြန်ဆန်ဆန်ဘဲ ယဉ်ကျေးစွာ ငြင်းဆိုလိုက်ပြီး ပိုင်ယွမ်ကို စီးကာ ထွက်ခွာသွားသည်။

လင်းရှားက သူ့ကို စိတ်ဝင်စားနေသည်ကို သူသိထားပြီး ချက်ချင်း ပြတ်ပြတ်သားသား လုပ်လိုက်ရသည်။

သူက လင်းတုန်၏ ညီမလေးကို ယူထားပြီးသားဖြစ်သည်၊ သူမ၏ အစ်မကြီးကိုပါ ထပ်ချိန်ရန် မဖြစ်နိုင်ပေ။

လူတစ်ယောက်က ထိုသို့သောအရာကို မလုပ်သင့်ပေ။

“အစ်ကိုကြီးဝူယွမ်... အစ်ကိုကြီးဝူယွမ်...”

လင်းရှားသည် ခြေလှမ်းနှစ်လှမ်းလောက် လိုက်ပြီး စိတ်မကောင်းဖြစ်ကာ အော်ခေါ်သည်။

ဝူယွမ် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူမ ဒေါသထွက်သွားပြီး ခြေကန်လိုက်ကာ ခြေထောက်ရှည်လေးနှစ်ချောင်းကို အခြင်းခြင်း ပွတ်တိုက်နေသည်။

“အစ်မလင်းရှား၊ ငါမြင်တာတော့ ဝူယွမ်က မင်းရဲ့ခြေထောက်ရှည်‌တွေထက် ချင်းတန်ကို ပိုစိတ်ဝင်စားပုံရတယ်”

ထိုအချိန်တွင် လင်းဟုန်က ချဉ်းကပ်လာပြီး ပြောင်လိုက်သည်။

“လင်းဟုန်၊ မင်း ရိုက်ခံချင်နေတာလား” လင်းရှာက စိတ်ဆိုးစွာဖြင့် “လာ၊ အစ်မက မင်းရဲ့လေ့ကျင့်မှုဘယ်လိုရှိလဲဆိုတာ ကြည့်မယ်”

ပြောပြီးသည်နှင့် သူမက လင်းဟုန်ကို ရှင်းပြခွင့်မပေးတော့ဘဲ ခြေတံရှည်များဖြင့် ထပ်ကာထပ်ကာ ကန်ကျောက်လိုက်သည်။

ဝူယွမ်က ချင်းတန်၏ အခန်းရှေ့သို့ ရောက်ရှိလာသည်၊ ရှောင်ယန်ကတော့ တံခါးဝတွင် နေပူစာလှုံရင်း လဲလျောင်းနေလေသည်။

“ဝူးး ဝူးးး ဝူး”

ဝူယွမ်နှင့် ပိုင်ယွမ် ရောက်လာသည်နှင့် ရှောင်ယန်သည် ပျော်ရွှင်စွာ ခုန်ပေါက်ပြီးနှုတ်ဆက်လိုက်သည်။

သို့သော် သူမ၏အစ်မက တည်ကြည်ဝံ့ကြွားသော ကျားဖြူသဘာဝကို ဆက်လက်ထိန်းသိမ်းထားပြီး ဝူယွမ်က သူမကို ထားခဲ့ကာ ချင်းတန်၏အခန်းထဲသို့ ဝင်သွားသောကြောင့် အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံရသည်။

“အစ်ကိုဝူယွမ်၊ အစ်ကိုရောက်လာတာလား”

ချင်းတန်သည် အိပ်ရာပေါ်တွင် ထိုင်ပြီး ကျင့်ကြံနေရင်းမှ မျက်လုံးဖွင့်ကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

ဝူယွမ်က သူ့ကို သန့်ရှင်းစင်ကြယ် ရွေ့လျားမှု အခန်း ကို သင်ပေးပြီးနောက်ပိုင်း ချင်းတန်က အဆက်မပြတ် ကြိုးစားအားထုတ် ကျင့်ကြံနေခဲ့သည်။

“မင်းလေ့ကျင့်နေတာ ဘယ်လို အခြေအနေရှိလဲဆိုတာ စစ်ဆေးဖို့ လာတာ”

“အမ်”

ဝူယွမ်သည် ချင်းတန်နားကပ်သွားပြီး လက်ဖြင့်နေရာစုံထိကာ စစ်ဆေးရန် စတင်တော့သည်။

လင်းတုန် မရှိသည့်အတွက် သူ၏စစ်ဆေးမှုက အနည်းငယ် ရဲတင်းလာသည်။

နွေးထွေးသော စစ်ဆေးမှုတစ်ခုပြီးနောက်၊ ချင်းတန်၏ ဝိညာဉ်စွမ်းအင်သည် အမှန်တကယ် များစွာ တိုးတက်လာခဲ့ပြီး၊ သူမက သဘာ၀ဝိညာဉ်အဆောင်တစ်ခုကို စုစည်းကာ အဆင့်တစ် အဆောင်သခင် ဖြစ်လာခဲ့သည်။

အပြင်ဘက်တွင် ပိုင်ယွမ်က စိတ်ပျက်လက်ပျက် ဖြင့်ရှိနေပြီး သူမ၏ တက်ကြွနေသော မောင်ငယ်ကို လျစ်လျူရှုကာ လမ်းလျှောက်ထွက်လာခဲ့သည်။

သူတို့ လင်းမိသားစုဆီ ရောက်တိုင်း သူ့သခင်က အခန်းထဲသို့ ဝင်သွားပြီး အတော်ကြာတဲ့အထိ မထွက်လာတော့ပေ။

ပိုင်ယွမ် နားမလည်နိုင်ဖြစ်နေသည်။ သူမကို စီးရတာက ပိုမကောင်းဘူးလား။ သူမက သခင်အား စွန့်စားခန်း အမျိုးမျိုးကို ခေါ်ဆောင်သွားနိုင်သည်။

ဘာကြောင့် ထိုအခန်းငယ်လေးထဲတွင် နေပြီး ဖျော့တော့တော့ မိန်းကလေးနှင့် ကစားနေရသနည်း။ ထိုမိန်းကလေးက အလွန်အားနည်းပုံရပြီး သူမ၏သခင်ကို တင်ပြီး ကမ္ဘာပတ်နိုင်မည့်ပုံစံလည်း မပေါ်ပေ။

ရုတ်တရက် ဗလာပြောင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်သော မိန်းကလေးတစ်ဦးက သူမ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

အဖြူ၀တ်မိန်းကလေး၏ မျက်လုံးနှစ်လုံး ထောင့်စွန်းများသည် အပြာရောင် လင်းလက်နေကာ အလွန်ဆွဲဆောင်မှုရှိသည်။

“အိုး... ချစ်စရာကောင်းတဲ့ မျိုးစိတ်လေး။ ချစ်ဖို့ကောင်းတဲ့အပြင် ဒီကျားဖြူရဲ့ အစွမ်းကလည်း အရမ်းပြင်းတယ်။ လင်းမိသားစုမှာ ဒီလိုစွမ်းအားပြင်းတဲ့ မျိုးစိတ်တွေ ဘယ်လိုလုပ်ရှိနေတာလဲ။ ဒီစွမ်းအင်ဖိအားက လင်းကျဲ့တျန်းထက်တောင် ပိုပြင်းသေးတယ်”

“ဒါက တောရိုင်းထဲက ဘုရင်မျိုးစိတ်တစ်ခု ဖြစ်နိုင်တယ်”

“မဟုတ်သေးဘူး၊ သူရဲ့မျက်လုံးတွေက အရိုင်းဆန်မနေဘူး ယဉ်ကျေးအောင်ပြုလုပ်ထားတာဘဲ”

လင်းခဲ့အာသည် ပိုင်ယွမ်ကို အံ့အားသင့်စွာ ကြည့်ရင်း ဝေဖန်နေသည်။

သူမက ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး နူးညံ့သိမ်မွေ့စွာ မေးမြန်းလိုက်သည်။

“ကျားဖြူကလေး၊ မင်းရဲ့သခင်က ဘယ်သူလဲ”

ပိုင်ယွမ်က မျက်ခုံးကျုံ့လိုက်သည်။ ထိုမိန်းကလေး၏ စွမ်းအင်အနံအသတ်က စိမ်းလွန်းနေပြီး လင်းမိသားစုအတွင်း သူမကို မမြင်ဖူးသေးသဖြင့် သတိထားကာ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ မိန်းကလေးကဆီမှ သူမ ဖိအားအနည်းငယ်ကို ခံစားနေရသဖြင့်၊ မိန်းကလေး၏ စွမ်းရည်က အားမနည်းလောက်ပေ။

“ဒီလိုမျိုးစိတ်မျိုးက ဘယ်ကပေါ်လာတာလဲ၊ အတော်လေးကြည့်လို့ကောင်းတယ်”

ထိုအချိန်တွင် အခြား အသံတစ်ခု ပေါ်လာပြီး လူငယ်တစ်ဦး ချဉ်းကပ်လာသည်။

ရောက်လာသူမှာ လင်းချန်ဖြစ်ပြီး ခန်းမကြီးထဲတွင် လင်းတုန့်ထံ ရှုံးနိမ့်ပြီး သင်ခန်းစာ အပေးခံခဲ့ရသည်။

လက်ရှိအချိန်တွင် သူက အလွန်စိတ်ဆိုးနေလေသည်။

ရုတ်တရက် လင်းမိသားစုခြံထဲတွင် ကျားဖြူတစ်ကောင်ကို တွေ့လိုက်သောကြောင့် သူနှင့်ကစားချင်စိတ်ဖြစ်ပေါ်လာသည်။

လင်းချန်းက ပိုင်ယွမ်ဆီသို့ တိုက်ရိုက်သွားပြီး မျက်လုံးထဲတွင် ကစားချင်နေသည့် ဟန်ဖြင့်ကြည့်ကာ လက်ကိုဆန့်ပြီး ပိုင်ယွမ်ကို ထိဖို့လုပ်လိုက်သည်။

ချဉ်းကပ်လာသူဆီက မကောင်းတဲ့ရည်ရွယ်ချက်ကို ပိုင်ယွမ်ခံစားလိုက်ရပြီး။

“ကျားဖြူချေမုန်းရွှေဟိန်းသံ”

“ဝေါင်းးး”

ပိုင်ယွမ်သည် သူ၏ပင်ကိုယ်စွမ်းအင် နည်းစနစ်ကို ထုတ်လွှတ်လိုက်သဖြင့် အသံလှိုင်းများက ခရု၀ိုင်းပုံစံဖြင့် လည်ပတ်ကာ လင်းချန်ဆီကို တိုး၀င်သွားသည်။ ပြင်းထန်သောလေပြင်းက လင်းချန်ကို လွန့်သွားစေကာ နံရံနှင့် တိုက်မိပြီး ချက်ချင်း သတိလစ်သွားသည်။

သူမ တိုက်ခိုက်လိုက်ပြီးနောက်၊ ပိုင်ယွမ်သည်သူ ပြဿနာရှာမိပြီဟု ထင်ကာ ချက်ချင်း ပြေးထွက်သွားသည်။

“ဟေ့၊ မပြေးနဲ့”

လင်းခဲ့အာသည်လည်း ဓားပျံစီးကာ ပိုင်ယွမ်ကိုနောက်ကို လိုက်နေလေသည်။

All Chapters