လူမှား ပြဿနာရှာမိသော လင်းမျိုးနွယ် လူငယ်များ
Vol. 7 Ch. 68
ပိုင်ယွမ်၏ အရှိန်သည် အလွန်မြန်ဆန်လှသည်၊ လင်းခဲ့အာ ဓားပျံစီးပြီး နောက်မှလိုက်တာတောင် လိုက်မမှီခဲ့ပေ။
အချိန်တိုလေးအတွင်း ပိုင်ယွမ်က လင်းတုန်း၏ ခြံ၀န်းထဲသိုါ ပြန်ရောက်သွားပြီဖြစ်သည်။
ပိုင်ယွမ်သည် တကယ်တော့ လင်းခဲ့အာကို မကြောက်ပေ၊ သူသာတိုက်မည်ဆိုပါက ပိုင်ယွမ်က သူ့အား တစ်ချက်တည်းဖြင့် အမှောက်သိပ်လိုက် နိုင်သည့်ဟု ခံစားနေရသည်။
သို့သော် ထိုအမျိုးသမီးက သူ့ကို တွေ့ကတည်းက ထိတွေ့ရန် ကြိုးစားခဲ့သည့် ယောက်ျားလိုမျိုး မကောင်းသော ရည်ရွယ်ချက်မရှိခဲ့ပေ။
ထို့ကြောင့် သူ၏ ထွက်ပြေးခြင်းသည် သူ့အတွက်မဟုတ်ဘဲ ထိုအမျိုးသမီးအား မထိခိုက်စေရန် ရှောင်ရှားခြင်းသာဖြစ်သည်။
တစ်ဖက်လူကသာ ရှေ့ဆက်တိုးလာပါက ပိုင်ယွမ်က ကျားတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်မှုကို သူမအား ပြသလိုက်မည်ဖြစ်သည်။
“အံ့မခန်း အရှိန်နှင့် လှပတဲ့ ခြေလှမ်းတွေ”
လင်းခဲ့အာက နောက်မှလိုက်ရင်း ချီးကျူးမဆုံးဖြစ်နေသည်။
ကြီးမားလှသည့် ကျားကိုယ်ခန္ဓာကြီးက ကြောင်နတ်ဆိုးထက်ပင် ပိုမိုသွက်လက်နေပြီး လင်းခဲ့အာသည် ထိုကျားဆီမှ ပြင်းထန်သောစိတ်ဓာတ်နှင့် အကြည့်များမှ ခြိမ်းခြောက်မှုတစ်ခုကိုပင် ခံစားနေရသည်။
ထိုအဖြူရောင်ကျားက သူမထက် အားနည်းမည်မဟုတ်ပေ။
ဤအချက်က သူမ၏ စူးစမ်းလိုစိတ်ကို ပိုလှုံ့ဆော်ပေးလိုက်သလိုပင်။
“ခေါင်းဆောင်က ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် မှာဘဲရှိတဲ့ ဒီသေးငယ်တဲ့ လင်းမိသားစုအခွဲလေးထဲမှာ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ကျားဖြူက ဘယ်လိုလုပ်ရှိနေတာလဲ”
“ယန်မြို့ လင်းမိသားစုထဲမှည စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ရှိကိုရှိရမယ်။”
ကျားဖြူက တိတ်ဆိတ်သေးငယ်သည့် ခြံဝင်းအတွင်း ရပ်သွားသည်ကိုမြင်ရသည်နှင့် လင်းခဲ့အာလည်း ဓားပျံပေါ်တွင် ရပ်တန့်လိုက်လေသည်။
“ဝေါင်း”
ခြံဝင်းထဲမှ ရှောင်ယန်သည် အသံကျယ်ကျယ်ဟိန်း ဟောက်လိုက်ပြီး လင်းခဲ့အာကို ဒေါသတကြီး ကြည့်နေသည်၊ ထူးဆန်းသောအမျိုးသမီးက သူ့အမကို လိုက်လံနှောက်ယှက်နေသည်။
ရှောင်ယန်သည် ကျားအမွေးများထောင်မတ်ကာ မြွေအမြီးရမ်းလျှက် တိုက်ခိုက်တော့မည့်ဟန်ဖြင့် လင်းခဲ့အာကို စိုက်ကြည့်ကာ ဟိန်းဟောက်နေသည်။
“နောက်ထပ်ကျားတစ်ကောင်ရှိသေးတယ်”
လင်းခဲ့အာ အံ့အားသင့်သွားပြဌး၊ သူမ ကျားတွင်းထဲ ကျရောက်သွားသလို ခံစားနေရသည်။
ရှောင်ယန်၏ စွမ်းအားသည်လည်း အားမနည်းပေ၊ သူသည်လည်း ယွမ်ဒန်အဆင့် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်သည်။
“ရှောင်ယန်၊ သူမကို မခြောက်လှန့်နဲ့”
ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာပြီး အိမ်လေးထဲမှ တံခါးပွင့်လာကာ ဝူယွမ် ထွက်လာလေသည်။
ဝူယွမ်၏ အသံကိုကြားသည်နှင့် ရှောင်ယန်က နာခံစွာဖြင့် ရက်စက်ကြမ်းကြုတ်သော အမူအရာကို ရုပ်သိမ်းလိုက်ကာ အမြီးလေးလှုပ်ပြီး ဝူယွမ်နား ကပ်သွားလေသည်။
“၀ူးးး”
ပိုင်ယွမ်သည် ဤအမျိုးသမီးက သူ့ကိုလိုက်နေကြောင်း၊ သူမက ဒုက္ခမပေးခဲ့ကြောင်း ဝူယွမ်ကို တက်တက်ကြွကြွ ရှင်းပြနေသကဲ့သို့ပင်။
“ကျွန်မက လင်းခဲ့အာပါ ရှင့်ခြံ၀န်းထဲကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ဝင်ရောက်လာတာ မဟုတ်ပါဘူး ကျားဖြူရဲ့ ခမ်းနားထည်ဝါမှုကိုမြင်ပြီး သိချင်စိတ်ပြင်းပြတာကြောင့် အနောက်ကလိုက်လာတာပါ”
လင်းခဲ့အာသည် ဓားပျံပေါ်မှဆင်းကာ ယဉ်ကျေးစွာပြောဆိုလိုက်သည်။
သူမက ဝူယွမ်၏ အဆင့်ကို မခွဲခြားနိုင်သော်လည်း ကျားနှစ်ကောင်က သူ့စကားကို နာခံနေတာကြောင့် သူက အစွမ်းထက်ဆုံးသူဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
လင်းခဲ့အာသည် ဝူယွမ်က လင်းတုန်းကဲ့သို့ ငယ်သေးတာကို မြင်လိုက်ရပြီး ဝူယွမ်သည်လည်း လင်းမျိုးနွယ်ဝင်ဖြစ်နိုင်သည်ဟု သံသယ၀င်နေသည်။
လင်းတုန်းသည်ပင် သူမအတွက် အံ့အားသင့်စရာကောင်းလွန်းနေပြီ ဖြစ်ပြီး၊ အကယ်၍ နောက်ထပ် ဝူယွမ်သာရှိပါက ဒီယန်မြို့ရဲ့ လင်းမျိုးနွယ်ခွဲက သေချာပေါက် တိုးတက်လာလိမ့်မည်။
“အိုး၊ ဘာမှမဟုတ်ပါဘူး၊ ဒါက မင်းတို့လင်းမျိုးနွယ်ရဲ့နယ်မြေဘဲလေ၊ ငါကဧည့်သည်တစ်ယောက်ပါဘဲ၊ ပိုင်ယွမ်ကနည်းနည်းလေးဆော့ကစားတတ်ပြီး သူစိမ်းတွေကိုရှက်တတ်တယ်၊ သူမ မထိခိုက်ခဲ့တာကံကောင်းတာပဲ”
လင်းခဲ့အာက ဝူယွမ်ကို လင်းမျိုးနွယ်စုက အဆင့်မြင့်ကျင့်ကြံသူ တစ်ဦးအနေနဲ့ ဆက်ဆံနေပေမယ့် အခုအချိန်မှာ အဲ့လိုဟန်ဆောင်တာက မသင့်တော်ပေ။ ရှေးဟောင်းဂူသင်္ချိုင်းအတွင်း သူတို့အကြိမ်ကြိမ်တွေ့ဆုံရမှာဖြစ်ပြီး အကြိမ်တိုင်း ဟန်ဆောင်ရမည်ဆို ပင်ပန်းလွန်းလှသည်။
“သူက လင်းမျိုးနွယ်က မဟုတ်ဘူးဘဲ...”လင်းခဲ့အာ အနည်းငယ်စိတ်ပျက်မိသွားသည်။
သို့သော် ဝူယွမ်က ဘယ်သူလဲဆိုတာကို ပိုစူးစမ်းလိုလာသည်။
“ကျွန်မက ဘာမှ မထိခိုက်ခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်မရဲ့အဖော်တစ်ယောက်တော့ ထိခိုက်သွားခဲ့တယ်”
လင်းခဲ့အာ၏ အသံသည် အေးဆေးတည်ငြိမ်နေပြီး သူမဘာကိုဆိုလိုချင်သည်ကို မရှင်းလင်းပေ- ပိုင်ယွမ်လုပ်ရက်အတွက် တာဝန်ယူခိုင်းခြင်တာလား၊ ဒါမှမဟုတ် ဒီအတိုင်းပြောလိုက်တာလား၊
“အိုး၊ ပိုင်ယွမ်က တစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့လားတယ်”
ဝူယွမ်သည် အနည်းငယ်အံ့အားသင့်သွားပြီး ချက်ချင်းပင် ပိုင်ယွမ်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
သူက ပိုင်ယွမ်အကြောင်းကို ကောင်းကောင်းသိထားသည်၊ သူစိမ်းတွေကို မကြိုက်သော်လည်း အခြားသူများက မကောင်းသောရည်ရွယ်ချက်မရှိပါက လွယ်လွယ်ကူကူ မတိုက်ခိုက်ပေ။
ထို့ကြောင့် သူက ပိုင်ယွမ်ဒဏ်ရာရထားလား ညစ်ပတ်ပေရေ နေလားဆိုတာကို အရင်စစ်ဆေးလိုက်သည်။
မြန်မြန်ဆန်ဆန် စစ်ဆေးကြည့်ပြီး ပိုင်ယွမ်လုံးဝမထိခိုက်ကြောင်းတွေ့ရခါမှ ဝူယွမ်က အေးစက်စက်ပြောလိုက်သည်။
“တစ်စုံတစ်ယောက်က ပိုင်ယွမ်ကြောင့် ထိခိုက်ခဲ့တယ်ဆို အဲ့တာသူ့အပစ်ဘဲ၊ ကံကောင်းတာက ပိုင်ယွမ်ဘာမှမထိခိုက်ခဲ့ဘူး၊ မဟုတ်ရင် ငါ သူနဲ့ ဖြေရှင်းရလိမ့်မယ်”
လင်းခဲ့အာ မျက်ခုံးကျုံးသွားပြီး ဝူယွမ်ကိုစူးစိုက်ကြည့်နေလေသည်။ ဝူယွမ်၏ အသံသည် အလွန်တည်ငြိမ်သော်လည်း သူပြောချင်သော အဓိပ္ပာယ်ကတော့ အလွန်ပြင်းထန်သည်။
“ငါက အဓိကလင်းမျိုးနွယ်ကလာတာကို သူသိထားလောက်တယ်၊ ဒါပေမဲ့ သူကြည့်ရတာ ဂရုစိုက်ပုံမပေါ်ဘူး” လင်းခဲ့အာ အတွေးများသွားသည်။
သူမက ချက်ချင်းဘဲ ဝူယွမ်ကို တောင်းပန်လိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်မရဲ့အဖော်က စည်းကမ်းမဲ့ပြီး ကျားကို အတင်းအကျပ်ထိတွေ့ကိုင်တွယ်ဖို့ လုပ်ခဲ့တယ် ကျေးဇူးပြုပြီူ စိတ်မဆိုးပါနဲ့”
သူမစကားပြောနေရင်းတန်းလန်း လူတစ်စုက ခြံဝင်းအပြင်ဘက်သို့ရောက်ရှိလာသည်။ ဖုန်မှုန့်များဖြင့် ညစ်ပေရှုပ်ပွနေသော လူငယ်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“လင်းခဲ့အာ၊ မင်းဘာဖြစ်လို့ဒီတိရစ္ဆာန်အတွက် ကာပြောပေးနေရတာလဲ၊ သူကငါ့ကိုထိခိုက်အောင် လုပ်တာကို မင်းမမြင်ဘူးလား”
လင်းကျဲ့တျန်း၊ လင်းတုန်းနှင့် မီးခိုးရောင်ဝတ်ရုံဟောင်းဝတ်ဆင်ထားသော အသက်ကြီးကြီး အဖိုးကြီးတစ်ဦး အပါအ၀င် အခြားသူများလည်း ရောက်လာကြသည်။
“အစ်ကိုကြီး”
လင်းတုန်းက ဝူယွမ်ကိုမြင်သည်နှင့် ချက်ချင်း ဝူယွမ်ဘေးသို့သွားလိုက်သည်။
လင်းကျဲ့တျန်းကလည်း ဝူယွမ်ကို ခေါင်းညိတ်ပြလိုက်သည်။
ချင်းတန်သည်လည်း အဝတ်အစားများကိုခါကာ အခန်းထဲမှထွက်လာပြီး ကျားနှစ်ကောင်၏ခေါင်းကို ပွတ်သပ်ရင်း သူ့အိမ် ပတ်၀န်းကျင်ရှိလူများကို လှည့်ပတ်ကြည့်နေလေသည်။
မီးခိုးရောင်ဝတ်ရုံဟောင်းဝတ်ဆင်ထားသော လူအိုကြီးက ဝူယွမ်နှင့် ကျားနှစ်ကောင်ကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်၊သူစောင့်ရှောက်ထားသော နတ်ဆိုးကျားများက ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် လင်းချန်းကိုတောင် အနိုင်ယူနိုင်တာကြောင့် သူတို့၏သခင်က ပိုအားကောင်းရမည်ဖြစ်သည်။
“အကြီးအကဲ ဒီနေရာမှာ နားလည်မှုတစ်ခုခု လွှဲနေတာနေမယ်၊ ဝူယွမ်က ကျွန်တော်တို့လင်းမျိုးနွယ်ရဲ့ အရေးအကြီးဆုံး မိတ်ဆွေဖြစ်ပြီး သူ့ရဲ့ကျားဖြူက ကျွန်တော်တို့ လင်းမျိုးနွယ်ကို မကြာခဏလာလည်ဖူးပေမဲ့ ဘယ်တော့မှ သူများကို ထိခိုက်အောင် မလုပ်ဖူးပါဘူး...”
လင်းကျဲ့တျန်း ပြောလို့မပြီးသေးခင်တွင် အဓိကလင်းမျိုးနွယ်မှ လူငယ်တစ်ဦးက ကြားဖြတ်ပြောလိုက်သည်။
“လင်းကျဲ့တျန်း မင်းဆိုလိုချင်တာက လင်းချန်းကသူ့ဟာသူ နံရံကို၀င်တိုက်မိတယ်လို့ ပြောချင်တာလား။”
“မှန်တယ်၊ ဒီတိရစ္ဆာန်ကထိခိုက်အောင်လုပ်ခဲ့တာ”
“သူက ငါတို့လင်းမျိုးနွယ်စုကလူကို ထိခိုက်အောင်လုပ်ခဲ့တယ်၊ မင်းကဒါကို လွှတ်ပေးချင်တာလား”
“သူ့ကိုသတ်ပြီး လင်းချန်းအတွက် ကလဲ့စားချေရမယ်”
...လင်းမျိုးနွယ်မှလူတစ်ဦးချင်းစီက ဆူညံစွာအော်ဟစ်နေကြသည်။
သေးငယ်သည့်ယန်မြို့လေးထဲတွင် အဓိကလင်းမျိုးနွယ်ဝင်များဖြစ်သည့် သူတို့က အလွန်အထင်ကြီးခံရပြီး ယန်မြို့ကဲ့သို့ ဒေသငယ်လေးများကိုလည်း အထင်အမြင်သေးကြသည်။
လင်းမျိုးနွယ်စုမှလူငယ်များ ဒေါသတကြီး ပြောဆိုသံများကြောင့် လင်းကျဲ့တျန်းနှင့် လင်းတုန်းတို့ မျက်နှာပျက်နေကြသည်။
လင်းခဲ့အာလည်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့မိသားစုဝင်များလုပ်ပုံကို ကြည့်ကာ စိတ်အနှောင့်အယှက်ဖြစ်နေသည်။
သူမသည် စထွက်ခွါလာကတည်းက သူတို့၏အတ္တကြီးသော အပြုအမူများကို အမြဲတမ်းမနှစ်သက်ခဲ့ပေ။
သူတို့သည် မိသားစုအတွင်းတွင် သာမန်လူများဖြစ်သော်လည်း ထွက်လာပြီးနောက် တစ်ဦးချင်းစီက မိမိကိုယ်ကို ကြီးကျယ်မြင့်မြတ်သည်ဟု ထင်နေကြသည်။
သူတို့တစ်ဦးချင်းစီတိုင်းက နောက်ကွယ်က လင်းမျိုးနွယ်စုဩဇာအာဏာမရှိဘဲ ထွက်လာကြရင် သာမန်ထက် ပိုသာမန်ဆန်နေကြမည်ဖြစ်သည်။
“အားလုံးတိတ်တိတ်နေကြ”
ထိုအချိန်တွင် မီးခိုးရောင်ဝတ်ရုံဟောင်း ဝတ်ဆင်ထားသော အကြီးအကဲက လူငယ်အားလုံးကို ဆူလိုက်သည်။
သူက အခုလင်းမျိုးနွယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ယွမ်ဒန်အဆင့် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့်မှာ ဖြစ်သည်။
အကြီးအကဲက လက်ရှိအချိန်တွင် အခက်တွေ့နေသည်။ သူနှင့် လင်းကျဲ့တျန်းတို့သည် နှစ်ပေါင်းများစွာ မိတ်ဆွေကောင်းများဖြစ်ခဲ့ကြပြီး လင်းကျဲ့တျန်းအား မျက်နှာသာပေးရမည် ဖြစ်သော်လည်း လင်းမိသားစုတစ်ဦးက ကျားတစ်ကောင်ကြောင့် ဒဏ်ရာရရှိခဲ့သဖြင့် သူက မသိချင်ယောင်ဆောင်နေလို့လည်း မဖြစ်ပေ။
“ခဲ့အာ၊ မင်းအဲဒီမှာရှိနေခဲ့တယ်၊ ဘာဖြစ်ခဲ့တာလဲဆိုတာကို သေချာ ပြောပြပေးပါ”
လူအားလုံး၏ အကြည့်များ လင်းခဲ့အာပေါ်သို့ ကြရောက်သွားခဲ့သည်။
အခုအချိန်တွင် သူမ၏ စကားတစ်ခွန်းက ဤဖြစ်ရပ်ကို အဆုံးအဖြတ်ပေးနိုင်သည်။
လင်းခဲ့အာက အသက်ပျင်းပျင်းရှုလိုက်ကာ အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်သည်၊ သူမသည် သူ့မအပေါ်စိုက်ကြည့်နေကြသော အကြည့်များကို လျစ်လျူရှုလိုက်ပြီး၊ ဖြည်းဖြည်းချင်းပြောလိုက်သည်။
“လင်းချန်က ကျားဖြူနားကိုအတင်းချင်းကပ် ခဲ့တာကြောင့် ကျားဖြူ တိုက်ခိုက်တာကို ခံလိုက်ရတာပါ”
လင်းမျိုးနွယ်ဝင်များသည် ထိုစကားကိုကြားသည်နှင့် မခံမရပ်နိုင်ဖြစ်ကာ မရပ်မနားပြောလိုက်ကြသည်။
“အမကြီးခဲ့အာ၊ မင်းဘာဖြစ်လို့အပြင်လူဘက်က ကာပြောပေးနေရတာလဲ”
“ကျားဖြူဆိုတော့ရော ဘာဖြစ်လဲ သူ့ကိုထိလိုက်တာနဲ့ သူဘာဖြစ်သွားမှာမလို့လဲ”
“ချဉ်းကပ်လို့မရရင် တောရိုင်းတိရိစ္ဆာန်နဲ့ ဘာကွာ တော့မှာလဲ”
“ဒါက ရိုင်းစိုင်းတဲ့ တိရစ္ဆာန်တစ်ကောင်ဘဲ၊ သတ်ပစ်သင့်တယ်”
ဝူယွမ်က ပိုင်ယွမ်ကိုမကောင်းပြောနေသူများကို လှည့်ပတ်ကြည့်ရင်း တစ်ဦးချင်းစီကို မှတ်ထားလိုက်သည်။
လင်းမျိုးနွယ်၏ အမှိုက်များသည် အရင်ကောင်းကင်ဓားကျောင်းတော် အဖွဲ့ထက်ပင် ပိုဆိုးနေသေးသည်။
သူတို့က လောကကြီးရဲ့ ရက်စက်မှုကို မမြင်ဖူးသေးသော အမှိုက်များဖြစ်ကြသည်။
ဝူယွမ်က အမြဲတမ်း ကိုယ်လုပ်ချင်ရာကိုသာ လုပ်တတ်သူဖြစ်ပြီး သည်းခံရတာကို မကြိုက်နှစ်သလို သူတော်ကောင်းလည်းမဟုတ်ခဲ့ပေ။သူက တိုက်ခိုက်ရမည်ကိုလည်း မည်သည့်အခါမှ ကြောက်ရွံ့ခြင်းမရှိခဲ့ချေ။
သူအခု ကိစ္စကိုသည်းမခံနိုင်ပေ။
“ပိုင်ယွမ်၊ သွားကြရအောင်”
ဝူယွမ်သည် ပိုင်ယွမ်၏ခေါင်းကို ပုတ်ကာ ဆူညံနေသော လင်းမျိုးနွယ်၏ အမှိုက်များဆီသို့ လျှောက်သွားသည်။
လူတစ်ယောက်နှင့်ကျားတစ်ကောင် အေးဆေးတည်ငြိမ်စွာလာသည်ကို မြင်သောအခါ ထိုလူငယ်များ၏အသံများ ရုတ်တရက်ရပ်တန့်သွားသည်။
လူတိုင်းတိတ်ဆိတ်သွားကြသည်။
လင်းတုန်းကလည်း ထိုအခြေအနေကိုမြင်ပြီး ရှောင်ယန်ကိုခေါ်ဆောင်လာကာ၊ လင်းမျိုးနွယ်ထက် သူ့အစ်ကိုကြီးဘက်မှ ရပ်တည်လိုက်သည်။
ဝူယွမ်က လူငယ်တစ်ဦးထံသို့သွားကာ။
“မင်းဘာလိုချင်တာလဲ” လူငယ်က မောက်မာစွာမေးလိုက်သည်။
“ ဖြောင်း”
ဝူယွမ်- “မင်းကိုငါထိလိုက်ယုံလေးကို ဘာမှမဖြစ်ပါဘူး၊ မင်းကငါ့ဆီက ဒဏ်ရာရလောက်အောင် မပျော့ညံ့သင့်ဘူး”
ထိုလူငယ်သည် အရင်က “ကျားဖြူဆိုတော့ရော ဘာဖြစ်လဲ သူ့ကိုထိလိုက်တာနဲ့ သူဘာဖြစ်သွားမှာမလို့လဲ” ဟုပြောခဲ့သူဖြစ်သည်၊ သူက မျက်နှာကိုကိုင်ပြီး စကားပြန်မပြောရဲသဖြင့် အကြီးအကဲကိုလှမ်းကြည့်ကာ အကူအညီတောင်းဖို့ကြံနေသည်။
ဝူယွမ်က “ချဉ်းကပ်လို့မရရင်တောရိုင်းတိရစ္ဆာန်ဘဲ” ဟုပြောသူကိုကြည့်ကာ။
ဝူယွမ်- “မင်းအမေ၊ မင်းညီမ၊ မင်းမိသားစုထဲကအမျိုးသမီးအားလုံးကို ငါချဉ်းကပ်လို့ရမလား၊ မရရင် မင်းအမေ၊ မင်းညီမ၊ မင်းမိသားစုထဲကအမျိုးသမီးအားလုံးဟာ တောကြက်အရိုင်းတွေလား”
ထိုလူငယ်၏မျက်နှာ အနီရောင်ပြောင်းသွားပြီး စကားမပြောရဲချေ။
အကြောင်းမှာ ပိုင်ယွမ်သည် ဝူယွမ်၏ဘေးတွင်ရှိနေပြီး သူတို့အား စိုက်ကြည့်နေသောကြောင့်ဖြစ်သည်၊ အကယ်၍ တစ်ယောက်ယောက်ကသာ ပြန်လည်တုံ့ပြန်ပါက သူမ တိုက်ခိုက်ရန် တွန့်စုတ်နေမည်မဟုတ်ပေ။
ကျားဘုရင်တစ်ပါး၏အကြည့်က သူတို့အားခြိမ်းခြောက်နေပြီး ထိုလူငယ်များအား ရှေ့သို့မတက်ရဲအောင်လုပ်နေသည်။
“နောက်ထပ်ဘယ်သူလဲ”
“ပိုင်ယွမ်ကိုသတ်ချင်တယ်ဆိုတာဘယ်သူလဲ”
“လာပြီးတိုက်ကြည့်ရအောင်”
ဝူယွမ် ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် လူငယ်များအားလုံး တစ်လှမ်းဆုတ်လိုက်ကြသည်။
ဝူယွမ်နှင့် ပိုင်ယွမ်တို့က လူအားလုံးကို ထိန်းချုပ်ထားသည်။
အကြီးအကဲ မြန်မြန်ရှေ့သို့တက်လာပြီး “ကောင်လေး စိတ်လိုက်မာန်ပါမလုပ်နဲ့”
“ကျွန်တော် အလွန်အေးဆေးတည်ငြိမ်နေတယ်၊ စိတ်လိုက်မာန်ပါလုပ်တာက ခင်ဗျားတို့က လင်းမျိုးနွယ်ရဲ့ အရှိန်အ၀ါကိုအားကိုးပြီး လူတွေကိုနှိပ်စက်နေတာမဟုတ်ဘူးလား၊ မင်းရဲ့လင်းမျိုးနွယ်သာမရှိဘူးဆိုရင် ဘာမှမဟုတ်တဲ့ လူ့အမှိုက်တွေက လူတွေကနှိပ်စက်နေတာဘဲ”
ဝူယွမ်သည် အကြီးအကဲ မျက်နှာချင်းဆိုင် ပြောလိုက်ပြီးနောက် ပိုင်ယွမ်အား လင်းမျိုးနွယ်မှ လူငယ်များကို ‘ကျားဖြူချေမှုန်းရွှေဟိန်းသံ” ကိုသုံးပြီး တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။
“ပိုင်ယွမ်၊ သူတို့ကို ဟိန်းဟောက်ပြီးမောင်းထုတ်လိုက်”
“ဝေါင်းးးး”
ပိုင်ယွမ်သည် ပြင်းထန်သောဟိန်းသံနှင့်တွဲလျှက် အသံလှိုင်းတစ်ခုလိုက်ပါလာပြီး သူမရှေ့ရှိ လူခုနစ်ရှစ်ယောက်အပါအဝင် လင်းချန်းကိုပါ လေထဲသို့ ပျံတက်သွားစေသည်။
သူမ ပစ်မှတ်ထားတိုက်ခိုက်လိုက်သောလူများက အရင်က သူမအပေါ် မကောင်းသောရည်ရွယ်ချက်ဖြင့် ပြောဆိုနေကြသူများဖြစ်သည်။
“ဟေ့၊ မလုပ်နဲ့...”
လင်းကျဲ့တျန်းက တားလိုက်သော်လည်း နောက်ကျသွားပြီး၊ လူအားလုံးက လွန့်ပျံသွားပြီး နံရံကိုဝင်တိုက်မိကာ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ကြရသည်။
“ဒါဟာ ပေါ့ပေါ့ပြောတဲ့ ပါးစပ်တွေအတွက် တန်ဖိုးဘဲ၊ ဘကြီး လင်းကျဲ့တျန်း၊ ဒီနေ့ကျွန်တော် ဘကြီးကိုမျက်နှာသာပေးထားတာပါ၊ မဟုတ်ရင် သူတို့က အသေကောင်တွေဖြစ်သွားပြီ”
ဝူယွမ်က လင်းကျဲ့တျန်းကို အေးဆေးတည်ငြိမ်စွာပြန်ပြောလိုက်သည်။
အကြီးအကဲ- “လူငယ်လေး၊ မင်းမှာ စွမ်းအားအနည်းငယ်ရှိတာကို ငါသိတယ်၊ ဒါပေမဲ့ အကြီးဆုံးအကိုင်းအခတ်က ကျိုးလွယ်တဲ့ ဆိုတဲ့ ဆိုရိုးစကားရှိ...”
“ရပ်လိုက်၊ ခင်ဗျား ကျွန်တော့်ကိုသင်ပေးစရာ မလိုဘူး၊ ဘာဖြစ်နေတယ်ဆိုတာကို ခင်ဗျားသိပြီးသားပဲ၊ လင်းမျိုးနွယ်ရဲ့ အာဏာကိုအားကိုးပြီး လူတွေကိုအမြဲတမ်းနှိပ်စက် တာမျိုး၊ ဒါမှမဟုတ် ခွေးက သူ့ရဲ့သခင်အာဏာကိုအားကိုးတာမျိုး မလုပ်နဲ့၊ ခင်ဗျားရဲ့ပြိုင်ဘက်ကို ရွေးချယ်လိုက်၊ အခြားသူတွေက၊ လင်းမျိုးနွယ်ကိုကြောက်ကောင်း ကြောက်လိမ့်မယ်၊ ဒါပေမယ့် ငါမကြောက်ဘူး”
ဝူယွမ်စကားပြောနေရင်း ကောင်းကင်ဓားကျောင်းတော် သင်္ကတတံဆိပ်ကို ထုတ်ပြလိုက်သည်။
အကြီးအကဲက ‘ကောင်းကင်ဓား’ ဟူသောစကားလုံးကိုမြင်လိုက်သည်နှင့် မျက်နှာချက်ချင်းပြောင်းသွားသည်။