ကျူပင်ခုတ်ကျူငုတ်မကျန်
Vol. 7 Ch. 69
ဖြစ်ရပ်က အလွန်ရှင်းလင်းပြီး အမှန်အမှားကွဲပြားပြီးသားဖြစ်သည်။
ဒါပေမဲ့ အကြီးအကဲထောင်က လင်းမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို လျစ်လျူရှု၍မရဘဲ လင်းမျိုးနွယ်၏ အမည်ကိုအသုံးပြုကာ ဝူယွမ်အား ဖိအားပေးဖို့ပြင်နေသည်။
ဝူယွမ်က ယန်မြို့ကဲ့သို့သော ဒေသငယ်လေးမှလာသူဖြစ်သဖြင့် ကိုယ့်နေရာကို သိသင့်ပြီး သူပြောလျှင် ၀င်ရောက်မစွပ်ဖက်သင့်ဟု ထင်မြင်ယူဆထားခြင်းဖြစ်သည်။
သို့သော် ဝူယွမ်မှာမူ ထိုသို့အနိုင်ကျင့်ခြင်းကို သည်းမခံနိုင်သူဖြစ်သည်။ တစ်ဖက်လူက သူ့အားလာရန်စလျှက် သူကလည်း တစ်ဖက်လူကို မသိချင်ယောင်ဆောင်နေမည်မဟုတ်ပေ။
ထို့ကြောင့် အကြီးအကဲထောင် စကားကိုနားမထောင်လိုပေ။
တစ်ခုရှိတာက လင်းမျိုးနွယ်ကဲ့သို့သော ဧရာမအင်အားစုကြီးကို နောက်ခံအားကိုးမရှိဘဲ ဆန့်ကျင်ရန်သည် အလွန်အမင်း ဉာဏ်မရှိသော လုပ်ရပ်ဖြစ်သည်။
သူတို့က ဝူယွမ်ကိုယ်တိုင်ကို မနိုင်ရင်တောင် ရူးသွပ်ဓားသိုင်းခန်းမကိုမူ အလွယ်လေး ဖြေရှင်းနိုင်သည်။
ဒါကြောင့် ဝူယွမ်က ကောင်းကင်ဓားတံဆိပ်ကို ထုတ်ပြခဲ့ခြင်းဖြစ်သည်။
ဟောင်သောခွေးများသည် ကိုက်လေ့မရှိသော်လည်း ဒုက္ခပေးတတ်သည်။
ဤလူများသည် လင်းမျိုးနွယ်ရဲ့ ကိုယ်စားလှယ်များမဟုတ်ဘဲ လင်းမျိုးနွယ်ထဲမှ လူငယ်အချို့သာဖြစ်သော်လည်း အနှောက်အယှက်ပေးပြီး ပြဿနာများစွာ ဖန်တီးနိုင်သည်။
ဝူယွမ်က ကိုယ့်အတွက်ကိုစိုးရိမ်နေခြင်းမဟုတ်ပါ။ အဆိုးဆုံးအနေဖြင့်သူက သူတို့ကိုသတ်ပြီး ကမ္ဘာကြီးကို လှည့်လည်သွားလာ နေလို့ရသည်။
သို့သော် နောက်ပိုင်း ထိုလူများက သူ၏နောက်ခံဇာတ်လမ်းကို စုံစမ်းပြီး ရူးသွပ်ဓားသိုင်းခန်းမ ကို လက်စားချေမည်ကို သူစိုးရိမ်နေသဖြင့် ကောင်းကင်ဓားတံဆိပ်ကို ထုတ်ပြပြီး သူတို့အား သိစေရန်အတွက်ဖြစ်သည်။
စကားပြောလိုပါက ဆင်ခြင်တုံတရားနှင့် စကားပြောပါ။
လက်သီးလက်မောင်းနှင့် ဖြေရှင်းလိုပါက လက်သီးလက်မောင်းနှင့်ဘဲ ဖြေရှင်းပါ။
လူတိုင်းမှာ နောက်ခံအားကိုးဆိုတာရှိတယ်။
ကောင်းကင်ဓားကျောင်းတော် ဟူသောအမည်ကိုကြားလျှင် လင်းမျိုးနွယ်၏ လူငယ်များသည် နာကျင်မှုကြောင့် အော်ဟစ်နေသောအသံများ ရပ်တန့်သွားကာ ဝူယွမ်အား ကြောက်ရွံ့မှု ကြည်ညိုလေးစားမှုဖြင့် ရောထွေးနေသော အကြည့်များဖြင့် ကြည့်နေကြသည်။
အကြီးအကဲ ထောင် “ ငါမှားသွားတယ် မင်းက ကောင်းကင်ဓားကျောင်းတော်ရဲ့ အတွင်းစည်းတပည့်ရင်းဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး၊ဒီနေ့ ငါတို့ဘက်ကမှားခဲ့ပြီး မင်းက သူတို့ကျု ပြစ်ဒဏ်ပေးပြီးပီ။ ဒီကိစ္စကို ဒီလောက်နဲ့ဘဲ အဆုံးသတ်ပေးနိုင်မလား”
“ဟေ့ဟေ့...”
“တကယ်တော့ ကိစ္စကသိပ်ကြီးကြီးမားမား မဟုတ်ခဲ့ဘူး။ ခင်ဗျားတို့က အဆက်မပြတ် ဖိအားပေးနေခဲ့တာ။ အခုအခြေအနေကို ရောက်လာတော့မှ ငါလွန်တယ်လို့ပြောချင်တာလား၊ ဒါဆိုရင် ခင်ဗျားတို့ စကားပြောကတည်းက အကျိုးဆက်တွေကို ကြိုတင်စဉ်းစားခဲ့သင့်တယ်။”
ဝူယွမ် ရယ်ချင်နေသည်။ နေရာတကာတွင် မပြောင်းလဲပါ။ လက်သီးအကြီးဆုံးသူကသာ အဆုံးအဖြတ်ပေးနိုင်သည်။
ဤအကြီးအကဲ ထောင်သည်လည်း အာဏာကိုအားကိုးပြီး အခြားသူများကို နှိပ်ကွပ်သည့် လူအိုကြီး တစ်ဦးပင်ဖြစ်သည်။
သူတို့သည် ယန်မြို့မှ ဝူယွမ်ကို အနိုင်ကျင့်ရဲသော်လည်း ကောင်းကင်ဓားကျောင်းတော်မှ ဝူယွမ်ကိုမူ အနိုင်မကျင့်ရဲကြတော့ပေ။
ယန်မြို့မှ ဝူယွမ်က သူတို့ကိုရိုက်သောအခါ ဂုဏ်သိက္ခာရှိသော လင်းမျိုးနွယ်ဝင်များက အရှက်ရသည်ဟု ခံစားရသည်။
ယခုအခါ ကောင်းကင်ဓားကျောင်းတော်မှ ဝူယွမ်က ရိုက်သောအခါ သူတို့စိတ်ထဲ ပိုစိတ်သက်သာရာရသွားသည်။
တရားမျှတမှုဆိုတာကို ရာထူးအဆင့်အတန်း ညီမျှသူများ ကြားတွင်သာ ဆွေးနွေးနိုင်သည်။
ထို ခွဲခြားမှုအတွက် ဝူယွမ်က ထိုင်ပြီး ညည်းညူနေမည်မဟုတ်ပေ။
သူနားလည်သဘောပေါက်လိုက်သည်မှာ အကြောင်းပြချက်ကို လက်သီးနှင့် တိုက်ခိုက်ယူရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
လင်းခဲ့အာက အပြာရောင်မျက်လုံးလေးများဖြင့် ဝူယွမ်ကို အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ဝူယွမ်၏ အရည်အသွေးက သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ကောင်းကင်ဓားကျောင်းတော်က အဓိကကျောင်းတော်ကြီးများထဲမှ တစ်ခုဖြစ်ပြီး မဟာယန်မင်းဆက်၌ လင်းမျိုးနွယ်ထက် မနိမ့်ကြပေ။ နှစ်ပေါင်းများစွာအတွင်း အနည်းငယ်ကျဆင်းလာခဲ့သော်လည်း သူတို့လို လူငယ်အချို့ အနိုင်ကျင့်နိုင်သည့် အရာမဟုတ်ပေ။
ဝူယွမ်က လင်းချန်းနှင့် အခြားသူများကို ဆုံးမနေသည်ကို ကြည့်ရင်း လင်းခဲ့အားက မကျေမနပ်ဖြစ်ခြင်းမရှိဘဲ ဤအရာသည် ထိုလူများအား နောင်တွင်မိမိတို့မျိုးနွယ်၏ ဂုဏ်ကိုထိပါးစေတဲ့ ပြဿနာများ မဖြစ်စေရန် သူတို့၏စိတ်သဘောထားများကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ခံစားရသည်။
“မြန်မြန်ထပြီး သခင်လေးဝူယွမ်ကို တောင်းပန်လိုက်ကြ” လင်းခဲ့အာက ဆူလိုက်သည်။
ဤလူငယ်များထဲတွင် လင်းချန်းမှလွဲ၍ မည်သူမျှ သူမစကားအား ဂရုမစိုက်ဘဲမနေရဲကြပေ။
တစ်ယောက်ပြီးတစ်ယောက် ထလာကြပြီး လင်းချန်းပင် ဆက်လက်မာနမထားရဲတော့ဘဲ ဝူယွမ်ထံ ဦးညွှတ်ကာ တောင်းပန်နေကြသည်။
“သခင်လေးဝူယွမ် ကျွန်တော်တို့တောင်းပန်ပါတယ်”
“အကြီးအကဲထောင် ခင်ဗျားရဲ့လူတွေကိုခေါ်ပြီး ထွက်သွားတော့။ နောင်တစ်ကြိမ်သူတို့ ဆက်ပြဿနာမဖြစ်စေနဲ့၊ နောက်တစ်ခေါက်ဆို ငါမညှာတာဘူးဆိုပြီး အပြစ်မတင်နဲ့”
ဝူယွမ်က အေးစက်စွာဖြင့် သတိပေးလိုက်သည်။
လင်းမျိုးနွယ်ဝင်များသည် အကြီးအကဲ ထောင် နောက်ကျုံ့ကျုံ့လေးလိုက်သွားပြီး လင်းမိသားစု အိမ်တော်မှ ထွက်သွားကြသည်။
ထွက်ခွာလာစဉ်က သူတို့၏မာနကြီးခဲ့ပုံကို ကြည့်လျှင် အခုကဲ့သို့အရှက်ရတာက ဖြစ်သင့်ပေသည်။
“သခင်လေးဝူယွမ်၊ နှုတ်ဆက်ပါတယ်”
လင်းခဲ့အာသည် နောက်ဆုံးတစ်ကြိမ် နှုတ်ဆက်လိုက်ပြီး ဝူယွမ်နှင့် သူ၏ကျားဖြူကို ငေးကြည့်နေသည်။
“လင်းမျိုးနွယ်ဝင်တွေက အမြဲတမ်း မာနကြီးပြီး အခြားသူတွေကို မထီမဲ့မြင်ပြုတတ်တဲ့ အကျင့်ရှိတယ်။ ဝူယွမ်၊ စိတ်ထဲထားမနေနဲ့တော့ ဒီတစ်ကြိမ် ငါ့ရဲ့မပြတ်သားမှုကြောင့် မင်းကို အခက်တွေ့စေခဲ့မိတယ်၊ ဒါနဲ့ ဝူယွမ် ကောင်းကင်ဓားကျောင်းတော်နှင့် ဘယ်တုန်းက ဆက်သွယ်မိသွားတာလဲ”
လင်းကျဲ့တျန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ဟုတ်တယ် အစ်ကိုကြီး၊ ကောင်းကင်ဓားကျောင်းတော် ဆိုတာကို ကျွန်တော် အခုမှပထမဆုံးအကြိမ်ကြားဖူးတာ၊ ခုနကအကြီးအကဲထောင် တုံ့ပြန်ပုံကြည့်ရင် အရမ်းကြီးကျယ်နေသလိုပဲ။”
လင်းတုန်သည် သူ၏အစ်ကိုကြီးကို အားကျစွာ ကြည့်နေသည်။ သူ၏အစ်ကိုကြီးက ဆက်ဆံရေးပိုင်းတွင် အလွန်ကျယ်ပြန့်သည်ဟု ခံစားရသည်။
အရင်ကလည်း အလားတူဖြစ်ခဲ့ဖူးသည်။ ယန်မြို့သို့ရောက်သည့် ရက်အနည်းငယ်အတွင်းမှာပင် ရွှေတစ်သောင်းကုန်သည်အသင်း၊ အဆောင်သခင်အသင်းနှင့် မြို့တော်ဝန်ခန်းမတို့နှင့် မဟာမိတ်ဖွဲ့ထားပြီးဖြစ်သည်။
အခုလည်း လင်းမျိုးနွယ်ထက် မနိမ့်သောအင်အားစုတစ်ခုနှင့် ဆက်သွယ််မိထားပြန်သည်။
ဝူယွမ်က ရူးသွပ်ဓားသိုင်းခန်းမ နှင့် ကောင်းကင်ဓားကျောင်းတော် တို့၏ဆက်ဆံရေးကို သူတို့အားအကျဉ်းချုပ်ရှင်းပြလိုက်သည်။ လူတိုင်း၏သံသယများရှင်းသွားကြပြီး လင်းတုန်အိမ်မှ ထွက်ခွာသွားကြသည်။
ခြံ၀န်းထဲတွင် ဝူယွမ်၊ လင်းတုန်နှင့် ချင်းတန်တို့သာ ကျန်ရစ်ခဲ့သည်။
ဝူယွမ်က “သူတို့က ရှေးဟောင်းဂူသင်္ချိုင်း စူးစမ်းရှာဖွေရာမှာ မင်းကိုပါဖိတ်ကြားခဲ့တယ် မလား။”
“အဘိုးက ကျွန်တော့်ကို သူတို့နဲ့အတူသွားစေချင်နေတယ်။ ဒါပေမယ့် ကျွန်တော်ငြင်းဆန်လိုက်တယ်။ သူတို့နဲ့အတူရှိတာထက် အစ်ကိုကြီးနဲ့ရှိတာက ပိုသက်တောင့်သက်သာရှိတယ်။”
လင်းတုန်က ပြုံးရင်းပြောလိုက်သည်။
ဝူယွမ်က ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် အဆင်သင့်ပြင်ဆင်ထားတော့၊ ငါတို့ မနက်ဖြန် မနက်စောစောထွက်ကြမယ်။”
“မင်းရဲ့စွမ်းအင်ကိုကြည့်ရတာ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့်ကို ရောက်နေပြီထင်တယ်။”
“ဟုတ်တယ်၊ အစ်ကိုကြီး ကျေးဇူးတင်ပါတယ်။ အကိုကြီးယူလာပေးတဲ့ အဆင့်ခြောက် ဝိညာဉ်ဆေးပင် နတ်ဆိုးသွေးနီသစ်သီး ကြောင့် မနေ့ကပဲ ကျွန်တော် အဆင့်ချိုးဖြတ်နိုင်ခဲ့တယ်”
...နောက်တစ်နေ့။
ဝူယွမ်နှင့် လင်းတုန်တို့သည် ကျားတစ်ကောင်စီ စီးရင်း ယန်မြို့မှထွက်ခွာလာကြသည်။
တျန်းယန်တောင်တန်းအတွင်း။
ရှေးဟောင်းဂူသင်္ချိုင်း နှင့်ပတ်သက်သော သတင်းသည် မကြာသေးမီရက်များအတွင်း လျှင်မြန်စွာပျံ့နှံ့သွားကာ တျန်းယန်တောင်တန်း နှင့်နီးသော ယန်မြို့သည် ပိုပိုပြီးစည်ကားလာသည်။ လူများစွာသည် မြို့ထဲသို့လာရောက်ကာ ပြင်ဆင်မှူအချို့ပြုလုပ်ပြီး တျန်းယန်တောင်တန်း ဆီသို့ အဖွဲ့လိုက်ဦးတည်ထွက်ခွါသွားနေကြသည်။
ဝူယွမ်နှင့် လင်းတုန်တို့ စောစောထွက်လာ ကြသော်လည်း သူတို့ကဲ့သို့ တောင်တန်းထဲသို့ ဝင်ရောက်သည့် အဖွဲ့ပေါင်း ရာနှင့်ချီရှိနေပီဖြစ်သည်။
အရင်က လူအရောက်အပေါက်နည်းသော တောင်တန်းများသည် ယခုအခါ လမ်းများဖောက်ထားသကဲ့သို့ပင်။
နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဂူသင်္ချိုင်းသည် မည်သူအတွက်မဆို ကြီးမားသောဆွဲဆောင်မှုကြီးဖြစ်သည်။
နိဗ္ဗာန်နှလုံးသားကို ရရှိပါက နဂါးတံခါးကိုခုန်ကျော်နိုင်ပြီး ဖန်တီးမှုနယ်ပယ်သုံးဆင့်ကို လက်လှမ်းမီနိုင်ကာ နိဗ္ဗာန်အဆင့်ကိုပင် တက်ရောက်နိုင်သည့် အခွင့်အရေးရှိနိုင်သည်။
နိဗ္ဗာန်အဆင့်သည် မဟာယန်မင်းဆက်မှာ ထိတ်ဆုံးအဆင့်ဘဲဖြစ်သည်။
“လူတွေအရမ်းများလွန်းတယ်။ အရှိန်မြှင့်ပြီး လူသွားနည်းတဲ့လမ်းတွေကို ရွေးသွားကြမယ်၊ အာရုံစိုက်မှုကိုတွေ ရှောင်ရှားလို့ရအောင်”
ဝူယွမ်က အကြံပြုလိုက်သည်။ သူတို့စီးနေသော ကျားနှစ်ကောင်သည် အလွန်ထင်ရှားပြီး အစုအဖွဲ့နှင့်အတူသွားရန် မသင့်တော်သလို သူတို့၏ ရတနာရှာဖွေမှုကိုလည်း ဟန့်တားနိုင်သည်။
“ကောင်းပီ၊ ဒါပေမယ့် အစ်ကိုကြီး၊ တျန်းယန် တောင်တန်းက အရမ်းကြီးမားလွန်းတယ်။ လမ်းကြောင်းမှန်အောင် သွားနိုင်ပါ့မလား။ ပြီးတော့ အရမ်းအနက်ထဲထိသွားရင် အန္တရာယ်ရှိနိုင်တယ်” လင်းတုန်က သတိပေးလိုက်သည်။ သူသွားဖို့ဆုံးဖြတ်ပြီးကတည်းက တျန်းယန်တောင်တန်းနှင့် ပတ်သက်သော အချက်အလက်များကို လေ့လာခဲ့သည်။
တျန်းယန်တောင်တန်းသည် ယန်မြို့နှင့် အနီးအနားရှိမြို့နှစ်မြို့တို့၏ ဗဟိုတွင်ရှိပြီး ဤတောင်တန်းက အလွန်ကျယ်ပြန့်ကာ တျန်းဒူပြည်နယ်၏ တစ်ဝက်နီးပါးခန့်ရှိသည်။ ထို့ကြောင့် ဤတောင်တန်းကို တျန်းဒူပြည်နယ် အတွင်း နံပါတ်တစ်အကြီးမားဆုံးတောင်တန်းဟု ခေါ်ဆိုလို့ပင်ရသည။
ထို့အပြင် တောင်တန်းထဲတွင် မရေတွက်နိုင်သော ကြမ်းတမ်းရက်စက်သည့် သားရဲများရှိသည်။ အကယ်၍ အနက်ထဲထိ၀င်ရောက်သွားပါက
သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူတောင် သတိမမူမိရင် အသက်အန္တရာယ်ရှိနိုင်တယ်။
“စိတ်မပူပါနှင့်၊ အစ်မရွှမ်စုက သူတို့ကုန်သည်အသင်းက စုံစမ်းထားတဲ့ ရှေးဟောင်းဂူသင်္ချိုင်း နဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ငါ့ကို ပေးခဲ့တယ်။ ငါ့နောက်ကသာ လိုက်ခဲ့။”
ဝူယွမ်က ယုံကြည်မှုအပြည့်အဝဖြင့် ပြောလိုက်သည်။
အခြားအရာများကိုဘေးဖယ်ထားလျှင်ပင် သူက ရှေးဟောင်းဂူသင်္ချိုင်း၏ အကြောင်းကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။
သူတို့က တောင်တန်းအတွင်းပိုင်းထဲကို ခရီးဆက်လာကြပြီး လမ်းတစ်လျှောက်တွင်လည်း အဖွဲ့များစွာနှင့် တွေ့ဆုံခဲ့ကြသည်။
တောရိုင်းထဲတွင် စည်းများမရှိသလို လုယက်သတ်ဖြတ်မှုအမျိုးမျိုးရှိသဖြင့် အန္တရာယ်များက သားရဲများဆီမှမဟုတ်ဘဲ လူသားများမှ အဓိကဖြစ်နိုင်သည်။
သို့သော် ပိုင်ယွမ်နှင့် ရှောင်ယန်တို့၏ စွမ်းအားက အလွန်ပြင်းထန်လွန်းလှသည်။ လူဖြစ်စေ သားရဲဖြစ်စေ ကျားနှစ်ကောင်ကိုမြင်တာနဲ့ သူတို့အားပစ်မှတ်မထားရဲကြတော့ပေ။
လမ်းတစ်လျှောက်တွင် ဝူယွမ်နှင့် လင်းတုန်တို့သည် သူတို့ပတ်ဝန်းကျင်ကို စုံစမ်းရန် ဝိညာဉ်စွမ်းအင်ကို ဆက်တိုက်ထုတ်လွှတ်ထားကြသည်။
“အိုး၊ အစ်မရွှမ်စုနဲ့ သူ့လူတွေပါလား”
ရုတ်တရက် သူက အရှေ့ဘက်တွင် ရှုပ်ထွေးနေသော တိုက်ပွဲတစ်ခုကို ထောက်လှမ်းလိုက်မိပြီး တစ်ဖက်က ရွှမ်စုဦးဆောင်သည့် ရွှေတစ်သောင်းကုန်သည်အသင်းနှင့် အခြားသူများဖြစ်နေကြသည်။
“သွားကူညီကြရအောင်”
ရွှမ်စုသည် တင်းကျပ်သောအဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် အမို့အမောက် အကွေးအကညွှတ်များဖြင့် ပြီးပြည့်စုံနေသော်လည်း ယခုအခါ သူမ၏မျက်နှာလေးက လေးနက်နေပြီး သွေးအနည်းငယ်ပေနေ�သည်။
သူတို့ဘက်က အရေးနိမ့်နေပြီး၊ အခြားတစ်ဖက်မှာ ဓားကြီးကိုင်ထားသည့် ရုပ်ရင့်ကြမ်းတမ်းသော အမျိုးသားတစ်ဦးက ရွှမ်စုကို ကာမဆန်ဆန် စိုက်ကြည့်နေသည်။
“အကြီးအကဲစု၊ မိန်းကလေးရှား၊ ခုခံမနေကြနဲ့တော့ ငါနဲ့အတူ သာယာသာယာလိုက်ခဲ့။ ငါ တိုက်ခိုက်ရင်း မတော်တဆ မင်းတို့ခန္ဓာကိုယ်ကို ထိခိုက်မိသွားရင် ငါ့နှလုံးသားလေးကြေကွဲရလိမ့်မယ်။”
ထိုအမျိုးသား၏ဘေးတွင် အနီရောင်ပန်းပွင့်ပုဝါဝတ်ထားသည့် ချစ်စဖွယ်အမျိုးသမီးတစ်ဦးလည်းရှိနေပြီး ရွှမ်စုကို စိုက်ကြည့်နေသည်။
အမျိုးသား၏စကားကိုကြားသည်နှင့် သူမက မကျေမနပ်ဖြစ်ကာ၊
“စုန်ထောင်၊ စကားအပိုတွေအများကြီး ပြောမနေနဲ့ ငါတစ်ယောက်တည်းနဲ့မလုံလောက်သေးဘူးလား။ ဒီအမျိုးသမီးကို အမြန်သတ်လိုက်၊ ပြီးရင် ရှား၀မ်ကျင်းကို ကိုင်တွယ်ရအုံးမယ်”
“ဟေ့ဟေ့၊ အကြီးအကဲစု၊ မင်းသာ မပူးပေါင်းရင် ငါမညှာတော့ဘူးနော်၊ အဲ့ကြမှ ငါ့ကိုအပစ်မတင်နဲ့ ”
“ကျိလင်း၊ မြန်မြန်ထွက်ပြေးတော့။ ငါသူတို့ကို တားထားလိုက်မယ်”
ရွှမ်စုက သေရန် စိတ်ပိုင်းဖြတ်ထားသည့် ဟန်ဖြင့် ရှားကျိလင်းကို တွန်းလိုက်သည်။
“ဘယ်သူမှ လွတ်မှာမဟုတ်ဘူး” အနီရောင်ပန်းပွင့်ပုဝါဝတ်ထားသော အမျိုးသမီးက ပြောသည်။
“ဟားးဟားး၊ ဟုတ်တယ် ဘယ်သူမှ မလွတ်ဘူး မင်းတို့အားလုံး ဒီနေရာမှာဘဲသေရလိမ့်မယ်”
ဝူယွမ်သည် ဓားပျံစီးရင်း ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
ဝှစ်...ဝှစ်...ဝှစ်... အနက်ရောင်မီးမိုးကြိုးဓားများ ပျံသန်းထွက်ပေါ်လာပြီး တစ်ဖက်လူများ၏ အသက်ကို ရိတ်သိမ်းလိုက်သည်။
လင်းတုန်၊ ပိုင်ယွမ်နှင့် ရှောင်ယန်တို့ပါ တိုက်ပွဲထဲသို့ဝင်ရောက်လိုက်ရာ ခဏအတွင်းမှာပင် ပြိုင်ဘက်များကို လမ်းဆုံးသို့ရောက်အောင် တွန်းပို့လိုက်နိုင်သည်။
ဝူယွမ် မြေပြင်ပေါ်သို့ရောက်သည့် အချိန်တွင် စုန်ထောင်နှင့် အနီရောင်ပန်းပွင့်ပုဝါဝတ်ထားသည့် အမျိုးသမီးသာ ကျန်ရစ်ခဲ့သည်။
“အစ်မရွှမ်စု၊ မိန်းကလေးရှား၊ မင်းတို့အဆင်ပြေလား။ ဘယ်လိုဖြစ်တာလဲ”
ရွှမ်စုက အနီရောင်ပန်းပွင့်ပု၀ါဝတ်ထားသည့်အမျိုးသမီးကို ညွှန်ပြလိုက်ပြီး “သူမက ယွဲ့ရှန်းရဲ့ဇနီး ကျိုးယန်ရှားဘဲ ဟိုတစ်ယောက်က သူမရဲ့အချစ်သစ် စုန်ထောင်၊ ဓားသတ်သမားဂိုဏ်းရဲ့ခေါင်းဆောင်ဘဲ”
“အိုး၊ ဒါဆိုရင် ဒါကလက်စားချေတာပေါ့။”
ကျိုးယန်ရှားက ဝူယွမ်နှင့် လင်းတုန်ကိုမြင်လျှင် အလွန်ဒေါသထွက်သွားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ဘတ်တုန်ခါနေသည်။ သူမက နာကျည်းမှုအပြည့်ဖြင့် “ဝူယွမ်၊ လင်းတုန်၊ ငါမင်းတို့ကိုသတ်မယ်။”
“သူက ယွဲ့ရှန်းကိုသတ်ခဲ့တဲ့ ဝူယွမ်ဘဲ”
စုန်ထောင် ဝူယွမ်၏အမည်ကိုကြားပြီး ထိတ်လန့်သွားသည်။
သူက ယွမ်ဒန်အဆင့်ပြီးပြည့်စုံသောအောင်မြင်မှု အဆင့်မှာရှိပေမဲ့ ယွဲ့ရှန်းတောင် ထိုလူကို မနိုင်လျှင် သူမည်သို့နိုင်မည်နည်း။
“ရွှတ်”
ကျိုးယန်ရှားသည် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် မှာဘဲရှိသေးပြီး ဝူယွမ်၏ ရေခဲပုံဆောင်ခဲဓားကို လုံးဝမတားဆီးနိုင်ပေ။
ကျိုးယန်ရှား၏ လည်ပင်းမှ သွေးတန်းတစ်ခုပိုင်းပြတ် သွားပြီး လှပသောမျက်နှာအကျည်းတန်သွားကာ ချက်ချင်းလဲကြသေဆုံးသွားသည်။ စုန်ထောင်ကတော့ ဝူယွမ်တို့ စကားပြောနေကတည်းက ထွက်ပြေးသွားပီဖြစ်သည်။
လင်းတုန်က စုန်ထောင်ကို လိုက်ဖမ်းရန် ပြင်လိုက်သော်လည်း ဝူယွမ်က သူ့ကို တားလိုက်သည်။
“မလိုက်နဲ့၊ ငါ့လက်ထဲလွှဲထားလိုက်”
“ငါသိပ်မကြာခင်က ပြန်လည်ပြင်ဆင်ထားတဲ့ လီဟော်ဓားကို စမ်းကြည့်ရအောင်။”
ရုတ်တရက် လေထဲတွင် မီးခိုးရောင်ဓားရှည်တစ်ချောင်း ပေါ်လာသည်။ ထိုဓားကသည် ဝူယွမ်က ရူန်းများကို ပြန်လည်ပြင်ဆင်ထားသော လီဟော်ဓားပင်ဖြစ်သည်။
ထို့အပြင် ရူန်းများစွာပေါင်းစပ်အသုံးထားသော သူပထမဆုံး ဓားရှည်လက်နက်လည်းဖြစ်သည်။
ဝှစ်...
လီဟိုးဓားက မြန်မြန်ဆန်ဆန်ဖြင့် စုန်ထောင်နောက်က လိုက်သွားသည်။
သိပ်သည်းသောမီးဓာတ် ပေါက်ကွဲထွက်လာပြီး ဓား၏အစွန်းသည် မီးလျှံများဖြင့်ပြည့်နေကာ ဓားအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ စုန်ထောင်ကိုဖောက်ထွက်သွားသည်။
မီးရူန်း နှင့် အရှိန်ရူန်း ပေါင်းစပ်ခြင်း။
ရှောင်ဒေါင်- “ပြန်လည်၀င်စားသူဆိုတဲ့အတိုင်းဘဲ သူက သာမန်ပစ္စည်းတစ်ခုကိုတောင် ဝိညာဉ်ရတနာအဆင့်သို့ မြှင့်တင်ရန် ရူန်းတွေအသုံးပြုနိုင်ပြီး အမှိုက်တစ်ခုကို မှော်ဆန်သောအရာတစ်ခုအဖြစ် ပြောင်းလဲနိုင်တယ်။”
လင်းတုန်- “အစ်ကိုကြီးက အရမ်းအံ့သြဖွယ်ကောင်းတယ်။”
ဒီနေရာရှိအခြေအနေကိုဖြေရှင်းပြီးနောက် ဝူယွမ်က ချက်ချင်းမေးလိုက်သည်။
“ဥက္ကဋ္ဌရှားဘယ်မှာလဲ။ သူ့ကိုအမြန်သွားကယ်ကြမယ်”
“ဥက္ကဋ္ဌရှားကို ဒီအမျိုးသမီး ကျိုးယန်ရှား ခေါ်လာတဲ့ သားရဲအုပ်စုတစ်စုက တိုက်ခိုက်နေတယ်၊ တစ်ကောင်က ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်ဘဲ၊ ဥက္ကဋ္ဌရှား သူဒဏ်ရာရထားပေမဲ့ ဆက်ထိန်းထားနိုင်လောက်သေးတယ်၊”
ပိုင်ယွမ်နှင့် ရှောင်ယန်တို့ ချက်ချင်းပြေးသွားပြီး ရှား၀မ်ကျင်းကို ကယ်တင်လိုက်နိုင်သည်။
ရှား၀မ်ကျင်းသည် စိတ်လှုပ်ရှားသွားပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ “ညီလေးဝူယွမ်၊ ညီလေးလင်းတုန် ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ်မှာ မင်းတို့နှစ်ယောက်မရှိရင် ကျွန်တော်တို့ ရွှေတစ်သောင်းကုန်သည်အသင်း ပျက်စီးသွားလိမ့်မယ်။”
“ဥက္ကဋ္ဌရှား၊ ကျွန်တော်က ဥက္ကဋ္ဌ ရှားအပေါ် ကျေးဇူးကြွေးအများကြီးရှိတယ်၊ ဥက္ကဋ္ဌနဲ့ အစ်မရွှမ်စုသည် ကျွန်တော်တို့အပေါ် ကောင်းကောင်းဆက်ဆံခဲ့တာကြောင့် အခုကိစ္စက ကျွန်တော်တို့နှစ်ယောက် လုပ်သင့်တဲ့ အရာပါဘဲ”
ဝူယွမ်က မြန်မြန်ဆန်ဆန်ဘဲ ကျေးဇူးတင်တာကို ငြင်းဆိုလိုပ်သည်။
ယွဲရှန်းနှင့် ယွဲ့မျိုးနွယ်ညီအစ်မများကို သူတို့ကသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ယွဲ့ရှန်း၏ဇနီးက အချစ်သစ်ရှာဖွေကာ ရွှေတစ်သောင်းကုန်သည်အသင်းကို လက်စားချေခြင်းသည် သူတို့နှင့်ဆက်စပ်နေသည်။
“ယွမ်၊ ဒီတစ်ကြိမ် အမ မင်းကို တကယ်ကျေးဇူးတင်ရမယ်။ မင်းတို့သာရောက်မလာရင် အစ်မ စုန်ထောင်ရဲ့လက်ထဲ ကျရောက်သွားနိုင်သည်” ရွှမ်စုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ရှားကျိလင်းသည်လည်း မြန်မြန်ဆန်ဆန် ကျေးဇူးတင်စကားပြောလိုက်သည်။ “သခင်လေးဝူယွမ်၊ သခင်လေးလင်းတုန် ကျေးဇူးတင်ပါတယ်။”
“ ဒီကိစ္စလေးလောက်က မပင်ပန်းပါဘူး၊ ရွှေတစ်သောင်းကုန်သည်အသင်းက အမြဲတမ်း ကျွန်တော် ဝူယွမ်ရဲ့မိတ်ဆွေဘဲ”
“အစ်မရွှမ်စု၊ အမတို့ဒီတစ်ကြိမ် ဆုံးရှုံးမှုကြီးကြီးမားမားနဲ့ ကြုံတွေ့လိုက်ရတယ်၊ အနက်ထဲထိမသွားသင့်တော့ဘူး ရှေးဟောင်းဂူသင်္ချိုင်း တိုက်ပွဲမှာ အဆင့်မြင့် ကျင့်ကြံသူတွေအများကြီးရှိတယ် အမတို့လက်ရှိအခြေအနေနဲ့က ပြန်လိုက်တာပိုကောင်းမယ်”
ရှား၀မ်ကျင်း- “ငါတို့လည်း ဒီလိုလုပ်ဖို့ ရည်ရွယ်ထားတယ်။ ဒီတစ်ကြိမ်ပြန်ရင် သွေးဝံပုလွေဂိုဏ်းနဲ့ ဓားသတ်သမားဂိုဏ်းရဲ့ အကြွင်းအကျန်အားလုံးကို ရှင်းပစ်မယ်၊”
ရွှမ်စု- “ရှောင်ယွမ်၊ သတိထားပါ။ အမက မင်းပြန်လာတာကို စောင့်ပြီး မင်းကိုကျေးဇူးဆပ်မယ်”
“အင်း...” ဝူယွမ်က ခေါင်းညိတ်လိုက်သည်။
ရွှေတစ်သောင်းကုန်သည်အသင်းမှ လူများထွက်ခွာသွားပြီးနောက် ဝူယွမ်တို့နှစ်ယောက် ဆက်လက်ထွက်ခွါလာကြသည်။
ဝူယွမ်- “ညီလေး၊ ဒါကြောင့် ငါပြောတာ၊ ကျူပင်ခုတ်ရင် ကျူငုတ်မကျန်စေနဲ့ဆိုတာ၊ ဒီတစ်ကြိမ် ကြည့်လိုက်၊ ကျိုးယန်ရှားက ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့်မှာဘဲရှိသေးတယ်။ ဒါပေမယ့် ရွှေတစ်သောင်းကုန်သည်အသင်းကို လက်စားချေဖို့ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူတစ်ဦးပါတဲ့ ဂိုဏ်းတစ်ခုကို စုစည်းနိုင်ခဲ့တယ်။ ဒီတစ်ကြိမ် သူမရဲ့ပစ်မှတ်က ငါတို့မိသားစုနှစ်ခုဖြစ်ခဲ့ရင်၊ ငါတို့မရှိတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမယ်ထင်လဲ။”
“အစ်ကိုကြီး သွင်သင်ပေးတာကို ကျေးဇူးတင်ပါတယ်”
လင်းတုန်သည် အခု ယွဲ့လင်းကိုသတ်ခြင်းနှင့် ပတ်သက်ပြီး စိတ်ရှင်းသွားသည်။
“ဒါပေမဲ့ ဒီတစ်ကြိမ်က ရွှေတစ်သောင်းကုန်သည်အသင်းရဲ့ ပေါ့ဆမှုကြောင့်ဘဲ၊ သူတို့က ကျိုးယန်းရှားကို ထွက်ပြေးလွတ်မြောက် စေခဲ့တာကြောင့်ဘဲ”
သူတို့နှစ်ယောက်က တောနက်ထဲရောက်လာသည်နှင့် အမျှ တွေ့ရသည့်လူဦးရေး တဖြည်းဖြည်းနည်းပါးလာပြီး ပိုအားကောင်းသော သားရဲများကိုသာ ပိုတွေ့လာကြသည်။
နောက်ဆုံးတော့ကျားနှစ်ကောင်၏ အရှိန်အဝါက ထိရောက်မှုမရှိတော့ပေ။ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်သော သားရဲများက သူတို့ကို ချောင်းမြှောင်းတိုက်ခိုက်လာကြသည်။
ဝူယွမ်နှင့် လင်းတုန်တို့၏ ဝိညာဉ်စွမ်းအင်သည် ပြင်းထန်ပြီး သူတို့ကိုကြိုတင်ထောက်လှမ်း မိသော်လည်း အားလုံးကိုရှောင်ရှားနိုင်ခြင်းမရှိပေ။
နှစ်ဦးစလုံး ထိုင်နေ၍မရတော့ပေ။
သူတို့သည် သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ဖြေရှင်းခဲ့သည်။
ရှောင်ယန်သည် လမ်းတစ်လျှောက် သားရဲ အမြုအတေများကို ပျော်ရွှင်စွာစားသုံးနေသည်။
ပိုနက်လာသည်နှင့် ဝူယွမ်နှင့် လင်းတုန်တို့က ပိုသတိထားလာကြပြီး နောက်ဆုံးတွင် သဘာဝနွယ်ပင်များဖြင့်ဖုံးလွှမ်းနေသော တောအုပ်အတားအဆီးကြီးကိုဖြတ်ကျော်ကာ ဧရာမတောင်ကုန်းကြီးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
စိမ်းလန်းသောအပင်များ တောင်တစ်ခုလုံးတွင် ပေါက်နေသော်လည်း စိမ်းလန်းသောအပင်များကြားမှ ရှေးဟောင်းကျောက်တုံးများနှင့် ဆောက်ထားသော အဆောက်အဦများကို မြင်တွေ့နေရသည်။
ရှေးဟောင်းဂူသင်္ချိုင်းကို ရောက်ပြီ။