ရှေးဟောင်းဂူသင်္ချိုင်း ဖောက်သမား ဝူယွမ်
Vol. 7 Ch. 70
ဝူယွမ်နှင့် လင်းတုန်တို့သည် တောင်ထိပ်ရှိ အဆောက်အဦးများဖြင့်ဖုံးလွှမ်းနေသော တောင်ကုန်းကျု ကြည့်လိုက်ကြသည်။
မမြင်နိုင်သော အတားအဆီးတစ်ခုက တောင်ထိပ်တစ်ခုလုံးကို သီးခြားခွဲထားပြီး ဘယ်သူမှ ရှေးဟောင်းဂူသင်္ချိုင်း ထဲကို မ၀င်ရောက်နိုင်အောင် တားဆီးထားသည်။
သူတို့တောင်နားကပ်လာသောအခါ တောင်ခြေတွင် တဲများ စိုက်ထူထားတာကို မြင်လိုက်ရသည်။
ရှေးဟောင်းဂူသင်္ချိုင်း ၏ ဆွဲဆောင်မှုက ငြင်းဆန်မရနိုင်အောင်ကြီးမားလွန်းလှသည်။
လင်းတုန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းသည်။ “အစ်ကိုကြီး၊ ဒီလူတွေအားလုံး ဘာကြောင့်ဒီမှာ စုနေရတာလဲ။ သူတို့ ရှေးဟောင်းဂူသင်္ချိုင်းကို ဘာကြောင့်မစူးစမ်းကြ သေးတာလဲ။ သူတို့ဘာကိုစောင့်နေကြတာလဲ။”
ရှောင်ဒေါင်က “လင်းတုန်၊ ဒီရှေးဟောင်းဂူသင်္ချိုင်း ရဲ့အပြင်ဘက်မှာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူ မသေဆုံးခင်က ပြင်ဆင်ထားခဲ့တဲ့ စွမ်းအင်အတားအဆီး တစ်ခုရှိတယ်။ နှစ်အတော်ကြာသွားလို့ အတားအဆီးစွမ်းအားက လျှော့ရဲသွားတာေကြာင့် ကံကောင်းတဲ့သူအချို့ခိုးဝင်လို့ရနိုင်သတယ်။ ဒါပေမဲ့ သူတို့ ရှေးဟောင်းဂူသင်္ချိုင်း အတွင်းပိုင်းထိ ၀င်ရောက်နိုင်မှာမဟုတ်ဘူး နိဗ္ဗာန်အဆင့် ကျင့်ကြံသူရဲ့ အတားအဆီးက အားနည်းနေရင်တောင် သာမန်လူတွေ ၀င်ရောက်နိုင်တဲ့ အဆင့်မဟုတ်ဘူး”
ဝူယွမ်က ရှေးဟောင်းဂူသင်္ချိုင်း ၏ အတားအဆီးကို စစ်ဆေးရန် စွမ်းအားပြင်းနတ်ဆိုးမျက်စိ ကိုအသုံးပြုလိုက်သည်။ “ဒီမှာ စွမ်းအင်အတားအဆီးတစ်ခုရှိတယ်။ ဖျက်စီးဖို့ဆို အနည်းဆုံး သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူ တစ်ဦးလိုလိမ့်မယ်။ ဒီအားနည်းတဲ့သူအားလုံးတွေက ရှေးဟောင်းဂူသင်္ချိုင်း ကိုစူးစမ်းဖို့လာကြတယ်လို့ မင်းထင်လား။ တကယ့်အဓိကလူတွေ မပေါ်လာသေးဘူး။”
“အစ်ကိုကြီး၊ အခုဘာလုပ်ရမလဲ။
အောက်မှာတဲဆောက်ထားပြီး အတားအဆီးအားနည်းတဲ့ အချိန်ကိုစောင့်ရမှာလား”
ဝူယွမ်ကစကားပြန်မပြောဘဲ တောင်ထိပ်ရှိအတားအဆီးကို သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိ ဖြင့်ဆက်လက်စစ်ဆေးနေသည်။
သူကြည့်နေရင်း ရုတ်တရက် သူ၏နှုတ်ခမ်းပေါ်တွင် ပြုံးရိပ်တစ်ခုဖြစ်ပေါ်လာသည်။
“ဒါဖြစ်နိုင်တယ်။ ငါ့နောက်လိုက်ခဲ့။”
ဝူယွမ်သည် အနည်းငယ်စိတ်လှုပ်ရှား နေသည့်ဟန်ဖြင့်ပြောလိုက်သည်။
သူက လင်းတုန်ကို တောင်ခြေရင်းရှိ တဲများကို တိတ်တဆိတ်ရှောင်ရှားရင်း တောင်ထိပ်ဆီသို့ ဦးတည်ခေါ်ဆောင်သွားသည်။ လူအတော်များများ တောင်ထိပ်ရှိ အတားအဆီးပတ်လည်တွင် စူးစမ်းနေကြပြီး ကံကောင်းစွာခိုးဝင်နိုင်မလားဟု မျှော်လင့်နေကြသည်။
ဝူယွမ်သည်လည်း လင်းတုန်ကို ဤလူများကဲ့သို့ အတားအဆီးနားတစ်လျှောက် လမ်းပတ်လျှောက်ခိုင်းလိုက်ပြီး ထိုဖြစ်စဉ်အတွင်း သူက သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိ ကိုအသုံးပြုပြီး နီးနီးကပ်ကပ် စစ်ဆေးနေသည်။
ဝူယွမ် လုပ်နေသည်ကိုမြင်ပြီး လင်းတုန်သည်လည်း သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိ ကိုအသုံးပြုလိုက်သည်။
စွမ်းအားပြင်းနတ်ဆိုးမျက်စိ ၏မြင်ကွင်းအောက်တွင် မူလကမြင်ရခဲ့သော အတားအဆီးသည် ရှင်းရှင်းလင်းလင်းပေါ်လာပြီး အတွင်းရှိစွမ်းအင်စီးဆင်းမှုကို မြင်တွေ့လာရသည်။
“ဒီမှာ”
ဝူယွမ်သည် ရုတ်တရက်ရပ်တန့်ကာ သူ၏ ဝိညာဉ်စွမ်းအင် ဖြင့် လင်းတုန်ထံသို့ သတင်းပို့လိုက်သည်။
သူတို့ရှိနေသည့် သီးသန့်နေရာတစ်ခုတွင် အတားအဆီးစွမ်းအင်က မယုံနိုင်လောက်အောင် အားနည်းနေသည်။
ဝူယွမ်က သူ၏စိတ်လှုပ်ရှားမှုကိုဖိနှိပ်ကာ “ဒီစွမ်းအင်စုစည်းမှုအမှတ်ရှိ စွမ်းအင်က ကုန်ဆုံးတော့မလိုဖြစ်နေတယ် ဒါပေမဲ့ ဆက်လက်လည်ပတ်နေတုန်းဘဲ၊ ခန့်မှန်းခြေအရ အချိန်တစ်ခုကြာတိုင်း ဒီနေရာရဲ့ စွမ်းအင်အတားအဆီးက ခဏ ပျောက်ကွယ်သွားလိမ့်မယ်။ ဒီနေရာကနေ ချိုးဖောက်ဝင်ရောက်ဖို့ လွယ်မယ်လို့ ငါထင်တယ်”
“ဟစ်”
လင်းတုန် မျက်နှာသည် နီရဲသွားသည်။ “ဆိုလိုတာက ကျွန်တော်တို့ ဒီနေရာကနေ အတားအဆီး မပြတ်ပျယ်ခင် ခိုး၀င်နိုင်တယ်ဆိုတဲ့သဘောလား”
“ကြိုးစားကြည့်ရင်သိရလိမ့်မည်။ မင်းသေချာပြင်ထား၊ မင်းနဲ့ ရှောင်ယန် အရင်၀င်လိုက်၊ နောက်တစ်ကြိမ် အတားအဆီးပြောက်တာကို ငါစောင့်မယ်။
“ေကာင်းပီ” လင်းတုန်သည် မတွန့်ဆုတ်ဘဲ သူ့အစ်ကိုကြီးအား ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ခဏအတွင်းမှာပင် စွမ်းအားပြင်းနတ်ဆိုးမျက်စိ၏ မြင်ကွင်းအောက်တွင် သူတို့ရှေ့မှ အတားအဆီးသည် လှည့်ပတ်ကာ စွမ်းအင်အလွှာပါးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
“အခုဘဲ”
လင်းတုန်က ရှောင်ယန်ကိုစီးကာ တစ်ချက်တည်းဖြင့် ခုန်ဝင်သွားသည်။
“ပေါက်”
စွမ်းအင်အတားအဆီးက ချက်ချင်း ပြန်လည်ကောင်းမွန်လာသည်။
လင်းတုန်နှင့် ရှောင်ယန်တို့က အတွင်းပိုင်းသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင် သည် ပတ်ဝန်းကျင်ကို ဆက်တိုက်စစ်ဆေးနေပြီး အခြားသူများ အခုနေရာရဲ့ချို့ယွင်းချက်ကို ရှာဖွေမတွေ့ရှိရန် ကာကွယ်ထားသည်။ တကယ်တော့ ဒီနေရာကဲ့သို့ချို့ယွင်းချက်များ များစွာရှိပြီး ကံကောင်းသူအချို့သည် ယခင်ကခိုးဝင်နိုင်ခဲ့ကြသည်။
အချိန်တစ်ခုကြာပြီးနောက် စွမ်းအင်အလွှာပါးတစ်ခု ထပ်ပေါ်လာပြီး ပိုင်ယွမ်ကိုစီးထားသော ဝူယွမ်သည် ချက်ချင်းဖြတ်သန်းဝင်ရောက်လိုက်သည်။
စုပ်ယူမှုအားတစ်ခုကိုခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ဝူယွမ်က ရှေးဟောင်းဂူသင်္ချိုင်း၏ အတားအဆီး အတွင်းပိုင်းကို ဝင်ရောက်သွားပြီဖြစ်သည်။
တစ်လွှာခြားပြီး ကမ္ဘာနှစ်ခုကွဲထွက်တယ်။
“အရမ်းသိပ်သည်းတဲ့ ယွမ်စွမ်းအင်တွေ”
အတားအဆီးအတွင်းမှ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအင်သည် အပြင်ထက် ဆယ်ဆလောက်ပို သိပ်သည်းသည်။
တောင်ထိပ်တစ်ခုလုံးက စိမ်းလန်းစိုပြေပြီးနေပြီး ရှေးဟောင်းခေတ် သမိုင်းမှတ်တမ်းများနှင့် ပြည့်နှက်နေသည်။
အတားအဆီး အပြင်ဘက်မှာဆို တောင်ထိပ်ရှိနန်းတော်၏အ�စကိုသာ မြင်နိုင်သော်လည်း အတွင်းပိုင်းသို့ရောက်ရှိပါက ၎င်းအတွင်း ကိုယ်ပိုင်ကမ္ဘာတစ်ခုပါ ရှိသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုကြီး၊ ဒီမှာတစ်ယောက်ယောက် ရှိနှင့်ပြီးသားထင်တယ်။”
လင်းတုန်သည် သူတို့ပတ်ဝန်းကျင်ရှိ ခြေရာများကိုညွှန်ပြလိုက်သည်။
“ဒီဧရာမ အတားအဆီးကြီးက ရှေးကတည်းကရှိတာ ဒီလောက်ကြီးမားတဲ့ စွမ်းအင်အတားအဆီးကို ထိန်းသိမ်းဖို့ဆို ချို့ယွင်းချက်ကတော့ရှိမှာဘဲ။ ဒီလူတွေလည်းအဲ့တာကို မတွေ့စရာအကြောင်း မရှိဘူး၊ လူတစ်ချို့ကြိုရောက်နေတာက ပုံမှန်ဘဲ။ ဒါပေမဲ့ အတားအဆီးထဲ ဝင်ရောက်တာဘဲ ပထမဆုံးခြေလှမ်းဘဲရှိသေးတယ် သင်္ချိုင်းဂူတစ်ခုလုံးကိုသေချာကြည့်လိုက်။ နန်းတော်ကိုခွဲခြားထားတဲ့ နောက်ထပ် အတားအဆီးတစ်ခုရှိသေးတယ် နန်းတော်ထဲကို ၀င်ဖို့ဆိုတာ အဲ့လောက်လွယ်မှာမဟုတ်ဘူး”
နှစ်ဦးစလုံး ဝိညာဉ်စွမ်းအင် ကိုထုတ်လွှတ်ပြီး စစ်ဆေးကြည့်ရာ လူငါးယောက်လောက်သည် နန်းတော်ပတ်လည်တွင် သတိထားလျက် စူးစမ်းနေပြီး ဝင်ရောက်ရန်ကြိုးစားနေကြသည်။
သင်္ချိုင်းဂူ၏ဧရိယာက ကျယ်ပြန့်ပြီး ဝူယွမ်နှင့် လင်းတုန်တို့က ဝိညာဉ်စွမ်းအင်အားကောင်း သောကြောင့် ထိုလူများကိုအလွယ်တစ်ကူ ရှောင်ရှားနိုင်ခဲ့သည်။
ဝူယွမ်တို့နှစ်ယောက် နန်းတော်နား ရောက်လာကြပြီး ဝူယွမ်က အတားအဆီးကို စမ်းသပ်ကြည့်ရာ ထိလိုက်သည့်ဘယ်သူမဆို အတားအဆီး၏ တိုက်ခိုက်တာခံရမည်ဖြစ်သည်။
အပြင်ဘက်စွမ်းအင်အတားအဆီးသည် နန်းတော်၏ ပထမဆုံးကာကွယ်ထားသည့်ပြင်ပ အတားအဆီးတစ်ခုသာဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် သူတို့ကအတားအဆီးကို ဖြတ်ကျော်လာနိုင်သော်လည်း အတားအဆီးကြားမှာဘဲ ရှိသေးသည်။
ဝူယွမ်က နန်းတော်အတားအဆီးကို စတင်လေ့လာခဲ့သည်။ အတားအဆီး၏ သော့ချက်က ရူန်း များနှင့်ဆက်စပ်နေသည်။
စွမ်းအားပြင်းနတ်ဆိုးမျက်စိ အောက်တွင် သူသည် ရူန်းများ ပါရှိသော စွမ်းအင်စုစည်းမှုအမှတ်တစ်ခုကို မြန်မြန်ဆန်ဆန်ရှာဖွေတွေ့ရှိခဲ့သည်။
သူက ရူန်း ပုံသဏ္ဍာန်ကို မြင်တာနဲ့ သူ၏ ဝိညာဉ်စွမ်းအင် ကိုအသုံးပြုပြီး မူလရူန်း လျှို့ဝှက်ချက် ထဲက ရူန်းများနှင့်နှိုင်းယှဉ်ခဲ့သည်။
ထိုရိုးရှင်းသောရူန်း များမှတစ်ဆင့် သူသည် သက်ဆိုင်ရာ မူလရူန်း များကိုရှာဖွေတွေ့ရှိခဲ့သည်။
“မူလနယ်နိမိတ် ရူန်း”
“မူလတံဆိပ်ခတ် ရူန်း”
“မူလထိန်းချုပ် ရူန်း”
...ဤစွမ်းအင်စုစည်းမှုအမှတ်သည် ရူန်း များစွာပေါင်းစပ်ထားခြင်းဖြစ်ပြီး အလွန်ရှုပ်ထွေးလှသည်။
ဝူယွမ်သည် မူလရူန်း လျှို့ဝှက်ချက် ထဲရှိ အကြောင်းအရာများကို အကြိမ်ကြိမ်လေ့လာပြီးပှဖြစ်သောကြောင့် ထိုရူန်း များနှင့်အလွန်ရင်းနှီးနေသည်။
သူသက သူ့ဘေးရှိ လင်းတုန်အားပြောလိုက်သည်။ “ညီလေး၊ မင်း ပတ်ဝန်းကျင်ကို သေချာကြည့်ထား။ ဒီစုစည်းမှုအမှတ်ကိုချိုးဖောက်ပြီး ဝင်ရောက်ရမရငါစမ်းကြည့်မယ်။”
“အစ်ကိုကြီးက အတားအဆီးတွေ အကြောင်းလည်း သိတာဘဲလား”
ရှောင်ဒေါင်က “မအံ့ဩနဲ့။ မင်းအစ်ကိုကြီးလိုလူမျိုးက မသိနိုင်တာဘာရှိမလဲ။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး ချထားတဲ့ အတားအဆီးက မင်းအစ်ကိုကြီးကို အခက်တွေ့စေနိုင်မှာတဲ့လား။”
ကျောက်လက်ဖွဲ့ အတွင်းတွင် ရှောင်ဒေါင်သည် ခြေထောက်များကြက်ခြေခတ်ထိုင်နေရင်း အလွန်ကျေနပ်နေသည်။
ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးတစ်ဦးနောက်လိုက်ရခြင်းက ကောင်းမွန်လွန်းလှသည်။ ဘာမျှမလုပ်စရာမလို။ ပါးစပ်ဖွင့်ပြီး ကျွေးမွေးသမျှစားယုံသာ။
ရှောင်ဒေါင်က “လင်းတုန်၊ မသိရင် သေသေချာချာသင်ယူ။ ဆက်တိုက်မမေးနဲ့။ မင်းအစ်ကိုကြီးကြာရင် ငြီးငွေ့လာလိမ့်မယ်။ မင်းအစ်ကိုကြီးက မင်းကိုဂရုစိုက်ပေမဲ့ သူက မင်းကိုမပြောပြချင်သေးဘူး၊ မင်းအဆင့်မှာ အလွန်အမင်းသိနေတာ မင်းအတွက်မကောင်းဘူး။
သတိပေးချင်တာက သူက မင်းအစ်ကိုကြီးဖြစ်နေပေမဲ့ ကြောက်ရွံ့မှုကိုထိန်းသိမ်းထားနိုင်ရင်ကောင်းမယ်။ အတိုချုပ်ပြောရမယ်ဆို မမေးနဲ့၊သူ့နောက်ကလိုက်”
ရှောင်ဒေါင်၏ သဘောထားက အလွန်လျင်မြန်စွာပြောင်းလဲသွားသည်... လင်းတုန်သည် စိတ်ရှုပ်ထွေးကာ သူ၏အစ်ကိုကြီးက နက်နဲမြင့်မြတ်ပြီး မှန်းဆရခက်လာသည်ဟု ခံစားနေရသည်။
အစ်ကိုကြီး သင်ပြမှုတွေကြောင့် သူအတော်လေးလည်း နားလည်လာခဲ့သည်။
“အခုရှင်းပြဖို့အချိန်မရှိဘူး၊ ငါ့နောက်သာလိုက်ခဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကြီးက မင်းကိုဘယ်တော့မှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး” ဝူယွမ်က ချက်ချင်းပြန်ဖြေလိုက်သည်။
“အင်...”
လင်းတုန်သည် နာခံကာ ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက်စောင့်ကြည့်နေသည်။
ထိုအတောအတွင်း ဝူယွမ်က စုစည်းမှုအမှတ် နားကပ်ပြီး စတင်လေ့လာခဲ့သည်။ အချိန်အတော်လေးကြာပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင် သည် ရုတ်တရက်မြင့်တက်လာကာ အတားအဆီးပေါ်က စုစည်းမှုအမှတ်ရှိသည့်နေရာတွင် ရှုပ်ထွေးသောရူန်း တစ်ခုကိုရေးဆွဲခဲ့သည်။
သူအခုရေးဆွဲနေသော ရူန်းသည် မူလနယ်နိမိတ်ရူန်း ဘဲဖြစ်သည်။
【မူလနယ်နိမိတ်ရူန်း - ကောင်းကင်နှင့်မြေကြီးကြားတွင် မွေးဖွားလာသော မူလရူန်း များထဲမှတစ်ခုဖြစ်ပြီး နေရာနှစ်ခုကိုခွဲခြားကာ ကမ္ဘာသစ် နယ်နိမိတ်ကိုဖွဲ့စည်းနိုင်သည်။ ရူန်းတည်ရှိရာနေရာတိုင်းတွင် စွမ်းအင်အတားအဆီးတစ်ခုဖြစ်ပေါ်စေသည်။ ကမ္ဘာတစ်ခု၏ဖွဲ့စည်းပုံကိုအခြေခံကာ ကာကွယ်ရေးစုစည်းရေးများတွင်အသုံးပြုနိုင်သည်...】
စွမ်းအင်အတားအဆီးသည် အဓိကအားဖြင့် နယ်နိမိတ်ရူန်း၏ စွမ်းအင်အပေါ် အခြေခံပြီးဖွဲ့စည်းထားခြင်းဖြစ်သည်။ သို့သော် စုစည်းမှုအမှတ်အတွင်းရှိ နယ်နိမိတ်ရူန်း ၏ရှုပ်ထွေးမှုသည် မူလနယ်နိမိတ်ရူန်း ၏တစ်ထောင်ပုံတစ်ပုံသာရှိသည်။
ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင် ကိုအသုံးပြုပြီး ပိုပြီးပြည့်စုံသော နယ်နိမိတ်ရူန်း တစ်ခုကိုရေးဆွဲခဲ့ပြီး အဆင့်ဆင့်လုပ်ဆောင်ကာ အတားအဆီးအတွင်းရှိ နယ်နိမိတ်စွမ်းအားကိုထိန်းချုပ်ကာ အက်ကြောင်းတစ်ခုဖွင့်လိုက်သည်။
စုစည်းမှုအမှတ်ကို နယ်နိမိတ်စွမ်းအားဖြင့် ခွဲခြားထားသောကြောင့် သူက ပိုမိုအားကောင်းသော နယ်နိမိတ်ရူန်း ကိုအသုံးပြုပြီး အတွင်းသို့ဖြတ်ဝင်ရန်ဖြစ်သည်။
“အောင်မြင်ပြီ” ဝူယွမ်က အံ့အားသင့်စွာပြောလိုက်သည်။
သူသည် စွမ်းအင်အတားအဆီးတွင် အက်ကြောင်းတစ်ခုကို ဖြစ်ပေါ်စေလိုက်နိုင်သည်။
“မြန်မြန်ဝင်”
သူက လင်းတုန်နှင့် ကျားနှစ်ကောင်ကို အရင်၀င်ရန် တိုက်တွန်းလိုက်သည်။
လင်းတုန်၏နှလုံးခုန်သံမြန်နေပြီး သူက ပထမဆုံးခုန်ဝင်သွားသည်။ ပိုင်ယွမ်နှင့် ရှောင်ယန်တို့၏ မျက်လုံးများလည်း တောက်ပနေပြီး သူခိုးများကဲ့သို့ ခန္ဓာကိုယ်များကိုကျုံ့ကာ အတင်းညှစ်ဝင်သွားကြသည်။
စွမ်းအင်အတားအဆီးက အနည်းငယ်လှိုင်းထသွားသည်။ သို့သော် သိသိသာသာ သက်ရောက်မှုမရှိပေ။ ဝူယွမ်သည်လည်း မြန်မြန်ဆန်ဆန်ဝင်လိုက်ပြီး သူရောက်သည်နှင့် ဝိညာဉ်စွမ်းအင် ဖြင့်ဖွဲ့စည်းထားသော မူလနယ်နိမိတ်ရူန်းက ချက်ချင်းပျက်စီးသွားပြီး အတားအဆီးအက်ကြောင်းသည်လည်း ချက်ချင်းပိတ်သွားသည်။
“အစ်ကိုကြီး၊ အရမ်းကောင်းတယ်၊ ကျွန်တော်တို့ဝင်နိုင်ခဲ့ပြီ။”
လင်းတုန်သည် ရှေ့မှနန်းတော်ကို ကြည့်ရင်း စိတ်လှုပ်ရှားနေသည်။ ကြွယ်၀မှုကိုခံစားနေရပြီး စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်ပါ။
အခြားသူများက အပြင်ဘက်တွင်စောင့်ဆိုင်းနေစဉ် သူတို့သည် လုပ်ငန်းစတင်နေပြီဖြစ်သည်။
ရှောင်ဒေါင်- “မြန်မြန်သွားကြမယ်။”
ကျောက်လက်ဖွဲ့ အတွင်းမှ ရှောင်ဒေါင်ပင် မယုံနိုင်လောက်အောင်စိတ်လှုပ်ရှားနေသည်။
“အင်း၊ ခဏစောင့်အုံး ငါသူတို့အတွက် ခက်ခဲမှုကိုနည်းနည်း ထပ်တိုးပေးခဲ့မယ်”
ဝူယွမ်က ရုတ်တရက် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။ ထို့နောက် သူက စုစည်းမှုအမှတ်ပေါ်တွင် သူ၏ ဝိညာဉ်စွမ်းအင် ကိုထုတ်လွှတ်ကာ အရင်က မှိန်ဝါးနေသော ရူန်း များပေါ်တွင် သူ၏ ဝိညာဉ်စွမ်းအင် ကိုအသုံးပြု၍ ရူန်း များရေးဆွဲကာ စွမ်းအင်စုစည်းမှုအမှတ်ကို ပိုအားကောင်းလာစေခဲ့သည်။
ထိုနည်းအားဖြင့် စွမ်းအင်စုစည်းမှုသည် ပိုမိုမြန်ဆန်စွာလည်ပတ်လာမည်ဖြစ်ပြီး အတားအဆီးက ပိုခိုင်မာလာလိမ့်မည်။
ဤသည်က အတားအဆီးကို ချိုးဖျက်၀င်ရောက်ရန် ခက်ခဲမှုကိုတိုးမြင့်စေသည်။
ဝူယွမ်၏ ရူန်း များသည် ဒီအကြိမ်တွင် မူလ တံဆိပ်ခတ်ရူန်း များဖြစ်သောကြောင့် အတားအဆီး၏အသွင်အပြင်သည် မပြောင်းလဲသလို အပြင်ဘက်မှလည်းမြင်ရမည်မဟုတ်ပေ။ ရူန်း၏သက်ရောက်မှုကို စုစည်းမှုအမှတ်ကို တိုက်ခိုက်သည့်အခါမှသာ သိရမည်ဖြစ်သည်။
ထို့အပြင် သူက သူ၏ကိုယ်ပိုင် ဝိညာဉ်စွမ်းအင် ကိုအသုံးပြု၍ ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။ စုစည်းမှုအမှတ်ကိုတိုက်ခိုက်ခြင်းသည် သူချန်ရစ်ခဲ့သော ကျန်ရှိနေသည့် ဝိညာဉ်စွမ်းအင် ကတဖြည်းဖြည်းချေဖြတ်ခံရမည်ဖြစ်ပြီး စုစည်းမှုအမှတ်ချိုးဖောက်ပြီးသည့်အချိန်တွင် သူ၏ ဝိညာဉ်စွမ်းအင် အမှတ်အသားအားလုံးက လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။
ဘယ်သူမှလုပ်ခဲ့မှန်း ရှာနိုင်မည်မဟုတ်ပေ။
ကျောက်လက်ဖွဲ့ အတွင်းက ရှောင်ဒေါင်သည် ဝူယွမ်၏ရည်ရွယ်ချက်ကိုနားလည်သွားပြီး ခေါင်း တစ်ဆက်ဆက်ငြိမ့်လိုက်သည်။
“မင်းအစ်ကိုကြီးရဲ့လုပ်ရပ်တွေက သေသပ်တယ်။ ပြန်လည်၀င်စားသူဆိုတော့ မျှော်လင့်ထားတဲ့အတိုင်းဘဲ၊ နည်းလမ်းတွေက အလွန်ကြမ်းတမ်းတယ်။ ဟားဟား၊ ဒါပေမယ့် ငါကြိုက်တယ်။”
ရှောင်ဒေါင်သည် အရာအားလုံးကို တစ်ဦးတည်းပိုင်ဆိုင်ရန် နှစ်သက်သည်။
ဝူယွမ်၏လုပ်ရပ်သည် သူများအိမ်ထဲ၀င်ပြီး အတွင်းဘက်မှတံခါးကို သော့ခတ်ခြင်းနှင့်ညီမျှသည်။
ဝူယွမ် လုပ်လို့ပြီးဆုံးသွားသည်နှင့် ရယ်မောလိုက်ပြီး လင်းတုန်အားလှည့်ပြောလိုက်သည်။
“သွားကြရအောင်။ညရောက်နေပီ၊ အပြင်ကလူတွေ ဒီအတားအဆီးကို မနက်ဖြန်မှ ချိုးဖျက်နိုင်လိမ့်မယ်၊ ဒီညက ငါတို့အပိုင်ဘဲ၊ ဒီရှေးဟောင်းဂူသင်္ချိုင်း ထဲကရတနာ အားလုံးကိုယူကြမယ်။”
“အားလုံးယူလိုက်ရင် အရမ်းများသွားမလား” လင်းတုန်၏နှုတ်ခမ်းများတုန်ခါသွားသည်။
အကယ်၍ အပြင်ရှိလူများဝင်ရောက်လာပြီး ဂုဏ်သရေရှိသော နိဗ္ဗန်အဆင့် ကျင့်ကြံသူတစ်ယောက်၏ နယ်ပယ်ထဲတွင် သူသေဆုံးပြီးနောက် ရတနာများလုံးဝမရှိကြောင်း တွေ့ရှိပါက သူတို့သည် သင်္ချိုင်းဂူပိုင်ရှင်အား ပြန်ရှင်လာတဲ့အထိကျိန်ဆဲကြလောက်သည်။
“ဟေ့ဟေ့၊ ငါတို့၀င်ပြီးလို့ ရတနာတွေကို တွေ့ပြီးတဲ့နောက် အပြင်လူတွေအတွက် အနည်းငယ်ချန်ထားချင်သေးရင်လည်း ငါမတားတော့ဘူး။”
ဝူယွမ်က ပြုံးစိစိဖြင့်ပြောလိုက်သည်။ ဤအချိန်တွင် လင်းတုန်သည် အလွန်ငယ်ရွယ်နေသေးသည်။ နောင်ပိုင်းတွင်သူ ပိုကြမ်းလာမည်ကို သူမသိသေးပါ။ ရာစုနှစ်များစွာစစ်ပွဲအတွင်း သူက ကြမ်းတမ်းလွန်းလှသော ဝါးမျိုခြင်း ဝိညာဉ်စွမ်းအင် ကိုအသုံးပြုလိမ့်မည်။
“ဒီမှာ”
ဝူယွမ်က သူ၏ခါးကြားမှ သိုလှောင်အိပ် တစ်တွဲကိုထုတ်ယူလိုက်သည်။
“သိုလှောင်အိပ် အများကြီး”
လင်းတုန်သည် ထပ်အံ့အားသင့်သွားပြန်သည်။ ဝူယွမ်လက်ထဲတွင် သိုလှောင်အိပ် ဆယ်ခုကျော်ရှိနေသည်။ “အစ်ကိုကြီး၊ အစ်ကိုကြီးက တစ်ကယ်ကို အကုန်ပြင်ဆင်ထားတာဘဲ”
ဝူယွမ်- “အသက်အန္တာရယ်ကင်းဖို့က အဓိကဆိုပေမဲ့၊ ရတနာများလွန်းရင် မသယ်ဆောင်နိုင်မှာကို ငါစိုးရိမ်လို့ပါ။ အဲ့လိုဆို ဆုံးရှုံးမှု ဘယ်လောက်ကြီးမလဲ စိတ်ကူးကြည့်စမ်း။”
နှစ်ယောက်စလုံး သိုလှောင်အိပ် များကိုခွဲဝေယူကာ နန်းတော်ဆီသို့ ချီတက်သွားကြသည်။
ကျောက်လက်ဖွဲ့ အတွင်းတွင် ရှောင်ဒေါင်သည် ဝူယွမ်၏ပြီးပြည့်စုံသောပြင်ဆင်မှုများကိုကြည့်ရင်း သူ့အစား အနည်းငယ်ရှက်ရွံ့သွားသည်။ “ဒါ ဒါက ပြန်လည်မွေးဖွားသူ ဂုဏ်သရေရှိပုဂ္ဂိုလ်အနေနဲ့ မသင့်လျော်ဘူးမလား။ သူ့ အရင်ဘဝတုန်းက ဂူသင်္ချိုင်းဖောက်သမား လုပ်ခဲ့တာများလား”