ကြီးမားသော ရှာဖွေတွေ့ရှိမှု၊ ရှေးဟောင်းဂူသင်္ချိုင်းကြီးကို ရှင်းလင်းသုတ်သင်ခြင်း
Vol. 8 Ch. 71
နန်းတော်အတားအဆီးကို ကျော်ဖြတ်ပြီးနောက် နောက်ထပ် အတားအဆီးမရှိတော့ပေ။
နန်းတော်ဝင်ပေါက်သို့ ရောက်လာသောအခါ ဧရာမကျောက်တံခါးကြီးက သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
ဝူယွမ်တို့နှစ်ယောက် ကျောက်တံခါးကို ညင်သာစွာတွန်းဖွင့်ကာ အတွင်းသို့ဝင်ပြီးနောက် ပြန်ပိတ်လိုက်ကာ ခြေရာလက်ရာများဖျောက်ရန် ကြိုးစားကြသည်။
ကျောက်တံခါးအတွင်းသို့ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဖိအားတစ်ခုကိုခံစားလိုက်ရသည်။ နိဗ္ဗာန်အဆင့်ရှိ ကျင့်ကြံသူက သေသွားတာ ကြာပီဖြစ်သော်လည်း ကျန်ရစ်ခဲ့သော စွမ်းအင်က ထိုနေရာကို ဖုံးလွှမ်းထားသကဲ့သို့ရှိနေပြီး သူတို့ကိုယ်ခန္ဓာအတွင်း စီးဆင်းနေသော ယွမ်အား အနည်းငယ်ရပ်တန့်သွားစေသည်။
“နိဗ္ဗာန်အဆင့်က တကယ်ကို ကြောက်စရာကောင်းတာဘဲ သေသွားတာကြာပေမဲ့ သူကျန်ရစ်ခဲ့တဲ့ စွမ်းအင်ကတောင် ဒီလောက်အစွမ်းထက်နေတယ် သူအသက်ရှင်တုန်းကသာဆို မတွေးရဲစရာဘဲ”
လင်းတုန်၏မျက်လုံများ လေးနက်သွားခဲ့သည်။ ညအချိန်ဆိုပေမဲ့ သူတို့နှစ်ဦးက ဝိညာဉ်စွမ်းအင်ဖြင့် ပတ်၀န်းကျင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။
ရှောင်ဒေါင် “လင်းတုန်... ဒါက နိဗ္ဗာန်အဆင့်လောက်လေး ဘဲကို။ ဒီလောက်စိတ်လှုပ်ရှားမနေနဲ့။ မင်းအစ်ကိုကို ကြည့်စမ်း၊ သူဘယ်လောက်တည်ငြိမ်နေလဲ။ သူ့ဆီကသင်ယူပါ။ မင်းမှာ အင်အားကြီးသူတစ်ဦးရဲ့ စရိုက်လက္ခဏာမျိုးရှိရမယ်”
သူကတော့ လင်းတုန်ဟာ အတွေ့အကြုံမရှိသေးတဲ့ ကောင်လေးလို့ ထင်နေသည်။
ထိုအချိန်တွင် ဝူယွမ်က ခန်းမနှင့် လမ်းကြောင်းများကို စစ်ဆေးရန် သူ၏ ဝိညာဉ်စွမ်းအင်ကို ဆက်တိုက်အသုံးပြုနေသည်။
ခန်းမများထဲတွင် အတားအဆီးတစ်ချို့ ရှိနေဆဲဖြစ်သော်လည်း သူတို့၏စွမ်းအင်မှာ ပျောက်ဆုံးသွားပြီဖြစ်သည်။
“အစ်ကို... ဘယ်လမ်းကြောင်းကသွားရမှာလဲ”
လင်းတုန်က လမ်းကြောင်းများကို ကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။
ဝူယွမ်သည် ပြုံးလျက် “ဟုတ်ပြီ... လမ်းကြောင်းအားလုံးကို သွားကြမယ်။ လမ်းကြောင်းတိုင်းမှာ ရှာဖွေကြမယ်။ ညာဘက်က မင်းရှာလိုက်၊ ဘယ်ဘက်က ငါရှာမယ်။ သယ်နိုင်သမျှ ရတနာအားလုံးကို ယူသွားမယ်”
“သွားကြရအောင်... သေချာ ဂရုစိုက်ပါ။ ခြေရာလက်ရာမကျန်အောင် သတိထား၊ ငါတို့ စောစောရောက်နေတာကို သူတို့ကိုသိမသွားစေနဲ့”
ပြောပြီးသည်နှင့် သူက ပိုင်ယွမ်ကို ခေါ်ကာ ဘယ်ဘက်လမ်းကြောင်းထဲသို့ ဝင်သွားသည်။
ဝူယွမ် လမ်းကြောင်းထဲသို့ဝင်ပြီးနောက် ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်ကိုသုံးပြီး သူ၏လက်ဝါးပေါ်တွင် ဝိညာဉ်စွမ်းအင်စုဆောင်းရေးရူန်း တစ်ခုကို ရေးဆွဲလိုက်သည်။
လမ်းကြောင်းတစ်လျှောက်လုံး ကျောက်ခန်းမများဖြင့် ပြည့်နှက်နေသည်။ အခန်း တစ်ခုချင်းစီကို ၀င်ရှာမယ်ဆို နှေးကွေးလွန်းပြီး အချိန်အတော်ကုန်လိမ့်မည်။ နန်းတော်ကြီးက အလွန်ကျယ်ပြန့်သဖြင့် ပြင်ပလမ်းကြောင်းထဲက ကျောက်ခန်းမကိုရှာဖွေနေသည်နှင့် မိုးလင်းသွားနိုင်ပြီး အတွင်းပိုင်းသို့ ဆက်၀င်နိုင်တော့မည်မဟုတ်ပေ။
ဝူယွမ်သည် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ကျောက်ခန်းတစ်ခုချင်းစီကို စစ်ဆေးဖို့ရာ သူ၏လက်ဝါးကို ညွှန်ပြလိုက်သည်။ ငါးစက္ကန့်ကြာတဲ့အထိ၊ သူ၏လက်ဝါးတွင် တုံ့ပြန်မှုမရှိပါက သူက ချက်ချင်းနောက်တစ်ခန်းသို့ လျှောက်သွားသည်
နိဗ္ဗာန်အဆင့်ရှိသူ၏ ဂူသင်္ချိုင်းဆိုသည့်အတိုင်း ဝူယွမ် ကြာကြာမရှာလိုက်ရပေ။
သတ္တမမြောက် ကျောက်ခန်းမတွင် သူ့လက်ဝါးရှိ ဝိညာဉ်စုဆောင်းရူန်းက တုန်ခါသွားပြီး ဝူယွမ်က ထိုအခန်းထဲသို့ ၀င်ရန်လုပ်တော့သည်။ ကျောက်တံခါးတွင် စွမ်းအင်အတားအဆီး ရှိသော်လည်း သူက နယ်နမိတ်ရူန်းဖြင့် အလွယ်တကူပိုင်းခြားနိုင်ခဲ့သည်။
ဝူယွမ် အခန်းထဲသို့ဝင်လိုက်သည်နှင့် တောက်ပသောအလင်းတန်းများက သူ့ကို မျက်စိမှိတ်သွားစေသည်။ ကျောက်ခန်းတစ်ခုလုံးက အေးမြသော ကျောက်သားတစ်မျိုးဖြင့် ဖုံးအုပ်ထားပြီး အရောင်ဖျော့ဖျော့က နေရာအနှံ့ကိုဖုံးလွှမ်းထားသည်။
ဝူယွမ်၏ အကြည့်က ကျောက်သားများကို ဖြတ်သန်းသွားပြီး မြေပြင်ပေါ်တွင် ပုံထားသော ဆေးလုံးများပေါ်သို့ ရောက်ရှိသွားသည်။
ထိုဆေးလုံးများသည် ကလေးလက်တစ်ဆစ်အရွယ်အစား ရှိပြီး တစ်ခုချင်းစီက ချောမွေ့ပြီး အရည်အသွေးကောင်းမွန်ကာ ထိတ်လန့်ဖွယ်ယွမ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
“သန့်စင် ယွမ်ဆေးလုံးတွေဘဲ”
ဝူယွမ်က မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဆေးလုံးများကို ကြည့်ရင်း အံ့အားသင့်သွားသည်။
သန့်စင် ယွမ်ဆေးလုံးများသည် ယန်ယွမ်ဆေးလုံးများထက်တန်ဖိုးကြီးသည်။ သန့်စင် ယွမ်ဆေးလုံးတစ်လုံးသည် ယန်းယွမ်ဆေးလုံး တစ်ရာနှင့် ညီမျှသည်။
၎င်းတို့ကို ယွမ်ဒန်အဆင့်နှင့်အထက်မြင့်သော ကျင့်ကြံသူများကသာ ပြုလုပ်နိုင်ကြသည်။ သာမန် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် ကျင့်ကြံသူတစ်ဦးက သန့်စင် ယွမ်ဆေးတစ်လုံးကို အောင်မြင်စွာသန့်စင်ရန် နှစ်ပတ်ခွဲ ဒါမှမဟုတ် တစ်လအထိပင် လိုအပ်သည်။
သန့်စင် ယွမ်ဆေးလုံးတွေက ယန်မြို့တွင် ရှားပါးပြီး ရောင်းချမည့်သူ မရှိသလောက်ဖြစ်သည်။
ကျောက်ခန်းထဲရှိ သန့်စင် ယွမ်ဆေးလုံးအရေအတွက်က အနည်းဆုံးသောင်းဂဏန်းရှိပြီး ယန်ယွမ်ဆေးလုံးအဖြစ်ပြောင်းလဲလိုက်ပါက သန်းအနည်းငယ်၊ မဟုတ်သေး သန်းပေါင်းများစွာရှိမည်ဖြစ်သည်။
“ဝေါင်း... ဝေါင်း... ဝေါင်း”
ပိုင်ယွမ်ဆီမှ ပျော်ရွှင်သော ဟိန်းသံများ ထွက်လာသည်။
သူမက ပုံမှန်လို တည်ကြည်မနေတော့ဘဲ သွားရည်ယိုနေခဲ့သည်။
“သွားစား”
ဝူယွမ်က ပြုံးရင်းပြောလိုက်သည်။
ပိုင်ယွမ်က သူ့ပါးစပ်ကြီးကို ဟပြီး ဆေးလုံးများကို တစ်စုပြီးတစ်စု မျိုချနေသည်။
ဝူယွမ်က လုံး၀မတွန့်တိုပါ၊ သူရခဲ့သောဆေးလုံးများက ပိုင်ယွမ်စားရန်အတွက်သာဖြစ်သည်။
ဒီနေရာမှာရှိတဲ့ ဆေးလုံးအရေအတွားများလွန်းပြီး ပိုင်ယွမ်အတွက် အားလုံးကိုစားရန် မဖြစ်နိုင်ပေ။ စားပြီးရင် ချေဖျက်ရန် အချိန်အတော်လေး လိုပေလိမ့်မည်။
အခုအချိန်က အေးဆေးကျင့်ကြံရမည့်အချိန် မဟုတ်သေးမှန်း သိသာသည်။
ဝူယွမ်က ဝိညာဉ်စွမ်းအင်ကိုသုံးပြီး ဆေးလုံးအားလုံးကို သူ့ သိုလှောင်အိပ်ထဲ ထည့်သိမ်းလိုက်သည်။
အကြမ်းပြင်း ခန့်မှန်းကြည့်သောအခါ ဆေးလုံးပေါင်း သုံးသောင်းကျော်ရှိသည်။ အတော်လေးကြီးမားတဲ့ ကြွယ်၀မှုကြီးဘဲဖြစ်ပြီး သွေး၀င်ပုလွေဂိုဏ်း သုံးခုကို ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။
ဝူယွမ်က အမြန်ဘဲ အခြားကျောက်ခန်းများကို ဆက်လက်စူးစမ်း ရှာဖွေလိုက်သည်။
ဝူယွမ်က လင်းတုန်အတွက် စိုးရိမ်မှုမရှိပေ။ ထိုကောင်းကင်မြွေပါနှင့်အတူ သူ၏ရှာဖွေမှုသည် သူ့ထက်ပင်မြန်နိုင်ပြီး ရတနားကောင်းတွေကို ချန်ထားခဲ့မိမည်မဟုတ်ပေ။
အခြားတစ်ဖက်တွင်လည်း လင်းတုန်က ဆက်တိုက်ရှာဖွေနေပြီး သူ၏စွမ်းဆောင်ရည်မှာ ဝူယွမ်ထက်ပင် ပိုမြန်နေခဲ့သည်။
ရှောင်ဒေါင် - “လင်းတုန်... နှေးနှေးကွေးကွေး လုပ်မနေနဲ့ ဒီအခန်းတွေအားလုံးက ဗလာတွေ။ ဘယ်ဘက်က ခြောက်ခုမြောက်ကျောက်ခန်းကို တန်းသွား”
လင်းတုန်သည်လည်း ကောင်းကင်မြွေပါ ပြောတဲ့အတိုင်း မြန်မြန်ဆန်ဆန်သွားပြီး အတွင်းသို့ဝင်လိုက်သည်။
“နောက်ထပ် သန့်စင် ယွမ်ဆေးလုံးတွေနဲ့ ပြည့်နေတဲ့အခန်းထပ်ရှိသေးတယ်၊အိုး ဘုရားရေ”
“ရှောင်ယန်... မစားနဲ့”
လင်းတုန်က ဆူပူလိုက်သည်။ ရှောင်ယန်က သန့်စင် ယွမ်ဆေးလုံးပုံထဲသို့ တည့်တည့်ခုန်ဆင်းသွားပြီး စွမ်းအင်ပြည့်နေသော ကျားတစ်ကောင်ကဲ့သို့ သန့်စင် ယွမ်ဆေးလုံးများကို ရူးသွပ်စွာ စားသောက်နေသည်။
လင်းတုန်သည် ဆေးပြားအားလုံးကို သိုလှောင်အိပ်ထဲ ချက်ချင်း သိမ်းယူလိုက်သည်၊ တစ်လုံးပင် မကျန်ရစ်ခဲ့ချေ
“ပထမ တစ်ခေါက်ကလို ရှစ်သောင်းကျော်ဘဲ”
“ပထမဆုံး သိုလှောင်အိပ်ပြည့်သွားပြီ”
လင်းတုန်က သူ၏သိုလှောင်အိတ်ကို ကိုင်ရင်း တစ်ဟားဟားရယ်မောနေသည်။
ရှောင်ဒေါင် - “လင်းတုန်... တောသား လုပ်မနေနဲ့။ ရည်မှန်းချက်ကြီးကြီးထား၊ ဒါက အစပဲရှိသေးတယ်။ ဒီထက်ပိုကောင်းတဲ့အရာတွေ နောက်မှာ ကျန်သေးတယ်။ ဒါတွေက သန့်စင် ယွမ်ဆေးလုံးတွေပဲ၊ နိဗ္ဗာန်ဆေးလုံးတွေမဟုတ်ဘူး”
“ပြောရရင် ဒီဂူပိုင်ရှင်က အတော်ဆင်းရဲတယ်။ ကြီးမြတ်တဲ့ နိဗ္ဗာန်အဆင့် ကျင့်ကြံသူဖြစ်ပြီး သန့်စင် ယွမ်ဆေးလုံးတွေပဲ သိမ်းဆည်းထားတယ်။ နိဗ္ဗာန်အဆင့်တစ်ယောက်အနေနဲ့ ရှက်စရာဘဲ”
ရှောင်ဒေါင်က မကျေမနပ်ဖြစ်ကာ ပြောဆိုလိုက်သည်။
နိဗ္ဗာန်ဆေးလုံး ရှစ်ထောင် တစ်သောင်းလောက် မရှိတဲ့ နိဗ္ဗာန်အဆင့်ကျင့်ကြံသူ ဘယ်သူရှိလို့လဲ။
“သန့်စင် ယွမ်ဆေးတွေက အတော်ကောင်းပါတယ်” လင်းတုန်က ဖျော့တော့စွာပြောလိုက်သည်။
“နောက်လမ်းကြောင်း... မြန်မြန်ရှာကြည့်ရအောင်။ ဝိညာဉ်တွေရဲ့ အနံ့ကို ငါခံစားရနေပြီ”
ရှောင်ဒေါင်က ကျောက်လက်ဖွဲ့အတွင်းမှ နှုတ်ခမ်းသပ်လိုက်မိသည်။
ရှောင်ဒေါင်သည် လင်းတုန်ကို ဦးဆောင်နေပြီး နှစ်ယောက်သား မြန်မြန်လေး ရှာဖွေနေကြသည်။ ပြင်ပလမ်းကြောင်းများရှိ ကျောက်ခန်းများထဲတွင် ဆေးလုံးအများအပြားရှိပြီး ယန်းယွမ်ကျောက်များနှင့် ယန်းယွမ်ဆေးလုံးများလည်း ပါဝင်သဖြင့် နိဗ္ဗာန်အဆင့် ဂူပိုင်ရှင်က ငွေကြေးအသေးစားများ နှစ်သက်သည်ကို မြင်တွေ့နိုင်သည်။
အစကတည်းက သိုလှောင်အိတ်က ကန့်သတ်ချက်ရှိသောကြောင့် လင်းတုန်သည် အဆင့်မြင့် ယန်းယွမ်ကျောက်များကို မသိမ်းတော့လိုပေမဲ့ ကျောက်ခန်းတစ်ခန်းတွင် သိုလှောင်အိတ်ဒါဇင်ပေါင်းများစွာ ပါတဲ့ အိတ်အပုံကြီးကို တွေ့ခဲ့သည်။ အားလုံးက အလယ်အလတ် နှင့် အဲ့ထက်ပိုမြင့်သော အဆင့်မြင့် သိုလှောင်အိတ်များဖြစ်ကြသည်။
သူ၏မိသားစုက ယန်ယွမ်ကျောက်တွင်းတစ်ခုအတွက် အသက်စွန့်တိုက်ခိုက်ခဲ့ရတာကို တွေးမိသောအခါ လင်းတုန်က အားလုံးကို ပြန်ယူရန် ဆုံးဖြတ်ခဲ့သည်။ “အားလုံးက အရင်းအမြစ်တွေဘဲ တန်ဖိုးမထားရင် ရှက်စရာကြီး။”
သိပ်မကြာခင် ညီအကိုနှစ်ယောက် ပြန်ဆုံမိသွားကြသည်။
“မင်းတကယ်မြန်တာပဲ။ ဘာတွေရခဲ့လဲ”
ဝူယွမ်က အနည်းငယ်သက်သောင့်သက်သာ ဖြစ်နေသည်။
ပြင်ပလမ်းကြောင်း စုစုပေါင်း ဆယ့်ရှစ်ခုရှိပြီး လင်းတုန်သည် အဲ့ထဲက ဆယ်ခုကို ရှာဖွေခဲ့သည်။
“ဟီး... အစ်ကို... ကြည့်လိုက်”
လင်းတုန်သည် သိုလှောင်အိတ်ရှစ်လုံးကို ထုတ်ယူလိုက်ပြီး “သန့် ယွမ်ဆေးလုံး လေးသိန်း၊ ယန်ယွမ်ကျောက်နှင့် ယန်းယွမ်ဆေလုံး သန်းနဲ့ချီ၊ ဝိညာဉ်ဖြတ်တောက်ဓားပျံတွေထက် မနိမ့်တဲ့ ဝိညာဉ်လက်နက် ဒါဇင်နဲ့ချီ၊”
“မင်းက ယန်းယွမ်ကျောက်တွေကိုတောင် သိမ်းယူခဲ့တာလား။ မင်းကတကယ်ကို မညှာတာတတ်ဘူးဘဲ” ဝူယွမ်က သူ့နဖူးကို ညင်သာစွာ ပွတ်သပ်ရင်း ပြောသည်။
“အစ်ကို... မင်းမယူခဲ့ဘူးလား”
“သိုလှောင်အိတ်တွေ မလောက်လောက်ဘူး ထင်လို့”
လင်းတုန်က ပြုံးပြလိုက်ပြီး ဝူယွမ်လုပ်ခဲ့သကဲ့သို့ သူ၏ရင်ဘတ်ထဲမှ သိုလှောင်အိတ်အပုံလိုက်ကြီးကို ထုတ်ယူသည်။
“သိုလှောင်အိတ်တွေ... ဒီမှာ အများကြီးရှိသေးတယ်။ အစ်ကိုကြီး... ဘယ်မှာလဲ။ မြန်မြန်ပြန်သွားပြီး သိမ်းကြရအောင်။ ကျွန်တော်တို့မသုံးရင်တောင် မိသားစု၀င်တွေကို ပေးလိုက်ရုံဘဲ။ သူတို့ တူးဖော်ရတာ ဒုက္ခရောက်နေကြတာ၊ ကျွန်တော်တို့က ဒီကနေ သန်းနဲ့ချီပြီး အလွယ်တကူ ပြန်သယ်နိုင်တယ်”
“အိုး”
ဝူယွမ်သည် ခဏတစ်ဖြုတ် အံ့အားသင့်သွားပြီး လင်းတုန်၏လက်ထဲရှိ အလတ်စားနှင့် အဆင့်မြင့် သိုလှောင်အိတ်များကို ကြည့်ရှုကာ လင်းတုန်၏ ဆေးပြားအားလုံးကို ယူရန် စိတ်ပိုင်းဖြတ်ထားမှုနှင့်အတူ... သူ့ညီဟာ အရှက်မရှိသူဘဲလို့ တွေးလိုက်မိသည်။
သူသည် လင်းတုန်အား မပြတ်သားဘဲ အပြင်ဘက်ရှိလူများအတွက် ပစ္စည်းအချို့ ချန်ထားခဲ့မည်ကို စိုးရိမ်နေခဲ့သော်လည်း အခု ကြည့်ရသလောက်တော့ ယန်းယွမ်ကျောက်တုံး တစ်တုံးတစ်လေတောင် စွန့်လွှတ်မည့်ပုံမပေါ်ချေ။
“ဒါပေါ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုလွတ်တယ်ဆိုတာ မကောင်းဘူး။ ဒါကြောင့် မူရင်းဝတ္ထုထဲမှာ သူက ပထမဆုံးအကြိမ် လင်းကျင်းကျူးကို တွေ့တာနဲ့ သူ့ကိုယ်သူ ပေးအပ်ခဲ့တာ” ဟု ဝူယွမ် စိတ်ထဲမှ ညည်းညူလိုက်သည်။
သို့သော် လင်းတုန်ပြောတာလည်းမှန်သည်။ သိုင်းခန်းမ၏တပည့်များက ခက်ခက်ခဲခဲ တူးဖော်နေရခြင်းဖြစ်သည်။
ဝူယွမ်က ယန်ယွမ်ကျောက်တွင်းကို ပထမဆုံးအကြိမ် တွေ့တုန်းက သူဘယ်လောက် စိတ်လှုပ်ရှားခဲ့သည်ကို သတိရလိုက်သည်။
“ကောင်းပြီ... အားလုံး သိမ်းကြတာပေါ့”
ဝူယွမ်က မဆိုင်းမတွ ယန်ယွမ်ကျောက်များနှင့် ယန်ယွမ်ဆေးလုံးများ တွေ့ခဲ့ရသော ကျောက်ခန်းအားလုံးကို ပြန်သွားပြီး သိမ်းယူခဲ့ကြသည်။ အကြမ်းဖျင်း ခန့်မှန်းချက်အရ ဆယ်သန်းနီးပါးရှိသည်။
“အနက်ထဲကို သွားဖို့ အချိန်ကျပြီ”
ပြင်ပလမ်းကြောင်း ဆယ့်ရှစ်ခု၏ အဆုံးတွင် ပိုကြီးသောလမ်းကြောင်းကြီး ဆယ်ခုရှိသည်။
နှစ်ဦးစလုံးက ဆက်လက်ရှာဖွေကြနေသည်။ ဝူယွမ်က ဝိညာဉ်စုဆောင်းရူန်းကို အသုံးပြုရင်း ရှာနေသည်။ လမ်းကြောင်းဆယ်ခုထဲက တစ်ခုက စွမ်းအင်လှုပ်ရှားမှု ပျင်းထန်နေတတ်သည်။
ဂူလမ်းကြောင်းများတွင် ယန္တရားများနှင့် ထောင်ချောက်များ ရှိသည်။ အရင်လမ်းကြောင်း ဆယ့်ရှစ်ခုအတွင်းရှိ ကျောက်ခန်းများတွင်လည်း ထောင်ခြောက်များရှိသော်လည်း အားလုံးက ရိုးရှင်းသော ထောင်ချောက်များဖြစ်ပြီး သူတို့၏ ဝိညာဉ်စွမ်းအင်ကို စွမ်းအားပြင်းနတ်ဆိုးမျက်စိနှင့် ပေါင်းစပ်အသုံးပြုပြီး အလွယ်တကူရှောင်ရှားနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝူယွမ်က ဘယ်လိုရတနာမဆို အထဲမှာ ယွမ်စွမ်းအင်လှုပ်ရှားမှုရှိပြီး ဝိညာဉ်စုဆောင်းရေးရူန်းဖြင့် ခြေရာခံနိုင်ကြောင်း သိခဲ့ရသည်။
ဒီနေရာရှိ လမ်းကြောင်းဆယ်ခုအနက် ကိုးခုကို ဝိညာဉ်စုဆောင်းရူန်းက မတုံ့ပြန်ခြင်းမှာ ထိုလမ်းကြောင်းအားလုံးက ထောင်ချောက်များဖြင့် ပြည့်နှက်နေသော လမ်းကြောင်းများဖြစ်သည်ဆိုသည့် သဘောပင်။
သေခြင်းကိုး၊ ရှင်ခြင်းတစ်။
ထိုအရာသည် ဂူလမ်းကြောင်းအများစု၏ ဒီဇိုင်းနှင့် ကိုက်ညီသည်။
“တစ်ခုချင်းစီ လိုက်ရှာစရာမလိုတော့ဘူး။ ဒီတစ်ကြိမ် ဒီလမ်းအတိုင်း တည့်တည့်သွားမယ်”
ဝူယွမ်က လမ်းကြောင်းများထဲမှ တစ်ခုကို ညွှန်ပြလိုက်သည်။
“အင်း”
လင်းတုန်က ဝူယွမ်ကို ဘာမှမမေးဘဲ တန်းလိုက်သွားလိုက်သည်။
သူက ကျောက်လက်ဖွဲ့ထဲရှိ ရှောင်ဒေါင်ထံသို့ တိတ်တဆိတ် ဆက်သွယ်လိုက်သည်။ - “ရှောင်ဒေါင်... တစ်ခုခု သတိထားမိလား”
ခဏအကြာတွင် သူ၏အစ်ကိုကြီးသည် လမ်းကြောင်းဆယ်ခုကို သူ၏လက်ဝါးဖြင့် ချိန်ပြီး သေခြင်းကိုး၊ ရှင်ခြင်းတစ် ဟူသော စကားကို ဆက်တိုက်ရွတ်ရင်း လမ်းကြောင်းရွေးနေခဲ့သည်။
ရှောင်ဒေါင် - “မင်းအစ်ကိုက ဒီလိုအလုပ်မျိုး မကြာခဏလုပ်နေကြ။ သူဘယ်လို ဆုံးဖြတ်တယ်ဆိုတာ ငါမသိပေမယ့် သူရွေးထားတဲ့ လမ်းက မှန်တယ်။ ဒီလမ်းကြောင်းရဲ့အဆုံးမှာ ငါလိုအပ်နေတဲ့ ရတနာတစ်ခု ရှိတယ်”
စိတ်ထဲမှာတော့ ဝူယွမ်ဟာ အရင်ဘဝက ဂူဖောက်သမား လုပ်ခဲ့တယ်လို့ ယုံကြည်နေပြီဖြစ်သည်။
ဝူယွမ်၏ မှော်ဆန်ပြီး ကျွမ်းကျင်သော နည်းလမ်းများက အမှားအယွင်းမရှိပေ။
လူနှစ်ယောက် ကျားနှစ်ကောင်က လမ်းကြောင်းအဆုံးထိ ချောချောမွေ့မွေ့ဘဲ ရောက်ရှ်သွားကြသည်။
လမ်းဆုံးတွင် ကျောက်တံခါးတစ်ခုကို မြင်လိုက်ရပြီး ဒီတစ်ကြိမ်တွင် အရင်ကကဲ့သို့ သာမန်ကျောက်တံခါးမဟုတ်ဘဲ ထူးဆန်းသော ကျောက်စိမ်းဖြင့် သွန်းလုပ်ထားသော တံခါးဖြစ်နေသည်။
အဆင်တန်ဆာများ အလှဆင်မှုများကို ကြည့်ရုံနဲ့ အတွင်းထဲရှိတဲ့ရတနာက အရင်က နိဗ္ဗာန်အဆင့်ရှိသူအတွက်ပင် အတော်လေးအဖိုးတန်မည်ဟု ခန့်မှန်းလို့ရသည်။
ဝူယွမ်သည် ကျောက်တံခါးကို ဂရုတစိုက်စစ်ဆေးလိုက်သည်။ ထိုကျောက်တံခါး အပေါ်တွင်လည်း ရူန်းမျဉ်းများ ရှိနေသည်။
“ဒီကျောက်စိမ်းတံခါးပေါ်က အဆောင်က အရင်ကအတိုင်း အားကောင်းနေဆဲဘဲ”
ဝူယွမ်က ထိုအဆောင်သည် မူလအဆောင်ရူန်း၏ ရိုးရှင်းသော ပုံစံတစ်ခုဖြစ်ကြောင်း ချက်ချင်းနားလည်သွားသည်။
အဆောင်ရူန်းများကို ပုံမှန်အားဖြင့် စွမ်းအင်ယိုစိမ့်မှုကို ကာကွယ်ရန် အသုံးပြုကြသောကြောင့် ကျောက်ခန်းမထဲတွင် စွမ်းအားပြင်းရတနာ တစ်ခုရှိကို ရှိလိမ့်မည်။
ကျောက်လက်ဖွဲ့အတွင်းမှ ရှောင်ဒေါင်၏မျက်လုံးများသည် စိတ်လှုပ်ရှားလွန်းသဖြင့် တောက်ပနေသည်၊ “လင်းတုန်... ဒီအတွင်းထဲမှာရှိတဲ့အရာတွေ အားလုံးက ငါလိုအပ်နေတဲ့အရာတွေပဲ။ နောက်ကြရင် မင်းအစ်ကိုကို အားလုံးပေးဖို့ တောင်းဆိုပေးပါ။ ငါသာဒါတွေရရင် ငါ့စွမ်းအား အများကြီးပြန်ကောင်းလာလိမ့်မယ်။ မင်းငါ့ကိုကူညီရမယ်၊ ဒူးထောက်တောင်းဆို ရမယ်ဆိုရင်တောင် မင်းအစ်ကိုကို တောင်းဆိုရမယ်”
လင်းတုန် - “အတွင်းမှာ ဘာရှိလို့လဲ”
“မကြာခင်သိရလိမ့်မယ်”
ဝူယွမ်က အဆောင်ကိုချိုးဖျက်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ သူသည် ဝိညာဉ်စွမ်းအင်ဖြင့် တံခါးပေါ်တွင် ရူန်းတစ်ခုကို ရေးဆွဲလိုက်ပြီး တံခါးပေါ်ရှိ စွမ်းအင်က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူ၏နည်းလမ်းများသည် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး လင်းတုန်ကို အံ့အားသင့်သွားစေခဲ့သည်။
ထို့နောက် တင်းတင်းကျပ်ကျပ်ပိတ်ထားသော ကျောက်တံခါးက ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။
လင်းတုန်က ပွင့်လာသော ကျောက်တံခါးကို ကြည့်နေရင်း ရုတ်တရက် ကျောက်တံခါးနောက်မှ အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာပြီး သူနှင့် ကျားနှစ်ကောင်ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။
တိတ်ဆိတ်ပြီး မှောင်မိုက်နေသော ဂူသင်္ချိုင်းအတွင်း၌ သူတို့နှစ်ဦးနှင့် ကျားနှစ်ကောင်သာရှိသည်။ ရုတ်တရက် လှုပ်ခတ်မှုကြောင့် လင်းတုန် ချွေးပြန်များလာကာ ပိုင်ယွမ်နှင့် ရှောင်ယန်တို့က အမွေးများ ထောင်မတ်နေခဲ့သည်။
“မပူပါနဲ့... အဆောင်ရှိနေတာ အတော်လေးကြာပီ၊ ဒါက ကျောက်ခန်းထဲမှာ စုမိနေတဲ့ စွမ်းအင်လှိုင်းတစ်ခုပါဘဲ”
ကျောက်တံခါးထဲကို ၀င်လိုက်သောအခါ အတော်လေးကြီးမားသော ကျောက်ခန်းမတစ်ခု ပေါ်လာပြီး ခန်းမနံရံများတွင် ရူန်းမျိုးစုံဖြင့် ဖုံးလွှမ်းနေကာ ခန်းမအတွင်း၌ အလင်းစုဝေးများ မျောလွင့်နေသည်။
“ဒါတွေအားလုံးက... တစ္ဆေဝိညာဉ်တွေပဲ”
လင်းတုန်သည် အလင်းအစုဝေးများကို ကြည့်လိုင်ပြီး သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအလင်းစုဝေးများအတွင်း၌ အိပ်ပျော်နေသော တစ္ဆေဝိညာဉ်တစ်ခုစီရှိနေသည်ကို သူတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
တစ္ဆေဝိညာဉ်များ၏ စွမ်းအားသည် အားအနည်းဆုံးသည်ပင် ဒန်ရှန်ရေကန်အောက်ရှိ အပြာရောင်ရေနဂါးထက် ပိုအားကောင်းသည်။
ရှောင်ဒေါင် ဘာလို့ ဒီလောက်စိတ်လှုပ်ရှား နေရတာလဲဆိုတာ လင်းတုန် နားလည်သွားသည်။... ပြီးတော့ ရှောင်ဒေါင်ရဲ့ ခံစားချက်ကိုလည်း သူနားလည်နိုင်သည်။
ထိုအချိန်က အပြာရောင်ရေနဂါးတစ်ကောင် အတွက်တောင် ရှောင်ဒေါင်က အလွန်စိတ်လှုပ်ရှားခဲ့သည်။ အခု စိမ်းပြာရောင်ရေနဂါး တစ်ရာနှင့် ရင်ဆိုင်နေရသည့်အခါ သူပင်လျှင် အေးဆေးမနေနိုင်တော့ပေ။
“အော်... ဒါက တကယ်ကို ကောင်းကင်ဘုံဘဲ။”
သို့သော် စိတ်လှုပ်ရှားဆုံးမှာ ရှောင်ယန်ဖြစ်သည်။ ကျောက်ခန်းတစ်ခန်းလုံး တစ္ဆေဝိညာဉ်များဖြင့် ပြည့်နေသည်ကို မြင်ရသောအခါ ရှောင်ယန်က ချက်ချင်း ခုန်၀င်သွားပြီး သူ၏ကြီးမားသောပါးစပ်ကြီး ကိုဟကာ တစ္ဆေဝိညာဉ်လေးငါးကောင်ကို ချက်ချင်းမျိုချလိုက်သည်။
“အာ့... အာ့... အာ့... ရပ်လိုက်၊ မြန်မြန်ရပ်ခိုင်းလိုက်။ ဒီကျားစုတ် အရှင်သခင်ဒေါင်ရဲ့ တစ္ဆေဝိညာဉ်တွေကို ဝါးမျိုရဲတယ်ပေါ့ ”
ထိုမြင်ကွင်းကိုမြင်ရသောအခါ ကျောက်လက်ဖွဲ့အတွင်းရှိ ရှောင်ဒေါင် ပေါက်ကွဲသွားပြီး လင်းတုန်ထံသို့ ချက်ချင်း ဆက်သွယ်ခဲ့သည်။
“ရှောင်ယန်... နည်းနည်းဘဲစား”
လင်းတုန်သည်လည်း ရှောင်ယန်ကို တားရန် ကြိုးစားခဲ့သာ်လည်း အရင်ကတည်းက အစားမက်သော ရှောင်ယန်က အခုအချိန်တွင် မည်သို့နားထောင်နိုင်မည်နည်း။ ထိုတစ္ဆေဝိညာဉ်များသည် သူ့အတွက် အလွန်အားကောင်းသော ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး သွေးမျိုးဆက် ပြောင်းလဲခြင်းအတွက် အထောက်အကူဖြစ်စေသည်။
“ညီလေး... မြန်မြန်သိမ်းလိုက်။ ရှောင်ယန် တစ်ကြိမ်တည်း အများကြီးစားရင် ပေါက်ကွဲသွားနိုင်တယ်။ နောက်မှဖြေးဖြေးခြင်း စားဖို့ သိမ်းထားလိုက်ပါ”
ဝူယွမ်က လင်းတုန်ကို ပြောလိုက်သည်။
ဤတစ္ဆေဝိညာဉ်များက သူ့အတွက် အသုံးမဝင်ပါ၊ ဆေးလုံးများလောက်တောင် အဖိုးမတန်ပေ။
ရှောင်ဒေါင် - “လင်းတုန်... ဘာလို့ ဒီမှာရပ်နေတာလဲ။ မင်းအစ်ကိုက အားလုံးမင်းအတွက်လို့ ပြောတာ မကြားလိုက်လူးလား။ မြန်မြန်သိမ်းလိုက်၊ မဟုတ်ရင် ဒီကျားစုတ်က အားလုံးကို မျိုချသွားလိမ့်မယ်”
ရှောင်ဒေါင်စိတ်ထဲမှာတော့ ပြန်လည်မွေးဖွားသူကြီးကို ကျေးဇူးတင်နေသည်။
လင်းတုန်က ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး တစ္ဆေဝိညာဉ်များကို တစ်ခုပြီးတစ်ခု သူ၏ သိုလှောင်အိပ်ထဲသို့ သိမ်းစည်းလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကို” လင်းတုန်းက အားလုံးကိုသိမ်းပြီးတဲ့နောက် ဝူယွမ်ကို ပြောလိုက်သည်။
ဝူယွမ်သည် လင်းတုန်၏လက်ကို အဓိပ္ပာယ်ရှိစွာ ကြည့်ရင်း “ဒီတစ်ကြိမ် တစ္ဆေဝိညာဉ်ေတွအများကြီးရတော့ မင်းကျေးဇူးတင်သင့်တယ်”
“ဘာကိုဆိုလိုတာလဲ။ အစ်ကိုက ရှောင်ဒေါင်ကို သတိထားမိသွားပြီလား။”
လင်းတုန်သည် အနည်းငယ်အံ့အားသင့်သွားသည်။ အစ်ကိုကြီးကသည် အရင်က အခုကဲ့သို့ သူကျေးဇူးတင်တာကို လက်မခံခဲ့ဖူးပေ။
“ကြီးကျယ်မြင့်မြတ်သူကြီး ငါ့ကိုသတိထားမိသွားပြီလား။ ငါ့ကိုယ်ငါ ကောင်းကောင်းဝှက်ထားတယ်လို့ ထင်ခဲ့တာ”
ကျောက်လက်ဖွဲ့အတွင်းတွင် ရှောင်ဒေါင်က သူ၏ ခေါင်းလေးကိုငုံကာ ကြောက်ရွံ့နေခဲ့သည်။
လင်းတုန် - “ရှောင်ဒေါင်... အစ်ကိုကြီးကို မင်းရဲ့တည်ရှိမှုကို ဝန်ခံလိုက်သင့်လား၊ငါ အစ်ကိုကြီးကို မလိမ်ချင်တော့ဘူး ”
ရှောင်ဒေါင် - “မင်းအစ်ကိုက ငါ့ကိုဝါးမျိုလိမ့်မယ်”
လင်းတုန် - “မဟုတ်ဘူး... ကြည့်စမ်း၊ အစ်ကိုကြီးက ခုနက တစ္ဆေဝိညာဉ်တွေ အများကြီးကို သူမယူဘဲ ငါ့ကိုအားလုံးပေးသွားတယ်။ သူမင်းကိုမစားဘူး၊ မင်းရဲ့အသွင်အပြင်နဲ့ဆို အစ်ကို ကြိုက်မဲ့ပုံမပေါ်ပါဘူး”
ရှောင်ဒေါင်၏မျက်နှာ မည်းနက်သွားပြီး သူ၏စိတ်ထဲမှလည်း ကြိမ်းမောင်းချင်စိတ်များ ပေါက်လာသည်။
“ တူမလား၊ တူပါ့မလား၊ ဒီတစ္ဆေဝိညာဉ်တွေက ငါအရှင်ဒေါင်နဲ့ ဘယ်လိုလို့နှိုင်းယှဉ်နိုင်မှယလဲ။ ငါက တစ်ချိန်က ကြီးမြတ်တဲ့သူဖြစ်ခဲ့တာ”
“နည်းနည်းထပ်စောင့်ကြည့်ကြရအောင်။ နည်းနည်းထပ်လေ့လာပြီးမှ မင်းအစ်ကိုကြီးကို ပြောကြမယ်”
လူနှင့် ကြွက်ညိုလေးတို့ စိုးရိမ်စိတ်အနည်းငယ်ဖြင့် ဝူယွမ်၏နောက်က လိုက်လာကြသည်။
သူတို့က လမ်းကြောင်းတစ်လျှောက် ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ပြီးနောက် လမ်းကြောင်းရှေ့တွင် အလွန်ကျယ်ပြန့်သော ခန်းမကြီးတစ်ခုကို တွေ့လိုက်ရပြီး သူတို့၏ အကြည့်များသည် ခန်းမအလယ်ရှိ မျောနေသော အလင်းများဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။
“ဒါက... ဝိညာဉ်ရတနာဘဲ”