← Chapters

ဝိညာဉ်ရတနာလက်နက်များနှင့် အဆောင်ရုပ်သေးများ၊ အားလုံးသိမ်းယူခြင်း

Vol. 8 Ch. 72

ဝိညာဉ်ရတနာလက်နက်များနှင့် အဆောင်ရုပ်သေးများ၊ အားလုံးသိမ်းယူခြင်း

Vol. 8 Ch. 72

ခန်းမ၏ အလယ်တွင် အလင်းအကာအရံတစ်ခု ရှိနေပြီး

ထိုအလင်းအကာအရံမှတစ်ဆင့်အတွင်းရှိ အလင်းရောင်အများအပြားကို မြင်တွေ့နေရပြီး၊ ဓား၊ လေးနဲ့မြား၊ ဒိုင်းကာ၊ ချပ်၀တ်၊ ဓားရှည်နှင့် လှံရှည်စသည့် ဝိညာဉ်ရတနာလက်နက် ခြောက်မျိုးကိုတွေ့လိုက်ရသည်။

“ဝိညာဉ်ရတနာလက်နက်တွေဘဲ

ခြောက်ခုတောင်”

ရှောင်ယန်သည် အောက်တွင် လှည့်ပတ်ပြေးလွှား နေပြီး၊ အကြာကြ ငေးကြည့်နေရင်းမှ ထိုရတနာများက စားမရသည်ကို သိသွားသောအခါ ချက်ချင်းပင် စိတ်ဝင်စားမှု ကုန်ခမ်းသွားခဲ့သည်။

ပိုင်ယွမ်ကတော့ မိန်းမပျိုလေး သခင်ဖြစ်သူ နောက်မှလိုက်နေသကဲ့သို့ ရတနာတွေ့သည့်တိုင် ရှောင်ယန်လို လောဘတကြီး မစားဘဲ၊ သခင်ဖြစ်သူက ကျွေးမည့်အချိန်ကို စောင့်မျှော်နေတတ်သည်။

ကျားနှစ်ကောင်စလုံး၏ အေးဆေးတည်ငြိမ်မှုနှင့် နှိုင်းယှဉ်ပါက လင်းတုန်၏ နှလုံးသားက ခုန်ထွက်လုနီးပါး ဖြစ်‌နေပီဖြစ်သည်။ ရှောင်ဒေါင်၏ ရှင်းပြချက်ကို ကြားပြီးနောက်၊ သူက ဝိညာဉ်ရတနာလက်နက်များ၏ တန်ဖိုးကို နားလည်သွားခဲ့သည်။

ယန်မြို့တော်တစ်ခုလုံးတွင် ဝိညာဉ်ရတနာလက်နက် တစ်ခုတစ်လေတောင် ရှာမတွေ့နိုင်ကြောင်း သိထားသည်။

အစ်ကိုကြီးမည်မျှပင် စွမ်းအားကြီးမားသည်ဆိုစေ၊ သူ ပြုပြင်ထားသော လီဟော်ဓားမှာ ဝိညာဉ်ရတနာအဆင့်သို့ ရောက်ရှိတယ်ဆိုယုံမျှပင်။

ဒီနေရာတွင် ဝိညာဉ်ရတနာလက်နက် ခြောက်ခု ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် ရတနာခြောက်ခုအနက်၊ ဓားပုံသဏ္ဍာန် ဝိညာဉ်ရတနာလက်နက်မှာ အခြားလက်နက်များထက် ပိုထင်ရှားတောက်ပလျက် ရှိသည်။ သူ၏ ရောင်ဝါမှာ အစ်ကိုကြီး၏ လီဟော်ဓားတောင် နှိုင်းယှဉ်လို့မရပေ။ လင်းတုန်က ထိုပစ္စည်းမှာ စွမ်းအားကြီးမားသော အလယ်အလတ်အဆင့် ဝိညာဉ်ရတနာလက်နက် ဟုထင်နေသည်။

“နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အုပ်ဂူဆိုတဲ့ အတိုင်းဘဲ” လင်းတုန် အားကျနေလေသည်။

ခရီးတစ်လျှောက်တွင်ရခဲ့သော ရတနာပစ္စည်းများက သူ့အား တဖြည်းဖြည်း အံ့အားသင့်စေခဲ့သည်။

“အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်တောင် မပါဘူးဘဲ၊ နိဗ္ဗာန်အဆင့် ကျင့်ကြံသူက ဘယ်လိုတောင် ဆင်းရဲနေတာလဲ”

ရှောင်ဒေါင်မှာမူ နှုတ်ခမ်းရွဲ့ပြီး မကျေမနပ် ပြောဆိုနေခဲ့သည်။

သူ၏ခမ်းနားထည်ဝါသော နေရာနှင့် နှိုင်းယှဉ်ပါက၊ မဟာရန်မင်းဆက်၏ နိဗ္ဗာန်အဆင့် ကျင့်ကြံသူများက တောသားများသာ ဖြစ်ကြသည်။

ဝူယွမ်က သူတို့နှစ်ဦးကဲ့သို့ အများကြီးတွေးမနေခဲ့ပေ။ ရတနာခြောက်ခုကို ကြည့်ရသည်မှာ ပျော်ဖို့ကောင်းသည်ဟုခံစားနေရသည်။ အလကားရသည့်အရာများက သူ့အား ပျော်ရွှင်မှုပေးနိုင်ပြီး နည်းနည်းများများ အားလုံးက သူ၏အရာပင် ဖြစ်သည်။

“ ဒီစွမ်းအင် အတားအဆီးကို ငါချိုးဖျက်လိုက်မယ် ”

ဝူယွမ်ရှေ့သို့တက်လာခဲ့သည်။

ဒီနေရာရှိ အတားအဆီးမှာ ပိုခိုင်မာသော်လည်း၊ တံဆိပ်ခတ်ရူန်းများကို အသုံးပြု၍ ဝိညာဉ်ရတနာလက်နက်များကို စွမ်းအင်ဖြင့် တံဆိပ်ခတ်ထားခြင်းဖြစ်ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ လက်နက်စွမ်းအင် မ‌လျှော့သွားစေရန် ကာကွယ်ထားခြင်း ဖြစ်သည်။

၀ူယွမ်၏ဝိညာဉ်စွမ်းအင်သည် မူလတံဆိပ်ခတ်ရူန်းတစ်ခုအဖြစ် စုစည်းသွားပြီး၊ အံ့ဖွယ်ရူန်းများသည် အလင်းအကာအရံအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ဝူယွမ် ရေးဆွဲထားသော ရူန်းများ အလင်းအကာအရံအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ အတားအဆီးတွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။

ရူန်းများပိုများလာခဲ့ပြီး၊ အက်ကြောင်းများလည်း ပိုများလာခဲ့သည်။ အဆုံးသတ်တွင်၊ မူလရူန်းကို ရေးဆွဲပြီးစီးသွားသည့်အခါ၊ အတားအဆီးတစ်ခုလုံး စွမ်းအင်တိုက်ခတ်မှုကြီးကြီးမားမား မဖြစ်ပေါ်ဘဲ၊ ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာသည် ဝူယွမ်က အရင်ကကြုံတွေ့ခဲ့ရသည်ကို သင်ခန်းစာယူထားခြင်းဖြစ်ပြီး၊ အမြန်မချိုးဖျက်ဘဲ၊ အတွင်းရှိစွမ်းအင်ကို ဖြည်းဖြည်းချင်းသာ ထုတ်လွှတ်ပေးခြင်း ဖြစ်သည်။ ကြမ်းတန်းသော နည်းလမ်းဖြင့်ပါဆိုပါက ဟိုက်ဒရိုဂျင်ပူဖောင်းတစ်ခုကို ပေါက်ကွဲစေသကဲ့သို့ ဖြစ်သွားနိုင်သည်။

နောက်ဆုံး ရတနာလက်နက်ခြောက်ခုကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပီဖြစ်သည်။

“အလယ်အလတ်အဆင့်ဝိညာဉ်ရတနာလက်နက် နှစ်ခု၊ အဆင့်နိမ် ဝိညာဉ်ရတနာလက်နက် လေးခု။” ဝူယွမ်သ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သူက ဝိညာဉ်စွမ်းအင်ဖြင့် ဝိညာဉ်ရတနာလက်နက်ခြောက်ခုကို စစ်ဆေးလိုက်ပြီး သူတို့၏အဆင့်ကို ချက်ချင်းသိသွားခဲ့သည်။

ဓားပုံသဏ္ဍာန်ရှိသောဝိညာဉ်ရတနာလက်နက်မှလွဲ၍၊ နောက်ထပ်အလယ်အလတ်အဆင့် ဝိညာဉ်ရတနာလက်နက်တစ်ခုမှာ လှံရှည်ပုံသဏ္ဍာန်ရှိသော ဝိညာဉ်ရတနာလက်နက် ဖြစ်သည်။

သို့သော်လည်း၊ လှံရှည်၏ကိုယ်ထည်မှာ မည်းနက်နေပြီး၊ ကြမ်းတမ်းသည်ဟုထင်ရသည်။ ထို့အပြင် လှံရှည်မှ ထွက်ပေါ်နေသော ရောင်ဝါမှာ ရတနာလက်နက်ခြောက်ခုထဲမှ အားပနည်းဆုံးဖြစ်သည်။ သေချာမကြည့်ပါက ဤပစ္စည်းကို ဘယ်သူမှ ဝိညာဉ်ရတနာလက်နက်ဟု ထင်ကြမည်မဟုတ်ပေ။

ဤသည်မှာမူရင်းဇာတ်လမ်းတွင် လင်းတုန် တွေ့ခဲ့သော ရတနာလက်နက်လည်း ဖြစ်သည်။

ရှောင်ဒေါင်သာမရှိပါက လင်းတုန် ထိုရတနာကို လက်လွတ်ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

ထင်သည့်အတိုင်း နောက်တစ်စက္ကန့်တွင် လင်းတုန်က သူ၏ အတွေ့အကြုံနည်းပါးမှုကို ထုတ်ဖော်ပြသခဲ့သည်။ “အစ်ကိုကြီး၊ ဒီဓားသည် အစွမ်းထက်ဆုံးဖြစ်ပြီး၊ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာလက်နက်ဘဲ ဖြစ်ရမယ်။ အစ်ကိုကြီးက ဓားသုံးတဲ့သူဆိုတော့ ဒီဓားက အစ်ကိုကြီးနှင့် အတော်လေးကိုက်ညီလိမ့်မယ်”

ရှောင်ဒေါင် - “ရပ်လိုက်၊ တုံးအတဲ့ကောင်လေး လင်းတုန်၊ ဒီဓားက စွမ်းအားကြီးမားပေမဲ့၊ လှံရှည်ကလည်း အဲ့ဓားထက် မနိမ့်ဘူး၊ သေချာစစ်ဆေးကြည့်ရင်၊ အဲ့ဒီလှံရှည်က တစ်၀က်ဘဲပြီးသေးတဲ့ ဝိညာဉ်ရတနာလက်နက်ဘဲ ဟမ့်၊ တစ်၀က်တစ်ပျက်ဘဲရှိသေးတာတောင် သူ့ရဲ့စွမ်းအားက အလယ်အလတ်အဆင့် ဝိညာဉ်ရတနာလက်နက်နဲ့ နှိုင်းယှဉ်နိုင်နေပီ။ တစ်ကယ်လို့ လှံရှည်ကသာ ပြီးပြည့်စုံသွားရင်၊ ..သူ့ရဲ့စွမ်းအားကို ခန့်မှန့်ကြည့်စမ်း”

လင်းတုန်နဲ့ ရှောင်ဒေါင် စကားပြောနေတုန်း ဝူယွမ်လက် ဝိညာဉ်ရတနာလက်နက်ခြောက်ခု ရောက်နေပီဖြစ်သည်။

“လေနဲ့လ၊ နူးညံ့သိမ်မွေ့သော ခံစားချက်ဓား။”

“အဆုံးမရှိချစ်ခြင်းမေတ္တာ ဓားရှည်။”

“ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်။”

“နက်ရှိုင်းသောလိပ် ရှေးဟောင်းဒိုင်းကာ။”

“ရွှေပိုးတုံးလုံး ချပ်၀တ်”

“နဂါးဟိန်းသံလေး၊ ဖီးနစ်ငိုကြွေးသံ မြား။”

ဝိညာဉ်ရတနာလက်နက် တစ်ခုစီတွင် အမည်များ ထွင်းထုထားသည်။ ဝိညာဉ်ရတနာလက်နက်များ၏ အမည်များကို ဖတ်ရှုပြီးနောက်၊ ဝူယွမ်က ဂူသင်္ချိုင်း၏ ပိုင်ရှင်ကို စိတ်ထဲမှ ချီးကျူးလိုက်မိသည်။... ဘယ်လောက်တောင် တောက်ပတင့်တယ်လိုက်သလဲ ဆရာကြီးက တစ်ကယ်ကို တင့်တယ်လွန်းတဲ့သူဘဲ

ပန်းရောင် ဓားတိုနှင့် အစိမ်းရင့်ရောင်ဓားရှည်က စုံတွဲဓားများဖြစ်ကြသည်။

“လေနှင့်လ နူးညံ့သိမ်မွေ့သော ခံစားချက်” “အဆုံးမရှိသော ချစ်ခြင်းမေတ္တာ”

“အိုး...ယင်-ယန် နှစ်မျိုးတွဲဖက် ကျင့်ကြံခြင်း နည်းလမ်းကို ကျင့်ကြံပြီး နိဗ္ဗန်အဆင့်ကိုများ ၀င်ရောက်ခဲ့တာလား၊ သူရဲ့ ဝိညာဉ်ရတနာလက်နက်တွေကို ကြည့်ရတာ၊

သူက အတော်လေး ထူးခြားဆန်းကြယ်တဲ့သူဘဲ”

ဝူယွမ်က ထိုဝိညာဉ်ရတနာလက်နက်များကို မည်သို့ခွဲဝေရမည်ကို စဉ်းစားမရသေးသော်လည်း အရင်ဆုံး ဓားရှည်ကို သန့်စင်ရန် ဆုံးဖြတ်ခဲ့သည်။ လက်ရှိအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို အမြန်မြှင့်တင်ရန် လိုအပ်နေသည်။

“ညီလေး ငါတို့ ဝိညာဉ်ရတနာလက်နက်တွေ ရပြီဆိုတော့၊ အရင်သန့်စင်ဖို့ လိုတယ်။ ငါယဉ်ကျေးမနေတော့ဘူး ဒီအလယ်အလတ်အဆင့် ဝိညာဉ်ရတနာလက်နက် နှစ်ခုထဲကတစ်ခုဖြစ်တဲ့ ‘လေနှင့်လ နူးညံ့သိမ်မွေ့သော ခံစားချက်ဓား’ကို အရင်ယူလိုက်မယ်”

‘လေနှင့် နူးညံ့သိမ်မွေ့သော ခံစားချက်ဓား’ သည် အခုလောလောဆယ် ဝိညာဉ်ရတနာလက်နက် ခြောက်ခုအနက် အစွမ်းထက်ဆုံးဖြစ်သည်။ ‘ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်’ သည် တစ်ဝက်တစ်ပျက် ဝိညာဉ်ရတနာလက်နက်ဖြစ်သောကြောင့် အနည်းငယ် လိုအပ်ချက်ရှိနေသေးသည်။ ထို့အပြင် ဝူယွမ်သည် ဓားကိုအသုံးပြုရတာ ကျင့်သားရနေပီဖြစ်သည်။ ဓား၏အရောင်သည် အနည်းငယ် စူးရှတောက်ပသော်လည်း၊ သူ၏စွမ်းအားကတော့ ငြင်းဆို၍မရနိုင်ပေ။ ထို့ကြောင့် ဝူယွမ်က ထိုဓားကို သူ့အသုံးပြုရန်အတွက် အရင်ဆုံး သန့်စင်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

“’ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်’ က မင်းအတွက်ဘဲ၊ ဒါပေမဲ့ ငါ ခဏသုံးရမယ်၊ ငါတို့ ဂူသင်္ချိုင်းက ထွက်ခွာလာပြီးမှ မင်းကို ပြန်ပေးမယ်။ မင်းက ဒီဓားရှည် ဒါမှမဟုတ် လေးနှင့်မြားအတွဲကို အခု အသုံးပြုထားလို့ရတယ်”

“ငါတို့နှစ်ဦးစလုံး ချပ်၀တ်နဲ့ ဒိုင်းကာက တစ်ခုစီ ရကြတယ်။”

လင်းတုန်ကလည်း နားလည်မှုရှိသည့်ဟန်ဖြင့် “ဒီ‘အဆုံးမရှိသော ချစ်ခြင်းမေတ္တာ ဓားရှည်’ က အစ်ကိုကြီးရဲ့ ‘လေနှင့်လ နူးညံ့သိမ်မွေ့သော ခံစားချက်ဓား’ နဲ့ စုံတွဲဖြစ်နေတာဆိုတော့ ကျွန်တော်တို့ ဒါကို ခွဲမထားသင့်ဘူး။ ပြီးတော့ ကျွန်တော်က ဓားရှည် သုံးရတာကို သိပ်မနှစ်သက်ဘူး၊ နောက်ပိုင်း အစ်ကိုကြီး ချစ်တဲ့သူကို တွေ့တဲ့အခါမှ အဲ့အမကြီးကို ပေးလိုက်ပါ။”

“ညီလေး မင်းရဲ့ညီမကို မင်း ‘အမကြီး’ လို့ ခေါ်လို့ဖြစ်ပါ့မလား...” ဝူယွမ်တွေးရင်း ခေါင်းယမ်း မိလိုက်သည်။ အရင်က ညီမဖြစ်သူနှင့်ဖြစ်စေ၊ မကြာမီ ဖြစ်ပျက်လာတော့မည့် ဒါမှမဟုတ် ဖြစ်ပျက်ကောင်းဖြစ်ပျက်လာနိုင်သည့် အရာများဖြစ်စေ၊ ထိုကိစ္စရပ်များ ဖြစ်လာလျှင် ဝူယွမ်က သူ့ညီအား မျက်နှာမ‌ပြရဲဖြစ်နေသည်။ ဆိုရသော် ထိုကိစ္စများအတွက် သူက အပြစ်ရှိသလို ခံစားနေရသောကြောင့် ဖြစ်သည်။

ထိုအရာက သူလင်းတုန်ကို အခြားနည်းလမ်းများဖြင့် ပြန်လည်ဖြည့်ဆည်းပေးလိုသည့် အကြောင်းရင်းလည်း ဖြစ်သည်။

ဝူယွမ်က ဘာမှပြန်မပြောလိုက်ပေ။ ထိုဓားရှည်ကို မြင်ကတည်းက၊ သူဦးစွာတွေးမိသည်မှာ ချင်းတန်ကို ပေးရန်ဖြစ်သည်။

လင်းတုန်က ဆက်ပြောလိုက်သည်။ ”ကျွန်တော်က လေးနဲ့မြားကိုလည်း မသုံးတတ်ဘူး ‘ကောင်းကင် အကြေးခွံ ရှေးဟောင်းလှံရှည်’ ကို ရရင်ကို ကျွန်တော် အတော်လေးအားရပါတယ်။ အခုလောလောဆယ်တော့ ဒီ ‘နက်ရှိုင်းသော လိပ် ရှေးဟောင်းဒိုင်းကာ’ ကိုဘဲ အသုံးပြုလိုက်မယ်။”

“အဲဒါလည်း ကောင်းတယ်။ အခုက ခဏအဆင်ပြေသလို သုံးရမှာဘဲ၊ ဂူသင်္ချိုင်းက ထွက်ခွာလာပြီးတာနဲ့ ‘ကောင်းကင် အကြေးခွံ ရှေးဟောင်းလှံရှည်’ ကို မင်းကို ပြန်ပေးမယ်။ အဲ့တာအပြင် ငါ့ရဲ့ နည်းလမ်းတွေနဲ့ နောက်ပိုင်း ‘ကောင်းကင် အကြေးခွံ ရှေးဟောင်းလှံရှည်’ ကို မင်းအတွက် ပိုအားကောင်းလာအောင် ငါလုပ်ပေးမယ် မင်း နစ်နာမှုမရှိစေရဘူးလို့ ငါ အာမခံတယ်။”

ဝူယွမ်ကယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ပြီး အထူးသဖြင့် “နစ်နာမှု” ဟူသော စကားလုံးကို ဖိပြောခဲ့သည်။ သူပြောသည့် “နစ်နာမှု” သည် သူသာ နားလည်နိုင်သော အဓိပ္ပာယ်ဖြစ်သည်။

လင်းတုန် - “အစ်ကိုကြီး၊ မင်းဘာတွေပြောနေတာလဲ။ ကျွန်တော် နစ်နာတယ်လို့ ဘာလို့ခံစားရမှာလဲ။ ကျွန်တော်က အစ်ကိုကြီးကို ကျေးဇူးတင်ရမှာပါ။”

“ကောင်းပြီ၊ ငါတို့ ညီအစ်ကိုတွေကြားမှာ ကျေးဇူးတရား‌တွေနဲ့ ‌ နေရခက်တာမျိုး မဖြစ်သင့်ဘူး” ဝူယွမ်က သဘောတူသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

“အခုအရင်ဆုံး ဝိညာဉ်ရတနာလက်နက်များကို သန့်စင်ရအောင်”

သူသည် ‘နက်ရှိိုင်းသော လိပ် ရှေးဟောင်းဒိုင်းကာ’ ကို လင်းတုန်အား ပေးလိုက်သည်။

ထို့နောက်သူက လျှာထိပ်ကို ကိုက်လိုက်ပြီး၊ သွေးအဆီအနှစ်တစ်စုကို ထွေးထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ဝိညာဉ်စွမ်းအင် လှိုင်းများထွက်လာကာ၊ သွေးအဆီအနှစ် အစုအဝေးကို ဝိုင်းရံထားလိုက်ပြီး သူ၏လက်ထဲရှိ ပန်းရောင် ‘လေနှင့်လ နူးညံ့သိမ်မွေ့သော ခံစားချက်ဓား’ ထဲသို့ ပေါင်းစပ်လိုက်သည်။

‌ေသွးအစီအနှစ် ပေါင်းစပ်ပြီးနောက်၊ ‘လေနှင့်လ နူးညံ့သိမ်မွေ့သော ခံစားချက်ဓား’ က ပန်းရောင်အလင်းရောင်များ ထွန်းလင်းတောက်ပလာကာ၊ တစ်ခန်းလုံးကို လင်းထိန်သွားစေခဲ့သည်။

ထို့နောက် ဓားကနွေးထွေးသော စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး၊ ဝူယွမ်၏ လက်ဝါးထဲသို့ ရောက်ရှိလာခဲ့သည်။

ဝိညာဉ်ရတနာလက်နက်များတွင်ဝိညာဉ်ရှိပြီး၊ သူတို့၏ သခင်ကို သိကြသည်။

လင်းတုန်သည်လည်း ဝူယွမ်အတိုင်း သူ၏ သွေးအစီအနှစ် ကို ‘နက်ရှိုင်းသော လိပ် ရှေးဟောင်းဒိုင်းကာ’ ထဲသို့ ပေါင်းစပ်လိုက်သည်နှင့် ရှေးဟောင်းဒိုင်းကာမှ စိမ်းပြာရောင်အလင်းရောင်များ ထွန်းလင်းတောက်ပလာကာ၊ လင်းတုန်တစ်ကိုယ်လုံးကို အစိမ်းရောင်သန်းစေခဲ့သည်။

ရှေးဟောင်းဒိုင်းကာပေါ်တွင် သွေးကြောများနှင့် တူသော နက်နဲရှုပ်ထွေးသည့် အရစ်အမှတ်အသားများ ပေါ်လာခဲ့သည်။ ထိုအရာကသည် နက်ရှိုင်းလိပ်၏ အခွံမှ တည်ဆောက်ထားသော ဒိုင်းကာတစ်ခုပင်ဖြစ်သည်။

ဝူယွမ်သည် ဓားတိုကို သိမ်းယူလိုက်ပြီး၊ ‘ရွှေပိုးတုံးလုံး ချပ်၀တ်’ ကို သန့်စင်ရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။

ချပ်၀တ်ကို ရွှေရောင်ပိုးချည်မျှင်များ ငွေရောင်ခုံးကောင်အခွံများဖြင့် ပြုလုပ်ထားပြီး၊ ပိုးချည်မျှင်များက ခုံးကောင်အခွံများကို ဝိုင်းရံထားသကဲ့သို့ဖြစ်ကာ၊ ရွှေက ငွေကို ထုပ်ပိုးထားသည့်ပုံစံရှိနေပြီး၊ အခွံများကို နေရာတကြ ဆက်စပ်ထားသည်။ လက်နက်က သူ၏အမည်နှင့် အတော်လေး ကိုက်ညီမှုရှိသည်။

ဝူယွမ်သည် သူ၏ သွေးအစီအနှစ်ကို ပေါင်းစပ်လိုက်သည်နှင့် ရွှေရောင်နှင့် ငွေရောင်အလင်းတန်းများ ထွန်းလင်းသွားပြီး၊ သူက ချက်ချင်းဘဲ ချပ်၀တ်ကို ဝတ်ဆင်လိုက်သည်။ ချောမွေ့စွာပြုပြင်ထားသော ခုံးကောင်အခွံများက၊ သူ၏အရေပြားနှင့် တင်းတင်းကျပ်ကျပ်ကပ်နေသည်။

ဒီဇိုင်း အရည်အသွေးက ကောင်းလွန်းကာ သက်တောင့်သက်သာရှိပြီး ချောမွေ့ကာ၊ မည်သည့်ပွတ်တိုက်မှုမျှ မရှိပေ။

အေးမြပြီးလန်းဆန်းသော ခံစားချက်တစ်မျိုးကိုတောင် ရနေသေးသည်။

အပူကိုမကြိုက်သော ယောက်ျားသားတွေအတွက်တော့ ရတနာတစ်ပါးပင်ဖြစ်သည်။ ဝတ်ဆင်လိုက်သည်နှင့် အပူဒဏ်ကို သက်သာစေရုံသာမက၊ စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေသည်။

“တစ်ကယ်ကောင်းတဲ့ ဝိညာဉ်ရတနာလက်နက်တစ်ခုဘဲ။” ဝူယွမ် စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။

ထိုဂူသင်္ချိုင်း၏ပိုင်ရှင်သည်၊ အချစ်ရေး ဇာတ်လမ်းများနှင့်ပြည့်နှက်နေသူတစ်ဦးဖြစ်ပြီး၊ ဘဝကို ပျော်ရွှင်စွာနေထိုင်ခြင်းနှင့် အပန်းဖြေခြင်းအကြောင်း ကောင်းကောင်း သိထားသူပင်ဖြစ်သည်။

‘နဂါးဟိန်းသံ လေး’ တစ်ခု၊ ‘ဖီးနစ်အော်သံ မြှား’ ခုနှစ်ချောင်း

ဝူယွမ်က လက်နက်အားလုံးကို သန့်စင်လိုက်သည်။ အဝေးမှတိုက်ခိုက်လို့ကောင်းသည့် လေးလံသော လက်နက်များ ဖြစ်ပြီး၊ ဝူယွမ်က ထိုလေးနှင့်မြားကို လိုအပ်လာလိမ့်မည်ဟု ခံစားနေရသည်။

တစ်ချိန်တည်းမှာ ဝိညာဉ်ရတနာလက်နက်သုံးခုကို သန့်စင်ခြင်း၊ လေးနှင့်မြားကို ရှစ်ခုအဖြစ် ရေတွက်ပါက၊ ဝူယွမ်က သွေးအစီအနှစ် ဆယ်စုကို ဆုံးရှုံးခဲ့ရပြီး သူ၏ကိုယ်ခန္ဓာ အားနည်းသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။

သူသည်အမြန်ဆုံး အားပြန်ဖြည့်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင် တိုက်ပွဲများ ရှိလာမည်ဖြစ်သောကြောင့် အားနည်းနေလို့မဖြစ်ပေ။ ဝူယွမ်က ဝိညာဉ်ရတနာလက်နက်များကို သိမ်းယူပြီး၊ အနက်ထဲထိ ဆက်သွားရန် ပြင်ဆင်လိုက်သည်။ ဂူသင်္ချိုင်းအတွင်း ရှာဖွေဖို့ရာ ဆက်လက်လုပ်ဆောင်ကာ၊ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဝိညာဉ်ဆေးလုံးများကို အဓိကထား ရှာဖွေရမည်ဖြစ်သည်။

“သွားကြစို့၊ အတွင်းပိုင်းထဲမှာ ကောင်းတာတွေအများကြီး ရှိနေသေးတယ်။”

နှစ်ယောက်စလုံး ရှေ့ဆက်လာခဲ့သည်

ခန်းမအလယ်မှ လမ်းကြောင်းကို ဖြတ်သန်းပြီးနောက်၊ အလွန်ကျယ်ပြန့်သော နေရာတစ်ခုက သူတို့၏ မျက်စိရှေ့ ပေါ်လာခဲ့သည်။ ထိုကျယ်ပြန့်သော နေရာတွင်၊ ကြီးမားသည့် သစ်သားတိုင်ကြီးများ ရှိနေပြီး တိုင်များသည် ကောင်းကင်ယံအထိ ထိုးတက်နေပြီး၊ မည်သည့်နေရာကို ဦးတည်နေသည်ကို မသိရသော ကွေးညွှတ်နေသည့် သစ်သားတိုင်များက လမ်းကြောင်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။

ထိုထူးဆန်းသောမြေမျက်နှာသွင်ပြင်သည် လူနှစ်ဦးနှင့် ကျားနှစ်ကောင်တို့၏ အာရုံကို ဆွဲဆောင်သွားသည်။ တစ်ချိန်တည်းမှာပင်၊ ထိုသစ်သားတိုင်များမှ အန္တရာယ်ကိုလည်း သူတို့ ခံစားလိုက်မိကြသည်။

ပုံမှန်အားဖြင့် အလွန်ရဲရင့်သော ရှောင်ယန်သည်ပင်၊ အခုအချိန်တွင် ရှေ့မှ မလျှောက်ရဲတော့ဘဲ၊ သူမ၏အစ်မ နှင့် ဝူယွမ်၏ ဘေးမှသာ လိုက်ပါနေခဲ့သည်။ သစ်သားတိုင်များနှင့် နီးကပ်လာသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသည်။

“ဒုံး၊ဒုံး၊ ဒုံး။”

ကြီးမားပြီးလေးလံသော ခြေလှမ်းများကဲ့သို့ပင်။

၀ူယွမ် ဝိညာဉ်စွမ်းအင်ဖြင့် စမ်းသပ်စစ်ဆေးကြည့်ရာ၊ သစ်သားတိုင်များထဲမှ၊ လူတစ်ဦး ပေါ်လာခဲ့သည်။

အတိအကြဆို ထိုအရာက လုံး၀မဲနက်နေသော လူသားပုံသဏ္ဍာန်ရှိ သံစက်ရုပ်ကြီး ဖြစ်သည်။

သူ၏ကိုယ်ထည်ကို သန့်စင်သော သံမှသွန်းလုပ်ထားပြီး ကိုယ်ထည်ပေါ်တွင် ထူးဆန်းသောရူန်းများဖြင့် ဖုံးလွှမ်းထားသည်။

“ဒါက ဘာလဲ။”

လင်းတုန် နဖူးတွန့်သွားသည်။ တိတ်ဆိတ်မှောင်မိုက်သော ဂူသင်္ချိုင်းအတွင်း၊ သံလူသားတစ်ဦး ရုတ်တရက်ပေါ်လာခြင်းက ထိတ်လန့်ဖွယ်ရာပင်ဖြစ်သည်။

ထို့အပြင် လင်းတုန်သည် ရုပ်သေးကိုယ်ထည်မှ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအင်တစ်ခုကို ခံစားနေရသည်။

“ဒီအရာက အဆောင်ရုပ်သေးတစ်ခုဘဲ စွမ်းအားကြီး ကျင့်ကြံသူ တစ်ချို့က ရုပ်သေးတွေ ဖန်တီးရတာကို နှစ်သက်ကြပြီး၊ သူတို့ရဲ့နေရာတွေကို စောင့်ရှောက်ဖို့ရာ အသုံးပြုကြတယ်။ ဒီရုပ်သေးက မဆိုးပါဘူး” လင်းတုန်က ရုပ်သေးကို မြင်ပြီး အံ့အားသင့်နေစဉ် ရှောင်ဒေါင်၏ အသံက သူ၏ခေါင်းထဲ ပေါ်လာခဲ့သည်။

“ဟက်ဟက်၊အဆောင်ရုပ်သေး။”

ဝူယွမ်မှာမူ ရယ်မောလိုက်သည်။ သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိနှင့် အဆောင်ရုပ်သေးကို ကြည့်ရင်း မျက်လုံးများ တောက်ပလျက် ရှိသည်။ အတိအကြဆို ရုပ်‌သေးကိုယ်ထည်ပေါ်ရှိ ရူန်းများကို ကြည့်နေခြင်းဖြစ်သည်။

ရှောင်ဒေါင်- “အဆောင်ရုပ်သေးတွေကို အဆင့်မြင့် အလယ်အလတ်နဲ့ အဆင့်နိမ့်ဆိုပြီး သုံးဆင့်ခွဲထားတယ် ဒီဟာက အဆင့်နိမ့် အဆောင်ရုပ်သေးတစ်ခု၊ အညံ့စား ကစားစရာအရုပ်တစ်ခုသာသာဘဲ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် စွမ်းအားဘဲ ရှိတယ်။ အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့်မဟုတ်ရင် မင်းကိုမခြိမ်းခြောက်နိုင်ဘူး အလယ်အလတ်အဆင့် အဆောင်ရုပ်သေးက သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးနဲ့ နှိုင်းယှဉ်လို့ရတယ် အဆင့်မြင့် အဆောင်ရုပ်သေးတစ်ခု ကတော့အနည်းဆုံး ချီဖန်တီးခြင်းအဆင့်နဲ့ ယှဉ်နိုင်တယ်။ အချို့ သေချာ တည်ဆောက်ထားသည့် အဆင့်မြင့် အဆောင်ရုပ်သေးတွေဆို ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် ကိုင်တွယ်ဖို့ မလွယ်ဘူး၊ အဆောင်ရုပ်သေး လမ်းကြောင်းက အတော်လေး နက်နဲတယ်။

အဆင့်မြင့် အဆောင်ရုပ်သေးတွေရဲ့အထက်မှာ၊ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေတောင် သွားမရှုပ်ရဲတဲ့ အဆောင်ရုပ်သေးတွေလည်း ရှိသေးတယ်။ အချို့ ဂိုဏ်းကြီးတွေက အဆောင်ရုပ်သေးတွေ ဆောက်လုပ်တာကို အထူးပြုကြပြီး၊ မင်းရဲ့ မဟာရန်မင်းဆက် တစ်ခုလုံးထက်တောင် ပိုစွမ်းအားကြီးသေးတယ်။

လင်းတုန် အပြင်ဘက်ကမ္ဘာက အကျယ်ကြီးဘဲ ထွက်ပြီး စူးစမ်းရှာဖွေကြည့်၊ ပိုသိလာရလိမ့်မယ်”

ရှောင်ဒေါင် ရှင်းပြတာကို နားထောင်ပြီးနောက်၊ လင်းတုန်သည် သူ့ရှေ့မှောက်ရှိ အဆောင်ရုပ်သေးအား လေးစားသည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

သူ အဆောင်ရုပ်သေးကို သေချာ စစ်ဆေးကြည့်သောအခါ၊ သူ၏ လမ်းလျှောက်ပုံမှာ နှေးကွေးပြီး တောင့်တင်းနေသည်ကို တွေ့လိုက်ရသည်။ သာမန်လူလမ်းလျှောက်သည်နှင့် လုံး၀မတူပေ၊ ထိုရုပ်သေးက ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆသ့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဆိုသည့် အချက်ကိုပင် သူသံသယ ဝင်သွားသည်။

“စိုးရိမ်စရာမလိုဘူး၊ ဒီအဆောင်ရုပ်သေးပေါ်မှာရှိတဲ့ ရူန်းတွေက မှိန်နေပြီး၊ ဝိညာဉ်အမှတ်အသားကလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေတယ်။ ဘယ်သူကမှ ထိန်းချုပ်မထားတာကြောင့်၊ အဲ့တာက မာကျောတဲ့၊ ရွေ့လျားနေတဲ့ ပစ်မှတ်တစ်ခုသာသာဘဲ” ဝူယွမ်က လင်းတုန်အား ရှင်းပြလိုက်သည်။

ထို့နောက်၊ သူက ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်နှင့် ထိုဝိညာဉ်စွမ်းအင်က လေထဲတွင် အံ့ဖွယ်ရူန်းတစ်ခုကို ရေးဆွဲလိုက်ပြီး။ ထိုရူန်းက အဆောင်ရုပ်သေး၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

【မူလဖျက်သိမ်းရေးရူန်း- ကောင်းကင်နှင့်မြေကြီးကြားတွင် မွေးဖွားလာသော မူလရူန်းများအနက်မှ တစ်ခုဖြစ်ပြီး၊ စွမ်းအင်အမှတ်အသားအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ထိုအရာသည် ယေဘုယျအားဖြင့် ဗလာနယ်ပယ်အတွင်း တည်ရှိပြီး၊ အမှတ်အသားများကို ရှင်းလင်းရန်၊ တိုက်ခိုက်ရေးရူန်းများ ဖန်တီးရန်... အစရှိသဖြင့် အသုံးပြုနိုင်သည်။】

ဖျက်သိမ်းရေးရူန်း၏ စွမ်းအားက အဆောင်ရုပ်သေးအတွင်းရှိ မူလဂူသင်္ချိုင်းပိုင်ရှင် ချန်ရစ်ခဲ့သော ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်၊ ဝူယွမ်က သူ၏ကိုယ်ပိုင် ဝိညာဉ်အမှတ်အသားကို ထည့်သွင်းခဲ့သည်။

သူ၏ဝိညာဉ်ထိန်းချုပ်မှုအောက်တွင် အဆောင်ရုပ်သေးက ချက်ချင်းပင် လူသားတစ်ဦးကဲ့သို့ သေသေသပ်သပ် လှုပ်ရှားလာခဲ့သည်။

“အစ်ကိုကြီး၊ မင်းဒီအဆောင်ရုပ်သေးကို သိမ်းယူလိုက်တာလား”

လင်းတုန်က စိုက်ကြည့်နေမိသည်။ အစ်ကိုကြီးက မယုံနိုင်စရာကောင်းလောက်အောင် ကြီးမြတ်လှသည်။ အစ်ကိုကြီး မလုပ်နိုင်သည့်အရာ မရှိဟုပင် ထင်ရသည်။

ဝူယွမ်- “အင်း၊ ဒါပေမဲ့ ဒီအဆောင်ရုပ်သေးရဲ့ အဒီကရူန်းတွေက မှိန်နေပြီ၊ သူ့ရဲ့ စွမ်းအားကို ‌အပြည့်အ၀ မထုတ်လွှတ်နိုင်တော့ဘူး ဝမ်းနည်းစရာဘဲ။ ဒါပေမဲ့ ရုပ်သေးအတွက် သုံးထားတဲ့ ပစ္စည်းတွေက ကောင်းသေးတယ်။ ဒါကို ပြန်ပြင်ဆင်ပြီး ရူန်းအသစ်တွေ ရေးဆွဲလို့ရတယ်”

“ ဒါ ပစ္စည်းကောင်းလေးဘဲ၊ ငါ ပြင်ဆင်ပြီးတာနဲ့၊ အနည်းဆုံးတော့ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ်။ ဒါကိုငါ အိမ်စောင့်အဖြစ် အသုံးပြုလို့ရတယ်၊ ယူသွားရမယ် ဒီအတိုင်းထားခဲ့လို့မဖြစ်ဘူး”

သူက ကြီးမားပြီးမည်းနက်နေသော အဆောင်ရုပ်သေးကို သူ၏ သိုလှောင်အိပ်ထဲသို့ ထည့်သွင်းလိုက်သည်။

လင်းတုန်နှင့်ရှောင်ဒေါင်တို့မှာ အလွန်အမင်းတုန်လှုပ်သွားခဲ့ကြသော်လည်း။ အခု သူတို့က ဝူယွမ်၏ နည်းလမ်းများကို အကျင့်ဖြစ်နေပီ ဖြစ်သောကြောင့် ချက်ချင်းပြန်တည်ငြိမ်သွားသည်။

“ခရီးဆက်ကြရအောင်”

“ခဏလေး ဒါက သစ်သားဝံကမ္ဘာတစ်ခုဘဲ၊ တစ်ကယ်လို့ ငါတို့ လျှောက်သွားနေရင်ဒီက ထွက်နိုင်မှာမဟုတ်ဘူး”

ဝူယွမ်က လင်းတုန်အား တားလိုက်သည်။

“မင်းငါ့နောက်ကဘဲ လိုက်ခဲ့”

ဝူယွမ်က ရှေ့မှဦးဆောင်သွားလိုက်သည်။ ဝိညာဉ်စွမ်းအင်က သူ၏မျက်လုံးများထဲသို့ စီးဝင်လာပြီး စွမ်းအားပြင်းနတ်ဆိုးမျက်စိကို အသက်သွင်းလိုက်ကာ၊ သစ်သားတိုင်များအောက်ရှိ ရူန်းများကို သေချာစစ်ဆေးကြည့်လိုက်သည်။

တစ်‌ကယ်တော့ ဝူယွမ်က နယ်နိမိတ်ရူန်းကို အသုံးပြုပြီး ဒီ ဝံကမ္ဘာကို အတင်းအကျပ်ချိုးဖျက်နိုင်သော်လည်း၊ နောက်ကလူတွေအတွက် လမ်းကြောင်းရှင်းပေးရန် မလိုလားသဖြင့်၊ သူက နူးညံ့သိမ်မွေ့သော နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူက စွမ်းအားပြင်းနတ်ဆိုးမျက်စိဖြင့် တိုင်အတွင်းမှ ရူန်းအမှတ်အသားများကို တွေ့ခဲ့ရသည်။ ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ မူလထိန်းချုပ်ချင်း ရူန်းတစ်ခုကို ရေးဆွဲလိုက်ပြီး၊ သစ်သားတိုင်များ၏ လုပ်ဆောင်ချက်ကို ယာယီ ရပ်တန့်လိုက်သည်။ ထို့နောက်၊ လူနှစ်ဦးနှင့် ကျားနှစ်ကောင်တို့က မြန်မြန်ဘဲ ရှေ့ဆက်လာကြသည်။

သစ်သားတိုင်၀ံကမ္ဘာကို ဖြတ်သန်းပြီးနောက်၊ လမ်းကြောင်းတစ်လျှောက်တွင် အဆင့်နိမ့် အဆောင်ရုပ်သေးများ ထပ်တွေ့ခဲ့ရပြီး ဝူယွမ်က ရှေ့ကအတိုင်း အဆောင်ရုပ်သေးအားလုံးကို သိမ်းယူလိုက်သည်။

သိပ်မကြာခင် သူတို့က သစ်သားတိုင် ဝံကမ္ဘာထဲမှ ထွက်ခွာလာနိုင်ကြသည်။

ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မူလထိန်းချုပ်ခြင်းရူန်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး၊ သစ်သားတိုင်များသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်သွားခဲ့သည်။

လမ်းကြောင်းထဲမှ ထွက်ခွာလာပြီးနောက်၊ သူတို့က ကျယ်ပြန့်သော လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

အဆုံးတွင်သူတို့ အလင်းရောင်ကို မြင်တွေ့ခဲ့ပီဖြစ်သည်။ လေ့ကျင့်ရေးကွင်းပြင် ပတ်လည်ရှိ နံရံများကို အလင်း ပုလဲများဖြင့် အလင်းပေးထားသည်။

သို့သော်လည်း သူတို့အားလုံး အဓိကမြင်သည့်အရာမှာ များပြားလှသော လူအုပ်ကြီးတစ်ခုပင်ဖြစ်သည်။

လူနှစ်ဦးနှင့်ကျားနှစ်ကောင်တို့ တုန်လှုပ်သွားခဲ့ကြသည်။ ဝူယွမ်ပင် ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ သူ့ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလိုခံစားလိုက်ရသည်။

ဝိညာဉ်စွမ်းအင်ဖြင့် စမ်းသပ်စစ်ဆေးပြီးနောက်၊ နှစ်ယောက်စလုံး စိတ်သက်သာရာရသွားခဲ့ကြသည်။ ကျားနှစ်ကောင်ကတော့ ဆက်လက်တောင့်တင်း နေဆဲဖြစ်သည်။

လေ့ကျင့်ရေးကွင်းပြင်အတွင်း၊အဆောင်ရုပ်သေးများကို စနစ်တကျ တန်းစီထားပြီး၊ အရေအတွက်က ရာနှင့်ချီရှိသည်။

ဝူယွမ် မျက်လုံး အရောင်များ လင်းလက်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင်၊ ရုပ်သေးအားလုံးက ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် လက်အောက်ငယ်သားများပင် ဖြစ်သည်။

“သိမ်း..သိမ်း အားလုံးကိုသိမ်း”

All Chapters