← Chapters

နတ်ဆင်နှိမ်နှင်းခြင်း

Vol. 8 Ch. 73

နတ်ဆင်နှိမ်နှင်းခြင်း

Vol. 8 Ch. 73

အဆောင်ရုပ်သေးရာနှင့်ချီက ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူများစွာနှင့် ညီမျှသည်။

ထိုကဲ့သို့သော တပ်ဖွဲ့စည်းပုံသည် သဏ္ဍာန်ပြောင်းအဆင့်က ဆရာကြီးများကိုပင် ဆုတ်ခွာသွားစေရန် ဖိအားပေးနိုင်လိမ့်မည်။

ရှောင်ဒေါင်- “အရမ်းကံဆိုးတယ်။ ဒီအဆောင်ရုပ်သေးတွေမှာ သတ်မှတ်ထားတဲ့ ရူန်းတွေက ပျောက်ကွယ်သွားပြီဖြစ်လို့ အသုံးပြုဖို့ မဖြစ်နိုင်တော့ဘူး။ ကြောက်စရာကောင်းပုံရပေမယ့် တကယ်တော့ သတ္တုအစိုင်အခဲတွေပါပဲ။”

ရှောင်ဒေါင်က လင်းတုန်အား မကျေနပ်ပြောလိုက်ပြီး မကြာမီတွင် အခြားတစ်ဖက်မှ ဝူယွမ်က သူ၏ သိုလှောင်အိပ်ကို ထုတ်ယူပြီး သွားရောက်၍ စွန့်ပစ်ထားသော အဆောင်ရုပ်သေးများကို တစ်ခုပြီးတစ်ခု စုဆောင်းခဲ့သည်။

သူများအတွက် ဤအဆောင်ရုပ်သေးများက အပိုင်းအစများသာဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဝူယွမ်မှာမူ ကွဲပြားသည်။ မူလရူန်း လျှို့ဝှက်ချက် ရှိတာကြောင့် ထိုရုပ်သေးရဲ့ရူန်းများကို အလွယ်တကူပြင်ဆင်နိုင်ပြီး သူတို့ကို ပြန်အသက်သွင်းကာ သူ့အတွက် အလုပ်လုပ်ခိုင်းနိုင်သည်။

ဝူယွမ်က လေ့ကျင့်ရေးကွင်းပြင်ရှိ အဆောင်ရုပ်သေးအားလုံးကို သိမ်းစည်းခဲ့ပြီး စုစုပေါင်း ၁၈၀ ရှိသည်။

တစ်ရာရှစ်ဆယ်၊ သေချာသာအသုံးချမယ်ဆို အဆောင်ရုပ်သေး တပ်တစ်ခုဘဲဖြစ်သည်။

ရှေ့ဆက်သွားကြ‌သောအခါ ရုတ်တရက် လေထဲမှ ပြင်းထန်သော ဝိညာဉ်ဆေးနံ့များရလိုက်သည်။

သူတို့ရှေ့တွင် ရေအိုင် တစ်ခုတွေ့လိုက်ရပြီး။ အိုင်ထဲတွင် မီးလင်းပုလဲများစွာ ရှိနေသည်။

အိုင်အလယ်တွင် ကျောက်စိမ်းဖြင့်တည်ဆောက်ထားသော ရေကန်ငယ်လေးတစ်ခုရှိပြီး အထဲတွင် ဝိညာဉ်ဆေးပင်များဖြင့် ပြည့်နှက်နေကာ သူတို့၏အသွင်အပြင်ကို ကြည့်ယုံဖြင့် အရေအသွေးကောင်းကြောင်းသိသာသည်။

ရှေးဟောင်းဂူသင်္ချိုင်းရှိ ဝိညာဉ်ဆေးပင်များသည် ရှေးအချိန်ကတည်းက စိုက်ထားခဲ့ချင်းဖြစ်သည်။

ရှေးဟောင်းဂူသင်္ချိုင်း နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သဖြင့် ဝိညာဉ်ဆေးပင်များ၏ တန်ဖိုးကို သိနိုင်သည်။

ဝူယွမ်သည် ရှောင်ယန်ကိုခေါင်းမှ ဆွဲထားကာ ရှေ့သို့ပြေးမသွားစေရန် တားမြစ်ခဲ့သည်။

ဝူယွမ်က အိုင်ရှေ့ရောက်သွားရင်း သူ၏မျက်နှာပေါ်တွင်လည်း မထိန်းနိုင်မသိမ်းနိုင် ပျော်ရွှင်နေသော အမူအရာဖြစ်နေခဲ့သည်။ သူက ချက်ချင်း ကန်ဘေးသို့ရောက်သွားပြီး ကန်၏အလယ်ဗဟိုတွင် ပေါက်နေသော အဖြူနှင့်အမည်းကြာပန်းကို ပထမဆုံးမြင်လိုက်ရသည်။

အိပ်ရာတစ်လုံးစာလောက်ကြီးမားသော ကြာပန်းပွင့်ကြီးက အဖြူနှင့်အမည်း တစ်ဝက်စီဖြစ်နေပြီး သဘာဝအတိုင်း ယင်နှင့်ယန် သင်္ကေတဖြစ်နေသည်။ ယင်နှင့်ယန် ကြာပန်းထဲတွင် အဖြူကြာစေ့တစ်စေ့နှင့် အမဲကြာစေ့‌တစ်စေ့ ကိုတွေ့လိုက်ရသည်။

ကကန်ထဲရှိ ဝိညာဉ်ဆေးပင်များအနက် ဤတစ်ခုတည်းသာ အလယ်ဗဟိုတွင်ရှိပြီး ကန်ရဲ့နေရာ သုံးပုံတစ်ပုံကို သိမ်းပိုက်ထားသည်။

ကြာစေ့များမှ ထွက်ပေါ်လာသော ကြွယ်ဝသည့် ဆေးစွမ်းအင်က ဝူယွမ် ယခုထိ ကြုံတွေ့ခဲ့ရသော ဝိညာဉ်ဆေးပင်များအနက် အပြင်းထန်ဆုံး စွမ်းအင်လှိုင်းဘဲဖြစ်သည်။

ထိုအရာက သံမြေကျေးရွာရှိ မီးတောင်ဂူထဲတွင် သူကြုံတွေ့ခဲ့ရသော မကောင်းဆိုးဝါးမီးဘိုးဘေး ပန်းပွင့်ထက် မနိမ့်ပေ။

ထိုနှစ်ခုအနက် ဘယ်တစ်ခုကပိုသာမလဲဆိုတာ သူမဆုံးဖြတ်နိုင်ခဲ့‌ချေ။

လင်းတုန်လည်း ရှေ့တိုးလာခဲ့သည်။

ကျောက်လက်ဖွဲ့အတွင်းမှ ရှောင်ဒေါင်သည် ထိုကြာပွင့်စွမ်းအင်ကို အာရုံခံမိသွားပြီး အံအားသင့်စွာ အော်ဟစ်လိုက်မိသည်။-

“ယင်ယန်အမွှာ ကြာပန်းပွင့်”

လင်းတုန်သည်လည်း ထိုကဲ့သို့ စွမ်းအားပြင်းထန်သည့် ဝိညာဉ်ဆေးပင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ပါးစပ်မှ ရေရွတ်လိုက်မိသည် “ဒါဘယ်လိုမျိုး ဝိညာဉ်ရေးရာ ဆေးဘက်ဝင်ပစ္စည်းမျိုးလဲ။”

ရှောင်ဒေါင်- “ဒါက ကောင်းကင်ဘုံနှင့် မြေကြီးကြားက ရှားပါးရတနာတွေထဲက တစ်ခုဘဲ။ နိဗ္ဗာန်အဆင့် ဂူထဲမှာ ဒီလိုအရာမျိုးတွေ့နိုင်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒီရှေးဟောင်းဂူသင်္ချိုင်းပိုင်ရှင်က ဆင်းရဲသားတစ်ယောက်တော့ မဟုတ်ဘူးထင်တယ်။”

“ယင်ယန်အမွှာ ကြာပန်းပွင့်မှာ အလွန်ကြွယ်ဝတဲ့ ယင်နဲ့ယန် စွမ်းအင်တွေ ပါဝင်တယ်။ ဒီယင်ယန် ကြာပွင့်ကို ကျင့်ကြံချင်းအတွက် အသုံးပြုနိုင်တယ်၊ အဲ့အပေါ်မှာ ဘာမှမလုပ်ဘဲ လှဲနေရင်တောင် အကျိုးကျေးဇူးရှိတယ်။”

“ပြီးတော့ ဒီယင်ယန် ကြာစေ့တွေက ပိုပြီးတောင် အံ့သြဖို့ကောင်းသေးတယ်၊ ယင်နဲ့ယန် စွမ်းအင်ကို အသီးသီးပိုင်ဆိုင်ထားတယ်။ ဒါက ယွမ်ဒန်နယ်ပယ်မရောက်ခင် စုပ်ယူထားတဲ့ ယင်နဲ့ယန်လို ရိုးရှင်းတဲ့အရာမျိုးမဟုတ်ဘူး”

“ဒီပစ္စည်းကို တစ်မျိုးတည်း သုံးလို့မရသလို နှစ်မျိုးလုံးပေါင်းသုံးလို့လည်း မရဘူး၊ ယင်နဲ့ယန် ဟန်ချက်ညီဖို့ လိုအပ်ပြီး သူ့ရဲ့စွမ်းအင်ကို စုပ်ယူနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က တစ်စေ့စီစားပြီး ယင်နဲ့ယန် ရောယှက်ကာ တစ်ယောက်နဲ့တစ်ယောက် ဆေးအာနိသင်ကို ဖြေရှင်းဖို့ကူညီပေးရမယ်၊ ဒါက အပြည့်စုံဆုံးနည်းလမ်းပဲ။”

“ယင်နဲ့ယန် ကျင့်ကြံသူတွေအတွက်တော့ ဒီပစ္စည်းသည် တန်ဖိုးဖျက်မရတဲ့ ရတနာတစ်ပါးဘဲ။”

လင်းတုန်- “ယင်ယန်တွဲဖတ် ဝိညာဉ်‌ဆေးပင်လို့ ပြောချင်တာလား”

“ဟုတ်တယ်!”

“ဒါပေမဲ့ မင်းလေးက၊ ဒီအကြောင်းကို မတွေးသင့်ဘူး။ မင်းရဲ့လက်ရှိအခြေအနေမှာ မိန်းမမရှိဘဲ ဒီဆေးကို စားမိရင် မင်းမခံနိုင်ဘူး။”

လင်းတုန်သည် စကားပြန်မပြောနိုင်အောင်ဖြစ်ပြီး မျက်လုံးပြူးသွားသော်လည်း ထို့နောက် သူပြန်တွေးမိလိုက်သည်-

“ဒါဆိုဒီယင်ကြာစေ့က ချင်းတန်အတွက်ရော ကိုက်ညီမှုရှိမလား။”

ရှောင်ဒေါင်သည် မြန်မြန်ရှင်းပြလိုက်သည်- “မဟုတ်ဘူး၊ ဒါကရိုးရိုးရှင်းရှင်းမဟုတ်ဘူး။ ဒါတွေက ယင်နဲ့ယန် ကြာပန်းစေ့အစုံလိုက်ဘဲ၊ ယင်ထဲမှာယန်ရှိပြီး ယန်ထဲမှာယင်ရှိတယ်။ အဲဒါကို ချင်းတန်ကိုပေးရင် အဆိပ်ဖြစ်သွားလိမ့်မယ်!”

“ကြည့်လိုက်၊ မင်းခြေထောက်နားက အပင်ကမှ ချင်းတန်လိုအပ်နေတဲ့အရာပဲ။”

လင်းတုန်က အောက်ငုံ့ကြည့်လိုက်သည်နှင့် ငန်းတောင်ပံရှည်လို အနက်ရောင် ဝိညာဉ်ဆေးပင်တစ်မျိုးကို တွေ့လိုက်ရသည်။ အလွန်ကြွယ်ဝတဲ့ အအေးဓာတ် စွမ်းအင်က ပတ်ဝန်းကျင်က ရေကန်မျက်နှာပြင်ကိုတောင် အေးခဲပြီး မြူဆိုင်းနေတဲ့ အခိုးအငွေ့တစ်ထပ်ဖုံးအုပ်သွား စေခဲ့ပြီး အတော်လေး ထူးခြားတဲ့ပုံစံမျိုးဖြစ်သည်။

“ ပြင်းထန် ယင်နဂါးတံတွေး”

လင်းတုန်သည် အံ့အားသင့်သွားသည်။ သူ အရင်က ယင်ယန် ကြာပန်းပွင့် ‌အပေါ်သာ အာရုံရောက်နေပြီး ထိုဝိညာဉ်ရေးရာ ဆေးဘက်ဝင်ပစ္စည်းကို လျစ်လျူရှုခဲ့မိသည်။

ဤနေရာသို့လာရခြင်း၏ ရည်ရွယ်ချက်များထဲမှတစ်ခုမှာ ချင်းတန်အတွက် ပြင်းထန်ယင် နဂါးတံ‌တွေးကို စုဆောင်းရန်ဖြစ်သည်။

အဖြူနှင့်အမဲ ကြာပန်းပွင့်မှလွှဲ၍ ဝူယွမ်က အခြားဝိညာဉ်ဆေးပင် အားလုံးရဲ့ အဆင့်ကို ခွဲခြားနိုင်သည်။

ဒီနေရာတွင် ဝိညာဉ်ဆေးပင်များအနက် အဆင့်အနိမ့်ဆုံးမှာ အဆင့်ခြောက်ဖြစ်ပြီး ဆယ်ခုကျော်လောက်ရှိသည်။

ရေဝိညာဉ်ကြာ၊ ထာဝရကျောက်စိမ်းမြက်ပင် နှင့် ဝိညာဉ်ကျောက်စိမ်းသီး တို့သည်အဆင့်ခုနှစ်ဆေးပင် များဖြစ်ကြသည်။

အဆင့်ရှစ် ဝိညာဉ်ပြုစုပျိုးထောင်ရေး ကြာပွင့်နှစ်ခု

“ဒီ၀ိညာဥ်ဆေးပင်တွေကို အရင်သိမ်းလိုက်ကြရအောင်။ ပြန်ရောက်မှ ဖြည်းဖြည်းချင်းလေ့လာလို့ရတယ်။”

ဝူယွမ်က ယင်ယန်အမွှာ ကြာပန်းပွင့်ကို အရင်သိမ်းလိုက်ပြီး ယင်ယန် ကြာပန်းကို သိမ်းဆည်းရန် သီးသန့် သိုလှောင်အိပ်တစ်လုံးကို အသုံးပြုခဲ့သည်။

သူတို့နှစ်ယောက် ‌ဝိညာဉ်ဆေးပင်များအားလုံးကို သိမ်းစည်းပြီးနောက်တွင်ပင် ရေကန်မျက်နှာပြင်တွင် ဝိညာဉ်ဆေးပင်၏ စွမ်းအင်အရိပ်အယောင်များ ပြင်းထန်စွာကျန်ရှိနေဆဲဖြစ်သည်။

ဝူယွမ်က ဖျက်ဆီးခြင်းရူန်းကို ရေးဆွဲပြီး ထိုအရိပ်အယောင်အားလုံးကို ဖျက်ဆီးခဲ့သည်။

ထို့နောက် သူက ဝိညာဉ်စွမ်းအင်ဖြင့် ကန်အောက်ခြေကို စစစ်ဆေးကြည့်ပြီး ကန်ထဲဆင်းသွားက သိပ်မကြာခင် အဆောင်ရုပ်သေးကြီး တစ်ခုကို ဝူယွမ်မှ ဆွဲထုတ်လာခဲ့သည်။

အရင်အဆောင်ရုပ်သေးများနှင့် မတူဘဲ ဒီတစ်ခုတွင် ခေါင်းက ကြေးနီရောင်ဖြစ်နေသည်။

“အလယ်အလတ်အဆင့် အဆောင်ရုပ်သေး” ရှောင်ဒေါင်သည် အံ့အားသင့်သွားပြီး လင်းတုန်ကိုဆက်သွယ်လိုက်သည်။ ယင်ယန်အမွှာ ကြာပန်းပွင့်၏ စွမ်းအင်ကြောင့် သူပင် ထိုအဆောင်ရုပ်သေးကို သတိမထာမိခဲ့ပေ။

ပြန်လည်မွေးဖွားသူတစ်ယောက်က တကယ်ကို ထူးချွန်တယ်၊ ဘယ်တစ်ခုကမှသူ့မျက်စိအောက်က လွတ်မသွားဘူး... ရှောင်ဒေါင်က ဝူယွမ်ကို ပိုပိုပြီးလေးစားလာခဲ့သည်။

ဝူယွမ်က အဆောင်ရုပ်သေး၏ကိုယ်ပေါ်ရှိ အနည်းငယ်ပြည့်စုံသော ရူန်းများကို ကြည့်ရှုပြီး ပြုံးကာ အဆောင်ရုပ်သေးထဲသို့ ဝိညာဉ် အမှတ်အသားတစ်ခု ထည့်သွင်းလိုက်သည်။

“အခု ငါ့မှာ သဏ္ဍာန်ပြောင့်အဆင့် ကျင့်ကြံသူ လက်ထောက်တစ်ယောက်ရှိနေပြီ”

ဝူယွမ်က ပျော်ရွှင်စွာပြောလိုက်သည်။

ထို့နောက် သူ၏ သိုလှောင်အိပ်ထဲမှ သန့်စင် ယွမ်ဆေးလုံးများစွာကို ထုတ်ယူပြီး အဆောင်ရုပ်သေး၏ကိုယ်ထဲသို့ ထည့်လိုက်သည်။

ပြီးသည်နှင့် အခြားသိုလှောင်အိပ်တစ်ခုမှ ရူန်းများဖြင့်ပြည့်နှက်နေသော အဝါရောင်စက္ကူ နှစ်ခုကို ထုတ်ယူကာ အဆောင်ရုပ်သေး၏နဖူးပေါ်တွင် ကပ်လိုက်သည်။ ထိုအဆောင်နှစ်ခုသည် ဝိညာဉ်စွမ်းအင်စုစည်းရေးရုံးရူန်းနှင့် ဝါးမျိုချင်းရူန်း အဆောင်တို့ဘဲဖြစ်သည်။

ထို့နောက် ဝူယွမ်က ရုပ်သေး၏မျက်ခုံးကို ညွှန်ပြလိုက်ပြီး သဘာ၀ဝိညာဉ်အဆောင်တစ်ခုက သူ၏ နီဝမ်နယ်ပယ်မှ ထွက်လာကာ ချက်ချင်းပင် အဆောင်ရုပ်သေး၏ခေါင်းထဲသို့ ၀င်သွားသည်။

ချက်ချင်းဆိုသလို အဆောင်ပေါ်ရှိ ရူန်းများက လည်ပတ်လာပြီး အဆောင်ရုပ်သေး၏ကိုယ်ပေါ်ရှိ ရူန်းများကလည်း လင်းလက်လာကာ သူ၏ခေါင်းပေါ်တွင် ကောင်းကင်ဘုံနှင့် မြေကြီး ယွမ်စွမ်းအားကို ဆွဲငင်နိုင်သည့် ဝဲကြီးတစ်ခု ဖွဲ့စည်းလိုက်သည်။

လင်းတုန်က ငေးနေမိပြီး ကျောက်လက်ဖွဲ့ထဲက ရှောင်ဒေါင်ကတော့ ဉာဏ်အလင်းပွင့်သွားသည်။ “အရမ်းစွမ်းတယ် ဆရာကြီးက မျှော်လင့်ထားသလိုပဲ၊ အဆောင်ရုပ်သေးကို စွမ်းအင်စုဆောင်းဖို့ သူမလို့ ဒီလိုနည်းလမ်းကို တွေးတောမိတယ်။”

ရှောင်ဒေါင်သည် အံ့အားသင့်၊ အလွန်အမင်းသဘောကျသွားပြီး သူစိတ်ထဲမှ ဝူယွမ်အား သူ၏ဆရာအဖြစ်တောင် တွေးလိုက်မိသည်။

လင်းတုန်က ရှုပ်ထွေးနေပြီး သူနားလည်သလိုလိုနဲ့ တကယ်တော့ သိပ်နားမလည်သလို ခံစားနေရသည်။ “ရှောင်ဒေါင်၊ ဒါကဘာကိုဆိုလိုတာလဲ။”

ရှောင်ဒေါင်- “ဒီအလယ်အလတ်အဆင့် အဆောင်ရုပ်သေးက စွမ်းအင်ကုန်ခါနီးနေပြီ။ အသုံးပြုဖို့ဆိုရင် တစ်ကြိမ် တိုက်ခိုက်ဖို့အတွက်ကို သန့်စင် ယွမ်ဆေးလုံး နှစ်ထောင်လောက် လိုလိမ့်မယ်။ မင်းအစ်ကိုကြီး ခုနကလုပ်ခဲ့တာက သူ့ရဲ့စွမ်းအင်ကို ပြန်ဖြည့်ပေးလိုက်တာ။”

“ကျွန်တော်သိပြီ၊ ဒီပစ္စည်းကို အသုံးပြုဖို့ကအရမ်းစျေးကြီးတာဘဲ။ အစ်ကိုကြီးက ဒီလိုကောင်းတဲ့နည်းလမ်းကို တွေးနိုင်တာကြောင့် သန့်စင် ယွမ်ဆေးလုံးအများကြီးကို ချွေတာနိုင်လိမ့်မယ်”

ဝူယွမ်က ကျေနပ်သွားပြီး တဟားဟား ရယ်မောကာ “ဆက်သွားကြရအောင်”

သူ၏ထိန်းချုပ်မှုအောက်တွင်၊ အဆောင်ရုပ်သေးသည်လည်း လေးလံသောခြေလှမ်းများဖြင့် စတင်ရွေ့လျားလာပြီး သူတို့ရှေ့မှလမ်းကြောင်းပြလေသည်။

ရှေ့သို့သွားသောလမ်းက အန္တရာယ်များလွန်းပြီး အဆောင်ရုပ်သေးများနှင့် အဆက်မပြတ်ကြုံတွေ့ခဲ့ရသော်လည်း အားလုံးကိုဖြေရှင်းနိုင်ခဲ့သည်။ ထိုအဆောင်ရုပ်သေးများက သဏ္ဍာန်ပြောင်းအဆင့် မရောက်သေးသော်လည်း သိပ်မလိုတော့ပေ။ အနည်းဆုံး ယွဲ့ရှန်းအဆင့်မှာရှိသည်။

သို့သော််၊ ရုပ်သေးအားလုံးကို ဝူယွမ်က သူ၏အသစ်ရရှိထားသော အလယ်အလတ်အဆင့် အဆောင်ရုပ်သေးကို ထိန်းချုပ်ကာ တိုက်ခိုက် စုဆောင်းခဲ့သည်။

အချိန်အတော်ကြာလျှောက်လာပြီးနောက် နောက်ဆုံးတွင် သူတို့ အခြားအလယ်အလတ်အဆင့် အဆောင်ရုပ်သေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအဆောင်ရုပ်သေးတွင် ရှေးဟောင်းဂူသင်္ချိုင်းပိုင်ရှင်၏ ဝိညာဉ် အမှတ်အသားတစ်ခုပင် ပါရှိသေးသည်။

ဝူယွမ်သည် သူ၏ကိုယ်ပိုင်အဆောင်ရုပ်သေးကို အတော်ကြာကြာ တိုက်ခိုက်ခိုင်းကာ ပြိုင်ဘက်၏ ကျန်နေသေးသော စွမ်းအင်ကို ကုန်ခမ်းစေခဲ့ပြီး နောက်ဆုံးတွင် ဖျက်ဆီးခြင်းရူန်းကို အသုံးပြု၍ ပိုင်ရှင်၏ ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးခဲ့သည်။

ဝူယွမ်- “ညီလေး ဒီအလယ်အလတ်အဆင့် အဆောင်ရုပ်သေးက မင်းအတွက်ဘဲ။ မင်းရဲ့ဝိညာဉ် အမှတ်အသားကို ထည့်သွင်းလိုက်။”

“အစ်ကိုကြီး၊ ဒါက သဏ္ဍာန်ပြောင်းအဆင့်နဲ့ ယှဉ်နိုင်တဲ့ အဆောင်ရုပ်သေးဘဲ၊အရမ်းတန်ဖိုးကြီးလွန်းတယ်။”

“ဒါမျိုးတွေပြောမနေနဲ့၊ ယူလိုက်။”

“လာပါ၊ ဒီစက္ကူအဆောင်နှစ်ခုကို ဒီပေါ်မှာကပ်လိုက်၊ ပြီးရင် ခုနကငါလုပ်ခဲ့သလိုပဲ မင်းရဲ့သဘာ၀ဝိညာဉ်အဆောင်ကို အသုံးပြုပြီး စွမ်းအင်စုဆောင်းဖို့ လုပ်လိုက်။”

“လင်းတုန်ကောင်လေး၊ ယူလိုက်ပါ။ မင်းအစ်ကိုကြီးလိုမျိုး ဆရာကြီးတစ်ယောက်အတွက် ဒီလိုဟာမျိုးက ရှားတာမဟုတ်ဘူး။ ဒါပေမယ့် မင်းအစ်ကိုကြီးက မင်းကို တကယ်ကောင်းတယ်။ ငါလည်း ဒီလိုအစ်ကိုကြီးမျိုးကို လိုချင်မိတယ်”

ရှောင်ဒေါင်က လင်းတုန်ကို အကြံပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ အားကျမှုအပြည့်နှင့်ပင်။

အရမ်းချစ်စရာကောင်းတဲ့ ညီအကိုတွေဘဲ။

သူတို့က သင်္ချိုင်းဂူအတွင်းထဲထိ ရောက်ရှိလာကြပြီး ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။

လူနှစ်ယောက်နှင့် ကျားနှစ်ကောင်က အလင်းမျက်နှာပြင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် မီးပယ်လယ်ကြီးတစ်ခုကို မြင်လိုက်ကြရသည်။

စူးရှလင်းလက်နေပြီး အလွန်ပူပြင်းတဲ့ မီးလှိုင်းတစ်ခု သူတို့ဆီကို ရောက်လာသည်။ နှစ်ယောက်စလုံး သူတို့ကိုယ်သူတို့ ကာကွယ်ရန် ယွမ်စွမ်းအင်ကို မြန်မြန်ဆန်ဆန်ဘဲ လှည့်ပတ်လိုက်သည်။

သူတို့ရှေ့မှာ မီးပင်လယ်ပြင် ဖြစ်ပေမယ့် မီးပင်လယ်ပြင်ထဲမှာ မီးမရှိသော လမ်းကြောင်းအချို့ ရှိနေသည်။

ဝူယွမ်က စွမ်းအားပြင်းနတ်ဆိုးမျက်စိမှတစ်ဆင့် ချက်ချင်းပင် ထောင်ချောက်ကို မြင်ခဲ့ရသည်။ ထိုမီးမရှိသောလမ်းကြောင်းများသည် အပေါ်ယံအန္တရာယ်ကင်းသော်လည်း တကယ်တော့ ပိုဝေးဝေးသွားလေ မီးလျှံများက ပိုပြင်းထန်လာလေဖြစ်လိမ့်မည်ဖြစ်သည်။

“ဒါက အားပြင်းတဲ့ အစီအရင်ကြီးတစ်ခုဘဲ၊ ညီလေး မင်းနဲ့ပိုင်ယွမ်၊ ရှောင်ယန်တို့ကို ဒီမှာစောင့်နေလိုက် သော့ချက်ကို ငါသွားရှာကြည့်မယ်။”

“ကောင်းပြီ၊ အစ်ကိုကြီး၊ သတိထားပါ။”

ဝူယွမ်သည် မီးပင်လယ်ပြင်ထဲသို့ ခုန်ချလိုက်ပြီး သူက မီးလျှံစွမ်းအင်အပြင်းထန်ဆုံး လမ်းကြောင်းဆီသို့ ဦးတည်သွားခဲ့သည်။

ထိုကြီးမားသော အစီအရင်ကို မီးရူန်းများ ပုံရိပ်ယောင်ရူန်းများနှင့် ဖွဲ့စည်ထားသည်။

ဝူယွမ်က ထိုရူန်းနှစ်မျိုး၏ မူလရူန်းများနှင့် အလွန်ရင်းနှီးသောကြောင့်။ သူက ၎င်းတို့၏လျှို့ဝှက်ချက်များကို အလွယ်တကူမြင်နိုင်ပြီး ကြီးမားသောအစီအရင်၏လည်ပတ်မှုပုံစံကိုပင် ပြောင်းလဲကာ စွမ်းအားကိုပင် မြှင့်တင်နိုင်သည်။

ဝူယွမ်က စမ်းသပ်ကြည့်ပြီးနောက် အစီအရင်၏ အဓိကအချက်ကို တွေ့ရှိခဲ့သည်။ မီးရူန်းများဖြင့်ထွင်းထုထားသော မီးဓာတ်ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်နှင့် ချက်ချင်းဆိုသလို မီးဓာတ်စွမ်းအားက သိသိသာသာ လျော့နည်းသွားခဲ့သည်။

သူသည် သူ၏ရူန်းစုတ်တံကို ထုတ်ယူပြီး မီးဓာတ်ကျောက်တုံးပေါ်ရှိ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရူန်းများကို ပြန်လည်ရေးဆွဲကာ အနည်းငယ်အဆင့်မြှင့်ပေးလိုက်ပြီး ပြန်ထည့်လိုက်သည်။

မီပင်လယ်တစ်ခုလုံးတုန်ခါသွားပြီး ထွက်လာသော မီးလျှံများသည်လည်း ပိုအားကောင်းလာကာ မူလက မီးမရှိသော လမ်းကြောင်းအချို့သို့ပင် ပျံ့နှံ့သွားသည်။

ဝူယွမ်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာပြီး ယုတ်မာသည့်အကြံတစ်ခု တွေးမိသွားသည်။

မီးပင်လယ်ပြင်အဝရှိ လင်းတုန်က သူ့အစ်ကိုကြီး မီးထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားသည်ကို မြင်ပြီး စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ သူ့မှာ စွမ်းအားပြင်းနတ်ဆိုးမျက်စိလည်းရှိပြီး အခြေအနေကို ခွဲခြားနိုင်သော်လည်း မီးလျှံတောက်လောင်နေသော လမ်းကြောင်းကို ရွေးချယ်ရန် မဝံ့မရဲဖြစ်နေသည်။

ရှောင်ဒေါင်- “စိတ်မပူပါနဲ့၊ မင်းအစ်ကိုကြီး ခုနကသွားတဲ့လမ်းက အန္တရာယ်အကင်းဆုံးဘဲ။ အဲဒီမှာ မီးလျှံမရှိဘူး။”

သို့သော် ရှောင်ဒေါင် စကားပြောပြီးသိပ်မကြာမီတွင် မီးလျှံလှိုင်းများ သူတို့ဆီသို့ ဝင်လာလေသည်။

“အမြန်ဆုတ်”

“မီးပင်လယ်ပြင်ရဲ့ မီးလျှံလှိုင်းတွေက ပိုပြင်းလာတယ်”

အရာအားလုံးကို စီစဉ်ပြီးနောက် ဝူယွမ်သည် မီးပင်လယ် အစီအရင်ကြီးကို ဆက်မနှောက်ယှက်တော့ပေ။

သူက အနက်ထဲထိရှေ့ဆက်လျှောက်လာခဲ့ပြီး နောက်ဆုံး မီးပင်လယ်ပြင်ထဲတွင် ကြေးနီတံခါးတစ်ချပ် ရုတ်တရက်ပေါ်လာခဲ့သည်။

ဝူယွမ်က ကြေးနီတံခါးထဲ၀င်လိုက်သည်နှင့် မီးပင်လယ်ပြင်ကြီးက လုံးဝပျောက်ကွယ်သွားကာ တိတ်ဆိတ်သောကျောက်ခန်းမ တစ်ခု သူ၏မျက်စိရှေ့တွင် ပေါ်လာသည်။

【ဒင်း! ရှေးဟောင်းဂူသင်္ချိုင်းသို့ ရောက်ပါပြီ။ ဆိုင်းအင်၀င်လိုပါသလား။】

ရုတ်တရက်၊ ရင်းနှီးသော စနစ်သတိပေးချက်သည် သူ၏စိတ်ထဲ ပေါ်လာလေသည်။

ဝူယွမ်က သူ၏ရင်ဘက်ကို ညင်သာစွာပုတ်ပြီး ပင်မသင်္ချိုင်းခန်းထဲသို့ရောက်မှသာ သက်ပျင်းချနိုင်တော့သည်။

“ဆိုင်းအင်၀င်မယ်”

“ဒင်း! ဆိုင်းအင်၀င်ခြင်းအောင်မြင်ပါတယ် နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဉ်ရရှိပါတယ်”

ဟမ်... နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဥ်လားပါ။

ဝူယွမ်၏မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားသည်။ သူနောက်ဆုံးတော့ ပိုကောင်းတဲ့ ကျင့်စဉ်ကို ဆိုင်းအင်၀င်ရင်းရခဲ့ပီဖြစ်သည်။ သူ့အရင် ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းသည် သူ့ကမ္ဘာတွင် အစွမ်းထက်သော်လည်း ဒီကမ္ဘာမှာတော့ ကန့်သက်ချက်ရှိနေသသည်။

သူက ယွမ်ဒန်အဆင့် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့်ကို ရောက်တော့မည်ဖြစ်ပြီး၊ ထိုအဆင့် မြင့်မြတ်ကောင်းကင်တန်ခိုး ကျင့်စဉ်၏ ကန့်သတ်ချက်ဖြစ်သည်။ ကျင့်စဉ်ကို ပြီးပြည့်စုံတဲ့အထိ ဆက်လေ့လာလို့ရသော်လည်း အခုကျင့်စဉ် အသစ်နှင့် ယှဥ်မရပေ။

နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဉ်ကို ရခြင်းက ချောမွေ့ပြီး ပြီးပြည့်စုံသော အကူးအပြောင်းတစ်ခုဖြစ်သည်။

နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဉ်နည်းစနစ်၏ အချက်အလက်များသည် ရေလျှံသကဲ့သို့ သူ၏စိတ်ထဲ စီးဝင်လာသည်။ အချက်အလက်များက ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းထက် ပိုများပြားပြီး သူ့ကိုပင်ခေါင်းကိုက်စေခဲ့သည်။

ထိုနည်းစနစ်၏ ရှုပ်ထွေးမှုသည် မူလရူန်း လျှို့ဝှက်ချက်၏ အသေးစိတ်အချက်အလက်ထက် မနိမ့်ပေ။

အကြမ်းဖျင်းနားလည်ဖို့ဆို အချိန်တစ်ခုယူရမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အဲ့တာကိုလေ့လာရန် အချိန်မရှိသေးချေ။

သူကခေါင်းကို ရှင်းလင်းအောင်လုပ်လိုက်ပြီးနောက်၊ ဝူယွမ်က ရှေးဟောင်းဂူသင်္ချိုင်းကို ဆက်လက်စူးစမ်းရှာဖွေခဲ့ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ကျောက်ခန်းမထဲတွင် အတားအဆီး အစီအရင်များမရှိသလို၊ ရိုးရှင်းပြီး ဘာမှမရှိသဖြင့် ခန်းမတစ်ခုလုံးဗလာဖြစ်နေသည်ဟုပင်ထင်ရသည်။ ဝူယွမ်၏မျက်လုံးက ကျောက်ခန်းမကို တစ်ချက်လှည့်ပတ် ကြည့်လိုက်ပြီးနောက် ကျောက်ခန်းမ၏အလယ်ကို အာရုံစိုက်လိုက်သည်။ ထိုနေရာတွင် ပွင့်နေသော ကျောက်အခေါင်းတစ်ခုရှိနေပြီး ကျောက်အခေါင်းပေါ်တွင် အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသော အလင်းစုတစ်စု စုဝေးနေသည်။

ထိုအလင်းစုအတွင်းတွင် လင်းလတ်တောက်ပနေသော စိမ်းဖန်ရောင်နှလုံးသားတစ်ခု ညင်သာစွာခုန်နေလေသည်။ ထိုစိမ်းဖန်ရောင်နှလုံးသား ခုန်သွားတိုင်း ခန်းမအတွင်းရှိ ယွမ်စွမ်းအင်များ တုန်ခါသကဲ့သို့ခံစားရသည်။

“ဒါက ဒီခန်းမထဲက တန်ဖိုးအကြီးဆုံး ရတနာပဲ။”

“နိဗ္ဗာန်နှလုံးသား”

ဝူယွမ်က ထိုနှလုံးသားကို ခဏသာကြည့်လိုက်ပြ ကျောက်ခေါင်းဘေးသို့သွားကာ သင်္ချိုင်းပိုင်ရှင်အား ဦးညွှတ်အရိုအသေပေးလိုက်သည်။

“အရှင်၊ ညဉ့်နက်မှ အရှင့်ဆီကိုလာပြီး အနှောက်အယှက်မှုများ ဖြစ်စေမိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ”

သင်္ချိုင်းခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ဘာတုံ့ပြန်သံမှမရှိခဲ့ပေ။

သို့သော် ဝူယွမ်က သင်္ချိုင်းပိုင်ရှင်ပေါ် အပြင်ပန်းရိုသေမှုကို ဆက်လက်ထိန်းသိမ်းထားသည်။

မူရင်းဇာတ်လမ်းကို သိထားသောကြောင့်၊ ဒီနေရာရှိ အကြီးမားဆုံးသောအခွင့်အလမ်းသည် ကွယ်လွန်သူ သင်္ချိုင်းပိုင်ရှင်၏ အကူအညီလိုအပ်သည်ကို သူကောင်းကောင်းသိထားသည်။

“အရှင့်ရဲ့ရှေးဟောင်းဂူသင်္ချိုင်းက ပေါ်လာပြီဖြစ်တဲ့အတွက် အပြင်ဘက်မှာ အတားအဆီးကိုချိုးဖျက်ပြီး အရှင့်ရဲ့သင်္ချိုင်းဂူထဲက ရတနာတွေကို လုယူဖို့အတွက် စောင့်ဆိုင်းနေကြတဲ့ ဝံပုလွေတွေနဲ့ ပြည့်နေပါပြီ။ ဒီနောက်လိုက်ငယ်သားက အားလုံးကိုတိုက်မထုတ်နိုင်သောကြောင့် အရှင့် ရှေးဟောင်းဂူသင်္ချိုင်းကို သန့်ရှင်းရေးလုပ်ပေးဖို့ရာ စောစောရောက်ရှိလာခဲ့တာပါ၊ အဲ့ကနေ အရှင့်ဆီက အကျိုးအမြတ်တွေအများကြီးလည်း ရရှိခဲ့တယ်”

“အရှင်၏ကျေးဇူးတော်ကို ဆပ်ရန်အတွက်၊ ဒီငယ်သားက ဒီနေရာကို ဝင်ရောက်ပြီး အရှင်အနားယူ‌နေတာကို အနှောက်အယှက်ပေးမဲ့သူ မရှိစေဖို့ရာ အာမခံပါတယ်။”

“ဒီငယ်သားက အရှင်ရဲ့ နိဗ္ဗာန်နှလုံးသားကို အခု မယူတော့ပါ။ အရှင်နှင့်အတူ ဒီနေရာမှာဘဲ ထားခဲ့ပေးပါမယ်၊ ဒါပေမဲ့ နောက်ပိုင်း ဒီ‌ငယ်သားက နိဗ္ဗာန်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ရာ မျှော်လင့်ချက်မရှိပါက၊ အရှင့်ဆီကို ထပ်မံလာရောက် အနှောင့်အယှက်ပေးမိနိုင်ပါတယ်၊ အဲ့ကြအရှင် ဗွေမယူပါနဲ့”

ဝူယွမ်က ရင်းရင်းနှီးနှီးပြောဆိုလိုက်ပြီးနောက် ကျောက်အခေါင်းအား နောက်တစ်ကြိမ် ဦးညွှတ်ကာ နိဗ္ဗာန်နှလုံးသားကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခဲ့သည်။

ထို့နောက် သူက သင်္ချိုင်းခန်းထဲမှ လှည့်ထွက်သွားပြီး ကြေးနီတံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

ဝူယွမ် ထွက်ခွာသွားပြီးနောက်၊ ကျောက်အခေါင်းက အနည်းငယ်လှုပ်ရှားသွားပြီး တိတ်ဆိတ်နေသော သင်္ချိုင်းခန်းထဲမှာ အသံတစ်ခု ထွက်ပေါ်လာသည်။

“ဟားဟား၊ စိတ်ဝင်စားစရာကောင်းပြီး နားလည်မှုရှိတဲ့ ကလေးတစ်ယောက်ပါလား။”

...ဝူယွမ်က လင်းတုန်အား သူတို့လာခဲ့သည့်လမ်းအတိုင်း ပြန်ခေါ်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ဝူယွမ်က ဖျက်ဆီးခြင်းရူန်းကို အသုံးပြုပြီး သူတို့ကျန်ရစ်ခဲ့သော ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်လှိုင်း အကြွင်းအကျန်မှုများကို ဖျက်ဆီးခဲ့သည်။

တောင်ထိပ်သို့ပြန်ရောက်ပြီး နန်းတော် အတားအဆီးမှထွက်ခွါလာသောအခါ ကောင်းကင်တစ်ခုလုံး လင်းထိန်နေပီဖြစ်သည်။

ဝူယွမ်နှင့် လင်းတုန်က အခွင့်အရေးတစ်ခုရှာပြီး ပြင်ပစွမ်းအင်အတားအဆီးမှ ခိုးထွက်ကာ စူးစမ်းရှာဖွေသူများထဲသို့ ရောနှောပြီး လမ်းကြောင်းရှာမတွေ့သေးသော အခြားသူများကဲ့သို့ စိတ်ပျက်ဟန်ဆောင်နေခဲ့သည်။

နေမွန်းတည့်။

ဝူယွမ်က လင်းမျိုးနွယ်မှ တစ်ယောက်ကိုတောင်

မမြင်ရသေးပေ။

“အတားအဆီးတစ်ခုလုံးကို ဖျက်စီးမဲ့သူတွေ မရောက်သေးဘူး။ ငါတို့ အရမ်းစောသွားတာပဲ။ နောက်ထပ်တစ်ရက်စောင့်ရမယ်ထင်တယ်။”

ဝူယွမ်က အသက်ပျင်းပျင်း တစ်ချက်ရှိုက်လိုက်ပြီး၊ နှစ်ယောက်စလုံး ကျားနှစ်ကောင်နှင့် ထွက်ခါလာခဲ့သည်။

“သွားကြရအောင်၊ အရင်ဆုံး ငါတို့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ နေရာရှာကြမယ်။”

ရှေးဟောင်းဂူသင်္ချိုင်းနှင့် သိပ်မဝေးသော နေရာတွင် လျှို့ဝှက်ဂူတစ်ခုကို တွေ့ရှိခဲ့ပြီး ပိုင်ယွမ်နှင့် ရှောင်ယန်ကို ရှေ့မှာအစောင့်ထားခဲ့ပြီး ဝူယွမ်တို့နှစ်ယောက် ၀င်သွားကြသည်။

ထို့နောက် သူတို့သည် အဆင့် ခြောက် နှင့် အဆင့် ခုနှစ် ‌ဝိညာဉ်ဆေးပင်များကို ထုတ်ယူပြီး ဆေးလုံးများအဖြစ် သန့်စင်ကာ ချက်ချင်းပင် ကျင့်ကြံခြင်းကို စတင်ခဲ့သည်။

စွမ်းအားပြင်းသော ဆေးအာနိသင်က နှစ်ယောက်လုံး၏ ကျင့်ကြံချင်းကို တစ်ဟုန်ထိုးတိုးတက်စေခဲ့ပြီး ဝူယွမ်နှင့်လင်းတုန်တို့၏ ယွမ်ဒန်စွမ်းအင်များ ပွက်ပွက်ဆူလာကာ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သည်။

ဝူယွမ်က သဏ္ဍာန်ပြောင်းအဆင့်ထိ တွန်းအားပေးနိုင်သော်လည်း၊ သူက အဆင့်များကို အတင်းအကျပ်တိုးမြှင့်ခြင်းမပြုချင်ပေ။ သူက အဆင့်တစ်ခုချင်းစီအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေပြီး သဘာဝအတိုင်းချိုးဖျက်နိုင်တဲ့အထိ စောင့်ဆိုင်းနေသည်။

ထို့အပြင်၊ ဝူယွမ်သည် အခု ကျင့်စဉ်အသစ်တစ်ခု ပြောင်းလဲရန် လိုအပ်နေပြီး အဆင့်တက်ရန် အလျင်စလိုမလုပ်နိုင်သေးပေ။

ဝူယွမ်က သူ၏စိတ်ထဲတွင် နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဉ်နည်းစနစ်ကို စတင်လေ့လာတော့သည်။

ထိုကျင့်စဉ်က အဆုံးစွန် အုပ်စိုးရှင်တစ်ဦးမှ ဖန်တီးခဲ့သော ချီစွမ်းအင်ကျင့်စဥ်တစ်မျိုးဖြစ်ပြီး၊ လူ့ခန္ဓာကိုယ်က မရေမတွက်နိုင်သော အမှုန်များဖြင့် ဖွဲ့စည်းထားသည်။ အကယ်၍ အမှုန်တစ်ခုစီက နတ်ဆင်တစ်ကောင်ရဲ့စွမ်းအားကို ထုတ်နိုင်ပါက၊ ကောင်းကင်ကိုဆုတ်ဖြဲပြီး မြေကြီးကိုချေမှုန်းကာ ကြယ်များကို ‌ကြွေကျစေနိုင်သည်။ ထိုကျင့်စဉ်၏ အထူးခြားဆုံးသောအချက်မှာ အမှုန်များမှတဆင့် အဆုံးမရှိသော လျှို့ဝှက်ချက်များပါရှိသည့် မရေမတွက်နိုင်သော အံ့ဖွယ် နတ်စွမ်းအားများအဖြစ် ပြောင်းလဲနိုင်စွမ်းဖြစ်သည်။

ကျင့်စဉ်အစတွင် “လူ့ခန္ဓာကိုယ်သည် အမှုန် သန်း ၈၄၀ ဖွဲ့စည်းထားသည်” ဟူသော အယူအဆအတိုင်း၊ ခန္ဓာကိုယ်ထဲရှိ အမှုန်များကို ဆင်တစ်ကောင်၏ စွမ်းအင်ရတဲ့အထိ ဖွဲ့စည်းပေးရသည်။ အရေပြားပေါ်တွင် အမြှေးပါးပေါ်လာလျှင် သူက ချီစွမ်းအင် စွမ်းအားအများစုကို သူ၏ကိုယ်ပိုင် အစွမ်းအဖြစ် အသုံးပြုရန်အတွက် စုပ်ယူနိုင်သည်။

လူ့ခန္ဓာကိုယ်ရှိ အမှုန်များ အောင်မြင်စွာ ဖွဲ့စည်းပြီးနောက် ၊ ဆင်ကြီးများမှတစ်ဆင့် နဂါးဆင်အမှုန်များကို ဖွဲ့စည်းနိုင်ပြီး ထို့နောက် မူလဆင်အမှုန်များကို ဖွဲ့စည်းနိုင်သည်၊ နောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးက နတ်ဆင်အမှုန်များဖြင့် ဖွဲ့စည်းထားသည်အထိ ဖြစ်သည်၊ ထိုအဆင့်က ပြီးပြည့်စုံသော အောင်မြင်မှုဖြစ်သည်။

ထိုမိတ်ဆက်ချက်ကိုကြည့်ရုံဖြင့်၊ အရင်ကျင့်စဉ် နည်းစနစ် ပညာရပ် အားလုံးထက်‌ပို‌ကောင်းကြောင်း သိသာသည်။

ဝူယွမ်က ထိုမှော်ဆန်သော နည်းလမ်းကို အံအားသင့်နေခဲ့သည်။

ထို့အပြင်၊ ဝူယွမ်က ထိုနည်းစနစ်က အရာအားလုံးကို ခြုံငုံထားပြီး ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း အခြေခံသည်လည်း ထိုအထဲတွင် ပါကြောင်း တွေ့ရှိခဲ့သည်။

ထိုနည်းစနစ်က သူ၏ ဝိညာဉ်စွမ်းအင် ကျင့်စဉ်ကို အနှောက်ယှက်မဖြစ်စေဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် အကူအညီများပေးနိုင်သည်။

ဝူယွမ်က ကျင့်စဉ်နည်းစနစ်အကြောင်း စဉ်းစားနေစဉ် ရှောင်ယန်နှင့် ပိုင်ယွမ်တို့က နတ်ဆိုးဝိညာဉ်များနှင့် ဆေးလုံးများကို မျိုချကာ ‌အဆင့်ချိုးဖျက်နေကြသည်။

အထူးသဖြင့် ပိုင်ယွမ်ဘဲဖြစ်သည်၊ သူမက အပြင်းထန်ဆုံးဖြစ်ပြီး ဘာပိတ်ဆို့မှုမှမရှိဘဲ ချိုးဖျက်နေသည်။ သူမ၏ သွေးမျိုးဆက်နှင့်၊ သူမ၏ကြီးထွားမှုနှုန်းသည် အလွန်မြင့်မားသည်။ ထိုအစောပိုင်းအဆင့် များသည် သူမအတွက် စွမ်းအင်စုဆောင်းခြင်းသာဖြစ်သည်။

သန့်စင် ယွမ်ဆေးလုံး တစ်သိန်း နှင့် အဆင့် ခြောက် နှင့် အဆင့် ခုနှစ် ဝိညာဉ်ဆေးပင်များစွာကို သန့်စင်ပြီးနောက်၊ သူမက တိုက်ရိုက် သဏ္ဍာန်ပြောင်းအဆင့်ထိ ရောက်သွားခဲ့သည်။

သူမက အခု ဝူယွမ်တို့အဖွဲ့ထဲတွင် အဆင့်အမြင့်ဆုံးဖြစ်သွားသည်။

ရှောင်ယန်သည်လည်း ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် နှင့်ယှဉ်နိုင်ပြီဖြစ်သော်လည်း သူ၏အဆင့်ကို တည်ငြိမ်စေရန် သူမျိုချထားသော နတ်ဆိုးဝိညာဉ်အားလုံးကို သန့်စင်ရန် လိုအပ်နေဆဲဖြစ်သည်။

စွမ်းအားပြင်းထန်သော ကျင့်စဉ်နည်းစနစ်ကို တစ်ညတည်းနှင့် ကျွမ်းကျင်တဲ့အထိ မလေ့လာနိင်ပေ။ ထို့ကြောင့် သူ၏ ယွမ်ဒန်စွမ်းအင်များကို တည်ငြိမ်အောင်လုပ်လိုက်ပြီး နောက်ထပ်အဆင့်ရှစ် ဝိညာဉ်ပြုစုပျိုးထောင်ရေး ကြာပန်းနှစ်ခုကို ထုတ်ယူပြီး လင်းတုန်အား ဆေးလုံးများအဖြစ် သန့်စင်ခိုင်းခဲ့သည်။

ဝိညာဉ်ပြုစုပျိုးထောင်ရေး ကြာပန်းသည် ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းအတွက် ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်တစ်ခုဖြစ်သည်။

ဝိညာဉ်ပြုစုပျိုးထောင်ရေး ကြာပန်းနှစ်ခုကို သန့်စင်ပြီးသောအခါ ဆေးပြားရှစ်လုံးကိုရရှိခဲ့သည်။

ပြီးခဲ့သည့်အကြိမ် ဝိညာဉ်မျှော်စင်တွင် ကျင့်ကြံပြီးကတည်းက ဝူယွမ်နှင့် လင်းတုန်တို့က အဆောင်သခင် အဆင့်သုံးသုဖ့ ရောက်နေပီဖြစ်ကာ ဝူယွမ်က အဆောင်သခင် အဆင့်လေး အဆင့်ဖြင့် နီးကပ်နေပီဖြစ်သည်။

အခု သူတို့က ဝိညာဉ်ပြုစုပျိုးထောင်ရေး ကြာပန်းကို အဆင့်လေး ချိုးဖျက်ရန် အသုံးပြုနိုင်သည်။

နှစ်ယောက်စလုံး ဆေးလုံးများကို မျိုချကာ ဆက်ကျင့်ကြံနေကြသည်။

သဘာ၀ဝိညာဉ်အဆောင်၏ ဝါးမျိုခြင်းစွမ်းအင်ကြောင့် သူတို့သည် ဆေးစွမ်းအင်များကို အလွန်မြန်ဆန်စွာ သန့်စင်နိုင်ခဲ့သည်။

“ဗုံး”

ဝူယွမ်သည် ဝိညာဉ်ပြုစုပျိုးထောင်ရေး ဆေးပြားတစ်လုံးကို မျိုချပြီးသည်နှင့် စတုတ္ထမြောက် သဘာ၀ဝိညာဉ်အဆောင်ကို စုစည်းနိုင်ခဲ့ကာ၊ အဆင့်လေး အဆောင်သခင် ဖြစ်လာခဲ့သည်။

လင်းတုန်၏ ဝိညာဉ်စွမ်းအင်စုဆောင်းမှုက ဝူယွမ်ထက် အနည်းငယ်အားနည်းနေသောကြောင့် ဝိညာဉ်ပြုစုပျိုးထောင်ရေး ဆေးပြားနှစ်လုံးကို မျိုချပြီးနောက်မှသာ အဆင့်လေး အဆောင်သခင် ဖြစ်လာခဲ့သည်။

အဆင့်ချိုးဖျက်ပြီးနောက်၊ လင်းတုန်က ဝူယွမ်ကို “ဆေးလုံး ငါးလုံးကျန်သေးတယ်၊ အစ်ကိုကြီး။ ဒါတွေကို မင်းသုံးသင့်တယ်။ အဆောင်သခင် အဆင့်ငါး အဆင့်ထိတက်နိုင်ဖို့ အကိုကြီးလုပ်ကြည့်သင့်တယ်”

ဝူယွမ် ခဏလောက်လေးစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ-

“ကောင်းပြီ၊ဒီတော့ ငါ ယဉ်ကျေးမနေတော့ဘူး”

စွမ်းအားကြီးမားသောမိသားစုလေးစုမှ သူများနှင့် ဒုက္ခပေးလေ့ရှိသော နတ်ဘုရားမလေး လင်းချင်းကျူးတို့နှင့် ရင်ဆိုင်ရမည့်အရေးကို ဝူယွမ်တွေးလိုက်မိပြီး၊ သူတို့ အားလုံးကို ဖိနှိပ်ရန် စွမ်းအားလိုအပ်သည်။

ဝူယွမ်က ဝိညာဉ်စွမ်းအင်ကို ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအင်ကြိတ်ဆုံ ဖြင့် ထပ်ခါတလဲလဲ သန့်စင်နိုင်ပြီး၊ ဝိညာဉ်စွမ်းအင်ရုတ်တရက်တိုးပွားလာမှုကြောင့် အဆင့်မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်စရာမလိုပါ။

သူက ဝိညာဉ်ပြုစုပျိုးထောင်ရေး ဆေးလုံးများကို ဆက်လက်မျိုချပြီး ကျင့်ကြံနေသည်။

ဝူယွမ်က နောက်ဆုံး ဆေးလုံးကိုမျိုချလိုက်ပြီး အဆောင်သခင် အဆင့်ငါး အဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သည်။

ထိုအချိန်တွင်၊ ဝူယွမ်သည် သူတစ်ခါမှ မကြုံ‌ဖူးသော စွမ်းအားကို ခံစားနေရသည်။

လူနှစ်ယောက်နှင့် ကျားနှစ်ကောင်က ဂူထဲတွင် တစ်ည အနားယူခဲ့သည်။

နောက်တစ်နေ့၊

ရှေးဟောင်းဂူသင်္ချိုင်းတောင်ခြေရှိ လူအုပ်ကြီးက ပိုမိုကြီးမားလာခဲ့သည်။

“အစ်ကိုကြီး၊ ငါတို့ ဒီမှာ အခွင့်အလမ်းအားလုံးကို ယူပြီးပြီ၊ ဘာလို့ ဆက်နေနေတာလဲ။”လင်းတုန်က အံ့သြသွားပြီးမေးလိုက်သည်။

“ပစ္စည်းတွေယူပြီးရင် အမြန်ပြေးသင့်တယ်မလား” လင်းတုန် စိတ်ရှုပ်သွားသည်။

“တကယ်တော့ ငါမထွက်သေးတာ လူတွေကို ရင်ဆိုင်ဖို့ပါ။”

ဝူယွမ်က မတွန့်မဆုတ်ဘဲ ပြောသည်။

“လူတွေကို ရင်ဆိုင်မယ်။ ဘယ်သူ့ကို ရင်ဆိုင်မှာလဲ။” လင်းတုန်က ပိုပြီးရှုပ်ထွေးသွားတယ်။

“တကယ်တော့ နားမလည်တဲ့လူတွေကို ရင်ဆိုင်ဖို့ဘဲ”

ဝူယွမ်က အားရပါးရ ရယ်မောလိုက်သည်။

“ဟားဟား၊ စတာပါ၊ သူတို့နဲ့လိုက်သွားပြီး ရှေးဟောင်းဂူသင်္ချိုင်း ဗလာဖြစ်နေတာကိုတွေ့ရင် သူတို့ရဲ့ ဖြစ်သွားတဲ့တုံ့ပြန်ပုံကို ကြည့်ချင်လို့ပါ မင်းရောမကြည့်ချင်ဘူးလား” သူက တောင်ခြေရှိ စခန်းချထားသော လူအုပ်ကို ညွှန်ပြလိုက်သည်။

စိတ်ပညာ စစ်ဆေးချက်အရ လူသတ်သမားက သူ၏လက်ရာကို ချီးကျူးရန် မှုခင်းဖြစ်ရာနေရာသို့ အမြဲပြန်လာတတ်သည်ဟု ဆိုကြသည်။

ဝူယွမ်က သဘာဝအားဖြင့် ထိုစိတ်မျိုးရှိသည်။

လင်းတုန်သည်လည်း ခြွင်းချက်မဟုတ်ပေ။

ဝူယွမ်ပြောသောအခါ၊ သူသည်လည်း စိတ်ဝင်စားလာခဲ့သည်၊ သူက စိတ်ထဲမှလည်းတွေးလိုက်မိသည်... “အကိုကြီးက အတော်ဆိုးတာဘဲ”

ရှောင်ဒေါင်သည်လည်း စိတ်ထဲတွင် တွေး နေမိသည်... “ဆရာကြီးကလည်း ငါတို့လို ထူးဆန်းတဲ့ဝါသနာတွေ ရှ်တာဘဲ”

ဒါပေမဲ့ ဝူယွမ် နေခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဒီစိတ်ခံစားမှုလေး တစ်ခုအတွက် မဟုတ်ပေ။

အဓိကအကြောင်းရင်းမှာ သူအလိုချင်ဆုံး အရာတစ်ခုရှိနေသေးသောကြောင့်ဖြစ်သည်။

“သွားကြရအောင်၊ လူအုပ်ထဲက ရောနှောသွားကြမယ်။ ဒီနေရာရောက်နေပြီးမှ ရုတ်တရက်ထွက်သွားရင် အခြားသူတွေ သံသယ၀င်ကုန်လိမ့်မယ်”

“ပြီးတော့ ငါအခုထိ နိဗ္ဗာန်နှလုံးသာကိုမရသေးဘူး၊ မနေ့ညက ပင်မသင်္ချိုင်းခန်းမှာ ချိုးဖျက်ဖို့ နောက်ထပ်အဆင့်တစ်ခုရှိသေးတယ်။ အဲဒါက အခြားစွမ်းအားကြီးမားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်။”

ဝူယွမ်က လေးလေးနက်နက် ရှင်းပြလိုက်ပြီး နှစ်ယောက်စလုံး လူအုပ်ထဲသို့ ရောနှောပေါင်းစည်းသွားကြသည်။

ဝူယွမ်သည် လင်းတုန်ထံသို့ စိတ်စွမ်းအင်ဖြင့် ဆက်သွယ်ကာ သတိပေးလိုက်သည်- “မှတ်ထားပါ၊ အတားအဆီးပွင့်တာနဲ့ ငါတို့ပထမဆုံးအကြိမ်သွားဖူးသလို လုပ်ရမယ်၊ အခြားသူတွေလုပ်သလို ငါတို့လုပ်ရမယ်၊ အခြားသူတွေက ဒီရှေးဟောင်းဂူသင်္ချိုင်းပိုင်ရှင်ကို ကျိန်ဆဲရင်၊ ငါတို့လည်း သူတို့နဲ့အတူ ကျိန်ဆဲရမယ်၊ နားလည်လား။ ပြီးတော့ အတွင်းအနက်ထဲထိမ၀င်နဲ့ ပိုင်ယွမ်နဲ့ရှောင်ယန်ကို ခေါ်ပြီး ပြင်ပလမ်းကြောင်းတွေမှာဘဲ နေ၊ အခြားသူတွေမင်းတို့ကို မြင်‌‌နေရင်ရပီ”

သူက အရာအားလုံးကို စီစဉ်ထားသော်လည်း၊ လင်းတုန်က ကံကြမ္မာသားတော်ဖြစ်သောကြောင့် အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။

သူကဘောင်းဘီချွတ်ရန် လုပ်နေပြီးမှ လင်းတုန်က သူ၏အစီအစဥ်ကိုဖြတ်ရန် လာပါက၊ ထိုအရာက အရမ်း စိတ်ပျက်စရာအရမ်းကောင်းလိမ့်မည်။

“ကောင်းပြီ၊ အစ်ကိုကြီး” လင်းတုန်ကလည်း သဘောတူခဲ့သည်။ တောင်ခြေရှိ လူအုပ်များသည် တဲများကို စသိမ်းနေကြပြီး ဒီနေ့ အတားအဆီးကို ချိုးဖျက်မဲ့သူတွေ လာမည်ဖြစ်ကြောင်း နေရာတကာတွင် ဆွေးနွေးနေကြသည်။

ဝူယွမ်က လင်းမျိုးနွယ်မှ အကြီးအကဲထောင်နှင့် အခြားသူများကို မြင်ခဲ့ရပြီး ကောင်းကင်ဓားကျောင်းတော်မှ ချန်ရှုနှင့် အခြားသူများကိုလည်း မြင်သော်လည်း ထိုအုပ်စုကို အာရုံမစိုက်ခဲ့ပေ။

သူသည် လင်းခဲ့အာကိုသာ ခေါင်းညိတ်ပြခဲ့သည်။

လူတိုင်းမျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းရင်း၊ အချိန်များ တဖြည်းဖြည်းချင်းကုန်လွန်လာခဲ့သည်။ နေက ကောင်းကင်ယံ၏ အလယ်ဗဟိုသို့ ရောက်ရှိချိန်တွင်၊ ကောင်းကင်မှ လေပြင်းတိုက်ခတ်သံများ မိုးကြိုးချိန်းသံများ ရုတ်တရက် မြည်ဟီးလာခဲ့သည်။

“သူတို့ရောက်လာပြီ”

All Chapters