← Chapters

ပြဿနာရဲ့ သော့ချက်ကို ရှာတတ်အောင် သင်ယူရမယ်

Vol. 15 Ch. 147

ပြဿနာရဲ့ သော့ချက်ကို ရှာတတ်အောင် သင်ယူရမယ်

Vol. 15 Ch. 147

သူ ထိုလူမိုက်ကို မတော်တဆ သတ်မိကြောင်း အတည်ပြုပြီးနောက် [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည် ဘောင်းဘီထဲ ကျင်ငယ်ထွက်ကျလုနီးပါး ကြောက်လန့်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူ့ မိဘများက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေကြ၏။

သူတို့တွေ ချက်ချင်းပဲ လူကို ကယ်လို့ကယ်နိုင်ငြား လူနာတင်ယာဉ် ခေါ်လိုက်ကြသည်။

အခြားတစ်ဖက်တွင်တော့ [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ မိခင်က သူ့ကို အိမ်သို့ ခေါ်ဆောင်သွားပြီး ဤကိစ္စ ဖြေရှင်းပြီးတဲ့အထိ စောင့်နေပေးဖို့ ပြော၏။

ထိုညတွင် ။

သာမန်အရပ်ဝတ်နှင့် ရာဇဝတ်မှုနှိမ်နင်းရေး အရာရှိ နှစ်ဦးက သူတို့ အိမ်တံခါးပေါက်ဝသို့ ရောက်လာပြီး [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]ကို မေးခွန်းများ မေးမြန်းသည်။

“ သူတို့ ပြောတဲ့ အတိုင်းဆိုရင် ငါက အသက် မပြည့်သေးလို့ ရဲစခန်းကိုသွားပြီး ဖြောင့်ချက် ပေးစရာ မလိုဘူး …”

“ နောက်ဆက်တွဲ ကိစ္စရပ်တွေကိုတော့ ငါ့ မိဘတွေကပဲ တာဝန်ယူရတယ် …”

“ နောက်ပိုင်း … ငါ့အမေ ပြောပြတာကတော့ ငါက အသက်မပြည့်သေးတဲ့ ကျောင်းသား တစ်ယောက် ဖြစ်နေတာရယ် ၊ တစ်ဖက်လူက ငါ့ကို အရင်ဦးဆုံး ဓားပြတိုက်ခဲ့တာကြောင့် ငါ လုပ်ခဲ့တဲ့ အရာက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရာ မြောက်တယ် … ပြီးတော့ ဥပဒေရဲ့ အပြစ်ပေးမှုကိုလည်း ခံယူဖို့မလိုဘူး …”

“ ဒါပေမယ့် သေသွားတဲ့လူရဲ့ မိသားစုကိုတော့ လျော်ကြေးငွေတွေ အများကြီး ပေးရတယ် …”

“ အတိအကျ ဘယ်လောက်လဲတော့ ငါလည်း သေချာမမှတ်မိတော့ဘူး … ဒါပေမယ့် ယွမ် သန်းဂဏန်းတော့ ချီတယ် …”

ထိုစဉ်အချိန်က ဖြစ်ရပ်ကို ပြန်ပြောင်းပြောပြနေရင်း [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည် သူ့ကိုယ်သူ ပြင်းထန်စွာ ဖြတ်ရိုက်ချင်နေမိတော့သည်။

သူသည် အရာရာကို ပေါ့ပြက်ပြက်နှင့် သဘောထားတတ်ပြီး ဘေးနားဝန်းကျင်ရှိ လူများကို အမြဲတစေ နာကျင်စေခဲ့သည်။

ပေးချေရမည့် လျော်ကြေးငွေ ပမာဏကို အတည်ပြု သတ်မှတ်ပြီးနောက် သူ့မိဘများလည်း သူတို့ မောင်းသည့် ကားများ၊ နေထိုင်သည့် အိမ်အကြီးကြီးနှင့် စီးပွားရေး လုပ်ငန်းကိုလည်း တစ်ပါးသူထံ ရောင်းချလိုက်ရသည်။

ဆွေမျိုးများထံမှ ငွေကြေးအမြောက်အများကို လိုက်လံ ချေးယူပြီးမှသာ လျော်ကြေးငွေ အပြည့်အဝကို စုဆောင်းခဲ့မိလေသည်။

“ ငါ့ရဲ့ တဒင်္ဂ သွေးပူ ရူးမိုက်မှုကြောင့် ငါ့မိဘတွေ ပိုင်ဆိုင်တဲ့ အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ် …”

“ ဒီတစ်ခေါက်တော့ သူတို့ငါ့ကို အပြစ်မပေးကြဘူး … အဲ့ဒီအစား ငါ့ကို ပျော်ပျော်နေဖို့ပဲ တိုက်တွန်းတယ် …”

“ ငါ အဆင်ပြေနေသေးသရွေ့ အိမ်မရှိတော့လည်း တန်တယ်တဲ့လေ …”

“ အဲ့နေ့ကစပြီး ငါ့ကိုယ်ငါ ပြောင်းလဲမယ်လို့ ကျိန်ဆိုခဲ့တယ် ..”

“ ငါ စာကြိုးစားတယ် … တက္ကသိုလ် တက်ပြီး အလုပ်ကောင်းကောင်းရှာတယ် … ငါ့မိသားစုရဲ့ အကြွေးတွေကို ဆပ်တယ် …”

ချန်ယွီ့ လိုင်းတက်လာသည်ကို စောင့်ဆိုင်းနေသည့် နှစ်ရက်အတွင်း [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည် စာများ ကြိုတင်လုပ်ထား၏။

အကယ်၍ သူသာ ချန်ယွီ့၏ အကူအညီကို ရယူလိုပါက သူ့စိတ်ထဲ ဖြစ်ပွားနေသည့် စကားမှန်များကို ပြောဆိုရမည်ဖြစ်ကြောင်း နားလည်လေသည်။

မည်သည့်အရာကိုမျှ ဖုံးကွယ်ထား၍ မရပေ။

ယခင် ခေါ်ဆိုလာသူ တော်တော်များများ သူတို့၏ နောက်ခံ ဖော်ထုတ်ခံခဲ့ရသည်က ချန်ယွီ့နှင့် ယှဉ်ပြိုင်ပြီး ဉာဏ်များချင်ကြသောကြောင့်ပင်။

တစ်ချို့မှာ လူရှေ့သူရှေ့တွင် အကြီးအကျယ် အရှက်ကွဲခဲ့ရလေသည်။

ထို့ကြောင့် [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က အရာရာတိုင်းကို ရိုးရိုးသားသား ဖွင့်ဟ ဝန်ခံခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ပထမတစ်ကြိမ် ကျတော့ သူ နောက်တစ်ကြိမ် ထပ်ကြိုးစားသည်။

နောက်ဆုံး ကောင်းမွန်သည့် ဒေသတွင်း တက္ကသိုလ်တစ်ခုထံ တက်ရောက်နိုင်ခဲ့လေသည်။

ကောင်းမွန်သည့် အလုပ်တစ်ခု ရှာဖွေ၍ သူ့မိဘများ၏ အကြွေးကို ကူဆပ်နိုင်ခဲ့သည်။

သို့သော် ယခု … အဆိုပါ ကောင်းမွန်သည့် အလုပ်အကိုင်ကပဲ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လို့နေသည်။

ကုမ္ပဏီ သွားရသည့် နေ့ရက်တိုင်းက သူ့အတွက် တစ်နှစ်တာကာလကို ဖြတ်သန်းရသည့်သဖွယ် ရှည်ကြာလွန်းလှသည်။

“ ဒေါက်တာချန် … ငါ အခု တကယ်ပဲ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က သူ့တွင် ရှိသည့် အားသာချက်တစ်ခုဖြစ်သည့် ငယ်ရွယ်မှုကို အခွင့်ကောင်းယူကာ ကုမ္ပဏီက ထွက်ချင်သည်။

သို့သော်လည်းပဲ သူ့မိဘများနှင့် ဆွေမျိုးများထံ တင်နေသည့် အကြွေးများအကြောင်း တွေးမိတော့ သူ့မှာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရပြီး မထွက်ခွာနိုင်ဘဲ ဖြစ်နေမိတော့သည်။

အကယ်၍ သူသာ ဤအတိုင်း ဆက်လုပ်နေမည်ဆိုပါက တဖြည်းဖြည်းချင်း စိတ်ကျရောဂါ ရလာနိုင်သည်။

ယခုပင် အနည်းငယ် စိတ်ကျရောဂါ ဖြစ်ချင်သလို ခံစားနေရ၏။

“ ဒီမေးခွန်းက ခက်ခဲလွန်းတယ် … ငါလည်း ဘယ်လို ဖြေရမလဲ မသိဘူး … သူ့ အခြေအနေက တကယ့်ကို မတိုးသာ မဆုတ်သာ အခြေအနေဟ …”

“ တစ်ဖက်မှာက သူ့ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု … တစ်ဖက်မှာကျတော့ သူ့ မိသားစု …၊ ဒေါက်တာချန်တောင် ဒီ ကိစ္စကို ဖြေရှင်းပေးနိုင်မယ် မထင်ဘူး …”

“ သူက သူ့မိဘတွေရဲ့ မျက်လုံးထဲမှာ ဂုဏ်ယူစရာဆိုပေမယ့် အပြင်က လူတွေရဲ့ အများအမြင်မှာ ဒီပုတ်ထဲက ဒီပဲပါပဲ …”

“ ဒီနေ့ခေတ် လူတော်တော်များများက ဖိအားတွေအောက်မှာ အလုပ်လုပ်နေရတယ် … ကိုယ်က တောင့်ခံနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပဲ … အနည်းဆုံးတော့ ဒေသတွင်းမှာဆိုရင် ကိုယ်က မိဘတွေကို အချိန်မရွေး သွားကြည့်ပေးလို့ ရတယ်လေ …”

“ လူတစ်ချို့က ဒီကို အပျော်လာကြည့်နေကြတဲ့အချိန် လူတစ်ချို့ကတော့ သူတို့ကိုယ်သူတို့ မှန်ထဲ ပြန်မြင်နေရသလိုပဲ …”

“ ငါသာဆိုရင်လည်း သူ့လို ဖြစ်မိမှာပဲ … စိုးရိမ်စိတ်ဖိစီးရလွန်းလို့ ကိုယ့်ကိုယ်ကိုတောင် သတ်သေမိလောက်တယ် …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ ပြန်ပြောင်းပြောပြမှုကို နားထောင်ပြီးနောက် ကြည့်ရှုသူများမှာ စိတ်ခံစားချက်တို့ စို့နင့်နေမိကြသည်။

အကယ်၍ သူတို့ဆိုပါကလည်း သူ့လိုပဲ တွေဝေနေမိမှာ ဖြစ်၏။

ကြည့်ရှုသူ တော်တော်များများက [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ မိဘများသည် အကြွေးများကို ဆပ်ရင်း တစ်ချိန်တည်းတွင် သူ့ကို တက္ကသိုလ် ထားပေးခဲ့ကြသည်။ သူတို့အတွက်လည်း ဖိအားက ပြောမပြနိုင်လောက်အောင်ကိုပင်။

သူ့မိဘများက သူ့အတွက် ဒီလောက်ထိ စွန့်လွှတ်အနစ်နာခံပေးခဲ့ရာ [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည်လည်း မတောင့်ခံနိုင်၍ သာမန်လျှံကာ ထွက်သွားဖို့က အဆင်မပြေပေ။

မိဘအပေါ် တာဝန် မကျေပွန်သူဟု မပြောဆိုနိုင်သော်ငြားလည်း ၎င်းတို့ကို စိတ်မကောင်းဖြစ်စေမှာတော့ အမှန်ပင်။

“ တကယ်တော့ မင်းရဲ့ မေးခွန်းတွေ အကုန်လုံးက အချက်တစ်ခုတည်းအပေါ်မှာ စုပြုံနေတာ ..”

“ အဲ့တာကတော့ မင်းရဲ့ အလုပ်ပတ်ဝန်းကျင် …”

“ မင်း အပြင်ထွက်ပြီး လောကကြီးထဲ စူးစမ်းရှာဖွေကြည့်ဖို့ မလိုဘူး …” ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ မင်းက ဒီတိုင်း အဲ့ဒီ ကုမ္ပဏီမှာ အလုပ်လုပ်ရတာကို မပျော်ရွှင်ရုံလေးတင်ပဲ …”

“ နေ့တိုင်းနေ့ ရုံးတက်ရတာကို တစ်နှစ်တာလို ခံစားရတယ် .. ပြီးတော့ လူကလည်း ရှင်လျက်နဲ့ သေနေသလိုပဲ …”

“ မင်း ကုမ္ပဏီပြောင်းပြီး ပတ်ဝန်းကျင် အသစ်ကို ဖန်တီးဖို့ စဉ်းစားမိတယ် … ဒါပေမယ့် မင်းမိဘတွေက မင်းရဲ့ အကြံကို လုံးဝ လုံးဝ ကန့်ကွက်ကြတယ် …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က ခေါင်းညိတ်ပြီး ခွန်းတုံ့ပြန်လိုက်၏။ “ မင်းပြောတာ မှန်တယ် ဒေါက်တာချန် … အဓိကက အဲ့တာပဲ…”

“ မင်းပြောသလိုပဲ ငါ အလုပ်အသစ်လုပ်ဖို့ ကိုယ့်ရဲ့ မွေးရပ်မြေကနေ ထွက်သွားစရာ မလိုဘူး …”

“ ငါက ဒီတိုင်း အလုပ်ပတ်ဝန်းကျင် အသစ်ကို ရှာဖွေချင်ရုံလေးတင်ပဲ ... အဲ့လိုမှပဲ စိတ်ဓာတ်ကျစရာတွေ မဖြစ်မှာ….”

“ ဒါပေမယ့် ငါ့မိဘတွေကို ဘယ်လောက်ပဲ တောင်းပန် တောင်းပန် … သူတို့ သဘောတူကြမှာ မဟုတ်ဘူး …”

“ ငါ့လုပ်ဖော်ကိုင်ဖက်က ကုမ္ပဏီကနေ ထွက်ပြီး သူနဲ့အတူ လောကကြီးထဲ စူးစမ်းဖို့ ဖိတ်ခေါ်တယ် … ငါလည်း ဆွဲဆောင်ခံလိုက်ရတယ် … အကြောင်းအရင်းကတော့ ငါ အလုပ်ပတ်ဝန်းကျင် အသစ်ကို ပြောင်းလဲချင်လို့ပဲ …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က သက်ပြင်းချလျက် ပြောသည်။

တကယ်တော့ သူသာ ပျော်ပျော်ရွှင်ရွှင်နှင့် အလုပ်လုပ်နိုင်မည်ဆိုပါက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အလုပ်လုပ်လိုသည်။

အကြောင်းအရင်းမဲ့ ဖယ်ကြဉ်ခြင်း မခံရသ၍ အရာအားလုံး အဆင်ပြေသည်။

“ မင်းရဲ့ ရောဂါ အရင်းအမြစ်ကို ငါနားလည်သွားပြီ… ပြီးတော့ မင်းပြောပြတာတွေကနေတစ်ဆင့် မင်းတောင်းဆိုချင်တာကိုလည်း နားလည်သွားပြီ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောဆိုလိုက်ပြီး “ တကယ်တော့ မင်းရဲ့ လက်ရှိ ပြဿနာကို ဖြေရှင်းဖို့က မခက်ဘူး …”

“ မင်းကုမ္ပဏီ အထက်လူကြီးရဲ့ သဘောထား ပြောင်းလဲသွားခဲ့မယ်ဆိုရင် မင်းဆက်ပြီး အလုပ်လုပ်နိုင်မယ်မလား …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က နှုတ်ခမ်းကိုက်လျက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ သူတို့ငါ့အပေါ် ကောင်းပေးဖို့ကို မမျှော်လင့်ပါဘူး .. ငါ့ကို အကြောင်းအရင်းမဲ့ ဆူငေါက်တာတွေ မလုပ်ရင်ကို အဆင်ပြေပါပြီ …”

“ နေ့တိုင်းနေ့ အချိန်ပိုဆင်းရပြီး နားချိန်မရှိရင်တောင် ငါ ဆက်ပြီး အလုပ်လုပ်လိုတဲ့ ဆန္ဒရှိတယ် …”

“ ဒါပေမယ့် အဲ့ဒါက ဖြစ်မှ မဖြစ်နိုင်တာ …”

သုံးနှစ်လုံးလုံး [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည် သူ့ အထက်လူကြီး၏ အမြင်သဘောထားကို ပြောင်းလဲနိုင်ရန်အတွက် အရာမျိုးစုံကို ကြိုးစားကြည့်ခဲ့ဖူးသည်။

နေ့တိုင်းနေ့ ရုံးကို အရင်ဦးစွာ ရောက်လာပြီး နောက်ဆုံးမှ ရုံးဆင်းသည်။

ဌာနတွင် တစ်ခုခု ဖြစ်လာသည်နှင့် သူကပဲ အရင်ဦးစွာ ကိုင်တွယ် ဖြေရှင်း၏။

သူ့ အသင်း၏ သူ့အပေါ် မကောင်းသည့် အမြင်သဘောထားကို သူ၏ ကြိုးစားမှုနှင့်အတူ ပြောင်းပြချင်သည်။

နည်းလမ်းမျိုးစုံကို ကြိုးစားကြည့်ခဲ့ပါသော်လည်း အရာအားလုံးက အချည်းနှီးပင်။ မည်သည့်တစ်ခုကမျှ အသုံးမဝင်ပေ။

သူ၏ အလုပ်ကြိုးပမ်းမှုဖြင့် သံမဏိသစ်ပင်သည်သာ အရွက်တွေ ဝေဆာလာပြီး အသီးတို့ ပွင့်လျှင်ပွင့်လာလိမ့်မည်။ သို့သော် သူ့ အထက်လူကြီး၏ မျက်နှာကတော့ ပို၍ပင် မည်းပုပ်လာခဲ့၏။

“ သုံးနှစ်တောင် ရှိနေပြီ ဒေါက်တာချန် … ငါ ဒီသုံးနှစ်ထဲ ဘယ်လိုတွေ အသက်ရှင်ခဲ့ရလဲ မင်းသိလား …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က ကွဲအက်သည့် အသံဖြင့် ပြောလိုက်ပြီး “ နေ့တိုင်းနေ့ အလုပ်သွားနေရတာက တိုက်ပွဲ စစ်မြေပြင်ကို သွားရတာထက်တောင် ဆိုးရွားသေးတယ် …”

“ ငါ ကုမ္ပဏီမှာ ဘယ်လိုခက်ခဲမှုတွေနဲ့ပဲ ကြုံရကြုံရ ၊ ငါ့မိဘတွေက ငါ့ကို ဘယ်တော့မှ နားလည်မပေးဘူး …”

“ ဒါနဲ့ ငါလည်း ဘာမှ မပြောချင်တော့ဘူး …”

ထိုနေရာအရောက်၌ [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။

“ ဒေါက်တာချန် … ငါ အခုလေးတင်ပဲ တွေးမိတယ် …”

“ ယုတ္တိကျကျ ပြောကြေးဆိုရင် ငါ့အထက်ခေါင်းဆောင်တိုင်းကို စိတ်ကျေနပ်အောင်လို့ သုံးနှစ်ကျော်ကြိုးစားခဲ့တာကို သူတို့တွေ မနှစ်သက်ဘူးဆိုရင်တောင် အားလုံးက ဒီလိုမျိုး ပုံစံသဘောထားချည်း လုပ်ပြနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးမလား …”

“ အနည်းဆုံးတော့ တစ်ယောက်နှစ်ယောက်လောက်က ငါ့ကို ပြုံးပြပြီး ကောင်းမွန်တဲ့ စကား‌လေး နည်းနည်းပါးပါးတော့ ပြောပေးသင့်တယ်‌လေ …”

“ ငါ့ကံကြမ္မာကိုက ပြဿနာ ရှိနေတာများလား …”

“ ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ငါ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာများလား …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်သည့် အပြုံးမျိုး ပြုံးလိုက်သည်။

“ ငါက ဘာအာဏာ၊ ဘာလွှမ်းမိုးမှုမှမရှိတဲ့ ဒီတိုင်း အဆင့်နိမ့် အလုပ်သမားတစ်ယောက်ပဲလေ … ဘယ်သူ့ကိုမှလည်း မစော်ကားခဲ့မိတာကို ငါ့ကို ပစ်မှတ်ထားနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

“ ငါ့ ကံတရားကိုက တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်မှာပါ …”

ညင်သာစွာ ပြုံးလျက် ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။ “ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်က သူတို့ဆီမှာ ဖြစ်နေတဲ့ ပြဿနာတိုင်းရဲ့ သော့ချက်ကို ရှာတတ်ဖို့ သင်ယူတတ်ရတယ် … မင်း အောင်မြင်သွားပြီ … ပြီးတော့ မင်းပြဿနာရဲ့ အကြောင်းအရင်းကိုလည်း ရှာတွေ့သွားပြီ …”

All Chapters