နတ်သမီးများကိုတောင် မှေးမှိန်စေနိုင်တဲ့အလှ
Vol. 8 Ch. 74
မိသားစုကြီးလေးခုရဲ့ လူငယ်မျိုးဆက်ထဲမှ အဓိကလူများဖြစ်ကြသည့် တကယ့် စွမ်းအားကြီးသူတွေ၊ အတားအဆီးကို ချိုးဖျက်နိုင်တဲ့ ဆရာကြီးတွေရောက်လာပြီဖြစ်သည်။
ပထမဆုံးပေါ်လာသူမှာ လင်းမိသားစုမှ လင်းလန်တျန်း ဖြစ်ပြီး သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်သည်။
သူက ကြီးကျယ်ခမ်းနားသော ဧရာမလင်းယုန်ကြီးကို စီးလာပြီး ထိုလင်းယုန်ကြီးသည် တစ်ကိုယ်လူံအနီရောင်ရှိပြီး အလွန်ကြံ့ခိုင်ကာ မယုံနိုင်လောက်အောင် မြန်ဆန်စွာဖြင့် လေထုကို ဖြတ်သွားသည့် အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
သူက အဝေးမှပျံသန်းလာပြီး အတားအဆီးရှေ့မှာ ရပ်နေခဲ့သည်။ လင်းလန်တျန်းက အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ကို နောက်ကျောတွင် ချိတ်ထားကာ လေညင်းအနည်းငယ်တိုက်ခတ်နေပြီး သူ၏ရှည်လျားသောဆံပင်ကို လွင့်နေစေကာ သူ၏ သန်မာ၊သန့်စင်သော ဟန်က လူများစွာကို ကြည်ညို လေးစားမှုဖြင့် ပြည့်နှက်သွားစေခဲ့သည်။
လင်းမိသားစု၏ နာမည်ကြီး ပထမသခင်လေးက မျှော်လင့်ထားတဲ့အတိုင်းဘဲ၊ လူအုပ်ထဲမှ များစွာသောသူတို့သည် အလွန်အမင်း လေးစားတန်ဖိုးထားမှုဖြင့် ကြည့်နေကြသည်။
သို့သော် ဝူယွမ်ဘေးမှ လင်းတုန်ကတော့ သူ၏လက်သီးများကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏သွားများကို ကြိတ်ကာ သူတစ်ဦးတည်းသာကြားနိုင်သောအသံဖြင့် ရေရွတ်လိုက်သည်။... လင်း... လန်း... တျန်း...
အိမ်း...
ဝူယွမ်သည် စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။
လင်းလန်တျန်းကလည်း သဏ္ဍာန်ပြောင်းအဆင့်မှာရှိပြီး ကွင်းပြင်အတွင်းရှိ သူရဲ့ကာကွယ်စောင့်ရှောက်သူ လူအိုကြီးနှင့်ဆို အခုလောလောဆယ်သူ့ကိုသတ်ရန် မလွယ်ကူပေ။
တကယ်တော့ လင်းလန်တျန်းနှင့် ပတ်သက်လျှင် ဝူယွမ်သည် အထူးကြိုက်နှစ်သက်ခြင်း ဒါမှမဟုတ် မုန်းတီးခြင်းမရှိပေ။
လင်းတုန်နှင့် သူတို့တွင် ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များသာရှိသည်။ အတိကြဆို လင်းလန်တျန်းက အလွန်ယုတ်မာသောပုဂ္ဂိုလ်မဟုတ်သလို လူကောင်းလည်းမဟုတ်ပေ။
ဒါပေမဲ့ ဝူယွမ်က အခု လင်းတုန်နှင့် ညီအစ်ကိုဖြစ်လာပြီဖြစ်သောကြောင့် သူတို့က ရန်သူများကို အတူတစ်ကွ ရင်ဆိုင်ရမည်ဖြစ်သည်
ဝူယွမ်က လက်ရှိအချိန်တွင် လင်းလန်တျန်းကို ကိုင်တွယ်နိုင်ခြင်းမရှိပေ။ အကယ်၍ သူသာ အတင်းအကျပ် တိုက်ခိုက်မယ်ဆိုပါက အခြားတစ်ဖက်တွင် ကာကွယ်စောင့်ရှောက်သူ လူအိုကြီးရှိနေပြီး သူ၏ကိုယ်ပိုင်အသက်ကိုပါ ဆုံးရှုံးနိုင်သည်။
တစ်ကယ်လို့ ဝူယွမ်က သူ့ကိုသတ်နိုင်ခဲ့ရင်တောင် သူမလုပ်ပါ။ လင်းလန်တျန်း၏ ဦးခေါင်းကို လင်းတုန်အတွက် ချန်ထားခဲ့ရမည်ဖြစ်သည်။
လင်းလန်တျန်းက လင်းတုန်၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အရိပ်ဆိုးတစ်ခုဖြစ်သည်။
လင်းတုန် နောက်ပိုင်းတွင် အခြားကမ္ဘာမှ နတ်ဧကရာဇ်ကို ရင်ဆိုင်ရသည့်အခါတွင်ပင်၊ အခြားကမ္ဘာမှ နတ်ဧကရာဇ်သည် လင်းတုန်၏ စိတ်ဓာတ်ကို ချိုးဖျက်ရန် လင်းလန်တျန်း၏ ပုံသဏ္ဍာန်ကို ပြောင်းလဲခဲ့သည်။
လင်းတုန်က ကိုယ်တိုင်ကိုယ်ကျ လင်းလန်တျန်းကို သတ်ခြင်းဖြင့်သာ ကလေးဘဝ၏ အရိပ်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
လင်းလန်တျန်းက အလွန်မောက်မာပြီး အောက်ရှိလူအုပ်ကို အထင်တသေး ကြည့်ကာ မျက်နှာလွှဲသွားသည်။
လင်းမိသားစုမှ လူများသည် လင်းလန်တျန်းကို မြင်ရသည်နှင့် အလွန်စိတ်လှုပ်ရှားသွားကြသည်။
သူတို့၏ စိတ်နှလုံးထဲတွင် လင်းလန်တျန်းသည် ကိုးကွယ်ရာ ဘုရားသခင်တစ်ပါးနှင့် တူညီသော စံပြပုဂ္ဂိုလ်ဖြစ်သည်။
သိပ်မကြာခင် ရွှေရောင်အလင်းတန်းတစ်ခုသည် လေထုကို ခွဲဖြတ်ကာ ဆယ်ပေလောက်ရှည်သော ရွှေရောင်လှံတံကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး လှံတံပေါ်တွင် ရွှေရောင်ဝတ်စုံဝတ်ဆင်ထားကာ ရှည်လျားသောဆံပင်ဖြင့် ကောင်းကင်ဘုံသို့ ရောက်တော့မတက် မောက်မာသော စိတ်ဓာတ်ကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုရောက်ရှိလာသည်။
ဝမ်မိသားစုမှ ဝမ်ယန်၊ သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူ။
သူ၏လက်ထဲရှိ ရွှေရောင်လှံတံ၏ စွမ်းအင်သည် ထိတ်လန့်ဖွယ်ကောင်းလွန်းပြီး ဝူယွမ် ရရှိခဲ့သည့် လေနှင့်လ နူးညံ့သိမ်မွေ့သော ခံစားမှုဓားထက် ပိုအားကောင်းသည်။ ၎င်းသည် ဝမ်မိသားစု၏ အဆင့်မြင့် ဝိညာဉ်ရေးရာ လက်နက်တစ်ခုဖြစ်သည့် ကြီးမြတ်သောရွှေလှံ ဖြစ်သည်။
ထို့နောက် တတိယမြောက် ပေါ်ထွက်လာသူမှာတော့ ချင်းမိသားစုမှ ချင်းရှီဘဲဖြစ်သည်၊ သဏ္ဍာန်ပြောင်းအဆင့်။
သူက လေစွမ်းအင် ဖိနစ်ကို စီးထားပြီး အပြာရောင်ဝတ်စုံဝတ်ဆင်ထားကာ နတ်သမီးတစ်ယောက်ထက်ပင် ပိုလှပ၊နုနယ်သော မျက်နှာအမူအရာမျိုးရှိသည်။
ဝမ်ယန်- “အားလုံးရောက်နေပြီဆိုတော့ စလိုက်ကြရအောင်လား။”
လင်းလန်တျန်း- “မလောပါနဲ့အုံး နောက်ထပ်တစ်ယောက်ရှိသေးတယ်၊ ဟွန်ပူမိသားစုက ဖိတ်ကြားထားတဲ့ ပိုပြီးစွမ်းအားကြီးတဲ့သူတစ်ယောက်ဘဲ။”
“အိုး”
လူတိုင်း စိတ်၀င်စားသွားကြသည်။ လင်းလန်တျန်းကတောင် ပိုပြီးစွမ်းအားကြီးတယ်လို့ ခေါ်ရတဲ့သူက ဘယ်သူလဲ။
“ဟားဟား၊ သခင်လေးလန်တျန်း ချင်းကျူကို ချီးကျူးလွန်းနေပါပီ။ ယန်မင်းဆက်ရဲ့ ထိပ်တန်းလူငယ်မျိုးဆက်ရဲ့ အဓိကသူတွေ ဒီနေရာမှာ ရှိနေမှတော့၊ ချင်းကျူက ဒီတစ်ကြိမ် အစွမ်းမပြနိုင်မှာကို ကြောက်မိတယ်။ ”
ရှင်းလင်းပြတ်သားပြီး နက်ရှိုင်းသောအသံတစ်ခုက ရုတ်တရက် ကောင်းကင်နှင့်မြေကြီးကိုပင် ပဲ့တင်ထပ်သွားစေသည်။ အသံက ချိုသာလွန်းပြီး အထူး မှော်အတတ်ပါရှိသည့်အလား၊ လူများစွာ၏မျက်လုံးများကို စိတ်ရှုပ်ထွေးပြီး ယစ်မူးသွားစေသည်။
ထိုအသံကိုကြားသည့်နှင့် ဝူယွမ်သည် သူ၏ခရမ်းရောင်စွမ်းအားပျင်းနတ်ဆိုးမျက်စိ ကို အသုံးပြုပြီး အသံလာရာလမ်းကြောင်းကို စိုက်ကြည့်လိုက်သည်။
အပြာရောင်အလင်းတန်းတစ်ခု အဝေးကောင်းကင်ယံမှ ဖြတ်သန်းပျံသန်းလာပြီး နောက်ဆုံးတွင် အပြာရောင်ကြာပန်းပွင့်တစ်ပွင့် အဖြစ်သို့ ပြောင်းလဲသွားသည်။
အပြာရောင်ကြာပန်းပေါ်တွင် လှပတင့်တယ်သော ပုံရိပ်တစ်ခုရှိသည်။ ပါးလွှာသော ပဝါတစ်ခုဖြင့် ဖုံးအုပ်ထားသော်လည်း မြင်လိုက်ရသေည် သူမ၏ မျက်လုံးများက တဒင်္ဂအတွင်း လောကကြီးတစ်ခုလုံး၏ အရောင်ကိုတောင် မှေးမှိန်သွားစေသည်။
ထိုအမျိုးသမီးက အရောင်ဖျော့ဖျော့ ရိုးရှင်းသည့် အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး၊ သူမ၏မျက်ခုံးများသည် စိမ်းလန်းစိုပြေသော ငှက်တောင်မွှေးများနှင့်တူပြီး၊ အသားအရေက ဆီးနှင်းကဲ့သို့ဖြူဖွေးကာ၊ ခါးလေးကလည်း သေးသွယ်လှသည်။ သူမ၏ ပုဝါအောက်မှ ခပ်ရေးရေးမြင်နေရသော မျက်နှာလှလှလေးနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်နှင့် မြေကြီး၏ အရောင်များကိုပါ မှေးမှိန်စေနိုင်သည်။
ထိုကဲ့သို့ အမျိုးသမီး၊ ထိုကဲ့သို့ နုပျိုလှပပြီး အတုမရှိသော အသွင်အပြင်နှင့် အမျိုးသမီး လောကထဲတွင် အလွန်ရှားပါးသည်။
*အိုး မိန်းမပျိုလေး လှပလွန်းတယ်...” ဝူယွမ်သည်လည်း သူ၏စိတ်နှလုံးထဲမှ လှိုက်လှိုက် လှဲလှဲ ချီးကျူးလိုက်မိသည်။
လင်းချင်းကျူ ပေါ်လာချင်းက လူတိုင်း၏ အာရုံကို သိမ်းကျုံးယူနိုင်ခဲ့သည်။ ပါးလွှာသော ပုဝါဖြင့် ဖုံးအုပ်ထားသော်လည်း၊ ခပ်ရေးရေး ပေါ်လွင်နေကာ ပြီးပြည့်စုံသော မျက်နှာကို ဖော်ပြနေပြီး၊ လူတိုင်းက သူမ၏ အတုမရှိသော အလှတရားကို မြင်တွေ့နိုင်ရန် ပုဝါကို ဆွဲခွာချင်စိတ်ဖြစ်ပေါ်လာသည်။
ဝေးဝေးကြည့်ရုံသာကြည့်နိုင်ပြီး မကိုင်ရသည့် နတ်သမီးတစ်ပါး။
သူမသည် လူအားလုံးကို ပြင်းထန်သည့် သိမ်းပိုက်လိုစိတ်ကို ခံစားရစေသည်။
သူမ၏ မြင့်မြတ်သော ကိုယ်ဟန်အနေအထားက အခြားသူများအား ကိုးကွယ်လိုစိတ် ဖြစ်ပေါ်စေသော်လည်း၊ ဝူယွမ်မှာမူ သူမကို မည်သို့သိမ်းပိုက်ရမည်ကိုသာ တွေးတောနေမိသည်။
ချက်ချင်းပင်၊ သူတို့လေးဦးသည် ရှေးဟောင်းသင်္ချိုင်းဂူ၏ အတားအဆီးကို တိုက်ခိုက်ခဲ့သည်။
သူတို့၏တိုက်ခိုက်မှုကနေ ပြင်းထန်သော ယွမ်စွမ်းအင်လှိုင်းများဖြစ် ပေါ်လာခဲ့ပြီး တောင်ခြေတစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါစေခဲ့သည်။
“ပေါက်”
“ပေါက်”
“ပေါက်”
ယွမ်စွမ်းအင်ပေါင်းစုံသည် အတားအဆီးကိုတိုက်ခိုက် နေသဖြင့် အတားအဆီးတစ်ခုလုံး တုန်ခါနေပြီး မတူညီသော ယွမ်စွမ်းအား အလင်းများ တောက်ပ ထွန်းလင်းနေသည်မှာ၊ အမှန်ပင် စိတ်လှုပ်ရှားဖွယ်ရာဖြစ်သည်။
သို့သော် သူတို့အချိန်တော်ကြာအထိ တိုက်ခိုက်နေခဲ့သော်လည်း အတားအဆီးက ကျိုးပျက်တော့မည့် အရိပ်အယောင်များ ပေါ်မလာခဲ့ပေ။
နာရီ၀က်ကြာပြီး။
တစ်နာရီကြာပြီး။
လေးဦးစလုံး အတားအဆီးကို ဆက်တိုက် တိုက်ခိုက်နေသော်လည်း အတားအဆီးက မပြိုကွဲသေးပေ။
အောက်ခြေရှိလူများသည် စတင်စောင့်ဆိုင်းနေစဉ်က စိတ်လှုပ်ရှားမှုနှင့်အတူ ၀င်ရောက်ရန် အပူတပြင်း ပြင်ဆင် နေခဲ့ကြပြီး အခုတော့ ထိုလေးဦးကို စိုက်ကြည့်ရင်း သူတို့၏မျှော်လင့်ချက်များ တဖြည်းဖြည်းလျော့နည်းလာကာ နောက်ဆုံး မြေပြင်ပေါ်တွင် ထိုင်ပြီး စောင့်ဆိုင်းနေကြရင်း တစ်ယောက်ပြီးတစ်ယောက် ညည်းညူနေကြသည်။
“သူတို့လုပ်နိုင်မှာလား မလုပ်နိုင်ဘူးလား။”
“မိသားစုကြီးလေးခုရဲ့ အဓိကလူတွေ ရောက်လာတာနဲ့ အတားအဆီးကို ဖွင့်နိုင်တယ်လို့ တစ်ယောက်ယောက်က မပြောခဲ့ဘူးလား။ ဒီလောက်ဘဲလားသူတို့က”
“ငါကြည့်ရတာပင်ပန်းနေပြီ၊ ဆက်မကြည့်နိုင်တော့ဘူး”
...ဒါက ရှက်ဖွယ်အတိပင်ဖြစ်သည်။
သူတို့ပထမဆုံးပေါ်လာတုန်းက သူတို့လေးယောက်သည် လူအားလုံးရဲ့ ခိုးယူခဲ့ပေမဲ့ ယခုအခါ၊ သူတို့က သာမန်အလုပ်သမားများနှင့် တူညီနေသည်။
လူအုပ်ကြီးက စောင့်ကြည့်နေစဉ်၊ ကြိုးစားပန်းစားဖြင့် အတားအဆီးကို တိုက်ခိုက်နေကြသော်လည်း အတားအဆီး စွမ်းအင်အကာအရံကြီးကတော့ သူတို့တိုက်ခိုက်မှုတွေကို ဖင်ကြားတောင်ညှပ်ပုံမရပေ။
“အစ်ကိုကြီး ဆွဲခဲ့တဲ့ ရူန်းအနည်းငယ်က သူတို့ကို ဒီလောက်ထိ ကြီးမားတဲ့တားဆီးမှုတစ်ခု ဖြစ်စေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” လင်းတုန်က သူ့အစ်ကိုကြီးကို အလွန်လေးစားအားကျနေသော လေသံဖြင့်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူက ဤလူများ ကြိုးစားနေသည်ကို ကြည့်နေရင်း၊ သူတစ်ဦးတည်းကသာ အမှန်တရားကို သိရှိထားသည့်ခံစားချက်၊ ဤခံစားချက်က အတော်လေးကျေနပ်ဖို့ကောင်းသည်။ လူငယ်မျိုးဆက်အဓိက ခေါင်းဆောင်ငယ်များအင် သူ့အစ်ကိုကြီး၏ လက်ထဲတွင် ကစားခံနေရသည်။
ရှောင်တျောင်း- “ဟေ့ဟေ့၊ ဒီလေးယောက်လုံး ယွမ်စွမ်းအင်ကုန်သွားကြပြီ။ ဆရာကြီးကတော့ တကယ်ဆိုးတာဘဲ။” (Xiao Diaoကိုရှောင်ဒေါင်လို့ ပြန်ခဲ့ပေမဲ့ နောက်ပိုင်း ရှောင်တျောင်းလို့သာ ပြောင်းလဲအသုံးပြုသွားမည်။)
ဝူယွမ်- “ငါလည်း အကျိုးသက်ရောက်မှုက ဒီလောက်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒါမှမဟုတ် သူတို့က အားနည်းလွန်းတာလည်း ဖြစ်နိုင်တယ်။”
ယောက်ျားနှစ်ယောက်နှင့် မြွေပါတစ်ကောင်က အခုနေရာတွင် အပျော်ရွှင်ဆုံးသူ သုံးဦးဘဲဖြစ်သည်။
လေထဲတွင်၊
လူငယ်ခေါင်းဆောင် လေးဦး၏ မျက်နှာအမူအရာများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့သည်။
ဝမ်ယန်- “မဖြစ်နိုင်တာ ဒီအတားအဆီးက ဘာလဲ၊ ဒါက အရမ်းခိုင်ခံ့လွန်းတယ်။”
ချင်းရှီ- “ငါတို့ အရင်က မှားယွင်း တွက်ချက်မိတာလား။ အတားအဆီးရဲ့ စွမ်းအားက မလျော့သေးဘူး။”
လင်းလန်တျန်း- “မဟုတ်ဘူး အတားအဆီးရဲ့ စွမ်းအားက အားနည်းနေပြီ၊ ပြိုကွဲတော့မယ်။ နည်းနည်းလေးပဲ ဆက်ကြိုးစားကြည့်ရအောင်။”
လင်းချင်းကျူကတော့ ဘာစကားမှမပြောဘဲ၊ မျက်ခုံးအနည်းငယ်ကျုံ့ကာ စိတ်ထဲတွင် သက်ပျင်းချလိုက်ပြီး၊ သူ့အောက်ရှိ ကြာပွင့်မှ မရေမတွက်နိုင်သော ကြာပွင့်ဖက်များကို အတားအဆီးထဲသို့ ထိုးသွင်းလိုက်သည်နှင့် နောက်ဆုံး အတားအဆီးပေါ်တွင် သေးငယ်သော အက်ကြောင်းလေးတစ်ခု ပေါ်လာသည်။
အတားအဆီးအတွင်း ဝူယွမ် ချန်ထားခဲ့သော ဝိညာဉ်စွမ်းအင် ရူန်းများက နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီးဖြစ်ပြီး စွမ်းအားအကာအရံက လင်းချင်းကျူ၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။
“အတားအဆီးကျိုးပျက်သွားပီ”
ေတာင်အောက်ခြေရှိလူများအားလုံး စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထလာကြကာ လင်းချင်းကျူကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
“ခုနကတုန်းက အခြားသုံးယောက်က ရပ်သွားပေမယ့် သူမတိုက်ခိုက်လိုက်တာနဲ့ အတားအဆီးကကျိုးပျက် သွားခဲ့တယ်”
“အံ့သြစရာ၊ အံ့သြစရာအရမ်းကောင်းလွန်းတယ်။ မိန်းမပျို ချင်းကျူရဲ့ ကောင်းကင်ကြာပန်းက သာမန်မဟုတ်လောက်ဘူး။”
လင်းလန်တျန်း၊ ဝမ်ယန်နှင့် ချင်းရှီတို့သည်လည်း အံ့အားသင့်သွားကြသည်။
သူတို့၏ အကြည့်များက လင်းချင်းကျူ၏ ခြေထောက်အောက်ရှိ အပြာရောင်ကြာပန်းပေါ်သို့ ကြရောက်သွားကြသည်။
“ဒါဟာ မတော်တဆဖြစ်ရပ်တစ်ခုပါ၊ သခင်လေးတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်တာပါ” လင်းချင်းကျူက ပြုံးရင်းပြောလိုက်သည်။
“သွားကြရအောင်”
လေးယောက်စလုံးက တောင်ကုန်းထိပ်ဆီသို့ ဦးတည်ပြီး နောက်ဆုံးတစ်ကြိမ် အစွမ်းကုန်တိုက်ခိုက်လိုက်ကြသည်နှင့် အကာအရံက ကွဲအက်ပြီး ပြိုကျသွားသည်။
သူတို့သည်လည်း ရှေးဟောင်းသင်္ချိုင်းဂူထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။
“၀င်၊ ၀င်ကြ”
နန်တော်အပြင်ဘက်တွင် လူများ ဆက်တိုက်၀င်ရောက်လာကြပြီး မျက်လုံးနီလျက်၊ နှစ်ပေါင်းများစွာ လိင်မဆက်ဆံရသေးသော ဝက်များက သူတို့ရှေ့တွင် ကိုယ်လုံးတီး နတ်သမီးတစ်ပါးကို မြင်လိုက်သည့်အလား၊ ရူးသွပ်စွာဖြင့် ပြေး၀င်သွားကြသည်။
သူတို့က ရှေးဟောင်းသင်္ချိုင်းဂူထဲသို့ ဝင်ရောက်လာကြပြီး အလွန်ကြီးမားသော နန်းတော်ကြီးကို မျှော်လင့်ချက်အပြည့်ဖြင့် စိုကမကြည့်နေကြသည်။
“ဟေးဟေး၊ ငါတို့လည်း သွားကြရအောင်”
ဝူယွမ်နှင့် လင်းတုန်တို့နှစ်ယောက်စလုံး ပြုံးလိုက်ကြပြီး လူအုပ်နှင့်ရောကာ ဝင်ရောက်လာခဲ့ကြသည်။
ထိုလူများသည်။ မတူညီသော လမ်းကြောင်းများဆီသို့ ဝင်ရောက်ကာ အရူးအမူး ရှာဖွေနေကြသည်။
“ဗလာ”
“ဗလာ”
“ဘာမှမရှိဘူး”
“ဘယ်လိုလို့ဖြစ်နိုင်မှာလဲ”
“မြန်မြန်၊ ပိုနက်ရှိုင်းတဲ့နေရာတွေကို သွားကြည့်ရအောင်”
...ကျောက်ခန်းတစ်ခုထဲသို့ ဝင်သွားသူတိုင်း ကျိန်ဆဲပြီးပြန် ထွက်လာကြသည်။
နောက်ထပ်ဗလာ။
လူအုပ်စုကြီး။
ရှေ့ဆက်တိုး။
လျှောက်ရင်း ကျိန်ဆဲရင်း။
“သေစမ်း၊ ဒီရှေးဟောင်းသင်္ချိုင်းဂူကြီးက ဘာလဲ။ နိဗ္ဗာန်အတင့် စွမ်းအားရှင်က၊ ဆံပင်တစ်ချောင်းတောင်မရှိဘူး၊ ဆင်းရဲလွန်းတယ်။”
“ငါ ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ရပေမဲ့၊ ဒါပဲလား။”
“ဒီသင်္ချိုင်းဂူပိုင်ရှင်က လူယုတ်မာဘဲ”
...အသံကျယ်ကျယ်ဖြင့် အော်ဟစ် ကျိန်ဆဲခြင်း သို့မဟုတ် စိတ်ထဲမှ ကျိန်ဆဲခြင်းဖြင့်၊ အခုအချိန်တွင် သင်္ချိုင်းဂူထဲသို့ ဝင်ရောက်လာသူတိုင်းသည် သင်္ချိုင်းပိုင်ရှင်၏ ဘိုးဘေးများ မျိုးဆက်ပေါင်း တစ်ဆယ့်ရှစ်ဆက်ထိတိုင်အောင် ကျိန်ဆဲနေကြသည်။
အထူးသဖြင့် ဝူယွမ်သည်၊ ထိုကဲ့သို့လှုပ်ရှားမှုမျိုးတွင် ပါဝင်ရန် နှစ်သက်ပြီး၊ သူ၏ကျိန်ဆဲသံများသည် သူ့ပတ်ဝန်းကျင်ရှိလူများနှင့် နက်ရှိုင်းစွာ ရောစပ်သွားကာ ဝူယွမ်ကလည်း သူတို့နှင့်စိတ်တူကိုယ်တူဟု လူတိုင်းကိုခံစားရစေသည်။
သင်္ချိုင်းဂူရှာဖွေရေးတွင် လူတိုင်းက တိုက်ခိုက်သတ်ဖြတ်ခြင်း မလုပ်ရဘဲ သင်္ချိုင်းဂူပိုင်ရှင်ကို ကျိန်ဆဲရန် စည်းလုံးနေကြသည်။
တစ်ချို့ဆို ဆဲဆိုနည်းများကိုတောင် ဖလှယ်နေကြသည်။
သူတို့က ရတနာများအတွက် အချိန်အတော်ကြာအထိ စောင့်ဆိုင်းခဲ့ရသည်။ ဆိုလိုသည်မှာ ထိုအရာသည် နိဗ္ဗာန်အဆင့် စွမ်းအားရှင်တစ်ဦးရဲ့ ဂူဖြစ်သည်၊ ရတနာ အနည်းကျင်းတော့ရှိသင့်ပေသည်။
ယခုအခါ၊ ထိုလောဘများအားလုံးသည် ဒေါသများအဖြစ်ပြောင်းလဲကာ သင်္ချိုင်းဂူပိုင်ရှင်ကို ကျိန်ဆဲရန် လှုံ့ဆော်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
သိပ်မကြာမီ၊ လူအုပ်ကြီးက သစ်သားတိုင်များ ပြည့်နှက်နေသော နေရာသို့ ရောက်ရှိလာကြသည်။
ထိုနေရာက လူအများစုကို ရှေ့မဆက်နိုင်အောင် ကန့်သတ်လိုက်သလိုပင်။
လင်းချင်းကျူနှင့် အခြားသုံးဦးသာ ဝင်ရောက်နိုငခဲ့ကြသည်။
“ညီလေး၊ ရှောင်ယန်နဲ့ပိုင်ယွမ် မင်းတို့သုံးယောက် အပြင်မှာ ငါ့ကိုစောင့်နေပါ။”
ဝူယွမ်က ညွှန်ကြားပြီး ချက်ချင်း လိုက်သွားခဲ့သည်။
သူက မီးလျှံပင်လယ်ဆီသို့ မြန်မြန်ဆန်ဆန်ဘဲ ရောက်ရှိလာသည်။
ထိုအချိန်တွင် လင်းလန်တျန်းတို့လေးဦးက ရောက်ရှိနေတာကြာပီဖြစ်သည်။ သူတို့၏ ရည်မှန်းချက်မှာ နိဗ္ဗာန်နှလုံးသားအတွက် ယှဉ်ပြိုင်ရန်ဖြစ်သောကြောင့်၊ ပြင်ပသင်္ချိုင်းခန်းများတွင် ရတနာများရှိမရှိကို ဂရုစိုက်မနေဘဲ ဒီနေရာသို့ တန်းလာခဲ့ခြင်းဖြစ်သည်။
ဝူယွမ်က သူ၏ ခရမ်းရောင်စွမ်းအားပြင်း နတ်ဆိုးမျက်စိကို အသုံးပြုပြီး စစ်ဆေးကြည့်လိုက် သောအခါ သူ မျှော်လင့်ထားသည့်အတိုင်း၊ လင်းချင်းကျူသည် အစီအရင်ကို အောင်မြင်စွာ ချိုးဖျက်ကာ အတွင်းပိုင်း အဓိကသင်္ချိုင်းခန်းမထဲသို့ ဝင်ရောက်သွားပီဖြစ်သည်။
လင်းလန်တျန်းနှင့် အခြားနှစ်ဦးကတော့ အစီအရင်ထဲ ပိတ်မိနေဆဲဖြစ်သည်။
ဝူယွမ်က သူတို့သုံးဦးကို မီးလျှံများကို ခက်ခက်ခဲခဲ ခုခံနေရသည်ကို တွေ့လိုက်ရသည်။ သူတို့သည် အပြင်ဘက် အတားအဆီးကို ချိုးဖျက်တုန်းက ယွမ်စွမ်းအင်ကို အလွန်အကျွံသုံးစွဲခဲ့ကြရပြီး၊ အခု အဆုံးမရှိသော မီးလျှံများကို ရင်ဆိုင်ရသည့်အခါ၊ သူတို့က ဖရိုဖရဲနှင့် အလွန်ရှက်စရာ ပုံပေါက်နေသည်။
“ဟမ်း”
ဝူယွမ်က သက်တောင့်သက်သာရှိပြီး အေးစက်သည့်အသံ ပြုလိုက်ပြီး၊ တိတ်တဆိတ် မီးလျှံထဲသို့ တိုး၀င်သွားပြီး အစီအရင်၏ ပင်မနေရာသို့လာကာ ပုံရိပ်ယောင်ရူန်များနှင့် မီးရူန်းများကို အပြည့်အဝအသက်သွင်းလိုက်ပြီး အစီအရင်၏စွမ်းအားကို အားဖြည့်ပေးလိုက်သည်။
“သေတာရှင်တာက မင်းတို့ရဲ့ ကံပေါ်မှာဘဲမူတည်တယ်” ဝူယွမ်က ပျော်ရွှင်စွာ တွေးလိုက်မိသည်။
ယခုအခါ အစီအရင်ထဲတွင် ဘေးကင်းသော နေရာမရှိတော့ပါ။ သူတို့သုံးဦးက ဒီအကြိမ်တွင် မသေရင်တောင်မှ ဆုံးရှုံးမှုကြီးကြီးမားမားနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။
အစီအရင်က ပြီးပြည့်စုံသွားသဖြင်ါ တစ်ယောက်မှ အဓိကသင်္ချိုင်းခန်းမထဲသို့ ဝင်ရောက်၍မရတော့ပါ။
ဘယ်သူမှ နှောင့်ယှက်ခြင်းမရှိ၊ ဘယ်လောက်ပျော်စရာကောင်းသလဲ။
ဝူယွမ်၏ နှလုံးသားသည် စည်းချက်ညီစွာ တုန်ခါလာပြီး ဒီတစ်ကြိမ်က သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။
သူက အဓိကသင်္ချိုင်းခန်းမထဲသို့ ဖြည်းဖြည်းချင်း လျှောက်၀င်သွားသည်။
သူရောက်သောအခါ ကြေးတံခါးသည် ပွင့်နေခဲ့ပြီး လင်းချင်းကျူက အတွင်းပိုင်းတွင် ရှိနေသည်။
ဝူယွမ်သည် သူ၏အဝတ်အစားများကို ပြင်ဆင်လိုက်ပြီးနောက်၊ တံခါးအတွင်းသို့ ဝင်သွားခဲ့သည်။
“ဒီနေရာက နင်နဲ့မသက်ဆိုင်ဘူး ကျေးဇူးပြုပြီး ထွက်သွားပေးပါ။”
လင်းချင်းကျူ၏ နက်ရှိုင်းသောအသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သည်။
ဝူယွမ်က ဖြည်းဖြည်းချင်း ခေါင်းမော့ ကြည့်လိုက်သည်နှင့် အပြာရောင်ကြာပန်းပွင့်တစ်ပွင့်က လေထဲတွင်မျောနေပြီး ကြာပန်းပွင့်ပေါ်မှ ပြီးပြည့်စုံသော ကိုယ်ဟန်အနေအထားရှိသည့် ပုံရိပ်တစ်ခုက သူ့ကို တည်ငြိမ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လင်းချင်းကျူ၏ ခြေထောက်များသည် ဗလာဖြစ်နေပြီး၊ သူမ၏ဖြူဖွေးနူးညံ့သော ခြေဖဝါးများလေးများကို အထင်းသားမြင်နေရသည်။
ဝူယွမ်က ရှေ့ဆက်တိုးလာပြီး သူနှင့် နတ်မိမယ်လေးကြား အကွာအဝေးက နီးသထက်နီးလာသည်နှင့် အလွန်မွေးကျိုင်သော ရနံ့တစ်မျိုးက ဝူယွမ်၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။
ဝူယွမ်က နောက်ဆုံးတွင် သူမ၏ အံ့ဖွယ်အလှတရားကို အသေးစိတ်ကြည့်ရှုနိုင်ခဲ့သည်။ သူမ၏ မျက်လုံးများကကြည်လင်နေပြီး အထဲတွင် ငြိမ်သက်နေသောနက်ရှိုင်းသည့် ရေကန်တစ်ခုရှိသကဲ့သို့ တည်ငြိမ်နေသည်။ သူမ၏ အရောင်ဖျော့ဖျော့ ရိုးရှင်းသည့် အင်္ကျီလေးက သူမ၏ ပြီးပြည့်စုံသော ကိုယ်ခန္ဓာအချိုးအစားကို မီးမောင်းထိုးပြနေသည်။
သူမသည် နတ်ဘုံမှ လူ့လောကသို့ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးနှင့် တူညီပြီး၊ ကမ္ဘာလောကကို အံ့အားသင့်စေသော အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုအလှသည် အသက်ရှူမဝဖွယ်ဖြစ်ပြီး၊ အလိုဆန္ဒများမှ ကင်းဝေးကာ၊ တစ်ချိန်တည်းမှာပင် လက်လှမ်းမမီနိုင်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
လောကတွင် တစ်ကယ့်နတ်သမီးများရှိလျှင်ပင် အခုထက်ပိုမလှနိုင်ဟု ဝူယွမ် ခံစားနေရသည်။
လင်းချင်းကျူသည် ဝူယွမ်မြင်ဖူးသည့် အခြားမည်သည့်အမျိုးသမီးနှင့်မှမတူဘဲ ကွဲပြားနေသည်။ သူမ၏ နတ်သမီးဆန်ပြီး သန့်ရှင်းသောစိတ်နေစိတ်ထားက ပေါ်လွင်လှသည်။
ဝူယွမ်က သူ၏လက်ကို ဆုပ်ပြီး ပြောလိုက်သည်၊ “ကျွန်တော်က ဝူယွမ်ပါ၊ ယွမ်ဒန်အဆင့်မှာပဲရှိပါသေးတယ်။ သခင်မလေးနဲ့ ရတနာတွေအတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သခင်မလေး လုပ်ချင်တာ ဆက်လုပ်ပါ။ ကျွန်တော်က စူးစမ်းလေ့လာချင်စိတ်ကြောင့် လာကြည့်တာပါ၊ ဝင်မစွက်ပါဘူး။”
လင်းချင်းကျူ၏ လက်ရှိစွမ်းအားသည် လင်းလန်တျန်းထက်ပင် ပိုမြင့်မားသောကြောင့်၊ သူ အတင်းအကျပ်လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။
ထို့အပြင်၊ လင်းချင်းကျူ၏ နတ်သမီးဆန်သော စိတ်ဓာတ်ကို မြင်တွေ့ရသည့်အခါ၊ ဝူယွမ်က သူမျှော်လင့်မထားသော ဝေးဝေးက ကြည့်ရုံသာကြည့်ပြီး မကိုင်ရပ်သည့် စိတ်နေစိတ်ထားတစ်မျိုးပေါ်လာခဲ့သည်။
“ကိုးကောင်းကင်ကျောင်းတော်က လေ့ကျင့်သင်ကြားပေးထားတဲ့ လူတိုင်းက သာမန်မဟုတ်ဘူးဘဲ”
ဝူယွမ်က သင်္ချိုင်းဂူ၏ ကြင်နာသော လူအိုကြီး ထွက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေသည်။
“လင်းလန်တျန်းနဲ့ အခြားသူတွေတောင် အပြင်က အစီအရင်ကြီးထဲမှာ ပိတ်မိနေတယ်၊ သခင်လေး ဝင်လာနိုင်တာက တကယ်စွမ်းရည်ရှိတာဘဲ။”
လင်းချင်းကျူသည် ဝူယွမ်ကို သေချာစစ်ဆေးနေပြီး သူ့အတွက် ခြိမ်းခြောက်မှုရှိမရှိ ဆုံးဖြတ်နေသည်။
သို့သော် သူမဘယ်လိုကြည့်သည်ဖြစ်စေ၊ ဝူယွမ်က ယွမ်ဒန်အဆင့် ပြီးပြည့်စုံသော အောင်မြင်မှုအဆင့် တွင်သာရှိသေးသည်။
“ကျေးဇူးပြု၍ သခင်မလေးရဲ့ အမည်ကို ပြောပြပေးနိုင်မလား ”
“ကျွန်မနာမည်က လင်းချင်းကျူပါ။ သခင်လေးယွမ်က ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ချင်းကျူက ကျေးဇူးတင်ပါတယ်။ ကျွန်မက လူတွေကို အတင်းအကျပ်မောင်းထုတ်ချင်စိတ်မရှိပဘူး၊ ဒါကြောင့် သခင်လေးယွမ်ကို အခြားရည်ရွယ်ချက်တွေ မထားဖို့ တောင်းဆိုပါတယ်။”
လင်းချင်းကျူက ပြောပြီးသည်နှင့် နိဗ္ဗာန်နှလုံးသားကို ယူရန် လက်လှမ်းလိုက်သည်။
ထို့နောက် အပြာရောင်ကြာပန်းပေါ်တွင် ခြေချင်းချိတ်ထိုင်ကာ၊ စတင်သန့်စင်တော့သည်။
စိမ်းဖန်ရောင် နိဗ္ဗာန်နှလုံးသားသည် သူမ၏ အားကောင်းသော အပြာရောင် ယွမ်စွမ်းအင်အောက်တွင် မြန်ဆန်စွာ အရည်ပျော်ကြနေလေပြီး ခန့်မှန်းခြေအရ မိနစ်အနည်းငယ်အတွင်း နိဗ္ဗာန်နှလုံးသားတစ်ခုလုံး အစိမ်းရောင်အရည်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
အရည်ပျော်နေသော နိဗ္ဗာန်နှလုံးသားမှ အားကောင်းသော ဖိအားတစ်ခုထွက်ပေါ်လာပြီး ဝူယွမ်သည်လည်း ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။
လင်းချင်းကျူက သူမ၏ကျောက်စိမ်းလက်လေးကို ဆန့်တန်းလိုက်ပြီး ပါးလွှာသောပုဝါကို ဂရုတစိုက်ဆွဲတင်လိုက်သည်။ သူမ၏ ချယ်ရီနှုတ်ခမ်းများက အနည်းငယ်ဟသွားပြီး လေထဲရှိ အစိမ်းရောင်အရည်သည် သူမ၏နီရဲသော နှုတ်ခမ်းလှလှလေးထဲသို့ ဝင်ရောက်သွားသည်။
ဝူယွမ်က လင်းချင်းကျူ၏ ပြီးပြည့်စုံသော မျက်နှာကို ခဏတာ မြင်တွေ့လိုက်ရသည်နှင့် သူ၏မူလက သန့်ရှင်းနေသောစိတ်သည်ပင် မသန့်ရှင်းတော့ပေ။
သူ၏ ၀မ်းဗိုက်အောက်ချေတွက် မီးတောက်ငယ်တစ်ခု မီးညှိလိုက်သကဲ့သို့ အရာတစ်ခုက အမောက်ထောင်လာလေသည်။
လင်းချင်းကျူက နိဗ္ဗာန်နှလုံးသားကို သန့်စင်နေစဉ်၊ ဝူယွမ်သည် ကျောက်အခေါင်းဆီသို့ လျှောက်သွားသည်။
အခေါင်းအဖုံးကို လင်းချင်းကျူမှ ဖွင့်ထားပြီဖြစ်ပြီး၊ အတွင်းပိုင်းတွင် ငြိမ်သက်စွာ လဲလျောင်းနေသော အရိုးစုတစ်ခုမှလွဲ၍ အခြားဘယ်ရတနာမျှမရှိပါ။
သို့သော် ဝူယွမ်က ခရမ်းရောင်စွမ်းအားပြင်း နတ်ဆိုးမျက်စိဖြင့် အရိုးစုဘေးရှိ အခေါင်းနံရံတွင် စာလုံးအသေးလေးများဖြင့် ရေးထားသည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။
“ငါဘဝတစ်လျှောက်လုံး ဖြစ်စေချင်တဲ့ ရည်မှန်းချက်က ယင်နဲ့ယန် စွမ်းအားနဲ့ နိဗ္ဗာန်အဆင့်ထိ တက်ဖို့ဘဲ၊ ဒါကြောင့် ငါချန်ထားခဲ့တဲ့ရတနာတွေက ယင်၊ယန် ဟန်ချက်ညီမှ သန့်စင်လို့ရလိမ့်မယ်၊ တစ်ကယ်လို့ ယင်နဲ့ယန် ဟန်ချက်မညီရင်၊ ရလဒ်အနေနဲ့ မိမိကိုယ်ကို မီးလောင်တိုက်သွင်းမိသလိုဖြစ်သွားလိမ့်မယ်။”
ဝူယွမ်က စိတ်ထဲမှဖတ်နေရင်း သူ၏နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက်သူက ကျောက်အခေါင်းကြီးကို နက်ရှိုင်းစွာ ကိုင်းညွှတ် အရိုအသေပေးလိုက်ပြီး အသံတိုးတိုးဖြင့်
“ဆရာကြီး၊ တကယ်တော့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်၊ ဒီအမျိုးသမီးက ဒီလောက်စွမ်းအားကြီးမယ်လို့ ကျွန်တော် တကယ်မမျှော်လင့်ထားခဲ့ဘူး။ ဆရာကြီးချမှတ်ထားတဲ့ အပြင်က အစီအရင်ကို ကျွန်တော် အားဖြည့်ထားခဲ့တယ်၊ ဒါပေမယ့် သူမက ချိုးဖျက်ဝင်ရောက်နိုင်သွားပြီး ဆရာကြီးရဲ့ အနားယူမှုကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ကျွန်တော် တစ်ကယ်ဘဲ ကတိမတည်နိုင်ခဲ့ဘူး။”
ဝူယွမ်သည် ကျောက်အခေါင်းအား အပြစ်ရှိသည့်ခံစားချက်များဖြင့် ပြည့်နှက်နေသကဲ့သို့ တိတ်တဆိတ် တောင်းပန်နေခဲ့သည်။
ဤအချိန်တွင်၊ အပြာရောင်ကြာပန်းအတွင်းတွင် ထိုင်နေသော လင်းချင်းကျူ၏ ဆီးနှင်းကဲ့သို့ဖြူသော အသားအရေက အနည်းငယ်နီမြန်းလာခဲ့သည်။ အလွန်သန့်ရှင်းပြီး အားကောင်းသော စွမ်းအင်က သူမ၏ခန္ဓာကိုယ်မှ အဆက်မပြတ်ထွက်ပေါ်လာကာ အပြာရောင်ကြာပန်း၏ အလင်းများကို တုန်ခါစေခဲ့သည်။
သူမ အဆိပ်မိသွားပီ။
လင်းချင်းကျူက မျက်ခုံးကျုံ့လိုက်ပြီး၊ ယွမ်စွမ်းအင်အများအပြား သူမ၏ဒန်တျန်မှ အဆက်မပြတ်ထွက်ပေါ်လာကာ၊ ထိူပြင်းထန်သောစွမ်းအင်ကို ဖိနှိပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအချိန်တွင် လင်ချင်ကျူးတစ်ယောက် သူမဘာဖြစ်နေမှန်း သိသွားပီဖြစ်သည်။
“ယုတ်မာတဲ့လူ”
လင်းချင်းကျူ၏မျက်နှာနီမြန်းသွားပြီး ကျောက်အခေါင်းကိုကြည့်ကာ သူမ၏မျက်နှာတွင် ဒေါသထွက်နေသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူမက ဆက်ထိန်းချုပ်မနေတော့ဘဲ သူမ၏ယွမ်စွမ်းအင်သည် ဧရာမလက်ဝါးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကျောက်အခေါင်းကိုရိုက်နှက်လိုက်သည်။
ကျောက်အခေါင်းသည် သူမ၏စွမ်းအားကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေးဟောင်းသင်္ချိုင်းဂူ ပိုင်ရှင်၏အရိုးများလည်း ပျောက်ကွယ်သွားသည်။
ဝူယွမ်သည် ကြောက်ရွံ့နေသည့်ဟန်ဆောင်ကာ ကြေးဝါတံခါးဆီသို့ လျှောက်သွားသည်။
“သခင်မလေး ချင်းကျူ၊ ဆက်လေ့ကျင့်နေပါ၊ ကျွန်တော် အရင်ထွက်သွားပါ့မယ်။”
ဝူယွမ်၏ လက်ရှိအသွင်အပြင်ကို မြင်ရသည့်အခါ၊ လင်းချင်းကျူး ရယ်လိုက်မိသည်။ သူမက ဝူယွမ်ကို ထွက်ခွာခွင့်ပြုနိုင်မည်လား။ သူက စောစောကတည်းက မထွက်ခွာပါသဖြင့် အခုအချိန်မှ ထွက်ခွါရန်က နောက်ကျလွန်းနေပြီဖြစ်သည်။
သူမ လက်တစ်ချက်ရမ်းလိုက်ယုံဖြင့် ကြေးဝါတံခါးက တင်းကျပ်စွာ ပိတ်သွားသည်။
“သခင်လေးယွမ်”
လင်းချင်းကျူ၏ အသံက နူးညံ့သိမ်မွေ့လွန်းနေသည်။
‘နောက်ဆုံးတော့ ရောက်လာပြီလား။’
“ဘာလိုချင်တာလဲ” ဝူယွမ်က အေးစက်စွာ ပြန်မေးသည်။
“ချင်းကျူက သခင်လေးရဲ့ခန္ဓာကိုယ်ထဲက ယွမ်စွမ်းအင်ကို ငှားချင်ပါတယ်။တစ်ကယ်လို့ ဒီအခက်အခဲကို ဖြေရှင်းနိုင်ခဲ့ရင် ကျွန်မက သခင်လေးယွမ် ကျေနပ်လောက်မဲ့ ဆုချပါမယ်။ မကောင်းဘူးလား” လင်းချင်းကျူက နူးညံ့စွာပြောလိုက်သည်။
“ဟင်းအင့် မကောင်းဘူး။ ကျွန်တော်က အဲလိုမျိုး ပေါ့ပေါ့တန်တန်လူမျိုး မဟုတ်ဘူး”
လင်ချင်းကျူ နည်းနည်းဒေါသထွက်သွားသည်။ သူမကရော ပေါ့ပေါ့တန်တန်လူမျိုးဖြစ်နေသလား။
“သခင်လေးယွမ် စိတ်ချလက်ချနေပါ၊ ယွမ်စွမ်းအင်ကို ထုတ်ယူဖို့အတွက်နဲ့ လိင်ဆက်ဆံဖို့ မလိုပါဘူး။ ချင်းကျူမှာ တခြားနည်းလမ်းတွေရှိပါတယ်။”
ဤအချိန်တွင်၊ လင်းချင်းကျူ၏ အသံသည် အနည်းငယ် ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး၊ သူမစကားပြောနေရင်း လေပြင်းများဆက်တိုက် ထုတ်လွှတ်နေသည်။
“မဖြစ်နိုင်ဘူး၊ ကျွန်တော့်ခန္ဓာကိုယ်က တန်ဖိုးကြီးတယ်။ သခင်မလေး ချင်းကျူက အခြားသူကိုဘဲ ရှာလိုက်ဘဲ” ဝူယွမ်က ပြတ်ပြတ်သားသားဘဲ ငြင်းဆိုလိုက်သည်။
ဤအချိန်တွင် သူမက မည်သူ့ကိုသွားရှာလို့ရမည်နည်း။
လင်းချင်းကျူက “တစ်ကယ်လို့ သခင်လေးယွမ်က မပူးပေါင်းရင် ချင်းကျူက မလုပ်ချင်ပေမဲ့ အတင်းအကျပ်လုပ်ရလိမ့်မယ်”
အားကောင်းသော ဆွဲအားတစ်ခုက ဝူယွမ်ကို လင်းချင်းကျူရှေ့သို့ဆွဲလာခဲ့သည်။
ဝူယွမ်တွင် ခုခံရန် အချိန်မရှိလိုက်သလို၊ ခုခံရန် ရည်ရွယ်ချက်လည်းမရှိပေ။
အစိမ်းရောင်စွမ်းအားတစ်ခုက ဝူယွမ်ကို ဝိုင်းရံထားပြီး၊ သူ၏ယွမ်စွမ်းအင်ကို ဆက်တိုက် ထုတ်ယူနေသည်။
“ဒီလိုမျိုး ကြွယ်ဝပြီး သန့်စင်၊ အားကောင်းတဲ့ ယွမ်စွမ်းအင်” ယွမ်းစွမ်းအင် စုပ်ယူနေရင်း လင်းချင်းကျူ အံအားသင့်သွားပြီး စိတ်ထဲမှရေရွတ်လိုက်မိသည်။
သူမက အခြားသူများ၏ယွမ်စွမ်းအားကို တစ်ခါမှ မစုပ်ယူဖူးသော်လည်း၊ ဝူယွမ်၏ယွမ်စွမ်းအင်သည် သူမမြင်ဖူးသမျှ လူငယ်အားလုံးထက် ပိုအားကောင်းသည်။
“ဒီအမျိုးသမီး၊ အပြင်းအထန်ကို စုပ်ယူနေတာဘဲ...” ဝူယွမ့် စိတ်ထဲတွင် ခါးသက်သက်ခံစားနေရပြီး သူ၏ယွမ်စွမ်းအင်များ အလွန်မြန်ဆန်စွာ ဆုံးရှုံးနေသည်။ ဒီအတိုင်းသာဆက်သွားပါက သူသည် သိပ်မကြာခင် အရိုးခြောက်တစ်ခုဖြစ်လာလိမ့်မည်။
“သူတော်ကောင်းကြီးရေ မင်းမစသေးဘူးလား” ဝူယွမ်က သူ၏စိတ်ထဲမှ ဆက်တိုက်အော်ဟစ်ခဲ့သည်။
“အဟွတ် အဟွတ် ဒီလူငယ်လေးကို လွှတ်ပေးလိုက်ပါ”
အိုမင်းသော်လည်း အနည်းငယ်နူးညံ့နေသည့် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
လင်းချင်းကျူက ထိုအသံကြောင့် တုန်လှုပ်သွားပြီး ချက်ချင်းရပ်တန့်သွားသည်။
“ဘယ်သူလဲ”
“ဟက်ဟက်၊ မင်းက တကယ်ကိုကြမ်းတမ်းတာဘဲ၊ ကောင်မလေး။ မင်းက ငါ့အရိုးတွေနဲ့ ကျောက်အခေါင်းကို အမှုန့်ချေလိုက်တယ်၊ ပြီးတော့ ငါ့ကို ဘယ်သူလဲမေးသေးတယ်။”
ပျက်စီးသွားသော ကျောက်အခေါင်းပေါ်နှ၊ မှော်ဆန်သော ပုံရိပ်တစ်ခုပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မှော်ဆန်ပြီး၊ ရုပ်ခန္ဓာမရှိဘဲ ဝိညာဉ်သက်သက်ဖြစ်သည်။ သူ၏ မျက်နှာမှာ နှစ်ဆယ်ကျော်အရွယ် ခန့်လောက်သာရှိသေးပုံပေါ်ပြီး ချောမွေ့ကာ၊ ကျက်သရေရှိသောပုံစံ ပေါ်လွင်နေသည်။
“ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်လား။”
“ဟက်ဟက်၊ မစိုးရိမ်ပါနဲ့။ ငါသေဆုံးသွားတာ ကြာပီ။ ဒါက ငါချန်ထားခဲ့တဲ့ ယွမ်ဝိညာဉ်လေးပါ၊ ကျောက်အခေါင်းထဲမှာ ပိတ်မိနေခဲ့တာ။ မင်းသာကျောက်အခေါင်းကို အမှုန့်မချေခဲ့ရင် ငါပေါ်လာနိုင်မှာမဟုတ်ဘူး” ကျက်သရေရှိသောယောက်ျားက အပြုံးလေးဖြင့် ပြောလိုက်သည်။
“အရှက်မရှိ ယုတ်မာတဲ့လူအိုကြီး၊ ဒီလိုမျိုးလေ့ကျင့်မှုနည်းလမ်းကို အသုံးပြုဖို့ ချန်ထားခဲ့တယ်ပေါ့” လင်းချင်းကျူက ကျိန်ဆဲလိုက်မိသည်။
ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်- “ယောက်ျားနှင့်မိန်းမကြားက ကိစ္စက သဘာဝအတိုင်းပဲ၊ ကောင်းကင်နဲ့မြေကြီး ယင်နဲ့ယန်ရဲ့ သဘောတရားနဲ့ ကိုက်ညီတယ်။ ဒါကို အရှက်မရှိဘူးလို့ ဘယ်ခေါ်လို့မရလဲ၊ လူနှစ်ယောက်က ချစ်ခြင်းမေတ္တာနဲ့ အတူတူလေ့ကျင့်ကြမယ်ဆိုရင် ပိုကောင်းမှာ။”
“ဖူးး”
နှစ်ယောက်စလုံး ငြင်းခုန်နေကြရင်းမှ
ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင် “မင်းက သူ့ကို ကောင်းကောင်းမဆက်ဆံဘူးဘဲ”
“ငါဒီဟာကို ချန်ထားခဲ့တာက လူတွေကို ဒုက္ခပေးဖို့မဟုတ်ဘူး၊ လူတွေကို အတူတူ စည်းစိမ် အထွတ်အထိတ်ကို ခံစားနိုင်ဖို့ဘဲ”
“လူငယ်လေး၊ ဒီတစ်ခါတော့ မင်းကံကောင်းသွားတယ်။ ဒီလိုမျိုး အတုမရှိတဲ့ အလှတရား၊ ငါငယ်ငယ်တုန်းကတောင် မမြင်ဖူးခဲ့ဘူး။ နောက်ပိုင်းမှာ မင်းသူ့ကို ကောင်းကောင်းဆက်ဆံရမယ်။”
လင်းချင်းကျူ မခုခံနိုင်မှီ ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်က သူ၏လက်ချောင်းကို လှုပ်ရှားလိုက်ပြီး အားကောင်းသော စွမ်းအင်တစ်ခုက သူမကို ထိန်းချုပ်လိုက်သည်။
“မင်းက ငါ့အကြောင်း ကောင်းကောင်း နားလည်တဲ့ ကောင်လေးဘဲ ဒီချစ်ခြင်းမေတ္တာအခွင့်အရေးကို မင်းကိုပေးရတာ သိပ်မဆိုးပါဘူး”
သူက ဝူယွမ်ကို နက်ရှိုင်းတဲ့အဓိပ္ပာယ်နှင့် စိာက်ကြည့်လိုက်သည်။ သူဘာမှမပြောခဲ့ပေမယ့်၊ ဝူယွမ်က သူ့အကြည့်ကနေ အရာအားလုံးကို ပြောခဲ့လိုက်သကဲ့သို့ ခံစားနေရသည်။
စိတ်ချင်းဆက်နေသောသူများက အကြည့်တစ်ချက်နှင့်ပင် တစ်ဦးကိုတစ်ကို နားလည်နေသည့် အတိုင်းပင်။
“ဟက်ဟက်၊ မင်းက ငါ့ရဲ့ ယင်နဲ့ယန် ကြာပန်းပွင့်ကို သိမ်းဆည်းနိုင်ခဲ့တာဘဲ နှစ်ပေါင်းများစွာကြာပြီးနောက် ဒီကြာပန်း ရင့်မှည့်သွားလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး။ ငါ့အတွက်စိုက်ခဲ့ပေမဲ့ ငါမသုံးလိုက်ရဘူး ငါကံမကောင်းခဲ့တာဘဲ၊ ဒါပေမဲ့ ဒါကမင်းတို့ ချစ်သူနှစ်ယောက်ကို တကယ်ဘဲအကျိုးကျေးဇူးဖြစ်စေလိမ့်မယ်။”
ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်သည် ဝူယွမ့် ခါးပေါ်ရှိ သိုလှောင်အိတ်များထဲမှ တစ်ခုကို ညွှန်ပြလိုက်သည်။
“ထုတ်လိုက်ပါ။ ငါ့အတင်းအကျပ် လုပ်ရအောင်မလုပ်နဲ့၊ မဟုတ်ရင် ငါမင်းရဲ့ ဝိညာဉ်စွမ်းအင်ကိို ထိန်းချုပ်ရလိမ့်မယ်”
ဝူယွမ်က မတတ်သာသည့်ဟန်ဆောင်ကာ ထိုသိုလှောင်အိတ်ကို ချွတ်ပြီး ကြီးမားသော အဖြူနှင့်အမည်းရောင် ကြာပန်းတစ်ခုကို ထုတ်လိုက်သည်၊ ထိုကြာပန်းကြီးက လင်းချင်းကျူ၏အပြာရောင်ကြာပန်းထက် ပိုကြီးမားသည်။
ကြီးမားသော ကြာပန်းကြီးက မြေပြင်ပေါ်တွင် တည်ငြိမ်စွာ လှည့်ပတ်နေပြီး အဝိုင်းပုံသဏ္ဍာန် အမည်းနှင့်အဖြူရောင် ကြာစေ့နှစ်ခုက ကြာပန်းထဲမှ ထွက်လာကာ ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်က ဖမ်းယူလိုက်သည်။
သူစွမ်းအင်ဖြင့် ထိန်းချုပ်ထားသော ဝူယွမ်နှင့် လင်းချင်းကျူတို့သည် ချောမွေ့၊ သန့်ရှင်းပြီး ကြီးမားလှပသော ကြာပန်းပေါ်သို့ ရောက်ရှိလာကြကာ ကြာစေ့နှစ်ခုသည် ဝူယွမ်နှင့် လင်းချင်းကျူတို့၏ ပါးစပ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
“နင်တို့... နင်တို့အားလုံး...”
လင်းချင်းကျူ၏ မျက်နှာနီမြန်းသွားပြီး ဝူယွမ်နှင့် ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်ကို ကြည့်ကာ ရှက်ရွံ့သဖြင့် စကားဆက်မပြောနိုင်တော့ပေ။
သူမက ယင်ယန်အမွှာ ကြာပန်းအကြောင်းကို သေချာပေါက်သိထားသည်။
သူမလိုလူက ယင်ယန် ကြာစေ့ရဲ့ အကျိုးသက်ရောက်မှုကို မသိဘဲနေမည်လား။
လင်းချင်းကျူက သူမ၏ကံကြမ္မာကိုပင် ကြိုတွေးမိနေခဲ့သည်။... “လူငယ်လေး၊ မင်းက တကယ်ပဲ ငါ့ပစ္စည်းအားလုံးကို ရသွားပြီ။ မင်းလုပ်ရပ်တွေက အတော်လေး ကျေနပ်စရာကောင်းတယ်ဆိုတာ ငါမြင်တယ်၊ ငါကလည်း ငါ့ရဲ့အမွေအနှစ်ကိုပါ အဆုံးထိ ပေးမယ်။”
ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်သည် ဝူယွမ်၏ခါးကို ကြည့်လိုက်ပြီး၊ ချမ်းသာသောသူတစ်ဦးကဲ့သို့ စကြဝဠာအိတ်များဖြင့် ပြည့်နှက်နေသည့် ဝူယွမ်က အနည်းငယ် ရှက်ရွံ့သွားသည်။
ထို့နောက်သူက ဝူယွမ်၏စိတ်ထဲသို့ စွမ်းအင်လုံးတစ်ခု ထည့်သွင်းလိုက်သည်။
ထိုအချိန်တွင်၊ သူ၏မှော်ဆန်သောပုံရိပ်ကလည်း တဖြည်းဖြည်းပိုမှေးမှိန်လာခဲ့သည်။
“သေပြီးနောက်မှာတောင် လူတွေကို အတူတူပြီးမြောက်အောင် လုပ်နိုင်သေးတယ်၊ ဘယ်လောက်တောင် ပျော်ရွှင်စရာကောင်းလိုက်သလဲ။ အဆုံးထိ ကူညီဖို့အတွက် ငါ့ရဲ့ဒီနောက်ဆုံးစွမ်းအားနဲ့ မီးနည်းနည်းထပ်ထည့်မယ်၊ လူငယ်လေး ငါ့အမွေအနှစ်ကို သေချာလေး လက်ခံအသုံးချပါ။”
ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင် ပြောပြီးနောက်၊ သူ၏မှော်ဆန်သောပုံရိပ်က ပျောက်ကွယ်သွားပြီး ပန်းရောင် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ ဝူယွမ်နှင့် လင်းချင်းကျူတို့ကို ဝိုင်းရံထားလိုက်သည်။
ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင် ပြောက်ကွယ်သွားသည်နှင့် ဝူယွမ်နှင့် လင်းချင်းကျူတို့ကို ထိန်းချုပ်ထားသော စွမ်းအားသည်လည်း ပျောက်ကွယ်သွားသည်။
နှစ်ယောက်စလုံး နောက်ဆုံးတွင် သူတို့စိတ်တိုင်းကြ ပြန်လည်လှုပ်ရှားနိုင်ပြီဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်များ ပြေလျော့သွားပြီး၊ အကျောဆန့်ကာ အသက်ပျင်းပျင်းတစ်ချက် ရှုလိုက်မိသည်နှင့် သိပ်သည်းသော ပန်းရောင်စွမ်းအင်သည် ချက်ချင်းဘဲ သူတို့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုစွမ်းအင်သည် ယင်နှင့်ယန် နှစ်မွှာကျင့်ကြံသူများမှ ဖွဲ့စည်းထားသော ချစ်ခြင်းမေတ္တာဆေးတစ်မျိုးဖြစ်ပြီး၊ ယင်နှင့်ယန် ပေါင်းစည်းခြင်းဖြင့်သာ ဖြေရှင်းနိုင်သည်။
အခုအချိန်တွင် လင်းချင်းကျူ၏ ခန္ဓာကိုယ်ထဲ စွမ်းအင်သုံးမျိုးဖြင့် ပြည့်နှက်နေသည်။
နိဗ္ဗာန်နှလုံးသား၏စွမ်းအင်၊
ယင်ကြာစေ့၏စွမ်းအင်၊
ချစ်ခြင်းမေတ္တာဆေး၏စွမ်းအင်။
စွမ်းအားသုံးမျိုးစလုံးက လင်းချင်းကျူ၏ ကိုယ်အတွင်းပိုင်းရှိ မူလယင်စွမ်းအားကို ဆက်တိုက် နှိုးဆွနေသည်။
သူမသည် ယခုအချိန်တွင် မယုံနိုင်လောက်အောင် အေးခဲနေသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။
ထိုအေးခဲမှုသည် သူမ၏နှလုံးသားအတွင်းပိုင်းမှ ထွက်လာခြင်းဖြစ်ကာ သူမ၏ခန္ဓာကိုယ် တစ်လျှောက်လုံးကနေ မျက်နှာပြင်အထိ ပျံ့နှံ့သွားသည်။
သူမက အပူကို အလွန်အမင်း လိုချင်လာခဲ့သည်။
အလွန်အမင်း တောင့်တမှု။
စန္ဒမပြည့်ပါကသေတော့မည်ကဲ့သို့။
တစ်ဖက်မှ ဝူယွမ်ကလည်း ယန်ကြာစေ့၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးဖြစ်ပြီး၊ သူ၏ယွမ်စွမ်းအင်က ပူပြင်းတောက်လောက်နေပြီး ချော်ရေပူများစီးဆင်း နေသကဲ့သို့ခန္ဓာကိုယ်တစ်လျှောက်စီးဆင်းနေခဲ့ပြီး မီးလောင်ကျွမ်းတော့မည့်အလား ခံစားနေရသည်။
သူ၏ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ပူနေပြီး၊ သူ၏နှုတ်ခမ်းများ ကွဲအက်နေကာ စိုထိုင်းမှုကို အလွန်အမင်း တောင့်တနေသည်။
စန္ဒမပြည့်ပါကသေတော့မည်ကဲ့သို့။
ခြောက်သွေ့ပြင်းထန်သောမီး၊ အေးခဲသောအနှစ်သာရ၏ ပေါင်းစပ်မှု။
ဝူယွမ်က ကြားပန်း၏ အမည်းရောင်ဘက်ခြမ်းတွင် ထိုင်နေပြီး၊ လင်းချင်းကျူကတော့ အဖြူရောင်ဘက်ခြမ်းတွင် ထိုင်နေခဲ့သည်။
သူတို့နှစ်ယောက်၏မျက်လုံးများ ရုတ်တရက် ထိတ်တိုက်တွေ့ဆုံသွားပြီး လေထဲရှိ ပြင်းထန်သော ယင်နှင့်ယန် စွမ်းအားသည် ယခုပင် ပေါင်းစပ်နေသကဲ့သို့ သူတို့၏အကြည့်များမှ လျှပ်စီးများပင်ထတော့မတတ်ဖြစ်နေသည်။
သူတို့၏မျက်လုံးများက ပိုမိုနီးကပ်လာပြီး... မြင်ကွင်းများသည်လည်း ပိုမှေးမှိန်လာသည်... ဝူယွမ်က ရုတ်တရက် သူ၏လက်ကို ဆန့်တန်းကာ ပိုးစာပင့်ကူအိမ်ကဲ့သို့ ပါးလွှာသော ပုလွှာကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်နှင့် အံ့ဖွယ်အလှတရားတစ်ခု ပေါ်လွင်လာသည်။
ကျောက်စိမ်းကဲ့သို့ အလှတရား၊ နိုင်ငံတွေကိုတောင် အချင်းချင်းစစ်ဖြစ်နိုင်သည့်အလှတရား၊
အမြင်များမှုန်ဝါးလာသော်လည်း ဝူယွမ်က ထိုပြီးပြည့်စုံသောမျက်နှာကို တစ်စိမ့်စိမ့် ကြည့်ရှုလိုစိတ်များဖြစ်ပေါ်နေသည်။
မူလကဖြူဖွေးနူးညံ့သော သူမ၏မျက်နှာသည် ယခုအခါ ယစ်မူးနေသကဲ့သို့ နီရဲနေပြီး၊ တစ်ချက် နမ်းလိုက်ရုံဖြင့် အရည်ပျော်သွားနိုင်သည်။
“ငါ့ကိုမထိနဲ့၊ မင်းကိုငါသတ်မယ်၊ မင်းကိုငါသတ်မယ်၊ မင်းကိုငါသတ်မယ်...”
လင်းချင်းကျူ၏နှုတ်ခမ်းများလှုပ်ရှားသွားကာ၊ မသိစိတ်ဖြင့် အော်ဟစ်နေသည်။ ဤအချိန်တွင်၊ သူမ၏အရိုးအတွင်းမှပင် ထိုမြင့်မြတ်သောစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းထားပြီး၊ အတင်းအကျပ် လုပ်ခံရခြင်းကို မနှစ်သက်သကဲ့သို့ အော်ဟစ် နေသည်။
သို့သော် ထိူအသံသည် အခုအချိန်တွင် ခြိမ်းခြောက်မှုအတွက် အကျိုးသက်ရောက်မှု မရှိသလောက်ဖြစ်ပြီး၊ ဝူယွမ်၏သိမ်းပိုက်လိုသော ဆန္ဒကို ပိုမိုမြှင့်တင်ပေးလိုက်သလိုဖြစ်နေသည်။
ထို့အပြင်၊ လင်းချင်းကျူက စကားပြောနေရင်း၊ ဝူယွမ်ဆီသို့ ချဥ်းကပ်လာလေသည်။
သူမသည်သူမကိုယ်သူမ လုံးဝထိန်းချုပ်နိုင် တော့ခြင်းမရှိပေ။
ဝူယွမ်က စတင်သူမဟုတ်ဘဲ၊ သူမက သူမ၏နှုတ်ခမ်းများကို ပထမဆုံး လှုပ်ရှားလိုက်သူဖြစ်သည်။
သူမ၏အေးခဲနေသော နှုတ်ခမ်းနုနုလေးသည် နောက်ဆုံးတွင် မီးလောင်ကျွမ်းလုနီးပါးဖြစ်နေသော နှုတ်ခမ်းနှင့် ထိပ်တိုက်တွေ့သွားသည်။
ထိုအထိအတွေ့က သဲကန္တာရထဲသို့ ပစ်ချလိုက်သော ရေအရင်းအမြစ်တစ်ခုနှင့် တူညီသည်။
ခြောက်သွေ့နေရာမှ ဆက်လက်စုပ်ယူသည်၊ အတင်းအကျပ်စုပ်ယူသည်၊ အရူးအမူးစုပ်ယူသည်။
ပန်းရောင်အလင်းအကာအရံထဲတွင်၊ မှေးမှိန်နေသောပုံရိပ်နှစ်ခုသည် နှုတ်ခမ်းချင်း တိုက်ခိုက်နေသကဲ့သို့ အချင်းချင်း အရူးအမူးစုပ်ယူနေကြပြီး တံတွေးများက အဟာရများ ဖြစ်နေသည့်ဟန်ဖြင့် ဆွဲကပ်စုပ်ယူပြီးရင်း စုပ်ယူနေသည်... သူတို့က အတွင်းပိုင်းတွင် အပြင်းအထန်တိုက်ခိုက်နေစဉ်၊ အပြင်ဘက်တွင်လည်း လင်းလန်တျန်တို့သုံးယောက် ဝူယွမ်လက်ချက်ဖြင့် ဒုက္ခကို လှလှနဲ့ပေါင်းပြီး တွေ့နေပီဖြစ်သည်။
လင်းလန်တျန်းနှင့် အခြားနှစ်ဦးက မီးလျှံများထဲတွင် အချိန်အတော်ကြာသည်အထိ လောင်ကျွမ်းခံခဲ့ရသည်။ များပြားလှသော လျှို့ဝှက်လက်နက် ရတနာများပိုင်ဆိုင်ထားသောကြောင့်သာ သူတို့အခုထိ မသေသေးခြင်း ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်တစ်၀က်လောက် လောင်ကျွမ်းသွားသည့်အခါ ချက်ချင်းဆုပ်ခွါလာကြသည်။
သူတို့သုံးဦးစလုံးက မီးရှို့ခံထားရသကဲ့သို့ဖြစ်နေပြီး၊ အရေပြားများ ဆိုးရွားစွာ ပျက်စီးနေသည်။
လင်းလန်တျန်းသည် သဏ္ဍာန်ပြောင်းချင်း အလယ်အလတ်အဆင့် ဖြစ်သဖြင့် ဆိုးဆိုးရွားရွား ဖြစ်မနေပေ။
ချင်းရှီသည်လည်း အလယ်အလတ်အဆင့်မှာဖြစ်ပြီး လင်းလန်တျန်းနှင့် အခြေအနေခြင်းသိပ်မကွာပေ။
အဆင့်အနိမ့်ဆုံးဖြစ်သည့် ဝမ်ယန်ကတော့ သွေးထွက်သံယိုဖြစ်နေပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး အပြုတ်ခံထားရသည့်ပုံစံဖြစ်နေသည်။
အဆိုးဆုံးမှာ ချင်းရှီ ယူဆောင်လာသော သူ၏ ဓားဖြစ်ပြီး၊ ချက်ပြုတ်ပြီးစီးသွားသဖြင့် စားရန်အသင့်ဖြစ်နေသကဲ့သို့ပင် ဓားကိုယ်ထည်၏ ထက်၀က်လောက် အရည်ပျော်ကြနေပီဖြစ်သည်။
သူတို့သည် ပြင်းထန်သော မီးလျှံများကို ကြည့်ရင်း ပူလောင်နေသော ခန္ဓာကိုယ်များ တုန်ခါသွားသည်။
သုံးယောက်စလုံး သူတို့၏သိုလှောင်အိတ်ထဲမှ မတူညီသော ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများကို ထုတ်ယူကာ တစ်ပြိုင်နက် မျိုချလိုက်သည်။
ယွမ်စွမ်းအင် အနည်းငယ်ပြန်လည်ရရှိလာပြီးနောက်၊ သုံးဦးစလုံး ရှေ့ဆက်မတိုးရဲတော့ပေ။
သူတို့က အခုအချိန်တွက် ကောင်းစွာကုသရန် လိုနေသည်။
ထိုမီးလျှံများသည် သာမန်မီးလျှံများမဟုတ်ပေ။ သူတို့အားလုံးက သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း၊ ပြန်ကောင်းဖို့ရာ အချိန်တစ်ခုပေးရပေလိမ့်မည်။
အပြင်ဘက်ရှိ လမ်းကြောင်းများနှင့် သင်္ချိုင်းအခန်းများတွင်၊ လူအတော်များများ ရှာဖွေနေဆဲဖြစ်ပြီး၊ ဒီအတိုင်း စွန့်လွှတ်လိုက်ရန် မလိုလားဘဲ၊ အမြဲတမ်း တစ်ခုခုကိုရှာတွေ့ရန် မျှော်လင့်နေကြသည်။
ရှာဖွေနေရင်း သူတို့က လင်းလန်တျန်းနှင့် အခြားနှစ်ဦးက မျက်နှာများကိုဖုံးအုပ်ထားပြီး ရှက်ရွံ့ဖွယ်ရာအခြေအနေဖြင့် ပျံသန်းထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်။
“အစ်ကိုကြီးလင်းလန်တျန်း”
“အစ်ကိုကြီးဝမ်ယန်”
“အစ်ကိုကြီးချင်းရှီ”
မိသားစုကြီးသုံးခုမှ လူများက သူတို့ကို မြင်လိုက်ရပြီး အော်ဟစ်နှုတ်ဆက်လိုက်ကြသော်လည်း သူတို့သုံးဦးသည် ရပ်ပြီးပြန်ဖြေရန် ရှက်ရွံ့လွန်ူသဖြင့်၊ ယွမ်စွမ်းအင်ကို အရာဝတ္ထုများအဖြစ်သို့ ပြောင်းလဲကာ အမြန်ပျံသန်းထွက်ပြေးသွားခဲ့သည်။
မိသားစုသုံးခုမှ လူများအားလုံး စိတ်ရှုပ်ထွေးနေသော်လည်း၊ သူတို့၏မျိုးဆက်ခေါင်းဆောင်ငယ်များ ထွက်ခွာသွားသည်ကို မြင်ပြီး သူတို့လည်း ရှေးဟောင်းသင်္ချိုင်းဂူမှ ထွက်ခွာလာကြသည်။
မိသားစုကြီးသုံးစု ထွက်ခွာသွားသဖြင့် နာရီပေါင်းများစွာ ရှာဖွေပြီးတာတောင် ဘာမျှမတွေ့ရှိသေးသူများသည်လည်း သူတို့အတိုင်း ရှေးဟောင်းသင်္ချိုင်းဂူမှ ထွက်ခွာသွားကြသည်။
ရှေးဟောင်းသင်္ချိုင်းဂူအ၀ ရောက်သည်နှင့် လူများအားလုံး ပြန်လှည့်ကြည့်ကာ ရှေးဟောင်းသင်္ချိုင်းဂူကို တံတွေးထွေးခဲ့ကြပြီး၊ သူတို့ကို လှည့်စားခဲ့တဲ့ ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်၏ ဘိုးဘေးများကို မျိုးဆက်ဆယ်ဆက်တိုင်အောင် ထပ်မံကျိန်ဆဲခဲ့ကြသည်။
“ဒီမှာ ဘာမှမရှိဘူး။ ဒါနဲ့များ ဘာလို့ ဒီလောက်ကြီးတဲ့ နန်းတော်ကြီးကို အလကားတည်ဆောက်ထားခဲ့တာလဲ”
“သောက်အဖိုးကြီး၊ သေပြီးရင်တောင် ပြန်လည်မွေးဖွားခြင်းမရှိပါစေနဲ့။”
“မင်းရဲ့ နိဗ္ဗာန်အဆင့် ရှေးဟောင်းမိသားစုတစ်ခုလုံးကို ငါကျိန်ဆဲတယ်။”
...လူများသည် စိတ်ပျက်စွာဖြင့် ထွက်ခွာသွားကြသည်။
ဤလူများ ထွက်ခွာသွားပြီးနောက်၊
တျန်းယန်းတောင်တန်းဒေသရှိ ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်၏ ဆင်းရဲမှုဂုဏ်သတင်းသည် သမိုင်းတွင် အဆင်းရဲဆုံး နိဗ္ဗာန်အဆင့် ကျင့်ကြံသူအဖြစ် ပျံ့နှံ့သွားမည်ဖြစ်ပြီး၊ သေဆုံးပြီးနောက် နှစ်ပေါင်း တစ်သောင်းတိုင်အောင် ဂုဏ်သတင်းဆိုးဖြင့် ကျော်ကြားသွားမည်ဖြစ်သည်။
တစ်ယောက်တည်းသောသူသာ ရှေးဟောင်းသင်္ချိုင်းဂူပိုင်ရှင်၏ ကျေးဇူးတရားကို သတိရနေလိမ့်မည်ဖြစ်သည်။
“အစ်ကိုကြီး ၊သူဘာလို့ မထွက်လာသေးတာလဲ။”
လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီး ရှေးဟောင်းသင်္ချိုင်းဂူသည် ပိုပိုခြောက်ကပ်လာပေမဲ့ လင်းတုန်ကတော့ သူ၏ ကျားနှစ်ကောင်နှင့်အတူ စောင့်ဆိုင်းနေခဲ့သည်။
“လင်းတုန်၊ နင်အခုထိ မသွားသေးဘူးလား။”
လင်းခဲ့အာက ရုတ်တရက် သူ့ဆီရောက်လာပြီး မေးမြန်းလိုက်သည်။
“အိုး၊ ကျွန်တော် အလျှင်မလိုသေးပါဘူး” လင်းတုန်က မယုတ်မလွန် ပြန်ဖြေလိုက်သည်။
သူက လင်းမိသားစုဝင်များနှင့် �တစ်ရင်းတစ်နှီး ဆက်ဆံရန် မလိုလားပေ။ သူနှင့် သူ၏အစ်ကိုကြီး ရှေးဟောင်းသင်္ချိုင်းဂူကို လုယက်ခဲ့သည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်မိမည်ကို စိုးရိမ်နေသည်။
“ဟက်ဟက်၊ ဒီရှေးဟောင်းသင်္ချိုင်းဂူကြီးက အခွံသက်သက်ပဲ။ မင်းက တကယ်ပဲ တစ်ခုခုကိုရှာတွေ့ချင်နေတာလား။ မင်းလိုချင်ရင်တော့ ဝင်ပေါက်က ကျောက်ခြင်္သေ့ကြီးနှစ်ကောင်ကို မ လာလိုက်လေ။ ဒါဆိုရင် ယွမ်ကျောက်တုံးတွေနဲ့ လဲလှယ်လို့ရတယ်။”
ရဲချန်က သရော်လိုက်သည်။
သူက ထိုမိသားစုအခွဲမှလူက လောကကြီးကို မမြင်ဖူးဘဲ ဈေးဆစ်ရန် ကြိုးစားနေသည်ဟု ခံစားရသည်။
“မင်းဆက်ပြောနေရင်၊ မင်းပါးစပ်ကို ငါပိတ်ပေးမယ်”
လင်းတုန်၏မျက်လုံးများ ကျဉ်းသွားပြီး ရဲချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
ပိုင်ယွမ်နှင့် ရှောင်ယန်းတို့သည်လည်း ရှေ့တက်လာပြီး ရဲချန်ကို စိုက်ကြည့်လိုက်ကြသည်။
အားကောင်းသော အကြည့်သုံးခုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၊ ရဲချန်သည် သေခြင်းတရား၏ ဖိအားကို ခံစားလိုက်ရသည်၊ သူတံတွေး မျိုချလိုက်မိပြီး ဆက်မပြောရဲတော့ပေ။
လင်းခဲ့အာက အဆောင်သခင်တစ်ဦးဖြစ်ပြီး၊ သူတို့သုံးဦး၏စွမ်းအင်ပြောင်းလဲမှုကို သတိထားမိခဲ့သည်။ အထူးသဖြင့် ပိုင်ယွမ်၏စွမ်းအင်သည် အခုအချိန်တွင် သဏ္ဍာန်ပြောင်းအဆင့်နှင့် ယှဉ်နိုင်နေပီဖြစ်သည်။ သူမက သူမ၏စွမ်းအားကို ထိန်းချုပ်ထားသော်လည်း၊ ထိုကြီးမားသော စွမ်းအင်ကို လုံးဝမဖုံးကွယ်ထားနိုင်ပေ။
လင်းခဲ့အာ၏ စိတ်ထဲတွင် သံသယတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်တွင်
“ခဲ့အာလာတော့ သိပ်မကြာခင် မှောင်တော့မယ်”
အကြီးအကဲဒေါင်က လင်းခဲ့အာကို ခေါ်ပြီးထွက်လာခဲ့သည်။
“အစ်ကိုကြီး တစ်နေ့လုံး အတွင်းထဲမှာပဲနေခဲ့တယ်။ သူဘာလုပ်နေတာလဲ။ မကောင်းတာတစ်ခုခု ဖြစ်နေတာတော့ မဟုတ်ဘူးမလား” း ကောင်းကင်ကိုမော့ကြည့်ရင်း လင်းတုန်က ဝူယွမ်ကိုစိုးရိမ်မိသည်။
ထိုအချိန်တွင်၊ သူ့နောက်ရှိ လမ်းကြောင်းထဲမှ အလျှင်စလို အော်ဟစ်သံတစ်ခု ကြားလိုက်ရသည်။
“ညီလေး၊ ပိုင်ယွမ်နဲ့ရှောင်ယန်း မြန်မြန်”
ပိုင်ယွမ်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
လင်းတုန် နောက်လှည့်ကြည့်လိုက် သောအခါ သူ၏အစ်ကိုကြီးက ဆံပင်ဖရိုဖရဲဖြင့် လီဟော်ဓားကိုစီးရင်း နောက်မှ မကောင်းဆိုးဝါးတစ်ကောင် လိုက်နေသကဲ့သို့ မြန်မြန်ပျံသန်းလာတာကို တွေ့လိုက်ရသည်။
“အစ်ကိုကြီး၊ ဘာဖြစ်လာတာလဲ” လင်းတုန်က စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
“ရှင်းပြဖို့ အချိန်မရှိဘူး၊ မြန်မြန်”
လင်းတုန်တို့နားရောက်သည်နှင့် ဝူယွမ်က ပိုင်ယွမ်၏ကျောပေါ်သို့ ချက်ချင်း တက်စီးလိုက်သည်။
“ပြေး”
ပိုင်ယွမ်က အဖြူရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ စွမ်းအားအပြည့်ဖြင့် တောင်ထိပ်မှ အမြန်ထွက်ပြေးသွားသည်။
လင်းတုန်နှင့် ရှောင်ယန်းတို့သည်လည်း ပိုင်ယွမ်နောက်မှ ချက်ချင်းလိုက်လာကြသည်။
ယောက်ျားနှစ်ယောက်နှင့် ကျားနှစ်ကောင် ထွက်ခွာပြီးမကြာမီ၊ အပြာရောင်ကြာပန်းပွင့်ဖက်များက ပိုင်ယွမ် ရပ်နေခဲ့သောနေရာသို့ ထိုးစိုက်သွားကာ အားကောင်းသော ယွမ်စွမ်းအငိ လှိုင်းများထွက်လာပြီး၊ ထိုနေရာရှိ မြေပြင်သည် ချက်ချင်း အက်ကြောင်းတစ်ခုအဖြစ် ကွဲထွက်သွားသည်။
မူလက ချောမွေ့နေသော မြေပြင်တစ်ခုလုံး ပွင့်ဖက်ကြလာသည်နှင့် ကွဲထွက်သွားခဲ့သည်။