← Chapters

လင်းချင်းကျူလိုက်လံတိုက်ခိုက်ခြင်း

Vol. 8 Ch. 75

လင်းချင်းကျူလိုက်လံတိုက်ခိုက်ခြင်း

Vol. 8 Ch. 75

လင်းချင်းကျူ၏ စွမ်းအားဖြင့်ဆို ဝူယွမ်ကိုချက်ချင်း လိုက်မှီနိုင်ပြီး၊ ဝူယွန်သင်္ချိုင်းခန်းမထဲမှ ထွက်လာနိုင်မည်မဟုတ်ပေ။

သို့သော််... သူမက သူမ၏ပုံရိပ်ကို ထိန်းသိမ်းရန် လိုအပ်နေသေးသည်။ ထို သင်္ချိုင်းခန်းမ အတွင်း ရှိစဉ်က...

ဝူယွမ်က ပြီးသည်နှင့် မတ်တတ်ထရပ်ပြီး ချက်ချင်း ပြေးသွားခဲ့သည်။

သူမမှာမူ သူမ၏ အဝတ်အစားများကို ပြင်ဆင်ရန် လိုအပ်နေဆဲပင်။

အခုအချိန်တွင် ဝူယွမ်က ပိုင်ယွင််ကို စီးလျက်၊ အဖြူရောင် မြားတစ်စင်းလေထဲတွင် ဖြတ်သန်းနေသကဲ့လို့ အလျှင်အမြန်ပြေးလွှားနေခဲ့သည်။

သဏ္ဍာန်ပြောင်းအဆင့် သို့ ရောက်ပြီးနောက်၊ ပိုင်ယွင််က လေထဲမှ လေသဘာ၀နှင့်သဏ္ဍာန် ကို အနည်းငယ် သဘောပေါက်နားလည်လာခဲ့သည်။

နဂါးတို့က မိုးတိမ်ကို လိုက်ပြီး၊ ကျားတို့က လေကို လိုက်တတ်သည်။

သဏ္ဍာန်ပြောင်းအဆင့် တက်သွားခြင်းကသူမ၏ အရှိန်ကို သိသိသာသာ မြန်ဆန်လာစေခဲ့သည်။

ရှောင်ယန်ပင် လိုက်မမှီတော့ပေ။

“ညီ‌ေလး၊ ခွဲပြေးကြမယ်။ မင်းတို့နှစ်ယောက် ယန်မြို့ကို အရင်ပြန်သွားလိုက်” ဝူယွမ်က ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်လိုက်သည်။

လင်းချင်းကျူ၏ စွမ်းအားက အလွန်ကြီးမားလွန်းပြီး အပြာရောင်ကြာပန်းကို စီးရင်း အမြန်လိုက်မိနိုင်သည်။

လင်းတုန်နှင့် ရှောင်ယန်တို့က လင်းချင်းကျူရှေ့တွင် ဘာမှအကူအညီမပေးနိုင်သလို လင်းချင်းကျူက သူ့ကို ခြိမ်းခြောက်ရန် သူတို့ကိုပင် ဖမ်းနိုင်သေးသည်။

မကောင်းဘူး။

ထို့အပြင် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည်များသည် အခြားသူများဖြင့် မျှဝေလို့ကောင်းသည့် အရာမဟုတ်ပေ။

သိသူများလာလေလေ၊ လင်းချင်းကျူ၏ သတ်ချင်စိတ်က ပြင်းထန်လာလေလေ ဖြစ်ပေလိမ့်မည်။

လင်းတုန်၏ မျက်နှာပေါ်တွင် ဝေခွဲရခက်သော အမူအရာမျိုးဖြစ်ပေါ်နေသည်။ အန္တာရယ် ကြုံတွေ့နေရသည့်အချိန်တို့ သူ့အစ်ကိုကြီးကို ထားခဲ့ပြီး ထွက်ပြေးဖို့ကို သူစိတ်မပါဖြစ်နေသဖြင့် ရှောင်တျောင်းက အကြံပေးလိုက်သည်- “မြန်မြန်သာပြေးပါ။ ဟက်ဟက်... မင်းအစ်ကိုကြီး ရန်စလာတဲ့ ကလေးမက စွမ်းအားကြီးလွန်းတယ် မင်းတို့ ဝင်ရောက်စွက်ဖက်လို့ မရဘူး။ မင်းအစ်ကိုကြီးနဲ့အတူ ရှိနေရင် သူ့ကိုပို ဒုက္ခရောက်စေတာဘဲရှိမယ်”

လင်းချင်းကျူ လိုက်မိလုနီးပါးဖြစ်နေသည်ကို မြင်လိုက်ပြီး လင်းတုန်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်- “အစ်ကိုကြီး၊ ဒါဖြင့် သတိထားနော်။”

သူက ရှောင်ယန်ကို စီးလျက် ချက်ချင်းလမ်းကြောင်းပြောင်းကာ ထွက်ပြေးခဲ့သည်။

လင်းတုန် ထွက်သွားသည်နှင့် လင်းချင်းကျူက လိုက်မှီလာခဲ့သည်။ သူမက လင်းတုန်ဘက် တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။ သူမ၏ လူအများ အာရုံကိုဖမ်းစားနိုင်သော မျက်လုံးများက အေးစက်မှုဖြင့် ပြည့်နှက်နေသည်။ သူမက အပြာရောင်ကြာပန်းကို သုံးပြီး ဝူယွမ်နောက်ကို ဆက်တိုက်‌လိုက်နေသည်။

ထိုအချိန်၌ လင်းချင်းကျူ၏ စိတ်ထဲတွင် ဒေါသတကြီး သတ်ချင်စိတ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ဝူယွမ် တစ်စက္ကန့်လောက် ရပ်လိုက်မိလျှင်ပင်၊ သူမ၏ ပွင့်ဖက် များက သူ့ရင်ဘတ်ကို ထိုးဖောက်သွားနိုင်သည်။

ဒေါသထွက်နေသည့်အချိန်ဖြစ်၍၊ သူမ၏ သတ်ချင်စိတ်သည်လည်း ပြင်းထန်နေခဲ့သည်။

ဝူယွမ်၏ ပုံရိပ်ကို မြင်လိုက်ရတိုင်း၊ သူမသည် သူ သူမ၏အပေါ် ပြုမူခဲ့သည့် ရိုင်းစိုင်း ရဲရင့်လွန်းသည့် လုပ်ရပ်များကို ပြန်သတိရနေသည်။

ဂူသင်္ချိုင်းခန်းမအတွင်း၌ ကုန်ဆုံးခဲ့သည့် နာရီပေါင်းများစွာသည် သူမ ဘဝတစ်လျှောက်လုံး အတွက် တစ်သက်သာ မေ့မရနိုင်သော အမှတ်တရနှင့် ကြီးမားသော အရိပ်ဆိုးကြီးတစ်ခုဖြစ်လာနိုင်သည်။

ကိုးကောင်းကင်တိုင်ချင်းနန်း‌တော်၏ သန့်ရှင်းစင်ကြယ်သော နတ်မိမယ်ဖြစ်သည့် သူမက၊ ထိုဗလာနေသော ဂူသင်္ချိုင်းခန်းမအတွင်း၌ မည်သည့်အရှက်တကွဲအကျိုးနည်းမှုများ ကြုံတွေ့ခဲ့ရသည်ကို ဘယ်သူမှ သိရှိကြမည် မဟုတ်ပေ။

နှစ်ပေါင်းများစွာ မွေးမြူခဲ့သည့် လင်းချင်းကျူ၏ ဂုဏ်သိက္ခာ၊ သာလွန်မှုနှင့် စင်ကြယ်မှုတို့သည်လည်း ဝူယွမ်ရှေ့မှောက်၌ လုံး၀ပျက်စီးကြေမွသွားခဲ့သည်။

ထို့ကြောင့် သူမသည် ဝူယွမ်ကို ရင်ဆိုင်ရန် လုံးဝ မဝံ့မရဲဖြစ်နေခဲ့သည်။

လက်ရှိ သူမကိုယ်သူမလည်း ရင်ဆိုင်ရန် မဝံ့မရဲဖြစ်နေခဲ့သည်။

သူမက စင်ကြယ်မှု မရှိတော့ပေ။

အခုအချိန်တွင် သူမ တစ်စုံတစ်ရာကို ခုတ်လှဲပစ်ရန် သာလို‌လားနေသည်။

“သူ ရူးသွားတာလား။ ငါ့နောက်ကို ဒီလောက် အပြင်းအထန် လိုက်နေတယ်၊ ငါ့ကို တစ်ကယ် သတ်ချင်နေတာလား”

ဝူယွမ် စိတ်ထဲ၌ ကျိန်ဆဲမိသွားသည်။

သူက နောက်ပြန်လှည့်ကာ အော်ဟစ်နားချလိုက်သည်- “နတ်မိမယ်ချင်းကျူ... ကျွန်တော်တို့နှစ်ဦးစလုံးက အတင်းအကျပ် လုပ်ခံခဲ့ရတာပါ။ အဆိုးဆုံးအနေနဲ့ ကျွန်တော် မင်းကိုအပြည့်အ၀တာ၀န်ယူပါ့မယ်၊ ဘာလို့ ဘာလို့ ဒီလောက် ဒေါသတကြီးလိုက်သတ်‌နေရတာလဲ”

“နတ်မိမယ် ချင်းကျူကို ကျွန်တော်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး၊ ကျွန်တော်လည်း နစ်နာသူပါဘဲ၊ လက်ညှိုးထိုးရမယ်ဆို လူအိုကြီးကိုဘဲ လက်ညှိုးထိုးပါ”

“ဘာမှလာရှင်းပြမနေနဲ့ ဒီနေ့ မင်းအသက်ကို ယူမယ်” လင်းချင်းကျူက ဝူယွမ်ကို စိုက်ကြည့်‌နေရင်း အေးစက်စက်ပြောလိုက်သည်။ သူမ၏ ကြည်လင်ပြတ်သားပြီး နားထောင်ကောင်းသည့် အသံသည် ဒိအချိန်တွင် ကြားရသူအတွက်တော့ အရိုးထဲထိအောင် အေးခဲသွားစေနိုင်သည်။

ဝူယွမ်က နောက်မှလာသည့် အလွန်ထူထဲသော သတ်ဖြတ်ချင်စိတ် အငွေ့အသတ်ကို ‌ခံစားနေရသည်။

“မင်းကို သတ်ပြီးရင် ကျောက်တိုင် စိုက်ပေးမယ်”

ပျော့ပျောင်းလှပနေသော ပန်းပွင့်ဖတ်များက ဆက်တိုက် လွင့်မျောလာပြီး ဝူယွမ်၏ နောက်ကို မရပ်မနား လိုက်နေခဲ့သည်။

ဝူယွမ် ပါးစပ်မှ ညည်းညူနေခဲ့သော်လည်း၊ သူဧ။ စိတ်ထဲတွင်တော့ တစ်စက်လေးမှ မကျေမနပ်ဖြစ်မနေခဲ့ပေယ

ပြန်လည်ဖြစ်ပျက်ခွင့်ရခဲ့လျှင်၊ အသက်သေရင်တောင် အသေခံရကျိုးနပ်သည်ဟု သူထင်သည်။

ဆိုရိုးစကားလည်းရှိသည် မဟုတ်လော- ကြာပန်းခင်းအောက်၌ သေခြင်းသည် ပါးနပ်သော တစ္ဆေ၀ိညာဉ်ဘဲဖြစ်သည်၊ လင်းချင်းကျူကဲ့သို့သော နတ်သမီးအတွက်ဆိုလျှင်တော့ ပို၍တောင်မှန်ပေသည်။

လင်းချင်းကျူက အမှန်စင်စစ် တစ်ကမ္ဘာလုံးမှာ အတုမရှိသောအလှမျိုးဖြင့် နတ်သမီးလေးဘဲ ဖြစ်သည်။

ဟုတ်ပေသည်။ လက်ရှိအချိန်တွင်တော့ အမြန်ထွက်ပြေးရန် လိုအပ်နေဆဲဖြစ်သည်။ လင်းချင်းကျူက ဒေါသထွက်နေသည့်အချိန်မလို့သာ အတင်းအကြပ်လိုက်‌နေခြင်းဖြစ်သည်၊ သူမ၏ မူလသဘောထားက အခုလို အကြောင်းမဲ့ သတ်ဖြတ်တတ်တဲ့ သူမျိုးမဟုတ်ပေ။

နောက်မှလာသည့် ပြင်းထန်သော သတ်ချင်စိတ်ကို ခံစားရသော်အခါ၊ သူ့အောက်မှ ပိုင်ယွမ်က နောက်တစ်ကြိမ် အရှိန်ထပ်မြှင့်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်ရှိ ကျားအမွေးများအားလုံး မှိန်သွားပြီး၊ ပိုင်ယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် အထူးအမှတ်အသားများ ပေါ်လာခဲ့သည်။

ပိုင်ယွင််၏ ပြင်းပြသော အသက်ရှင်ချင်စိတ်ကို မြင်ရသော်၊ ဝူယွမ်က ချက်ချင်း သူ၏စိတ်ကို ပြန်လည်စုစည်းလိုက်သည်။

သူ အသက်ရှင်ချင်နေဆဲပင်။ တစ်ကြိမ်တစ်ခါတည်းနဲ့ မလုံလောက်သေးပေ။ ဘဝတွင် ရည်မှန်းချက်ကြီးကြီး ရှိသင့်သည်။

“ဟုတ်တယ် ငါရူန်းတွေကို သုံးပြီး ပိုင်ယွမ်ကို ကူညီလို့ရတယ်”

ပိုင်ယွမ်၏ အမှတ်အသားများကို မြင်ရသောအခါ ဝူယွမ် အကြံရသွားသည်။

မူလရူန်း လျှို့ဝှက်ချက် ထဲတွင် မူလလေရူန်း ဟုခေါ်သည့် ရူန်းတစ်မျိုး ရှိသည်။

အချိန်ဆွဲမနေဘဲ၊ ဝူယွမ်က ချက်ချင်း သူ၏ ဝိညာဉ်စွမ်းအင် ကို အသုံးပြုပြီး ထိုရူန်းကို ရေးဆွဲလိုက်သည်။ အရင်က မူလရူန်းအမျိုးမျိုးကို ရေးဆွဲဖူးခဲ့သည့် အတွေ့အကြုံဖြင့်၊ သူက မြန်မြန်ဆန်ဆန် ရေးဆွဲအောင်မြင်ခဲ့သည်။

လေရူန်းက ပိုင်ယွမ့် နဖူးပေါ်တွင် စုစည်းသွားပြီး၊ မမြင်ရသည့် အားတစ်ခုက ပိုင်ယွမ်၏ ခန္ဓာကိုယ်ကို မြှောက်တင်လိုက်သကဲ့သို့ ပိုင်ယွမ်သည် သူ့ရှေ့ရှိ လေကိုခွင်းကာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ပိုင်ယွမ်က လေကဲ့သို့ ပြောင်းလဲသွားပြီး၊ ပိုမြန်ဆန်စွာ ပြေးနိုင်လာခဲ့သည်။

ပိုင်ယွင််၏ သွေးသားအတွင်း၌ လေရူန်းနှင့် ဆင်တူသည့် လေဆိုင်ရာ စည်းမျဉ်းစွမ်းအားများ ရှိပြီး။ မူလလေရူန်းသည် သူမ၏ လေနှင့်ပတ်သတ်သည့် ပါရမီကို ပိုမြန်မြန်ဆန်ဆန် သဘောပေါက်နားလည်စေပြီး လက်တွေ့အသုံးချနိုင်စေခဲ့သည်။

“သူ့မှာ ဒီလောက် အားကောင်းတဲ့ မကောင်းဆိုးဝါး ကျားရှိတယ်လား”

လင်းချင်းကျူက တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး၊ ပိုင်ယွမ်ကို ကြည့်ရင်း သူမ၏မျက်လုံးထဲတွင် အံ့အားသင့်မှုအနည်းငယ် ထွက်ပေါ်လာခဲ့သည်။

သို့သော််... သူမ၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ အပြာရောင်ကြာပန်းပွင့်ပေါ်၌ သူမ၏ ခြေထောက်နှစ်ချောင်းက တစ်ခုနှင့်တစ်ခု လှိမ်ယှက်နေပြီး၊ အလွန်ပင်သဘာဝမကျသည့်ပုံစံဖြင့် ရှိနေခဲ့သည်။

သူမ၏ အပြာရောင် စွမ်းအင် အလင်းတန်းများသည်လည်း ဂူသင်္ချိုင်းခန်းအထဲသို့ မဝင်မီကထက် ပိုအားပြင်းလာခဲ့သည်။

“ငါ့လက်ထဲကနေ မလွတ်စေရဘူး”

မရေမတွက်နိုင်သော ပန်းပွင့်ဖက်များက စုစည်းလာပြီး အပြာရောင် မြားတစ်စင်းအဖြစ်ပေါင်းစပ်သွားကာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ဝူယွမ်ဆီသို့ ပစ်လွှတ်လိုက်သည်။

စိမ်းပြာရောင်မြှား ကို ပစ်ခတ်လိုက်ပြီးနောက် လင်းချင်းကျူ၏ အေးချမ်းလှပသော မျက်လုံးထဲတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

လင်းချင်းကျူ ပစ်လိုက်သော စိမ်းပြာရောင် မြားနှင့် ရင်ဆိုင်ရသောအခါ သူ၏ ဝိညာဉ်စွမ်းအင်က အရူးမူးထွက်လာပြီး။

“နဂါးအသွင်ပြောင်း တံဆိပ်”

သူက မတွန့်ဆုတ်ဘဲ၊ သူ၏ အားအပြင်းဆုံး ဝိညာဉ်စွမ်းအင်ကို ထုတ်ပြလိုက်သည်။

နဂါးတံဆိပ်သည် မြန်ဆန်စွာ ပျံသန်းနေသော အပြာရောင် မြားနှင့် ထိတ်တိုက်တွေ့သွားခဲ့သည်။

“‌ဖောက်”

အဆင့်ငါးအဆောင်သခင်က ထုတ်လွှတ်လိုက်သည့် ဝိညာဉ်စွမ်းအင် နဂါးတံဆိပ်သည်ပင် သူမ၏ မြှားအောက်၌ အလွယ်တကူ စုတ်ဖြဲခံခဲ့ရသည်။

စိမ်း‌ပြာရောင်မြှား ခဏတာ ရပ်တန့်သွားပြီးနောက် ဝူယွမ်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် တိုး၀င်သွားခဲ့သည်

“ဖူး”

ဝူယွမ် ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး၊ သူ၏ အတွင်းကလီစာများ တုန်ခါသွားသည်ဟု ခံစားနေရသည်။

ဒါ‌ပေမဲ့ စိမ်းပြာရောင် မြားက သူ၏ ရင်ဘက်ကို မထိုးဖောက်နိုင်ခဲ့ပေ။

ရွှေပိုးတုံးလုံး သံချပ်ကာ။

သူ၏ သံချပ်ကာရင်ဘတ်ပေါ်ရှိ ငွေရောင် ခရုခွံတစ်ခုက ကြေမွသွားပြီး အမှုန့်များဖြစ်သွားခဲ့သည်။

လင်းချင်းကျူ၏ စိမ်းပြာရောင်မြှားသည်လည်း စွမ်းအင်ကုန်ခမ်းသွားပြီး၊ ပျောက်ကွယ်သွားခဲ့သည်။

“ကိုးကောင်းကင်တိုင်ချင်းနန်းတော်ရဲ့ အဓိကတပည့်ဆိုတဲ့အတိုင်းဘဲ၊ စွမ်းအားကြီးလွန်းတယ်”

ဝူယွမ် အံ့အားသင့်သွားခဲ့သည်။ သူခုဏက သေဘေးမှကပ်လွတ်လာခြင်း ဖြစ်သည်။

“မဟုတ်သေးဘူး၊ လက်ရှိ သူ့ရဲ့ စွမ်းအားက အနည်းဆုံး ချီဖန်တီးခြင်းအဆင့် မဟုတ်တောင် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်အဆင့်မှာ ရှိတယ်။ ငါ့ရဲ့လက်ရှိအဆင့်နဲ့ဆို ရွှေပိုးတုံးလုံး သံချပ်ကာ ရှိရင်တောင်၊ မတားဆီးနိုင်သင့်ဘူး”

ဝူယွမ် မြန်မြန်ဆန်ဆန် ဆင်ခြင်သုံးသပ်နေခဲ့ပြီး သူတို့နှစ်ဦးကြား စွမ်းအားချင်း ကွာခြားမှုက ကြီးမားလွန်းသည်။ ဝူယွမ်က ကြယ်ယွမ်ဒန် ကို စုစည်းနိုင်ခဲ့ကာ သူ၏ ယွမ်စွမ်းအင်က ပိုကြံ့ခိုင်လာပြီး၊ အစောက နှစ်ကိုယ်တူ ကျင့်ကြံခြင်းကြောင့် သူ၏စွမ်းအားက ကြီးကြီးမားမား တိုးတက်လာပြီး သဏ္ဍာန်ပြောင်းအဆင့် ကိုဖြတ်ကာ၊ သူ့ထက်မြင့်သည့် ပြိုင်ဘက်များနှင့် တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့သော်လည်း၊ သူသည် အများဆုံး သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ်အဆင့် ပြိုင်ဘက်တစ်ဦးနှင့်သာ ယှဉ်နိုင်သေးသည်။

ချီဖန်တီးခြင်းအဆင့်စွမ်းအားရှိ တိုက်ခိုက်မှုတစ်ချက်ကို တစ်ကယ်ဘဲ တားဆီးနိုင်ခဲ့သည်လား။ ထိုသို့ဆိုလျှင်တော့ သူကလုံး၀အံဖွယ်လူသားဘဲ ဖြစ်ပေလိမ့်မည်။

ထို့အပြင် လင်းချင်းကျူကိုယ်တိုင်ကလည်း ပါရမီရှင်ထဲမှ ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ သူမထက်အဆင့်မြင့်သည့် ပြိုင်ဘက်များနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်၊ ပြီးတော့ သူမသည် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်အဆင့် တွင်ရှိသည်။

ဝူယွမ်က သူမ၏ တိုက်ခိုက်မှုကို မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။

“သူမက ငါ့ကို သတ်ချင်စိတ်မရှိတာ၊ ဒါမှမဟုတ်ဘဲ သတ်ဖို့ မဝံ့မရဲဖြစ်နေတာဘဲ...” ဝူယွမ် ချက်ချင်း အရေးကြီးသော အချက်ကို သတိထားမိသွားသည်။

လင်းချင်းကျူသည် အကြောင်းပြချက်မရှိသော အမျိုးသမီးတစ်ဦး မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ သူမသည် အလွန်ဆင်ခြင်တုံတရားရှိသည်။

ကိုးကောင်းကင်တိုင်ချင်း နန်းတော် မှ သင်ကြားပေးထားသည့် တပည့်များသည် ဖြောင့်မတ်မှုကို အလွန်တန်ဖိုးထားကြသည်။

အခုက သူမ ဒေါသထွက်နေသည့်အချိန်မလို့သာ ဖြစ်နိုင်သည်။

“နတ်မိမယ်ချင်းကျူ... ကျွန်တော့်ကို ဘယ်လိုလုပ်ရင် ခွင့်လွှတ်ပေးမှာဘဲ ကျွန်တောလည်း အတင်းအကျပ်အခိုင်းမခံရခဲ့ရင်၊ ကျွန်တော် ဝူယွမ် ဘယ်လိုမှ နတ်မိမယ် ချင်းကျူကို မရိုမသေလုပ်မှာမဟုတ်ပါဘူး”

ဝူယွမ်သည် ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်လိုက်ပြီး စကားဖြင့်သာ ပြဿနာကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

“ယုတ်မာတဲ့ကောင်၊ လာငြင်းခုံနေသေးတယ်ပေါ့”

လင်းချင်းကျူက ရှင်းလင်းချက်ကို လုံးဝနားမထောင်ခဲ့ပေ။ သူက အတင်းအကျပ် လုပ်ခံခဲ့ရသည်မှာ မှန်သော်လည်း၊ နောက်ပိုင်း ထူးဆန်းသည့် အပြုအမူများက သူ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သူမ၏ ဒူးနှင့် ပခုံးပေါ်ရှိ အနီရောင် အမှတ်အသားများကို တွေးမိသော်။ လင်းချင်းကျူသည် ဘယ်လိုမှ လက်မခံနိုင်ခဲ့ပေ။

“ကျွန်တော် ယုတ်မာတာမဟုတ်ပါဘူး စစ်မှန်တဲ့ ယောက်ျားတစ်ယောက်သာဆိုရင်၊ နတ်မိမယ်ချင်းကျူရှေ့မှာ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့ မဖြစ်နိုင်ဘူး။ နတ်မိမယ်ချင်းကျူ မှန်ထုတ်ကြည့်လိုက်ပါ... ကိုယ့်ရဲ့ ကောင်းကင်ဘုံကဲ့သို့ အလှတရားကိုကိုယ်ပြန်ကြည့်ပါ၊ ထိုအလှမျိုးကို လူသားတစ်ယောက် ခံနိုင်ရည်ရှိပါ့မလား”

ဝူယွမ် ဆက်လက် နားချနေခဲ့သည်။

“နတ်မိမယ် ချင်းကျူ... ကျွန်တော် ဝူယွမ် က ကိုယ့်စိတ်ကို အတော်လေး ထိန်းချုပ်ထားခဲ့တယ်ဆိုတာ ယုံကြည်ပေးပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ထိန်းချုပ်နိုင်စွမ်းက အကန့်အသတ်ရှိပြီး၊ အဲ့သူစ္ဆေအိုကြီးရဲ့ အဆိပ်ငွေ့ကို ခုခံဖို့ရာ ခက်ခဲလွန်းတယ်”

“ရပ်၊ ဆက်မပြောနဲ့တော့” လင်းချင်းကျူ၏ မျက်နှာသည် ရှက်ရွံ့ဒေါသဖြင့် နီမြန်းသွားခဲ့သည်။

အပြာရောင် မြှားများ ဝူယွမ်ဆီသို့ထပ်မံ တိုးဝင်လာခဲ့လေသည်။

ဝူယွမ်၏ မျက်နှာအမူအရာ ကြမ်းတမ်းသွားခဲ့ပြီး၊ သူက မြန်မြန်ဆန်ဆန်ဘဲ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် လီဟော်ဓား ကို ထိန်းချုပ်ကာ ပစ်လွတ်လိုက်ပြီး စိမ်းပြာရောင် မြှားများနှင့် ထိမိသည်နှင့် တပြိုင်နက် တိုက်ရိုက် ပေါက်ကွဲစေခဲ့သည်။

လီဟော်ဓား၏ ကိုယ့်ကိုကိုယ် ပေါက်ကွဲမှု စွမ်းအားက စိမ်းပြာရောင် မြှားများကို ကြေမွသွားစေခဲ့သည်။

ဒီတစ်ကြိမ်တိုက်ခိုက်မှုက ပိုရက်စက်သည့် ပုံစံရှိသော်လည်း၊ လက်တွေ့တွင် စွမ်းအားကတော့ အစောကထက် ပိုအားနည်းနေခဲ့သည်။

“နတ်မိမယ်ချင်းကျူ ဘာလို့များ မဆင်မခြင်လုပ်နေရတာလဲ၊ စွမ်းအားကြီးတာနဲ့ အနိုင်ကျင့်နေတယ်”

ဝူယွမ်က အပြစ်မဲ့သည့်ဟန်ဖြင့် ပြောနေခဲ့သည်။

“ဆင်ခြင်တုံတရားဆို လူကောင်းတွေအတွက်ဘဲ၊ ဒီကောင်မလေးက နင့်ကို အနိုင်ကျင့်နေတာဘဲ” လင်းချင်းကျူက စိတ်ပျော့လုနီးပါးဖြစ်နေသော်လည်း ချက်ချင်း ပြန်ပြောလိုက်သေးသည်။

All Chapters