← Chapters

လင်းချင်းကျူး အားချော့မော့ပြောဆို နားချချင်း

Vol. 8 Ch. 76

လင်းချင်းကျူး အားချော့မော့ပြောဆို နားချချင်း

Vol. 8 Ch. 76

တျန်းယန်တောင်တန်းကြီးထဲတွင် ဝူယွမ်က ပိုင်ယွမ့်ကိုက စီးရင်း တောအုပ်ထဲ ကြုံရာ ပြေးလွှားနေခဲ့သည်။

ပိုင်ယွမ်အရှိန်က မြန်လွန်းသဖြင့် နောက်တွင် အရိပ်များသာ ကျန်ရစ်ခဲ့သည်။

ဘယ်လိုအတားအဆီးနဲ့ပဲတွေ့တွေ့၊ဦးတည်ရာပြောင်းဖို့ အချိန်မရတဲ့ ပိုင်ယွမ်ဟာ အတားအဆီးတိုင်းကို ကျားဖြူချေမှုန်းရွှေဟိန်းသံဖြင့် တိုက်ရိုက်ဖျက်ဆီးပစ်နေသည်။

“မိန်းမတွေကို ဆင်ခြေမပေးနိုင်ဘူးဆိုတာ အမှန်ဘဲ၊ အထူးသဖြင့် ဒီလိုအစွမ်းထက်တဲ့သူတွေဆို ပိုဆိုးတာပေါ့။”

ဝူယွမ်စိတ်ထဲမှ ခါးခါးသီးသီး ရယ်မောလိုက်ပြီး ဝိညာဉ်စွမ်းအင်ကို လေထဲတွင် ဆက်တိုက်စုစည်းလိုက်သည်။

မကြာခင်မှာပဲ ပုံသဏ္ဍာန်ပေါ်လာတယ်။

သူက ခုဏကဝိညာဉ်မျှော်စင်ကနေ ရလိုက်တဲ့ ချီအဆင့် ဝိညာဉ်လျှို့ဝှက်ပညာရပ်ကို အသုံးပြုနေတာဘဲဖြစ်သည်။

အသွင်ပြောင်းသက်ေတအစီအရင်

ထိုအစီအရင်တွင်အဆင့်သုံးဆင့်ရှိသည်။

အလင်းပြောင်းလဲခြင်း၊

အပြာရောင်လှိုင်းလဲပြောင်းလဲခြင်းနှင့်

နောက်ဆုံးအစွမ်းထက်ဆုံးကတော့ မရေမတွက်နိုင်တဲ့ မီးလျှံပြောင်းလဲခြင်းတို့ဘဲဖြစ်သည်။

ဝူယွမ်ရဲ့ ဝိညာဉ်စွမ်းအင်ဟာ အရူးအမူးပန်းထွက်လာပြီး အဆင့်သုံးဆင့်၊ ရူန်းအစီအရင်သုံးခုကို သုံးစက္ကန့်အတွင်းမှာဘဲ ပုံဖော်လိုက်သည်။

လင်းချင်းကျူးလိုပုဂ္ဂိုလ်မျိုးကို ရင်ဆိုင်ဖို့ဆို အဆင့်တစ်ဆင့်တည်းနဲ့တော့ လုံးဝမလုံလောက်နိုင်ပေ။

ရူန်းအစီအရင်သုံးခုဟာလေထဲမှာ တစ်ခုပြီးတစ်ခု ပိုကျယ်လာပြီး နောက်ဆုံးတစ်ခုက ပိုမိုရှုပ်ထွေးကာ လင်းချင်းကျူး ပျံသန်းလာမယ့်လမ်းကြောင်းကို ကောင်းကောင်း ပိတ်ပင်ထားနိုင်သည်။

ဒီလောက်နှင့်မပြီးသေး။

“မူလနယ်နမိတ်ရူန်း။”

ဝူယွမ်က ဝိညာဉ်စွမ်းအင်ကို ထပ်မံလွှတ်လိုက်ပြီး ရူန်းကို အစီအရင်စွမ်းအားနဲ့ ချိတ်ဆက်ပြီး ရိုးရှင်းတဲ့ အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။

“ဟန့်... ကလေးကစားစရာလေးတွေ။”

လင်းချင်းကျူးက အေးစက်စွာ အသံပြုလိုက်ပြီး သူ၏ လှပသေးသွယ်တဲ့လက်လေးကို တစ်ချက်လှုပ်လိုက်သည်နှင့် စိမ်းပြာရောင်ပွင့်ဖက်တွေ ပထမဆုံး အလင်းရူန်းအကာအရံကို ဝင်တိုက်လိုက်သည်။

သူမက ဒီတစ်ချက်နှင့်ပင် ရူန်းအစီအရင်ကိုအလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ ရူန်းအစီအရင်ရဲ့ ပထမအဆင့် အလင်းအကာအရံကိုပဲ ချိုးဖျက်နိုင်ခဲ့သည်။

လင်းချင်းကျူးခဏတာ အံ့အားသင့်သွားသည်၊ ဒီအချိန်မှာပဲ ဒုတိယအဆင့် ‘အပြာရောင် လှိုင်းပြောင်းလဲခြင်း’ အစီအရင်ကြီးက ချက်ချင်းလည်ပတ်လာပြီး ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးအဖြစ် သူမဆီကို လှိမ့်တက်လာပြီး တစ်ချိန်တည်းမှာပင် ‘အလင်းပြောင်းလဲခြင်း’ ရူန်းအစီအရင်က ပြန်လည်နိုးထလာခဲ့သည်။

“အံ့ဩစရာကောင်းတဲ့ ရူန်းအစီအရင် နည်းစနစ်ဘဲ”

လင်းချင်းကျူးက မတတ်သာဘဲ ချီးကျူးလိုက်မိသည်။ ဒီရူန်းအစီအရင်က ရိုးရှင်းတယ်ထင်ရပေမဲ့ ဝူယွမ်၏ ထိန်းချုပ်မှုအောက်တွင် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်အဆင့်က သူမလိုလူကိုတောင် ခဏတာတားဆီးနိုင်ခဲ့သည်။

သိပ်မကြာခင်အချိန်အတွင်းမှာပဲဝူယွမ်နဲ့ ကျားဖြူတို့ဟာ အဝေးကိုထွက်ပြေးနေကြပြီး သူတို့ရဲ့ပုံရိပ်တွေဟာ မကြာခင်မှာဘဲ လင်းချင်းကျူရဲ့ မြင်ကွင်းမှပြောက်ကွယ်သွားခဲ့သည်။

လင်းချင်းကျူးက သွားရည်ကျချင်သဖွယ်သွားလေးတွေကို ခပ်တင်းတင်းကိုက်လိုက်ပြီး ဝူယွမ်ကို နည်းနည်းလေး ပိုပြီးစိတ်ဝင်စားလာသည်။ အပြာရောင် ကြာပန်းကို ရှေ့ဆက်တိုးစေလိုက်ပြီး ရူန်းအစီအရင်ကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်လိုက်သည်။

“ဖောက်”

အလင်းပြောင်းလဲခြင်းရူန်းအစီအရင်က ချက်ချင်းဘဲ ကြေမွသွားခဲ့ပြီး ဒုတိယအလွှာဝိညာဉ်လှိုင်း‌တွေကိုလည်း သူမရဲ့လက်တစ်ချက်ဖြင့်ရိုက်သည်နှင့် ပြိုကွဲသွားသည်။ အစွမ်းအထက်ဆုံး ’မရေမတွက်နိုင်တဲ့ မီးလျှံပြောင်းလဲခြက်း’ ရူန်းအစီအရင်က သူမကိုတားဆီးထားပြီး အဆောင်ရူန်းရဲ့စွမ်းအားက ရူန်းအစီအရင်ကို အားကိုးကာ ဝိညာဉ်မီးလျှံအတားအဆီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

သို့သော် စိမ်းပြာရောင် ကြားပန်းပွင့်ဖက် တစ်ချို့က အတားအဆီးထဲကို တိုးဝင်သွားသည်နှင့် ဝိညာဉ်စွမ်းအင် အစအနတွေအဖြစ် ပြိုကွဲပျက်စီးသွားလေသည်။

“ဒီအတားအဆီးစွမ်းအားက နည်းနည်းရင်းနှီးနေသလိုပဲ။”

လင်းချင်းကျူး ၊ ထိုဝိညာဉ်အတားအဆီးမှ ရင်းနှီးတဲ့စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

ဒါပေမယ့်သူမက အခုဝူယွမ်ကို လိုက်ဖမ်းနေရသည်မလို့ ဒီအကြောင်းကို စဉ်းစားဖို့ရာအချိန်မရှိသေးပေ။

ဝူယွမ်၏ အရှိန်ကလည်း လျှင်မြန်လွန်းလှသည်။ စက္ကန့်‌ပိုင်းလောက် ကြန့်ကြာနေမှုလေးက သူ့ကို လင်းချင်းကျူ မြင်ကွင်းမှ ပြောက်ကွယ်သွားစေခဲ့သည်။

“နင်းကို ငါ ပိုပိုပြီးစိတ်ဝင်စားလာပြီ” လင်းချင်းကျူးက နီရဲပြီးအရည်ရွှမ်းနေတဲ့ နှုတ်ခမ်းလေးကို တင်းတင်းကျပ်ကျပ်ကိုက်လိုက်ပြီး စိမ်းပြာရောင်ကြာပန်းက အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ပျံသန်းပြီး နောက်မှဆက်လိုက်လေသည်။

သူမက ကိုးကောင်းကင် တိုင်းချင် နန်းတော်က လာခဲ့သည်မလို့ လူငယ်ပါရမီရှင်တွေအများကြီးကို မြင်ခဲ့ဖူးသည်။ လင်းလန်တျန်းလိုမျိုး ယန်မဟာမင်းဆက်ထဲမှာ အစွမ်းထက်ဆုံးဆိုတဲ့ သူထက်တောင် သာလွန်တဲ့သူတွေအများကြီးကို တွေ့ခဲ့ဖူးသည်။

ဒါပေမယ့်တူညီတဲ့ ကျင့်ကြံခြင်းအဆင့်မှာ သူမကို ဆယ်ကွက်အထိ ယှဉ်ချနိုင်တဲ့သူကရှားရှားပါးပါးပင်

အခု...သူမက စွမ်းအားအပြည့် အသုံးမပြုရသေးဘူးဆိုပေမယ့် သဏ္ဍာန်ပြောင်းအဆင့် ခြေလှမ်းတစ်၀က်သာရှိသေး ထိုလူငယ်လေး ဝူယွမ်ဟာ သူမအတွက် အတော်လေးကြီးမားတဲ့အတားအဆီး ဖြစ်နေလေသည်။

တစ်ခု သိထားရမည်က လင်းချင်းကျူးဟာ သဏ္ဍာန်ပြောင်းအဆင့် စဦကျင့်ကြံသူများကို လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူသတ်နိုင်သဖြင့် ချင်းကျူလက်ထဲမှ အခုထက်ထိ ထွက်ပြေးနေနိုင်ချင်းက ဝူယွမ်ရဲ့ သူများနဲ့မတူတဲ့ ပါရမီကို ဖော်ပြနေသည်။

“ပါရမီ၊စွမ်းရည်နဲ့ လျှို့ဝှက်ပညာရပ် သူက လူငယ်မျိုးဆက်ထဲက ခေါင်းဆောင်တစ်ယောက်ဘဲ။”

လင်းချင်းကျူးတောင် သံသယ၀င်မိသွားသည်။ သာမန် သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးကသာ ဝူယွမ်ကိုလိုက်ဖမ်းရင် ဝူယွမ်ရဲ့ ပြန်လည်ချောင်းမြှောင်း တိုက်ခိုက်မှုကိုခံရပြီး အသတ်ပင်ခံရနိုင်သေးသညါ။

“မင်းမှာ ဘယ်လိုလျှို့ဝှက်ချက်တွေထပ်ရှိသေးလဲဆိုတာ ငါကြည့်ချင်တယ်။” လင်းချင်းကျူ စိတ်ထဲမှတွေးလိုက်မိသည်။

တျန်းယန်နိုင်ငံတော်ထဲတွင် လင်းလန်တျန်းလိုမျိုး ပါရမီရှင် နာမည် သူမ တွေကိုပဲကြားဖူးသည်။ ဒါပေမယ့် ဝူယွမ် ပြနေသည့်အစွမ်းက သူတို့အားလုံးထက် သာလွန်နေလေသည်။

မူလကတော့သူမဟာ သူမရဲ့သန့်ရှင်းမှုကို သာမန်လူတစ်ယောက်က ညစ်ပတ်အောင် လုပ်သွားတယ်ဆိုပြီး ဒေါသတကြီးဖြစ်နေလေသည်။

ဒါပေမယ့် ဝူယွမ်နောက်ကို ဆက်တိုက်လိုက်ရင်း ဝူယွမ်ဟာ သာမန်မဟုတ်ဘဲ၊ သူပြခဲ့တဲ့စွမ်းရည်နှင့် နည်းလမ်းတွေဟာ အခြားခေတ်ပြိုင်လူငယ်တွေထက် သာလွန်နေမှန်း သိသိသာသာ ပေါ်လွှင်လာလေသည်။

“ဖုန်း”

လင်းချင်ကျူး လိုက်မှီသွားပြီး လေထဲမှတစ်ဆင့် ဝူယွမ်ကို လက်ဝါးတစ်ချက်ရိုက်ချလိုက်သည်။

ထို့နောက်လေထဲမှာရပ်ပြီး သူမရိုက်ချလိုက်သည့် ယောက်ျားနဲ့ကျားကို ငုံ့ကြည့်နေလိုက်သည်။

“ဝေါင်းး”

ပိုင်ယွမ်ကတော့ ခြေလေးချောင်းကို မြေကြီးပေါ်တွင် ခိုင်ခိုင်မာမာရပ်နေရင်း လင်းချင်းကျူးဆီသို့ ဟိန်းဟောက်ကာ တိုက်ခိုက်မည့်ဟန်ပြင်နေပြီး ကျားဖြူသွေးမျိုးဆက်မှ ဆက်ခံရရှိတဲ့ စွမ်းရည် ကျားဖြူချေမှုန်း ရွှေဟိန်းသံကို ထပ်မံအသုံးပြုလိုက်ပေမဲ့ လင်းချင်းကျူက အသံလှိုင်းတွေကို အလွယ်လေးဘဲ ချေဖျက်လိုက်သည်။

အလွန်ကာကွယ်ပေးတတ်တဲ့ သူမ၏အကျင့်အရ ပိုင်ယွမ်ဟာသူ့ရဲ့ ပိုင်ရှင်ဒဏ်ရာရတာကို မမြင်လိုပေ။

“အ‌တော်သစ္စာရှိတဲ့ သားရဲဘဲ၊ အသက်အန္တရာယ်နဲ့ရင်ဆိုင် နေရတဲ့အချိန်မှာတောင် ပိုင်ရှင်ကိုကာကွယ်ပေးဖို့ ဆန္ဒရှိနေသေးတယ်။”

လင်းချင်းကျူးက အောက်ကိုကြည့်ပြီး စိတ်ထဲမှာ အသိအမှတ်ပြုလိုက်သည်။

“သားရဲရဲ့ အပြုအမူကတစ်ဆင့် ပိုင်ရှင်ရဲ့စရိုက်ကို သိနိုင်တယ်တဲ့ ကျားဖြူလေးက ပိုင်ရှင်ကိုဒီလောက် ကာကွယ်နေတာကိုကြည့်ရင် ပိုင်ရှင်ရဲ့ စရိုက်ကလည်းကောင်းမယ့်ပုံဘဲ”

သူမက ပိုင်ယွမ်ကိုယ်ထဲမှာ စွမ်းအင်ကုန်သွားတာကို သတိထားမိလိုက်တာကြောင့် ချက်ချင်းထပ်မံတိုက်ခိုက်ဖို့ မစဉ်းစားပေးဘဲ လေပေါ်မှ စောင့်ကြည့်နေလေ‌သည်။

“အဟွတ်၊အဟွတ်”

ဝူယွမ်က ရင်ဘတ်ကိုကိုင်ပြီး ချောင်းဆိုးလိုက်သည်၊ ထို့အပြင် မိန်းမပျိုလေး သနားကရုဏာသက်သွားအောင် အပြင်းအထန်ဒဏ်ရာရသွားဟန်ဆောင်ကာ သွေးတစ်လုပ်ကို အတင်းအကျပ်ထွေးထုတ်လိုက်သည်။

“နတ်မိမယ်ချင်းကျူး၊ ဘာလို့ ဒီလောက်တောင်ကြမ်းတမ်းရတာလဲ။ တစ်ကယ်လို့ ကျွန်တော် ဝူယွမ်သာ မရှိခဲ့ရင်၊ ဒီနေ့ နတ်မိမယ်ချင်းကျူးဟာ ရှေးဟောင်းဂူသင်္ချိုင်းက သူစ္ဆေအိုကြီးရဲ့ ထောင်ချောက်မိသွားပြီး၊ ဂူခန်းမထဲမှာဘဲ မြှုပ်နှံခံရနိုင်တယ်။

ကျွန်တော်က အခွင့်ကောင်းယူခဲ့ပေမယ့်လို့၊ ဒါက မတော်တဆဖြစ်ခဲ့တာဘဲ၊ ပြင်လို့မရတဲ့အမှန်တရားဘဲ၊

ဒါပေမဲ့ နတ်မိမယ်ချင်းကျူးက ကျေးဇူးတင်မဲ့အစား ရန်ပြုနေတယ်၊ ဒါက မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လုပ်သင့်တဲ့လုပ်ရက်လား။”

ဝူယွမ်က အာခေါင်ခြောက်သွားပြီး တံ‌တွေးမျိုချလိုက်ကာ မျက်နှာတင်းတင်းထားနဲ့ မေးခွန်းထုတ်လိုက်သည်။

ရှေးဟောင်းဂူသင်္ချိုင်းရဲ့အဓိကဂူခန်းမထဲကို ပြန်ရောက်တဲ့အခါတုန်းက ဝူယွမ်က အန္တရာယ်ရှိတယ်ဆိုတာသိခဲ့ပေမဲ့ သူပြန်သွားခဲ့သည်။ ဝူယွမ်က လင်းချင်းကျူးကိုလိုချင်ပြီး အခြားသူတွေ အမြတ်ထွက်သွားမည်ကို ဆိုးရိမ်တာကြောင့်လဲပါပေမဲ့ အဓိကအကြောင်းရင်းကတော့ လင်းချင်းကျူးကို ကယ်တင်ဖို့ဘဲဖြစ်သည်။

တစ်နည်းအားဖြင့်ကို ယောက်ျားတစ်ယောက်ရဲ့ ယန်စွမ်းအင် အကူအညီမပါဘဲ၊ လင်းချင်းကျူးက နိဗ္ဗာန်နှလုံးသားကို အတင်းအဓမ္မသန့်စင်ခဲ့ရင် သေချာပေါက်သေဆုံးလိမ့်မည်ဖြစ်သည်။

လင်းချင်းကျူ စကားပြန်မပြောနိုင်တော့ပေ။ “ယုတ္တိရှိပေမယ့်... ငါ နစ်နာနေတုန်းဘဲ”

All Chapters