အလိမ်ပေါ်သွားသော ဝူယွမ်
Vol. 8 Ch. 77
ထိုအချိန်တွင် လင်းချင်းကျူ၏ စိတ်သည် အများအားဖြင့် ငြိမ်သက်သွားပြီဖြစ်၍ သူမဂူခန်းမမှ ထွက်ခွာလာစဉ်က ခံစားနေရသည့် သတ်ဖြတ်လိုစိတ်မှာ အခု ပြေလျော့သွားခဲ့ပီဖြစ်သည်။
သူမက လေထဲတွင် ရပ်ရင်း သွေးများအန်နေသော ဝူယွမ်ကို ကြည့်လျက် စဉ်းစားနေသည်။
စိတ်ငြိမ်သက်သွားသောအခါ သူမ၏ ဆင်ခြင်တုံတရားပြန်လည်ရောက်ရှိလာပြီး အချက်တစ်ခုကို သတိရလာသည်။
“မင်း အခုလေးတင် အသုံးပြုခဲ့တဲ့ ရူန်းစွမ်းအားက ရှေးဟောင်းဂူသင်္ချိုင်းရဲ့ အတားအဆီးကရူန်းစွမ်းအားနဲ့ နည်းနည်းဆင်တူနေတယ်၊ မင်း ဂူသင်္ချိုင်းထဲကို ကြိုတင်ဝင်ရောက်ခဲ့တာလား”
လင်းချင်းကျူက ရုတ်တရက်မေးခွန်းထုတ်လိုက်သည်။ အရင်က သူမသည် ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ခဲ့ကြသူများ ကျိန်ဆဲနေသည်ကို မရှင်းမရှင်းကြားခဲ့လိုက်ရပြီး ဂူသင်္ချိုင်းတစ်ခုလုံး ဗလာဖြစ်နေပြီး ဘာရတနာမှ မရှိဟန် တူသည်။
ထိုအချိန်က သူမအပါအဝင် လူငယ်ခေါင်းဆောင်အချို့က အတွင်းပိုင်းအကျဆုံး ပင်မဂူခန်းမဆီသို့ တိုက်ရိုက်သွားခဲ့ကြသော်လည်း လမ်းတစ်လျှောက်တွင် တန်ဖိုးရှိသော ရတနာများကို မတွေ့ရှိခဲ့ပေ။
ဂူခန်းမအတွင်းက ‘နိဗ္ဗာန်နှလုံးသားမှ လွဲပြီး အခြားဘာမှ မရှိဟု ထင်ရသည်။
“အီး...” ဝူယွမ်၏ မျက်နှာသည် အနည်းငယ် ညိုးငယ်နေသည်။ လင်းချင်းကျူသည် သူ၏ မူလနယ်နမိတ်ရူန်း တစ်ခုတည်းမှတစ်ဆင့် ဤအရာအားလုံးကို သိရှိသွားလိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့ပေ။
ဆက်ပြီး လိမ်သင့်မလိမ်သင့်... ဝူယွမ် စဉ်းစားရခက်နေပြီး လင်းချင်းကျူက တစ်စုံတစ်ရာ ရှာတွေ့ထားပြီဖြစ်ကြောင်း ရှင်းနေသည်။
ဝူယွမ်၏ ပုံမှန်မဟုတ်သော အမူမရာကို မြင်သောအခါ လင်းချင်းကျူသည် ချက်ချင်း သူတစ်ခုခုကိုသိထားတယ်ဟု ဆုံးဖြတ်ကာ ကျားမလေးကဲ့သို့ ကြမ်းတမ်းစွာ ပြောလိုက်သည်၊ “ပြောစမ်း”
“ဒါ... ဒါက မတော်တဆပါ။ ကျွန်တော် မတော်တဆ ဝင်မိသွားတာပါ” ဝူယွမ်က ရှက်ကြောက်စွာဖြင့် ပြောလိုက်ရသည်။
ပတ်ဝန်းကျင်က ရုတ်တရက် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး လင်းချင်းကျူ၏ မျက်နှာသည် နှင်းကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။
ဝူယွမ်သည် ထိုမိန်းမကို အမှန်ပင် အနည်းငယ် ကြောက်ရွံ့နေသည်။
“သူက တစ်ကယ်ဘဲ ကြိုတင်ဝင်ရောက်ခဲ့တယ်...” လင်းချင်းကျူ အနည်းငယ် အံ့အားသင့်သွားပြီး ဒေါသထွက်ကာ “မင်း နိဗ္ဗာန်နှလုံးသားအကြောင်း ကြိုသိထားခဲ့တာလား” မေးလိုက်သည်။
ဝူယွမ်သည် မတရားစွပ်စွဲခံရသကဲ့သို့ ပြောလိုက်သည်။ “နတ်မိမယ်လေးက ကျွန်တော့်ကို မှားစွပ်စွဲနေပီ၊ ကျွန်တော်သာ ကြိုသိခဲ့ရင် နတ်မိမယ် ချင်းကျူကို မသန့်စင်ဖို့ သေချာပေါက် အကြံပေးခဲ့မှာပါ။ နတ်မိမယ် ချင်းကျူက အရမ်းလှတယ်၊ ဘယ်သူက ဒုက္ခပေးဖို့ စိတ်ကူးရက်မှာလဲ။ ဒါတွေအားလုံးက ဂူသင်္ချိုင်းပိုင်ရှင် ရှေးဟောင်းတစ္ဆေကြီးရဲ့ အစီအစဉ်ဘဲ”
လင်းချင်းကျူ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ သူမ၏ နှုတ်ခမ်းသားများသည် ပွင့်ထွက်လာသည့် ချယ်ရီပန်းကဲ့သို့ နီရဲနေသည်၊ “ရပ်လိုက်”
ဝူယွမ်၏ စွမ်းရည်က နိဗ္ဗာန်နှလုံးသားကို ထောက်ချောက်အဖြစ်ပြုလုပ်ရန် မဖြစ်နိုင်သကဲ့သို့ ဂူသင်္ချိုင်းပိုင်ရှင် ပေါ်ထွက်လာမှုသည် အရာအားလုံးကို ရှင်းပြပြီးဖြစ်သည်။
သို့သော် လင်းချင်းကျူ၏ ထိုးထွင်းသိမြင်မှုက အလွန်ထက်မြက်သည်။ ဝူယွမ်၏ အသေးစား အပြုအမူများစွာက သူမ၏ မျက်စိအောက်မှ မလွတ်နိုင်ခဲ့ပေ။ “သူ့ရဲ့ ဒဏ်ရာတွေက အတုအယောင်တွေဘဲ သူက ရိုးသားတဲ့သူမဟုတ်ဘူး...” လင်းချင်းကျူ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။ သူမက ဝူယွမ်တွင် မပြောပြရသေးသော အခြားအရာများ ရှိသေးသည်ဟု ယုံကြည်နေသည်။
“မင်း ငါ့ကို ဖုံးကွယ်ထားတာတွေရှိသေးတယ်၊ အကုန်လုံးကို ရိုးရိုးသားသားဘဲပြောပြပါ။ ရှေးဟောင်းဂူသင်္ချိုင်းထဲမှာ ဘာတွေ လုပ်ခဲ့တာလဲ”
ဝူယွမ်က အသက်ပျင်းပျင်း တစ်ချက်ရှုလိုက်ပြီး ဖြည်းဖြည်းချင်းပြောပြလိုက်သည်၊ “နတ်မိမယ် ချင်းကျူက တစ်ကယ်ဘဲ ဉာဏ်ပညာကြီးလွန်းပါတယ်။ ဘာကိုမှ မဖုံးကွယ်နိုင်ဘူး၊ ကောင်းပြီ၊ ကျွန်တော် ဝန်ခံပါမယ်။
ဒါပေမဲ့ ကျွန်တော် အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျွန်တော် လုပ်ခဲ့သမျှအားလုံးက နတ်မိမယ်ကို ထိခိုက်စေဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ နတ်မိမယ် ချင်းကျူ ဒီကိုလာမယ်ဆိုတာတောင် ကျွန်တော် မသိခဲ့ဘူး။
ဂူသင်္ချိုင်းအတားအဆီးဖွင့်တဲ့ နေ့မတိုင်ခင် ရှေ့တစ်ရက်မှာ ကျွန်တော် ရှေးဟောင်းဂူသင်္ချိုင်းထဲကို ဝင်ရောက်ခဲ့တယ်။ ကျွန်တော် ဆက်တိုက်စူးစမ်းရှာဖွေခဲ့ပြီး အတွင်းက ရတနာတွေအားလုံးကို သိမ်းယူကာ ယူဆောင်လာခဲ့ပြီး မီးပင်လယ်ရဲ့ ပိတ်ဆို့မှုကြောင့် နောက်ဆုံးမှာ ပြန်ဆုတ်ခွာခဲ့ရတယ်”
ဝူယွမ်သည် � အကုန်လုံးကိုပြောပြခဲ့သော်လည်း အရာအားလုံးသည် အမှန်မဟုတ်ခဲ့ပေ။ တစ်ဝက်က အမှန်တရား၊ တစ်ဝက်က လုပ်ကြံဖန်တီးမှုဖြင့်၊ သူက ဆက်လက်ဖန်တီးပြောဆိုနေသည်။။
“ကျွန်တော့်မှာ ကံကောင်းခြင်းတစ်ချို့နဲ့ တွေ့ခဲ့ရပြီး ဂူသင်္ချိုင်းရဲ့ အတားအဆီးကိုရင်းနှီး ကျွမ်းကျင်တဲ့အတွက်ကြောင့်၊ နိဗ္ဗာန်နှလုံးသားကို အခြားသူတွေ မရရှိစေချင်တဲ့အတွက်၊ ကျွန်တော် အတားအဆီးကို အားဖြည့်ပေးခဲ့တယ်။ နောက်တော့ ကျွန်တော် နောက်ဆုံး မီးလျှံအစီအရင်ကို လေ့လာပြီး နိဗ္ဗာန်နှလုံးကို ပြန်လည်ရယူနိုင်ဖို့နဲ့ ဘယ်သူမှ အစီအရင်ကို မဖြတ်ကျော်နိုင်အောင် လုပ်ခဲ့တာပါ။
ဒါပေမယ့် ကံဆိုးချင်တော့ နောက်ဆုံး အစီအရင်ကို နတ်မိမယ်က ဖြတ်ကျော်နိုင်ခဲ့တယ်။
နတ်မိမယ်သာ မဟုတ်ရင် အခြားဘယ်သူမှ အစီအရင်ကို မဖြတ်နိုင်ဘူး။
ကျွန်တော် ဘာမှမတတ်နိုင်ခဲ့ဘူး။ ကျွန်တော်လည်း နိဗ္ဗာန်နှလုံးသားကို လိုချင်တယ် ဒါကြောင့် ကျွန်တော် နတ်မိမယ်နောက်ကနေ ထပ်မံဝင်ရောက်လာခဲ့တယ်။ ကျွန်တော် နတ်မိမယ်နဲ့ နီးနီးကပ်ကပ် လိုက်လာပြီး နတ်မိမယ် ချင်းကျူ မီးပင်လယ်ထဲကို ဘယ်လိုဝင်ရောက်ခဲ့တယ်ဆိုတာ သေချာ ကြည့်ရှုခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော် နတ်မိမယ်သွားတဲ့ လမ်းကြောင်းကို လိုက်လာခဲ့တယ်၊ ဒါကြောင့် နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး ဖြစ်ပေါ်လာခဲ့တာပါ။”
ဝူယွမ်က စိတ်လှုပ်ရှားနေခဲ့ပြီး အကြောင်းပြချက်များနှင့်၊ ယုတ္တိတန်သော ရှင်းလင်းချက်တစ်ခုကို ပြောပြလိုက်သည်။
လုံးဝပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။
“ဒီလိုလား။ လူတိုင်းက သူလှည့်စားတာကိုခံခဲ့ရတာဘဲ” လင်းချင်းကျူသည် နည်းနည်းတော့ ယုံကြည်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ရယ်စရာကောင်းနေသည်။
“မထူးဆန်းတော့ဘူး၊ ဝူယွမ် အဝတ်ချွတ်တုန်းက သူ့မှာ သိုလှောင်အိပ် အများကြီး ရှိေနခဲ့တာ။”
ဤအကြိမ်တွင် အကျိုးခံစားခွင့်အားလုံးကို ဝူယွမ်က ရယူသွားမည်ဟု မည်သူမျှ စဉ်းစားမိမည် မဟုတ်ပေ။
“နိဗ္ဗာန်အဆင့် စွမ်းအားရှင်တစ်ဦး ချန်ရစ်ခဲ့တဲ့ အတားဆီးကိုတောင် ကျွမ်းကျွမ်းကျင်ကျင် ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ မင်းက ရူန်းအတားအဆီး အတတ်ပညာမှာ အတော်လေး စွမ်းသားဘဲ”
လင်းချင်းကျူက အေးစက်စွာပြောလိုက်သည်။
“အဟွတ် အဟွတ်၊ ဒါတွေအားလုံးက မတော်တဆ သင်ယူခဲ့ရတာပါ။ နတ်မိမယ် ချင်းကျူ၊ ကျွန်တော် ပြောစရာရှိတာ အားလုံးပြောပြီးပြီ။ အခြားဘာမှ မရှိရင် ဒီမှာဘဲ လမ်းခွဲကြရအောင်” ဝူယွမ်က နောက်တစ်ကြိမ် ချောင်းဆိုးကာ သွေးထွက်လာပြန်သည်။
“ဟန်ဆောင်မနေနဲ့တော့၊ မင်း ကြီးကြီးမားမား မထိခိုက်ဘူးဆိုတာ ငါသိတယ်” လင်းချင်းကျူက ဝူယွမ်၏သရုပ်ဆောင်ချက်ကို အေးစက်စွာ ဖော်ထုတ်လိုက်သည်။
“အီး...” ဝူယွမ် အနည်းငယ် ရှက်သွားသည်... “ဒါကိုပါ မြင်သွားတာလား။”
“မိန်းမကြီး ချင်းကျူ၊ ဘာထပ်လိုချင်သေးလဲ” ဝူယွမ်က လက်ဖြန့်ပြလိုက်သည်။
လင်းချင်းကျူသည် အောက်သို့ ငုံ့ကြည့်ကာ ဝူယွမ်ကိုပြောသည်၊ “မင်းရဲ့ စွမ်းအား အပြည့်အ၀ကို ပြပါ။ မင်းငါ့ကို အနိုင်ရရင် မင်းကို ပြန်လွှတ်ပေးမယ်”
သူမက ဝူယွမ်သည် လှည့်ကွက်များလွန်းပြီး လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားသည်ဟု ခံစားနေရပြီး အကြောင်းအရင်းကို သိလိုနေသည်။
နောက်ဆုံးတွင်၊ သူသည် သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူဖြစ်၍ သူတို့ကြားတွင် ရှုပ်ထွေးသော ကံကြမ္မာဆက်ကြောင်းက ရှိနေပြီဖြစ်သည်။
“ငါ မင်းကို အနိုင်ရနိုင်ရင် မင်း လွှတ်ပေးဖို့ လိုဦးမှာလား...” ဝူယွမ်က စိတ်ထဲမှာ ညည်းညူနေသည်၊ ‘မင်းက ရိုက်ခံချင်နေတာ’
“နတ်မိမယ် ချင်းကျူ၊ ကျွန်တော် ဝန်ခံ...”
သို့သော် ဝူယွမ် စကားမဆုံးသေးခင်တွင် လင်းချင်းကျူက ထိုးစစ်ဆင်နေပြီဖြစ်သည်။
သူမက ဝူယွမ်၏ စရိုက်ကို အကြမ်းဖျင်း နားလည်သွားပြီး သူမက ဖိအားပေးမှသာ သူလှုပ်ရှားလိမ့်မည်ဖြစ်သည်။
စိမ်းပြာရောင် ကြာပွင့်ဖတ်များက သူမ၏ ပတ်လည်တွင် စတင်ကခုန်လာပြီး ပွင့်ဖတ်များက ပြန့်ကျဲသွားပြီး ဝူယွမ်ဆီသို့ ဖြတ်သန်းသွားသည်။
တစ်ချိန်တည်းတွင်၊ သူမ၏ ခြေရင်းရှိ ကောင်းကင်ကြာပန်းသည် ပျံတက်လာကာ ပြောင်းပြန်လှန်သွားပြီး ဝူယွမ်ကို ပိတ်ဆို့လိုက်သည်။
ဝူယွမ်လည်း မတတ်သာဘဲ အစွမ်းကုန်တိုက်ခိုက်ရန် ပြင်တော့သည်။ လင်းချင်းကျူက သူ၏ ကန့်သတ်ချက်များကို စမ်းသပ်ရန် ဆုံးဖြတ်ထားပုံရသည်။
ပန်းရောင် ‘လေ နှင့် လ နူးညံ့သိမ်မွေ့သောဓား’ က ဝူယွမ်၏ လက်ထဲတွင် ပေါ်လာကာ ‘တစ္ဆေအရိပ် လှည့်စားခြင်း’ နှင့် ပေါင်းစပ်ပြီး ဝူယွမ်သည် သတ္တမအဆင့် ကိုယ်ခန္ဓာပညာရပ်ကို ကို ထုတ်လွှတ်လိုက်သည်။
“နဂါးပျံသန်းခြင်းကိုးကွက်”
စွမ်းအားပြင်းထန်သော ဓားလှိုင်းများ ပေါ်ထွက်လာသည်။ သဏ္ဍာန်ပြောင်းအဆင့်သို့ ဝင်ရောက်ပြီးနောက်၊ ဝူယွမ်၏ တိုက်ခိုက်မှုများတွင် နဂါးပျံသန်းခြင်းကိုးကွက်၏ အနှစ်သာရတစ်ချို့ နေရှိပြီဖြစ်သည်၊ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ထက်မြက်လှသည်။
သူက ကြာပန်းများကို ရင်ဆိုင်ရန် ဓားအလင်းတန်းကိုးခုကို ဆက်တိုက်ထုတ်လွှတ်ခဲ့သည်။
တစ်ချိန်တည်းမှာတွင်၊ သူ၏ နီဝမ်နယ်ပယ် အတွင်းရှိ သဘာ၀ဝိညာဉ်အဆောင် ငါးခုစလုံး လည်ပတ်လာပြီး ဝိညာဉ်စွမ်းအင်လှိုင်းများများ ထွက်လာကာ ဝူယွမ်က သူ့ကိုယ်သူ ဝန်းရံထားသော မူလနယ်နမိတ်ရူန်း တစ်ခုကို မြန်မြန်ဆန်ဆန် ရေးဆွဲခဲ့သည်။
ကြာပန်းများက ပြန့်ကျဲကျလာပြီး ရူန်း၏ နယ်နမိတ် ကန့်သတ်ချက်ကြောင့် ရပ်တန့်သွားသည်။
ရေခဲပုံဆောင်ခဲဓားပေါ်တွင် ခြေထောက်တင်ကာ သူက လေထဲသို့ ခုန်တက်သွားပြီး သူ၏ ဝိညာဉ်စွမ်းအင်းဖြင့် နောက်ထပ် မူလ ပုံရိပ်ယောင်ရူန်း လေးခုကို ရေးဆွဲခဲ့သည်။
ရူန်းများသည် အရှေ့၊ တောင်၊ အနောက်၊ မြောက် လေးမျက်နှာတွင် စုစည်းလာပြီး သူနှင့် လင်းချင်းကျူကို ဝန်းရံထားလိုက်သည်။
မူလရူန်းများသည် ဘိုးဘေးအဆောင်များနှင့် နှိုင်းယှဉ်နိုင်ပြီး၊ ကောင်းကင်နှင့် မြေကြီးကြားမှ မွေးဖွားလာသော ရူန်းများဖြစ်သည်။ ဝူယွမ်က ဝိညာဉ်စွမ်းအင်းဖြင့် စုစည်းထားသော်လည်း ပြီးပြည့်စုံမှုမရှိသေးဘဲ တည်ငြိမ်မှုမရှိသေးပေ၊ သို့သော် သူတို့၏ အကျိုးသက်ရောက်မှုကတော့ သိသာထင်ရှားသည်။
တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်ရူန်း လေးခုသကို ပတ်ဝန်းကျင်ရှိမြင်ကွင်းများကို လုံးဝပုံပျက်သွားစေပြီး လောကကြီးက လှည့်စားနေသကဲ့သို့ ဖြစ်ကာ မြင်ကွင်းအမျိုးမျိုးပေါ်လာရင်း ထူးဆန်းသော စိတ်ကူးယဉ်မှုတစ်ခု ဖြစ်ပေါ်လာစေသည်။
“ဒါတွေက ဘယ်လိုရူန်းတွေလဲ။ အတော်လေးထူးဆန်းတယ်၊ သူက ဒီလိုရှုပ်ထွေးတဲ့ ရူန်းတွေကို ဘယ်လိုသိနေတာလဲ”
လင်းချင်းကျူ ထပ်မံ အံ့အားသင့်သွားရပြန်သည်။ သူမ၏ ကျောင်းတော်ခွဲတွင်ပင် ထိုကဲ့သို့သော ရှုပ်ထွေးသည့် ရူန်းများကို တွေ့ရခဲသည်။ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် အားနည်းနေသေးသော ကြောင့်သာမဟုတ်ရင် ထိုရူန်းများ၏ စွမ်းအားက သူမကို ထောင်ချောက်ဆင်ရန် လုံလောက်သည်။
ဟုတ်ပေသည်။ ယခုအချိန်တွင်တော့ မလုံလောက်သေးပေ။
လင်းချင်းကျူက သူမ၏ ယွမ်စွမ်းအင် ကို တိုက်ရိုက်စုစည်းကာ လမ်းကြောင်းအားလုံးကို ကျပန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဝူယွမ်က သူ၏ ‘စွမ်းအားပြင်းနတ်ဆိုးမျက်စိ’ ကို အသုံးပြုပြီး လင်းချင်းကျူ၏ တည်နေရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
“နဂါးချည်မျှင်သလင်း”
“နဂါးအသွင်ပြောင်း တံဆိပ်”
ဝူယွမ်က သူ၏ သိုလှောင်အိတ်ထဲရှိ ရွှေရောင်အမှုန့်များထဲမှ လက်တစ်ဆုပ်စာယူကာ ထောင်ပေါင်းများစွာသော သေးငယ်ပြီး ရှည်လျားသော အပ်များအဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက် အပ်များကို နဂါးအသွင်ပြောင်းခြင်းတံဆိပ် အတွင်း၌ ဝှက်ထားလိုက်သည်။
နဂါးပုံရိပ်တစ်ခုသည် လင်းချင်းကျူဆီသို့ နာသံပြင်းပြင်းဖြင့် တိုး၀င်သွားခဲ့သည်။
လင်းချင်းကျူ၏ စိတ်ထဲတွင် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ခံစားလိုက်သည်။ သူမက ‘ကိုးကောင်းကင်တိုင်းချင်းကျောင်းတော်’၏ ၏ ‘အမြင့်မြတ်ဆုံး အာရုံခံစွမ်းရည်’ ကို လေ့ကျင့်ထားတာကြောင့် စွမ်းအင် ခံစားသိရှိနိုင်စွမ်းက အလွန်ထက်မြက်သည်။
ဝူယွမ်၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များက သူမ၏ အမြင်ကို အနည်းငယ် ရှုပ်ထွေးစေသော်လည်း စွမ်းအင်ခံစားမှုကတော့ မှားယွင်းမသွားပေ။ သူမက စွမ်းအင်လာရာလမ်းကြောင်းကို လက်ညှိုးညွှန်လိုက်သည်။
“ပေါက်ကွဲ”
ကြာပန်းက နဂါးအသွင်းပြောင်းတံဆိပ်နဲ့ တိုက်မိသွားပြီး ကြောက်မက်ဖွယ် ယွမ်စွမ်းအင်လှိုင်းများ ထသွားခဲ့သည်။
သို့သော် လင်းချင်းကျူ၏ စိတ်ထဲတွင် နှောင့်ယှက်နေသော အန္တရာယ်ခံစားချက်က သူမ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုနှင့်အတူ မပျောက်ကွယ်သွားဘဲ ပိုမိုပြင်းထန်လာခဲ့သည်။
လင်းချင်းကျူ စိုးရိမ်စိတ်ဖြစ်ပေါ်လာပြီး သူမ၏ ဖြူဖွေးသော ခြေထောက်များ လှုပ်ရှုားလိုက်ကာ ယွမ်စွမ်းအင် အပိုင်းအစများသည် အပြာရောင် ကြာပန်းပွင့်ဖက်များအဖြစ် ပြောင်းလဲသွားကာ သူမ၏ ခန္ဓာကိုယ်ကို အကြေးခွံများကဲ့သို့ ဝန်းရံကာ တစ်လက်ချင်းမစီ ဖုံးအုပ်သွားသည်။
တစ်ချိန်တည်းမှာတွင်၊ သူမက သူမ၏ မျက်လုံးကို ပိတ်လိုက်ပြီး ချက်ချင်းပင် ပုံရိပ်ယောင်ရူန်း၏သက်ရောက်မှုကို ချိုးဖျက်လိုက်ပြီးသည်နှင့် ကောင်းကင်ကြာပန်း ပွင့်ဖတ်များသည် ပျံသန်းထွက်ခွာသွားပြီး ပတ်ဝန်းကျင်ရှိ မူလရူန်းများကို ဖျက်စီးလိုက်သည်။ဖျက်စီးလိုက်သည်
ကြာပန်းများက ဆက်လက်ကွဲထွက်လာပြီး ပွင့်ဖတ်များစွာအဖြစ် ပြောင်းလဲကာ ဝူယွမ်ဆီသို့ တိုး၀င်သွားသည်။
ထိုအချိန်တွင် ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို စုစည်းနေရင်း သူ၏ လည်ပင်းမှ အေးမြမှုကို ခံစားရလိုက်ပြီး လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်သွားသည်။
ပုံရိပ်ယောင်ရူန်းက ပြောက်ကွယ်သွားပီဖြစ်ပြီး။
လင်းချင်းကျူနှင့် ဝူယွမ်က တစ်ဦးကိုတစ်ဦး ရင်ဆိုင်နေကြသည်။
ယွမ်စွမ်းအင် ပွင့်ဖတ်များက ဝူယွမ်ကို ဝန်းရံထားပြီး၊ စိမ်းပြာရောင်ကြာပန်းပွင့်ဖတ် တစ်ပွင့်စီတိုင်းက ပြင်းထန်သော ယွမ်စွမ်းအင် တုန်ခါမှုကို သယ်ဆောင်လျက် ရှိသည်။ ဝူယွမ်နှင့် အနီးဆုံးပွင့်ဖတ်က သူ၏ လည်ပင်းကို ဖိထားပြီး လင်းချင်းကျူက အနည်းငယ် အားစိုက်ထုတ်လိုက်သည်နှင့် ဝူယွမ်က အသည်းယားစရာ သေဆုံးသွားနိုင်သည်။
လင်းချင်းကျူ၏ နှုတ်ခမ်းလေးမှ ပြုံးရိပ်ပါးပါးလေး ပေါ်လာသည်။ ဝူယွမ်က သူမ၏ အမြင်ကို ရှုပ်ထွေးစေနိုင်သော်လည်း သူမတွင် သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှိသေးသည်။
အမြင့်မြတ်ဆုံး အာရုံခံစွမ်းရည်သည် မျက်စိပင်ထက် ပိုထက်မြက်သေးသည်။
ထိုအချိန်တွင် သူမ၏ မျက်လုံးများအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကြာပန်းချပ်၀တ်ဖြင့် ဖုံးအုပ်ထားသည်။
“ဟမ်၊ ဘာဖြစ်တာလဲ”
လင်းချင်းကျူ၏ မျက်လုံးလှလှလေးများ လှုပ်ရှားသွားသည်။ သူမ၏ စိတ်ထဲတွင် နှောင့်ယှက်နေသော မသက်မသာခံစားချက်သည် အခုအချိန်ထိ မပျောက်ကွယ်သေးပေ။ အရင်ကလောက် မပြင်းထန်တော့သော်လည်း ခံစားနေရဆဲဖြစ်သည်။
သူမ၏ ခေါင်းပေါ်ရှိ ကြာပန်းချပ်၀တ်က ဖြည်းဖြည်းချင်းမှိန်သွားပြီး ဖောက်ထွင်းမြင်ရလာသည်။
ကြာပန်းချပ်၀တ်အတွင်းမှ လင်းချင်းကျူ မျက်လုံးဖွင့်ကြည့်လိုက်သည့် အချိန်တွင် စူးရှသော အလင်းတန်းတစ်ခုသည် သူမ၏ မျက်လုံးရှေ့တွင် ရပ်နေလေသည်။
ပါးလွှာပြီး ထက်မြက်ကာ ရွှေရောင်တောက်နေသော ရှည်လျားသည့် အပ်အသေးလေးသည် သူမ၏ နှလုံးခုန်သံကို မြန်စေသည်။ အကယ်၍သာ ထိုးမိသွားပါက သူမ၏ မျက်လုံး ပျက်စီးသွားနိုင်သည်။
လင်းချင်းကျူ ညင်သာစွာ တံတွေးမျိုချလိုက်ပြီး သူမ၏ ပတ်လည်တွင် ထောင်ပေါင်းများစွာသော ရွှေရောင်အပ်ရှည်များ ရှိနေပြီး သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ဦးတည်ချိန်ရွယ် ထားသည်ကို ရုတ်တရက် သတိပြုလိုက်မိသည်။
ထိုအပ်များက ပါးလွှာပြီး ထက်မြက်သည်။ အကယ်၍ အပမအားလုံးသာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဝင်သွားပါက မခံမရပ်နိုင်အောင် နာကျင်မည်မှာ သေချာသည်။
လင်းချင်းကျူ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
နောက်ဆုံး၊ လူတိုင်းသည် ထိုကဲ့သို့သော ရှည်လျားသည့် အပ်များကို ကြောက်ရွံ့တတ်ကြသည်။
သူမလည်း ကြောက်ရွံ့သည်။
လင်းချင်းကျူ စိတ်အတွင်းမှပင် ကြောက်ရွံ့မှုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာပင်၊ သူမတွင် ကောင်းကင်ကြာပန်း ချပ်၀တ် ရှိနေသည်။
နှစ်ဦးစလုံး လေထဲတွင် တစ်ဦးကိုတစ်ဦး ကြည့်ရှုနေသည်။
တစ်ဦးကို နဂါးချည်မျှင်သလင်းများက ၀န်းရံထားပြီး၊ အခြားတစ်ဦးကို စိမ်းပြာရောင်ကြာပန်းပွင့်ဖတ်များက ဝန်းရံထားသည်။
ရှားရှားပါးပါး တိတ်ဆိတ်နေခြင်း။