ပြည်ထောင်တစ်ရာတိုက်ပွဲ
Vol. 8 Ch. 78
လင်းချင်းကျူက သက်ပြင်းတစ်ချက်ချလိုက်ပြီး
“ရှင်ကကျွန်မကို တစ်ကယ်ဘဲအံဩစေနိုင်ခဲ့တယ် သဏ္ဍာန်ပြောင်းအဆင့်ကို ရောက်ရုံဘဲ ရှိသေးတဲ့ လူငယ်တစ်ယောက်မှာ စွမ်းအားကြီးမားတဲ့ နည်းလမ်းတွေ ဒီလောက်များများ ရှိနေလိမ့်မယ်လို့ ကျွန်မမထင်ထားခဲ့ဘူး၊ ကျွန်မတောင် ရှင်ချထားတဲ့ ထောင်ချောက်ထဲ ၀င်မိသွားသေးတယ်၊ သာမန် သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူတွေဆို ဆိုရင် ရှင့်ရဲ့ နဂါးချည်မျှင်သလင်းအောက်မှာ အသက်ပြောက်နေလောက်ပီ...”
သူမ၏ အသံထဲတွင် ပထမဆုံးအကြိမ် စိတ်လှုပ်ရှားမှုဟန်ကို မြင်တွေ့နေပြီး သူမက နောက်ဆုံးတော့ ဝူယွမ်ကို တကယ် အရေးပေးလာခဲ့သည်။
တစ်ခုသိထားရမည်က လင်းချင်းကျူသည် တူညီတော့ကျင့်ကြံခြင်း အဆင့်တွင် အနိုင်ရသူမရှိသော ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်သည်။ ထို့အပြင် ‘အမြင့်မြတ်ဆုံး အာရုံခံစွမ်းရည်’ ကို ကျင့်ကြံထားခြင်းကြောင့် သူမထက် အဆင့်ပိုမြင့်သည့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရခြင်းသည် ပုံမှန်ကိစ္စတစ်ခုလို ဖြစ်နေသည်။
ယန်မင်းဆက် တစ်ခုလုံးကိုသာမက အရှေ့ရွှမ်ဒေသ တစ်ခုလုံး ချုံကြည့်မယ်ဆိုလျှင်တောင်၊ လင်းချင်းကျူကို သတိထားမိစေနိုင်သည့် လူငယ်မျိုးဆက် သူရဲကောင်းများက ရှားပါးလွန်းလှသည်။
သို့သော် ဝူယွမ်က သူ၏ သဏ္ဍာန်ပြောင်းအဆင့် စွမ်းအားဖြင့် ထိုအရာကို လုပ်ဆောင်နိုင်ခဲ့သည်။
သူမတွင် သူမ၏ ဂိုဏ်းမှ ချီးမြှင့်သည့် ‘မြေကမ္ဘာ အဆင့် ဝိညာဉ်ရတနာလက်နက်’ ဖြစ်သည့် ‘ကြာပန်းနှလုံး ချပ်၀တ်’ အသက်ကယ်ပစ္စည်းသာ မရှိခဲ့ပါက ဒီတစ်ကြိမ်တိုက်ပွဲတွင် သေချာပေါက်ဝူယွမ်၏လက်ထဲမှာ အသက်သေရလိမ့်မည်ဖြစ်သည်။
ဝူယွမ်က လက်ရမ်းကာ ပြောလိုက်သည်၊
“ကျွန်တော်စကတည်းက ပြောပါတယ်၊ ကျွန်တော်ဟာ နတ်မိမယ်ချင်းကျူကို မယှဉ်နိုင်ဘူးလို့”
သူသည် သူ၏ နည်းလမ်းအားလုံးကို အသုံးပြုခဲ့ပြီးပီဖြစ်သော်လည်း လင်းချင်းကျူက သန်မာလွန်းလှသည်။ ၊ထို့အပြင် ကြာချပ်၀တ်က သူမ၏ ခန္ဓာကိုယ်အတွင်းမှ ပေါ်လာနိုင်သေးသည်၊ ထိုအရည်အသွေးသည် သာမန် ဝိညာဉ်ရတနာလက်နက်၏ လုပ်ဆောင်နိုင်စွမ်းထက် သာလွန်နေသည်။ ထိုကဲ့သို့ စွမ်းအားကြီး ရတနာပစ္စည်းတစ်ခုနှင့် ပေါင်းစပ်လိုက်သောအခါ သူမက ရှုံးပွဲမရှိ ထိတ်ဆုံးနေရာတွင် ရပ်တည်နိုင်ပီဖြစ်သည်။
ဝူယွမ်၏ နဂါးချည်မျှင်သလင်းသည်ပင် ကြာချပ်၀တ်ကို မထိုးဖောက်နိုင်ခဲ့ပေ။ အများဆုံးအနေဖြင့် လင်းချင်းကျူအား နာကျင်မှုကို ခံစားရစေနိုင်ရုံသာဖြစ်သည်။
“ရှင်က ဖုံးကွယ်တဲ့နေရာမှာ အတော်လေးကျွမ်းတာဘဲ၊ လင်းလန်တျန်းနဲ့ အခြားသူတွေကိုဘဲ ယန်မင်းဆက်ရဲ့ အထင်ရှားဆုံး ပါရမီရှင်များအဖြစ် ခေါ်ဝေါ်နေကြပေမဲ့ ရှင့်ရဲ့ တည်ရှိမှုကို တစ်ယောက်မှမသိကြဘူး”
လင်းချင်းကျူ မချီးကျူးဘဲမနေနိုင်ခဲ့စေ။ အခုအချိန်တွင် သူမ အနည်းငယ် စိတ်သက်သာရာရနေသည်။
ဝူယွမ်က သူ၏ ရိုးရှင်းသော သဘောထားကို ပြသသည့် အနေဖြင့် သူ၏ နဂါးချည်မျှင်သလင်းကို အရင်ရုတ်သိမ်းလိုက်သည်။
နဂါးချည်မျှင်သလင်းက ပြန်လည်ရောက်ရှိလာပြီး အလွန်သေးငယ်သော ရွှေရောင်အမှုန့်များအဖြစ် ပြောင်းလဲသွားကာ ဝူယွမ်၏ လက်ထဲသို့ ကျရောက်သွားသည်။
နဂါးချည်မျှင်သလင်း၏ အသွင်အပြင် မြင်လိုက်ရသည့်အခါ လင်းချင်းကျူ၏ နှလုံးသားထဲတွင် အေးစက်သွားသည်၊ ထိုလက်နက်၏ အစစ်အမှန် ကြောက်မက်ဖွယ်ရာ စွမ်းအားကို တွေးကြည့်လိုက်မိသည်။
ဝူယွမ် - “အခု ကျွန်တော်တို့ တိုက်ခိုက်ပြီးပြီဆိုတော့ နတ်မိမယ်ချင်းကျူ ကျွန်တော်ကို ထွက်ခွာခွင့်ပေးနိုင်မလား”
“ဟမ့်”
လင်းချင်းကျူသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး၊ ဝူယွမ်ကို ဝန်းရံထားသော ကြာပွင့်ဖတ်များက အစိမ်းရောင် အလင်းတန်းများနှင့်အတူ ပြောက်ကွယ်သွားခဲ့သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက ဝူယွမ်ကို ကြည့်ရင်း ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဒီအကြိမ် မတော်တစ်ဆဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး လင်းချင်းကျူက အကြောင်းပြချက်မရှိ ဒေါသထွက်တတ်သည့် အမျိုးသမီးတစ်ဦးမဟုတ်ပေ။ သူမ ဒေါသထွက်ပြီးနောက် သူမသေချာတွေးလိုက်မိပြီး လက်တွေ့အခြေအနေကို လက်ခံရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့အပြင် သူမက ဝူယွမ်၏ စွမ်းရည်နှင့် စရိုက်လက္ခဏာကို စမ်းသပ်ပြီးဖြစ်သည်။ ထိုလူသည် သူမ၏ မျှော်လင့်ချက်ထက် လုံးဝကျော်လွန်နေခဲ့သည်။ သူက သူမ တွေ့ကြုံခဲ့ရသည့် ကြီးကျယ်သော လူငယ်ပါရမီရှင်များနှင့် နှိုင်းယဉ်လို့ရပေသည်။
ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးထံသို့ သူမ၏ သန့်ရှင်းမှုကို ပေးလိုက်ရခြင်းက ဆုံးရှုံးမှုတစ်ခုတော့မဟုတ်ပေ။
တကယ်တော့ သူမသည် စိတ်ထဲမှ အရှက်တရားကို ခံစားနေရသော်လည်း လင်းချင်းကျူ ဝူယွမ်အပေါ် အဓိကလေးစားရသည့် အချက်မှာ သူ၏ မာနထောင်လွှားမှုအတွင်းမှ လိမ္မာပါးနပ်မှုဘဲဖြစ်သည်။
သူမ၏ နောက်ခံက ရိုးရိုးရှင်းရှင်းမဟုတ်သည်ကို သိထားပြီး သူမ၏ စွမ်းအားက နောက်ပိုင်းတွင် သူ့ကို သတ်ဖြတ်ရန် လုံလောက်သည်ကိုပါ သိထားပါလျက်နှင့်
သူက မတွန့်ဆုတ်ခဲ့ပေ။ ‘တဒင်္ဂကို ချုပ်ကိုင်ရန်’ သူရဲကောင်းဆန်သော စိတ်ဓာတ်ကို ပြသခဲ့သည်၊ သူမနှင့်အတူ ရှိခဲ့တုန်းက ကိုယ်လက်နှီးနောဖလှယ်မှု လုပ်ငန်းစဉ်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် စည်းကမ်းမဲ့ ပြုမူခဲ့သည်။
အခြား ယောက်ျားတစ်ဦးသာ ထိုအခြေအနေတွင် ရှိနေခဲ့ပါက သူသည် ဝေခွဲမရဖြစ်နေပြီး သတိပြန်လည်လာ သည်နှင့်ချက်ချင်း ထွက်ပြေးခဲ့မည်ဖြစ်သည်။
သူက အခွင့်ထူးခံစားခွင့်ကို အပြည့်အဝ မယူနိုင်ခဲ့သလို၊ နောက်ဆုံးတွင် သူမ၏ လိုက်လံဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရမည်ဖြစ်သည်။
ရင်ဆိုင်ရမည် ဆိုပါက သေဆုံးရမည်၊ ရှောင်ပြေးရင်လည်း သေဆုံးရမည်။
ထို့နောက် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှနှင့် ဝူယွမ် ပြသခဲ့သည့် စွမ်းအားသည်လည်း သူမအား ယုံကြည်စေခဲ့သည်။
“ဝူယွမ်၊ ကျွန်မက ရှင့်ရဲ့ အသက်ကို လွှတ်ပေးနိုင်တယ်၊ ဒါပေမယ့် ရှင်က ကျွန်မကို တစ်ခုခု ကတိပေးရမယ်”
လင်းချင်းကျူသည် လေးနက်သော မျက်နှာအမူအရာဖြင့် ရုတ်တရက် ပြောလိုက်သည်၊
“ရှေးဟောင်းဂူသင်္ချိုင်းထဲကကိစ္စရပ် ရှင့်ရဲ့ စိတ်အတွင်းမှာဘဲ ထာဝရ မြှုပ်နှံထားရမယ်။ အရိပ်အမြွက် လေးတောင် ထုတ်မပြောရဘူး၊ ပြီးတော့ ရှင်ကိုယ်တိုင်လည်း အဲ့လိုအရာမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့သလို သဘောထားရမယ်”
“ဒါက ခက်လွန်းတယ်... ဘယ်လိုများ ဘာမှမဖြစ်ခဲ့သလိုမျိုး နေနိုင်မှာက၊ အဲဒါက ဘယ်လောက်တောင် မေ့မရတဲ့ အချစ်ဇာတ်လမ်းလေးလဲ”
“နတ်မိမယ်ချင်းကျူ၊ မဖြစ်နိုင်တဲ့ တောင်းဆိုမှုကို လုပ်နေတာလား။ နတ်မိမယ်ချင်းကျူ ကိုယ်တိုင်ရော ဘာမှမဖြစ်ခဲ့သလိုမျိုး လုပ်နိုင်ပါ့မလား” ဝူယွမ်က အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။
လင်းချင်းကျူ၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်၊
“ကျွန်မက ရှင်နဲ့မတူဘူး။ ကျွန်မတို့ကြားက ဖြစ်ရပ် အချို့ကသာ သတင်းပေါက်ကြား သွားခဲ့မယ်ဆိုရင်၊ ရှင့်ကို ဘေးဖယ်ထားဦး၊ ရှင့်နောက်ကွယ်မှာ ယန်မင်းဆက်တစ်ခုလုံး ရှိနေရင်တောင် လုံးဝ ချေမှုန်းခံရမှာဘဲ။ ရှင်က မိုက်မဲသူမဟုတ်ပါဘူး၊ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာကို ရှင်သိသင့်တယ်။ တစ်ချို့ကွာခြားချက်တွေက အစကတည်းက ကြိုသတ်မှတ်ထားပြီးသားဘဲ လူတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ စွမ်းရည်အတွင်းမှာပဲ လုပ်ကိုင်သင့်တယ်”
သူမသည် ‘ကိုးကောင်းကင် တိုင်ချင်း နန်းတော်’ ၏ အထင်ရှားဆုံး တပည့်ဖြစ်ပြီး သူမ၏ ဂိုဏ်းမှာ သူမကို အလွန်တန်ဖိုးထားကာ ‘အမြင့်မြတ်ဆုံး အာရုံခံစွမ်းရည်’ ကို ကျင့်ကြံခွင့်ပေးထားသည်။ သူမက ဂိုဏ်း၏ အနာဂတ် မျှော်လင့်ချက်ဖြစ်ပြီး သူမ၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းထားရမည်ဖြစ်သည်။
အခု သူမက ဝူယွမ်ထံတွင် သူမ၏ သန့်ရှင်းစင်ကြယ်မှုကို ပေးလိုက်ရသည်ကို ‘ကိုးကောင်းကင်တိုက် တိုင်ချင်းနန်းတော်’ ကသာ သိသွားပါက ဝူယွမ်အား အရိုးများအထိ မီးမြှိုက်မည်ဖြစ်ကာ သူ၏ နောက်ကွယ်ရှိ အင်အားစုများကိုပါ ထိခိုက်စေလိမ့်မည်ဖြစ်သည်။
လင်းချင်းကျူ စိုးရိမ်မိသည်မှာ တစ်ယောက်ယောက်က ဤကိစ္စကို သိကာ ဂိုဏ်းသို့ ပျံ့နှံ့သွားပြီး ဖြစ်လာမည့် နောက်ဆက်တွဲ အရာများကိုဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဝူယွမ်က ပထမဆုံးသေဆုံးသူ ဖြစ်လာလိမ့်မည်။
“ကျွန်တော် ဂူသင်္ချိုင်းအတွင်းကကိစ္စကို ဘယ်သူ့ကိုမှ မပြောပါဘူး၊ ဒါပေမယ့် ကိုယ်တိုင်ကတော့ မေ့လို့မရဘူး။ ကျွန်တော် ပြောခဲ့ဖူးတယ်၊ နတ်မိမယ်ချင်းကျူ ယုံလား။ နတ်မိမယ်ချင်းကျူ သိလား၊ နတ်မိမယ်ချင်းကျူ နဲ့ ကောင်းကင်ကကြယ်တွေ ဘာကွာလဲဆိုတာ”
ဝူယွမ်သည် လင်းချင်းကျူကို စိုက်ကြည့်ကာ ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
လင်းချင်းကျူ ရပ်တန့်သွားပြီး အေးဆေး ပြန်မေးလိုက်ပြီး “ဘာကွာလဲ”
“ကြယ်တွေက ကောင်းကင်ထဲမှာ၊ နတ်မိမယ်ချင်းကျူ ကတော့ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ” ဝူယွမ်က သူ၏ ဘယ်ဘက် ရင်ဘက်ကို ပွတ်သပ်ရင်း ခံစားချက်များစွာဖြင့် ပြောလိုက်သည်။
လင်းချင်းကျူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုတစ်ချို့ ဖြတ်သန်းသွားပြီး သူမ၏ နှလုံးခုန်သံများ မြန်လာခဲ့သည်။ သူမသည် ဝူယွမ်ကို သတိပေးရန် စကားပြောနေချင်းဖြစ်သည် သူနှင့် စကားစမည်ပြောရန် မဟုတ်ပေ။
“ရှင် ကျွန်မကို စိန်ခေါ်နေတာလား”
“မရဲပါဘူး၊ မရဲပါဘူး” ဝူယွမ်သည် လက်များကို လှုပ်ရှားကာ ဖြေးညှင်းစွာ ပြောသည်၊ “ချောမောလှပသော အမျိုးသမီးငယ်ကို ယောက်ျားကောင်းက ရှာဖွေတယ်တဲ့၊ အထူးသဖြင့် နတ်မိမယ်ချင်းကျူလို ကောင်းကင်ဘုံကလာတဲ့ နတ်သမီးလေးအတွက်တော့။
ကျွန်တော် သိပါတယ်၊ လက်ရှိအချိန်မှာ နတ်မိမယ်ချင်းကျူ လိုက်ဖို့တောင် အရည်အချင်း မပြည့်မီသေးဘူးဆိုတာ။
ဒါပေမယ့် မြစ်အရှေ့ဘက်ကမ်း နှစ်သုံးဆယ်၊ မြစ်အနောက်ဘက်ကမ်း နှစ်သုံးဆယ်။ ကျွန်တော့်ကို အချိန်ပေးပါ၊ ကျွန်တော်ဟာ နတ်မိမယ်ချင်းကျူနဲ့ ထိုက်တန်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်လာမှာပါ”
လင်းချင်းကျူသည် ထူးဆန်းစွာပင် ဒေါသမထွက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဝူယွမ် ပြသခဲ့သည့် စွမ်းရည်သည် ထိုသို့ဖြစ်နိုင်ခြေ ရှိနေခဲ့သည်။ “ရှင်က ကိုယ့်ကိုကိုယ် အလွန်ယုံကြည်မှုရှိနေတာဘဲ၊ ဒါပေမယ့် အဲ့အဆင့်ကို ရောက်ရှိဖို့အတွက် အနည်းဆုံးတော့ ရှင် ‘ပြည်ထောင်တစ်ရာတိုက်ပွဲ’ မှာ ထူးထူးချွန်ချွန် ပေါ်ထွက်လာနိုင်ရမယ်”
“ ပြည်ထောင်တစ်ရာတိုက်ပွဲ လား” ဝူယွမ်သည် စဉ်းစားသွားပြီး ကောင်းကင်ဘုံနှင့် မြေကြီး၏ ဝိညာဉ်စွမ်းအား စုဝေးရာဟု ထင်ရသည့် ကောင်းကင်ပေါ်ကို စူးစူးရှရှ ကြည့်ရင်း သူ၏ မျက်လုံးများတွင် ထက်သန်သော စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်ကာ ပြောလိုက်သည်၊ “အဲ့ဒီတစ်နေ့က ရောက်လာလိမ့်မယ်၊ အဲ့အချိန်ကြရင် ကျွန်တော်သည် နတ်မိမယ်ချင်းကျူ ရှေ့မှာရပ်ပြီး အားလုံးကို ကြေညာမယ်၊ ကျွန်တော်နဲ့ အိပ်ခဲ့တဲ့ အမျိုးသမီး၊ သူမဟာ ကျွန်တော့်နဲ့သက်ဆိုင်တဲ့သူဘဲ”
ဝူယွမ် နောက်ဆုံးတွင် မူရင်းဝတ္ထုထဲက လင်းတုန်း၏ ခံစားချက်များကို နားလည်သွားသည်။ နှလုံးသားထဲတွင် ဖိစီးနေသည့် စကားများကို ပြောခြင်းက ပိုစိတ်ကျေနပ်မှုရစေသည်မှာ အမှန်ပင်ဖြစ်သည်။
ထိုစကားများကို ကြားပြီးနောက် လင်းချင်းကျူက မျက်ခုံး အနည်းငယ်သာ ကျုံ့သွားပြီး မူရင်းဝတ္ထုထဲကကဲ့သို့ ဝူယွမ်ကို လက်ဝါးစာမကြွေးခဲ့ပေ။
ဝူယွမ်၏ စွမ်းရည်ဖြင့်ဆိုလျှင် ပြည်ထောင်တစ်ရာတိုက်ပွဲ စတင်သည်နေ့၊ ထိုနေ့တွင် သူကထွန်းတောက်လာနိုင် ခြေရှိနေသည်။
လင်းချင်းကျူသည် ဆက်ပြီး အေးဆေးစွာ ပြောလိုက်သည် “ထူးချွန်စွာ ပေါ်ထွက်လာရမယ်ဆိုတာ ပထမဆုံး အချက်ဘဲရှိသေးတယ်၊ ရှင် ပြောခဲ့တဲ့အတိုင်း တစ်ကယ် လုပ်ဆောင်လိုပါက ‘ပြည်ထောင်တစ်ရာတိုက်ပွဲ’ရဲ့ ချန်ပီယံဆုကို ကျွန်မရှေ့မှာ ယူပြပါ”
“ပြည်ထောင်တစ်ရာတိုက်ပွဲ က နောက်သုံးနှစ်အကြာမှာ ရောက်လာလိမ့်မယ်။ အဲ့အချိန် ရှင့်ရဲ့ သတင်းကို ကြားရဖို့ မျှော်လင့်ပါတယ်”
လင်းချင်းကျူ ပြောပြီးသည်နှင့် ဝူယွမ်ကို ပိတ်ဆို့ထားသည့် စိမ်းပြာရောင် ကောင်းကင်ကြာပန်းကို ပြန်ခေါ်ကာ နောက်လှည့်ကြည့်ခြင်းမရှိဘဲ အဝေးသို့ ပျံသန်းသွားထွက်ခွါသွားသည်။
နောက်သုံးနှစ်ကြရင်၊ ကျွန်တော့်နာမည်ကို နတ်မိမယ်ချင်းကျူ သေချာပေါက် ကြားရလိမ့်မယ်”
ဝူယွမ်သည် ကောင်းကင်ဘုံဆီသို့ အော်ဟစ်လိုက်သည်။
သူ၏ အသံသည် ကောင်းကင်ထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သော်လည်း လင်းချင်းကျူ၏ သဏ္ဍာန်ကတော့ မြန်ဆန်စွာ ပျံသန်းသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ဟူး~
ဝူယွမ်က သက်ပျင်းချကာ လေပူများမှုတ်ထုတ်လိုက်သည်။
နောက်ဆုံးတော့ သူ၏ ပထမဆုံး ဇနီးမယားက အိမ်ပြန်သွားပီဖြစ်သည်။
“ဒါကို သုံးနှစ်တာ သဘောတူညီချက်လို့ ယူဆနိုင်တယ်မလား။”
ဝူယွမ်က သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိသည်။ လင်းချင်းကျူက အခု သူ့စိတ်ထဲတွင် သူ၏ မိန်းမဖြစ်နေပြီဖြစ်ပြီး၊ သူက သူမကို ပြန်လည် အနိုင်ရယူရမည်ဖြစ်သည်။