← Chapters

ကောင်းကင်ကင်းမြီးကောက်ကျား၊ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်အဆင့် လက်အောက်ငယ်သား

Vol. 8 Ch. 79

ကောင်းကင်ကင်းမြီးကောက်ကျား၊ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်အဆင့် လက်အောက်ငယ်သား

Vol. 8 Ch. 79

ဝူယွမ်သည် ချက်ချင်းထိုင်လိုက်ပြီး အားဖြည့်ဆေးကို မျိုချကာ တစ်ချိန်တည်းမှာပဲ “နတ်ဆင်နှိမ်နင်းခြင်း” ကို ကျင့်ကြံအားထုတ်‌နေသည်။

“ချီနဲ့ ဝိညာဥ်ကို ပို့ဆောင်၊ ဝိညာဉ်ဖြင့် ပုံရိပ်ကို ဖန်တီး၊ တစ်ချက်ရွေ့တိုင်းတွင် ဆင်ပြောင်ကြီရဲ့စွမ်းအား၊ လူတစ်ဦး၏ ခန္ဓာကိုယ်သည် သန်းပေါင်း ၈၄၀ သော အမှုန်ငယ်များဖြင့် ဖွဲ့စည်းထားပြီး အမှုန်များထဲမှ ပင်ကိုစွမ်းရည် နိုးကြားလာပါက အမှုန်ငယ်တစ်ခုစီတိုင်းတွင် ဆင်ပြောင်ကြီး၏ စွမ်းအား ရှိသည်။ အားလုံး နိုးကြားလာပါက နတ်ဆင်နှင့် ရင်ပေါင်တန်းနိုင်ကာ၊ မြစ်ချောင်းအင်းအိုင်ကြီးများကို လှန်ပစ်နိုင်၊ ကြယ်များကို ဟိန်းဟောက်သံဖြင့် ချိုးဖျက်နိုင်၊ လကို ဆုပ်ကိုင်၍ နေကို မျိုချနိုင်ပြီး အားလုံးက အတွေးတစ်ခုတည်းအတွင်း၌ လုပ်နိုင်စွမ်းရှိသည်။

ဆင်အမျိုးအစားများသည် မရေမတွက်နိုင်အောင် များပြားပြီး အဆက်မပြတ် မြှင့်တင်နိုင်သည်- ဆင်ပြောင်ကြီးသည် စဦးအဆင့်ဖြစ်ပြီး နဂါးဆင် အဖြစ် ပြောင်းလဲသည်; နဂါးဆင်က အလယ်အလယ်အဆင့် ဖြစ်ပြီး ရှေးဦးဆင်အဖြစ်ကို ပြောင်းလဲသည်; ရှေးဦးဆင် အဆင့်မြင့်ကတစ်ဆင့် နတ်ဆင် အထွတ်အထိပ်အဆင့် အဖြစ် ပြောင်းလဲသည်...”

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက တဖြည်းဖြည်း တက်ကြွလာသည်။ “နတ်ဆင်နှိမ်နင်းခြင်း” ကိုလှည့်ပတ်ရင်း ယွမ်စွမ်းအင်ကို သူ့ ခန္ဓာကိုယ်၏ ထောင့်တိုင်းသို့ ပေါင်းစပ်ဝင်ရောက်စေသည်။

ထိုနည်းစနစ်သည် ချီ ကို အားထုတ်သော နည်းလမ်းဖြစ်သော်လည်း အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အဓိကထားသည်။

၎င်းသည် ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ပြီး အပြည့်အဝ ဖွံ့ဖြိုးစေသည်။

ပုံမှန်အားဖြင့် ယွမ်စွမ်းအင်ကို ဒန်တျန်တွင်သာ သိုလှောင်ထားနိုင်သော်လည်း “နတ်ဆင်နှိမ်နင်းခြင်း” ကို ကျင့်ကြံပြီးလျှင် ယွမ်စွမ်းအင်ကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းတွင် သိုလှောင်ထားနိုင်သည်။

ကျင့်စဉ်တွင် ကနဦး အောင်မြင်မှု ရပြီးသည်နှင့် “နတ်ဆင်နှိမ်နင်းခြင်း” ၏ ငရဲ ဆိုင်ကလုန်း ယွမ်ချီ ကို ကျင့်ကြံနိုင်ကာ၊ စွမ်းအားကြီးမားသော တိုက်ခိုက်ရေး ကိုယ်ခန္ဓာပညာရပ်များကို အားဖြင့်ပေးနိုင်ပြီး၊ ငရဲတမန်လှံကိုလည်း စုစည်းဖန်တီးနိုင်သည်။

ဝူယွမ်သည် လက်ရှိတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော အမှုန်များကို နိုးစွနေသည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ယွမ်ကျီသည် သူ၏ ခန္ဓာကိုယ်ထဲသို့ မပြတ်တမ်း စီးဝင်နေပြီး၊ ကိုယ်ပေါ်ရှိ ချွေးပေါက်မှန်သမျှက ယွမ်စွမ်းအင်ကို စုပ်ယူနေသည်။

ညနေခင်း တဖြည်းဖြည်း ကျရောက်လာသည်နှင့်အမျှ၊ ဝူယွမ်နှင့် ပိုင်ယွမ်တို့၏ ခန္ဓာကိုယ်များမှ ယွမ်စွမ်းအင် အလင်းရောင်များ ထွက်ပေါ်နေသည်။

မှောင်မိုက်နေသော တောအုပ်ထဲတွင်၊ သူတို့သည် အလင်းလက်ဆုံး အရာများ ဖြစ်လာကြသည်။

သူသည် လက်ရှိတွင် တျန်းယန် တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေပြီး၊ သူ၏ နေရာကိုသူ အတိအကြ မသိတော့ပေ။

“နတ်ဆင်နှိမ်နင်းခြင်း” ကို ပထမဆုံးအကြိမ် ကျင့်ကြံရာတွင် ဝူယွမ်သည် ဤနေရာ၏ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအင်ကို လှုပ်ခတ်စေခဲ့သည်။ မရေမတွက်နိုင်သော ယွမ်စွမ်းအင်များသည် သူ့ဆီသို့ စုပြုံလာပြီး၊ သူကျင့်ကြံရာ နေရာတွင် ယွမ်စွမ်းအင် ဒီရေလှိုင်းကို ဖြစ်ပေါ်စေခဲ့သည်။

“‌ေ၀ါင်းး”

သားရဲများ၏ ဟိန်းဟောက်သံသည် ဝူယွမ်ကို သူ၏ကျင့်ကြံခြင်းမှ နိုးကြားစေခဲ့သည်။

မကောင်းဆိုးဝါး ကျားများသည် သူတို့ဆီသို့ ဖြေးဖြေးခြင်း ချဉ်းကပ်လာခဲ့သည်။

“များလွန်းတယ်”

နေ့ဘက်တုန်းက၊ လင်းချင်းကျူ ရှိနေခဲ့ပြီး၊ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်တွင် ရှိသော သူမ၏ စွမ်းအင်၊ ထိုအချိန်က သူမ သယ်ဆောင်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကြောင့်၊ ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါး ကျားများ၊ သဏ္ဍာန်‌ပြောင်းအဆင့်တွင် ရှိသော ကျားများပင် ချဉ်းကပ်ဝံ့ခြင်းမရှိဘဲ၊ အချို့သည် ဝေးရာသို့ပင် ပြေးခဲ့ကြသည်။

အရင်က ဝူယွမ်နှင့် ပိုင်ယွမ်သာ ရှိနေသည်ကို တွေ့ရသော အဆိုပါ မကောင်းဆိုးဝါး ကျားများသည် နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးရှိ တောက်ပနေသော မျက်လုံးများက ဝူယွမ်တို့နှစ်ယောက်ကို စိုက်ကြည့်နေကြပြီး၊ သူတို့သည် လူနှင့် ကျားကို သတိထားပြီး ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။

သူတို့က ဝူယွမ် ဖြစ်ပေါ်စေခဲ့သော ယွမ်စွမ်းအင် ဒီရေလှိုင်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး၊ ဝူယွမ်ကို လောဘတကြီး စိုက်ကြည့်ကာ၊ သွားရည်များ ယိုစီးနေကြသည်။

“ဟားဟား၊ အချိန်ကောင်းပဲ။ တစ်နေ့လုံး လင်းချင်းကျူရဲ့ ဖိအားကို ခံခဲ့ရပြီး စိတ်မသက်သာစရာတွေကို ဘယ်မှာမှ ဖွင့်ထုတ်လို့မရခဲ့ဘူး”

ဝူယွမ်သည် အခုအချိနိတွေ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့်ဖြစ်နေသည်။

ပိုင်ယွမ်သည်လည်း အသံနှိမ့် ဟိန်းဟောက်လိုက်ပြီး၊ သူမသည်‌ သွေးမျိုးဆက် ကိုယ်ခန္ဓာပညာရပ်အသစ် ကိုနိုးကြားပြီးနောက် ထိုပညာရပ်၏ အကျိုးသက်ရောက်မှုကို စမ်းသပ်လိုသည်။

ဝူယွမ်သည် သူ၏ “လေနှင့်လ နူးညံ့သိမ်မွေ့သော ခံစားချက်ဓား”ကို ဆွဲထုတ်ကာ မကောင်းဆိုးဝါး ကျားများကို ရင်ဆိုင်လိုက်သည်။

ထိုကျာူအားလုံးသည် ယွမ်ဒန်အဆင့်နှင့် အထက်ရှိသော မကောင်းဆိုးဝါး ကျားများဖြစ်ပြီး၊ နှစ်ကောင် သို့မဟုတ် သုံးကောင်သည် သဏ္ဍာန်ပြောင်းအဆင့် သို့ပင် ရောက်ရှိနေသေးသည်။

ရှေ့တစ်ရက်ကသာ ဤအခြေအနေကို ရင်ဆိုင်ရပါက၊ ဝူယွမ်၏ ပထမဆုံး အတွေးသည် မည်သို့ ထွက်ပြေးရမည်ကို ဖြစ်လိမ့်မည်။

သို့သော် ယခုအခါ၊ လင်းချင်းကျူနှင့် စွမ်းအင်နှီးနှောဖလှယ်မှုပြီးနောက် ဝူယွမ်က သဏ္ဍာန်ပြောင်းအဆင့်သို့ ထိုးတက်သွားခဲ့ပြီး၊ ထိုပြင်းထန်ပြီး လှိုင်းထနေသော စွမ်းအင်ကို လုံးဝ စစ်ထုတ်၍မရသေးဘဲ၊ သူ၏ခန္ဓာကိုယ်အတွင်း ထိန်းချုပ်မထားနိုင်သေးပေ

ဆိုလိုသည်မှာ ဝူယွမ်က ဤအချိန်တွင် တိုက်ပွဲကို အလွန်အမင်း လိုလားနေသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ မငြိမ်မသက်ဖြစ်နေသော ယွမ်စွမ်းအင်ကို ငြိမ်းသတ်ရန် တိုက်ပွဲတစ်ခု လိုအပ်နေသည်။

“နဂါးပျံသန်းခြင်းကိုးကွက်” ပုံစံကိုးမျိုး

ပုံစံတစ်ခုစီက စွမ်းအားကို စုစည်းပြီး နောက်ဆက်တွဲ ပုံစံတိုင်းက ယခင်ပုံစံထက် ပိုမိုအားကောင်းလယသည်။

ဝူယွမ်သည် သူ၏ “စွမ်းအားပြင်းနတ်ဆိုးမျက်စိ” ကို အသုံးပြုခဲ့ပြီး၊ ဝိညာဉ်စွမ်းအင်ဖြင့် မျက်စိအစွမ်းကို မြှင့်တင်လိုက်ကာ အမှောင်ထဲတွင်ပင် မကောင်းဆိုးဝါး ကျားတစ်ကောင်ချင်းစီ၏ တည်နေရာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

ပန်းရောင်ဓားတစ်ချက်ရမ်းတိုင်း မကောင်းဆိုးဝါး ကျားတစ်ကောင်၏ အသက်ကို ရိတ်သိမ်းခဲ့သည်။

လေထဲမှ ချောင်းမြှောင်း တိုက်ခိုက်လာသော မကောင်းဆိုးဝါး ကျားများလည်း ရှိသည်။

“ရေခဲပုံဆောင်ခဲဓားနှင့်” နှင့် “နဂါးချည်မျှင်သလင်း” တို့သည် ပျံသန်းနေသော မကောင်းဆိုးဝါး ကျားများကို ကိုင်တွယ်ဖြေရှင်းရန် ပျံသန်းထွက်ခွာသွားသည်။

ဝူယွမ်က စိတ်လှုပ်ရှားဖွယ် တိုက်ခိုက်ခဲ့ပြီး၊ ရူးသွပ်စွာ သတ်ဖြတ်နေခဲ့သည်

လင်းချင်းကျူထံမှ ဖိနှိပ်ခံခဲ့ရသော အနှုတ်လက္ခဏာ စိတ်ခံစားမှုအားလုံးသည် ဤမကောင်းဆိုးဝါး ကျားများအပေါ်သို့ ထုတ်လွှတ်ခြင်းခံခဲ့ရသည်။

ပိုင်ယွမ်ကသူမ၏ သွေးမျိုးဆက်စွမ်းရည် ထုတ်လွှတ်လိုက်ပြီး၊ သူမသည်လည်း သားရဲအုပ်ထဲသို့ စီးနင်းတိုက်ခိုက်ကာ၊ ကြောက်မက်ဖွယ် စွမ်းအားများကို ပြသခဲ့သည်။

မကောင်းဆိုးဝါး ကျားတစ်ကောင်ပြီးတစ်ကောင် သူတို့၏ ဓားနှင့် ခြေသည်းများအောက်တွင် လဲကျသွားသည်။

သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ်တွင် ရှိသော မကောင်းဆိုးဝါး ကျားများပင် သူတို့ကို မတားဆီးနိုင်တော့ပေ

“နဂါးပျံသန်းခြင်းကိုးကွက်” သည် သတ္တမအဆင့် အဆင့်မြင့်ကိုယ်ခန္ဓာပညာရပ် ဖြစ်ပြီး၊ လင်းချင်းကျူနဲ့ တိုက်ခိုက်ရာတွင် ပေါ့ပေါ့တန်တန် လွင့်ပစ်ခံခဲ့ရကာ၊ အနည်းငယ်သာ အစွမ်းပြနိုင်ခဲ့သော်လည်း

အခု ဤမကောင်းဆိုးဝါး ကျားများရှေ့တွင် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြသခဲ့ပြီး၊ ကျားများတစ်ကောင်မှ မတားဆီးနိုင်ခဲ့ပေ။ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ် အားကောင်းသော မကောင်းဆိုးဝါး ကျားများသည်ပင်၊ ကိုးချက်ဆက်တိုက် ခုတ်ခံရပြီးနောက်တွင် သေဆုံးရလိမ့်မည်ဖြစ်သည်။

မကောင်းဆိုးဝါး ကျားများ အလွန်များပြားလှပြီး ဝူယွမ်က အလယ်အလတ်သားရဲ ဒီရေလှိုင်းကို စတင်ခဲ့သည်ဟုပင် ထင်ရသည်။

တိုက်ပွဲက အလွန်ပြင်းထန်ပြီး ဝူယွမ်က ပိုင်ယွမ်အား သန့်စင်သော ယွမ်ဆေးလုံးများဖြင့် ပြည့်နှက်နေသော သိုလှောင်အိပ် တစ်လုံး ပေးခဲ့သည်။ လူနှင့် ကျားက တိုက်ခိုက်နေရင်း ဆေးပြားများကို အဆက်မပြတ် သုံးစွဲနေကြသည်။

နောက်နေ့ နေထွက်သည်အထိ၊ ပတ်ဝန်းကျင်က နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ လူနှင့် ကျားသည် သွေးခြောက်များဖြင့် ဖုံးလွှမ်းနေခဲ့သည်၊ သို့သော် တစ်စက်မျှ သူတို့၏ သွေးမဟုတ်ပေ။

သွေးအနံ့များ လေထဲတွင် ပျံ့နှံ့နေပြီး၊ မကောင်းဆိုးဝါး ကျားများ၏ အလောင်းများနှင့် ဖြတ်တောက်ထားသော အစိတ်အပိုင်းများသည် နေရာအနှံ့ ပြန့်ကြဲနေသည်။

အကြမ်းဖျင်းခန့်မှန်းကြည့်ပါက၊ အကောင်ရေ တစ်ရာကျော်ခန့် ရှိသည်!

“မင်း တစ်ညလုံး ချောင်း‌နေတာ ထွက်မလာသေးဘူးလား”

ဝူယွမ်သည် တောင်ကုန်းတစ်ခုဘက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဒုံး! ဒုံး! ဒုံး!”

တောင်ကုန်းနောက်မှ တုန်ခါသံကြားလိုက်ရပြီး၊ သားရဲကြီး၏ အရိပ်ကြီး ပေါ်လာသည်။

ထိုသားရဲသည် အရပ်အမောင်းမြင့်မားပြီး၊ အမွေးအမှင်များ မည်းနက်ကာ၊ ကျား ခန္ဓာကိုယ်နှင့် ကင်းမြီးကောက် အမြီး ရှိသည်။

ထို‌သားရဲသည် ကောင်းကင်ကင်းမြီးကောက်ကျား ဖြစ်ပြီး၊ သူ၏ စွမ်းအားသည် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်အဆင့်တွင် ရှိပြီး၊ ချီဖန်တီးခြင်းအဆင့် သို့ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။

ထိုကျားသည် အမှောင်ထဲတွင် ဝူယွမ်နှင့် ပိုင်ယွမ်တို့ မကောင်းဆိုးဝါး ကျားများနှင့် တိုက်ခိုက်နေသည်ကို တစ်ညလုံး ‌ေစာင့်ကြည့်နေခဲ့သည်။

သူသည် သည်းခံပြီး စောင့်ဆိုင်းခဲ့သည်၊ ထိုကျားနက်က အတော်လေး ဉာဏ်ကောင်းပြီး ‘ ဝံပုလွေများကို မောင်းထုတ်ရန် ကျားများကိုအသုံးခြင်း’ နှင့် ငါးဖမ်းသမားအဖြစ် အကျိုးအမြတ်ယူရန် နည်းလမ်းကို နားလည်သည်။

ဝူယွမ်သည် တစ်ကယ်တော့ ကောင်းကင်ကင်းမြှီးကောက်ကျားကို အစောပိုင်းကတည်းက ရှာဖွေတွေ့ရှိခဲ့သော်လည်း၊ သူ့ ပြိုင်ဘက်သည် သူ၏ ထိန်းချုပ်မှုအတွင်း ရှိနေသောကြောင့် သိပ်မစိုးရိမ်ခဲ့ပေ။

အရင်က သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ်‌အောက်ရှိ မကောင်းဆိုးဝါး ကျားများသည် သူ့အတွက် ခြိမ်းခြောက်မှု မရှိသောကြောင့်၊ ထိုတိုက်ပွဲသည် လင်းချင်းကျူ၏ ခန္ဓာကိုယ်မှထဲ သူရခဲ့သော စွမ်းအင်များကို စစ်ထုတ်ရန် အနည်းငယ်ဘဲ ကူညီနိုင်ခဲ့သည်။

ထို့အပြင်၊ “နတ်ဆင်နှိမ်နင်းခြင်း” ကို ကျင့်ကြံပြီးနောက် သူ၏စွမ်းရည် မှာ အချိန်အတော်ကြာ တိုက်ခိုက်နိုင်စွမ်းဖြစ်သည်။ ယွမ်စွမ်းအင်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် တည်ရှိနေပြီး၊ တစ်ညလုံး တိုက်ခိုက်ပြီးနောက်၊ ဝူယွမ်သည် “နတ်ဆင်နှိမ်နင်းခြင်း” ၏ စွမ်းအားကို သန့်စင်နေခြင်းသာ ဖြစ်ကာ၊ သူ၏ ဒန်တျန် အတွင်းရှိ ယွမ်စွမ်းအင်ကို အများကြီး အသုံးမပြုရသေးပေ။

ဤကောင်းကင်ကင်းမြီးကောက်ကျားက လူနှင့်ကျားသည် တစ်ညလုံး တိုက်ခိုက်ပြီးနောက် ပင်ပန်းနွမ်းလျနေသည်ဟု ထင်ကောင်း ထင်နိုင်သည်။

ပိုင်ယွမ်က အနည်းငယ် ပင်ပန်းနေသော်လည်း၊ ဝူယွမ်ကတော့ တိုက်ပွဲနှင့်အတူ ပိုမိုအားကောင်းလာသည်!

“ဝေါင်း”

ကောင်းကင်ကင်းမြီးကောက်ကျားက သေဆုံးသွားသော မကောင်းဆိုးဝါး ကျားများ၏ သားရဲအမြုအတေများကို မျိုချနိုင်ရန် ဟိန်းဟောက်ပြီး ဝူယွမ်ကို ကြောက်လန့်တကြား ထွက်ပြေးစေရန် ကြိုးစားလိုက်သည်၊

ဝူယွမ်က မနေ့ညက ပြင်းထန်စွာ သတ်ဖြတ်ခဲ့ပြီးသော်လညလး၊ ဝူယွမ်တွင် သူ့ကို ခြိမ်းခြောက်နိုင်လောက်တဲ့ စွမ်းအား ရှိမရှိ မသေချာခဲ့ပေ။

ထိုကျားက အလွန်သတိထားနေသည်

“ဘာတွေ ဟောင်းနေတာလဲ တိုက်ချင်ရင် လာတိုက်”

ဝူယွမ်သည် ပါးစပ်ကို စုပ်သပ်လိုက်ကာ၊ သူ၏ ပုံစံအမှန်ကို မထုတ်လွှတ်သေးဘဲ၊ အားနည်းနေသည့် ပုံပန်းသဏ္ဍာန်ကို ဆက်လက်ထိန်းသိမ်းထားသည်။ သူက ဤအလွန်သတိထားသော ကောင်းကင်ကင်းမြီးကောက်ကျားကို ထွက်ပြေးအောင်လုပ်မိမှာကို ကြောက်နေမိသည်။

ကောင်းကင်ကင်းမြီးကောက်ကျားက မြေကြီးကို ခြေသည်းဖြင့် ကုတ်ခြစ်လိုက်ပြီး၊ သူ၏ ဆူးချွန်ထားသော ကင်းမြီးကောက်အမြီးသည် ဆက်တိုက် လှုပ်ရှားနေသည်။

သူက ဝေခွဲမရဖြစ်နေသော်လည်း တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေသည်!

တစ်ညလုံး စောင့်ကြည့်ပြီးနောက်၊ လက်ရှိအခြေအနေရှိတွင် လူသားကောင်လေးကို အနိုင်ရရန် ကိုးဆယ့်ကိုး ရာခိုင်နှုန်း ရှိသည်ဟု သူခံစားနေရသည်။

အရင်က ကောင်းကင်ကင်းမြီးကောက်ကျားသည် တစ်ရာ ရာခိုင်နှုန်း မသေချာမပြတ်သားသော အရာတစ်ခုကို လုံးဝ မလုပ်ဆောင်ခဲ့ပေ။

သို့သော် ဤလူနှင့် ကျား၏ အနံ့သည် အလွန်တရာ ဆွဲဆောင်မှုရှိလွန်းလှသည်၊ အထူးသဖြင့် ထိုအဖြူရောင် ကျားဘဲဖြစ်သည်။ သူ၏ သွေးမျိုးဆက်သည်။ ကောင်းကင်ကင်းမြီးကောက်ကျားအား ဖိစီးမှုခံစားရစေသော်လည်း၊ သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။

ထိုသွေးက သူ့အတွက် အလွန်အရေးကြီးသည်။

အဖြူရောင်ကျားဆီမှ သွေးစွမ်းအင်ကို ရရှိနိုင်ပါက၊ သူသည် ချက်ချင်း ချီဖန်တီးခြင်းအဆင့် သို့ ချိုးဖျက်တက်ရောက်နိုင်ပြီး၊ နှစ်ပေါင်း တစ်ရာ ရှစ်ဆယ်လောက် တောအုပ်ထဲတွင် တိတ်တဆိတ် အားထုတ်ကာ၊ နီဗားနားနယ်ပယ်သို့ ရောက်ရှိမှသာ ပြန်ထွက်လာပြီး သူ၏ စွမ်းအားကို ပြသမည်ဟု တွေးနေသည်။

“‌ေ၀ါင်းးး”

ကောင်းကင်ကင်းမြီးကောက်ကျား အခုအချိန်ထိ ဝေခွဲမရဖြစ်နေဆဲဖြစ်သည်။

ပိုင်ယွမ်သည် စိတ်ဆိုးသော ဟိန်းဟောက်သံဖြင့် ပြန်ဟိန်းလိုက်သည်။ မျိုးတူ သားရဲ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရသော အခါ၊ ပိုင်ယွမ်သည် သူမ၏ သွေးမျိုးဆက်စွမ်းရည်၏ စွမ်းအားကို နောက်တစ်ကြိမ် လုံ့ဆော်လိုက်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက မြန်ဆန်စွာ မြင့်တက်လာပြီး၊ ပင်ပန်းနွမ်းလျနေသော ခန္ဓာကိုယ်သည် ချက်ချင်း စွမ်းအင်ပြန်လည် ပြည့်ဝသွားသည်။

မနေ့ညက ကိုယ်ပေါ်တွင်စွန်းခဲ့သော သွေးခြောက်များကို ခါချပစ်လိုက်ပြီး

စင်ကြယ်သော အဖြူရောင်၊ ခမ်းနားထည်ဝါပြီး၊ မျက်လုံးတောက်ပနေကာ၊ အတိုင်းအဆမရှိ သန့်ရှင်းမြင့်မြတ်သော ကျားဖြူတစ်ကောင်ပေါ်လာသည်။

“ပိုင်ယွမ်!”

ဝူယွမ်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူသည်လည်း ပိုင်ယွမ်ကို ငေးမကြည့်ဘဲမနေနိုင်တော့ချေ။ ဤအချိန်တွင်၊ ပိုင်ယွမ်၏ ခန္ဓာကိုယ်သည် လုံးဝ စင်ကြယ်သော အဖြူရောင်ဖြစ်နေပြီး၊ အညစ်အကြေး တစ်စက်မျှ မရှိတော့ပေ။

မူလက မီးလျှံကျားကို ကိုယ်စားပြုသော မြွေဟောက်အမြီးသည် ယခုအခါ ရှည်လျားသော အမြီးကဲ့သို့ လုံးဝ ပြောင်းလဲသွားပြီး သွက်လက်သော အဖြူရောင် ကျားအမြီး ဖြစ်လာသည်။

ပိုင်ယွမ်သည် ခန္ဓာကိုယ်ကပိုမိုကြီးမားလာပုံရပြီး၊ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

သူမ၏ ရန်လိုသော စွမ်းအားသည်လည်း ပိုမိုကြီးမားလာသည်။

ချစ်စရာကောင်းပြီး ခမ်းနားတယ်။

“ဝေါင်းး”

ပိုင်ယွမ်က နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သည်။

တဒင်္ဂအတွင်းတွင်၊ စွမ်းအားပြင်းထန်သော အဖြူရောင် ကျား သွေးမျိုးဆက်ဖိအားက ပေါက်ကွဲထွက်လာသည်။

သူမက ဦးခေါင်းလှည့်ကာ ထိုကောင်းကင်ကင်းမြီးကောက်ကျားကို စိုက်ကြည့်လိုက်သည်။

သားရဲဘုရာ၏ အာဏာရှင်ဆန်သော ပုံစံသည် အခုအချိန်တွင် အပြည့်အဝ ပေါ်ထွက်လာခဲ့သည်

ပိုင်ယွမ်သည် သသဏ္ဍာန်ပြောင်းအဆင့် အဆင့်နိမ့်တွင် ရှိနေဆဲဖြစ်ပြီး၊ သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ်သို့ မတက်ရောက်ရသေးပေ။

ဒါပေမဲ့ ဤကောင်းကင်ကင်းမြီးကောက်ကျားသည် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်တွင် ရှိသော်လည်း၊ သူမ၏ ပုံသဏ္ဍာန်နှင့် ဖိအားကြောင့် တုန်လှုပ်ချောက်ချားခဲ့ရသည်။

သူ၏ မျက်လုံးများသည် ပိုင်ယွမ်ကို ကြည့်ရင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ပိုင်ယွမ်က ဘုရင်ဆန်သော အရှိန်အဝါများဖြင့် ခြေတစ်လှမ်းချင်းစီ ကောင်းကင်ကင်းမြီးကောက်ကျားဆီ လျှောက်လှမ်းလာပြီး၊ သူမ၏ သွေးမျိုးဆက်ဖိအားက ပြိုင်ဘက်ကို လုံးဝ သော့ခတ်လိုက်သကဲ့သို့ ကောင်းကင်ကင်းမြီးကောက်ကျားက မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်ရန် မဝံ့မရဲဖြစ်နေသည်။

အခုအချိန်တွင်၊ ဝူယွမ်သည်လည်း သွေးခြောက်များကို ခါချလိုက်ပြီး သူ၏ စိတ်ဓာတ်သည်လည်း မြင့်မားသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ၊ ပိုင်ယွမ်ဆီသို့ မြန်မြန်ဆန်ဆန် လျှောက်လှမ်းလာသည်။

အရင်က ဝူယွမ်သည် သွေးခြောက်များကို တမင်တကာ ထားထားပြီး၊ ဆံပင်ရှုပ်ပွ၊ ပင်ပန်းနွမ်းလျကာ အားနည်းနေသည့် ပုံစံ ဟန်ဆောင်ကာ၊ နောက်ဆုံးတွင် ကောင်းကင်ကင်းမြီးကောက်ကျား ပေါ်ထွက်လာပါက သူ့ကို အလစ်ငိုက် တိုက်ခိုက်နိုင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သို့သော် ယခု၊ ကောင်းကင်ကင်းမြီးကောက်ကျားသည် ပိုင်ယွမ်ရှေ့တွင် ကြောင်ကလေးတစ်ကောင် ကဲ့သို့ ပြုမူနေသည်ကို တွေ့ရသော အခါ၊ ဝူယွမ်က ဟန်ဆောင်ရန် မလိုတော့ဟု ခံစားနေရသည်။

ကောင်းကင်ကင်းမြီးကောက်ကျားသည် ဘာပင်ပန်းနွမ်းနွယ်မှုမှမရှ်ဘဲ စွမ်းအားပြည့်ဝနေသောဝူယွမ်ကို မြင်တွေ့လိုက်ရသော အခါ၊ သူ၏ ကျားမျက်လုံးများသည် ချောက်ချားမှု ကြောက်ရွံ့မှုတို့ဖြင့် ပြည့်လျှံသွားသည်... “တစ်ကယ်ဘဲ လူသားတွေက ပိုလှည့်စားတတ်တယ်”

ဝူယွမ်က လာရောက်ပြီး ပိုင်ယွမ်၏ ခေါင်းကြီးကို ပွတ်သပ်ပေးသော အခါမှ၊ ပိုင်ယွမ်သည် ချက်ချင်း ပြေလျော့သွားပြီး သူမ၏ စွမ်းအားပြင်းထန်သော သွေးမျိုးဆက် စွမ်းအားကို ရုပ်သိမ်းလိုက်သည်။

ဤအရာသည် ကောင်းကင်ကင်းမြီးကောက်ကျားအား စိတ်သက်သာရာရစေခဲ့သည်။

“ဒါကို ငါ့လက်ထဲအားလုံးအပ်ထားလိုက်။ ငါသူ့နဲ့ လေ့ကျင့်ဖို့ ရည်ရွယ်ထားတယ်!” ဝူယွမ်သည် သူ၏လက်ထဲရှိ “လေနှင့် လ နူးညံ့သိမ်မွေ့သော ခံစားချက်ဓား” ကို လှုပ်ရှားကာ ကောင်းကင်ကင်းမြီးကောက်ကျားကို စိတ်ဝင်စားဖွယ် စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဝမ်းဝမ်း ဝမ်းဝမ်း ဝမ်းဝမ်း...”

ကောင်းကင်ကင်းမြီးကောက်ကျားသည် ကျယ်လောင်စွာ ညည်းညူလိုက်ပြီး တစ်ခုခုပြောလိုသည်ဟု ထင်ရသည်။ ကျားက ကိုယ့်ကိုကိုယ် ဖော်ပြရန် စိတ်အားထက်သန်နေသော်လည်း၊ ဝူယွမ်သည် ကျားဘာသာစကားကို နားမလည်ပေ။

ထိုကျား၏ ခြေလေးချောင်းသည် အပေါ်အောက် လှုပ်ရှားနေပြီး ညည်းညူရင်း ထိုသို့ပြုလုပ်နေသည်။

ထိုအရာကို မြင်သော အခါ၊ ဝူယွမ်သည် သူ၏လက်ထဲရှိ ဓားကို လှုပ်ရှားမှု ရပ်တန့်လိုက်သည်။

သူက ကောင်းကင်ကင်းမြီးကောက်ကျားကို � ကြည့်လိုက်သောအခါ၊ သူ၏ မျက်လုံးများသည် လူသားကဲ့သို့ ဖြစ်နေပြီး၊ ထိုသေးငယ်သော မျက်လုံးများထဲတွင် ဉာဏ်ပညာ၏ အလင်းရောင်များဖြင့် ပြည့်လျှံနေသည်။

“‌ဝေါင်း”

ပိုင်ယွမ်က အသံနှိမ့် ဟိန်းဟောက်လိုက်သည်။

ကောင်းကင်ကင်းမြီးကောက်ကျားက ချက်ချင်း သူ၏ လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။

သူမသည် ရှေ့သို့ ရောက်လာပြီး သူမ၏ စင်ကြယ်သော အဖြူရောင် လက်သည်းကို ဆန့်ကာ၊ ကောင်းကင်ကင်းမြီးကောက်ကျား၏ ခေါင်းပေါ်တွင် ထားလိုက်သည်၊ ထိုအရာက ဝူယွမ်က သူမ၏ ခေါင်းကြီးကို ပွတ်သပ်လေ့ရှိသည့် ပုံစံအတိုင်း ဖြစ်သည်။

ကောင်းကင်ကင်းမြီးကောက်ကျားသည် ပူးပေါင်းဆောင်ရွက်ကာ ထိုင်လိုက်ပြီး၊ ၎င်း၏ လျှာသည် ရှေ့ထွက်ကြနေကာ ခွေးပေါက်လေးကံသို့ပင်။

ဤအနေအထားအတိုင်း ပိုင်ယွမ်က ဝူယွမ်ကို ငေးကြည့်လိုက်ရင

သူမက နှစ်ကြိမ် ညည်းညူသံဖြင့် ဟိန်းလိုက်သည်။

သူတို့က တစ်ဦးနှင့်တစ်ဦး စကားမပြောနိုင်သော်လည်း၊ ဝူယွမ် ချက်ချင်း နားလည်သွားသည်- ဤကောင်းကင်ကင်းမြီးကောက်ကျားသည် ပိုင်ယွမ်၏ လက်အောက်ငယ်သား ဖြစ်လိုနေသည်။

“အရမ်းတော်တယ် သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ်လက်အောက်ငယ်သားကို ရသွားပြီ”

ဝူယွမ်သည် ပိုင်ယွမ်ကို ကြည့်ခါ ချီးကျူးဂုဏ်ပြုလိုက်သည်။

အမှန်ပင်လျှင် ကျားဖြူသည် ကျားများ၏ သခင်ဖြစ်သည်။ ကျားဖြူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်နှင့်၊ လက်အောက်ငယ်သားများ လာရောက် စုရုံးကြရသည်။

“ငါတို့နောက်ကို လိုက်ချင်တယ်ဆိုရင် ရပါတယ်၊ ဒါပေမယ့် မင်းအပေါ်မှာ စည်းတစ်ချို့ ချမှတ်ရလိမ့်မယ်။ စိတ်မပူပါနဲ့၊ ငါတို့ကို သစ္စာဖောက်မယ်လို့ မတွေးဘူးဆိုရင်၊ ဒါက မင်းကို မထိခိုက်စေဘူး”

ဝူယွမ်က သူ၏ အတွေးများကို ကောင်းကင်ကင်းမြီးကောက်ကျားထံသို့ ဝိညာဉ်စွမ်းအင်ဖြင့် ပို့လိုက်သည်။

ကောင်းကင်ကင်းမြီးကောက်ကျားသည် ဝူယွမ်ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်ပြီး ပိုင်ယွမ်ထံသို့ အကူအညီတောင်းခံသည်... “အစ်မကြီး၊ သူက ကျွန်တော့်ကို ခြိမ်းခြောက်နေတယ်”

“ပုတ်”

ပိုင်ယွမ်သည် သူ၏ ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။

ဆိုလိုသည်မှာ ဝူယွမ်၏ စကားကို မေးခွန်းထုတ်၍ မရဟု ဖြစ်သည်။

“ဝမ်းဝမ်း ဝမ်းဝမ်း ဝမ်းဝမ်း”

“ဝမ်းဝမ်း ဝမ်းဝမ်း ဝမ်းဝမ်း”

ကျားနှစ်ကောင် ညည်းညူသံအနည်းငယ်ဖြင့် ဆက်သွယ်ပြီးနောက်၊ နောက်ဆုံးတွင် ကောင်းကင်ကင်းမြီးကောက်ကျားသည် ကျေနပ်စွာ သဘောတူလိုက်သည်။

ထိုကျားသည် ဝူယွမ်၏ ခြေထောက်များဆီသို့ တွားသွားကာသူ၏ လျှာဖြင့် လျက်ပြီး၊ ဝူယွမ်၏ ဒူးများနှင့် ဦးခေါင်းကို ပွတ်သပ်ရင်း၊ ဝူယွမ်ကို ငေးကြည့်ပြီးနောက်၊ ငြိမ်သပ်စွာ လဲလျောင်းနေသည်... “ငါ အဆင်သင့်ဖြစ်နေပြီ၊ လာပါ!”

ဝူယွမ်သည် ဤအရာကြောင့် လုံးဝ ရှုပ်ထွေးသွားခဲ့သည်

သို့သော်၊ သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ် မကောင်းဆိုးဝါး ကျားတစ်ကောင်ကို လက်အောက်ငယ်သားအဖြစ် ရရှိခြင်းက အကျိုးအမြတ်ကြီးဖြစ်သည်။ ထို့ကြောင့် မယူဘဲ နေရန် အကြောင်းမရှိပေ။

ချက်ချင်းပင်၊ ဝူယွမ်က ဝိညာဉ်အမှတ်အသား တစ်ခုကို စုစည်းဖန်တီးကာ၊ ကောင်းကင်ကင်းမြီးကောက်ကျား၏ ခေါင်းထဲသို့ ရိုက်ထည့်လိုက်သည်။

ကောင်းကင်ကင်းမြီးကောက်ကျားသည် မခုခံဘဲ၊ ဝိညာဉ်အမှတ်အသားသည် ၎င်း၏ အသိပင်လယ် ထဲသို့ ထည့်သွင်းခွင့် ပြုလိုက်သည်!

ထိုနည်းလမ်းသည် ရှေးဟောင်းဂူသင်္ချိုင်း ပိုင်ရှင်၏ အမွေဆက်ခံမှု မှတ်ဉာဏ်များထဲမှ ဝူယွမ် တွေ့ရှိခဲ့သော သားရဲထိန်းချုပ်သည့် နည်းလမ်း ဖြစ်သည်။

ဤဝိညာဉ်အမှတ်အသား ရှိနေသရွေ့၊ သူက မည်သည့်အချိန်တွင်မဆို မကောင်းဆိုးဝါး ကျား၏ အသက်ကို ထိန်းချုပ်နိုင်ပြီး၊ မကောင်းဆိုးဝါး ကျား၏ စိတ်ခံစားမှုများနှင့် အတွေးများကိုလည်း အတိုင်းအတာတစ်ခုအထိ သိရှိနိုင်သဖြင့်၊ သစ္စာဖောက်မည်ကို မကြောက်ရွံ့ရတော့ပေ။

ဝူယွမ်က ဝိညာဉ်အမှတ်သားထည့်လို့ ပြီးဆုံးသွားသော အခါ၊ ကောင်းကင်ကင်းမြီးကောက်ကျားသည် နောက်ဆုံးတွင် ထရပ်လာပြီး၊ ပိုင်ယွမ်ကို ကျေးဇူးတင်စကား ပြောရန် ကြိုးစားသည်။

ပိုင်ယွမ်သည် သူမ၏ ကျားခြေသည်းကို မြှောက်လိုက်ပြီး၊ သူမ၏ ဇီယွဲ့ပန်းကဲ့သို့သော လက်ဝါးထဲတွင် သွေးတံဆိပ်တစ်ခု ပေါ်လာကာ၊ တိုက်ရိုက် ကောင်းကင်ကင်းမြီးကောက်ကျား၏ နဖူးထဲသို့ ရိုက်ထည့်လိုက်သည်။

“ဟက်၊ ဘာကြောင့် ဒီအမည်းရောင် ကျားကောင်က ဒီလောက် ပူးပေါင်းဆောင်ရွက်ပြီး နားလည်မှုနေရှိရတာလဲ ဆိုတာ တွေးနေမိတယ်။ ငါသိပြီ၊ အားလုံးက လဲလှယ်မှုတစ်ခုပဲကိုး၊ မင်းတကယ် ဉာဏ်ကောင်းတာဘဲ”

ဝူယွမ်က ထိုဖြစ်ရပ်ကို မြင်သော အခါ တသသပြောဆိုလိုက်သည်။

ဤကောင်းကင်ကင်းမြီးကောက်ကျား၏ ဉာဏ်ရည်သည် သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

“ပိုင်ယွမ်၊ ဒီဆင်းရဲတဲ့ ကျားကို ထားခဲ့လိုက်လို့ရတယ် မင်းရဲ့ ကိုယ်ပိုင် သွေးစွမ်းအင်ကို ဆုံးရှုံးလို့ မဖြစ်ဘူး၊ ဒါက မတန်ဘူး၊ ပြီးတော့ သူ့ရဲ့ အကျိုးသက်ရောက်မှုက သိပ်မကောင်းဘူး”

ဝူယွမ်သည် သူ၏ အတွေးများကို ပိုင်ယွမ်ထံသို့ ဝိညာဉ်စွမ်းအင်ဖြင့် ပို့လိုက်သည်။

“ဝမ်းဝမ်း”

ပိုင်ယွမ်က နှစ်ကြိမ် ညည်းညူပြီး သူ့ကို ခေါင်းခါပြလိုက်သည်။

“ပြဿနာမရှိဟု ညွှန်ပြနေသည်”

“ဒါဆိုရင် သွားကြရအောင်။ ပြန်ဖို့ အချိန်ရောက်ပြီ၊ မဟုတ်ရင် လင်းတုန်နဲ့ ရှောင်ယန်တို့ စိုးရိမ်နေကြလိမ့်မယ်။ ဒီ သားရဲအမြုအတေတွေကို စုပြီး ရှောင်ယန်ဆီ ယူသွားမယ်”

ဝူယွမ်သည် မြေပြင်တစ်ခွင်လုံးတွင် ပြန့်ကြဲနေသော သားရဲအမြုအတေများကို စုဆောင်းလိုက်ပြီး ပိုင်ယွမ်နှင့် ကောင်းကင်ကင်းမြီးကောက်ကျားကို ခေါ်ကာ ထွက်ခွာရန် ပြင်ဆင်နေသည်။

ကျားဖြူသွေးစွမ်းအင်ကို ခံစားရပြီးသော ကောင်းကင်ကင်းမြီးကောက်ကျားသည် သူတို့ထွက်ခွာမည်ကို ကြားရသည်နှင့် မြန်မြန်ဆန်ဆန် နှစ်ကြိမ် ညည်းညူလိုက်သည်။

ထို့နောက် သူသည် တစ်ဖက်သို့ ပြေးသွားပြီး၊ ဝူယွမ်နှင့် ပိုင်ယွမ်ကို နောက်ပြန်ကြည့်ကာ သူတို့အား သူ့နောက်မှလိုက်ရန် အချက်ပြလိုက်သည်။

“ဘာထပ်လုပ်ချင်သေးတာလဲ၊ မင်းက တကယ့်ကို အလုပ်ရှုပ်အောင်လုပ်နေတာဘဲ”

ဝူယွမ်နှင့် ပိုင်ယွမ်သည် သူ့နောက် လိုက်ရင်း၊ မကြာမီ ဂူတစ်ခုရှေ့သို့ ရောက်ရှိသွားပြီး ကောင်းကင်ကင်းမြီးကောက်ကျားနှင့်အတူ ဂူထဲသို့ ဝင်လိုက်သည်။

ချက်ချင်းပင် ဝူယွမ်၏ အံ့အားသင့်သွားသော အသံသည် လှိုင်ဂူထဲတွင် ပဲ့တင်ထပ်သွားသည်။

“အိုး ဘုရားရေ၊ ကျားနက်ကောင်ကြီး၊ မင်းက ရတနာတွေ အများကြီး ဝှက်ထားပါလား”

ကောင်းကင်ကင်းမြီးကောက်ကျား၏ ဂူအတွင်း၌ ရတနာပုံကြီး တစ်ပုံရှိပြီး၊ ထို့အပြင် သိုလှောင်အိပ် ဆယ်ကျော်ခန့်လည်း ပါဝင်သည်။

ထိုရတနာအားလုံးသည် သူ၏ သတ်ဖြတ်မှုများနှင့် လုယက်မှုများမှ စုဆောင်းရရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များလည်း ရာနှင့်ချီပြီးရှိသေးသည်။ အားလုံးက ဆဆဌမအဆင့် အထက်မှ ဖြစ်ပြီး၊ အဖိုးအတန်ဆုံးမှာ အဋ္ဌမအဆင့် “မြစ်တစ်ထောင်ဇင်” နှစ်ပင်ဘဲဖြစ်သည်။

ထိုအရာသည် သေချာပေါက် ဝူယွမ် မျှော်လင့်မထားသော အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။

ဝူယွမ်က သိုလှောင်အိပ်များကို စစ်ဆေးကြည့်သောအကာ အမျိုးမျိုးသော အရာဝတ္ထုများ အများအပြားရှိပြီး ရတနာအချို့လည်း ရှိသေးသည်!

သန့်စင်ယွမ်ဆေးလုံး တစ်မျိုးတည်းပင် တစ်သိန်းကျော်ခန့် ရှိသည်!

ထို့အပြင် ကိုယ်ခန္ဓာပညာရပ် စာအုပ်ဆယ်ကျော်ခန့်လည်း ရှိသေးသည်၊ ထိုထဲတွင် အလယ်အဆင့်ကိုယ်ခန္ဓာပညာရပ် အနည်းငယ်လည်း ပါဝင်သည်။

ဝူယွမ်ကို အံအားအသင့်ဆုံး ဖြစ်စေသည်မှာ ဝိညာဉ်ရတနာလက်နက်နှစ်ခု ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် လက်နက်များက အဆင့်နိမ့်သာ ဖြစ်သည်။

ထိုအရာများအပြင်၊ ဝူယွမ်က အဆောင်သခင်များ လိုအပ်သော ကောင်းမွန်သည့် ပစ္စည်း အများအပြားကိုလည်း တွေ့ရှိခဲ့သည်။

“မင်းမှာတောင် ရတနာတွေ ဒီလောက်များများ ရှိတယ်; တခြား မကောင်းဆိုးဝါး ကျားတွေရဲ့ ဂူတွေထဲမှာလည်း ရတနာတွေ အများကြီး သိုလှောင်ထားတာ ရှိနိုင်လား”

ဝူယွမ်၏ နှလုံးသား လှုပ်ရှားသွားသည်။ သူသည် ရှေးဟောင်းဂူသင်္ချိုင်းကို လုယက်ပြီးဖြစ်သော်လည်း၊ အခုကဲ့သို့ အခမဲ့ရတနာများကို လက်မလွှတ်ချင်ပေ။

“မနေ့ညက မကောင်းဆိုးဝါး ကျားတွေ အများကြီး ငါသတ်ခဲ့တယ်။ မြန်မ်ြလေး ငါ့ကို သူတို့ရဲ့ ဂူတွေဆီ ခေါ်သွားပေး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံး သေသွားပြီ၊ သူတို့ရဲ့ ဟာတွေက ဒီအတိုင်းဆို အလဟဿဖြစ်တယ်”

ကောင်းကင်ကင်းမြီးကောက်ကျားက နှစ်ကြိမ် ဟိန်းဟောက်လိုက်ပြီး၊ ပျင်းရိစွာဖြင့် ဝူယွမ်ကို အခြားသော မကောင်းဆိုးဝါး ကျားများ၏ ဂူများကို ရှာဖွေရန်လိုက်ပို့ပေးခဲ့သည်။

“အဓိပ္ပာယ်မရှိဘူး; မင်းတစ်ယောက်တည်းကပဲ ဘယ်လိုနေထိုင်ရမလဲဆိုတာ သိတယ်။ ဘာကြောင့် တခြား မကောင်းဆိုးဝါး ကျားတွေက ဒီလောက် ဆင်းရဲရတာလဲ”

ပတ်ဝန်းကျင်ရှိ ဂူခုနစ်ရှစ်လုံးကို ရှာဖွေပြီးနောက်၊ ဝူယွမ် ဘာမှမရရှိခဲ့သည့်အတွက် ညည်းညူလိုက်သည်။

မကောင်းဆိုးဝါး ကျားအားလုံးက ကောင်းကင်ကင်းမြီးကောက်ကျားကဲ့သို့ ကောင်းမွန်သောအရာများကို စုဆောင်းသည့် ဝါသနာ မရှိကြပေ။

ဂူတစ်ချို့တွင် ဝိညာဉ်ဆေးတစ်ပင် သို့မဟုတ် နှစ်ပင် အများဆုံးသာ ရှိသည်။ ၎င်းတို့သည် အများအားဖြင့် ဗလာဖြစ်နေပြီး အတော်လေး ညံ့ဖျင်းသည်။

အခြား မကောင်းဆိုးဝါး ကျားများက၊ လူများကို သတ်ပြီးနောက်တွင်ပင်၊ သိုလှောင်အိပ်ကဲ့သို့သော ရတနာများကို စုဆောင်းရန် မသိကြပေ။

“လုံလောက်ပြီ၊ မရှာတော့ဘူး၊ ပြန်ကြရအောင်”

ဝူယွမ်က ယန်းမြို့သို့ ပြန်ရန် ပြင်ဆင်နေသည်။

သူက ပိုင်ယွမ်၏ ကျောပေါ်သို့ တက်ရန်ပြင်လိုက်ချိန်တွင် ပိုင်ယွမ်က ဟိန်းဟောက်လိုက်ပြီး၊ သူမ၏ ခန္ဓာကိုယ်သည် အလင်းရောင် လျှပ်သွားကာ၊ မြင်နိုင်သော အရှိန်ဖြင့် ကျုံ့ဝင်သွားပြီး၊ သေးငယ်သွားကာ၊ ချောမွတ်သော အဖြူရောင် ကြောင်ကြီးတစ်ကောင် ကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် သူမက ဝူယွမ်၏ လက်ထဲသို့ ခုန်ဝင်သွားသည်။

ဝူယွမ်သည် သူမကို ပွေ့ဖက်ရင်း “ဟာ၊ မင်းက ဒီလောက်တောင် သေးအောင် လုပ်နိုင်တယ်လား” အော်ဟစ်လိုက်သည်။

ထိုအရာက သူ့ကို သေချာပေါက် အံ့အားသင့်စေခဲ့သည်။

ဤပြောင်းလဲမှုသည် ပုံမှန်ဘဲဖြစ်သည်; မကောင်းဆိုးဝါး ကျားများသည် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို ကောင်းကောင်း ထိန်းချုပ်နိုင်သော အခါ၊ သူတို့သည် ခန္ဓာကိုယ်အရွယ်အစားကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည်။

နောက်ပိုင်းတွင်၊ သူတို့သည် လူသားပုံစံသို့ပင် ပြောင်းလဲနိုင်သည်။

ပိုင်ယွမ်သည် တောအုပ်ထဲရှိ အနည်းငယ်စိုစွတ်နေသော မြေပြင်ကို ညွှန်ပြရင်း နှစ်ကြိမ် ညည်းညူလိုက်သည်။ ဝူယွမ်သည် ချက်ချင်း သူမ၏ အဓိပ္ပာယ်ကို နားလည်သွားသည်။

“တောအုပ်က ညစ်ပတ်လွန်းတယ် သူမ မကြိုက်ဘူး”

“မင်း၊ မင်းက မင်းသမီးတစ်ယောက်ထက်တောင် ပိုပြီး အဆင့်အတန်းမြင့်သေးတယ်”

ဝူယွမ်သည် မတတ်သာသည့်ဟန်ဖြင့် သူမ၏ နှာခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ကျုံ့သွားပြီးနောက်၊ ပိုင်ယွမ်သည် မယုံနိုင်လောက်အောင် ချစ်စရာကောင်းနေသည်။ သူ့လက်ထဲတွင် ပွေ့ဖက်ထားသော အခါ၊ သူမ၏ ထူထဲသော အမွေးများသည် လက်ကိုနွေးထွေးစေသော အသုံးအဆောင် ပစ္စည်းကဲ့သို့ ဖြစ်နေပြီး၊ သူမကို ပွတ်သပ်ရသည်မှာ အတော်လေး ကောင်းမွန်သည်။

“ကျားနက်ကောင်၊ ဒါဆိုရင် မင်းတစ်ယောက်တည်းကပဲ ဉာဏ်ရှိတယ်”

ဝူယွမ်က ပိုင်ယွမ်ကို ပွေ့ဖက်ကာ၊ ကောင်းကင်ကင်းမြီးကောက်ကျား၏ ကျောပေါ်သို့ တက်ထိုင်လိုက်သည်။

“ဝေါင်း”

ကောင်းကင်ကင်းမြီးကောက်ကျားသည် မတရားခံရသကဲ့သို့ ညည်းညူသံဖြင့် ဟိန်းဟောက်ပြီး စတင်ပြေးတော့သည်။

...ယန်မြို့

ကြီးမားသော အမည်းရောင် ကျားကြီးတစ်ကောင်သည် မြို့တံခါးဆီသို့ ဦးတည်ပြေးလာနေသည်။

သူ၏ စွမ်းအားပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ပုံစံသည် လမ်းဘေးနှစ်ဖက်ရှိ လူများကို တုန်လှုပ်သွားစေသည်။

မြို့ရိုးပေါ်ရှိ၊ တံခါးစောင့်များသည်လည်း အလွန်အမင်း ထိတ်လန့်နေကြပြီး၊ ချက်ချင်းပင် လူစေလွှတ်၍ မြို့တော်ဝန်ရုံးသို့ အကြောင်းကြားစေကာ အားလုံးသည် သူတို့၏ လက်များကိုသာထုတ်ကာ သတိပေးရန် စည်များကို တီးကြပြှး၊ လူများစွာ၏ အာရုံကို ဆွဲဆောင်လိုက်သည်။

“ကျားနက်ကောင် မင်းရဲ့ ရုပ်ပုံစံနဲ့ စွမ်းအင်ကိုထိန်းထား ဒါက လူသားကမ္ဘာ; မင်းက သာမန်ဖြစ်နေဖို့ လိုတယ်။ မြို့ထဲရောက်တာနဲ့ ဒီလောက် မာန်ကြီးမနေနဲ့၊ မဟုတ်ရင် အခြားသူတွေက မင်းကို အရေခွံခွာ၊ အကြောဆွဲဖြဲ၊ သွေးသောက်၊ အသားစား၊ အရိုးကိုက်ခံရလိမ့်မယ်”

ဝူယွမ်သည် ယခုအခါ ကောင်းကင်ကင်းမြီးကောက်ကျား၏ ကျောပေါ်တွင် ထိုင်ကာ၊ သူ့ထံသို့ အသံလွှင့်လိုက်သည်။

မာန်ကြီးခြင်းသည် ထိုကဲ့သို့သော ဝမ်းနည်းဖွယ် သေဆုံးမှုကို ဖြစ်စေလိမ့်မည်ဟု ကြားရသည်နှင့် ကောင်းကင်ကင်းမြီးကောက်ကျားသည် ချက်ချင်း နှေးကွေးသွားပြီး၊ သူ၏ ပုံစံနှင့် စွမ်းအင်ကို တင်းတင်းကျပ်ကျပ် ချုပ်တည်းထားကာ၊ သူ၏ သေးငယ်သော မျက်လုံးများသည် ပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်ရှုနေပြီး၊ ခြေလှမ်းများသည်လည်း ပိုသေးငယ်သွားသည်။

“ကြည့်ကြ ကျားရဲ့ကျောပေါ်မှာ လူရှိတယ်”

“လူငယ်တစ်ယောက်ဘဲ၊ အတော်လေး ချောတယ်”

“ဒီအမည်းရောင် ကျားက သူ့ စီးနင်းတဲ့ သားရဲဘဲ”

“အမယ်လေး၊ ဒါက ကောင်းကင်ကင်းမြီးကောက်ကျား(Sky သဏ္ဍာန်ပြောင်းအဆင့် မကောင်းဆိုးဝါး ကျားဘဲ”

“ဟမ်၊ ဒါက တျန်းယန် တောင်တန်းအနက်ပိုင်းက ကောလဟာလထွက်နေတဲ့ ကောင်းကင်ကင်းမြီးကောက် ကျားဘုရင်များ ဖြစ်နေမလား�”

“မဟုတ်‌ေလာက်ဘူးမလား”

...ဖြတ်သွားဖြတ်လာများ အားလုံး အံ့အားသင့်သွားကြသည်။ အရွယ်ရောက်ပြီးသော ကောင်းကင်ကင်းမြီးကောက်ကျားများသည် သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံခြင်း ပိုင်ဆိုင်သောကြောင့်၊ ထို ကျားနက်ကောင်က မည်မျှပင် သူ၏ ပုံသဏ္ဍာန်နှင့် စွမ်းအင်ကို ချုပ်တည်းထားပါစေ၊ လူများ၏ သူ့အပေါ် ကြောက်ရွံ့မှုက လျော့နည်းမခဲ့သွားပေ။

“၀င်ရောက်ပုံ နည်းနည်းခမ်းနားလွန်းသွားတယ်ထင်တယ်”

ဝူယွမ်သည် မတတ်သာဘဲ သူ၏ နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။

သိပ်မကြာမီ၊ သူတို့က မြို့တံခါး၀သို့ ရောက်ရှိလာပြီး၊ မြို့တံခါးစောင့်၏ အဖွဲ့ခေါင်းဆောင်က ဝူယွမ်ကို မှတ်မိသွားသည်!

ဝူယွမ်က ယွဲ့ရှန်းကို သတ်ခဲ့ပြီး၊ မြို့တော်ဝန်နှင့်လည်း အရက်သောက်ခဲ့ကာ၊ တစ်ဦးကိုတစ်ဦး ညီအစ်ကိုဟု ခေါ်ဆိုခဲ့သည်။ အခြေခံအားဖြင့်၊ ယန်းမြို့တွင် အနည်းငယ် ဂုဏ်သတင်းရှိသူ မည်သူမဆို ဝူယွမ်ကို မှတ်မိသည်။

“ဒါက ဝူလူငယ်... ဝူယွမ် အရှင်ဘဲ”

အဖွဲ့ခေါင်းဆောင်သည် တံတွေး မျိုချပြီး၊ ဝူယွမ်၏ အောက်ခြေရှိ ကောင်းကင်ကင်းမြီးကောက်ကျားကို ကြည့်ကာ၊ သူ့အား ‘လူငယ်လေး” မခေါ်ဝံ့တော့ဘဲ၊ ‘အရှင်’ ဟု ခေါ်ဆိုလိုက်သည်။

“မင်းရဲ့ လူတွေကို မစိုးရိမ်ဖို့ ပြောလိုက်ပါ။ ဒီ မကောင်းဆိုးဝါး ကျားကောင်က ခုမှ ယဉ်ပါးအောင် လုပ်ထားတာဖြစ်ပြီး၊ မြို့ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်တာဖြစ်တဲ့အတွက်၊ သူ့ရဲ့ ရိုင်းပျတဲ့ သဘာဝက သိပ်ကို ပြင်းထန်နေတယ်။ စိတ်မပူပါနဲ့၊ မြို့ထဲက ဘယ်သူ့ကိုမှ ထိခိုက်စေမှာ မဟုတ်ဘူး”

ဝူယွမ်သည် စစ်သားများ မည်မျှ ကြောက်ရွံ့နေသည်ကို မြင်သော အခါ သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက် သူသည် ကောင်းကင်ကင်းမြီးကောက်ကျားကို စီးနင်းကာ ရူးသွပ်ဓားသိုင်းခန်းမသို့ ပြန်လာခဲ့သည်။

လမ်းတစ်လျှောက် ကောင်းကင်ကင်းမြီးကောက်ကျားသည် မြို့ထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

သိပ် မကြာမီယန်မြို့တွင် ကောင်းကင်ကင်းမြီးကောက်ကျား ပေါ်ထွက်လာသည့် သတင်းသည် မီးလျှံကဲ့သို့ ပျံ့နှံ့သွားသည်။

ရူးသွပ်ဓားသိုင်းခန်းမ။

“အိုး၊ အစ်ကိုကြီး၊ ဘာကြောင့် အစ်ကိုကြီးစီးတဲ့သားရဲကို ပြောင်းလိုက်တာလဲ ပိုင်ယွမ်ကရော ဘယ်ရောက်သွားတာလဲ။”

တံခါးဝတွက် ရူးသွပ်ဓားသိုင်းခန်းမ၏ တပည့်များသည် ပထမဦးစွာ အံ့အားသင့်သွားပြီးနောက်၊ ပိုင်ယွမ်အကြောင်း မေးမြန်းကြသည်။

ထိုအချိန်တွင် ကြီးမားသော အဖြူရောင် ကြောင်တစ်ကောင်သည် ဝူယွမ်၏ လက်ထဲမှ ခုန်ထွက်လာပြီး၊ အဖြူရောင် လျှပ်သွားကာ၊ ခမ်းနားထည်ဝါသော ကျားဖြူ အဖြစ်သို့ ပြောင်းလဲသွားသည်။

“အာ~ ပိုင်ယွမ်”

တပည့်များ အံ့အားသင့်သွားပြီး သူတို့၏ မျက်လုံးများ လည်းပြူးကျယ်လာသည်။

“အဖေ ဘယ်မှာလဲ”

“အတွင်းထဲမှာ”

ဝူယွမ်က ကျားနှစ်ကောင်ကို ခေါ်ဆောင်သွားလျုက်သည်။

အဓိကခန်းမထဲသို့ ဝင်ရောက်သော အခါ၊ ဝူယွမ်သည် ကျားနှစ်ကောင်အား အပြင်ဘက်တွင် စောင့်ဆိုင်းရန် ပြောဆိုခဲ့သည်၊ အထူးသဖြင့် ကောင်းကင်ကင်းမြီးကောက်ကျားကို၊ သူ၏ အသက်ကြီးနေပီဖြစ်သော ဖခင်ကို မကြောက်ရွံ့စေရန် ဖြစ်သည်။

“ယွမ်အာ၊ နောက်ဆုံးပေါ့ မင်းပြန်လာပြီ လင်းတုန်က မင်းကို အမျိုးသမီးတစ်ယောက်က လိုက်တိုက်ခိုက်နေတယ် ပြောတယ်။ ကြည့်ရအောင် မင်း ဒဏ်ရာရထားလား”

လုံချန်းသည် သူ့ကို မြင်သည်နှင့် ချက်ချင်း သူ၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

“စိတ်မပူပါနဲ့ အဖေ၊ ကျွန်တော် အဆင်ပြေပါတယ်။ ဒီတစ်ခါတော့၊ ကျွန်တော် ဒဏ်ရာမရခဲ့ရုံတင်မကဘူး၊ ကြီးမားတဲ့ အကျိုးအမြတ်တွေပါ ရရှိခဲ့တယ်!”

ဝူယွမ်သည် ပြုံးရင်းပြောဆိုလိုက်သည်။

“ဟားဟားဟား၊ မင်းအဆင်ပြေတာ ကောင်းတယ်၊ မင်းအဆင်ပြေတာ ကောင်းတယ်။”

“အော်ဒါနဲ့ လင်းတုန်နဲ့ ချင်းတန်တို့က မင်းကို စိုးရိမ်နေကြတယ်။ မင်း အန္တရာယ်ကင်�းကင်းနဲ့ ပြန်ရောက်လာပြီဆိုတော့၊ သူတို့ကို အမြန်သွားတွေ့လိုက်ပါ”

“ကောင်းပြီ ဒါဆို ကျွန်တော် လင်းမိသားစုဆီ အရင်သွားအုံးမယ်။”

“အိုး၊ ပြီးတော့ အဖေ၊ ကျွန်တော် မကောင်းဆိုးဝါး ကျားတစ်ကောင် ပြန်ခေါ်လာခဲ့တယ်။ နောက်ပိုင်း သိုင်းခန်းမ စောင့်ကြပ်ရေးအတွက် ကူညီနိုင်တယ်။ သူ့အတွက် နေရာတစ်ခု ရှာပေးထားပါအုံး။”

“အိုး၊ ဘယ်လို မကောင်းဆိုးဝါး ကျားမျိုးလဲ ကြည့်ရအောင်”

လုံချန်းက မျှော်လင့်ချက်အနည်းငယ်ဖြင့် ဝူယွမ်နှင့်အတူ အပြင်ဘက်သို့ လိုက်သွားသည်။

အဓိကခန်းမ၏ တံခါးဝသို့ ရောက်ရှိသော အခါ၊ ဝူယွမ်သည် တိုက်ရိုက် ပိုင်ယွမ်၏ ကျောပေါ်သို့ တက်စီးလိုက်ပြီးနောက် လုံချန်းအား ပြောလိုက်သည်။ “ဒါက ဒီကျားနက်ပါ အဖေ၊ ဘယ်နေရာမှာမဆိုရတယ် သူ့အတွက် ဂူတစ်ခုသာ ရှာပေးပါ!”

ထို့နောက် သူက ကောင်းကင်ကင်းမြီးကောက်ကျားထံသို့ အသံလွှင့်ဆက်သွယ်လိုက်သည်၊ “ငါ့အဖေရဲ့ အမိန့်ကို နာခံပါ။ ငါ ခဏအပြင်ထွက်အုံးမယ်”

“ကျွန်တော် အခုသွားတော့မယ် အဖေ”

ဝူယွမ်သည် ပိုင်ယွမ်၏ တင်ပါးကို ပုတ်လိုက်သည်နှင့် သူက တံခါးမှတစ်ဆင့် ခုန်ထွက်သွားသည်။

လုံချန်းနှင့် ကောင်းကင်ကင်းမြီးကောက်ကျားဘဲ မျက်လုံးပြူးကျန်ရစ်နေခဲ့ပြီး တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

ကောင်းကင်ကင်းမြီးကောက်ကျားသည် အသံနှိမ့် တတ်နိုင်သမျှ နူးညံ့သိမ်မွေ့စွာဖြင့် “ဝေါင်းး ဝေါင်းးး ဟောင်း” ဟိန်းဟောက်လိုက်သည်။

လုံချန်းက ဝူယွမ်၏ စကားကို မတုန့်ပြန်နိုင်သေးမီ၊ မျက်နှာမော့၍ ကြည့်မိသော အခါ၊ ကြီးမားသော အမည်းရောင် ကျားကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ သူသည် အရင်က စွမ်းအားကြီးမားသော မကောင်းဆိုးဝါး ကျားတစ်ကောင်နှင့် မျက်နှာချင်းဆိုင် ဆက်ဆံဖူးခြင်း မရှိပေ။

အရင်က ချင်းယန်းမြို့တွင်၊ ယွမ်ကောင်းကင်နယ်ပယ် မီးလျှံကျား တစ်ကောင်သည်ပင် သူတို့အား အလွန်အမင်း စိတ်လှုပ်ရှားစေရန် လုံလောက်ခဲ့သည်။

အခု စိတ်ရှုပ်ထွေးနေစဉ်၊ ရုတ်တရက် သဏ္ဍာန်ပြောင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ကောင်းကင်ကင်းမြီးကောက်ကျားကို မြင်တွေ့လိုက်ရသဖြင့် လုံချန်း၏ ခြေထောက်များ ပျော့ခွေသွားပြီး လဲကျသွားကာ၊ သူ၏ နှလုံးခုန်သံများလည်း ဆူညံနေပြီး “ကောင်းကင်... ကောင်းကင်ကင်းမြီးကောက်ကျား” ဟု အော်ဟစ်လိုက်သည်။

ဝူယွမ် ပြောခဲ့သည့်ကျားက သဏ္ဍာန်ပြောင်းအဆင့် ကောင်းကင်ကင်းမြီးကောက်ကျားကို စီစဉ်ပေးရန် ပြောခဲ့ခြင်းဖြစ်သည်။

လုံချန်းသည် သူ၏ နှလုံးသားထဲတွင် ကျိန်ဆဲလိုက်မိသည်၊ “ဝူယွမ်၊ မင်းက တကယ်ပဲ ဒီလူအိုကြီးကို နှောင့်ယှက်နေတာပဲ”

All Chapters