← Chapters

လင်းလန်တျန်း ဒုက္ခပေးခြင်း အရေးပေါ်အခြေအနေ

Vol. 8 Ch. 80

လင်းလန်တျန်း ဒုက္ခပေးခြင်း အရေးပေါ်အခြေအနေ

Vol. 8 Ch. 80

ဝူယွမ် တောင်တန်းများမှ မထွက်ခွာသေးရ သေးသည့်အချိန်၊

ရန်မြို့အပြင်ဘက်ရှိတောင်ထိပ်တစ်ခုပေါ်တွင်...

လင်းချန်း ကဟန်ပြင်းပြင်းဖြင့် တက်ရောက်လာပြီး သူ့ရှေ့မှာ ရပ်နေသူကတော့ ရှေးဟောင်းဂူသင်္ချိုင်းကြီးမှ ကြောက်လန့်တကြား ထွက်ပြေးလာခဲ့ရသူ လင်းလန်တျန်း ဘဲဖြစ်သည်။

မူလက ချောမောခန့်ညားသူ လင်းလန်တျန်းသည် ယခုအခါ အနက်ရောင် လုံချည်နှင့် မျက်နှာစွပ်တို့ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးကို ဖုံးကွယ်ထားသည်။

ထုတ်ပြထားသည့်တစ်ခုတည်းသော အစိတ်အပိုင်းမှာ မျက်လုံးများဖြစ်ပြီး မျက်ခွံပတ်လည်တွင်လည်း မီးလောင်ပြီး တွန့်လိမ်နေလေသည်။

သူ၏အသံသည် အနည်းငယ် ခြောက်သွေ့နေပြီး အေးစက်စွာ ပြောလိုက်သည်-

“ပြောစမ်း၊ငါ့ကို ဘာကိစ္စရှိလို့လာရှာတာလဲ”

လင်းချန်းက ဇက်ကျောဆန့်လိုက်ပြီး သူ၏အတွေးများကို စုစည်းကာ ဖြည်းဖြည်းချင်း စတင်ပြောလိုက်သည်-

“အစ်ကိုကြီးလန်တျန်း ဒီတစ်ကြိမ် ရှေးဟောင်းဂူသင်္ချိုင်းကြီးတစ်ခုလုံး ဗလာဖြစ်နေတယ်၊ လူတိုင်း ဘာမှမရဘဲ ပြန်လာကြရတယ်။ နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ ဂူသင်္ချိုင်းကြီးမှာ ဘာမှမရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။ဒါက ငါတစ်ယောက်တည်း သံသယရှိနေတာလို့ မထင်ဘူး။

ကျွန်တော့်မှာ သံသယတစ်ခုရှိတယ်- ယန်မြို့ မိသားစုခွဲမှ လင်းတုန်က ရှေးဟောင်းဂူသင်္ချိုင်းကြီးကို မသွားခင်မှာ ကျွန်တော့်နဲ့ ရန်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက သူနဲ့ သူ့ရဲ့ မကောင်းဆိုးဝါး ကျားဟာ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့်မှာဘဲ ရှိသေးတယ်။

သူနဲ့သူ့အစ်ကို ဝူယွမ်တို့က ကျွန်တော်တို့ထက် တစ်ရစ်ပိုစောပြီး ရှေးဟောင်းဂူသင်္ချိုင်းကြီးကို သွားခဲ့ကြတယ်။

သုံးရက်ပဲကြာသေးတယ်၊

မနေ့ကမှကျွန်တော် သတိထားမိတာက လင်းတုန်နဲ့ သူ့ရဲ့ မကောင်းဆိုးဝါးကျားဟာ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုကို ရောက်ရှိသွားကြတယ်။

ပြီးတော့သူ့အစ်ကို ဝူယွမ်၊ ပြီးတော့ အဲဒီ ကျားဖြူတို့ဟာလည်း ဒီသုံးရက်အတွင်းမှာ ကြောက်စရာကောင်းလောက်အောင် စွမ်းအားတိုးတက်မှုတွေ ရှိခဲ့ကြတယ်။

မနေ့က အကိုကြီးတို့ဂူသင်္ချိုင်းကြီးကနေ ထွက်ခွာပြီး မကြာဘူး၊ ဝူယွမ်ကို အကိုကြီးနဲ့အတူလာတဲ့ နှင်းဆီကြာပန်းကို နင်းပြီး လာတဲ့ လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးက လိုက်တိုက်ခိုက်နေသည်။

ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတာ၊ အဲဒီကျားဖြူက သဏ္ဍာန်ပြောင်းအဆင့် စွမ်းအားကို ပေါက်ကွဲထုတ်လွှတ်လိုက်တယ်။

သူ့ရဲ့မြန်နှုန်းက အဲဒီလျှို့ဝှက်ဆန်းကြယ်အမျိုးသမီးတောင် ချက်ချင်း မမီနိုင်အောင်ဘဲ

ကျွန်တော်ထင်တယ်၊ ဒီလို ကံထူးမှုမျိုး ဘယ်လိုဖြစ်နိုင်မလဲ၊

သူတို့ဟာယန်မြို့လေးမှာ မွေးဖွားလာကြတာ၊ အထူးအခွင့်အလမ်းတွေ မရှိဘဲနဲ့ ဒီလောက်မြန်မြန် ကြီးထွားလာနိုင်ကြမှာ မဟုတ်ဘူး။

ကျန်တဲ့လူတိုင်းက ဘာမှမရကြဘူး။

ဒါပေမယ့်ဒီနှစ်ယောက်ကတော့ ဒီသုံးရက်အတွင်းမှာ သူတို့ရဲ့စွမ်းအားကို သိသိသာသာ တိုးတက်စေခဲ့တယ်။

ဒါကြောင့်ကျွန်တော် သံသယရှိတာက ဒီနှစ်ယောက်ဟာ ရှေးဟောင်းဂူသင်္ချိုင်းကြီးအတွင်းက အခွင့်အလမ်းတွေကို ရရှိခဲ့ကြတယ်ဆိုတာပဲ”

လင်းချန်းက တစ်လုံးခြင်း ပြောလိုက်သည်။ သူသည် ဒီအကြောင်းပြချက်ကို အချိန်အတော်ကြာ ပြင်ဆင်ထားပြီး၊ ဤအရာများအားလုံးသည် မနေ့ညက တစ်ညလုံး နေပြီး သူလုပ်ခဲ့သည့် ယုတ္တိတန်သော ကောက်ချက်ချမှုများဖြစ်သည်။

သူသည်လင်းတုန်နှင့် ဝူယွမ်၏ ကျားဖြူက သူ့ကို ဒဏ်ရာရစေခဲ့သည်ကို နက်ရှိုင်းစွာ မကျေမနပ်ဖြစ်နေသည်။

ရှေးဟောင်းဂူသင်္ချိုင်းကြီးအတွင်းရှိအခွင့်အလမ်းများကို ထိုနှစ်ဦးက တကယ်ရရှိခဲ့သည်ဟု သူမသေချာသော်လည်း၊ သူတို့‌ဆီမှာ လျှို့ဝှက်ချက်တစ်ခုခု မုချရှိသည်။

သူသည်လင်းလန်တျန်းအား တမင်တကာ ပြောပြခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအနေဖြင့်၊ လင်းလန်တျန်း၏ လက်ဖြင့် ထိုနှစ်ဦးကို လက်စားချေရန်။

ဒုတိယအနေဖြင့်၊ထိုနှစ်ဦးတွင် အမှန်တကယ် ကြီးမားသော အခွင့်အလမ်းများ ရှိပါက၊ ၎င်းသည် ရှေးဟောင်းဂူသင်္ချိုင်းကြီးမှ ဖြစ်စေ မဟုတ်ဖြစ်စေ၊ ထိုအရာက ကြီးမားသော အကျိုးဆောင်မှုကြီးဖြစ်ပြီး လင်းလန်တျန်းထံမှ ပိုအရေးမှုကို သူရရှိလိမ့်မည်။

လင်းလန်တျန်း မျက်ခုံးကျုံ့သွားပြီး သူ၏မျက်လုံးများသည် နက်ရှိုင်းသော အတွေးအချို့ဖြင့် ပြည့်နှက်နေသည်။

ဒီတစ်ကြိမ်ရှေးဟောင်းဂူသင်္ချိုင်းကြီးသို့ သွားရောက်ခဲ့ရာတွင်၊ သူတို့သည် ပင်မဂူခန်းမဆီသို့ တိုက်ရိုက်သွားခဲ့ပြီး ဘေးဘက်ဂူအခန်းများကို ဂရုမစိုက်ခဲ့ကြပေ။ နောက်ပိုင်းတွင် ဘေးဘက်ဂူခန်းများ ဗလာဖြစ်နေသည်ကို သိရှိခဲ့ရသောအခါ၊ သူသည်လည်း အလွန်ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။

မဟာယန်မင်းဆက်၏မျိုးနွယ်ကြီးလေးခုကို နှိုးဆွပေးနိုင်သော ထိုမျှကြီးမားသည့် ရှေးဟောင်းဂူသင်္ချိုင်းကြီးသည် ဘာမှမရှိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

အခြားသူများအားလုံးက သံသယများဖြင့် ထွက်ခွာသွားကြပြီး ဘယ်သူမှမသိကြပေ။

ယခုလင်းချန်း ပြောပြသည့်အတိုင်းဆိုလျှင်။

လင်းလန်တျန်းက ဖြစ်နိုင်ချေ များသည်ဟုခံစားရသည်။

သူတို့၏စွမ်းအားဖြင့်၊ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှု အဆင့်လောက်ဖြင့် ဂူသင်္ချိုင်းကြီး၏အခွင့်အလမ်းများကို ရရှိနိုင်လိမ့်မည်ဟု သူမထင်သော်လည်း၊ မမျှော်လင့်ဘဲ အခွင့်အရေးတစ်ချို့ ရရှိရင်ရရှိခဲ့လိမ့်မည်၊ မည်သူကသေချာပေါက် ပြောနိုင်မည်နည်း။

သူကိုယ်တိုင်ကလည်း အလွန်အားနည်းနေစဉ်က ဆရာမူကို တွေ့ခဲ့ရသည် မဟုတ်လား။

အထူးသဖြင့်ထိုဝူယွမ်သည် လင်းချင်းကျူ၏လက်မှ လွတ်မြောက်နိုင်ခဲ့သည်မှာ ပြဿနာကြီးတစ်ရပ်ဖြစ်နေသည်။

ဆရာမူ၏အကူအညီဖြင့်ပင်လင်းချင်းကျူကို ကိုင်တွယ်ဖြေရှင်းရန် သူ့တွင် ယုံကြည်မှုမရှိပေ။

ယန်မြို့ငယ်လေးတစ်ခုတည်းမှာ၊ ဝှက်ထားသော ရတနာများ ပြည့်နှက်နေသည်။

ဝူယွမ်နှင့် အခြားသူများသည် ရှေးဟောင်းဂူသင်္ချိုင်းကြီး အတွင်းရှိ အခွင့်အလမ်းများကို မရရှိခဲ့ကြဟု လင်းလန်တျန်းက ခံစားရသော်လည်း၊ အခုအသက်အရွယ်လေးနှင့် ထိုအဆင့်သို့ ကြီးထွားလာရန်၊ သူတို့တွင် သူ့လိုဘဲ လျှို့ဝှက်ချက်များ၊ ကြီးမားသော အခွင့်အလမ်းများ ရှိလိမ့်မည်၊

“ကောင်းပြီ၊ ဒါဆို ယန်မြို့က လင်းမိသားစုဆီ တစ်ချက် သွားကြည့်ကြရအောင်။” လင်းလန်တျန်းသဘောတူခဲ့သည်

... လင်းမိသားစု။

အဓိကခန်းမတွင်။

လင်းလန်တျန်းကအဓိကနေရာတွင် ထိုင်နေပြီး

ခန်းမအတွင်း၌ အကြီးအကဲထောင်သည် လင်းချန်း၊ လင်းကာအာ၊ မျိုးနွယ်စုမှ အခြားသူများနှင့်အတူ ဘယ်ဘက်တွင် ထိုင်နေသည်။

လင်းကျဲ့တျန်းသည်လင်းကန်၊ လင်းရှောင်၊ အခြားသူများနှင့်အတူ ညာဘက်တွင် ထိုင်နေပြီး မရေမရာဖြစ်ကာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။

အလယ်တွင်ခါးထောက်ကာ ခေါင်းမော့ပြီး စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ရပ်နေသူမှာ လင်းတုန်ဘဲ ဖြစ်သည်။

လင်းတုန်း၏ဘေးတွင် ရှောင်ယန်ရှိနေပြီး သွားစွယ်များကိုပြရင်း ဟိန်းဟောက်နေကာ၊ အထက်မှ သူတို့ကို မထီမဲ့မြင်ပြုသော လင်းလန်တျန်းကို ဒေါသထွက်နေသော မျက်လုံးဖြင့် စိုက်ကြည့်နေသည်။

ကြီးမားသောခန်းမအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်။ လင်းလန်တျန်း၏ အကြည့် ခန်းမရှိ လူတိုင်းကို အေးစက်စွာ ဖြတ်သန်းသွားသော်လည်း၊ လူတိုင်းက ဒေါသမထွက်၀ံ့ဘဲ သြဇာညောင်းလွန်းသည်။

ကြောက်စရာကောင်းသော အေးစက်သည့် လေထုတစ်ခု ပျံ့နှံ့နေကာ၊ လူတိုင်းသည် အဓိကနေရာမှ သူ စကားပြောသည်အား စောင့်ဆိုင်းနေကြသည်။

သူသည် လင်းမျိုးနွယ်စု၏ အချစ်တော်၊ လင်းမျိုးနွယ်စု၏ အနာဂတ်ဆက်ခံသူ၊ လင်းမျိုးနွယ်စု၏ အကောင်အထည်ဖော်ရေးအဖွဲ့ကို တာဝန်ယူထားသူဖြစ်သည်။ သူ၏အဆင့်အတန်းသည် အလွန်အမင်း မြင့်မားလွန်းပြီး၊ ယန်မြို့ရှိ ဤသေးငယ်သော မိသားစုခွဲအတွက်တော့ သူက နတ်ဘုရားတစ်ပါးနှင့် တူညီသည်။

“မင်းက လင်းတုန်းမလား၊ မိသားစုခွဲက မျိုးဆက်သစ်တွေထဲမှာ ဒီလိုပါရမီရှင်ပေါ်လာဖို့ မလွယ်ဘူး။ ဒီလိုငယ်ငယ်လေးနဲ့ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်ထိ ရောက်အောင် လေ့ကျင့်ဖို့ဆို၊ ဒီပါရမီက ငါ့အောက် မနိမ့်ဘူး။

ဒီတစ်ကြိမ်လာတဲ့အကြောင်းက ဘာမှထွေထွေထူးထူး မရှိဘူး၊မင်းရဲ့စွမ်းအား မြန်မြန်ဆန်ဆန် တိုးတက်လာတဲ့ လျှို့ဝှက်ချက်ရှိလား မေးချင်တာပဲ။ ရှိရင်၊ မျိုးနွယ်စုကို ဆက်သပါ။ အသုံးဝင်ရင်၊ မျိုးနွယ်စုအကြီးအကဲတွေရဲ့ ကောင်စီကို သတင်းပို့ပေးမယ်၊ ဖြစ်နိုင်တာက အကြီးအကဲတွေက မင်းရဲ့ ယန်မြို့ မိသားစုခွဲ အတွင်းပိုင်း မျိုးနွယ်စုဆီ ပြန်လာခွင့်ပေးလိမ့်မယ်။”

လင်းလန်တျန်းက သူ့ကိုယ်သူ ကြီးမြတ်သူအဖြစ် ပြောဆိုခဲ့ပြီး၊ လင်းတုန်းအား သူ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် တောင်းဆိုခြင်းသည် သဘာဝကျပြီး သူ့အတွက် ကောင်းမွန်သည်ဟု ထင်နေသည်။

လွန်ခဲ့သောဆယ်နှစ်က မျိုးနွယ်စုပြိုင်ပွဲအတွင်းတွင်၊ သူက လင်းတုန်း၏ဖခင်အား ကြမ်းတမ်းသော နည်းလမ်းများဖြင့် ကိုယ်တိုင် ရက်ရက်စက်စက် အနိုင်ယူခဲ့ကြောင်း သူလုံးဝမေ့သွားခဲ့သည်။

လင်းလန်တျန်းသည် မိသားစုခွဲမှ လူများအတွက် ကြင်နာမှု မည်သည့်အခါမျှကျဉ်နာမှု မပြခဲ့ပေ။ သူ့အမြင်တွင်၊ မိသားစုခွဲမှ လူတိုင်းက အသုံးမကျပေ၊ ထို့အပြင် မိသားစုခွဲများ တည်ရှိခွင့်မပေးသင့်ချေ၊ မျိုးနွယ်စုအတွက် အရှက်ရစေရုံသာဖြစ်သည်။

ထို့ကြောင့်၊ မိသားစုခွဲမှ လူများနှင့် ဆက်ဆံရာတွင်၊ သူသည် အမြဲတမ်း ကြမ်းတမ်းခဲ့ပြီး၊ အကောင်အထည်ဖော်ရေးအဖွဲ့ကို တာဝန်ယူပြီးနောက်ပိုင်းတွင် ပို၍ပင်ကြမ်းတမ်းလာခဲ့သည်။

ဤနှစ်များအတွင်း၊ သူတိုက်ခိုက်ဖျက်စီးခဲ့သော မိသားစုခွဲမှ လူအရေအတွက်သည် တစ်ယောက်နှစ်ယောက် မကပေ။ ထို့ကြောင့် လင်းတုန်း၏ဖခင် လင်းရှောင်းအပေါ် သူမှတ်မိခြင်းမရှ်သလို့

ထို့ကြောင့် လက်ရှိ လင်းတုန်က သူ၏ခြိမ်းခြောက်မှုလေထုကို ခုခံနေသည်ကို နားမလည်ဖြစ်နေသည်။

“ဘာလျှို့ဝှက်ချက်မှမရှိဘူး ကျင့်ကြံခြင်းအဆင့်တက်မြန်တာ၊ ကျင့်ကြံခြင်းအဆင့်တက်မြန်လို့ဘဲ‌ေပါ့” ဟု လင်းတုန်းက အေးဆေးငြိမ်သက်စွာပြောလိုက်သည်။

“မင်းငါ့ကိုသိပ်လေးစားမှုမရှိသလိုပဲ” လင်းလန်တျန်း မျက်ခုံးကျုံ့လိုက်သည်။ မိသားစုခွဲမှ မည်သူမျှ သူ့ကို �လင်းတုန်ကဲ့သို့ မည်သည့်ရိုသေလေးစားမှုမျှမရှိဘဲ ပြောဆိုရန် မဝံ့ရဲခဲ့ကြပေ လင်းလန်တျန်းက ချက်ချင်းသူ့ကို ဖိအားမပေးခြင်းသည်ပင် သူတို့အတွက် အတော်လေး သနားညှာတာပေးထားသည်ဟု ခံစားနေရသည်။

“ဟေးဟေး၊ မင်းကို ဘာလို့ လေးစားရမှာလဲ။ ငါက မင်းရှေ့မှာ ဒူးထောက်ရမှာလား”

လင်းတုန်းက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

လင်းလန်တျန်းကိုရင်ဆိုင်ရချိန်တွင်၊ သူ၏စိတ်ထဲရှိ စွဲလမ်းမှုနှင့် အမုန်းတရားကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။

မနေ့က လင်းလန်တျန်း တစ်ကိုယ်လို့ မီးလောင်ခံခဲ့ရပြီး ဒေါသထွက်နေခဲ့သည်၊ “မိသားစုခွဲက လူတစ်ယောက်က သူ့ကို ဒီလိုပြောဝံ့တယ်ပေါ့” လေထုက ရုတ်တရက် ပိုအေးစိမ့်လာသညါ။

ဘယ်ဘက်မှာထိုင်နေတဲ့ လင်းချန်းနဲ့ အခြားသူတွေဟာ စိတ်ထဲမှာ လျှို့ဝှက်စွာရယ်မောနေကြပြီး၊ မျက်နှာတွေမှာ ပျော်ရွှင်မှုများ ဖြာထွက်နေကြသည်... “အစ်ကိုကြီးလင်းလန်တျန်းကို စိန်ခေါ်ဝံ့တဲ့ ဒီလင်းတုန်းက ပြီးဆုံးသွားပြီ။”

လင်းခဲ့အာ၏ သေးသွယ်‌ေသာမျက်ခုံးများ ကျုံ့သွားပြီး လင်းချန်းနှင့် အခြားသူများ၏ အမူအရာကို မြင်သောအခါ၊ သူတို့က အစ်ကိုကြီးလင်းလန်တျန်းကို တစ်ခုခုပြောခဲ့သည်မှန်း သိသွားခဲ့သည်။

လင်းတုန်းနှင့်ဝူယွမ်တွင် တစ်ခုခုမှားယွင်းနေသည်ကို လင်းခဲ့အာ သတိထားမိသော်လည်း၊ သူ့တွင် အထောက်အထားမရှိပါ။ ထို့အပြင်၊ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိပြီး၊ သူတို့ကြားတွင် ရန်လိုမှုမရှိသောကြောင့်၊ သူမသည် ၎င်းကို ဖော်ထုတ်ရန် မလိုအပ်ပေ။

လင်းခဲ့အာသည်လင်းတုန်းကို အတော်လေး ချီးကျူးမိသည်။

သူမ လင်းလန်တျန်းနှင့်လင်းလန်တျန်းကြားရှိ လေထုသည် ပိုမိုတင်းမာလာသည်ကို မြင်သောအခါ လင်းတုန်ကို စိတ်ပူသွားသည်။ လင်းခဲ့အာက လင်းလန်တျန်း၏အကျင့်ကို သိထားသည်။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားနေပါက လင်းတုန်း မုချဒုက္ခရောက်လိမ့်မည်။ သူမသည်လည်း မရပ်တန့်နိုင်ပေမဲ့၊ ထပြီး ပြောလိုက်သည်။

“လင်းတုန်း၊ အစ်ကိုကြီးလင်းလန်တျန်းက မိသားစု အကောင်အထည်ဖော်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဘဲ၊ မင်း ဘာလို့သူကို ဒီလိုပြောရတာလဲ၊ လင်းလန်တျန်းအစ်ကိုကြီး ဘာမေးမေး၊ သူ့ကိုပြောသာပြလိုက်စမ်းပါ။”

လင်းကာအာပြောနေစဉ်တွင်၊ စိတ်စွမ်းအင်တစ်ခုနှင့် လင်းတုန်း၏စိတ်ထဲသို့ ဆက်သွယ်လိုက်သည်-

“လင်းချန်းနဲ့အခြားသူတွေက အစ်ကိုကြီးလင်းလန်တျန်း မင်းကို သံသယဖြစ်စေမဲ့ တစ်ခုခုပြောထားလို့ ဖြစ်နိုင်တယ်၊ ရှေးဟောင်းဂူသင်္ချိုင်းကြီးထဲမှာ အခွင့်အလမ်းတစ်ခုခု ရခဲ့သလား။ နည်းနည်း ထုတ်ပေးလိုက်ပါ၊ မဟုတ်ရင် ဒီကိစ္စက ဒီအတိုင်းပြီးမှာမဟုတ်ဘူး”

လင်းခဲ့အာသည် မျိုးနွယ်စုဝင်များ အချင်းချင်းတိုက်ခိုက်တာကို မြင်လိုသူမဟုတ်ပါ။ သူမသည် လင်းလန်တျန်း၏ ပါရမီနှင့် စွမ်းအားကို ချီးကျူးသော်လည်း၊ သူ၏ မျိုးနွယ်စုဝင်များအပေါ် ကြမ်းတမ်းမှုကို မနှစ်သက်ပါ။

လင်းတုန်ဖျက်ဆီးခံရမည်ကို စိုးရိမ်သောကြောင့်၊ သူမက ရဲရင့်စွာထွက်လာပြီး သတိပေးခဲ့ခြင်းဖြစ်သည်။

“ခဲ့အာ၊ထိုင် နပါ” လင်းလန်တျန်း၏အသံသည် အေးဆေးငြိမ်သက်နေသော်လည်း ငြင်းဆန်မရသောလေသံဖြင့် ပြောဆိုလိုက်သည်။

လင်းခဲ့အာ မျက်ခုံးကျုံ့သွားသော်လည်း၊ မတတ်သာဘဲ ပြန်ထိုင်လိုက်ရသည်။

“ဟေးဟေး၊မိသားစုရဲ့ အကောင်အထည်ဖော်ရေး အဖွဲ့ခေါင်းဆောင်၊ ဒါက ငါ့အပေါ် ဥပဒေစိုးမိုးအောင် လုပ်တာလား။ ဒါဆို ငါဘယ်မိသားစုဥပဒေကို ချိုးဖောက်ခဲ့တာလဲ မေးပါရစေ” လင်းတုန်းက ခေါင်းမာစွာ ဆက်ပြောလိုက်သည်။

သို့သော်၊ လင်းလန်တျန်းသည် မိသားစုခွဲမှ လူများနှင့် ဆက်ဆံရာတွင် အမြဲတမ်း အကြောင်းပြချက်မရှိခဲ့ပါ။

“ငါ့ကိုမရိုသေခြင်းက မိသားစုဥပဒေကို မထီမဲ့မြင်ပြုတာဘဲ။ မိသားစုဥပဒေကို မထိမဲ့မြင်ပြုတာက အပြစ်တစ်ခုဘဲ”

“မင်းတကယ်ဘဲ ဒူးထောက်သင့်နေပြီ ထင်တယ်။”

လင်းလန်တျန်းသည် ရုတ်တရက် စွမ်းအားပြင်း ဖိအားကို ထုတ်လွှတ်ကာ၊ ချက်ချင်းပင် လင်းတုန်းနှင့် ရှောင်ယန်းကို ဖုံးလွှမ်းသွားစေသည်။

လင်းတုန်က တဒင်္ဂအတွင်းမှာ၊ သူ့အပေါ် တောင်ကြီးတစ်ခု ဖိထားသကဲ့သို့ သူခံစားလိုက်ရသည်။

လင်းလန်တျန်းက သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဖိအားကို အပြည့်အ၀ ထုတ်လွှတ်လိုက်သည်။

လင်းတုန်းကသူ့လက်သီးများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး၊ ဤအားပြင်း ဖိအားကို ကြိုးစားပန်းစားတွန်းလှန်ကာ၊ သူ၏ခန္ဓာကိုယ်ကို မကွေးသွားစေရန် ထိန်းထားသည်။

“တုန်း။”

လင်းကျဲ့တျန်းနှင့်လင်းရှောင်းသည် တစ်ပြိုင်နက်ထဲ ထလာကြပြီး သူတို့ကလင်းတုန်းကို ကူညီလိုသော်လည်း၊ အနီးသိုါ မရောက်ရှိမီ၊ အားတစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရပြီး၊ လွင့်ထွက်ကာ သွေးများအန်ထွက်သွားသည်။

နှစ်ယောက်လုံးက လင်းလန်တျန်းကိုဒေါသထွက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

လင်းကျဲ့တျန်း-“လင်းလန်တျန်း၊ မင်းက မိသားစုရဲ့ အကောင်အထည်ဖော်ရေးအဖွဲ့ကို ကိုယ်စားပြုတာဘဲ၊ ဒီလိုမျိုး မိသားစုခွဲမှကလူတွေကို အနိုင်ကျင့်လို့ရတယ်လား”

လင်းရှောင်-“လင်းလန်တျန်း၊ ငါ့သားကို လွှတ်လိုက်၊ မင်းလိုချင်တာရှိရင် ငါ့ဆီလာပါ။”

“အ‌ရေးမပါတာတွေ”

လင်းလန်တျန်းသည် နှစ်ဦးစလုံးကို ဂရုမစိုက်ဘဲ လက်သီး နှစ်ချက်ထိုးလိုက်ကာ လက်သီးပုံစံ ယွမ်စွမ်းအင်လှိုင်းကြီးသည် လင်းကျဲ့တျန်းနှင့် လင်းရှောင်းကို ခန်းမ အပြင်ဘက်သို့ လွင့်ထွက်သွားစေကာ ချက်ချင်း သတိလစ်သွားသည်။

“အဖေ၊အစ်ကိုကြီး။”

လင်းကန်းက အော်ဟစ်ကာ သူတို့နှစ်ယောက်လုံးကို စစ်ဆေးရန် ပြေးသွားသည်။

“အဖိုး၊အဖေ” လင်းတုန်းကလည်း နာကျည်းစွာ အော်ဟစ်လိုက်သည်။ သို့သော်သူသည် အခုအချိန်တွင်သူ လှုပ်ရှားနိုင်စွမ်းမရှိပေ။

“‌ဝေါင်းးး ဝေါင်းး ဝေါင်းးး”

ရှောင်ယန်းက အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်သည်။ သူသည်လည်း ကြီးမားသောဖိအားကို ခံစားနေရပေမဲ့၊ သူ၏ပိုင်ရှင်ကဲ့သို့ပင်၊ ခြေထောက်များကို မကွေးဘဲ၊ ဒူးထောက်ကျမသွားစေရန် တင်းခံထားသည်။

ကျောက်လက်ဖွဲ့အတွင်း၌၊ ရှောင်တျောင်းသည်လည်း အခုအခြေအနေက လင်းတုန်းအတွက် အန္တရာယ်များမှန်း သိနေသည်။

သူကအမြဲတမ်း သူ၏ရန်ငြိုးအတွက် ကလဲ့စားချေတတ်ပြီး၊ ဤအရှက်ရစေမှုမျိုးကို သည်းမခံနိုင်ပေ။

သူတွေးမိသည်က၊ “…တစ်ကယ်လို့ ဆရာကြီးသာ ရှိရင် ဘယ်လောက်ကောင်းမလဲ”

သို့သော် ဝူယွမ်က စွမ်းအားကြီးမားသည့် အမျိုးသမီးတစ်ဦးက လိုက်လံတိုက်ခိုက်နေသည်ကို သိထားပြီး၊ ဆရာကြီးသည်ပင် အန္တရာယ်အတွင်း ရှိနေနိုင်သည်။ ယခုအခါ၊သူတို့သည် ကိုယ့်ကိုကိုယ်သာ အားကိုးရမည်ဖြစ်သည်။

ထိုသို့သောအရှက်ခွဲခံရမှုမျိုးကို ရှောင်တျောင်း သည်းမခံနိုင်ပေ။

ရှောင်တျောင်း-“လင်းတုန်း၊ မင်းမခံနိုင်တော့ရင်း ငါကူညီနိုင်တယ်။ ငါနဲ့ အလယ်အလတ်အဆင့် အဆောင်ရုပ်သေးနဲ့ဆိုရင် သူ့ကိုသတ်နိုင်ဖို့ရာ နှစ်ဆယ် ရာခိုင်နှုန်း ရှိတယ်။”

“နှစ်ဆယ်ရာခိုင်နှုန်း ဘဲလား”လင်းတုန်းက သူ၏စိတ်ထဲတွင် အနည်းငယ်စိတ်ပျက်မိသွားသည်၊ ဤအချိန်တွင် လင်းလန်တျန်းကို အရမ်းသတ်ချင်နေခြင်းဖြစ်သည်။

“မင်းမှာတစ်ခုခုရှိနေတယ်ဆိုတာ တစ်ကယ်ဘဲကိုး၊ ငါ့ရဲ့ဖိအားကို ဒီလောက်ကြာအောင် ခုခံနိုင်တယ်၊ ပြောစမ်း ရှေးဟောင်းဂူသင်္ချိုင်းကြီးထဲမှာ အခွင့်အလမ်းတစ်ခုခု ရခဲ့တာလား။ အသာတကြည်ဘဲ ထုတ်ပေးလိုက်ပါ။ မင်းရဲ့အသက်ကို ချမ်းသာပေးရုံသာမက သင့်တော်တဲ့ ဆုလာဘ်တွေပါ ပေးနိုင်တယ်၊ ဘယ်လိုလဲ။”

လင်းလန်တျန်း တဖြည်းဖြည်း စိတ်ဝင်စားလာသည်။

သူသည်လင်းတုန်းတွင် လျှို့ဝှက်ထားသော အစွမ်းများ ရှိမရှိ စမ်းသပ်ရန် ဤသို့ပြုလုပ်ခြင်းဖြစ်သည်။ ယခုအခါ၊ လင်းတုန်းသည် သူ၏ဖိအားအောက်တွင် အချိန်ကြာကြီး ခံနိုင်ရည်ရှိပြီး၊ သူ၏မကောင်းဆိုးဝါးကျားပါမကျန် သာမန်မဟုတ်ပေ၊

ဤစွမ်းအားနှင့်လုံ့လဝီရိယသည် သာမန်လူတစ်ဦးတွင် ရှိသင့်သည်မဟုတ်ပါ။

သာမန်ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ဒါမှမဟုတ် သဏ္ဍာန်ပြောင်းအဆင့် ခြေလှမ်းတစ်၀က် ကျွမ်းကျင်သူဆို ယခုအချိန်တွင် ဒူးထောက်နေပြီဖြစ်သည်။

“ဟေ့ဟေ့၊ငါမထုတ်ပေး မင်းငါ့ကိုသတ်မှာလား။”

လင်းတုန်းက အေးစက်စွာပြောပြီး၊ အံကြိတ်ကာ အခိုင်အမာရပ်နေသည်၊ သူ့ဒူးခေါင်းများက လိမ်နေပီဖြစ်သော်လည်း သူသည် ရပ်နေဆဲဖြစ်ပြီး၊ ဒေါသထွက်နေသော မျက်လုံးဖြင့် လင်းလန်တျန်းကို စိုက်ကြည့်နေသည်။

“ဒါက တကယ်ပဲရှေးဟောင်းဂူသင်္ချိုင်းကြီးထဲက အခွင့်အလမ်းတွေအတွက်ဘဲ၊ ဒါပေမယ့် လင်းလန်တျန်းအစ်ကိုကြီးက လင်းတုန်းမှာ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ ဘယ်လိုလုပ်သေချာမှာလဲ။”

လင်းကာအာ၏ စိတ်ထဲတွင် သံသယအချို့ရှိသော်လည်း၊ သူမတွင် အထောက်အထားမရှိပါ၊ ထို့အပြင် လင်းတုန်းက ရှေးဟောင်းဂူသင်္ချိုင်းကြီးအတွင်းရှိ အခွင့်အလမ်းများ မရရှိခဲ့ဟု သူမ အာမ မခံနိုင်ပေ။

“အကိုကြီး လင်းလန်တျန်း ဒီမှာ နားလည်မှုလွဲဝာာတစ်ခုခုများရှိနေနိုင်လား။ အစ်ကိုကြီးတောင် ရှေးဟောင်းဂူသင်္ချိုင်းကြီးထဲမှာ ပိတ်မိနေတယ်ဆိုတော့ ယွမ်ဒန်အဆင့်ထဲက လူတစ်ယောက်က ဘယ်လိုလုပ်ရနိုင်မှာလဲ။”

လင်းချန်း-“လင်းခဲ့အာ၊ မင်းဒီလင်းတုန်းအတွက် စကားမပြောပေးနဲ့။ သူက ရှေးဟောင်းဂူသင်္ချိုင်းကြီးက အခွင့်အလမ်းကို ရခဲ့တာဖြစ်ဖြစ် မရခဲ့ဖြစ်ဖြစ်၊ သူဟာ အဓိက သံသယရှိသူဘဲ၊ ပြီးတော့ သူ့ရဲ့စွမ်းအားက ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာတယ်၊ သူ့မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိရမယ်။”

လင်းချန်း၏စကားသည်နောက်ဆုံးတွင် သူတို့၏စစ်မှန်သောရည်ရွယ်ချက်ကို ဖော်ပြလိုက်သည်။

သံသယသည်အစေ့အဆန်မျှသာဖြစ်ပြီး လင်းတုန်း၏အခွင့်အလမ်းကို သိမ်းပိုက်ရန်သာ အဓိကဖြစ်သည်။

လင်းခဖြ့အာ-“လျှို့ဝှက်ချက်ရှိရင်တောင်၊ လင်းတုန်အပိုင်လေ၊ မိသားစုနဲ့ ဘာဆိုင်လို့လဲ...”

“ခဲ့အာ၊ တိတ်တိတ်နေ၊ ဒါက မင်း၀င်ပြောရမဲ့ အချိန်မဟုတ်ဘူး” လင်းလန်တျန်းက ဆူပူလိုက်သည်။

“ဂုဏ်သိက္ခာရှိတဲ့ လင်းမိသားစုဝင်တွေဟာ တကယ်တော့ ငါ့လို မိသားစုခွဲက လူတစ်ယောက်ဆီက ပစ္စည်းတွေ လုယူတဲ့အဆင့်ကို ရောက်သွားပြီလား။ ဘယ်လောက် သနားစရာကောင်းပြီး ရီစရာကောင်းလိုက်သလဲ။”

အကြောင်းပြချက်များက မြင့်မြတ်သော်လည်း၊ နောက်ဆုံးတော့ ၎င်းသည် လုယက်ခြင်းသာဖြစ်သည်။

“အရိုးမမြင်မချင်း မျက်ရည်မကျဘူး။ မင်းက လင်းမိသားစုဝင်ဘဲ၊ ဒါဆို မင်းပစ္စည်းတွေကလည်း သဘာဝအတိုင်း မိသားစုပိုင်ပဲ။ မင်းမှာ အကျိုးကျေးဇူးတွေရှိပြီး မိသားစုကို မဆက်သတဲ့လူတွေက ဘာအသုံးဝင်မှာလဲ။”

လင်းလန်တျန်းသည် မိသားစုခွဲမှလူများကို လင်းမိသားစု၀င်အဖြစ်မမှတ်ယူထားပေ။

တဖြည်းဖြည်းနှင့် လင်းတုန်းတွင် တစ်စုံတစ်ရာရှိကြောင်း သူပိုမိုသေချာလာသည်။ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှု ကျင့်ကြံခြင်းအဆင့်လေးဖြင့် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ သူ၏ဖိအားကိုပင် ခံနိုင်ရည်ရှိသည်။ ထိုအရာက စိတ်အားထက်သန်မှုပြင်းပြခြင်းဖြင့်သာ ရရှိနိုင်သည်မဟုတ်ပေ၊ စွမ်းအားကြီးဖို့လည်းလိုအပ်သည်။

“ခလွက်”

ကြမ်းပြင်အက်ကွဲသွားပြီး လင်းတုန်းနှင့်ရှောင်ယန်း၏ ခြေထောက်များသည် ကြမ်းပြင်ထဲသို့ နစ်မြုပ်သွားခဲ့သည်။

သို့သော် သူတို့သည် ဆက်ရပ်နေကြပြီး ဒူးမထောက်ပေ။

“အစ်ကိုကြလင်းတုန်း။”

“ရှောင်ယန်။”

စကတ်အင်္ကျီအတိုလေးဝတ်ထားသော နုနယ်လှပသည့်မျက်နှာနှင့် ကလေးငယ်လေးတစ်ဦး ပြေးလာခဲ့သည်။

ချင်းတန်သည် လင်းတုန်းကိုစိုးရိမ်စွာဖြင့်ကြည့်ရင်း သူမ၏ ပြောင်လက်တောက်ပနေသော မျက်၀န်းများထဲတွင် မျက်ရည်များဝဲလျက်ရှိသည်။

“ချင်း...တန်။”

လင်းတုန်း၏နှုတ်ခမ်းထောင့်မှသွေးများယိုစိမ့်လာပြီး အလွန်အားနည်းသောအသံဖြင့် ပြောဆိုသည်။

“ရှင် အစ်ကိုကြီးလင်းတုန်းကို လွှတ်လိုက်ပါ၊ ရှောင်ယန်ကို ရောလွှတ်လိုက်။ မဟုတ်ရင်၊ မဟုတ်ရင်... မဟုတ်ရင်... အစ်ကိုကြီးဝူယွမ် ပြန်လာရင်၊ ရှင့်ကို နောင်တရစေလိမ့်မယ်။” ချင်းတန်က မျက်ရည်များဖြင့် ခြိမ်းခြောက်လိုက်သည်။

“မိန်းကလေးငယ်လေးက ဒီမှာဘာလာလုပ်နေတာလဲ။ ယဉ်ကျေးမှုမရှိဘူး။ အဓိကခန်းမက မင်းလာရမယ့်နေရာမဟုတ်ဘူး။”

လင်းချန်းက ချင်းတန်အော်ဟစ်နေသည်ကိုမြင်သောအခါ၊ သူမကို နှင်ထုတ်ရန် အဆင်သင့်ဖြစ်နေသည်။

“လင်းချန်း၊ မင်းဘာလုပ်နေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမက ငါတို့ လင်းမိသားစုဝင်ပဲ။ မင်းဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောလို့ရမလား။”

လင်းကာအာက ချက်ချင်းတားမြစ်လိုက်ပြီး၊ ချက်ချင်းတံခါးဝသို့သွားကာ ချင်းတန်ကို ဆွဲခေါ်လိုက်ပြီး၊

လက်ရှိအခြေအနေတွင်၊ဝူယွမ်က လင်းတုန်းကို လင်းလန်တျန်းထံမှ ကယ်တင်နိုင်သည်ဟု သူမထင်မိသည်။

ဝူယွမ်က ထိုလျှို့ဝှက်ဆန်းကြယ်အမျိုးသမီးကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်သည်၊ ထို့ကြောင့် အစ်ကိုကြီးလင်းလန်တျန်းကိုလည်း ထိန်းထားနိုင်လောက်ပြီး လင်းတုန်းကို သူ့ထံမှ ကယ်တင်နိုင်လောက်မည်ဟုတွေးမိသောကြောင့်၊

“ဝူယွမ်ကို သွားရှာပါ” ဟု သူမစိတ်ထဲသို့ ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်လိုက်သည်။

ချင်းတန်သည်သူမ၏ စကတ်ကို ဆွဲတင်လိုက်ပြီး၊ မျက်ရည်များ မျက်နှာပေါ်သို့ စီးဆင်းရင်း တံခါးအပြင်ဘက်သို့ ပြေးထွက်သွားသည်။

“မင်းမပေးရင် ငါကိုယ်တိုင်ယူမယ်။”

ဤအချိန်တွင်၊လင်းလန်တျန်းသည် သူ၏ကြီးမားသောလက်ဝါးကြီးကို ဆန့်ရင်း၊ လင်းတုန်းဆီသို့ ပျံသန်းသွားသည်။

သူသည်ကြမ်းတမ်းစွာ ရိုက်ချရန် ပြင်ဆင်နေသည်။

မိသားစုခွဲကလူက တစ်ကယ်လို့ သူ့ကိုဖိဆန်ဝံ့ပါက သတ်ခံရမည်ဖြစ်သည်။

လင်းလန်တျန်း၏သတ်ဖြတ်လိုစိတ်ကို ခံစားရသောအခါ၊ လင်းတုန်းက နောက်ထပ်သည်းခံမနေတော့သလို။ သူ့မှာ နောက်ထပ်အခွင့်အရေးလည်းမရှိတော့ပါ။

သူသည်ကျောက်လက်ဖွဲ့ထဲမှ ရှောင်တျောင်းနှင့် ဆက်သွယ်လိုက်သည်-

“ရှောင်တျောင်း၊လုပ်ကြမယ်။ ငါတို့သေရင်တောင် လင်းလန်တျန်းလည်း ဒုက္ခရောက်ရမယ်။”

တစ်ချိန်တည်းမှာပင်၊သူက သူ၏ယွမ်စွမ်းအင်အားလုံးကို ကျောက်လက်ဖွဲ့ထဲသို့ ထည့်သွင်းလိုက်ပြီး၊

တစ်ချိန်တည်းမှာပင် သူ၏ခါးတွင်ရှိသော သိုလှောင်အိတ်က တောက်ပလာပြီး၊ ကြီးမားသော လူသားပုံစံ အဆောင်ရုပ်သေးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

အဆောင်ရုပ်သေး၏ ခေါင်းသည်ကြေးဝါရောင်ဖြစ်နေပြီး၊ လင်းလန်တျန်း၏ လက်ဝါးကြီး ရိုက်ချလာသောအခါ၊ အဆောင်ရုပ်သေးသည်လည်း သူ၏ကြီးမားသောလက်ကြီးကို မြှောက်ကာ လက်ဝါးတစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဘန်း”

လက်ဝါးနှစ်ခု ထိတ်တိုက်တွေ့ဆုံသွားပြီး စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး၊ တစ်ချိန်တည်းမှာဘဲ လင်းလန်တျန်း၏ မျက်လုံးများမှ စူးရှသောအလင်းများ ပေါက်ကွဲထွက်လာသည်။

“အလယ်အလတ်တန်းအဆောင်ရုပ်သေးတစ်ခု၊ ပြီးတော့ ရှေးဟောင်းဂူသင်္ချိုင်းကြီးရဲ့ အငွေ့အသတ်ရှိတယ်”

သူက အေးစက်စွာပြောသည်-

“မင်းကတကယ်ပဲကောင်းကောင်း ဖုံးကွယ်ထားခဲ့တာဘဲ၊ ဒါက ရှေးဟောင်းဂူသင်္ချိုင်းကြီးထဲမှာ ရခဲ့တဲ့ အခွင့်အလမ်းလား။”

“ဒါပေမယ့် အလယ်အလတ် အဆောင်ရုပ်သေးတစ်ခုတည်းက မင်းကိုကူညီနိုင်မှာမဟုတ်ဘူး၊ ငါမေးတုန်းကတည်းက ပစ္စည်းကို ရိုးရိုးသားသား ဆက်သခဲ့သင့်တယ်။”

လင်းတုန်းသည် ယခုတိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်၊ “ဟက်ဟက်၊ ဆက်သလိုက်ရင်ရော မင်းငါ့ကို လွှတ်မှာလား။ လင်းလန်တျန်း၊ ဒီနေ့ ငါသေရင်တောင်၊ မင်းလည်း တန်ကြေးတစ်ခု ပေးရလိမ့်မယ်”

လင်းတုန်း၏လက်ဖဝါးမှ ခရမ်းရောင်အလင်းများ ချက်ချင်းပင် ကြွက်ပုံစံ အလင်းရောင်ပုံရိပ်အဖြစ် စုဝေးလာသည်။

ထိုကြွက်ပုံစံ သေးငယ်သော၊အနက်ရောင်ခန္ဓာကိုယ်သည် အာဏာရှင်ဆန်သော ခန့်ညားမှုကို ထုတ်လွှတ်ကာ၊ သူ၏မျက်ခုံးများကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ရူန်းတစ်ခု ပေါ်လာသည်။

“ကောင်းကင်မြွေပါ။”

လင်းလန်တျန်းသာ ကြားနိုင်သော အံ့အားသင့်စရာအသံတစ်ခု လင်းလန်တျန်း၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ရှောင်တျောင်းသည် ဆက်လက် သည်းမခံနိုင်တော့ပေ။ သူပေါ်လာသည်နှင့်တပြိုင်နက်၊ သူ၏လက်သည်းများကို ဆက်တိုက်လွှဲရမ်းတိုက်ခိုက်လိုက်သည်။

ခရမ်းရောင်လက်သည်း အရိပ်နှစ်ခုက လင်းလန်တျန်းဆီကို တိုး၀င်လာနေသည်။ လင်းလန်တျန်းက ခဏထိတ်လန့်သွားပြီးနောက် ခရမ်းရောင်လက်သည်း အရိပ်များကို ခုခံရန် ယွမ်စွမ်းအင်ကို စုစည်းခဲ့သည်။

ဆရာမူ-“သတိထားပါ၊ ကောင်းကင်မြွေပါက ကိုင်တွယ်ရခက်တယ်။ ဒီနေရာမှာ ကောင်းကင်မြွေပါတစ်ကောင် ပေါ်လာမယ်လို့ ငါမထင်ထားခဲ့သည်။”

လင်းလန်တျန်း၏မျက်နှာသည်ကြည်လင်ပြတ်သားပြီး စိတ်ထဲမှစကား ပြောလိုက်သည်၊ “ဒါဘာမြွေပါကြီးလဲ။”

ဆရာမူး-“ဒါက ဒီကမ္ဘာပေါ်က အစွမ်းထက်ဆုံး မကောင်းဆိုးဝါးသားရဲ တစ်ကောင်ပဲ။ ကံကောင်းတာက၊ သူက မကောင်းဆိုးဝါးဝိညာဉ်အဆင့်ပဲ ရှိသေးတယ်၊ မဟုတ်ရင်၊ ဒီနေ့ ငါတို့ ဒုက္ခရောက်လိမ့်မယ်။”

လင်းလန်တျန်းသည် ဆရာမူပင် အံ့အားသင့်လောက် ရန်သူနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ပြီး သူ၏စိတ်ထဲတွင် အနည်းငယ်မသေချာမရေရာဖြစ်နေသည် “ဘာလုပ်သင့်လဲ။ ဆက်တိုက်သင့်သေးလား။”

ဆရာမူး-“ကျိန်းသေတိုက်ရမယ်။ အခြားသူဆိုရင်တော့ ကောင်းကင်မြွေပါကို တိုက်ရဲမှာမဟုတ်ဘူး၊ ဒါပေမယ့် ဒီမှာ ငါ့ကိုတွေ့တာက သူ့ကံဆိုးတာပဲ။ သူ့ကိုသတ်လိုက်။ ငါ့အကူအညီနဲ့ဆိုရင် သူ့ကိုသတ်ဖို့ လုံလောက်တယ်။ ဟက်ဟက်၊ဒီမကောင်းဆိုးဝါးဝိညာဉ်ကို စုပ်ယူလိုက်ရင်၊ ငါ့စွမ်းအား ကျိန်းသေပြန်ကောင်းလာလိမ့်မယ်။”

ဆရာမူး၏အတည်ပြုချက်ကို ရရှိသောအခါ၊ လင်းလန်တျန်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ ဤလင်းတုန်းတွင် အမှန်တကယ် ကြီးမားသောအခွင့်အလမ်းရှိလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ရှောင်တျောင်း၏ခြေသည်းများက လေထဲတွင် ဆက်တိုက်လှုပ်ရှားနေပြီး၊ စွမ်းအားပြင်းသော တံဆိပ်များကို မြန်မြန်ဆန်ဆန်ရေးဆွဲသည်။

သူနှင့်လင်းလန်တျန်းသည် အဓိကခန်းမအတွင်း တစ်ယောက်နှင့်တစ်ယောက် လေထဲမှာ အပြင်းအထန် တိုက်ခိုက်နေကြပြီး။ စွမ်းအင်လှိုင်း နောက်ဆက်တွဲများက ခန်းမ၏အမိုးကို ဆုတ်ဖြဲလိုက်သည်။

လင်းတုန်းသည်လည်းသူ၏စိတ်စွမ်းအင်ဖြင့် အဆောင်ရုပ်သေးကို ထိန်းချုပ်ကာ၊ သန့်စင်သော ယွမ်ဆေးလုံးများကို ဆက်တိုက်ထိုးသွင်းနေသည်။

အဆောင်ရုပ်သေး၏ တိုက်ခိုက်မှုများသည်ရိုးရှင်းပြီး၊ စွမ်းအားပြင်းသော လက်ဝါးချက် များကို တစ်ခုပြီးတစ်ခု လွှတ်လိုက်သည်။ လင်းခဲ့အာ၊ လင်းချန်းနှင့် အခြားသူများက ရှုပ်ထွေးစွာဖြင့် နောက်ဘက်သို့ ဆုတ်ခွာသွားကြပြီး သူတို့ကလင်းတုန်းကို ကြောက်လန့်တကြားဖြင့် ကြည့်နေကြသည်။

လင်းတုန်းကလင်းလန်တျန်းကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူတို့ မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ကြပေ။

အထူးသဖြင့်လင်းချန်း၊ သူကအံအားသင့်သလို ကြောက်ရွံ့မှုထပ်၊ ပိုပျော်ရွှင်နေသည်၊ သူသည် စီးပွားရေးလုပ်ခဲ့ရုံသာမက၊ကြီးမားသောအလောင်းအစားကြီးတစ်ခုပြုလုပ်ခဲ့သလို ခံစားရသည်။

လင်းတုန်း၏ လျှို့ဝှက်ချက်က သူမျှော်လင့်ထားသည်ထက်ပင် ပိုကြီးမားသည်။

“ရှောင်ယန် သူ့ကို သတ်လိုက်” လင်းတုန်းက လင်းချန်းကို အေးစက်စွာ ကြည့်လိုက်သည်။

ရှောင်ယန်းသည်သူ၏စိတ်ထဲရှိ ဒေါသကို ကြာမြင့်စွာ ထိန်းချုပ်ထားပြီး ယခု တစ်စုံတစ်ရာကို ကိုက်လိုနေသည်။

သူကလင်းလန်တျန်းကို ကိုက်ဝံ့ခြင်းမရှိသော်လည်း၊ ဤမုန်းတီးဖွယ်ကောင်းသောလူကို ကိုက်ရန်တော့ ပြဿနာမရှိပေ။

“ဝေါင်းး”

ရှောင်ယန်းက အနီရောင်အရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး လင်းချန်းဆီသို့ ပြေး၀င်သွားသည်။

“အကြီးအထဲထောင်၊ ငါ့ကိုကယ်ပါအုံး”

လင်းချန်းက ရှောင်ယန်းကို ရင်မဆိုင်ရဲဘဲ အကြီးအကဲထောင်ဆီသို့ အော်ဟစ်ကာ အရူးအမူးပြေးသွားသည်။

“မကောင်းဆိုးဝါးသားရဲ ဒီလောက်ရဲတင်းရသလား”

အကြီးအကဲထောင်က ကြိမ်းမောင်းလိုက်ပြီး ယွမ်စွမ်းအင် လက်ဝါးတစ်ခုကို ရှောင်ယန်းဆီသို့ ရိုက်နှက်လိုက်သည်။

ရှောင်ယန်းသည်ဒေါသထွက်သွားပြီး ခုန်အုပ်လိုက်ကာ သူ၏စိတ်အားထက်သန်မှုသည် အကြီးအကဲထောင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

သူတစ်ဦးတည်းဖြင့် ဤကျားကို မရပ်တန့်နိုင်လောက်ပေ။

“ခဲ့အာ” အကြီးအကဲထောင်က အကူအညီတောင်း‌လိုက်သည်။

သို့သော်လင်းခဲ့အာသည် ဘေးတွင် စိတ်ရှုပ်နေပြီး၊ သူတို့ကို လုံးဝဂရုမစိုက်ပေ။

အခုအချိန်တွင်၊လင်းခဲ့အာ လုံး၀ရှုပ်ထွေးနေသည်။ လင်းတုန်း ဖုံးကွယ်ထားသည့်အရာများကို သူမအလွန်အံ့အားသင့်သွားသည်။

မျိုးနွယ်စုအခြင်းခြင်း တိုက်ခိုက်ရခြင်းကို သူမလက်ခံရန် အလွန်ခက်ခဲနေပြီး ဒီနေ့လင်းလန်တျန်း၏ လုပ်ရပ်များက အလွန်အကျွံဖြစ်နေသည်။

အကယ်၍လင်းတုန်က ပြင်ပလူတစ်ဦးဖြစ်ပါက၊ လင်းကာအာသည် အတန်ငယ် နားလည်ပေးနိုင်သော်လည်း၊ ဤလူသည် သူ၏ မျိုးနွယ်တူဖြစ်သော်လည်း သူသည် ရန်သူများထက်ပင် ပိုမိုကြမ်းတမ်းစွာဆက်ဆံခဲ့သည်။

အဓိကခန်းမထဲတွင်၊ ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင်လှိုင်းများသည် ယွမ်ဒန်အဆင့် ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်မှလူပင် အတွင်းသို့ဝင်ရောက်မိပါက လွင့်စင်သွားနိုင်သည်။ ထိုစွမ်းအင်လှိုင်းများကို ယန်မြို့ရှိလူများ ခံစားလိုက်ရပြီး လင်းမိသားစု၏လားရာဘက်သို့ အားလုံး စူးစိုက်ကြည့်နေကြသည်။

ရှောင်တျောင်း၏ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းများ တောက်ပလာပြီး၊ စွမ်းအားပြင်းသော လက်သည်းများဖြင့် တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေသည်။

ကံမကောင်းစွာပဲ၊လင်းလန်တျန်းက ခိုင်မာစွာ ရပ်တည်နေဆဲဖြစ်သည်။ ရှောင်တျောင်းက သူ၏နည်းလမ်းအားလုံးကို အသုံးပြုခဲ့သော်လည်း၊ လင်းတုန်း၏ယွမ်ဒန်အဆင့် ပြီးပြည့်စုံသော အောင်မြင်မှုအဆင့် စွမ်းအင်လေးဖြင့် သူ၏စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်ခြင်းမရှ်ခဲ့ချေ။

တိုက်ခိုက်နေရင်းမှ၊ ရှောင်တျောင်းသည် လင်းလန်တျန်း၏ခန္ဓာကိုယ်အတွင်းရှိ အခြား လျှို့ဝှက်ဆန်းကြယ်သည့် ဝိညာဉ်ရင်းမြစ်တစ်ခုရှိကြောင်း သတိထားမိလိုက်သည်။

ထိုဝိညာဉ်ရင်းမြစ်၏ အကူအညီကြောင့်၊ လင်းလန်တျန်းကို သတ်ဖြတ်နိုင်ခြင်းမရှိတော့ပေ။

ရှောင်တျောင်းက သူ၏စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်မိသွားပြီး စိတ်စွမ်းအင်ဖြင့် လင်းတုန်ကို ဆက်သွယ်လိုက်သည်။

“လင်းတုန်း ၊ ကောင်လေး ငါသူ့ကို အချိန်ဆွဲထားမယ်၊ မင်းအမြန်ထွက်ပြေးပါ။”

ဤအချိန်တွင်၊ လင်းလန်တျန်းက သူ၏လက်ဖဝါးထဲတွင် ယွမ်စွမ်းအင်လှိုင်းလုံးတစ်ခုကို စုစည်းကာ၊ လင်းတုန်းထိန်းချုပ်ထားသော အဆောင်ရုပ်သေးကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။

လက်ဝါးချက်ကြလာသည်နှင့် ခိုင်ခံ့သော အလယ်အလတ်အဆင့် အဆောင်ရုပ်သေးက ချက်ချင်းနှစ်ပိုင်းပျက်သွားသည်။

လင်းတုန်းသည် ယွမ်စွမ်းအင် နောက်ဆက်တွဲလှိုင်း များကြောင့် လွင့်ထွက်သွားပြီး သွေးများအန်ထုတ်လိုက်ရသည်။

တိုက်ပွဲကိုအလွန်ကြမ်းတမ်းသည်ဟု ဖော်ပြနိုင်သည်။

ရှောင်တျောင်း၏ခန္ဓာကိုယ်ပေါ်ရှိအလင်းက မှေးမှိန်သွားပြီး၊ စွမ်းအားပြင်း တံဆိပ်တစ်ခုကို ထပ်မံစုစည်းကာ လွှတ်လိုက်သည်။

“ဟက်ဟက်၊မင်းလက်လျှော့ရတော့မယ်။”

လင်းလန်တျန်းက နှာသံပြင်းပြင်းမှုတ်လိုက်ကာ၊ မျှော်လင့်ချက်အနည်းငယ်ဖြင့် ပြောလိုက်သည်-

“ကောင်းကင်မြွေပါ၊ မင်းဒီအတိုင်းသေရမဲ့အစား လက်လျှော့ပြီး ငါ့ကို။”

ရှောင်တျောင်း-“ခွေးမစင်ကိုဘဲ သွားစားလိုက်ပါလား၊ အရှင်သခင်တျောင်းက ဘယ်သူ့ကိုမှ ဘယ်တော့မှသခင်အဖြစ် လက်မခံဘူး။ အရှင်သခင်တျောင်းရဲ့ ခန္ဓာကိုယ်သာမပျက်စီးခဲ့ရင်၊ မင်းလို အမှိုက်ပုံကြီးနဲ့ မင်းခန္ဓာကိုယ်ထဲက ဝိညာဉ်ရင်းမြစ် အမှိုက်ပုံလေးကိုပါ အရှင်သခင်တျောင်းက မိနစ်ပိုင်းအတွင်း အမုန့်ချေလိုက်လို့ရတယ်”

ရှောင်တျောင်းက လင်းလန်တျန်း သူ ကောင်းကင်‌မြွေပါ ဖြစ်မှန်းသိသည်ကို အံ့အားသင့်ခြင်းမရှိပါ။ ထိုစွမ်းအားကြီး ဝိညာဉ်ရင်းမြစ်ရှိက၊ ကောင်းကင်မြွေပါကို မှတ်မိခြင်းသည် ပုံမှန်ဖြစ်သည်။

“မင်းမလက်မခံရင်သေလိမ့်မယ်။”

ရှောင်တျောင်းကလည်း ပြန်ခြိမ်းခြောက်လိုက်သည်- “ဟမ်၊ မင်းက အရှင်သခင်တျောင်းရဲ့ မူလအစကို သိထားပြီးတာတောင်၊ အရှင်သခင်တျောင်းကို သတ်ရဲသေးတယ်လား၊ အရှင်သခင်တျောင်း မသေခင်မှာ မင်းကို ကောင်းကင်မကောင်းဆိုးဝါး အမှတ်အသားနဲ့ တံဆိပ်ခတ်ပစ်ပြီး၊ ကောင်းကင်မြွေပါမျိုးနွယ်ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခိုင်းမယ်။”

ကောင်းကင်မကောင်းဆိုးဝါးအမှတ်အသားက ရန်သူ၏ခန္ဓာကိုယ်ထဲသို့ တံဆိပ်ခတ်နိုင်ပြီး ကောင်းကင်မကောင်းဆိုးဝါးအမှတ်အသားဖြင့် တံဆိပ်ခတ်ခံထားရသူမည်သူမဆို၊ ကောင်းကင်မြွေပါမျိုးနွယ်အနီးသို့ ချဉ်းကပ်ပါက ချက်ချင်းသိမည်ဖြစ်သည်။

လင်းလန်တျန်း၏ လှုပ်ရှားမှုများ တဒင်္ဂရပ်တန့်သွားပြီး၊ အနည်းငယ်မသေချာ မရေရာဖြစ်သွားသည်။

ဆရာမူ-“သူ့စကားကို မနားထောင်နဲ့။ သူ့မှာရှိတဲ့ လက်ရှိစွမ်းအားက ကောင်းကင်မကောင်းဆိုးဝါး အမှတ်အသားကိုပုံမပေါ်နိုင်ဘူး။”

“သေသင့်တဲ့မြွေပါ၊ မင်းငါ့ကိုခြိမ်းခြောက်ရဲတယ်ပေါ့။”

လင်းလန်တျန်းက ဒေါသထွက်ပြီး ရှောင်တျောင်းဆီသို့ ပြေး၀င်သွားသည်...

ဝူယွမ်က လင်းမိသားစုအနီး ရောက်ရှိလာသောအခါ၊ လင်းမိသားစုအိမ်တော်မှ စွမ်းအားပြင်း ယွမ်စွမ်းလှိုင်းများကို သူခံစားလိုက်ရကာ။

တစ်ခုခုဖြစ်နေပီမှန်း သိလိုက်ရပြီး လင်းမိသားစုအိမ်တော်သို့ ပိုင်ယွမ်းနှင့်အတူ အမြန်သွားလေတော့သည်။

“အစ်ကိုကြီးဝူယွမ်။”

အိမ်တော်တံခါး၀သို့ ရောက်သောအခါ ချင်းတန်ပြေးထွက်လာသည်ကိုသူ မြင်လိုက်ရသည်။

ဝူယွမ်သည်ချက်ချင်းပင် ချင်းတန်ကို ဆွဲခေါ်လိုက်ကာ၊ ပိုင်ယွမ်းကို ယွမ်စွမ်းအင်လှိုင်းများထနေရာသို့ ဆက်ပြေးခိုင်းလိုက်သည်။

ကျားပေါ်တွင်၊ဝူယွမ်က ချင်းတန်အား မေးမြန်းလိုက်သည်-“ချင်းတန်၊ဘာတွေဖြစ်နေတာလဲ။”

“အဲ့ဒါက လင်းလန်တျန်းပါ။သူက အဖိုးနဲ့ အဖေကို ဒဏ်ရာရစေခဲ့တယ်၊ ပြီးတော့ အစ်ကိုကြီးလင်းတုန်းကို သတ်ချင်နေတယ်။ အစ်ကိုကြီးဝူယွမ်၊ မြန်မြန်သွားပြီး အစ်ကိုကြီးလင်းတုန်းကို ကယ်တင်ပေး။” ချင်းတန်က အမြန်ပြောလိုက်သည်။

ဝူယွမ်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားသည်။ လင်းလန်တျန်းက လင်းမိသားစုဆီသို့ လာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ဒါက ဇာတ်လမ်းထဲကနဲ့မတူဘူး။

သူ၏ပေါ်လာမှုကဇာတ်လမ်းကို ပြောင်းလဲစေခဲ့သည်လား။

တွေးနေရန်အချိန်မရှိပေ။ ဝူယွမ်က ဟန်ဘင်းဓားပေါ်သို့ တက်ကာ အလျင်အမြန်ဘဲ ပျံသန်းသွားသည်။

“ကောင်းကင်ပိုင်းဖြတ်ချင်း မကောင်းဆိုးဝါးကျောက်တိုက် လက်ဝါး။”

လင်းလန်တျန်းက ရှောင်တျောင်းဆီသို့ ပျံသန်းလာပြီး လက်တစ်ဖက်စီတွင် ကြီးမားသော မကောင်းဆိုးဝါးကျောက်တိုင်ကြီးကို မ ထားကာ၊ တောင်များကို သယ်ဆောင်ထားသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး တစ်ချက် ကြည့်ရုံမျှနှင့် လူတိုင်း အသက်ရှူကျပ်စေသည်။

ရှောင်တျောင်းက မသက်မသာခံစားနေရပြီး မျက်လုံးများကို ပိတ်လိုက်သည်။ သူက ထိုတိုက်ကွက်ကို ခုခံရန်စွမ်းအင်မရှိမတော့ပေ။

“ ဝေါင်းးး ၊ချှီးးး”

ရုတ်တရက် နဂါးဟိန်းသံနှင့် ဖီးနစ်တွန်သံတို့ ကောင်းကင်ထပ်တွင် ပဲ့တင်သံထပ်သွားပြီး၊ ခရမ်းရောင် အလင်းတန်းခုနှစ်ခုက လင်းလန်တျန်း ဖန်တီးထားသော မကောင်းဆိုးဝါးကျောက်တိုင်လက်ဝါးဆီသို့ တိုး၀င်လားသည်။

ထိုသည်ကို မြင်ပြီးရှောင်တျောင်း၏ မျက်လုံးငယ်လေးများ ချက်ချင်း လင်းလက်သွားသည်၊

“အင်း~ပြန်လည်မွေးဖွားသူ ဆရာကြီး ရောက်လာပြီ။”

All Chapters