ထိန်းချုပ် သိမ်းပိုက်ခြင်း
Vol. 2 Ch. 19
~တတိယ အကြီးအကဲ စုချန် နှင့် စတုတ္ထ အကြီးအကဲ စုရို့ဆု နှစ်ဦးတည်းသာ ရှိပါက... ကောချူတုန်းကို ခုခံ ကာကွယ်နိုင်မလား ဆိုတာ မသေချာလှပေ။
သို့သော် ဆေးဥယျာဉ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အခင်းအကျင်း အလွှာပေါင်းစုံ၏ အကူအညီဖြင့်ဆိုလျှင်မူ... ချီစွမ်းအင် ကိုးဆင့်မြောက်အဆင့်ရှိ "ပထမအဆင့် မြေဆရာ" တစ်ဦးတည်းကို ထားဦး၊ နောက်ထပ် လူများ ထပ်မံ ရောက်ရှိလာလျှင်လည်း မလွဲမသွေ ပိတ်မိကာ သေဆုံးကြရပေလိမ့်မည်။
ဆေးဥယျာဉ် အပြင်ဘက်တွင်...
လင်းခွေသည် လင်းမိသားစု ကျင့်ကြံသူများကို ဦးဆောင်ကာ ဆေးဥယျာဉ် အခင်းအကျင်းကို ဝင်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းနေ၏။ သို့သော် အခင်းအကျင်း အကာအကွယ်ပေါ်တွင် လှိုင်းဂယက်များ ထသွားရုံမှလွဲ၍၊ ကောချူတုန်းနှင့် လင်းဟိုင်တို့အား ကယ်ထုတ်နိုင်လောက်သည်အထိ အခင်းအကျင်းကို ဖျက်ဆီးပစ်ရန်မှာမူ ဝေးကွာနေသေးချေသည်။
လင်းခွေ တစ်ယောက် ထိတ်လန့် တုန်လှုပ်နေသလို၊ ဒေါသလည်း ထွက်နေ၏။ သူ့မျက်နှာက အရောင် အမျိုးမျိုး ပြောင်းလဲနေပြီး၊ အံကိုခဲကာ အော်ဟစ်လိုက်၏။
"စုချန်... မင်း ကြားနေရတယ် ဆိုတာ ငါ သိတယ်"
"လင်းဟိုင် ကို ပြန်လွှတ်ပေးလိုက်စမ်း... ဒါဆိုရင် ငါတို့ လင်းမိသားစုက ဒီနေ့ကစပြီး စုမိသားစုနဲ့ ရန်ဘက် မဖြစ်တော့ဘူး... ပြီးတော့ ဒီ ပထမအဆင့် ဝိညာဉ် သွေးကြောကိုလည်း လုံးဝ လာထိပါးမှာ မဟုတ်တော့ဘူး"
"ငါ လင်းခွေ ပြောတဲ့ စကား တည်တယ်ကွ"
သို့သော် ခဏကြာအောင် စောင့်ဆိုင်းသော်လည်း... အခင်းအကျင်း အတွင်းမှ ဘာသံမှ ပြန်မကြားရပေ။ ပတ်ဝန်းကျင် တောင်ကုန်းများတွင် ငှက်သံ တိတ်ဆိတ်နေပြီး၊ အခြေအနေက ခြောက်ခြားဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေ၏။
ဒေါသကို မထိန်းနိုင်တော့ဘဲ လင်းခွေ ထပ်အော်လိုက်၏။
"စုချန်... မင်းသာ လင်းဟိုင် ကို တစ်ခုခု လုပ်ရဲရင်... ငါတို့ လင်းမိသားစုက စုမိသားစုကို သေတဲ့အထိ ရန်ငြိုးဖွဲ့သွားမယ် ဆိုတာ မှတ်ထားလိုက်"
"သေချင်ရင် လုပ်လိုက်လေ..."
လင်းခွေ တစ်ယောက်တည်း အော်ဟစ် သောင်းကျန်းနေသော်လည်း... အတွင်းထဲက လူတွေက လုံးဝ ဂရုမစိုက်ကြပေ။
အချိန်အတန်ကြာ ကုန်ဆုံးသွားပြီးနောက်... လင်းခွေ အံကိုခဲလိုက်ပြီး နောက်လှည့်ကာ အမိန့်ပေးလိုက်၏။
"သွားကြမယ်..."
"အိမ်ပြန်ကြမယ်"
သူတို့ အလိမ်ခံလိုက်ရပြီ။
လင်းခွေ၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ တောက်လောင်နေ၏။
မြေဆရာ ကောချူတုန်း ကိုတောင် သတ်ပစ်ချင်စိတ် ပေါက်နေ၏။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကောချူတုန်းနှင့် စုမိသားစု ပူးပေါင်းကာ လင်းမိသားစုအား ထောင်ချောက်ဆင်လိုက်ခြင်းလောဟု သံသယဝင်နေမိသောကြောင့် ဖြစ်၏။
သို့သော် ပြန်လည် စဉ်းစားကြည့်ပြန်လျှင်လည်း အဓိပ္ပာယ် မရှိပြန်ချေ။
အကယ်၍သာ သူတို့ ပူးပေါင်းကြံစည်ခြင်း ဆိုပါက၊ မိမိတို့အားလုံးကို အတွင်းသို့ ရောက်အောင် ခေါ်သွင်းပြီး ပိတ်လှောင်လိုက်ပေလိမ့်မည်။
သို့မှသာ မိမိတို့အား အကြီးအကျယ် ဒုက္ခပေးနိုင်မည် ဖြစ်လေသည်။
ယခုမူ လင်းဟိုင် တစ်ဦးတည်းသာ ပိတ်မိနေခြင်း ဖြစ်၏။ လင်းမိသားစုအတွက် အကြီးအကဲတစ်ဦး ဆုံးရှုံးရခြင်းမှာ နစ်နာသော်လည်း၊ သည်းခံနိုင်သော ပမာဏသာ ရှိသေးပေသည်။
ထို့ကြောင့် ကောချူတုန်း သစ္စာဖောက်ခြင်း မဟုတ်လောက်ပေ။
သို့ဆိုလျှင် မည်သို့ ဖြစ်ပျက်ကုန်သနည်း။
ကောချူတုန်း ပြောကြားစဉ်ကမူ မြေအောက်မှ ကြွက်သားရဲ အုပ်စု ပုန်ကန်ထကြွပြီး စုမိသားစုကို ဒုက္ခပေးနေပြီဟု ဆိုခဲ့သည်။
‘မဖြစ်နိုင်တာ... သူတို့ ဆေးဉယျာဉ် အခင်းအကျင်းက သားရဲကောင် ရာချီကိုပါ တစ်ပြိုင်တည်း နှိမ်နင်းထားနိုင်တယ် ဆိုတာ မဖြစ်နိုင်ဘူး... သားရဲ အကောင် (၃၀)၊ (၄၀) လောက် ဆိုရင်တော့ ထားပါတော့’
‘ဒါပေမဲ့ အခုက အကောင် ရာချီလေ... စုချန် က အခင်းအကျင်းကို ထိန်းချုပ်ပြီး သူ့ဝိဉာဉ်စွမ်းအင် အကုန်သုံးရင်တောင်မှ... တစ်ဝက်လောက်ပဲ နိုင်မှာ’
လင်းခွေ ခေါင်းရှုပ်သွားသည်။
ထို့ပြင် ကောချူတုန်း က ပြောသည်... ဆေးဉယျာဉ် အခင်းအကျင်းကို သူ ပြုပြင်ထားတယ် ဆို... ပုံမှန် ဆိုလျှင် သူတို့က ကြွက်သားရဲတွေနှင့် လုံးပန်းနေရမည်လေ။
ထိုသို့သာ ဖြစ်ခဲ့လျှင် လင်းမိသားစုနှင့် ကောချူတုန်း ပူးပေါင်းကာ စုမိသားစုကို အလွယ်တကူ ထိန်းချုပ်နိုင်မည်မှာ သေချာပေသည်။
သို့သော် အဘယ်ကြောင့် စုမိသားစုက အေးဆေး ဖြစ်နေရသနည်း။
အခင်းအကျင်းများမှာလည်း ပျက်စီးခြင်း မရှိပေ။
လင်းခွေတို့အနေဖြင့် မည်သို့မျှ တွေးမိလိမ့်မည် မဟုတ်သော အချက်မှာ သူတို့ အားအကိုးရဆုံး လက်နက်ကြီးဟု ထင်မှတ်ထားသည့် "ကြွက်သားရဲ အုပ်စု" ကို စုမိသားစုမှ လူငယ်လေးတစ်ဦးက "ဆေးပညာ" အသုံးပြုကာ အလွယ်တကူ ဖြေရှင်းလိုက်ခြင်းပင် ဖြစ်လေသည်။
အထိအခိုက် အကျအဆုံး မရှိရုံမျှမက၊ သားရဲကောင် (၂၀၀) နီးပါးကိုပင် စုမိသားစုအတွက် လက်ဆောင် ဖမ်းဆီးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေ၏။
လင်းခွေ တို့ တပ်ဆုတ်သွားကြ၏။
အခင်းအကျင်း အတွင်းတွင် ပိတ်မိနေသော ကောချူတုန်း မှာမူ... အံ့သြစရာ ကောင်းလောက်အောင် တည်ငြိမ်နေပြီး၊ စုမိသားစုဝင်များနှင့် စကားစမြည်ပင် ပြောနေလိုက်သေးသည်။
"ဒါဆို... ကျုပ်က ကြွက်သားရဲတွေကို သူပုန်ထခိုင်းလိုက်တာ... ခင်ဗျားတို့ကို ကူညီလိုက်သလို ဖြစ်သွားတာပေါ့"
ကောချူတုန်း အံ့သြသွားသည်။
"ဒါဆို ခင်ဗျားတို့က ဘာလို့ ဒီကောင်တွေကို စောစောစီးစီး မရှင်းပစ်တာလဲ... ဘာလို့ ဒီလောက် အကြာကြီး မွေးထားရတာလဲ"
ကောချူတုန်း စိတ်ပျက်သွားသည်။
သူ ဒီလို ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သိလျှင် စုမိသားစုကို ဒီလိုနည်းနှင့် ဒုက္ခပေးဖို့ ကြံစည်ခဲ့မည် မဟုတ်ပါ။
တစ်နာရီကျော် ကြာပြီးနောက်...
စုမိသားစု ခေါင်းဆောင် စုဖုန် နှင့် အခြား အကြီးအကဲများ ရောက်ရှိလာကြ၏။ မကြာမီမှာပင် အခင်းအကျင်းထဲ ပိတ်မိနေသော ကောချူတုန်း ကို ဖမ်းဆီး ထိန်းချုပ်လိုက်နိုင်ကြ၏။
ဆေးမျှော်စင် အတွင်း၌...
စုချန် ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်၊ စုဖုန် ရင်ထဲ ထိတ်လန့်သွားမိသည်။
ကောချူတုန်း နှင့် လင်းမိသားစုသာ အောင်မြင်သွားခဲ့လျှင်... သူတို့ စုမိသားစု အကြီးအကျယ် ဒုက္ခရောက်ရတော့မည်။
ဆေးဉယျာဉ် ဆုံးရှုံးရုံသာမက၊... မျိုးပါ ပြုတ်သွားနိုင်၏။
ထိုအချိန်ကျလျှင်... စုမိသားစု မျိုးဆက် ကျန်ရစ်ဖို့ အတွက် မြစ်ရေစီး မြို့တော်ကနေ အဝေးကြီးကို ထွက်ပြေးရုံမှ တပါး အခြား မရှိတော့ချေ။
ဒီအချက်ကို တွေးမိလိုက်သည်နှင့်... စုဖုန် က စုယွီ ကို ကြည့်သော အကြည့်တွေက အလွန် နူးညံ့သိမ်မွေ့သွား၏။
စုယွီ၏ စိတ်နေသဘောထားနှင့် အနေအထိုင် တည်ငြိမ်ပုံကို တတိယ အကြီးအကဲ ဆီက ကြားထားပြီးသားမို့... သူက မေးလိုက်၏။
"ယွီလေး... မင်း ဘာဆုလာဘ် လိုချင်သလဲ... ပြောသာပြောပါ... မိသားစုက တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ်"
စုယွီ ခေါင်းခါလိုက်၏။
"ခေါင်းဆောင်ကြီး... မလိုပါဘူးခင်ဗျာ... ကျွန်တော်က စုမိသားစုဝင် တစ်ယောက်ပါ... မိသားစုက ကျွန်တော့်ကို ငယ်ငယ်ကတည်းက ကျွေးမွေး စောင့်ရှောက်လာခဲ့တာ... အခု မိသားစု ဒုက္ခရောက်နေချိန်မှာ ကာကွယ်ပေးတာ ကျွန်တော့် တာဝန်ပါပဲ"
ထိုအခါ၊ စုဖုန် က ဖြတ်ပြောလိုက်၏။
"မင်း ဒီလို တွေးပေးတာ ငါ ဝမ်းသာပါတယ်... ဒါပေမဲ့ စွမ်းဆောင်မှု ရှိရင် အကျိုး ရှိရမယ်လေ... မိသားစု စည်းမျဉ်းကို ဖောက်ဖျက်လို့ မရဘူး"
"မင်း လိုချင်တာကို အေးဆေး စဉ်းစားပြီးမှ ပြောပါ"
စုယွီ ခဏ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။
"နောက် (၁) နှစ်၊ (၂) နှစ် နေရင်... ကျွန်တော် 'ချီစွမ်းအင် စတုတ္ထအဆင့်' ကို ရောက်လောက်ပါပြီ... အဲဒီကျရင် ကျွန်တော် 'ဆေးလုံး ဖော်စပ် ပညာ' သင်ပေးမယ့် ဆရာတစ်ယောက် ရှာချင်ပါတယ်... ခေါင်းဆောင်ကြီး ကူညီပေးနိုင်မလား ခင်ဗျာ"
စုဖုန်၊ စုချန်၊ စုရို့ဆု နှင့် အခြားသူများ အားလုံး ကြောင်သွားကြ၏။
ဒါက...
ဒါ ဘာဆုလာဘ် တောင်းတာကြီးလဲ။
စုဖုန် က စုယွီ ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး ပြောသည်။
"ထားလိုက်ပါတော့... ဆုလာဘ် ကိစ္စကို တခြား အကြီးအကဲတွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ပေးမယ်"
"ဆေးလုံး ဖော်စပ် ပညာ သင်ချင်တဲ့ ကိစ္စကတော့... အချိန်ကျရင် တတိယ အကြီးအကဲ နဲ့ ပြောလိုက်ပါ... ဒါ မခက်ပါဘူး"
သူက လက်ဝှေ့ယမ်းပြီး စုယွီ ကို ထွက်သွားခိုင်းလိုက်၏။
စုဖုန် က အခြား အကြီးအကဲများကို ကြည့်ပြီး ခေါင်းခါကာ ရယ်မောလိုက်၏။
"ဒီကောင်လေးက ဉာဏ်များသားဟ... ဘာမှ မတောင်းဆိုဘူး ဆိုပေမယ့်... တကယ်တမ်းကျတော့.. ငါတို့ကို ခေါင်းကိုက်အောင် လုပ်သွားတာပဲ၊ အဟား"
ထိုအခါ၊ စုချန် ကလည်း ရယ်မောလိုက်၏။
"ဟဲဟဲ..ခေါင်းဆောင်ကြီး... သူက ခုနက 'သားရဲမျှားဆေးမှုန့်' ဆေးနည်းကို မိသားစုကို လှူလိုက်တယ်လေ... ဆေးအာနိသင်က တကယ့်ကို အံ့မခန်းပဲ... (နှောင်းပိုင်း) အဆင့် ကြွက်သားရဲကြီးတွေတောင် မခံနိုင်ဘဲ ချက်ချင်း မေ့လဲကုန်တာဗျ"
"ဒီဆေးနည်းကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး... ဆိုလိုတာက ယွင်ကျန်းဂိုဏ်း နယ်မြေထဲက တခြား မိသားစုတွေမှာလည်း ဒီဆေး မရှိဘူး ဆိုတဲ့ သဘောပဲ"
"ပြီးတော့ ကြွက်သားရဲ ဆိုတာက... ဝိညာဉ် သွေးကြော တိုင်းလိုလိုမှာ ရှိနေတတ်တာ..."
ထိုစကားအား ကြားလိုက်
ရသောအခါမှာတော့... စုဖုန်၊ စုရို့ဆု နှင့် တခြားသူတွေ၏ မျက်လုံးတွေ အရောင်တောက်လာကြ၏။
‘ဒါဆိုရင်... ဒီဆေးနည်းရဲ့ တန်ဖိုးက မသေးလှဘူးပေါ့။’
သို့သော်ငြား၊ ဒီအချက်ကို ထည့်စဉ်းစားလိုက်တော့... စုယွီ ကို ဘယ်လို ဆုချရမလဲ ဆိုသည့် ပြဿနာက ပိုပြီး ခေါင်းခဲစရာ ဖြစ်လာပြန်၏။
တိတ်ဆိတ်နေပြီးနောက်...၊
စုရို့ဆု က ရုတ်တရက် ထပြောလိုက်၏။
"စုဇီ ကို မိသားစု ပြန်ခေါ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး... သူက ယွင်ကျန်းဂိုဏ်းမှာ သူ့လမ်းသူ လျှောက်နေပြီ"
"ဒါဆို... နောင်တစ်ချိန်မှာ စုမိသားစုကို ဘယ်သူ ဆက်ခံမလဲ"
—--------
ကိုယ့်အခန်းထဲ ပြန်ရောက်သည့်အခါ... စုယွီ သည် ဆရာ စုချန်ယွီ နှင့် စီနီယာ အစ်ကို (၃) ယောက်တို့နှင့် စကားစမြည် ပြောဖြစ်ကြ၏။ သူတို့အားလုံး ဒီကိစ္စမှာ စုယွီ၏ စွမ်းဆောင်ရည်ကို ကြည့်ပြီး အကြီးအကျယ် အံ့သြ တုန်လှုပ်နေကြ၏။
အံ့သြမှုတွေ ပြေပျောက်သွားပြီးသည့် နောက်မှာတော့... စုချန်ယွီ တော်တော်လေး ကျေနပ်နေ၏။ စုယွီ အတွက် ဝမ်းသာနေ၏။
ဒီတစ်ခေါက်တော့ သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။ စုယွီ ဆိုသော ကောင်လေးက သာမန် မဟုတ်ပါချေ။
ထို ကလေး ၏ အနာဂတ် အောင်မြင်မှုက သေချာပေါက် သူ့ထက် သာလွန်မည်ပဲ။
တစ်နေ့ကျရင်... စုယွီ က မိသားစု အကြီးအကဲ တစ်ယောက်တောင် ဖြစ်လာနိုင်သေးသည်။
ဒါကို တွေးမိတော့ စုချန်ယွီ ပျော်ရွှင်မိသည်။ ကိုယ့်တပည့်က အကြီးအကဲ ဖြစ်လာသည် ဆိုတော့... ဆရာ့ အတွက်လည်း ဂုဏ်ရှိပါ၏။
စုချန်ယွီ တို့ ပြန်သွားပြီးနောက်... မိုးစင်စင် လင်းလာတော့၏။
စုချင်းယီ ရောက်ချလာခြင်းပါ။ သူ့မျက်နှာက နည်းနည်းတော့ ရှုပ်ထွေးနေ၏။
"အခုမှပဲ ကျွန်တော် သဘောပေါက်တော့တယ်... ခင်ဗျားမှာလည်း ကျွန်တော့်လိုပဲ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာကိုး"
သူ့စကားကြောင့် စုယွီ အသာ ရယ်လိုက်ပြီး ဘာမှ ရှင်းပြမနေတော့ဘဲ ပြန်မေးလိုက်၏။
"ဒါလေး ပြောဖို့ လာတာတော့ မဟုတ်ပါဘူးနော်"
စုချင်းယီ ခေါင်းညိတ်လိုက်၏။
"မူလကတော့ နောက်ရက်နည်းနည်း ကြာမှ ပြောမလို့ပါပဲ... ဒါပေမဲ့ ဒီနေ့ ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ကျွန်တော် ယွင်ရှန်း ဈေးမြို့တော်က ဆေးလုံးမျှော်စင်မှာ 'ဆေးလုံး ဖော်စပ် အလုပ်သင်' လုပ်ဖို့ အခွင့်အရေး ရထားပြီ... လကုန်ရင် သွားတော့မယ်"
"ဝမ်းသာစရာပဲကွာ"
စုယွီ က သူငယ်ချင်း အတွက် ဝမ်းသာစကား ဆိုလိုက်၏။
ယွင်ကျန်းဂိုဏ်း ဝင်ခွင့် စာမေးပွဲ အတူတူ ဖြေခဲ့ကြသည့် သူငယ်ချင်း (၂) ယောက်... ။
တစ်ယောက်က ဂိုဏ်းထဲမှာ ဆက်ပြီး ကျင့်ကြံဖို့ ရွေးချယ်ခဲ့၏။
နောက်တစ်ယောက်က မိသားစု အထောက်အပံ့နှင့် ရည်မှန်းချက်တွေ တစ်ခုပြီး တစ်ခု အောင်မြင်နေပါ၏။
‘သူ ကိုယ်တိုင် ကျတော့လည်း... ကိုယ့်အစီအစဉ်နှင့်ကိုယ် ပုံမှန်လေး တက်လှမ်းနေခြင်းပါပဲ။
အင်း။ လူတိုင်းမှာ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ဇာတ်လမ်းနှင့် ကိုယ်ပါပဲလေ။’