အဆင့်ချိုးဖြတ်ခြင်း
Vol. 2 Ch. 20
~လင်းမိသားစုသည် လင်းခွေ ခြိမ်းခြောက်ခဲ့သကဲ့သို့ စုမိသားစုကို အသေအကြေ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ပြောင်းပြန် အားဖြင့်... သူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ ခေါင်းပြန်လျှိုဝင်သွားကြ၏။
ကောချူတုန်း သည် စုမိသားစု၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
သူသည် ပထမအဆင့် ဝိညာဉ် သွေးကြောကို ခြိမ်းခြောက်မှု အဖြစ် အသုံးပြုပြီး၊ စုမိသားစု အတွက် ကောင်းချီးပေးခံရသော မြေအား အခမဲ့ တည်ဆောက်ပေးမည် ဟု ကမ်းလှမ်းကာ အသက်ညှာရန် တောင်းဆိုခဲ့သည်။
သို့သော် စုမိသားစု၏ လိုအင်ဆန္ဒသည် သူ ထင်ထားသည်ထက် ပိုမို ကြီးမားနေခဲ့ပြီး၊ သူ့ကို လွယ်လွယ်နှင့် ပြန်လွှတ်ပေးရန် လုံးဝ မဖြစ်နိုင်ချေ။
ထိုအချိန်မှ စ၍... ကောချူတုန်း သည် စုမိသားစု အတွင်း၌ နာခံမှု ရှိရှိ နေထိုင်ပြီး၊ ရိုးသားစွာ အလုပ်လုပ်ပေးရလေတော့သည်။
ကောချူတုန်း စတင် အလုပ်လုပ်သည်နှင့် တစ်ပြိုင်နက်... ဆေးဥယျာဉ် အောက်ခြေရှိ ပထမအဆင့် ဝိညာဉ် သွေးကြော၏ အဓိက အူတိုင် နေရာကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့သည်။
ထို့နောက်... ဂူအောင်း အိမ်တော် များ တည်ဆောက်ခြင်း၊ ကောင်းချီးပေးခံရသော မြေ ဖန်တီးခြင်းနှင့် ဝိညာဉ် သတ္တုရိုင်းများ တူးဖော်ခြင်းတို့ကိုပါ ဆက်လက် လုပ်ဆောင်ပေးခဲ့ရ၏။
ပထမအဆင့် ဝိညာဉ် သွေးကြော တစ်ခုသည် လစဉ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀)၊ (၂၀၀) ခန့်သာ ထွက်ရှိသော်လည်း...
တစ်နှစ် စုဆောင်းလိုက်ပါက ဝိညာဉ်ကျောက်တုံး (၁၀၀၀)၊ (၂၀၀၀) ခန့် ရရှိနိုင်မည် ဖြစ်ရာ၊ စုမိသားစု အတွက် မနည်းလှသော ပမာဏပင်။
ဒါတွေက... စုယွီ သိပ်စိတ်ဝင်စားသော ကိစ္စတွေတော့ မဟုတ်ပါချေ။ ဝိညာဉ် သွေးကြော ကိစ္စတွေကို သူ ဂရုမစိုက်တော့ဘဲ၊ စုချင်းယီ ကို နှုတ်ဆက် ပို့ဆောင်ပြီးနောက်... ပုံမှန် ကျင့်ကြံခြင်းကိုသာ ပြန်လည် အာရုံစိုက်လိုက်ပါသည်။
"အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ကို လေ့ကျင့်ပြီးနောက်၊ စုယွီ မမျှော်လင့်ထားသော အရာတစ်ခုကို တွေ့ရှိလိုက်ရ၏။ ဤကျင့်စဉ်သည် "ဝိညာဉ် စုစည်းခြင်း နည်းစနစ်" အတွက် အလွန် အထောက်အကူ ပြုနေခြင်းပင်။
မူလက တိုးတက်မှု နှေးကွေးနေသော ဝိညာဉ် စုစည်းခြင်း နည်းစနစ်၏ ကျွမ်းကျင်မှုသည်... နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ လွှမ်းမိုးမှုအောက်တွင် (၃၀%) နီးပါး ခုန်တက်သွားခဲ့သည်။
ဒါ့အပြင်... သားရဲ အသားများကို လုံလောက်စွာ စားသုံးနိုင်မှုကြောင့် "သွေးဝေလငါး လမင်းမျို သိုင်းကျမ်း" ၏ အမြုတေ စွမ်းအားသည်လည်း ပြည့်ဝလုနီးပါး ဖြစ်နေပြီ။
(၁) လခွဲ ကြာပြီးနောက်...၊
စုမိသားစု ဆေးဥယျာဉ် အတွင်းရှိ "ဝိညာဉ် သွေးကြော မြေ" တည်ဆောက်မှု ပြီးစီးသွားခဲ့သည်။ တောင်တန်း၏ အဓိက အချက်အချာ နေရာများတွင် အခင်းအကျင်းများ ခင်းကျင်းထားပြီး၊ ဝိညာဉ် သွေးကြောမှ စွမ်းအင်များကို စုစည်း သိမ်းဆည်းထားလိုက်၏။
ပထမအဆင့် ဝိညာဉ် သွေးကြော၏ စွမ်းအင်ဖြင့်... ချီစွမ်းအင် အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ၏ နေ့စဉ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ပြဿနာ မရှိပေ။
စုယွီ လည်း ထိုနေရာသို့ ပြောင်းရွှေ့ နေထိုင်လိုက်၏။ အတွင်းဘက်ရှိ ဝိညာဉ်စွမ်းအင် ပမာဏသည် အပြင်ဘက်ထက် အနည်းဆုံး (၅၀%) ခန့် ပိုမို သိပ်သည်းနေလေသည်။
ဤပတ်ဝန်းကျင် အောက်တွင်... စုယွီ၏ ချီစွမ်းအင် ကျင့်ကြံမှုနှုန်း အနည်းငယ် ပိုမြန်လာသည်။
ယခုအခါ ကောင်းချီးပေးခံရသော မြေ ရှိလာပြီ ဖြစ်သဖြင့်၊ မိသားစု ခေါင်းဆောင် စုဖုန် နှင့် အခြား အကြီးအကဲများ အားလုံးသည် မြစ်ရေစီး မြို့တော်မှ ပြောင်းရွှေ့လာကြပြီး၊ ဤနေရာကို "ချန် တောင်တန်း" ဟု အမည်ပေးလိုက်ကြ၏။ စုမိသားစု၏ ဘိုးဘေး ဖြစ်သူ "စုချန်" ကို အစွဲပြု၍ မှည့်ခေါ်ခြင်း ဖြစ်၏။
ယခု အချိန်မှ စ၍... ချန် တောင်တန်း သည် စုမိသားစု၏ စစ်မှန်သော အခြေစိုက် စခန်း ဖြစ်လာတော့မည်။
လင်းမိသားစု ကိစ္စကတော့...
စုမိသားစု အနေဖြင့် လင်းမိသားစုကို ချက်ချင်း လက်တုံ့ပြန်ခြင်း မပြုသေးပေ။ ဝိညာဉ် သွေးကြော အခြေခံအုတ်မြစ် ရရှိထားပြီ ဖြစ်သဖြင့်၊ ယခု အချိန်တွင် အရေးအကြီးဆုံးမှာ "ဖွံ့ဖြိုးတိုးတက်ရေး" သာ ဖြစ်၏။
မိသားစု အင်အား တောင့်တင်းလာစေမည့် အခွင့်အရေးကို လက်ဝယ်ပိုင်ဆိုင်ထားပြီ ဖြစ်ရာ... လင်းမိသားစုနှင့် အသေအကြေ တိုက်ခိုက်ပြီး အန္တရာယ် ယူစရာ အကြောင်း မရှိတော့။
မိသားစု အင်အား တိုးတက်လာပြီး၊ အကြီးအကဲ တစ်ယောက်ယောက်သာ "အခြေခံ တည်ဆောက်ခြင်း" အဆင့် ရောက်သွားခဲ့လျှင်...
ထိုအခါကျမှ လင်းမိသားစုကို ရှင်းပစ်လိုက်သည်က... ပုရွက်ဆိတ် တစ်ကောင်ကို ဖိသတ်လိုက်သလို လွယ်ကူသွားမှာ မဟုတ်ပါလော။
မိသားစုက ဘယ်လို ဆုလာဘ်တွေ ဆွေးနွေးခဲ့ကြလဲ ဆိုတာ စုယွီ မသိသော်လည်း... စုဖုန် က သူ့ကို တိုကင်ပြား တစ်ခု ပေးလိုက်တာတော့ သိ သည်။ ပြီးတော့ ချီစွမ်းအင် တတိယအဆင့် အတွက် လစဉ် ရိက္ခာကို ဝိညာဉ်ကျောက်တုံး (၆) တုံးမှ (၆၀) အထိ (၁၀) ဆ တိုးမြှင့်ပေးလိုက်၏။
ထို့အပြင်...
ဝိညာဉ်ကျောက်တုံး (၁၀၀၀) တိတိကိုလည်း လက်ဆောင် အဖြစ် ပေးအပ်လိုက်သေးသည်။
ဒီလောက် များပြားသည့် အရင်းအမြစ်တွေနှင့် လက်ထဲမှာ ရှိနေသော (နှောင်းပိုင်း) အဆင့် သားရဲ သွေးအဆီအနှစ် (၁၀၀) ကျော်ကို အသုံးပြုပြီး...
စုယွီ သည် ကောင်းချီးပေးခံရသော မြေ အတွင်း၌ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်တော့၏။
တစ်နှစ်တာ အချိန်ကာလ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ယွင်ကျန်းဂိုဏ်းမှ ပြန်ရောက်ပြီး (၄) နှစ် အကြာ... ယခုအခါ စုယွီ အသက် (၂၀) ပြည့်ပြီ ဖြစ်၏။ ( ၁၆နှစ်နဲ့ ကမ္ဘာ ကူးပြောင်းခဲ့ပါတယ်။ )
ဝိညာဉ်ကျောက်တုံး အများအပြားနှင့် ကောင်းချီးပေးခံရသော မြေ၏ အထောက်အပံ့ကြောင့်၊ စုယွီ၏ ကျင့်ကြံမှုနှုန်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ချီစွမ်းအင် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ကူးပြောင်းရာတွင် ကြုံတွေ့ရမည့် အဟန့်အတားအား ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ခဲ့ပြီး... တစ်ညတာ အတွင်း တိတ်တဆိတ် အဆင့်တက်သွားခဲ့လေသည်။
"နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ၏ စက်ဝိုင်းသည် စတုတ္ထအပတ်သို့ ရောက်ရှိသွားသောအခါ၊ စုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် နှစ်ကာလ အငွေ့အသက် တစ်ခု ထပ်တိုးလာပြီး... "ဝိညာဉ် စုစည်းခြင်း နည်းစနစ်" ၏ ကျွမ်းကျင်မှုသည်လည်း (၁၀၀%) ပြီးပြည့်စုံသော အဆင့်သို့ တစ်ပြိုင်နက် ရောက်ရှိသွားတော့သည်။
အခန်းတွင်း၌...
စုယွီ တင်ပျဉ်ခွေ ထိုင်နေပြီး၊ သူ့ခန္ဓာကိုယ်မှ တောက်ပသော အစိမ်းရောင် အလင်းတန်းများ ရစ်ဝဲနေ၏။ ဝေဝါးသော မြင်ကွင်းထဲတွင်... သူ့နောက်ကျောဘက်၌ ဧရာမ သစ်ပင်ကြီး တစ်ပင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာသကဲ့သို့ ရှိနေ၏။
"ဝိညာဉ် စုစည်းခြင်း နည်းစနစ်" ကို ပြီးပြည့်စုံစွာ တတ်မြောက်ထားသဖြင့်၊ စုယွီ၏ "နတ်ဘုရားအာရုံ" တွင် ဖျော့တော့သော အစိမ်းရောင် အလင်းတန်းလေး ပါဝင်နေပြီ ဖြစ်၏။
ထိုအခိုက်အတန့်တွင်... အရပ်မျက်နှာ အနှံ့အပြားရှိ အပင်များ၊ ပန်းများနှင့် သစ်ပင်များ၏ "အသက်စွမ်းအား" ကို သူ အာရုံခံစားမိနေ၏။
ဝိညာဉ် ဆေးပင်များက သဘာဝ ဝိညာဉ်စွမ်းအင်များကို ရှူသွင်း ရှူထုတ် လုပ်နေသော "အသက်ရှူသံ" များကိုပင် သူ ကြားနေရသကဲ့သို့။
သို့သော် ခဏအကြာတွင်... ဦးခေါင်းထဲမှ စူးရှသော နာကျင်မှု တစ်ခုကြောင့် စုယွီ ရုတ်တရက် သတိပြန်ဝင်လာသည်။
ခုနက အခြေအနေက သူ၏ စိတ်စွမ်းအင်တွေကို မျက်တောင် တစ်ခတ် အတွင်းမှာတင် ကုန်ခမ်းသွားစေခဲ့လေ၏။
စိတ်ကို ရှင်းလင်းလိုက်ပြီး၊ မျက်လုံးမှိတ်ကာ အနားယူလိုက်၏။ ခဏကြာမှ မျက်လုံး ပြန်ဖွင့်လိုက်ပြီး... ခုနက အခြေအနေကို ပြန်စဉ်းစားကာ အံ့သြသွားမိသည်။
"ဒါက... 'နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နဲ့ ပြီးပြည့်စုံတဲ့ 'ဝိညာဉ် စုစည်းခြင်း နည်းစနစ်' ပေါင်းစပ်လိုက်တဲ့ အံ့မခန်း ရလဒ်ပဲလား"
ပင်ပန်းလွန်းပေမယ့်... အဲဒီ အခြေအနေမှာ သူက မိုင်အနည်းငယ် အတွင်းမှာ ရှိတဲ့ အပင်အားလုံးကို အာရုံခံနိုင်ခဲ့တယ်။
တကယ်လို့သာ ဒီနည်းလမ်းကို သုံးပြီး တောရိုင်းထဲမှာ အဖိုးတန် ဝိညာဉ် ဆေးပင်တွေ လိုက်ရှာမယ် ဆိုရင်...
"ငါ့ရဲ့ ကျင့်ကြံမှု အဆင့် နည်းနည်း ပိုမြင့်လာတာနဲ့... ဒီနည်းလမ်းက တကယ်ကို လက်တွေ့ကျတဲ့ နည်းလမ်း ဖြစ်လာတော့မှာ"
စုယွီ ဝမ်းသာအားရ ပြောလိုက်မိသည်။ ထို့နောက် အာရုံစိုက်ပြီး ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်၏။
[ အမည် - စုယွီ ]
[ ကျင့်ကြံမှု အဆင့် - ချီစွမ်းအင် စုစည်းခြင်း (စတုတ္ထအဆင့်) ]
[ သက်တမ်း - ၂၀ / ၁၀၉ ]
[ ကျင့်စဉ် - အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် (ပထမနှစ် စတုတ္ထအပတ်၊ ကျွမ်းကျင်မှု ၀.၀၁%)၊ မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (ပဉ္စမအလွှာ၊ ကျွမ်းကျင်မှု ၆၂.၈၇%)၊ သွေးဝေလငါး လမင်းမျို သိုင်းကျမ်း (ပထမအဆင့်၊ ကျွမ်းကျင်မှု ၀.၀၁%) ]
[ နည်းစနစ်များ - နွယ်ပင် ထိန်းချုပ်ခြင်း (ပြီးပြည့်စုံ)၊ ဝိညာဉ် မွေးမြူခြင်း (ပြီးပြည့်စုံ)၊ ဝိညာဉ် လှံတံ (ပြီးပြည့်စုံ)၊ ဝိညာဉ် စုစည်းခြင်း (ပြီးပြည့်စုံ) ]
မျက်နှာပြင်ကို ကြည့်ပြီး စုယွီ တွေးလိုက်၏။
"စတုတ္ထအဆင့် ရောက်သွားတော့... ဝိဉာဉ်စွမ်းအင် ပမာဏက (၃၀%) လောက် ပိုများလာတယ်... စွမ်းအားလည်း နည်းနည်း ပိုတိုးလာသလိုပဲ"
ဒါက ဝိဉာဉ်စွမ်းအင် ပြောင်းလဲမှု။
သက်တမ်းကို ကြည့်လိုက်တော့... တတိယအဆင့်မှ စတုတ္ထအဆင့် ရောက်ဖို့ (၂) နှစ် ကြာခဲ့သော်လည်း၊ သက်တမ်းက (၅) နှစ် တိုးလာခဲ့သည်။
နှိုင်းယှဉ်ကြည့်ရင်... သူက ပိုပြီး ငယ်ရွယ် နုပျိုလာသလို ဖြစ်မသွားဘူးလား။
"'နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ကတော့ အဆင့်တက်သွားပြီ... ဒါပေမဲ့ 'ကိုယ်ခန္ဓာ ကျင့်စဉ်' ကတော့ နောက်ထပ် (၁) နှစ်၊ (၂) နှစ်လောက် ကြာဦးမယ် ထင်တယ်"
(နှောင်းပိုင်း) အဆင့် သားရဲ သွေးအဆီအနှစ် အကူအညီနှင့်မို့သာ ကိုယ်ခန္ဓာ ကျင့်စဉ် တိုးတက်နှုန်း မြန်နေသည်။
ပဉ္စမ အလွှာမှ ဆဋ္ဌမ အလွှာ ရောက်ဖို့ (၂) နှစ်ကျော်ကျော်လောက်သာ ကြာတော့မည်။
"သွေးဝေလငါး သိုင်းကျမ်း" ကတော့... ကျွမ်းကျင်မှု ဇီးရိုး တိုးတက်နေတာကို ကြည့်ပြီး စုယွီ သဘောပေါက်လိုက်၏။
ဒါက စင်စစ် အရ ပြောရလျှင် "ကျင့်စဉ်" မဟုတ်ပါ။ "တုပ နတ်ဘုရား စွမ်းရည်" ပင် ဖြစ်၏။
ပုံမှန် လေ့ကျင့်နေစရာ မလို။
အမြုတေ ဖွဲ့စည်းပြီး စွမ်းအင် ပြည့်ဝသွားသည်နှင့်... အရေးကြီးသည့် အချိန်မှာ ထုတ်သုံးပြီး စွမ်းအား မြှင့်တင်ရုံပင်။
ကျွမ်းကျင်မှု တိုးတာ မတိုးတာက... ထုတ်သုံးလိုက်သော အချိန်ကျမှ သိရမယ် ထင်ပါ၏။
နောက်ဆုံး အချက်ကတော့... နည်းစနစ်တွေ အကြောင်းပင်။
ပြီးပြည့်စုံ နေပြီ ဖြစ်သော နည်းစနစ် အနည်းငယ်ကို ကြည့်ပြီး စုယွီ တီးတိုး ရေရွတ်လိုက်၏။
"ချီစွမ်းအင် စတုတ္ထအဆင့် ရောက်နေပြီ ဆိုတော့... နည်းစနစ် အသစ်တချို့ ထပ်လေ့ကျင့်ဖို့ အချိန်တန်ပြီ"
စဉ်းစားပြီးနောက်... စုယွီ သည် ကောင်းချီးပေးခံရသော မြေ အတွင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားသော သိုင်းကျမ်းတိုက်သို့ သွားရောက်ကာ၊ အဘိုး (၅) စုပင်း ထံမှ နည်းစနစ်သစ် နှစ်ပုဒ် ရယူခဲ့လိုက်သည်။
တစ်ပုဒ်က ပိုမို စွမ်းအားကြီးသော သစ်သားဓာတ် ဖမ်းချုပ်ရေး နည်းစနစ် ‘သစ်သားနွယ်ပင် တစ်သောင်း နည်းစနစ်’
၊ နောက်တစ်ပုဒ်က ပိုမို ပြင်းထန်သော သစ်သားဓာတ် တိုက်ခိုက်ရေး နည်းစနစ် "ဝိညာဉ်စား နည်းစနစ်" ဖြစ်၏။
ပြန်ခါနီးတွင်... စုယွီ သည် စုပင်း ၏ ကောင်တာပေါ်တွင် တင်ထားသော ရှေးဟောင်း ကျောက်စိမ်းသေတ္တာ ပုံကြီးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့အကြည့်ကို မြင်သောအခါ စုပင်း က တဟားဟား ရယ်မောလိုက်၏။
"ကဲ... လူငယ်လေး... ကံစမ်းချင်သေးလား... ဒါတွေက မကြာသေးခင်ကမှ ရှေးဟောင်း အပျက်အစီးကြီး တစ်ခုထဲက ရလာတဲ့ ရတနာတွေကွ... အထဲမှာ ရှေးဟောင်း အခွင့်အရေးတွေ ပါတယ်"
"တစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး... တစ်ပြားမှ မလျှော့ဘူးနော်"
ထိုစကား ကြားသောအခါ စုယွီ မျက်နှာ မည်းမှောင်သွားသည်။
"အရင်တုန်းက (၁) တုံးနဲ့ ရောင်းတာ မဟုတ်ဘူးလား"
"ဟဲဟဲ..." စုပင်း ပြုံးလိုက်၏။
"အဲ့ဒါက ရှေးဟောင်း အပျက်အစီးထဲက ရလာတဲ့ ရတနာမှ မဟုတ်တာကွ…”