သားရဲတာအို
Vol. 2 Ch. 27
~မီးလျှံ မျောက်ဝံဥ ပေါ်ထွက်လာမှုသည် လေလံပွဲ တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ဒုတိယအဆင့် သွေးမျိုးဆက်ဆိုသည်မှာ အရွယ်ရောက်လာပါက 'အခြေခံတည်ဆောက်ခြင်း' အဆင့်နှင့် ညီမျှသော ဒုတိယအဆင့်
သားရဲ ဖြစ်လာနိုင်ခြေ အနည်းဆုံး (၅၀) ရာခိုင်နှုန်း ရှိသည်ဟူသော သဘောပင်။
ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း၌ မီးလျှံမျောက်ဝံများသည် 'မီးလျှံချိုင့်ဝှမ်း' တွင် နေထိုင်ကြပြီး နာမည်ဆိုးဖြင့် ကျော်ကြားကြသည်။ မည်သူမျှ ယဉ်ပါးအောင် မွေးမြူနိုင်ခြင်း မရှိသေးပေ။ အလွန် ရက်စက်ကြမ်းကြုတ်သလို စိတ်လည်း ဆတ်လွန်းလှသည်။ သခင်ကိုပင် ပြန်လည်ရန်မူတတ်သည့် သားရဲမျိုး ဖြစ်သည်။
သို့သော် ၎င်း၏ သွေးမျိုးဆက်နှင့် စွမ်းအားမှာ အလွန်ကြီးမားသည် ဆိုသည်ကိုတော့ ငြင်းဆို၍ မရနိုင်ပေ။
သည်ဥမှာ ကျောက်နက်တောင် ယွီမိသားစု၏ လက်ရာ ဖြစ်လောက်ပေသည်။
သူတို့သည် ဥဘဝကတည်းက စတင်မွေးမြူရန် ကြိုးပမ်းခဲ့ပုံ ရသည်။ သို့သော် မအောင်မြင်ဘဲ ဥမှာ စောစီးစွာ ပေါက်ဖွားလာပြီး မွေးရာပါ အားနည်းချက်များ ပါလာသဖြင့် ရောင်းထုတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
အောက်ထပ်ခန်းမထဲမှ ကျင့်ကြံသူအများစုမှာ အကြီးအကျယ် ဆွေးနွေးငြင်းခုံနေကြသည်။ အချို့က ဈေးစမ်းခေါ်ကြည့်ကြသော်လည်း မည်သူမျှ အတည်တကျ ဝယ်ယူရဲခြင်း မရှိကြပေ။
ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး (၅၀၀) အထိ ရောက်ရှိသွားပြီး ထပ်မံတိုးမြှင့်မည့်သူ မရှိတော့သည့်အချိန်ကျမှ စုယွီက ဝင်ရောက်ပြောဆိုလိုက်တော့သည်။
"(၅၅၀)..."
ဒုတိယထပ်က လေလံဆွဲနေသည့် သူက စုယွီရဲ့ ဈေးကို ကြားတော့ ဆက်မပြိုင်တော့ပေ။
စုယွီ မီးလျှံ မျောက်ဝံဥကို ရရှိသွားသည်။
စုယွီ (၂) ကြိမ် ဆက်တိုက် လေလံဆွဲလိုက်သည်ကို မြင်တော့ စုယွင် ပြောလိုက်၏။
"လွန်ခဲ့တဲ့ (၂) နှစ် အတွင်း... မင်း တော်တော်လေး စုမိဆောင်းမိပုံ ရတယ်"
စုယွီ လေးစားစွာ ပြန်ဖြေသည်။
"ဆရာ့ရဲ့ လမ်းညွှန်မှုတွေကြောင့်ပါ"
စုယွင် ခေါင်းခါပြီး ရယ်မောလိုက်၏။
"မင်းရဲ့ ဆေးလုံး ဖော်စပ် ပါရမီက အရမ်း မြင့်တယ်... ငါ တွေ့ဖူးသမျှ လူတွေထဲမှာ အတော်ဆုံးပဲ... ယွင်ကျန်းဂိုဏ်း တစ်ခုလုံးမှာတောင် မင်းလိုလူ ရှာရခက်တယ်"
"ခုနက မင်း အဆောင် လက်ရာ စာအုပ် ဝယ်လိုက်တယ်မလား... ဆေးလုံး ဖော်စပ် ပညာကို မထိခိုက်စေဘဲ လေ့လာနိုင်ရင် လေ့လာပေါ့"
စုယွီ အမြန် ပြန်ပြောလိုက်၏။
"စိတ်မပူပါနဲ့ ဆရာ... မထိခိုက်စေရပါဘူး"
စုယွင် ခေါင်းညိတ်လိုက်ပြီး လေလံပွဲကို ပြန်အာရုံစိုက်လိုက်၏။
အခြေခံ တည်ဆောက်ခြင်း ဆေးလုံး အပြင်... အရည်အသွေးမြင့် မှော်လက်နက် တချို့လည်း ပါလာသေး၏။ စုယွင် နှင့် စုယွီ နှစ်ယောက်စလုံး စိတ်ဝင်စားကြသော်ကြား...
မည်သူမှ ဝင်မပြိုင်ကြပေ။
စုယွီ က အခုချိန်မှာ အရည်အသွေးမြင့် လက်နက် မလိုအပ်သေးပါ။
စုယွီအတွက်မူ အဓိက ပစ်မှတ်မှာ 'အခြေခံတည်ဆောက်ခြင်း ဆေးလုံး' သာ ဖြစ်သည်။ အခြားအရာများကို လိုက်လံဝယ်ယူနေပါက လူအများ သတိထားမိသွားပေလိမ့်မည်။
လေလံပွဲ ပြီးဆုံးခါနီးတွင် ထွက်ပေါ်လာသော ပစ္စည်းမှာ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' (၂) လုံး ဖြစ်သည်။
သို့သော် လေလံမှူးက ဆေးလုံးများကို ထုတ်ဖော်ပြသလိုက်သည့်အခါမှသာ အဘယ်ကြောင့် လေလံတင်ရသည်ကို အားလုံး သဘောပေါက်
သွားကြလေတော့သည်။
လေလံမှူးက ရှင်းပြ၏။
"ဒါတွေက အနည်းငယ် အပြစ်အနာအဆာ ပါတဲ့ ဆေးလုံးတွေပါ... ပုံမှန် ဆိုရင် အဆင့်တက်နိုင်ခြေ (၂၀%) ရှိပေမယ့်... ဒီဆေးလုံးတွေကတော့ (၁၅%) လောက်ပဲ ရှိပါလိမ့်မယ်"
"ဆေးလုံးတွေကို တစ်လုံးစီ ခွဲပြီး လေလံတင်ပါမယ်... စဖွင့်ဈေး ဝိညာဉ်ကျောက်တုံး (၂၀၀၀)... တိုးကြေး အနည်းဆုံး (၁၀၀)..."
"(၃၀၀၀)..."
လေလံမှူး စကားမဆုံးသေးခင်မှာပင်... တတိယထပ် အခန်းတစ်ခုမှ အသံတစ်သံက (၁၀၀၀) တိတိ တိုးပေးလိုက်၏။
လူအုပ်ကြီး အံ့သြသွားသည်။
ခန်းမထဲက ချီစွမ်းအင် အဆင့် ကျင့်ကြံသူ အားလုံး မျက်လုံးတွေ အရောင်တောက်နေကြ၏။
အထူးသဖြင့် အသက်ကြီးသည့် ကျင့်ကြံသူတွေ ဖြစ်၏။
အပြစ်အနာအဆာ ပါတယ် ဆိုပေမယ့်... ဒါက "အခြေခံ တည်ဆောက်ခြင်း ဆေးလုံး" ပဲလေ။
"ဘယ်သူ ဆက်ပြိုင်မလဲခင်ဗျာ"
လေလံမှူး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"(၃၅၀၀)..."
ဒုတိယထပ် အခန်းတစ်ခုမှ ထပ်တိုးလိုက်၏။
တစ်ခဏချင်း အတွင်းမှာပင်...
ပထမဆုံး ဆေးလုံးရဲ့ ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး (၄၆၀၀) အထိ ရောက်ရှိသွားသည်။
ယခု အချိန်မှာ (၂) ယောက်၊ (၃) ယောက်လောက်သာ ကျန်တော့၏။
သူတို့လည်း တွန့်ဆုတ်နေကြတော့၏။
ထိုအခိုပ်အတန့်၌၊
"(၅၀၀၀)..."
ဒုတိယထပ်မှ စုယွင် က တည်ငြိမ်စွာ ပြောလိုက်ခြင်းပါ။
“.....”
ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားသည်။
လေလံပွဲ စကတည်းက ဒါ အမြင့်ဆုံး ဈေးပင် မဟုတ်ပါလော။ သာမန် ကျင့်ကြံသူတွေ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေ၏။
တတိယထပ်က လူက အကြာကြီး စဉ်းစားနေပြီး... လေလံမှူးက ဈေးပိတ်တော့မည့် အချိန်ကျမှ (၁၀၀) ထပ်တိုးလိုက်၏။
သို့သော်၊ ချက်ချင်း ဆိုသလိုပင်... စုယွင် က နောက်ထပ် (၁၀၀) ထပ်တိုးလိုက်ပြီး (၅၂၀၀) ဖြစ်သွားသည်။
စုယွင်၏ ပြတ်သားမှုကို မြင်တော့ တဖက်လူ လက်လျှော့သွားသည်။
စုယွင် ပထမဆုံး ဆေးလုံးကို ရရှိသွား၏။
ကျန်သည့် လေလံပွဲကို သူတို့ ဆက်မစောင့်တော့ပါ။ အခန်းထဲက ထွက်၊ ငွေရှင်း၊ ပစ္စည်းယူပြီး အမြန် ပြန်ကြ၏။
သိူ့သော်၊ ဆေးလုံးမျှော်စင် မရောက်ခင်မှာပဲ... ယွင်ရှန်း ကုန်တိုက်ကြီး ဘက်ကနေ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
"မင်း ဘယ်လို လုပ်ရဲတာလဲ..."
"ဝုန်း..."
တိုက်ပွဲ စတင်သွားလေ၏။
လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာပြီး၊ လူတွေကို မနေမထိိုင် ဖြစ်စေလောက်အောင် အေးစက် ရက်စက်သော အသံ တစ်ခု ဆက်လက် ထွက်ပေါ်လာသည်။
"မင်းတို့ ကလေး (၂) ယောက်လောက်နဲ့ ငါ့ကို တားချင်တာလား... ဟားဟား"
စုယွင် မျက်နှာပျက်သွားသည်။
လှည့်ကြည့်လိုက်ပြီး အလျင်စလို ပြောသည်။
"မြန်မြန် သွားကြမယ်... 'အခြေခံ တည်ဆောက်ခြင်း' အဆင့် ကျင့်ကြံသူပဲ"
စုယွီ လည်း လန့်သွားသည်။
‘အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ယွင်ရှန်း ကုန်တိုက်ကြီးကို ဝင်တိုက်နေတာလား။ တော်သေးတာပေါ့ စောစော ထွက်လာမိလို့။ မဟုတ်ရင် ကြားညပ်မိတော့မှာ။’
နှစ်ယောက်သား ဆေးလုံးမျှော်စင်ဆီ အမြန် ပြေးကြ၏။
မြို့တော်၏ အကာအကွယ် အခင်းအကျင်းကြီး ပွင့်လာပြီ ဖြစ်ပေမယ့်... တိုက်ပွဲက ပြင်းထန်လွန်း၍ အခင်းအကျင်းက တဖက်လူကို မထိန်းချုပ်နိုင် ဖြစ်နေလေသည်။
ဆေးလုံးမျှော်စင် ရောက်ခါနီးမှာပင်... အေးစက်သော အလင်းတန်း တစ်ခုက စုယွင် ခေါင်းဆီ တည့်တည့် ပျံဝဲလာသည်။
"ဂလောင်..."
စုယွင် ကိုယ်ပေါ်က ရွှေရောင် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး၊ "အလယ်အလတ် ကာကွယ်ရေး မှော်လက်နက်" တစ်ခု အသက်ဝင်ကာ တိုက်ခိုက်မှုကို ဟန့်တားလိုက်၏။
"ဟွန်း... ဆေးလုံးကို ထားခဲ့စမ်း"
ဝတ်ရုံမည်း ခြုံထားပြီး မျက်နှာဖုံး တပ်ထားသည့် လူတစ်ယောက် ပြေးထွက်လာသည်။ သူ့အရှိန်အဝါက "ချီစွမ်းအင် ကိုးဆင့်မြောက်" အထွတ်အထိပ် ရောက်နေ၏။
ထိုလူက သတ္တုဓာတ် မန္တန်များအား ကျွမ်းကျင်၏။ ရောက်လာသည်နှင့် နည်းစနစ် အမျိုးမျိုး ပစ်လွှတ်ပြီး စုယွင် ကို ဖိတိုက်သည်။ စုယွင် နောက်ဆုတ်နေရ၏။
သို့ရာတွင်၊ နောက်တစ်စက္ကန့်မှာ... ထိုလူ၏ မျက်နှာ ပျက်သွားသည်။
"ရွှစ်..."
စုယွင် က ကျင်လည်စွာပင် အဆောင် (၂) ခု ပစ်လွှတ်လိုက်၏။ ပြင်းထန်သော မီးနဂါးကြီး (၂) ကောင် ပေါ်ထွက်လာပြီး၊ ထိုလူ၏ တိုက်ခိုက်မှုတွေကို ချေဖျက်ကာ သူ့ဆီ ပြန်လည် တိုးဝင်သွားသည်။
ဒါက သေချာပေါက် "ထိပ်တန်း ပထမအဆင့် မီးဓာတ် တိုက်ခိုက်ရေး အဆောင်" တွေပင်။
ထိုလူသည် မီးနဂါး (၂) ကောင်ကြားမှာ အတော်လေး ရုန်းကန်လိုက်ရပြီး၊ ကိုက် (၁၀) ကျော်လောက် နောက်ဆုတ်သွားရ၏။
‘ချီးပဲ’
မီးနဂါးတွေ ပျောက်သွားပြီး ထိုလူက ပြန်တိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ... သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး ကျိန်ဆဲလိုက်မိသည်။
စုယွင် က သူ့ကို အေးစက်စွာ စိုက်ကြည့်နေပြီး... လက်ထဲမှာ နောက်ထပ် မီးဓာတ် အဆောင် (၁၀) ခုလောက်ကို ကိုင်ထားလေသည်။ မျက်လုံးထဲမှာလည်း လူသတ်ချင်စိတ်တွေ ပြည့်နှက်နေ၏။
"လာလေ..."
ထိုလူ မျက်နှာ မည်းမှောင်သွားသည်။
"ဝူး..."
ဘာမှ ဆက်မစဉ်းစားတော့ဘဲ သုတ်ခြေတင်.. လှည့်ပြေးတော့သည်။
ဘေးမှ ကြည့်နေသော စုယွီမှာ မည်သို့ ခံစားရမည်မသိ ဖြစ်နေမိသည်။
အထူးသဖြင့် ဆရာစုယွင်က အဆောင်လက်ဖွဲ့ (၁၀) ခုခန့်ကို ကိုင်ဆောင်လျက် "လာကြစမ်း" ဟု စိန်ခေါ်လိုက်သည့် ဟန်ပန်မှာ...
စစ်မှန်သော "ဆေးပညာရှင်တို့၏ တိုက်ခိုက်နည်းဟန်" ပင် ဖြစ်ပေသည်။
ကြွယ်ဝချမ်းသာသော ဆေးပညာရှင်များထံတွင် "ငွေကြေး" ဟူသည် ရှားပါးလှသည် မဟုတ်ချေ။
ဆေးဝါးများ၊ အဆောင်လက်ဖွဲ့များ၊ ရုပ်သေးရုပ်များနှင့် အခင်းအကျင်းများ... ရှိရှိသမျှကို အကုန်အစင် ထုတ်သုံး၍ တိုက်ခိုက်တတ်ကြသည်။။
ကိုယ်ပိုင် တိုက်ခိုက်စွမ်းရည် မကောင်းမွန်လျှင်ပင် မည်သူ့ကိုမျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။ ငွေကြေးဖြင့် ပေါက်၍ သတ်ဖြတ်နိုင်သည် မဟုတ်ပါလော။
စုယွင် အဆောင်တွေကို ပြန်သိမ်းလိုက်ပြီး၊ တည်ငြိမ်စွာ ပြောလိုက်၏။
"သွားကြစို့... ပြန်မယ်"
ဆေးလုံးမျှော်စင် ရောက်တာနဲ့ အကာအကွယ် အခင်းအကျင်းကို ဖွင့်လိုက်၏။
အပြင်ဘက်မှ တိုက်ပွဲမှာ ကြာမြင့်ခြင်း မရှိပေ။ ယွင်ကျန်းဂိုဏ်းမှာ အနီးအနား၌သာ ရှိနေသည် မဟုတ်ပါလော။ ယွင်ရှန်းဈေးမြို့တော်၌ လာရောက်သောင်းကျန်းခြင်းသည် ယွင်ကျန်းဂိုဏ်းကို စိန်ခေါ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
သို့သော် တိုက်ခိုက်သူ၏ စွမ်းအားမှာ မသေးလှချေ။ ယွင်ကျန်းဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် (၂) ဦး ဝိုင်းဝန်းတိုက်ခိုက်သည့်ကြားမှပင် လွတ်မြောက်အောင် ထွက်ပြေးသွားနိုင်ခဲ့သည်။
နောက်ပိုင်းတွင် သတင်းထွက်ပေါ်လာသည်မှာ ယွင်ရှန်းကုန်တိုက်ကြီး၏ နောက်ဆုံး လေလံပစ္စည်းသည် "မိုးကောင်းကင်ထီး" ဟု ခေါ်သော မပြည့်စုံသည့် အထွတ်အထိပ် မှော်လက်နက် ဖြစ်သည်ဟု ဆိုကြ၏။
လာရောက်တိုက်ခိုက်သူမှာ "သွေးဓား လော့ပန်း" ဟု လူသိများသည့် အခြေခံတည်ဆောက်ခြင်း (နှောင်းပိုင်း) အဆင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ "လမင်းနန်းတော်" မှ အလိုရှိနေသော တရားခံပြေးလည်း ဖြစ်သည်။
အလွန်ရက်စက်ကြမ်းကြုတ်ပြီး မောက်မာဝင့်ကြွားသူ တစ်ဦးပင်။
ကြားသိရသလောက် ဆိုလျှင်... မပြည့်စုံသော မိုးကောင်းကင်ထီးကို သူက လုယူသွားနိုင်ခဲ့သည်ဟု ဆိုသည်။