ချန်မိသားစု
Vol. 2 Ch. 30
~လင်းမိသားစု ပျက်စီးခြင်း ဆိုတာ... စာလုံး အနေနှင့် ရိုးရှင်းသော်လည်း၊ လက်တွေ့ ကျင့်ကြံသူ လောက ၏ ကြမ်းတမ်းသော အမှန်တရား တစ်ခုပင် ဖြစ်၏။
နေ့စဉ်နှင့် အမျှ ကျင့်ကြံသူတွေ သေဆုံးနေကြ၏... မိသားစုတွေ ကျဆင်းနေကြသည်..။ ပျောက်ကွယ်နေကြသည်။
၎င်း ဆုံးရှုံးမှုတွေ အများစုကတော့... ဘိုးဘွားစဉ်ဆက် ရန်ငြိုးများကြောင့်တည်း။
ချန်တောင်တန်းမှာ ဝိညာဉ် သွေးကြောကို စတင် တွေ့ရှိခဲ့သော အချိန်မှ စ၍... လင်းမိသားစု နှင့် စုမိသားစု... ဒီမိသားစု သေးသေးလေး နှစ်ခု၏ ကံကြမ္မာဟာ သတ်မှတ်ပြီးသား ဖြစ်သွားခဲ့၏။ တစ်ဖွဲ့က ကျန်ခဲ့ပြီး မြစ်ရေစီး မြို့တော်ကို အုပ်စိုးမည်... ကျန်တစ်ဖွဲ့က ပျက်စီးရမည်။
တကယ်လို့သာ လင်းမိသားစုက စုမိသားစုကို အနိုင်ယူနိုင်ခဲ့လျှင်၊ ဝိညာဉ် သွေးကြောမှ မောင်းထုတ်နိုင်ခဲ့လျှင်... အခုအချိန်မှာ လင်းမိသားစုက အုပ်စိုးသူ ဖြစ်နေလေမည်။
ဝိညာဉ် သွေးကြော၏ အကျိုးကျေးဇူးကို အပြည့်အဝ ရယူပြီး၊ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် မွေးထုတ်နိုင်ခဲ့လျှင်... စုမိသားစုက ပျက်စီးရမည့် သူ ဖြစ်သွားရမည်။
သို့သော်...၊
ကံတရားက စုမိသားစု ဘက်မှာ ရှိနေခဲ့၏။ သူတို့က ဝိညာဉ် သွေးကြောကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့၏။ ကြီးမားသည့် ပေးဆပ်မှုတွေ ပြုလုပ်ပြီး အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို ရယူနိုင်ခဲ့သည်။
ထို့ကြောင့်... ပဉ္စမ အကြီးအကဲ စုပင်း အောင်မြင်စွာ အဆင့်တက်သွားနိုင်ခဲ့၏။
အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်တည်း ပေါ်ထွက်လာသည်နှင့်... ဟန်ချက်ညီနေသော အင်အား ချိန်ခွင်လျှာက ချက်ချင်း ပြိုလဲသွားသည်။
စုမိသားစုက အဆင့်အတန်း တစ်ခု မြင့်တက်သွား၏။
လင်းမိသားစုကို ပြန်ကြည့်လိုက်သောအခါ... ပုရွက်ဆိတ် တစ်ကောင်ကို ဖိသတ်ရသလို လွယ်ကူသွားတော့၏။
"နောင်တစ်ချိန်ကျရင်... စုမိသားစုကို 'မြစ်ရေစီး မြို့တော်ရဲ့ စုမိသားစု' လို့ ခေါ်လို့ ရပြီ"
"လင်းမိသားစု မရှိတော့ဘူး ဆိုတော့... ပထမအဆင့် ဝိညာဉ် သွေးကြော၊ ဆေးဥယျာဉ်၊ ဝိညာဉ် ရေကန် နဲ့ ဆေးလုံးမျှော်စင်... ဒီ (၄) ခုလုံးကို စုမိသားစု ပိုင်ဆိုင်သွားပြီ"
စုယွီသည် မိသားစု၏ ပိုင်ဆိုင်မှုတွေကို တွက်ချက်ကြည့်လိုက်၏။
တော်တော်လေး များပြားသော ပမာဏပဲ။ စုမိသားစုကို ပိုမို အင်အားကြီးမားလာစေဖို့ လုံလောက်သည်။
သတိထားပြီး ဖြည်းဖြည်းမှန်မှန် ဆက်သွားမယ် ဆိုလျှင်... နောက်ထပ် နှစ် (၂၀)၊ (၃၀) လောက် အထိ စုမိသားစု အနေနဲ့ အရင်းအမြစ် အတွက် ပူစရာ မလိုတော့ပေ။ တိုးချဲ့ဖို့ကိုသာ အာရုံစိုက်ရုံပင်။
ပထမအဆင့် ဝိညာဉ် သွေးကြောက တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး (၁၀၀၀) ကျော် ထွက်မည်။
ဆေးဥယျာဉ်က (၁၀၀၀) လောက်။
ဆေးလုံးမျှော်စင်ကတော့ ပိုကောင်းမည်... (၂၀၀၀)၊ (၃၀၀၀) လောက် ရနိုင်၏။
ဝိညာဉ် ရေကန်ထဲမှ လရောင် ငါးတွေသာ ပေါက်ဖွားနှုန်း ကောင်းလျှင်... တစ်နှစ်ကို (၂၀၀၀) လောက် ရဦးမည်။
စုစုပေါင်း ဆိုလျှင်... တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး (၆၀၀၀)၊ (၇၀၀၀) လောက် ဝင်ငွေ ရှိလာမည်။
မိသားစု ကုန်ကျစရိတ်တွေ နှုတ်လိုက်လျှင်တောင်မှ... တစ်နှစ်ကို (၁၀၀၀)၊ (၂၀၀၀) လောက် စုမိမှာ သေချာပါ၏။
"ငါက ဆေးလုံးမျှော်စင်ကို ဦးစီးထားတာ ဆိုတော့... အရည်အသွေးမြင့် ဆေးလုံးတွေ သုံးပြီး ရောင်းအား မြှင့်တင်ပေးလိုက်ရင်... မိသားစု အတွက် နောက်ထပ် ရာဂဏန်းလောက် ပိုရှာပေးနိုင်မယ်"
စုယွီ စိတ်ကူးနှင့် တွက်ချက်ကြည့်ပြီး မျက်လုံးတွေ အရောင်တောက်လာသည်။
နောက်နှစ်တွေမှာ မိသားစုကနေ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၁) ယောက်၊ (၂) ယောက်လောက် ထပ်မွေးထုတ်နိုင်ရင် ကောင်းမည်။
သို့ဆိုလျှင် ယွင်ကျန်းဂိုဏ်း နယ်မြေ အတွင်းမှာ စုမိသားစုက "အင်အားကြီး မိသားစု" တစ်ခု ဖြစ်လာပါမည်။ သူ့အတွက်လည်း လုံခြုံရေး ပိုစိတ်ချရပြီပင်။
လင်းမိသားစု ပျက်စီးသွားသော သတင်း ကြားပြီးတော့... ဆရာ စုယွင် က ဆေးလုံးမျှော်စင်မှာ (၃) ရက် ဆက်တိုက် ဧည့်ခံပွဲ လုပ်၏။ တစ်ရက်တော့ မူးပြီး စုယွီ့ ရှေ့မှာ ငိုလိုက် ရယ်လိုက်နှင့် အတိတ်က အကြောင်းတွေ ပြောပြလာသည်။
စုယွင် က စုယွီ၏ အဘိုးနှင့် မျိုးဆက် တစ်ဆက်တည်း ဖြစ်သည်လေ။
သူ့အဖေနှင့် တခြား အကြီးအကဲတွေ အများကြီး... သူ့ငယ်ဘဝတုန်းက လင်းမိသားစု လက်ချက်နှင့် သေခဲ့ရတာ၊ ဒုက္ခိတ ဖြစ်ခဲ့ရတာတွေ ရှိခဲ့လေသည်။
ဒီသွေးကြွေးတွေ စုပုံလာပြီး... မျိုးဆက်နှင့် ချီသော ရန်ငြိုးကြီး ဖြစ်လာခဲ့၏။
"လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်တုန်းက... ငါတို့ စုမိသားစု မျိုးတုန်းမလို ဖြစ်ခဲ့ဖူးတယ်... ကံကောင်းလို့ ခေါင်းဆောင်ဟောင်းက လင်းမိသားစု ခေါင်းဆောင်ဟောင်းကို သတ်နိုင်ခဲ့ပြီး... ကိုးဆင့်မြောက် ကျင့်ကြံသူ တစ်ယောက်ကိုလည်း ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်နိုင်ခဲ့လို့သာ..."
"ကံကြမ္မာ ဆိုတာ ဆန်းကြယ်လိုက်တာ... အခုတော့ လင်းမိသားစုကို ငါတို့ စုမိသားစုက အမြစ်ဖြတ်နိုင်ခဲ့ပြီ"
မူးနေတော့ စကားတွေက မပီကလာ ပီကလာနှင့်။
သို့သော်၊ ဆရာ စုယွင် အရမ်း ပျော်နေတယ် ဆိုတာ စုယွီ သိပါသည်။
သူ့ဘဝမှာ ဒီလောက် ပျော်တာမျိုး တစ်ခါမှ မမြင်ဖူးပါ။
ဆရာ ပျော်တော့... စုယွီ လည်း ပျော်သည်ပေါ့။
ဝိညာဉ် ဝိုင်၏ အရှိန်က အတော် ပြင်း၏။ နောက်တစ်နေ့ မနက် အမူးပြေတော့... စုယွင် က ခေါင်းကိုက်ပြီး မျက်လုံးတွေ မို့အစ်နေသည့် ပုံစံနှင့် စုယွီ နား ကပ်လာသည်။
"မနေ့ညက ငါ အရှက်ကွဲစရာတွေ ဘာမှ မလုပ်မိပါဘူးနော်"
စုယွီ ခေါင်းခါလိုက်သည်။
"မလုပ်ပါဘူး ..ဆရာ"
သို့သော်၊... သူ့ခြေထောက်နားမှာ ရှိနေသည့် မီးလျှံ မျောက်ဝံလေးက ခေါင်းကို တွင်တွင်ခါပြီး အော်မြည်နေလေသည်။
လက်ဟန်ခြေဟန်တွေနှင့် မနေ့ညက စုယွင် မူးပြီး ကခုန်ခဲ့ပုံတွေကို ပြန်လုပ်ပြနေသည်။
စုယွင် ကို လှောင်ပြောင်နေသလိုပင်။
စုယွင် မျက်နှာ မည်းမှောင်သွားပြီး အံကြိတ်ကာ မေးလိုက်၏။
"သူ့ဉာဏ်ရည်က သိပ်မမြင့်ပါဘူးနော်... သူ ဘာမှ မသိဘူး မလား"
ထိုအခါ၊ မျောက်ဝံလေးက မကျေမနပ် ဖြစ်သွားပြီး စုယွီ ပခုံးပေါ် ခုန်တက်လိုက်၏။ ခါးထောက်ပြီး စုယွင် ကို ပြန်စိုက်ကြည့်ကာ တစ်စုံတစ်ခု ပွစိပွစိ ပြောနေ၏။
သို့သော်၊ စုယွင် ကတော့ ဘာမှ နားမလည်ပါချေ။
စုယွီ က "သားရဲ တစ်ရာ ဆေးလုံး" တစ်လုံး ကျွေးလိုက်မှ ငြိမ်သွားတော့သည်။
အမူးပြေသွားတော့... စုယွင် ပုံမှန် အတိုင်း ပြန်ဖြစ်သွားသည်။
သို့သော်၊ အရင်ကလောက်တော့ မအေးစက်တော့ပေ။
ဆေးလုံးမျှော်စင် ကိစ္စ အများစုကို သူက စုယွီ လက်ထဲ လွှဲပေးလိုက်၏။
သူက ပထမအဆင့် (ထိပ်တန်း) ဆေးလုံးတွေကိုပဲ ဖော်စပ်တောသည်။ ကျန်တာ အကုန် စုယွီ တာဝန်ပင်။
အကြောင်းကတော့... (အလယ်အလတ်) နှင့် (အနိမ့်စား) ဆေးလုံးတွေ ဖော်စပ်ရာမှာ စုယွီ က သူ့ထက် ပိုတော်နေ၍ ဖြစ်ပါသည်။
အရည်အသွေး ပိုကောင်းလာသည့် ဆေးလုံးတွေကြောင့်... စုမိသားစု ဆေးလုံးမျှော်စင်မှာ ဖောက်သည်တွေ ပိုများလာခဲ့သည်။
—-----
အနောက်ဘက် မြစ်ရေစီး... ချန်မိသားစု...
ရေလမ်းကြောင်း တစ်ခု အထက်၊...
ဒေါသထွက်နေသော စုချင်းယီ သည် တောင်ကုန်းငယ် တစ်ခု အဖြစ် ပြောင်းလဲသွားသော "ရွှေရောင် တံဆိပ်တုံး" ကြီးကို အောက်သို့ ဖိချလိုက်၏။ ချီစွမ်းအင် သတ္တမအဆင့် ရှိသော ရန်သူသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး တစ်ဖက်ကမ်းပါးရှိ မြေကြီးပေါ်သို့ ဘုန်းခနဲ ကျရောက်သွားသည်။
စုချင်းယီ တံဆိပ်တုံးကို ပြန်မလိုက်သောအခါ... ထိုလူ၏ ခန္ဓာကိုယ်သည် အသားချပ်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။
ဒါကို မြင်တော့မှ စုချင်းယီ စိတ်လျော့လိုက်နိုင်တော့သည်။
"ဝေါ့..."
သွေးတစ်လုပ် အန်ထွက်လာသည်။ ခန္ဓာကိုယ်က လဲကျလုနီးပါး ဖြစ်နေပြီ။ မြေကြီးပေါ်သို့ သတိထားပြီး ဆင်းသက်လိုက်၏။ စုယွီ ပေးထားသော "ပထမအဆင့် (အလယ်အလတ်) အထူးစား ကုသရေး ဆေးလုံး" တစ်လုံးကို "ချန်ခွန်း အိတ်" ထဲမှ ထုတ်ယူပြီး မျိုချလိုက်၏။
ဒဏ်ရာကို ကုသဖို့ အချိန်မယူဘဲ တစ်ဖက်ကမ်းသို့ ကူးသွားကာ၊ အလောင်းကို ကျွမ်းကျင်စွာ ရှာဖွေလိုက်၏။ "ချန်ခွန်း အိတ်" တစ်လုံးနှင့် "ကာကွယ်ရေး မှော်လက်နက်" တစ်ခု ရရှိလိုက်၏။
ထို့နောက် သတိမေ့လဲနေသော ချန်စီစီ ကို အမြန် သွားပွေ့ချီပြီး ချန်မိသားစုဆီ ပြန်ပြေးလိုက်၏။
သူတို့ တွေ့ခဲ့သည့် လူတွေက... မေပယ် မြို့တော် ပိုင်မိသားစု က လူတွေပင် ဖြစ်၏။
အကာ်၍သာ သူ့မှာ ဝှက်ဖဲတွေ မရှိခဲ့လျှင်... ချန်စီစီ ကလည်း မခေတာရယ်... ပြီးတော့ "စိတ်ညှို့ဆေးရည်" လို ပစ္စည်းကောင်းတွေ ပါလာ၍သာ... မဟုတ်လျှင် ဒီတစ်ခေါက် အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ပေ။
နာရီဝက် ကြာပြီးနောက်...
လူတစ်စု ရောက်လာပြီး သေဆုံးနေသော (၃) ယောက်ကို တွေ့လိုက်ရ၏။ ဒေါသတွေ ထွက်လာကြ၏။
"ချန်စီစီ ကို မသတ်နိုင်ရုံတင် မကဘူး... ပြန်တောင် အသတ်ခံလိုက်ရသေးတယ် ဟုတ်လား... အသုံးမကျတဲ့ ကောင်တွေ"
"ချန်စီစီ တစ်ယောက်တည်း မဟုတ်ဘူး... ပြင်ပက အမျိုးသား ကျင့်ကြံသူ တစ်ယောက် ပါနေပုံ ရတယ်"
"ကြည့်ရတာ... အဲဒီ ပြင်ပလူ လက်ချက်ပဲ ဖြစ်မယ်"
"ငါတို့ ပိုင်မိသားစု လူကို သတ်ရဲတယ်ပေါ့... သေချင်နေတာပဲ... ဘယ်သူလဲ ဆိုတာ စုံစမ်းစမ်း"
သူတို့ ချန်မိသားစု ဘက်သို့ မုန်းတီးစွာ လှမ်းကြည့်လိုက်ပြီး၊ အလောင်းတွေကို ကောက်ကာ ပြန်သွားကြ၏။
တစ်ချိန်တည်းမှာပင်... မေပယ် မြို့တော် ပိုင်မိသားစုဆီသို့ ဧည့်သည် အချို့ ရောက်ရှိလာကြ၏။
ချန်မိသားစုကို ရှင်းလင်းပြီး ခရမ်းရွှေ သဲ မိုင်းတွင်းကို ရဖို့ အတွက်... ပိုင်မိသားစု အနေနှင့် တော်တော်လေး ရင်းနှီးထားရပုံ ရ၏။
ချန်မိသားစုမှာ တစ်လကျော်လောက် နေပြီး၊ ဒဏ်ရာရနေသော ချန်စီစီ ကို ပြုစုစောင့်ရှောက်ပေးပြီးနောက်...
ဝမ်းသာစရာ သတင်း တစ်ခုအား စုချင်းယီ ကြားလိုက်ရ၏။
ဘေးနားက ချန်စီစီ ကို ကြည့်ပြီး၊ ခဏ စဉ်းစားကာ အံကို ကြိတ်လိုက်၏။
—---
စုချင်းယီသည်.. ချန်မိသားစု ခေါင်းဆောင်ကို သွားတွေ့လိုက်၏။
ယွင်ရှန်း ဈေးမြို့တော်...
ဒီရက်ပိုင်း ဈေးမြို့တော်က မငြိမ်းချမ်းလှဘူး။ ဓားပြ ကျင့်ကြံသူတွေ မကြာခဏ ပေါ်လာပြီး၊ ကုန်သည်တွေနဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ် လုယက်နေကြသည်။ ယွင်ကျန်းဂိုဏ်းက လူအင်အား တိုးပြီး နှိမ်နင်းနေသော်လည်း... ရောဂါ ဇာစ်မြစ်ကို မကုနိုင်သလို ဖြစ်နေသည်။
ကုန်သည် အချို့ ပစ္စည်းတွေ ပါသွားပြီး၊ ကျင့်ကြံသူ (၁၀) ဦးကျော် အသတ်ခံလိုက်ရတာကြောင့်... ဈေးမြို့တော်ထဲက လူတွေ ကြောက်လန့်နေကြ၏။
နောက်ဆုံး လေလံပွဲ ပြီးတာ တစ်နှစ် ရှိသွား၏။…
ဓားပြတွေ နည်းမသွားသည့် အပြင် ပိုတောင် များလာသလိုပင်။
ထူးဆန်းသော အငွေ့အသက် တစ်ခု ကြီးထွားလာနေပြီး၊ လူတိုင်း စိုးရိမ်ပူပန်နေကြလေ၏။
ကောင်းကင် သိုင်းကျမ်း မျှော်စင်...
စုယွီ ရောက်လာတာ မြင်တော့ ကောင်တာ နောက်က အဘိုးအို မျက်လုံးတွေ အရောင်တောက်လာသည်။
"မိတ်ဆွေစု... ရောက်လာပြီလား... ဒီတစ်ခေါက် ဘာလိုချင်လဲ"
"အထူးတန်းစား ရှေးဟောင်း ကျောက်စိမ်းသေတ္တာ အသစ်တစ်သုတ် ရောက်ထားတယ်... နေရာကောင်းက ရထားတာဗျ... အထဲမှာ အခွင့်အရေးကြီးကြီးမားမား ပါနိုင်တယ်နော်... တစ်လုံးနှစ်လုံးလောက် ဖွင့်ကြည့်မလား”