လင်းလန်တျန်းထွက်ပြေးရခြင်း
Vol. 9 Ch. 81
ဝူယွမ်မှ ဖီနစ် ငိုကြွေးသံမြှားခုနှစ်စင်းကို ဆက်တိုက်ပစ်လွှတ်လိုက်သည်။
ထိုမြှားများက လင်းလန်တျန်း စွမ်းအားဖြင့်ဖန်တီးထားသော “ကောင်းကင်ကိုဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါး”ကို ချေမှုန်းပစ်ကာ ရှောင်တျောင်းအား ကယ်တင်လိုက်သည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ဖြင့် ပစ်လွှတ်လိုက်သော ဖီးနစ် ငိုကြွေးသံမြှားများသည် လေထဲတွင် လည်ပတ်ပြီး ပြန်လည်ရောက်ရှိလာကာ သူ၏လက်ထဲသို့ ပြန်ကျသွားသည်။
ဝူယွမ်သည် ရေခဲပုံဆောင်ခဲဓားပေါ်တွင် ရပ်ကာ နဂါးဟိန်းသံလေးတွင် ဖီးနစ်ငိုကြွေးသံမြှား ခုနှစ်စင်းကို ကြိုတင်တပ်ဆင်ထားသည်။
သူတို့နှစ်ဦးက လေထဲတွင် မျက်နှာချင်းဆိုင်တွေ့နေကြသည်။
“မင်းက ဝူယွမ်ဘဲ”
လင်းလန်တျန်းက အံ့အားသင့်စွာကြည့်ကာ “မင်းကို လင်းချင်းကျူက လိုက်လံဖမ်းဆီးနေတယ်မဟုတ်လား၊ ဘယ်လိုလုပ်ပြီး သူ့ရဲ့လိုက်နေရာကနေ လွတ်မြောက်သွားတာလဲ”
ဝူယွမ်က သူ့ဘက်သို့ ဂရုမစိုက်သလို လှမ်းကြည့်ပြီး မဖြေဘဲ၊ အားနည်းနေသော ကောင်းကင်မြွေပါဘက်သို့ လှည့်ကြည့်လိုက်သည်။
စိုးရိမ်စိတ်နှင့် ရင်းနှီးမှုတို့ဖြင့် “ရှောင်တျောင်း၊ ဘာမှမဖြစ်ဘူးမလား”
ရှောင်... ရှောင်တျောင်း
“ဆရာကြီးက ကျွန်တော့်ကို ရှောင်တျောင်းလို့ခေါ်တယ်
ဘယ်လောက်တောင်ချစ်စရာကောင်းတဲ့ခေါ်ပုံလဲ
သူကကျွန်တော့်ကိုသိတယ်
သူကကျွန်တော့်ကိုအမြဲတမ်းသိခဲ့တယ်
ကျွန်တော်က ဆရာကြီးကိုဒီလောက်သတိထားခဲ့နေတာ၊
ဆရာကြီးကတော့အစကတည်းက သိပြီးသားဘဲ။
ဒီစိုးရိမ်တဲ့အကြည့်၊ ဒီရင်းရင်းနှီးနှီးနှုတ်ဆက်မှု”
ရှောင်တျောင်းချက်ချင်းရပ်တန့်သွားသည်။ ဝူယွမ်၏ရင်းနှီးသောခေါ်ဆိုမှုသည် ရှောင်တျောင်းအား အတိုင်းမသိ ဂရုစိုက်မှုကိုခံစားရစေသည်။
“ကျွန်တော်... ကျွန်တော်အဆင်ပြေပါတယ်၊ နည်းနည်းလေးတော့ ခံနိုင်သေးတယ်”
ရှောင်တျောင်း၏နှလုံးသားအတွင်းမှ နွေးထွေးသွားကာ ချက်ချင်းပြန်ဖြေလိုက်သည်။
“ဒါဆို မြန်မြန်ပြန်အားပြန်ဖြည့်၊ ငါနဲ့အတူတူ တိုက်ခိုက်ကြမယ်။”
ဝူယွမ်က သူ့အားဖိတ်ခေါ်လိုက်သည်။
လင်းလန်တျန်းကို သေချာပေါက် သတ်နိုင်မည်ဟု မဆိုလိုသော်လည်း ရှောင်တျောင်း၏အကူအညီရှိသာလျှင် သိသိသာသာ ပိုကောင်းမည်မှာ အမှန်ပင်ဖြစ်သည်။
“အင်း၊ ဒီစိတ်ရှုပ်စရာ လင်းလန်တျန်းကို အတူတူဖမ်းကြမယ်”
ရှောင်တျောင်းက ထိတ်လန့်စရာကောင်းအောင် စိတ်လှုပ်ရှားနေသည်။ အခုအချိန်တွင် သူ၏မကောင်းဆိုးဝါးဝိညာဉ်သည် အလွန်အားနည်းနေသော်လည်း သူ၏ မငြိမ်မသက်ဖြစ်နေသော နှလုံးသားကို မတားဆီးနိုင်ခဲ့ပေ။
“ဆရာကြီး ငါ့ကို ဒီစိတ်ရှုပ်စရာ လင်းလန်တျန်းကို ဖမ်းဖို့ ဖိတ်ခေါ်ခဲ့တယ်။”
“လင်းတုန်၊ ငါ့ကို မကောင်းဆိုးဝါးဝိညာဉ်တွေ ပေးပါ” ရှောင်တျောင်းသည် အောက်သို့ပျံသွားပြီး လင်းတုန်ထံသို့ ဆက်သွယ်လိုက်သည်။
လင်းတုန်သည်လည်း သူ့အစ်ကိုကြီး ရောက်လာသည်ကို မြင်သောအခါ သူ၏နှလုံးခုန်နှုန်း ချက်ချင်း ငြိမ်သက်သွားသည်ကို ခံစားရသည်။
သူသည် သူ၏သိုလှောင်အိတ်ထဲမှ ရှေးဂူသင်္ချိုင်းက လုယှက်ထားသော မကောင်းဆိုးဝါးဝိညာဉ်ရာပေါင်းများစွာကို ထုတ်ယူလိုက်ပြီး ရှောင်တျောင်း ကိုကမ်းပေးလိုက်သည်။
ငြိမ်သက်နေသော မကောင်းဆိုးဝါးဝိညာဉ်များ သိုလှောင်အိတ်ထဲမှ ထွက်လာသည်နှင့် ရှောင်တျောင်းမှ တိုက်ရိုက်ဆွဲငင်လိုက်သည်။
“ကောင်းကင်မြွေပါ ပါးစပ်”
ရှောင်တျောင်းက သူ၏ပါးစပ်ကိုဟလိုက်ပြီး သူ၏ရှေ့တွင် လှည့်ပတ်နေသော အနက်ရောင်၀ဲကြီး ပေါ်လာကာ မကောင်းဆိုးဝါးဝိညာဉ်များစွာကို ချက်ချင်းမျိုချလိုက်သည်။
လင်းတုန်သည်လည်း ဆေးလုံးလက်တစ်ဆုပ်ကို ကောက်ယူပြီး ရူးသွပ်စွာ မျိုချလိုက်သည်။
ယခုတွင် သူက ရှောင်တျောင်းအား ယွမ်စွမ်းအင် ငှားရမ်းရန် စွမ်းအင် ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေသည်။
“သူ့ကို ပြန်အားမပြည့်စေနဲ့ ချက်ချင်းတားဆီးလိုက်” ဆရာမူက လင်းလန်တျန်း၏စိတ်ထဲမှ ပြောလိုက်သည်။
ကောင်းကင်ကိုဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါး!
သူသည် န၀မအဆင့် ကိုယ်ခန္ဓာပညာရပ်ကို နောက်တဖန် အသုံးပြုခဲ့သည်။
ခမ်းနားထည်ဝါသော စွမ်းအင်က ကောင်းကင်တစ်ခွင်သို့ လွှမ်းခြုံသွားပြီး လင်းလန်တျန်း၏မျက်လုံးများသည် ရေခဲကဲ့သို့အေးစက်ကာ ကောင်းကင်တွင် ကြီးမားသော မကောင်းဆိုးဝါးကျောက်တိုင်ကြီးနှစ်ခုကို တိုက်ရိုက်ဖန်တီးလိုက်သည်။
ဤတစ်ကြိမ်တွင် မကောင်းဆိုးဝါးကျောက်တိုင်များသည် ပို၍ခိုင်မာလာပြီး လင်းလန်တျန်းသည် ဝူယွမ်အား အလေးအနက်ထားကြောင်း ထင်ရှားသည်။
ဝူယွမ်၏မျက်နှာသည် လည်းအနည်းငယ်
လင်းလန်တျန်း၏ ကိုယ်ခန္ဓာပညာရပ် စွမ်းအားသည် လင်းချင်းကျူ၏ စိမ်းပြာရောင် ကြာပန်းနှင့် နှိုင်းယှဉ်လျှင် အတော်လေး အားနည်းသော်လည်း သို့ကို ချိန်းခြောက်ဖို့ရာ လုံလောက်သော စွမ်းအင်ရှိသည်။
ယွမ်စွမ်းအင် လှိုင်းများတဖန်ထလာကာ ဝူယွမ်က နောက်ထပ် ဖီးနစ် ငိုကြွေးသံ ခုနှစ်စင်းကို ပစ်လွှတ်လိုက်ပြီး ဒီတစ်ကြိမ်တွင် မြှားခုနှစ်စင်းက အတန်းလိုက်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ဝူယွမ်၏ နီဝမ်နယ်ပယ် ပွင့်ထွက်လာပြီး သူက ဝိညာဉ်စွမ်းအင်ဖြင့် မူလရူန်း နှစ်ခုကို မြန်မြန်ဆန်ဆန် ရေးဆွဲလိုက်သည်။
မြေဆွဲအားရူန်းနှင့် လေရူန်း။
ရူန်းများသည် ဖီနစ် ငိုကြွေးသံမြှားနှင့် ပေါင်းစပ်သွားကာ တိုက်ရိုက်လေကို ဖြတ်သန်းသွားပြီး ကြီးမားသောစွမ်းအားဖြင့် လင်းလန်တျန်း၏ မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါးဆီသို့ ပြင်းပြင်းထန်ထန် တိုး၀င်သွားသည်။
“ဘုံးး”
ကြီးမားသော ယွမ်စွမ်းအင် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားကာ မကောင်းဆိုးဝါးကျောက်တိုင်များ ပျောက်ကွယ်သွားပြီး ဖီးနစ် ငိုကြွေးသံမြှား ခုနှစ်စင်းလည်း အက်ကွဲသွားသည်။
ထိုလက်နက်တို့သည် အဆင့်နိမ့်ဝိညာဉ်ရတနာ လက်နက်များသာဖြစ်ပြီး ထိုကဲ့သို့သော စွမ်းအားပြင်းထန်မှုကို ခံနိုင်ရည်မရှိပေ။
ထိုအချိန်တွင် ပိုင်ယွမ် ရောက်ရှိလာပြီး ဝူယွမ် တိုက်ခိုက်နေတာကို မြင်သောအခါ စကားမပြောဘဲ ပျံတက်သွားပြီး သူမ၏စွမ်းအင်ဖြင့် လေထဲတွင် တောက်ပသောအလင်းစက်ဝန်းတစ်ခုကို အားဖြည့်ပေးလိုက်သည်။
“ကျားဖြူမီးလျှံအလင်းလှိုင်း”
ဟုန်းဟုန်းတောက်ပြီး
အလင်းလှိုင်း၏ ဖျက်ဆီးပေါက်ကွဲမှု စွမ်းအားသည် လင်းလန်တျန်းဆီသို့ ပြင်းပြင်းထန်ထန် တိုး၀င်သွားသည်။
လင်းလန်တျန်းက ချက်ချင်း ယွမ်စွမ်းအင် အကာအရံတစ်ခုကို ဖန်တီးကာ ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။
သို့သော် အလင်းလှိုင်းက ပုံသဏ္ဍာန်မရှိသဖြင့် ယွမ်စွမ်းအင် အကာအရံကို တိုက်ရိုက်ဖြတ်ကျော်ပြီး လင်းလန်တျန်း၏ ခန္ဓာကိုယ်ကို ထိမှန်ကာ ပေါက်ကွဲပြီး လင်းလန်တျန်းအား ချက်ချင်း သွေးအန်စေကာ သူဝတ်ဆင်ထားသော အနက်ရောင် ဝတ်ရုံမှာလည်း အစိတ်စိတ်အမွှာမွှာဖြစ်ကာ ပျက်စီးသွားသည်။
မီးလောင်ဒဏ်ရာ မပျောက်သေးသော သူ၏မျက်နှာသည် ကြည့်ရဆိုးလွန်းပြီး လူများအား အော်ဂလီဆန်စေနိုင်သည်။
သူ၏မျက်နှာအရေပြားသည် တွန့်လိပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အမာရွက်များလည်း သူ၏မျက်နှာပေါ်တွင် ဖြစ်နေသည်။
လင်းခဲ့အာနှင့် လင်းမိသားစုမှ အခြားလူငယ်များသည် လင်းလန်တျန်းကို မယုံနိုင်သောအကြည့်များဖြင့်ကြည့်ကာ၊ “မူလကကြည့်ကောင်းတဲ့ အစ်ကိုကြီး ဒီအခြေအနေကို ဘယ်လိုရောက်ရှိသွားတာလဲ ဒါကြောင့် သူအနက်ရောင်၀တ်ရုံကို ၀တ်ထားတာလား”
“မင်းက ဒီလောက်ရုပ်ဆိုးတာလား”
ဝူယွမ်က သင့်တော်သောအချိန်တွင် စော်ကားမှုထပ်ပေါင်းထည့်လိုက်သည်။
“မျိုးမစစ်ကောင်၊ မင်းကို ငါသတ်မယ်”
လင်းလန်တျန်း အမျက်တကြီး အော်ဟစ်လိုက်သည်။
သူ၏နှလုံးထဲတွင် လူသတ်ချင်စိတ်များ လှိုင်းထနေပြီး လင်းလန်တျန်း၏ခန္ဓာကိုယ်က ရုတ်တရက် သိသိသာသာ ကြီးထွားလာသည်။ သူ၏မျက်နှာပေါ်တွင် ဘာခံစားချက်မှမရှိဘဲ သူ၏လက်များက မိုးကြိုးပစ်သကဲ့သို့ အလွန်ထူးဆန်းသော တံဆိပ်များကို မြန်မြန်ဆန်ဆန် ပုံဖော်နေသည်။
ဝူယွမ်သည် လျစ်လျူရှုမထားရဲဘဲ ချက်ချင်း မူလပုံရိပ်ယောင်ရူန်း လေးခုကို ရေးဆွဲပြီး လင်းလန်တျန်းပတ်လည်တွင် ထားလိုက်သည်။
ထို့နောက် အသွင်ပြောင်းသက်ေတအစီအရင် ကျရောက်လာသည်။
အလင်းပြောင်းလဲခြင်း၊ အပြာရောင်လှိုင်း ပြောင်းလဲခြင်း၊ မရေမတွက်နိုင်တဲ့ မီးလျှံပြောင်းလဲခြင်း
အားအပြင်းဆုံး မီးလျှံပြောင်းလဲခြင်းထဲတွင် မူလမီးရူန်း တစ်ခုကိုပါထပ်ပေါင်းထည့်လိုက်သည်။
လင်းလန်တျန်းသည် ချက်ချင်း ပုံရိပ်ယောင်များကြောင့် ဦးတည်ရာမဲ့သွားပြီး သူ၏လက်ထဲတွင် အားဖြည့်ထားသော အလင်းတံဆိပ်ကို မည်သည့်နေရာသို့ ရိုက်ရမည်ကို မသိတော့ပေ။
ထိုအချိန်တွင် ဝူယွမ်၏ ရူန်းအစီအရင်က ကျရောက်လာပြီဖြစ်သည်။
ဝိညာဉ်စွမ်းအင်မီးတောက်များက လင်းလန်တျန်းကို လောင်ကျွမ်းစေလိုက်သည်။
“အား”
မီး၏ပူလောင်မှုကို ခံစားရသောအခါ လင်းလန်တျန်းက နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။
မစ်စတာမူး- “ မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ကိုထိန်းချုပ်ခွင့်ပေးပါ”
“အိုကေ”
လင်းလန်တျန်းက ရုတ်တရက် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ သူ၏အကြည့်သည် ပုံမှန်အနေအထားမှ ရှေးဟောင်းအတွေ့အကြုံများသော အကြည့်အဖြစ်သို့ ပြောင်းလဲသွားသည်။
သူသည် ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်ရူန်းများကို စစ်ဆေးကြည့်လိုက်ပြီး လင်းလန်တျန်း မမြင်ရသော ဝိညာဉ်စွမ်းအင်ရူန်းများက သူ၏မျက်လုံးထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည်။
သူက တိုက်ရိုက် အလင်းတံဆိပ်ကို အသုံးပြုလိုက်ပြီး ပုံရိပ်ယောင်ရူန်းများ ချက်ချင်း ပျောက်ကွယ်သွားကာ သူ့အား လွှမ်းခြုံထားသော ပုံရိပ်ယောင်များလည်း ပျောက်ကွယ်သွားသည်။
သူ၏လက်ဖဝါးများက အလျင်အမြန်လည်ပတ်ကာ လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်ကို အားဖြည့်လိုက်ပြီး ယွမ်စွမ်းအင် ပိုအားပြင်းလာလေသည်။ စွမ်းအားပြင်းသော လက်ဝါးကြီးနဲ့ သူ့အား လွှမ်းခြုံထားသော ရူန်းအစီအရင်အဆင့်သုံးခုလုံးကို ချိုးဖျက်လိုက်သည်။
ဝူယွမ် အံ့အားသင့်သွားပြီး လင်းလန်တျန်း ဝိညာဉ်ပြောင်းလဲသွားကြောင်း နားလည်လိုက်သည်။
မဟုတ်ရင် သူက ရုတ်တရက် ဤမျှပြင်းထန်တဲ့ ရိုးရှင်းပြီး ထိရောက်သော တိုက်ခိုက်မှုများ မထုတ်နိုင်ပေ။
“အစ်ကိုကြီး၊ နောက်ဆုံးတစ်ချက်ဘဲ ကျွန်တော်တိုက်နိုင်တော့တယ်!”
ရှောင်တျောင်းက ရုတ်တရက် အော်ဟစ်လိုက်ပြီး ဝူယွမ်ကိုလည်း အစ်ကိုကြီးဟု တရင်းတနီး ရိုရိုသေသေ ခေါ်လိုက်သည်။
စွမ်းအား အချို့ပြန်ရရှိပြီးနောက်၊ သူက လင်းလန်တျန်း တံဆိပ်စွမ်းအင်ပြီးဆုံးသွားသော အချိန်ကို စောင့်ကာ တိုက်ခိုက်မှုကို စတင်လိုက်သည်။
“ကောင်းကင်မြွေပါ လက်သည်း”
ရှေးကျသော ခရမ်းနက်ရောင် ဧရာမလက်သည်းကြီးက ကောင်းကင်အက်ကွဲကြောင်းမှ ထွက်လာပြီး ထိုလက်သည်းကြီးက လင်းလန်တျန်းဆီကို ပြင်းထန်စွာ ကျဆင်းလာသည်။
ဧရာမလက်သည်းက လင်းလန်တျန်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖြတ်ကျော်သွားသည်။
“ဖောက်”
လင်းလန်တျန်း ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
သူ၏ဆံပင်များလည်း ရှုပ်ပွနေပြီး လုံး၀ပုံပျက်ပန်းပျက်ဖြစ်နေသည်။
“ဖောက်”
ပိုင်ယွမ်သည်လည်း တစ်ဆက်တည်း ကျားဖြူချေမှုန်းရွှေဟိန်းသံကို အသုံးပြုခဲ့သည်။ အရင်ကထက် အဆများစွာ ပိုမိုအားကောင်းသော အသံလှိုင်းက လင်းလန်တျန်းကို ထိမှန်သွားကာ ထိုကျားဟိန်းသံက ယန်မြို့တစ်ခွင်သို့ ပျံ့နှံ့သွားသည်။
ရူးသွပ်ဓားသိုင်းခန်းမတွင် လုံချန်း နေရာစီစဉ်ပေးထားသော ကောင်းကင်ကင်းမြီးကောက်ကျားက ပိုင်ယွမ်ဟိန်းသံကိုကြားလိုက်ကာ ချက်ချင်း ထရပ်လိုက်သည်။
တွေဝေမနေဘဲ ကောင်းကင်ကင်းမြီးကောက်ကျားက လေထဲသို့ ပျံသန်းသွားပြီး ပိုင်ယွမ် ဟိန်းသံထွက်ပေါ်လာရာသို့ ဦးတည်သွားတော့သည်။
သူကချက်ချင်း ကြီးမားသော တိုက်ပွဲအလယ်သို့ ရောက်ရှိလာသည်။
“ဝေါင်းး ဝေါင်းး ဝေါင်းး”
ကောင်းကင်ကင်းမြီးကောက်ကျားက မကျေနပ်ဖြင့် ဟိန်းသံပြုလိုက်သည်... “အုပ်စုလိုက်တိုက်ခိုက်မှုအတွက် ဘာလို့ကျွန်တော့်ကို မခေါ်တာလဲ”
“ဟိန်းတာခဏရပ်၊ သူ့ကို အတူတူတိုက်ကြမယ်”
ဝူယွမ်က စကားအများကြီးမပြောနေဘဲ ကူတိုက်ခိုင်းလိုက်သည်။
အခုဆိုရင် သဏ္ဍာန်ပြောင်းအဆင့် လေးယောက်က ဆရာမူ အစွမ်းကြောင့် ချီဖန်တီးခြင်းအဆင့် ရောက်နေသော လင်းလန်တျန်းကို ပူးပေါင်းတိုက်ခိုက်နေကြသည်။
“ ဝေါင်း ”
ကောင်းကင်ကင်းမြီးကောက်ကျားသည် ညည်းညူသံထွက်လိုက်ပြီး တိုက်ပွဲထဲ အား၀င်ဖြည့်လိုက်သည်။
သူ၏ကံကြမ္မာကို ဝူယွမ်မှ ထိန်းချုပ်ထားပြီး ဖြစ်သည်။ ဝူယွမ်၏ ရန်သူသည် သူ၏ရန်သူဖြစ်ပြီး ဝူယွမ် သေဆုံးပါက သူလည်း သေဆုံးမည်ဖြစ်သည်။
ထို့ကြောင့် ရွေးချယ်စရာမရှိပေ။
သူ၏ လက်သည်းများဖြင့် လင်းလန်တျန်းကို တိုက်ခိုက်လိုက်ပြီး တစ်ဆက်တည်ူ ကင်းမြီးကောက်အမြီးသည် လင်းလန်တျန်း၏ လည်ပင်းကို တိုက်ရိုက်ထိုးဖောက်လိုက်သည်။
တစ်ကြိမ်တည်း အသေသတ်တိုက်ကွက်၊
ကင်းမှီးကောက်အမှီးကို လင်းလန်တျန်းက ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါးကို သုံးကာ ကောင်းကင်ကင်းမြီးကောက်ကျားကို တိုက်ခိုက်လိုက်သည်။
ကောင်းကင်ကင်းမြီးကောက်ကျားလည်း ချက်ချင်း အကာအကွယ်တစ်ခုဖန်တီးလိုက်ကာ မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါးကို တားဆီးလိုက်သည်။
သူက သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိတ်မှာရှိပြီး ချီဖန်တီးမှုအဆင့်ထဲကိုပင် ချေလှမ်းတစ်၀က် ၀င်ရောက်နေပီဖြစ်သည်။ သူက မကြာသေးမီက ကျားဖြူ၏ သွေးအစီအနှစ်ကို ရရှိခဲ့ပြီး လေဖန်တီးမှုနယ်ပယ်သို့ တက်ရောက်ရန်သိပ်မလိုတော့ပေ။
နှစ်ပေါင်းများစွာ သတိနဲ့နေလာသော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ၊ သူ၏စွမ်းအင်နှင့် အဆင့်သည် မယုံနိုင်စရ ကောင်းလောက်အောင် တည်ငြိမ်ပြီး ဉာဏ်ရှိကာ အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းရှိသော မကောင်းဆိုးဝါးသားရဲဖြစ်သည်။
ရှောင်တျောင်းသည် လင်းလန်တျန်းကို လေးလေးနက်နက် ဒဏ်ရာရစေပြီးနောက် ကျောက်လက်ဖွဲ့ထဲသို့ ပြန်သွားကာ အနားယူနေသည်။
ဝူယွမ်၊ ပိုင်ယွမ်နှင့် ကောင်းကင်ကင်းမြီးကောက်ကျားတို့သည် လင်းလန်တျန်းကို သုံးဖက်မှ ညှပ်တိုက်ခိုက်ကြသည်။
ဆရာမူ- “ဒီနေ့တော့ ဆက်တိုးဖို့မလွယ်တော့ဘူး ထင်တယ်။ မင်းကို ဒီကနေ အရင်ထုတ်ပေးမယ်”
လင်းလန်တျန်းက သူတို့သုံးယောက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
“ဝူယွမ် ဒါက ငါတို့ လင်းမိသားစုကိစ္စ၊ မင်းက ဒီလိုဝင်ရောက်စွက်ဖက်လို့ ရလို့လား” သူက စကားနှင့် ဖျောင်းဖျရန် ကြိုးစားကြည့်သည်။
စရောက်လာတုန်းက ဘာမှမပြောဘဲ တိုက်ရိုက်တိုက်ခိုက်ပေမဲ့ အခြေအနေမဟန်တော့တာကြောင့် လင်းမိသားစုကို အကြောင်းပြပြီး ဆင်ခြေပေးကာ လှည့်ထွက်ရန်ကြံတော့သည်။
“လင်းတုန့်ဆီမှာရှိတဲ့ပစ္စည်းအားလုံးက ငါပေးထားတား၊ သူ့ကိုထိဖို့ဆိုရင် ငါ့ခွင့်ပြုချက်လိုတယ်။”
“ဝူယွမ်၊ တောင်တွေက ရပ်နေပေမဲ့ ရေကတော့ စီးဆင်းနေတယ်၊ ဒီနေ့ဖြစ်ရပ်အတွက် ငါ သေချာပေါက် ပြန်ပေးစပ်ခိုင်းမယ်”
ပြောပြီးတာနဲ့ လင်းလန်တျန်းက တိုက်ရိုက် အလင်းတန်းအဖြစ်ပြောင်းကာ ထွက်ပြေးသွားသည်။
“ထွက်သွားချင်တာလား အဲ့လောက်မလွယ်ဘူး”
ကျားဖြူလခြမ်းဓားပိုင်းဖြတ်ခြင်း
ကောင်းကင်ကင်းမြီးကောက် တံဆိပ်
နဂါးအသွင်ပြောင်း တံဆိပ်၊ နဂါးချည်မျှင်သလင်း
လူတစ်ဦးနှင့် ကျားနှစ်ကောင် တစ်ချိန်တည်း ကိုယ်ခန္ဓာပညာရပ်များ အသုံးပြုတိုက်ခိုက်လိုက်ကြသည်။
ဝူယွမ်က လင်းချင်းကျူကိုပင် သူ့ကိုယ်သူ သက်သေပြခဲ့နိုင်သည့် နည်းလမ်းကို ထုတ်သုံးလိုက်သည်။
နဂါးမချည်မျှင်သလင်းများကို နဂါးအသွင်ပြောင်းတံဆိပ်အတွင်း ဝှက်ထားသည်။
“ငါသာထွက်သွားချင်ရင် မင်းတို့မတားဆီးနိုင်ဘူး!
လင်းလန်တျန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောရင်း လက်ဝါးနှစ်ဖက်ဖြင့် စွမ်းအားပြင်းသော ယွမ်စွမ်းအင် အလင်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။
သို့သော် သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက်၊
“အား!”
သူသည် အရမ်းနာကျဉ်ခံစားနေရဟန်ရပြီး အသည်းပျက်ဖွယ် အော်ဟစ်လိုက်ရသည်။
နဂါးချည်မျှင်သလင်း ရာပေါင်းများစွာက သူ၏ခန္ဓာကိုယ်အတွင်းရှိ နေရာအမျိုးမျိုးသို့ ထိုးသွင်းခံလိုက်ရသည်။
နဂါးချည်မျှင်သလင်းက ယွမ်းစွမ်းအင်အကာအကွယ်ကို ထိုးဖောက်နိုင်သော်လည်း သူ၏စွမ်းအားတစ်ခုတည်းဖြင့် လင်းလန်တျန်းကို သတ်ရန် ခက်ခဲသည်။ ထို့ကြောင့်ဒဏ်ရာကြီးကြီးမားမားရစေရန် ဝူယွမ်က နဂါးချည်မျှင်သလင်း ထိုးသွင်းမည့်နေရာများကို တမင်တကာ ထိန်းချုပ်ထားသည်။
လင်းလန်တျန်းကလည်း အလွန်လျင်မြန်စွာ တုံ့ပြန်ပြီး အဓိကနေရာအများစုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း။
နဂါးချည်မျှင်သလင်းများစွာသည် လင်းလန်တျန်း၏ စအို၊ ဆီးလမ်းကြောင်းနှင့် အခြားနေရာများမှ ဖြတ်သန်းဝင်ရောက်လာခဲ့သည်။
အသက်အန္တာရယ်မစိုးရိမ်ရပေမဲ့ နာကျဉ်မှုက ခန့်မှန်းကြည့်လို့ရပေသည်။
အနာဂတ်တွင် ပြန်ကောင်းလာနိုင်သော်လည်း အခုကိစ္စရပ်က သူ့အတွက် ထိတ်လန့်ဖွယ် အရိပ်ဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။
ပြင်းထန်ေသာနာကျင်မှုက သူ၏အာရုံကြောများကို နှောက်ယှက်နေပြီး လင်းလန်တျန်း တကိုယ်လုံး တုန်ရီနေကာ အရေပြားကလည်း ဆွဲဆန့်ထားသကဲ့သို့ ပုံပျက်နေသည်။
မစ်စတာမူက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ဝေးရာသို့ မြန်မြန်ထွက်ပြေးနိုင်ခဲ့သည်။
မရေရာသော အမျက်ဒေါသတကြီး အော်ဟစ်သံက သူထွက်ပြေးသွားသော ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
“ဝူယွမ်၊ ငါ လင်းလန်တျန်း ကျိန်ဆိုတယ်၊ မင်းကို ငါ သတ်မယ်”