← Chapters

ဝူယွမ် - ဖခင်... သူကျေးဇူးတင်လိမ့်မယ်

Vol. 9 Ch. 82

ဝူယွမ် - ဖခင်... သူကျေးဇူးတင်လိမ့်မယ်

Vol. 9 Ch. 82

လင်းလန်တျန်းက ထွက်ပြေးရန်သာ စဉ်းစားထားပြီး၊ လက်ရှိ မည်သူကမျှ သူ့ကို တားဆီးနိုင်စွမ်း မရှိခဲ့ပေ။

ဆရာမူ၏ မူလဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင်၊ သူက အခုထက် တစ်ဆင့်မြင့်သော အဆင့်တွင်ရှိစေကာမူ တားဆီးနိုင်မည် မဟုတ်ပေ။

ဝူယွမ်က လက်ရှိအချိန်တွင် လင်းလန်တျန်းကို သတ်ဖြတ်နိုင်ရန် မမျှော်လင့်ခဲ့ပေ၊ သူ့ကို အရေပြားတစ်ထပ် ခွာလိုက်ရပြီး ပုံပျက်ပန်းပျက် ထွက်ပြေးရအောင် လုပ်နိုင်ခဲ့သည်မှာပင် သူအတွက် အလွန်ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့သည်။

ဤပြင်းထန်သော ဒဏ်ရာသည် လင်းလန်တျန်း အချိန်အတော်ကြာ ခံစားရစေရန် လုံလောက်ပေသည်။

အပြင်းထန်ဆုံး ဆုံးရှုံးမှုမှာ သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့ ဖြစ်လိမ့်မည်၊ နဂါးချည်မျှင်သလင်းများကို နုတ်ယူရန် အလွန်ခက်ခဲပြီး၊ အသားကိုခွဲ၍ သလင်းကိုနုတ်ယူရန် လိုအပ်သည်။ ထိုအရာသည် လင်းလန်တျန်း၏ စွမ်းအားကို သက်ရောက်မှုမရှိစေကာမူ၊ သူ၏စိတ်သည်လည်း ကျိုးပဲ့သွားမည်မှာ သေချာပေသည်။

ကိုယ်ခန္ဓာနှင့် စိတ်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ခဏအတွင်း ပြန်လည်ကောင်းမွန်လာရန် မဖြစ်နိုင်တော့ပေ။

သို့ရာတွင်၊ လင်းလန်တျန်းကဲ့သို့ ကြီးမားသော အခွင့်အလမ်းများ ပိုင်ဆိုင်သူအတွက်မူ၊ သူက ချောက်ထဲကျပြီး ‘သူတော်စင်အတတ်’ သို့မဟုတ် ‘နေကြာလက်စွဲ’ ကဲ့သို့သော တူညီသည့် လေ့ကျင့်ရေးနည်းလမ်းကို ရရှိနိုင်ကာ၊ ကွဲပြားသည့်နည်းလမ်းဖြင့် ပြန်လည်ထူထောင်လာနိုင်ပေသည်။

သို့သော် ဤအရာများက ဝူယွမ်အတွက် စိုးရိမ်စရာ မဟုတ်တော့ပေ။ လင်းလန်တျန်း မည်မျှပင် စွမ်းအားကြီးစေကာမူ၊ မူရင်းဇာတ်လမ်းတွင် ကံကြမ္မာသားတော်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

အခု၊ ကံကြမ္မာသားတော်နှင့် သူ၏ ကူးပြောင်းလာမှုတို့ကြောင့် လင်းလန်တျန်းကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။

“ဟက်ဟက်... လင်းမျိုးနွယ်ရဲ့ ပါရမီရှင်၊ သူ့မှာ ဘယ်လိုရတနာတွေ ရှိမလဲ။”

ဝူယွမ်၏ ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုဖြင့်၊ နဂါးချည်မျှင်သလင်းတစ်ချောင်း ပြန်လည်ပျံသန်းလာခဲ့ပြီး၊ ထိုသေးငယ်ပြီး ဆံခြည်မျှင်လောက် ပါးလွှာသည့် နဂါးချည်မျှင်သလင်းပေါ်တွင် ခရမ်းနက်ရောင် အဆင့်မြင့် စကြဝဠာသိုလှောင်အိတ်ကြီး တစ်လုံး ချိတ်ဆွဲထားခဲ့သည်။

နောက်ဆုံး အဆုံးသတ်တိုက်ခိုက်မှုတုန်းက၊ ဝူယွမ်သည် နဂါးချည်မျှင်သလင်းရာပေါင်းများစွာကို ထိန်းချုပ်ခဲ့သည်။ နဂါးချည်မျှင်သလင်းအများအပြား လင်းလန်တျန်း၏ ကိုယ်ခန္ဓာအတွင်းသို့ စူးဝင်သွားချိန်တွင်၊ သူသည် မခံမရပ်နိုင်အောင် နာကျင်ခဲ့ရပြီး၊ စဉ်းစားရန် အချိန်မရှိခဲ့ပေ။

ထိုအခါ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည့် ဝူယွမ်က နဂါးချည်မျှင်သလင်းဖြင့် သူ၏ ခါးတွင် ချိတ်ဆွဲထားသော စကြဝဠာသိုလှောင်အိတ်ကို လုယူခဲ့သည်။

လင်းလန်တျန်း၏ စကြဝဠာသိုလှောင်အိတ်ကို ကိုင်ဆောင်ထားရင်း၊ ဝူယွမ်၏ မျက်နှာမှ ပြုံးရိပ်မပျက်ဖြစ်နေခဲ့သည်။ အိတ်၏ အရောင်နှင့် လက်ရာသည်၊ ရှားပါးပြီး အဆင့်မြင့် စကြဝဠာသိုလှောင်အိတ်တစ်လုံးဖြစ်ကြောင်း ထင်ရှားသည်။

မျိုးနွယ်စုတစ်ခုလုံး၏ နံပါတ်တစ် ပါရမီရှင်တစ်ဦးအနေဖြင့်၊ သူ၏ စုဆောင်းမှုများက အတော်လေးများပြားလှမည် ဖြစ်သည်။

ဝူယွမ်က လင်းလန်တျန်း၏ ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးရန် ဖျက်သုဥ်းရူန်းတစ်ခုကို သုံးခဲ့ပြီး၊ ဝိညာဉ်စွမ်းအင်ဖြင့် စကြဝဠာသိုလှောင်အိတ်အတွင်းသို့ စစ်ဆေးကြည့်လိုက်သည်။

ချက်ချင်းဆိုသလို၊ သူ၏မျက်လုံးများ လင်းလက်သွားခဲ့သည်။

စကြဝဠာသိုလှောင်အိတ်အတွင်း၌၊ ကလေးငယ်လက်သီးဆုပ်အရွယ် သန့်စင် ယွမ်ဆေးလုံးများ သုံးသိန်းခန့်အထိ ရှိပြီး၊ အပုံလိုက် တောက်ပလျှက် ရှိသည်။

ထို့အပြင်၊ အခြားဆေးလုံးများနှင့် ပုလင်းများစွာလည်း ရှိသေးပြီး၊ အားလုံးသည် သတ္တမအဆင့် သို့မဟုတ် ထို့ထက်မြင့်သော အဆင့်များ ဖြစ်ကြသည်။

ထို့အပြင်၊ ကိုယ်ခန္ဓာပညာရပ် စာအုပ်တစ်အုပ်လည်း ရှိသေးသည်။

ထိုစာအုပ်မှာ လင်းလန်တျန်း ခုနလေးကတင် ပြသခဲ့သည့် စွမ်းအားပြင်းထန်သော နဝမအဆင့် ပညာရပ်ဘဲ ဖြစ်သည်။

“ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်သီး”

ဤသည်မှာ အမှန်ပင် မျှော်လင့်မထားသော ဆုလာဘ် တစ်ခုဖြစ်သည်။

ဝူယွမ်သည် ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်သီး၏ စွမ်းအားကို ခုနကပက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်၊ ရှောင်တျောင်းသည်ပင် ထိုလက်သီးအောက်တွင် တုန်လှုပ်ချောက်ချားခဲ့ရသည်။

ထို့အပြင်၊ လက်သီးသည် ရူန်းများဖြင့် အားဖြည့်ထားသော အဆင့်နိမ့် ဝိညာဉ်ရတနာ ဖီးနစ်ငိုကြွေးသံ မြားကိုပင် ချေမှုန်းနိုင်ခဲ့သည်။

ဝူယွမ်က မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။ ထိုအချိန်တွင်၊ လင်းမျိုးနွယ်၏ ခြံဝင်းတစ်ခုလုံး ယွမ်စွမ်းအင်၏ လှိုင်းဒဏ်ကြောင့် ပျက်စီးယိုယွင်းနေခဲ့သည်။

အားလုံးငြိမ်သက်သွားခါမှ လူနှစ်ဦး ရောက်လာကြသည်။

ရွှေတစ်သောင်းကုန်သည်အသင်းမှ ရှားဝမ်ကျင်းနှင့် မြို့တော်ဝန်ရုံးမှ မြို့တော်ဝန် ရှီတို့ ဖြစ်ကြသည်။

စောနက တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး။ နှစ်ဦးစလုံး စိုးရိမ်နေခဲ့ကြသော်လည်း၊ ဝင်ရောက်စွက်ဖက်ရန် မဝံ့မရဲ ဖြစ်နေကြသည်။ တိုက်ပွဲမှ ယွမ်စွမ်းအင်၏ တုန်ခါမှုလှိုင်းများသည် သူတို့ကို ကြောက်လန့်တုန်လှုပ်စေခဲ့ပြီး၊ သူတို့သာ ဝင်သွားပါက ခဏအတွင်း ပျက်စီးသွားနိုင်သည်။

သူတို့က ဝူယွမ်ကို ကူညီရန် မလိုလားခြင်း မဟုတ်ဘဲ၊ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိခြင်းကြောင့်သာ ဖြစ်သည်။

“ညီလေးဝူယွမ်... ဘာမှမဖြစ်နိုင်ဘူးလား”

နှစ်ဦးစလုံးက စိတ်မသက်မသာဖြင့် မေးမြန်းခဲ့ကြသည်။

ရှားဝမ်ကျင်း - “ညီလေးက ငါတို့ ရွှေတစ်သောင်းကုန်သည်အသင်းရဲ့ ဂုဏ်သရေရှိ ဧည့်အကြီးအကဲတစ်ဦးဖြစ်နေပါလျက်၊ ဒီတစ်ကြိမ်မှာ ညီလေးကို ကူညီပေးနိုင်ခြင်းမရှိခဲ့ဘူး၊ ငါ့ကိုယ်ငါ ရှက်မိပါတယ်။”

“အား... ငါလည်း ရှက်မိပါတယ်၊ ညီလေးကို ငါတို့ မြို့တော်ဝန်ရုံးရဲ့ အထူးဧည့်သည်တစ်ဦးလို့ ပြောထားပါလျက်၊ ညီလေးတို့ရဲ့ တိုက်ပွဲကို ဘေးကနေ ရပ်ကြည့်ရုံသာကြည့်နိုင်ပြီး ကူညီပေးနိုင်ခြင်းမရှိခဲ့ဘူး” မြို့တော်ဝန် ရှီကလည်း နောင်တရဟန်ဖြင့် ပြောလိုက်သည်။

ဝူယွင် - “ညီအစ်ကိုတို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲ၊ ကူညီနိုင်စွမ်းရှိတာကို မကူညီခဲ့ဘူးဆိုရင်‌တော့၊ ငါတစ်ကယ် မကျေမနပ်နဲ့ပြောမိမှာပဲ၊ ဒါပေမယ့် ခုနကလို အခြေအနေမှာ၊ ငါဘယ်လိုလုပ်ပြီး အကိုတို့ကို အပြစ်တင်နိုင်မှာလဲ၊ အကိုတို့ရဲ့ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်လေးနဲ့ သဏ္ဍာန်ပြောင်းအဆင့် စွမ်းအားရှင်တွေနဲ့ဆို၊ ခုနကလို အခြေအနေမှာ ဘယ်လိုလုပ်ဝင်ရောက်စွက်ဖက်နိုင်မှာလဲ၊ မဟုတ်ဘူးလား”

နှစ်ဦးစလုံး တစ်ချိန်တည်း ချွေးပြန်လာကြပြီး၊ တစ်ဦးနှင့်တစ်ဦး ကြည့်ကာ ဘာစကားမှမပြောနိုင်တော့ပေ။

ဝူယွမ်ပြောတာဟာမှန်ပြီး၊ သူ‌ပြောတဲ့အကြောင်းရာများမှာလည်း အမှန်ပင်ဖြစ်သည်။

သို့သော် ကြားရသည်မှာ ထူးဆန်းနေပြီး သူတို့က ‘သာမန်’ လူများအဖြစ် ဘယ်လိုလုပ် ပြောင်းလဲသွားခဲ့ရသနဘ်း။

သူတို့၏ မသက်မသာဖြစ်နေသော ဟန်ကို မြင်တွေ့ရသည့်အခါ၊ ဝူယွမ်သည် ချက်ချင်းဆိုသလို ထပ်မံရှင်းပြခဲ့သည်။

“အိုး... ဆိုလိုတာက၊ အကိုတို့ နှစ်ယောက် ငါ့ကိုကူညီဖို့အတွက်နဲ့ သေတဲ့အထိ ရွေးချယ်စရာမလိုပါဘူး... အားးး... ဖြစ်ခဲ့တာတွေကို ထားလိုက်ကြရအောင်၊ ဘယ်လိုဘဲပြောပြော ဒီလင်းလန်တျန်းက ငါတို့ကို မနိုင်ခဲ့တာဘဲမဟုတ်လား”

“ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”

နှစ်ဦးစလုံး မြန်မြန်ဆန်ဆန် ခေါင်းညိတ်ပြလိုက်ကြသည်။

“ညီ‌လေးဝူယွမ်ရဲ့ စွမ်းအား တိုးတက်မှုနှုန်းက တစ်ကယ်ကို ကြောက်စရာကောင်းလွန်းတယ်၊ ခုနကမြင်ခဲ့ရတာတွေက ကျွန်တော်တို့ နှစ်ယောက်ကို တစ်ကယ်ဘဲ အံ့အားသင့်စေခဲ့တယ်”

ယခုအခါ၊ သူတို့က ဝူယွမ်နှင့် တူညီသော အဆင့်တွင် မရှိတော့ပေ။ ဝူယွမ်သည် သူတို့နှင့် ဆက်လက်မိတ်ဆွေဖွဲ့နေခြင်းက သူ၏ သစ္စာရှိမှုနှင့် တရားမျှတမှုကို သက်သေပြနေခြင်းဖြစ်သည်။

ရှား၀မ်ကျင်းတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ဝူယွမ်က ကျန်ရှိသော အလုပ်များကို စတင်ဆောင်ရွက်ခဲ့သည်။

လင်းလန်တျန်းက ထွက်ပြေးသွားခဲ့ပြီး၊ လင်းမျိုးနွယ်၏ ကျန်ရှိသော အဖွဲ့ဝင်များသည် ပိုင်ယွမ်နှင့် ရှောင်ယန်၏ ဖိအားအောက်တွင် တုန်လှုပ်ချောက်ချားနေခဲ့ကြသည်။

ထပ်ကာထပ်ကာ ဒုက္ခပေးခဲ့သူ လင်းချန်းကိုတော့ ရှောင်ယန်းက တိုက်ရိုက် သတ်ပစ်ခဲ့ပြီး၊ အကြီးအကဲထောင်လည်း ရှောင်ယန်း၏ ကိုက်ဖျက်ခြင်းဖြင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။ လင်းကျဲ့တျန်း အချိန်မီ သတိလည်လာပြီး ကယ်တင်ခဲ့ခြင်းမရှိပါက၊ သူ၏ အသက်ကို ဒေါသထွက်နေသော ရှောင်ယန်းက ယူသွားမည်ဖြစ်သည်။

“ဒီတစ်ကြိမ်မှာ၊ ငါတို့က လင်းမျိုးနွယ်နဲ့ ရန်သူတွေဖြစ်သွားပြီ၊ ညီလေး ဒီလူတွေကို ဘယ်လိုကိုင်တွယ်မလဲ”

ဝူယွမ်သက အေးစက်စက်ဖြင့် မေးမြန်းခဲ့ပြီး၊ သဘောထားကွဲလွဲပါက သတ်ပစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဤအဆင့်တွင်၊ လင်းလန်တျန်းက အန္တာရာယ်ကြီးကြီးမားမား မရှိတော့ဘဲ လင်းမျိုးနွယ်သည်သာလျှင် စစ်မှန်တဲ့ ကြီးမားသော သတ္တဝါကြီးဖြစ်လာသည်။ ဖန်တီးခြင်းနယ်ပယ် သုံးမျိုးမှ ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိပြီး၊ မျိုးနွယ်စုခေါင်းဆောင်က နိဗ္ဗာန်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

လင်းမျိုးနွယ်က အငြိုးဖြင့်လာတိုက်ပါက၊ တန်ပြန်တိုက်ခိုက်ရန် ခက်ခဲမည်ဖြစ်ပြီး၊ အသက်ရှင်ရန် အတွက် ထွက်ပြေးရမည်သာ ဖြစ်သည်။

“အဖိုး”

လင်းတုန်က လင်းကျဲ့တျန်းကို လှည့်ကြည့်လိုက်သည်။

မျိုးနွယ်နှင့် ပတ်သက်၍၊ လင်းတုန်တွင် ထူးထူးခြားခြားခံစားချက် မရှိခဲ့ပေ၊ လင်းမျိုးနွယ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ။ မျိုးနွယ်က သူ့အတွက် မည်သည့် အကျိုးကျေးဇူးမှ မယူဆောင်ပေးခဲ့ပေ။

လင်းကျဲ့တျန်းတစ်ဦးတည်းသာ အတွင်းမျိုးနွယ်သို့ ပြန်လည်ရောက်ရှိရန် အလွန်ပြင်းပြသော ဆန္ဒရှိခဲ့သည်။

လင်းကျဲ့တျန်း - “စိတ်မပူပါနှင့်၊ လင်းလန်တျန်းက လင်းမျိုးနွယ်တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး၊ ဒီတစ်ကြိမ်မှာ သူက အလွန်အမင်းပြုမူခဲ့တယ်၊ သူရဲ့ပါရမီက ကောင်းကင်ကိုဆန့်ကျင်သည်ဖြစ်စေ၊ မျိုးနွယ်က သူ့အား မတရားသဖြင့် ပြုမူခွင့်၊ အကြောင်းမဲ့ မျိုးနွယ်တူများကို သတ်ဖြတ်ခွင့် မပေးထားဘူး အဲ့အရာက ကြီးလေးတဲ့ တားမြစ်ချက်တစ်ခုဘဲ

ငါတို့မျိုးဆက်ရဲ့ အတွင်းမျိုးနွယ်ထဲမှာ ဩဇာညောင်းသော ပုဂ္ဂိုလ်တွေ ရှိနေဆဲဘဲ၊ ဒီအကြိမ် လင်းလန်တျန်းမှားယွင်းကြောင်း သူတို့သိခဲ့ရင်၊ မျိုးနွယ်က ငါတို့ကို လက်တုံ့ပြန်မှာမဟုတ်ဘဲ၊ လင်းလန်တျန်းကိုသာ ပြစ်ဒဏ်ပေးလိမ့်မယ်”

လင်းတုန်ကို ပြောပြီးနောက်၊ သူက အကြီးအကဲထောင် လင်းခဲ့အာနှင့် အခြားသူများကို ကြည့်လိုက်သည်။

“မင်းတို့အားလုံး ဒီကိစ္စရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့တယ်မလား၊ ယန်မြို့ မိသားခုခွဲက မျိုးနွယ်ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒီတစ်ကြိမ်မှာ လင်းလန်တျန်းက အလွန်အမင်းစော်ကားခဲ့တာဘဲ”

“မိတ်ဆွေဟောင်းနဲ့ လင်းခဲ့အာ... မင်းတို့သာ ယန်မြို့ မိသားစုခွဲအတွက် ဒီကိစ္စကို မျိုးနွယ်စုဆီ မှန်မှန်ကန်ကန် အစီရင်ခံမယ်ဆို၊ ဒီနေ့ ဒီအဘိုးကြီးက ဆုံးဖြတ်ချက်ချကာ မင်းတို့ကို လွှတ်ပေးမယ်။”

အကြီးအကဲထောင် လင်းခဲ့အာနှင့် အခြားသူများက မရေမရာဖြစ်ကာ‌ တွေဝေနေကြသည်။ ထိုသက်သေထွက်ဆိုမှုသည် လင်းလန်တျန်းကို ဆန့်ကျင်သည့် သက်သေထွက်ဆိုမှု ဖြစ်ပြီး၊ သူ၏ ရန်သူဖြစ်လာရန်သာ ရှိသည်။

မျိုးနွယ်အတွင်း၌၊ လင်းလန်တျန်း၏ ရာထူးနှင့် အနာဂတ်တွင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာနိုင်ခြေရှိကြောင်းကို လူတိုင်းသိထားကြသည်။

သူ၏ ရန်သူဖြစ်လာခြင်းက အလွန်အန္တရာယ်များသော ကိစ္စဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင်၊ သူတို့သာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက... သူတို့ ချက်ချင်းဆိုသလို သေဆုံးသွားနိုင်ခြေ များသည်။

အကြီးအကဲထောင်က သူ၏ကိုက်ဖြတ်ခံထားရသော လက်ကို ထိတွေ့ကာ၊ “အရာရာတိုင်းက ဒီအဆင့်ထိ ရောက်လာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး၊ လန်တျန်းရဲ့ အပြုအမူတွေက အခုတစ်ကြိမ်မှာ တစ်ကယ်ဘဲ လွန်လွန်းခဲ့တယ်၊ မိတ်ဆွေဟောင်းကြီးး၊ စိတ်ချပါ၊ ကျွန်တော်က အခု မသန်စွမ်းသူ ဘ၀ကို ရောက်သွားပြီ၊ ကျွန်တော် ပြန်ရောက်တာနဲ့၊ မျိုးနွယ်စုကို အရာရာတိုင်း မှန်မှန်ကန်ကန် ရှင်းပြသွားမှာပါ၊ ခုနက မင်းရဲ့အသက်ကယ်တင်ခဲ့တာအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့”

လင်းခဲ့အာ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေခဲ့ပြီး၊ “မျိုးနွယ်အခြင်းခြင်း တိုက်ခိုက်မှုတွေကို ကျွန်မဘယ်တုန်းကမှ မလိုလားခဲ့ဘူး၊ အကြီးအကဲမပြောရင်တောင် မျိုးနွယ်က မေးမြန်ရင်၊ ကျွန်မ အမှန်တိုင်းဖြေသွားမှာပါ” အသည်းနာကျနေသည့်ပုံစံဖြင့် ပြောခဲ့သည်။

“ကျွန်တော်လည်း ဒီအတိုင်းပါပဲ”

“ကျွန်တော်လည်း ဒီအတိုင်းပါပဲ”

...ကျန်ရှိနေသော အခြားလူငယ်မိားကလည်း သဘောတူညီခဲ့ကြသည်။

သို့ရာတွင်၊ သူတို့၏ နှလုံးသားမှ အမှန်တကယ် သဘောတူခဲ့ခြင်းရှိ၊ မရှိ မသိရပေ။

လင်းကျဲ့တျန်းက အသက်ပျင်းပျင်း တစ်ချက်ရှုလိုက်ပြီး

“မင်းတို့ ထွက်သွားကြတော့”

မျိုးနွယ်လူငယ်များသည် ကျေးဇူးတင်စိတ်ဖြင့် လင်းကျဲ့တျန်းကို ကြည့်ကာ၊ လင်းမျိုးနွယ်မှ မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့ကြသည်။

လင်းခဲ့အာက နောက်ဆုံးထွက်ခွာသွားသူဖြစ်ပြီး၊ မထွက်ခွာခင် နောက်လှည့်သတိပေးလိုက်သည်။

“မျိုးနွယ်က ရှင်တို့ကို ဒုက္ခမပေးနိုင်ပေမဲ့ အစ်ကိုကြီးလင်းလန်တျန်က အမြဲတမ်း အငြိုးကြီးတဲ့သူဘဲ၊ ဒီတစ်ကြိမ်တွင် သူဒဏ်ရာရရှိခဲ့ပြီး မှတော့ ရှင်တို့ကို ကလဲ့စားချေဖို့ လက်လျှော့မှာ မဟုတ်ဘူး ရှင်တို့ နှစ်ယောက် သတိထားကြပါ။”

သူမသည် လင်းတုန်ကို လင်းလန်တျန်းက ဤကဲ့သို့ ကိုင်တွယ်သည်ကို မြင်ရန် မလိုလားခဲ့ပေ၊ လင်းတုန်းသည်လည်း သူတို့ လင်းမျိုးနွယ်၏ ပါရမီရှင်တစ်ဦးဖြစ်သည်။

လင်းတုန်းက အေးစက်သောအသံဖြင့် ပြန်ပြောလိုက်သည်၊ “မိန်းကလေးလင်း စိုးရိမ်စရာမလိုပါဘူး၊ သူက ကျွန်တော်တို့ကို လွှတ်ပေးမှာမဟုတ်သလို၊ ကျွန်တော်တို့ကလည်း သူ့ကို လွှတ်ပေးဖို့ အစီအစဉ်မရှိဘူး။”

ဤတိုက်ပွဲပြီးနောက်၊ လင်းလန်တျန်းအပေါ် သူ၏ သတ်ဖြတ်လိုစိတ်သည် ပိုမိုပြင်းထန်လာခဲ့သည်။

“ဟင်းး...”

လင်းခဲ့အာ သက်ပျင်းချလိုက်ပြီး လင်းမျိုးနွယ်မှ ထွက်ခွာသွားခဲ့သည်။

သူမသည် သူတို့ကြားရှိ အငြိုးကို ဖြေရှင်းရန် မည်သို့မျှ မတတ်နိုင်ခဲ့ပေ၊ သူမသည် သူတို့ကို လုံးဝ နားမချနိုင်ခဲ့ပေ။

လင်းလန်တျန်းက ပါရမီရှင်တစ်ဦးဖြစ်ပေမဲ့၊ ဝူယွမ်နှင့် လင်းတုန်းတို့သည်လည်း သာမန်မဟုတ်သော ပါရမီရှင်များဖြစ်ကြသည်။ ပါရမီရှင်များကြားတွင်၊ အနိုင်ရသူကသာ ရှင်သန်မည်ဖြစ်ပြီး၊

အနာဂတ်တွင်၊ တစ်ဖက်ဖက်က အဆုံးသတ်တွင် ကျရှုံးရမည်သာ ဖြစ်သည်။

လင်းမျိုးနွယ်၏ ပါရမီရှင်ကြီး နှစ်ဦး အတူတကွ တည်ရှိနိုင်ခြင်း မရှိခဲ့ခြင်းက ဝမ်းနည်းဖွယ်ရာ ကိစ္စတစ်ခုဘဲ ဖြစ်သည်။

“ကျေးဇူးပါ၊ ညီငယ် ဝူယွမ်ရဲ့ အကူအညီသာ မရှိခဲ့ရင် ငါတို့ လင်းမျိုးနွယ်က ဒီနေ့ သွေးထွက်သံယိုဖြစ်မှာ သေချာတယ်၊ ငါ ခုနက သူတို့ကို လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာကို၊ ကျေးဇူးပြုပြီး နားလည်ပေးကြပါ၊ ညီငယ် ဝူယွမ် ဒီအဖိုးကြီးက မျိုးနွယ်တူ အချင်းချင်း သတ်ဖြတ်တာကို မလိုလားသလို၊ မျိုးနွယ်စုက ငါတို့ကို ကိုင်တွယ်ရန် ဆုံးဖြတ်ထားရင်လည်း သူတို့ကို သတ်ပစ်တာ ဒါမှမဟုတ် ခြိမ်းခြောက်ရန် အသုံးပြုတာက အကျိုးမရှိဘူး သူတို့ကို ပြန်လွှတ်လိုက်တာက ပိုကောင်းပါတယ်၊ သူတို့ထဲက တစ်ဦးဦးကသာ ငါတို့ လင်းမျိုးနွယ်အတွက် စကားပြောပေးပြီး၊ မျိုးနွယ်ထဲရှိတဲ့ အကြီးအကဲတွေနဲ့အတူ၊ လင်းမျိုးနွယ်စုကို လင်းလန်တျန်းဘက်ကနေ မရပ်တည်ဖို့ရာ သဘောတူစေနိုင်တယ်။”

လင်းကျဲ့တျန်းသည် ဝူယွမ်ထံသို့ လျှောက်လှမ်းလာပြီး၊ ကျေးဇူးတင်ကြောင်းပြောကာ သေချာ ရှင်းပြခဲ့သည်။

ဝူယွင် - “လင်းအကြီးအကဲ၊ အဆင်ပြေသလိုလုပ်ပါ လင်းမျိုးနွယ်ရဲ့ ကိစ္စရပ်တွေကို လင်းမျိုးနွယ်က ကိုင်တွယ်တာ အကောင်းဆုံးပါဘဲ၊ လင်းလန်တျန်းကသာ အလွန်အမင်းမလုပ်ဘဲ လင်းတုန်ရဲ့ အသက်ကို ယူဖို့ မကြိုးစားခဲ့ရင်၊ ကျွန်တော် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။”

“ ဒီလိုတွေဖြစ်လာပြီးပီဆိုတော့ ကျွန်တော်တို့ ပြင်ဆင်ထားရမှရမယ်၊ လင်းမျိုးနွယ်က တုံ့ပြန်ဖို့ရာ မသေချာပေမဲ့၊ လင်းလန်တျန်းကတော့ သေချာပေါက်တုန့်ပြန်လိမ့်မယ်၊ သူ့ရဲ့ အရိပ်ထဲက တိုက်ခိုက်တာကို ကာကွယ်ဖို့ရာ....”

“ကျွန်တော့်အမြင်… ကျွန်‌ေတာ်တို့လုံခြုံရေးအတွက်၊ အင်အားစုနှစ်ခုလုံး ဒီအချိန်မှာ ပုန်းနေတာက အကောင်းဆုံးဘဲ၊ လင်းမျိုးနွယ် မတုံ့ပြန်တော့တာ သေချာမှ ဒါမှမဟုတ် လင်းတုန်းနဲ့ ကျွန်တော်မှာ လင်းမျိုးနွယ်ကို ကိုင်တွယ်နိုင်တဲ့ စွမ်းအားရှိလာမှ ပြန်ထွက်လာတာကောင်းမယ်။”

“ပုန်းအောင်းဖို့လား”

လင်းမိသားစုတွင်းမှ လူအားလုံးက ဝူယွမ်ကို ကြည့်နေခဲ့ကြသည်။

“လူအများကြီးနဲ့ ပုန်းအောင်းဖို့ဆိုတာ မလွယ်ဘူး၊ လင်းမျိုးနွယ်ရဲ့ ဩဇာက မဟာယန်မင်းဆက်တစ်ခုလုံးကို ပျံ့နှံ့နေတယ်၊ သူတို့သာ အမှန်တကယ် ငါတို့ကို ကိုင်တွယ်ရန် ဆုံးဖြတ်မယ်ဆို၊ ငါတို့ ပုန်းအောင်းနေရင်တောင် သိပ်မကြာခင် တွေ့သွားကြမှာဘဲ။”

လင်းကျဲ့တျန်းက ပူပန်သောကရောက်နေပြီး၊ သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ပုန်းအောင်းဖို့ရာနေရာအတွက်၊ စိုးရိမ်ဖိုမလိုပါဘူး၊ ကျွန်တော့်မှာ နည်းလမ်းရှိတယ်၊ လင်းမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ကျွန်တော်တို့ကို ကိုင်တွယ်ဖို့ မလာမချင်း၊ ပြဿနာမရှိဘူး၊ လင်းမျိုးနွယ်စုခေါင်းဆောင် လာခဲ့ရင်တောင်၊ ကျွန်တော်တို့ အင်အားစုနှစ်ခုကို ဖျက်ဆီးဖို့ ကြိုးစားသူမှန်သမျှ တန်ရာတန်ကြေးပေးရလိမ့်မယ်”

ဝူယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ဝူယွမ်၏ ယုံကြည်မှုကို မြင်လိုက်ရသည့်အခါ၊ လင်းကျဲ့တျန်း၊ လင်းရှောင်းနှင့် အခြားသူများ သံသယများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

လင်းမျိုးနွယ်စုခေါင်းဆောင်သည် နိဗ္ဗာန်အဆင့် စွမ်းအားရှင်တစ်ဦးဖြစ်ပြီး ဝူယွမ်က ထိုအဆင့်ရှိသူကို ကိုင်တွယ်ရန် ယုံကြည်မှုကို မည်သည့်နေရာမှ ရခဲ့သနည်း။

လင်းတုန်းတစ်ဦးတည်းသာ စဉ်းစားမိခဲ့ပြီး၊ ဝူယွမ်၏ အစီအစဉ်ကို သိသွားသည်။ သူက အံ့အားသင့်စွာဖြင့် ဝူယွမ်ထံသို့ ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ် စကားပြောလိုက်သည်။

“အစ်ကိုကြီး... အစ်ကိုကြီးက ငါတို့အားလုံးကို ရှေးဟောင်းဂူသင်္ချိုင်းဆီ နေရာချထားပေးဖို့ စဉ်းစားနေတာလား”

“ဟုတ်တယ်... အမှန်ဘဲ”

ဝူယွမ်သည် သူ့အား ပြုံးပြလိုက်ပြီး၊ လင်းတုန်းထံသို့ ဝိညာဉ်စွမ်းအင်ဖြင့် ပြန်ဆက်သွယ်ရှင်းပြလိုက်သည်။

“ငါက ရှေးဟောင်းဂူသင်္ချိုင်း ပိုင်ရှင်ရဲ့ အမွေကို ဆက်ခံထားတာကြောင့်၊ ရှေးဟောင်းဂူသင်္ချိုင်းရဲ့ အစီအရင်တွေကို ပြန်အသက်သွင်းနိုင်တဲ့အပြင် သူတို့ကို ပိုအားကောင်းလာအောင် လုပ်နိုင်တယ်လို့လည်း ယုံကြည်တယ်၊ ဒီလိုကြီးမားတဲ့ နန်းတော်ကြီးက ငါတို့ အင်အားစုနှစ်စုရဲ့ အဓိကအဖွဲ့ဝင်တွေ နေထိုင်ဖို့အတွက် လုံလောက်တယ်။”

“ကောင်းပြီ၊ လင်းအကြီးအကဲ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါ၊ နေရာ ခုချက်ချင်း ပြောင်းဖို့လုပ်ကြမယ် အဓိကမိသားစုဝင်တွေကိုစုပြီး၊ ပစ္စည်းတွေကို ထုပ်ပိုးပါ၊ ပြီးရင် လိုအပ်တဲ့ နေထိုင်မှုအသုံးအဆောင်ပစ္စည်းအားလုံးကို ဝယ်ထား- များလေကောင်းလေဘဲ၊ သီးသန့်နေထိုင်မှုကာလအတွက် စိတ်ပိုင်းဖြတ်ထားပါ၊ ပြီးတော့ဒါက အခွင့်အရေးကောာင်းဘဲ လင်းတုန်းနှင့် ကျွန်တော် ရတနာ ရရှိခဲ့ကြတယ်။”

ဝူယွမ်က ပိုင်ယွမ်ကို စီးလျက် လင်းကျဲ့တျန်းနှင့် အခြားသူများအား ပြာလိုက်သည်။

“ကျွန်တော် ပြန်သွားပြီ၊ သိုင်းခန်းမကို ပြောင်းရွှေ့ ပြင်ဆင်ဖို့ရာ အသိပေးလိုက်အုံးမယ်၊ မနက်ဖြန်နံနက် ယန်မြို့က ထွက်ခွာကြမယ်”

ရူးသွပ်ဓားသိုင်းခန်းမသို့ ပြန်ရောက်သောအခါ။

ဝူယွမ်သည် လင်းမျိုးနွယ်တွင် ဖြစ်ပျက်ခဲ့သည်များကို လုံချန်းနှင့် အခြားသူများအား အသိပေးခဲ့ပြီး၊ လုံချန်းအား တောင်းပန်ခဲ့သည်။

“အဖေ... ဒီတစ်ကြိမ်မှာ သားက သိုင်းခန်းမကို စိတ်ပျက်စေခဲ့တယ်၊ လင်းတုန်းနှင့် သူ့မိသားစုကို ကယ်တင်ဖိို့၊ ကျွန်တော် လင်းမျိုးနွယ်ကို မကျေမနပ်ဖြစ်အောင် လုပ်ခဲ့မိပြီး၊ မတော်တဆ သိုင်းခန်းမကိုပါ အန္တရာယ်ထဲ ကြရောက်စေခဲ့တယ်၊ အခု ကျွန်တော်တို့မှာ ပုန်းအောင်းဖို့က လွှဲပြီးရွေးချယ်စရာ မရှိတော့ဘူး။”

ဤအကြိမ်တွင်၊ သူကြောင့် ရူးသွပ်ဓားသိုင်းခန်းမ ဘေးဒုက္ခရောက်ရသည်ဟု ထင်ရသည်၊ ရူးသွပ်ဓားသိုင်းခန်းမသည် သူတစ်ဦးတည်းမဟုတ်ဘဲ၊ တပည့်များစွာ ရှိသည်။

သူတို့၏ ကံကြမ္မာသည် ဝူယွမ်နှင့် ခွဲ၍မရအောင် ချိတ်ဆက်လျက် ရှိသည်။

ဝူယွမ် ဖြစ်စေခဲ့သော ဒုက္ခကို သူတို့လည်း မလွဲမသွေ ခံစားကြရမည်ဖြစ်သည်။

လုံချန်း - “အားယွမ်... ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့၊ အဖေနားလည်ပါတယ်၊ ဒီနှစ်တွေအတွင်း၊ ငါတို့ ရူးသွပ်ဓားသိုင်းခန်းမနဲ့ လင်းမိသားစုက မဟာမိတ်တွေဖြစ်လာခဲ့ကြတယ်၊ အကျိုးစီးပွားတွေကို မျှဝေခဲ့ကြပြီး၊ ဆက်ဆံရေးကလည်း နက်ရှိုင်းခဲ့တယ်။”

“ငါတို့ ရူးသွပ်ဓားသိုင်းခန်းမက အခက်အခဲတွေ့ခဲ့ရင်လည်း၊ လင်းမိသားစုက ဘေးကနေ ရပ်‌ကြည့်နေမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။”

“ယွမ် လုပ်တာမမှားဘူး၊ လူသားတစ်ဦး၊ ညီအစ်ကိုတစ်ဦးအနေနဲ့၊ မင်းရဲ့ စိတ်နှလုံးသားက ရှင်းလင်းနေရမယ်။”

“ဒီ‌ေန့ လင်းတုန်း သတ်ဖြတ်ခံရတာကို ကြည့်နေခဲ့ရင်၊ မင်း တစ်သက်လုံး နောင်တရနေမယ်ဆိုတာ ငါသိတယ်၊ အဲ့လိုဆို မတန်ဘူး၊ အခုက….”

“အဆိုးရွားဆုံးက၊ ဒီအဘိုးကြီး တစ်သက်လုံး ပုန်းအောင်းနေရရုံပေါ့။”

“‌ဒါပေမဲ့... အဖေ မင်းကို ယုံကြည်တယ် ဒါလေးက လင်းမျိုးနွယ်စုလေးပါဘဲ၊ မင်းရဲ့ ကြီးထွားမှုနှုန်းနဲ့ဆို၊ အားယွမ်... မင်း လင်းမျိုးနွယ်ကို မီအောင် လိုက်နိုင်မယ်လို့ အဖေယုံတယ်”

လုံချန်း၏ ထောက်ခံမှုနှင့် နားလည်မှုကို ရရှိသည့်အခါ၊ ဝူယွမ်အတော်လေး စိတ်သက်သာရာ ရသွားသည်။

“ဟားဟား... အဖေက တစ်ကယ့်ကို ရိုးသားဖြောင့်မတ်တဲ့သူဘဲ၊ ကျွန်တော့်လို”

“ဟေ့... ကောင်လေး”

လုံချန်းက ဝူယွမ်ကို ကန်ချလိုက်သည်။

“ဟီဟီ” ဝူယွမ်က ရိုးသားသော အပြုံးတစ်ခုနှင့် ပြန်တုံ့ပြန်ခဲ့သည်။ မကောင်းသောသတင်းကို ပေးပြီးနောက်၊ သူက သတင်းကောင်းအချို့ကို မျှဝေရန် လိုအပ်လာသည်။

လုံးချန်း၏ မျက်နှာကို သေချာကြည့်ပြီးပြောလိုက်သည်။

“ အဖေ... သားက သိုင်းခန်းမအတွက် အန္တရာယ်တွေ ယူလာခဲ့တယ်ဆိုပေမဲ့၊ ကံကောင်းခြင်းက ကံဆိုးခြင်းနဲ့ ရောထွေးလျက် ရှိတယ်၊ ကျွန်တော် သိုင်းခန်းမအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခုကို ပြင်ဆင်ထားပါတယ်။”

“ရှင်းရှင်းလင်းလင်း ပြောရရင်၊ အဖေ၊ ဒီတစ်ကြိမ်မှာ ကျွန်တော်က နိဗ္ဗာန်အဆင့် စွမ်းအားရှင်ရဲ့ ရှေးဟောင်းဂူသင်္ချိုင်းကို အပြည့်အဝ ရယူနိုင်ခဲ့တယ်။”

“အပြည့်အဝ... ဘယ်လိုအပြည့်အဝလဲ” လုံချန်းသည် ခဏတာ အံ့အားသင့်သွားခဲ့ပြီး၊ နောက်တွင် တုံ့ပြန်လာခဲ့သည်။

“ဆိုလိုတာက... ဒီရှေးဟောင်းဂူသင်္ချိုင်းထဲက အခွင့်အလမ်းအားလုံးကို မင်းရခဲ့တာလား”

“ဟုတ်ပါတယ်” ဝူယွမ်သည် ပြုံးရိပ်မပျက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါကြောင့်ကိုးး... ဟားဟားဟား... အဲဒါကြောင့်”

“မနေ့က တျန်းယန်ယန်တောင်တန်းကနေ ပြန်လာတဲ့သူတွေအားလုံးက ရှေးဟောင်းဂူသင်္ချိုင်း ပိုင်ရှင်ကို ဆင်းရဲသားလို့ ကျိန်ဆဲနေကြပြီး ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုလုံး ဗလာဖြစ်နေတယ် ဘာမှမရှိဘူးလို့လည်း ပြောနေကြတယ်၊ မင်းတို့အားလုံး အချည်းနှီးသွားကြတယ်လို့ အဖေထင်ပြီး စိုးရိမ်နေခဲ့တယ်၊ အခုတော့ အဲဒါကြောင့်... အဲဒါကြောင့်ကိုးး”

လုံချန်းသည် အလွန်တက်ကြွလာခဲ့ပြီး၊ သူ၏မျက်လုံးများက ဝူယွမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခဲ့သည်။

“ရလဒ်က ဘယ်လိုလဲ”

ဝူယွမ်က သူ၏ဖခင် သူ့ကို ချီးကျူးသောမျက်လုံးများဖြင့် ကြည့်ရှုနေသည်ကို နှစ်သက်မိနေခဲ့ပြီး၊ ဆက်လက်ပြောခဲ့သည်။

“အဟွတ် ... ရတနာတွေက များလွန်းလို့၊ ဘယ်လောက်ရမလဲ မမှန်းဆနိုင်အောင်ပါဘဲ၊ ရေတွက်ဖို့တောင် အချိန်မရသေးပါဘူး”

ဝူယွမ်သည် သူ၏အပေါ်ဝတ်ရုံကို မြှောက်ပြလိုက်ကာ၊ ချမ်းသာသောကုန်သည်တစ်ဦးကဲ့သို့ သူ၏ခါးတွင် ချိတ်ဆွဲထားသော အလတ်စား စကြဝဠာသိုလှောင်အိတ် နှစ်ဆယ့်ကျော်ကို ပြသလိုက်သည်၊ ထို့နောက် လုံချန်းကို တစ်ပတ်လှည့်ပြလိုက်သည်။

“ဒါတွေကတစ်ဝက်ပဘဲရှိသေးတယ်၊ လင်းတုန်းဆီမှာ နောက်တစ်၀က်ရှိသေးတယ်”

“ဟီး”

လုံချန်းသည် အသက်ပျင်းပျင်း ရှုလိုက်မိသည်။

“ပစ္စည်းတွေ များလွန်းလို့၊ အမျိုးအစားတွေလည်း များလွန်းလို့၊ ရိုးရိုးရှင်းရှင်းလေး နှစ်ခုဘဲ ပြောပြမယ်။”

ဝူယွမ်သည် လက်ရှိအချိန်တွင် သူ၏ဖခင်က သူ့ကို ချီးကျူးသောမျက်လုံးများဖြင့် ကြည့်ရှုနေသည်ကို နှစ်သက်နေခဲ့ပြီး၊ ဆက်လက်ပြောပြလိုက်သည်။

“ယွမ်ယန်ဆေးလုံး... သန်းခုနှစ်ဆယ်ကျော် ရှိမယ်ထင်တယ်။”

“သန့်စင် ယွမ်ဆေးလုံးက... အတွင်းအပြင်ပေါင်းလိုက်ရင်... နှစ်သန်းလောက် ရှိမယ်။”

လုံချန်းသည် သူကြားရသည့် ဂဏန်းများကို ယုံကြည်ရန် မတတ်နိုင်ခဲ့ပေ၊ ခုနစ်ထောင်မဟုတ်၊ နှစ်ရာမဟုတ်၊ သူနားကြားမမှားခဲ့ပါ၊ နောက်တွင် ‘သန်း’ ဟူသော စကားလုံးကို ထည့်သွင်းထားသည်၊ သူက နေရာတွင် အေးခဲသွားသည်၊ သူ့ဘ၀တွင် အဲ့လောက်များပြားသည့် ပစ္စည်းများ ရလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ပေ။

ဝူယွင် - “သန့်စင် ယွမ်ဆေးလုံးကို အဖေသိပါတယ်၊ ယန်ယွမ်ဆေးလုံးအဖြစ် ပြောင်းလဲမယ်ဆိုရင်၊ သန်းနှစ်ရာဖြစ်သွားမယ်၊ ယွမ်ကျောက်တုံးအဖြစ် ပြောင်းလဲမယ်ဆိုရင်၊ နှစ်ဘီလီယံဖြစ်သွားမယ်။”

“ကောင်လေး... မင်းငါ့အတွက်ကူ တွက်ပေးဖို့မလိုဘူး”

လုံချန်းက စိတ်ဆိုးဟန်ဖြင့် ပြောခဲ့သော်လည်း၊ သူ၏ စိတ်အခြေအနေက သိသိသာသာ ကောင်းမွန်လာခဲ့သည်။

သို့သော်၊ သူ၏မျက်နှာအမူအရာက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“ဒီ ရှေးဟောင်းဂူသင်္ချိုင်းထဲကို ပြောင်းရွှေ့တဲ့ကိစ္စကရော... နည်းနည်းတော့ မတရားသလိုများဖြစ်နေတယ်လား၊ မင်းက သူ့ရဲ့ပစ္စည်းတွေအားလုံးကို ယူပြီးသွားပြီ၊ အခုတော့ နယ်မြေတောင်မှ အလွှတ်မ‌ပေးတော့ဘူးလား၊ နည်းနည်းတော့ များသွားတယ်မဟုတ်လား”

ဝူယွမ်က အံ့အားသင့်စွာဖြင့် လုံချန်းကို ကြည့်လိုက်သည်၊ “အဖေ... ဘာလို့ ဒီလိုပြောရတာလဲ”

လုံချန်းက သူ၏ခေါင်းကို ပွတ်သပ်ကာ၊ “မင်း ဘယ်တုန်းကမှ ဒီလို ခံစားချက်မျိုး မရှိခဲ့ဖူးလား၊ သူ့အတွက် မင်းက မရည်ရွယ်ဘဲ ပြစ်မှားမိတဖြ့ ခံစားချက်မျိုး မရှိခဲ့ဖူးလား၊ သူ့ရဲ့ အရိပ်က မင်းကို ခြောက်လှန့်မှာကို မင်း မကြောက်ဘူးလား၊ မင်းကလျှို့ဝှက်ပြီး ရှေးဟောင်းဂူသင်္ချိုင်းကို လုယက်ခဲ့တာကြောင့်၊ ရှေးဟောင်းဂူသင်္ချိုင်း ပိုင်ရှင်ဟာ အခု ဆင်းရဲသားဆိုတဲ့ အမည်နဲ့ ကျော်ကြားနေပြီး၊ လက်ဗလာနဲ့ပြန်လာတဲ့သူတွေရဲ့ နေ့စဉ်ကျိန်စာတိုက်တာကို ခံနေရတယ်ဆိုတာ မင်းသိသင့်တယ်။”

ဝူယွမ်၏ အတွေးများသည် လုံချန်း၏ အတွေးများနှင့် ကောင်းကင်နဲ့မြေကြီးကဲ့သို့ ကွာခြားနေခဲ့သည်၊ သူကမူ။

“အဖေ... ‌အဖေ ဒီလိုမျိုး စဉ်းစားသင့်တယ် - ငါတို့လုပ်နေတာက သူ့ဂူကို စောင့်ရှောက်ပေးဖို့ပါ၊ သေပြီးနောက် ဂူကို စောင့်ရှောက်ပေးမယ့်သူ ရှိတဲ့အတွက်၊ တမန်လွန်မှာ သူကျေးဇူးတင်နေမှာဘဲ။”

ဝူယွမ်သည် အမှန်တကယ် ထိုအတိုင်းစဉ်းစားခဲ့သည်။ ဂူပိုင်ရှင်၏ မှတ်ဉာဏ်များကို ဆက်ခံပြီးနောက်၊ သူက ဂူပိုင်ရှင်အား သေဆုံးသွားပြီဖြစ်သော ဆရာတစ်ဦးအဖြစ် သဘောထားခဲ့သည်။

ထို့အပြင်၊ ဂူပိုင်ရှင်သည် ကြင်နာတက်သော အဖိုးကြီးတစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော လူကောင်းတစ်ဦးက သူတို့အား အပြစ်တင်မည် မဟုတ်ပေ။

သူ၏မှတ်ဉာဏ်များထဲတွင်၊ ဂူပိုင်ရှင်၏ အမည်မှာ လီလင်းစူ ဖြစ်ပြီး၊ သူသည် ပျော်ဖွယ်သမဂ္ဂအသင်း၏ သန့်ရှင်းသူဖြစ်ကာ၊ သူက မိမိကိုယ်ကို ‘အချစ်သန့်ရှင်းသူ’ ဟုခေါ်ဝေါ်ပြီး၊ ပျော်ဖွယ်ဆရာဟု လူသိများသည်၊ သူက ကရုဏာတရားရှိသူဖြစ်ပြီး၊ သူ၏တစ်သက်တာကို ကောင်းမှုပြုလုပ်ရန်သာ ရည်စူးခဲ့ပြီး၊ မရေမတွက်နိုင်သော လူများကို ကယ်တင်ခဲ့သည်။ လောကီအမျိုးသမီးများစွာကိုလည်း ကယ်တင်ခဲ့သည်။

ထိုကဲ့သို့သော လူကောင်းတစ်ဦးက သူ၏အမွေဆက်ခံသူကို အပြစ်တင်မည်မဟုတ်ပေ။

ထို့အပြင်၊ သူသည် လင်းချင်းကျူထံမှ အရိုးများအမှုန့်ဖြစ်သည်အထိ ရိုက်နှက်ခံခဲ့ရပြီး၊ သူ၏ နောက်ဆုံးဝိညာဉ်သည်လည်း နွေဦးကာလ အမှုန်များအဖြစ် ပြောင်းလဲသွားကာ ပန်းများကို ကာကွယ်ရန်၊ သူနှင့် လင်းချင်းကျူကို အာဟာရဖြည့်တင်းပေးရန် အသုံးပြုခဲ့သည်။

ဝူယွမ်က သူ့ကို ကျေးဇူးဆပ်ရမည့် အကြွေးတစ်ခုရှိပြီး၊ သူ့အတွက် ကျောက်ခေါင်းတစ်ခု ပြန်လည်ထူထောင်ပေးရန် စဉ်းစားနေခြင်းဖြစ်ကာ၊ သူ၏ဂူကို စောင့်ရှောက်ခြင်းသည်လည်း သင့်တော်ပေသည်။

လုံချန်းသည် သူ့သားတော်၏ အတွေးများက ထိုမျှ ထူးခြားဆန်းကြယ်ပြီး၊ သမားရိုးကျမဟုတ်ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူက ဝူယွမ်ပြောသည့်အတိုင်းဆို ဂူပိုင်ရှင်သည် အခုအချိန်တွင် ဝူယွမ်အား မည်သို့ပြောမည်ကို စဉ်းစားမိလိုက်သညါ။

ဂူပိုင်ရှင် (မျက်ရည်များဖြင့်) – “ကျေးဇူးအများကြီးတင်ပါတယ်”

All Chapters