← Chapters

ရှေးဟောင်းဂူသင်္ချိုင်းကို ပြန်လည်မွန်းမံခြင်း

Vol. 9 Ch. 83

ရှေးဟောင်းဂူသင်္ချိုင်းကို ပြန်လည်မွန်းမံခြင်း

Vol. 9 Ch. 83

ဝူယွမ် ပြောခဲ့သော ချမ်းသာကြွယ်ဝမှုအကြောင်းက လုံချန်းအတွက် စိတ်ကျေနပ်စေသည့် အချက်တစ်ခု ဖြစ်ခဲ့သည်။

သူက ချက်ချင်းဘဲ ရူးသွပ်ဓားသိုင်းခန်းမ၏ တပည့်သားများကို စုရုံးကာ အဓိကအဖွဲ့ဝင်အားလုံးကို ခေါ်ဆောင်လျက်၊ သိုင်းခန်းမ၏ ဒုက္ခအခက်အခဲများကို မခံနိုင်သော သူများကို ထုတ်ပယ်ရန် အခွင့်ကောင်းယူခဲ့သည်။

အင်အားစုနှစ်စု ညွှန်ကြားချက်များ ပေးပြီးနောက်၊ ဝူယွမ်သည် ရွှေတစ်သောင်းကုန်သည်အသင်း၊ အဆောင်သခင်အသင်းနှင့် မြို့တော်ဝန်နန်းတော်သို့ ဆက်တိုက် သွားရောက်ခဲ့သည်။

သူက ယွမ်ကျောက်တုံးမိုင်းတွင်းအပါအဝင် အင်အားစုနှစ်ခု၏ လုပ်ငန်းများကို ရွှေတစ်သောင်းကုန်သည်အသင်းထံ ပေါင်ထားကာ လိုအပ်သော နေထိုင်မှုအသုံးအ‌ဆောင်ပစ္စည်းများကို ၀ယ်ယူခဲ့သည်။

ထို့အပြင် သူက အဖွဲ့အစည်းသုံးခုထံမှ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ဝယ်ယူခဲ့သည်။

ရှေးဟောင်းဂူသင်္ချိုင်း၏ အစီအရင်ပုံစံသစ်အတွက် ပစ္စည်းကိရိယာ အလွန်များပြားလွန်းသဖြင့်... အဖွဲ့အစည်းသုံးခုကလည်း သဘောထားကြီးစွာဖြင့် သူ့အား အပြည့်အဝထောက်ပံ့ရန် ဆန္ဒရှိကြောင်း ပြောကြားကာ သူတို့၏ ဘဏ္ဍာတိုက်များကို ဖွင့်ပေးပြီး သူလိုအပ်သမျှ ရွေးချယ်ခွင့်ပြုခဲ့ကြသည်။

ဤသို့ဖြင့် ဝူယွမ်သည် လိုအပ်သော ပစ္စည်းအများစုကို စုဆောင်းနိုင်ခဲ့သည်။ ရှားပါးသည့် ပစ္စည်းအချို့ ကျန်နေသေးသော်လည်း သင့်တော်သော အစားထိုးပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

အဖွဲ့သုံးဖွဲ့၏ ထောက်ပံ့မှုအား ကျေးဇူးတင်သောကြောင့် ဟူတို့ ဆုံးရှုံးမှုမရှိစေရန် ဝူယွမ်က သူတို့အား သဏ္ဍာန်ပြောင်းအဆင့် အဆောင်ရုပ်သေးများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ယန်မြို့တွင် အစွမ်းထက်ဆုံးသူမှာ သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်းသို့ ရောက်ရှိလာသော မြို့တော်ဝန် ဖြစ်သည်။

သဏ္ဍာန်ပြောင်းအဆင့် အလယ်ပလတ် အဆောင်ရုပ်သေးသည် သူတို့အတွက် တန်ဖိုးမဖြတ်နိုင်အောင် ရှားပါးလွန်းသည်။ ဝူယွမ်အား ပေးအပ်ခဲ့သော ဘဏ္ဍာတိုက်ထဲက ပစ္စည်းကိရိယာများနှင့် နှိုင်းယှဥ်လျှင် သူတို့အမြင်တွင် အဆောင်ရုပ်သေးရ‌ရှိခဲ့တာကြောင့် များစွာ အကျိုးအမြတ်ရရှိခဲ့ခြင်းပင်ဖြစ်သည်။

နောက်တစ်နေ့...

ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့က လူအင်အားများ စုစည်းပြင်ဆင်ပြီးစီးခဲ့သည်။

အင်အားစုနှစ်ခုပေါင်း လူဦးရေ သုံးရာခန့် ရှိသည်။

သူတို့အားလုံးမှာ လင်းမိသားစုနှင့် ပြဿနာတက်ခဲ့ပြီး အနာဂတ်တွင် ဘေးဒုက္ခရောက်နိုင်ကြောင်း သိရှိထားသော်လည်း ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ကြသော အဓိကအဖွဲ့ဝင်များ ဖြစ်သည်။

ဒုက္ခတွေ့မှသာ စစ်မှန်သော မိတ်ဆွေကို သိရပေသည်။

အင်အားစုနှစ်စုလုံးသည် လူဦးရေ တစ်ထောင်ကျော်ရှိသော အဖွဲ့အစည်းများဖြစ်သော်လည်း ထွက်ပြေးတိမ်းရှောင်ရန် လိုအပ်သည့်အခါတွင် လူဦးရေ သုံးရာခန့်သာ လိုက်ပါရန် ဆန္ဒရှိကြသည်။

သို့ရာတွင် ကျန်ရှိနေသော လူသုံးရာတို့မှာ ဒုက္ခရောက်သည့်အခါ အတူရင်ဆိုင်နိုင်သော စိတ်ချရသည့် အဖွဲ့ဝင်များသာ ဖြစ်သည်။

သူတို့သည် ဝူယွမ် ပြင်ဆင်ထားသော ကြီးမားသည့် အခွင့်အရေးများကို ခံစားထိုက်သူများပင် ဖြစ်သည်။

ယွမ်ဒန်အဆင့် သို့မဟုတ် ထို့ထက်နိမ့်သော သူတို့အတွက်တော့ များပြားလှစွာသော ယန်ယွမ်ဆေးလုံး နှင့် သန့်စင် ယွမ်ဆေးလုံးများ ထောက်ပံ့ပေးခြင်းသည် ဧရာမ အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။

အလယ်အလတ်အဆင့် သိုလှောင်အိတ်များ ရှိပြီးသားဖြစ်သဖြင့် ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ပြဿနာကို စိုးရိမ်စရာမလိုတော့ပေ။

မိသားစုဝင်များကို ခေါ်ဆောင်ကာ...

မိသားစုနှစ်ခု၏ အဖွဲ့များသည် တျန်းယန်တောင်တန်းကြီးထဲသို့ ခမ်းခမ်းနားနား ချီတက်ဝင်ရောက်လာခဲ့ကြသည်။

ဝူယွမ်သည် ပိုင်ယွမ်ကို ပွေ့ဖက်၍ ချင်းတန်နှင့်အတူ ကောင်းကင်ကင်မှီးကောက်ကျား၏ကျောပေါ်တွင် စီးနင်းကာ ရှေ့ကဦးဆောင်လမ်းပြခဲ့သည်။

လင်းတုန်နှင့် ရှောင်ယန်တို့က နောက်ဆုံးမှ လိုက်ပါခဲ့သည်။

ကောင်းကင်ကင်းမှီးကောက်ကျား ရှိနေသဖြင့် မည်သည့် မကောင်းဆိုးဝါးသားရဲမှ အနားချဥ်းကပ်ဝံ့ခြင်း မရှိပေ။

သူတို့သည် ခရီးလမ်းဖြောင့်ဖြူးစွာနဲ့ဘဲ ရှေးဟောင်းဂူသင်္ချိုင်ဆီသို့ ရောက်ရှိခဲ့ကြသည်။

လင်းကျဲ့တျန်းနှင့် လုံချန်းတို့က သူတို့၏ မိသားစုဝင်များကို ဦးဆောင်ကာ နန်းတော်ကို သန့်ရှင်းရေးလုပ်ခဲ့ကြပြီး အပြင်ဘက်ဂူခန်းများကို ရှင်းလင်းခဲ့ကြသည်။

ဂူသင်္ချိုင်းထဲတွင် နေထိုင်ရသည်မှာ ကံမကောင်းသည့် လက္ခဏာတစ်ရပ်ဟု ထင်ရသော်လည်း ကျင့်ကြံသူများဖြစ်သည့်အတွက် ထိုအရာကို အဲ့လောက် ဂရုမစိုက်ကြပေ။ သူတို့သည် အကျိုးကျေးဇူးရှိမရှိကိုသာ ကြည့်ကြသည်။

ဤဂူသင်္ချိုင်းသည် ထူးခြားသော ကံကောင်းသည့် မြေမြတ်တစ်ခုဖြစ်နိုင်ပြီး ပျော်ဖွယ်ဆရာကြီးက ဒီနေရာက သာမန်မဟုတ်သောကြောင့်သာ ဒီနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြေအောက်တွင် မီးစွမ်းအင် မြစ်နှစ်သွယ် ရှိနေပြီး ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်က အခြားနေရာများထက် ပိုမိုသိပ်သည်းသည်။ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်နှင့် အထက်ရှိ ယင်စွမ်းအင်နှင့် ယန်စွမ်းအင်များလည်း ကြွယ်ဝစွာရှိသည်။

ထို့အပြင် မြေအောက်ထဲမှမီး၏စွမ်းအားသည် သဏ္ဍာန်ပြောင်းအဆင့် ကျွမ်းကျင်သူများကိုပင် ဒဏ်ရာရစေနိုင်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

ဝူယွမ်တွင် မြေအောက်မီးစွမ်းအားကို ထုတ်ယူနိုင်သော နည်းလမ်းများလည်း ရှိသည်။

နန်းတော်အတွင်းရှိ သေခြင်းအငွေ့အသတ်များနှင့် ယန်စွမ်းအင်ကို ပယ်ဖျက်ရင်း သူ၏ ယန်စွမ်းအင်ကိုလည်း တိုးမြှင့်နိုင်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သဏ္ဍာန်ပြောင်းအဆင့်အောက် ကျင့်ကြံသူများအတွက် ပိုအဆင်ပြေစေသည်။

အမှန်စင်စစ် လင်းမျိုးနွယ်စု၏ ခြိမ်းခြောက်မှုမရှိခဲ့ရင်တောင် ဝူယွမ်သည် ဤနန်းတော်ကို သိုင်းပညာလေ့ကျင့်ရာနေရာတစ်ခုအဖြစ် ပြောင်းလဲရန်၊ လုံချန်းအား ဒီနေရာတွင် သိုင်းခန်းမ တည်ထောင်ပြီး ဒီနေရာတစ်၀ိုက်ကို အပိုင်သိမ်းရန် ရည်ရွယ်ထားခဲ့သည်။

အခုအချိန်တွင် လူတိုင်း အလုပ်များနေကြသည်။

အထူးသဖြင့် ဝူယွမ် လုပ်ရမည့်အလုပ်များက များပြားလွန်းလှသည်။ အတားအဆီး၊ အစီအရင်ပုံစံသစ်များ ပြန်လည်စီစဥ်ခြင်း၊ မြေအောက်မီး စွမ်းအင်ထုတ်ယူခြင်း စသည်တို့မှာ ကြီးမားသော ရေရှည်စီမံကိန်းများဖြစ်သည်။

ကံကောင်းထောက်မစွာပင် သူက ဂူသင်္ချိုင်းပိုင်ရှင်၏ မှတ်ဉာဏ်အမွေအနှစ် အစိတ်အပိုင်းတစ်ခုကို ရရှိထားပြီး မူလရူန်း လျှို့ဝှက်ချက်ကို ကိုးကားစရာအဖြစ် အသုံးပြုနိုင်သဖြင့် အလုပ်များ ပိုမိုချောမွေ့ခဲ့သည်။

လင်းတုန်သည်လည်း ရှောင်ယန်၊ ချင်းတန်၊ ကောင်းကင်ကင်းမှီးကောက်ကျားတို့နှင့်အတူ ရှေးဟောင်းဂူသင်္ချိုင်းပတ်လည် ကီလိုမီတာအနည်းငယ်အတွင်းရှိ စွမ်းအားကြီးမားသော မကောင်းဆိုးဝါးသားရဲ အားလုံးကို ရှင်းလင်းခဲ့သည်။

ပိုင်ယွမ်မှ ပေးသော ကျားဖြူမျိုးဆက်၏ သွေးအစီအနှစ်နှင့် လင်းတုန်မှ ထောက်ပံ့ပေးသော မကောင်းဆိုးဝါးဝိညာဉ်များကို အသုံးပြုကာ ကောင်းကင်ကင်းမှီးကောက်ကျားသည် ချီဖန်တီးခြင်းအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီး တျန်းယန်တောင်တန်းဒေသ တစ်ဝိုက်တွင် ခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည်။

သူတို့သည် ပတ်ဝန်းကျင်ကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပြီး ဝူယွမ် ယခင်က ပြုလုပ်ခဲ့သကဲ့သို့ပင် ၎င်းတို့သည် စွမ်းအားကြီးမားသော မကောင်းဆိုးဝါးသားရဲများ၏ ခိုအောင်းရာနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး များစွာသော ရတနာများ ရရှိခဲ့သည်။

အနာဂတ်အတွက် နေအိမ်သစ်ကို ဖွင့်လှစ်သည့် ခံစားမှုအတွက် လူတိုင်းတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နေကာ သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်နှင့် ပြုံးရိပ်များ ယှက်နွယ်နေသည်။

နန်းတော်၏ ပတ်ဝန်းကျင်သည်လည်း တစ်နေ့တခြား တိုးတက်လာခဲ့သည်။

စွမ်းအင်များ ပျောက်ကွယ်သွားပြီး လူနေထိုင်သည့် သဘောသဘာဝ ရှိလာခဲ့သည်။

တစ်လကြာပြီးနောက်...

ရှေးဟောင်းဂူသင်္ချိုင်းသည် လုံးဝပြန်လည် ရှင်သန်ထမြောက်လာခဲ့သည်။

စောင့်ရှောက်ရေး အတားအဆီးပုံစံသစ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပြီး နန်းတော် စတင်ပေါ်ထွန်းချိန်က စွမ်းအင်အကာအရံထက်ပင် ပိုစွမ်းအားကြီးလာခဲ့သည်။ ဝူယွမ်က မူလ ယွမ်စွမ်းအင်စုစည်းရေးရူန်းများ၊ မူလအဆောင်ရူန်းများ၊ မူလဝိညာဉ်စွမ်းအင် စုစည်းရေးရူန်းများ၊ မူလမီးရူန်းများ၊ မူလနယ်နမိတ်ရူန်းများနှင့် အခြားရူန်းများစွာကို ထပ်မံဖြည့်စွက်ရေးဆွဲခဲ့သည်။

ယခုအခါ ဖန်တီးချင်းနယ်ပယ် သုံးခုအတွင်း ကျင့်ကြံသူမပြောနှင့် အားနည်းသော နိဗ္ဗာန်အဆင့် စွမ်းအားရှင်တစ်ဦးပင် ဖွင့်၍မရနိုင်တော့ပေ။

ထို့အပြင် ဒီတစ်ခါ အတားအဆီးတွင် တိုက်ခိုက်ရေးစွမ်းအားလည်း ရှိသည်။ တိုက်ခိုက်ခံရသည့်အခါ မီးစွမ်းအားကို စုစည်းကာ မီးလှိုင်းများအဖြစ် ထုတ်လွှတ်နိုင်ပြီး ချီဖန်တီးခြင်းအဆင့် ကျွမ်းကျင်သူများကိုပင် ခြိမ်းခြောက်နိုင်သည့် စွမ်းအားရှိသည်။

စွမ်းအင်အကာအရံသည် တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသဖြင့် လူများသည် နန်းတော်အတွင်း၌သာမက တောင်ထိပ်ပေါ်တွင်လည်း နေထိုင်ကြပြီး တောင်ထိပ်ပေါ်တွင် သစ်သားအိမ်များ ဆောက်လုပ်ကာ ထူးခြားသော တောင်ကုန်းကျေးရွာလေးကို ဖွဲ့စည်းထားသည်။

ထို့အပြင် လင်းတုန်သည် ကောင်းကင်ကင်းမှီး‌ေကာက်ကျားနှင့် ရှောင်ယန်တို့၏ အကူအညီဖြင့် ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးသားရဲများ စောင့်ရှောက်နေသော ဝိညာဉ်ဆေးပင် နှင့် သစ်ပင်များကို တောင်ထိပ်ပေါ်သို့ ပြောင်းရွှေ့စိုက်ပျိုးခဲ့သည်။ ထို့အပြင် ရှိပြီးသား ရှေးဟောင်းသစ်ပင်များကိုလည်း ထပ်မံဖြည့်စွက်ခဲ့သည်။

ရှေးဟောင်းသစ်ပင်များက ဖွံ့ဖြိုးစိုပြေပြီး ယွမ်စွမ်းအင်များ ကြွယ်ဝနေသည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်ပြီး ရှုခင်းကလည်းလှပလွန်းသည်။

လူများ ကစားရန်နှင့် အနားယူရန် လုံလောက်သော နေရာအကျယ်အ၀န်းလည်း ရှိသည်။

ဤနေရာသည် သေးငယ်သော သုခဘုံတစ်ခု ဖြစ်လာသည်ဟုပင် ဆိုနိုင်သည်။

အကြီးမားဆုံး ပြောင်းလဲမှုမှာ နန်းတော်အတွင်းပိုင်းတွင် ဖြစ်သည်။

အရင်က ရှေးဟောင်းဂူခန်းများကို သန့်ရှင်းရေးလုပ်ပြီး ပြန်လည်မွမ်းမံထားသဖြင့် တောက်ပြောင်၍ ရှေးဟောင်းအရသာအပြည့်အဝ ပေါ်နေသော်လည်း သန့်ရှင်းလင်းလက်နေသည်။

လေထုသည် အအေးဓာတ်မရှိတော့ဘဲ ဝူယွမ်သည် မြေအောက်မီးစွမ်းအားကို ဆွဲထုတ်ထားသဖြင့် အတွင်းပိုင်းသည် ပူနွေးလာသည်။

မိသားစုအတွင်းမှ လူငယ်တပည့်များ လေ့ကျင့်ရန် အတွင်းပိုင်းထဲတွင် လေ့ကျင့်ရေးကွင်းလည်း ရှိသေးသည်။

သစ်သားတိုင် ဝင်ကမ္ဘာကို သူတို့အား စမ်းသပ်ရန် အသုံးပြုနိုင်သည်။

ဝိညာဉ်ဆေးပင်ကန်ကိုလည်း ဆေးဘက်ဝင်အပင်များ စိုက်ပျိုးရန် အသုံးပြုနိုင်သည်။ ဝူယွမ်သည် အရင်က စုဆောင်းခဲ့သော ဆေးပင်များ၏ အမြစ်များကို ကန်အတွင်း စိုက်ပျိုးခဲ့သည်။ ယင်နှင့်ယန် အမွှာကြာပန်းကြား ဝိညာဉ်ဆေးပင်ကန်အတွင်း အဆင့်မြင့် ဆေးပင်များသည် အသက်ရှင်နေသေးပြီး လင်းတုန်၏ ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည် ထည့်သွင်းပေးခြင်းကြောင့် စွမ်းအင်ပြန်လည် ပြည့်ဖြိုးလာခဲ့သည်။

ဤနေရာရှိ ကန်ရေသည် ဝိညာဉ်စွမ်းအင်ပါရှိပြီး မြေအောက်ရှိ ဝိညာဉ်စမ်းချောင်းတစ်ခုနှင့် ဆက်သွယ်ထားသည်။

လုံချန်း၊ လင်းကျဲ့တျန်းနှင့် အခြားအကြီးအကဲများသည် ပုံမှန်အားဖြင့် ဤနေရာတွင် လက်ဖက်ရည်သောက်နိုင်သည်။

အတွင်းပိုင်းထဲတွင် မီးပင်လယ်အစီအရင် ရှိသည်။

ဤနေရာသည် တားမြစ်ထားသော နယ်မြေဖြစ်သည်။

ဝူယွမ်သည် မီးပင်လယ်အစီအရင်ကို အနည်းငယ်ပြုပြင်မွမ်းမံခဲ့ပြီး မီးစွမ်းအား အားနည်းသော နေရာတစ်ခုကို ဖွင့်ပေးခဲ့သည်။ ဤနေရာကို အထူးသဖြင့် ကိုယ်ခန္ဓာ မာကျောစေရန်အတွက် အသုံးပြုနိုင်သည်။

ထိုနေရာသည် သူ၏ နတ်ဆင်ပြောင်းလဲခြင်း စွမ်းအားလေ့ကျင့်ရန်အတွက် အလွန်အသုံးဝင်သည်။

မီးအကျဉ်းချ ကိုယ်ခန္ဓာမာကျောရေး အစီအရင်သစ်ကို ယွမ်ဒန်အဆင့်နှင့် အထက်ရှိသူများကိုသာ လေ့ကျင့်ခွင့်ပြုထားသည်။

သူတို့ အခြေခံအားဖြင့် မိသားစုနှစ်ခုလုံး၏ အဓိကပုဂ္ဂိုလ်များဖြစ်သည်။

မီးပင်လယ်အစီအရင်အောက်တွင် ဝှက်ထားသော အဓိကဂူခန်းမနေရာနှင့် ပတ်သက်၍မူ ဝူယွမ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှောင့်ယှက်ခွင့်မပြုပေ။

ဟုတ်ပါသည်၊ မီးပင်လယ်အစီအရင်က ပိုင်းခြားထားသဖြင့် ဤနေရာသည် သဏ္ဍာန်ပြောင်းအဆင့်အောက် လူတိုင်းအတွက် သေလမ်းတစ်ခုဖြစ်သောကြောင့် မည်သူမျှ ဝင်ရောက်၍မရနိုင်ပေ။

သူတစ်ဦးတည်းသာ အောက်ခြေထိ ဆင်းသွားနိုင်သည်။

ဝူယွမ်သည် ပျော်ဖွယ် ဆရာကြီးအတွက် ကျောက်အခေါင်းတစ်ခု အသစ်ပြုလုပ်ပေးခဲ့ပြီး သူ၏ အရိုးပြာများအားလုံးကို အခေါင်းအတွင်းတွင် စုဆောင်းထားကာ ဂူခန်းမကို အပြည့်အဝ သန့်ရှင်းရေးလုပ်ပေးခဲ့သည်။

အထိမ်းအမှတ်တိုင်နှင့် ပတ်သက်၍မူ အပြင်ဘက် အဓိကခန်းမ၌ ထားရှိခဲ့သည်။

ဆရာကြီး လီလင်းစူ၏ နေရာ...

နေ့စဥ် လူတစ်ဦးမဟုတ်တစ်ဦးက တိုင်ကို ရှင်းလင်းပြီး နံ့သာထိုးကာ ရှိခိုးကြသည်။

ဤအရာများအပြင် ဝူယွမ်သည် အဆောင်ရုပ်သေး တစ်ရာကျော်အားလုံးကို ပြန်လည်ပြုပြင်ကာ ပိုစွမ်းအားကြီးမားသော ရူန်းများကို ရေးသားခဲ့သည်။

မူလက အဆင့်မြင့်ယွမ်ဒန်အဆင့် စွမ်းအားသာရှိသော အဆောင်ရုပ်သေးများသည် သူ၏လက်ချက်ဖြင့် သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် စွမ်းအားကို ထုတ်လွှတ်လာနိုင်ခဲ့သည်။ အစက သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ရှိရုပ်သေးများကတော့ တိုက်ရိုက် အလယ်အလတ်အဆင့် အဆောင်ရုပ်သေးများဖြစ်လာပြီး ချီဖန်တီးခြင်း စွမ်းအားကို ပိုင်ဆိုင်လာခဲ့သည်။

ထို့အပြင် ဝိညာဉ်စွမ်းအင်စုစည်းရေးရုံးရူန်းများ ထည့်သွင်းထားသောကြောင့် သူတို့အား အသက်သွင်းရန် ဆေးပြားများ မလိုအပ်တော့ဘဲ သက်သက်သာသာထားရုံဖြင့် အားပြန်ဖြည့်နိုင်သည်။ တစ်ကြိမ်တိုက်ခိုက်ရန် စွမ်းအင်ပြည့်ဝဖို့ဆို ခုနစ်ရက်ခန့်ကြာမြင့်မည်ဖြစ်ပြီး စွမ်းအားကို ဆက်တိုက်စုဆောင်းထားနိုင်သည်။ ကုန်ကြမ်းပစ္စည်းများ၏ ကန့်သတ်ချက်ကြောင့် သူတို့သည် အကြိမ်ပေါင်း ဆယ်ကြိမ်တိုက်ခိုက်နိုင်သည့် စွမ်းအားကိုသာ အများဆုံး သိုလှောင်ထားနိုင်သည်။

ထိုအရာသည် အဆောင်ရုပ်သေးတပ်မတော် တစ်ခု ထပ်မံရရှိခြင်းနှင့် တူညီသည်။

သူသည် ရုပ်သေးအားလုံးကို လုံချန်းထံ အပ်နှံခဲ့ပြီး ဝိညာဉ်စွမ်းအင်ပါရမီရှိသော လူငယ်မျိုးဆက်သစ်များအား သူတို့ကို အသုံးပြုခွင့်ပေးခဲ့သည်။

ထို့အပြင် ဒီနေရာတွင်နေထိုင်ရသည်က အရမ်းပျင်းရိငြီးငွေ့စရာမဖြစ်စေရန် ဝူယွမ်သည် သူတို့အား မကောင်းဆိုးဝါးသားရဲလေးများကို မွေးမြူရန် ညွှန်ကြားခဲ့သည်။

စွမ်းအားကြီးမားသော မကောင်းဆိုးဝါးသားရဲများကို သတ်ဖြတ်ပြီးနောက် သူတို့၏ ကလေးများသည် ဂရုမစိုက်ခံရဘဲ ကျန်ရစ်ခဲ့သည်။

ဒီနေရာသည် တျန်းယန်တောင်တန်း၏ အနက်ထဲမှာဖြစ်ပြီး ထိုမကောင်းဆိုးဝါးသတ္တဝါများက အားနည်းခြင်းမရှိပေ။ သူတို့အနက် အများစုသည် အနည်းဆုံး ယွမ်ဒန်အဆင့်နှင့် အထက်ရှိသော အလားအလာများရှိသည်။

အရာအားလုံးသည် ပြီးပြည့်စုံချောမွေ့စွာ ပြီးမြောက်သွားသည်ဟု ဆိုနိုင်သည်။

ဝင်ရောက်လာသူတိုင်းက မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အိပ်ရာပင် မဝင်နိုင်လောက်အောင် ပျော်ရွှင်နေကြသည်။

သူတို့တွင် နေ့စဥ်ကျင့်ကြံရန် ဆေးလုံးများ ထောက်ပံ့ပေးထားပြီး အဆောင်ရုပ်သေးများနှင့် မကောင်းဆိုးဝါးသားရဲများလည်း အတူရှိနေသည်။

ဝူယွမ်သည် အရင်က ရရှိခဲ့သော အလယ်အလတ်အဆင့် ကိုယ်ခန္ဓာပညာရပ်များနှင့် ပျော်ဖွယ် ဆရာကြီး၏ မှတ်ဉာဏ်အမွေအနှစ်မှ ကိုယ်ခန္ဓာပညာရပ်များစွာကို ထုတ်ယူခဲ့သည်။

ပထမအဆင့်မှ နဝမအဆင့်အထိ အဆင့်အားလုံးရှိသည်။

ဤစုဆောင်းမှုသည် သာမန်ဂိုဏ်းများထက် ကျော်လွန်ပြီးဖြစ်ကာ မိသားစုကြီးလေစုနှင့် အထူးဂိုဏ်းကြီးများ၏ နောက်တွင်သာ ရှိသည်။

အခုအချိန်တွင် အင်အားစုနှစ်စု၏ စွမ်းအားသည် ယန်မြို့တွင် အထက်တန်းစား အင်အားစုတစ်ခုဖြစ်လာရန် လုံလောက်ပြီဖြစ်သည်။

ဤအခြေအနေအတိုင်းသာဆက်သွားပါက မိသားစုနှစ်ခု၏ စွမ်းအားသည် မကြာမီ တျန်းတူပြည်နယ်တွင် ကြီးစိုးလာနိုင်မည်ဖြစ်သည်။

ဤကိစ္စရပ်အားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးနောက်...

နောက်ဆုံးတွင် ချင်းတန်၏ ယင်ဒန် စုစည်းမှု စတင်ရန် အချိန်ရောက်လာပြီဖြစ်သည်။

အမှန်စင်စစ် သူသည် ပြင်းထန်ယင် နဂါးသွားရည်ကို ရရှိပြီးသည်နှင့် ချင်းတန်အတွက် ယင်ဒန် စုစည်းရန် အသုံးပြုနိုင်ခဲ့သည်။

သို့ရာတွင် ဝူယွမ်သည် ချင်းတန်အား တစ်လစောင့်ဆိုင်းစေခဲ့သည်။

ဤတစ်လအတွင်း ချင်းတန်သည် အဓိကအားဖြင့် သူမ၏ ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ပြီး တိုင်းယင်ရူန်းကို လေ့ကျင့်နေခဲ့သည်။

အရင်က အဆင့်ရှစ် ဝိညာဉ်ဆေးလုံး တစ်လုံးကျန်ရှိခဲ့ပြီး ဝူယွမ် ကောင်းကင်ကင်းမှီးကောက်ကျား၏ ခိုအောင်းရာမှ ရရှိခဲ့သော နဂါးနုတ်သီး ဂျင်ဆင်းပင်နှစ်ပင် စလုံးကလည်း ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းအတွက် ထိရောက်မှုရှိသည်။

ချင်းတန် အဆင့်ရှစ်ဆေးပြားများကို ဆက်တိုက် စားသုံးပြီးနောက် သူမ၏ ဝိညာဉ်စွမ်းအင်သည် တိုးမြင့်လာခဲ့သည်။ တစ်လအတွင်းမှာပင် သူမသည် တိုက်ရိုက် အဆောင်သခင် အဆင့်သုံးသို့ ရောက်ရှိသွားခဲ့သည်။

မူလ တိုင်းယင်ရူန်း အခြေခံသည်လည်း တစ်ရာခိုင်နှုန်း ပြီးစီးခဲ့သည်။

ယခုအခါ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ကာ အဆင့်သုံး ဝိညာဉ်စွမ်းအင်သည် သူမ ယင်ဒန် စုစည်းရန်အတွက် လုံလောက်ပြီဖြစ်သည်။

နန်းတော်အတွင်း...

ဝိညာဉ်ဆေးပင်ကန်အနီးတွင်...

ဝူယွမ်သည် ယင်နှင့်ယန် အဖြူ၊အမဲ ကြာစေ့သုံးပြီးသော်လည်း ကျန်ရှိသေးသည့် ယင်ယန်အမြွှာ ကြာပန်းကို ထုတ်ယူပြီး ကန်ရေပေါ်တွင် မျောနေစေခဲ့သည်။

သူနှင့် လင်းချင်းကျူတို့သည် ဤကြာပန်းကို အသုံးပြုပြီးပီဖြစ်သော်လည်း သူ့တွင်အကျိုးသက်ရောက်မှုများ ကျန်ရှိနေသေးသည်။

ဝူယွမ်သည် အဖြူရောင် ယန်ဘက်ခြမ်းပေါ်တွင် ထိုင်ကာ ကြာပန်း၏ ယန်စွမ်းအားကို နှိပ်ကွပ်ရန် ကူညီပေးခဲ့သည်။ ချင်းတန်သည် အမည်းရောင် ယင်ဘက်ခြမ်းပေါ်တွင် ထိုင်ကာ ကြာပန်းမှ ယင်စွမ်းအားကို စုပ်ယူခဲ့သည်။

ဝူယွမ်သည် အမည်းရောင်ဆေးလုံးသုံးလုံးပါသော စိမ်းပြာရောင် သေတ္တာတစ်လုံးကို ဖွင့်လိုက်သည်။ ထိုဆေးလုံးများက အလွန်ကြမ်းတမ်းသည့် နဂါးသွားရည်ကို ကျောက်လက်ဖွဲ့ဖြင့် အသုံးပြုသန့်စင်ပြီးနောက် ရရှိခဲ့ခြင်းဖြစ်သည်။

ဝူယွမ် - “ပြင်ဆင်ပြီးပြီလား။”

ချင်းတန်- “လာပါ၊ ဝူယွမ်အစ်ကို၊ ကျွန်မ အချိန်အကြာကြီး စောင့်နေခဲ့ရတာနော်။”

All Chapters