← Chapters

ရှောင်တျောင်း နိုးထလာခြင်း၊ ဒုတိယညီနှင့် တတိယညီ နေရာလုပွဲ

Vol. 9 Ch. 85

ရှောင်တျောင်း နိုးထလာခြင်း၊ ဒုတိယညီနှင့် တတိယညီ နေရာလုပွဲ

Vol. 9 Ch. 85

လင်းတုန်က အပြင်လမ်းကြောင်းတွင် လေအေးဒဏ်ကို ခံစားနေရဆဲပင်ဖြစ်သည်။

ထိုအချိန်တွင် ဝူယွမ်နှင့် ချင်းတန်တို့သည်တော့ ဝိညာဉ်ဆေးကန်ပေါ်ရှိ ကြာပန်းပလ္လင်ပေါ်၌ လဲလျောင်းကာ နားရွက်ထဲသို့ စိမ့်ဝင်သည့် ချစ်စကားများကို ပြောဆိုနေကြသည်။

လင်းတုန် - “အအေးဓာတ်မုန်တိုင်းငြိမ်သွားပြီ။ အဆုံးသတ်သွားပုံရတယ်။ အစ်ကိုကြီးနဲ့ ချင်းတန်က ဘာလို့ မထွက်လာသေးတာလဲ။”

သူက အတွင်းသို့ဝင်ပြီး အခြေအနေကို စစ်ဆေးသင့် မစစ်ဆေးသင့် စဉ်းစားနေမိသည်။

အစ်ကိုကြီးအပေါ် ယုံကြည်မှုကြောင့် လင်းတုန်သည် ချင်းတန်ကို အလွန်ပူပန်နေခြင်း မရှိပေ။

အစ်ကိုကြီး၏ ချင်းတန်အား သူ့ညီမကဲ့သို့ ချစ်ခင်စောင့်ရှောက်ပုံကို ကြည့်လျှင်၊ မည်သို့ပင်ဖြစ်စေ ချင်းတန်၏ အသက်ကို ကာကွယ်လိမ့်မည်ဟု သူအပြည့်အဝယုံထားကြည်သည်။

အကြိမ်ကြိမ် စဉ်းစားပြီးနောက်၊ ဆက်စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။

“အစ်ကိုကြီးက အလွယ်တကူ မနှောင့်ယှက်ဖို့ ပြောထားတယ်”

ဝိညာဉ်ဆေးကန်ပေါ်တွင် ဝူယွမ်နှင့် ချင်းတန်တို့သည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားပြီး၊ သူတို့နှစ်ယောက်တည်းကြားရမည့် စကားများကို နားထဲသို့ လျှို့လျှို့ဝှက်ဝှက် ပြောနေကြသည်။

ဝူယွမ်သည် ယခင်က သူအသုံးပြုခဲ့သော လှည့်ကွက်ငယ်များအကြောင်း ချင်းတန်အား ပြောပြနေပြီး၊ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လက်တစ်ချောင်းစီဖြင့် သရုပ်ပြ နေသည်။

ဤသို့ဖြင့် ချင်းတန်က ခန္ဓာကိုယ် ယားသလိုလိုဖြစ်လာပြီး မထိန်းနိုင်မသိမ်းနိုင် လှိမ့်ပတ် ရယ်မောလိုက်သည်။

နှစ်ဦးစလုံး အလွန်ပျော်ရွှင်နေကြပြီး၊ လင်းတုန်က အပြင်လမ်းကြောင်း၌ မလှုပ်မယှက် စောင့်ကြပ်နေသည်ကို မေ့သွားသည့်ပုံရသည်။

ဝူယွမ်က သူမကို ဆက်လက်နှောင့်ယှက်နေသည်။ ချင်းတန်သည် စိုးရိမ်ပူပန်မှုများမှ ကင်းလွတ်ပြီး‌ေနာက် အခုလောက် လွှတ်လွှတ်လပ်လပ် ရယ်မောနေသည်မှာ ရှားပါးသည့်အခိုက်အတန့်ဖြစ်သည်။

သူသည် ခါးကြားထဲ လက်ထည့်ကာ၊ လင်းလန်တျန်းထံမှ ရရှိခဲ့သော အဆင့်မြင့် သိုလှောင်အိပ်ကို ချက်ချင်းဆွဲယူလိုက်ပြီး သိုလှောင်အိပ်ထဲမှ အစိမ်းရောင် အလင်းတောက်နေသော ဓားရှည်တစ်ချောင်း ပေါ်လာသည်။

“အစ်ကိုကြီးဝူယွမ်၊ ဒီဓားက အရမ်းလှတာဘဲနော်”

ချင်းတန်၏ မျက်လုံးများ တောက်ပလာပြီး လပြည့်၀န်းကဲ့သို့ ပြုံးရိပ်ပေါ်လာသည်။

ဝူယွင် - “ဒါက ငါ ရှေးဟောင်းဂူသင်္ချိုင်းကို အရင်က သွားခဲ့စဉ်က မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ။ အစကတည်းက ပေးချင်ခဲ့တာ၊ ဒါပေမယ့် မင်းက ယင်ဒန် စုစည်းဖို့ စိုးရိမ်နေတာမြင်ရတော့၊ မင်းရဲ့ ခန္ဓာကိုယ်ပြဿနာကို ငါဖြေရှင်းပေးပြီးမှ မင်းကို စိုးရိမ်စရာမရှိဘဲ ဒီပျော်ရွှင်မှုကို ခံစားနိုင်အောင် ပေးဖို့ဆုံးဖြတ်လိုက်တာ။”

ဝူယွမ်က မိန်းကလေးတစ်ဦး၏ စိတ်ကို နားလည်သည့် အရည်အချင်းရှိပြီးသားဖြစ်သည်။

ယခုအခါ ‘မြင့်မြတ်တဲ့အချစ်ဆရာကြီး’ ဟု အမည်တွင်သော ရှေးဟောင်းဂူသင်္ချိုင်း၏ စိတ်ထားကောင်းသော လူအိုကြီး၊ ‘‌ေပျာ်ဖွယ်ဆရာကြီး’ ဆိုသော အမည်ဖြင့်လည်းကျော်ကြားသည့် ပျော်ဖွယ်သဂ္ဂမအသင်း ခေါင်းဆောင်၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်သွားပြီဖြစ်ပြီး ဝူယွမ်၏ မိန်းကလေးများကို ဖမ်းစားနိုင်တဲ့ကျွမ်းကျင်မှုက အကန့်အသတ်မရှိသလောက်ပင် ဖြစ်သွားသည်။

အမည်မှားသည်၊ ဘွဲ့နာမည်မှားသည်မရှိ။

မြင့်မြတ်တဲ့အချစ်ဆရာကြီး။

ဘဝတစ်လျှောက်တွင် မရေမတွက်နိုင်သော အမျိုးသမီးများနှင့် ကြုံတွေ့ခဲ့ရသည်။ သူ့ကိုယုံကြည်သူများ ကမ္ဘာအနှံ့ရှိပြီး၊ ချစ်သူများသည် အမျိုးမျိုးအဖုံဖုံရှိသည်။

သူ၏တကယ့်အမည်ကို သိသူများမရှိ။ သူ့တွင် နာမည်ကြီး အမည်ပြောင်များစွာရှိပြီး၊ ဝူ၊ ကော်၊ လော် စသည့် မျိုးရိုးအမည်များကို မကြာခဏသုံးစွဲသည်။

“ဒီဓားကို ‘အဆုံးမရှိသောချစ်ခြင်းဓား’ လို့ခေါ်တယ်။ ငါ အဆင့်မြင့်တင်ပေးထားတာကြောင့် အဆင့်နိမ့်ဝိညာဉ်ရတနာကနေ အလယ်အလတ်အဆင့်ကိုတက်သွားတယ်။ ဒါ့အပြင် ဒီဓားနဲ့တွဲဖက်အသုံးပြုဖို့ ဓားတစ်ချောင်းရှိသေးတယ်။”

ဝူယွမ်က သူ့ရဲ့ ပန်းရောင်ဓားတိုကို ထုတ်ယူပြသည်၊ “ဒါကတော့ ‘လေနှင့် လ နူးညံ့သိမ်မွေ့သောခံစားချက်ဓား’ ပဲ။ ဒီဓားနဲ့ဓားရှည်က အရင်က ရှေးဟောင်းဂူသင်္ချိုင်းပိုင်ရှင်နဲ့ သူအချစ်ဆုံးအမျိုးသမီး (တစ်ယောက်) တို့သုံးစွဲခဲ့တဲ့လက်နက်တွေပဲ။ (ဘာသာပြန်သူ မှတ်ချက် - လီရှင်းစူမှာအချစ်ဆုံးအမျိုးသမီးတွေက အများကြီးရှိလို့ တစ်ယောက်ကို ( )နဲ့ထည့်ပေးထားတာပါ)

ဓားတိုက ယန် သဘောဆောင်ပြီး ဓားရှည်က ယင် သဘောဆောင်တယ်။

သူတို့နဲ့ လိုက်ဖက်တဲ့ နဝမအဆင့် ကိုယ်ခန္ဓာပညာရပ် နှစ်မျိုး လည်းရှိတယ်။

ကိုးယန်ဓားတိုအတတ်၊ ကိုးယင်ဓားရှည်အတတ်။

ဒီကိုယ်ခံပညာနှစ်မျိုးကို သီးသန့်သုံးလို့ရသလို၊ ပေါင်းစပ်ပြီးသုံးလို့လည်းရတယ်။ ‘ကိုးယင်၊ကိုးယန် ဓားအစီအရင်’ ကိုဖွဲ့စည်းနိုင်တယ်။

ဒါကတော့ ဒီဓားနဲ့ဓားရှည်အတွက် အထူးတလည်ဖန်တီးထားတဲ့ ပေါင်းစပ်တိုက်ခိုက်မှုအစီအရင် တစ်ခုဘဲ။ အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက် အတူတကွလေ့ကျင့်ဖို့လိုတယ်။ တွဲဖက်နှစ်ယောက်က ယင်-ယန် ဓားအစီအရင် ဗဟိုချက်အဖြစ်ပါ၀င်ပြီး အမျိုးသားက ယန် ကို၊ အမျိုးသမီးက ယင် ကို ကျွမ်းကျင်အောင်လေ့ကျင့်ရမယ်။

အပြင်းထန်ဆုံးတိုက်ခိုက်မှုရဲ့ ပေါင်းစပ်စွမ်းအားက ဖန်တီးခြင်း ကိုယ်ခန္ဓာပညာရပ်အဆင့်ကိုတောင် ရောက်နိုင်တယ်။”

ချင်းတန်သည်လည်း အံ့အားသင့်မိသွားသည်။

“ဖန်တီးခြင်းကိုယ်ခန္ဓာပညာရပ်လား”

“ဟုတ်တယ်၊ ဖန်တီးခြင်းကိုယ်ခန္ဓာပညာရပ်။ ဒါက နဝမအဆင့်ကိုယ်ခန္ဓာပညာရပ် ထက်တောင်မြင့်တယ်။”

“အစ်ကိုကြီး ဝူယွမ်၊ ဆိုလိုတာက ငါတို့နှစ်ယောက် ဒီကိုယ်ခံပညာကို အတူလေ့ကျင့်ရမယ်လို့ပြောတာလား”

ချင်းတန်က စိတ်လှုပ်ရှားပြီး မျှော်လင့်ချက် အပြည့်ဖြင့်မေးလိုက်သည်။

“အမှန်ပဲ၊ ငါမင်းကိုဒီဓားရှည် ပေးလိုက်တာမလို့၊ သဘာဝအတိုင်းဆို မင်းကဘဲငါနဲ့အတူလေ့ကျင့်လို့ရမယ်။

ငါတို့ရဲ့ချစ်စရာကောင်းတဲ့ ချင်းတန်လေးကလွဲလို့၊ ဒီဓားရှည်နဲ့ထိုက်တန်တဲ့သူရှိလို့လား” ဝူယွမ်က မတွန့်မဆုတ်ဘဲ ပြောလိုက်သည်။

ချင်းတန်သည် ရှက်သွားပြီး ပျော်ရွှင်စွာဖြင့် ‘အဆုံးမရှိသောချစ်ခြင်းဓား’ ကို ယူကာ ပွတ်သပ်နေသည်။ ဤဓားရှည်သည် ယင် သဘောဆောင်ပြီး ခန္ဓာကိုယ်က ရေခဲသဖွယ်အေးမြသည့် သူမအတွက် အလွန်သင့်တော်သည်။

“ဒါဆို ကျွန်မတကယ်ကိုကြိုးစားလေ့ကျင့်ပြီး အစ်ကိုကြီးဝူယွမ်ကို အချိန်မဆွဲမိအောင်လုပ်မယ်”

“ကောင်းပြီ၊ နောက်ကျရင် ငါတို့ပြန်သွားတဲ့အခါ ကိုယ်ခန္ဓာပညာရပ်ရဲ့လေ့ကျင့်နည်းကို သီးသန့်သင်ပေးမယ်။ အခုတော့ ထွက်ကြရအောင်။ မင်းနဲ့စကားပြောရင်းနဲ့ လင်းတုန်က အပြင်မှာစောင့်နေတယ်ဆိုတာမေ့သွားတယ်။ ငါတို့အောင်မြင်ပြီလားဆိုတာ သူသိပ်စိုးရိမ်နေမှာပဲ။ ထွက်ပြီး မင်း ယင်ဒန် ဖွဲ့စည်းတာ အောင်တဲ့သတင်းကောင်းကို သူ့ကိုပြောပြကြရအောင်။”

ယင်ရှစွမ်းအင်တွေပြန်ဆုတ်သွားတဲ့အခါ ဝူယွမ်သည် အပြင်မှာစောင့်နေဆဲဖြစ်သော သူ့ညီကို သတိရလာသည်။

“အိုး၊ ကျွန်မ အစ်ကိုကြီးလင်းတုန်ကို လုံးဝမေ့သွားတယ်”

ချင်းတန်က အံ့အားသင့်စွာ ပြောလိုက်သည်။

သူမက ချက်ချင်းပင် အတော်လေး နေရခက်သွားသည်။

အစ်ကိုကြီးလင်းတုန်က သူမအတွက်စိုးရိမ်နေစဉ်၊ သူမသည် ဤနေရာတွင် ဝူယွမ်နှင့် ချစ်ရေးချစ်ရာလုပ်နေမိသည်။

အဝတ်အစားများကို သေချာပြင်ဆင်ပြီးနောက်။

သူတို့က ဝိညာဉ်ဆေးကန်မှ ထွက်လာကြသည်။

“အစ်ကိုကြီး၊ ချင်းတန်၊ နောက်ဆုံးထွက်လာကြပီပေါ့၊ ငါအရမ်းစိုးရိမ်နေခဲ့တာ။”

၀ူယွမ်တို့ နှစ်ဦးကိုမြင်ရသည့်အခါ လင်းတုန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“အစ်ကိုကြီးလင်းတုန်ကို စိုးရိမ်စရာဖြစ်အောင်လုပ်မိလို့ တောင်းပန်ပါတယ်။ ကျွန်မ ယင်ဒန်ကို ဖွဲ့စည်းတာ အောင်မြင်သွားတယ်၊ အစ်ကိုကြီးဝူယွမ်က ကျွန်မရဲ့ ယင်ဒန်စွမ်းအင်ကို တည်ငြိမ်အောင်ကူညီပေးနေတာပါ၊ ဒါကြောင့် အစ်ကိုကြီး အချိန်အကြာကြီးစောင့်လိုက်ရတယ်”

ချင်းတန်က စိတ်ထဲမှာအမှန်တကယ် မသင့်သော်သလို ခံစားနေရပြီး သူမမျက်နှာလေးပေါ်မှာလည်း ရှက်ရိပ်နည်းနည်းပေါ်နေသည်။

ဤတစ်ကြိမ်တွင်၊ သူမသည် ချစ်သူရှိပြီး သူမ၏အစ်ကိုကို မေ့သွားသကဲ့သို့ ဖြစ်နေသည်။

“တောင်းပန်စရာမလိုပါဘူး။ မင်းအဆင်ပြေရင် ငါစိတ်ချမ်းသာတယ်။ ဒီလိုစောင့်ရတာမျိုးလောက်က ဆယ့်ရှစ်ရက်လောက်စောင့်ရမယ်ဆိုရင်တောင် ငါမငြီးငွေ့ဘူး”

လင်းတုန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ချင်းတန်၏ အအေးဓာတ်စွမ်းအင်က အမြဲတမ်းသူ့အတွက်စိုးရိမ်စရာဖြစ်နေပြီး၊ ယခုအခါပြေလည်သွားသဖြင့် သူ့စိတ်ထဲမှ ၀န်ထုတ်၀န်ပိုးကြီး တစ်ခုကျွတ်ကြသွားသကဲ့သို့ခံစားနေရသည်။

“အစ်ကိုကြီး အရမ်းပင်ပန်းသွားရပီ။ ဒီတစ်ခါလည်း အစ်ကိုကြီး ကျေးဇူးကြောင့်ပါဘဲ။ ဒီလိုမှမဟုတ်ရင် ချင်းတန်ရဲ့အခြေအနေနဲ့ပတ်သက်ရင် ငါလုပ်နိုင်တာ မရှိဘူး”

ဝူယွင် - “ဒီလိုစကားမျိုးဘာလို့ပြောတာလဲ။ ငါတို့ကညီအစ်ကိုတွေပဲ၊ ကျေးဇူးတင်စရာမလိုဘူး။ မင်းညီမက ငါ့ညီမဘဲလေ။”

“အိုး၊ ပြီးတော့ ဒီ ‘ကောင်းကင်အကြေးခွံရှေးဟောင်းလှံ’ ပေါ်က ရူန်းတွေကို ပြန်လည်ထွင်းထုပြီး ပိုပြီးပြည့်စုံသွားအောင်လုပ်ထားတယ်။ အဆင့်မြင့်ဝိညာဉ်ရတနာလို့ မဆိုနိုင်သေးပေမယ့်၊ အဆင့်မြင့်ဝိညာဉ်ရတနာရဲ့စွမ်းအား အနည်းငယ်ကို ထုတ်သုံးနိုင်သင့်တယ်”

ဝူယွမ်က ‘ကောင်းကင်အကြေးခွံရှေးဟောင်းလှံ’ ကို လင်းတုန်ထံပေးအပ်လိုက်သည်။ ဤကာလအတွင်း အဆောင်ရုပ်သေး Talisman Puppet များကို ပြန်လည်သန့်စင်ရင်း၊ သူရရှိခဲ့သော ဝိညာဉ်ရတနာလက်နက်အားလုံးကိုလည်း အားဖြည့်ထားသည်။ အဓိကအားဖြင့် သူတို့ပေါ်ရှိ ရူန်းများကို မြှင့်တင်ပေးပြီး ပြည့်စုံအောင်ပြုလုပ်ပေးထားသည်။

ယေဘုယျအားဖြင့် လက်နက်အားလုံး တစ်ဆင့်မြင့်သွားကြသည်။

သူ၏ ‘လေနှင့်လ၊ နူးညံ့သိမ်မွေ့သောခံစားချက်ဓား’ သည် အဆင့်မြင့်ဝိညာဉ်ရတနာနှင့် တိုက်ရိုက်နှိုင်းယှဉ်နိုင်ပြီး ချင်းတန်၏ ‘အဆုံးမရှိသောချစ်ခြင်းဓား’ သည်လည်း အလယ်အလတ်အဆင့်သို့ရောက်ရှိသွားသည်။

ကုန်ကြမ်းပစ္စည်းကန့်သတ်ချက်များကြောင့်၊ ဤဝိညာဉ်ရတနာများကို အခုအတိုင်းအတာအထိသာ တိုးတက်အောင်ပြုလုပ်နိုင်ပြီး နောက်ထပ်မြှင့်တင်၍မရနိုင်တော့ပေ။

“ဒီရှေးဟောင်းလှံနဲ့ တွဲဖက်သုံးလို့ရတယ် အဆင့်မြင့် သတ္တမအဆင့် ကိုယ်ခန္ဓာပညာရပ်ကို၊ နောက်မှသီးသန့်သင်ပေးမယ်။”

“ဟုတ်ပီ၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

လင်းတုန်က ဝမ်းသာစွာလက်ခံယူလိုက်သည်။ ဤသည်မှာ သူ၏ပထမဆုံးအဆင့်မြင့်ဝိညာဉ်ရတနာဖြစ်သည်။

နောက်ပိုင်းအချိန်များတွင် ဝူယွမ်က လင်းတုန်နှင့် ချင်းတန်၏အခန်းများသို့ မကြာခဏသွားရောက်ကာ သူတို့အား ကိုယ်ခန္ဓာပညာရပ်များသင်ပေးသည်။

လင်းတုန်အား ‘ကောင်းကင်အကြေးခွံလှံအတတ်’ သင်ပေးခြင်းအပြင်၊ ဝူယွမ်သည် လင်းလန်တျန်း၏ သိုလှောင်အိပ်ထဲမှ ရရှိခဲ့သော နဝမအဆင့်ကိုယ်ခန္ဓာပညာရပ် ‘ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါးကျောက်တိုင်လက်ဝါး’ ၏ တစ်စိတ်တစ်ပိုင်းကိုလည်း ကူးယူပေးကာ လင်းတုန်အား လေ့ကျင့်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝူယွမ်သည်လည်း လေ့ကျင့်နေသည်။ အဓိကအားဖြင့် ‘ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါးကျောက်တိုင်လက်ဝါး’ နှင့် ‘ကိုးယန်ဓားအတတ်’ နဝမအဆင့်ကိုယ်ခန္ဓာပညာရပ် နှစ်ခုအပေါ် အာရုံစိုက်ထားသည်။

နောက်ထပ်တစ်လသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး၊ ရှေးဟောင်းဂူသင်္ချိုင်းရှိ လူတိုင်းက လုံးဝနေသားကျသွားသည်။

ထို့နောက်လူများကို မြို့ထဲသတင်းအချက်အလက်များ စုဆောင်းရန် စေလွှတ်ခဲ့သည်။ ယမ်မြို့သည် ယခင်အတိုင်းပင် ရှိနေဆဲဖြစ်ပြီး၊ လင်းမျိုးနွယ်စုက မည်သည့်လုပ်ဆောင်ချက်ကိုမျှ မဆောင်ရွက်သေးသလို၊ တိကြသောသတင်းလည်း မရောက်ရှိသေးပေ။

ယန်မြို့သည် အလှမ်းဝေးလွန်းသဖြင့် သတင်းများက မရောက်လာသေးတာလည်း ဖြစ်နိုင်သည်။

အင်အားစုနှစ်ခုမှ လူအားလုံး ရှေးဟောင်းဂူသင်္ချိုင်းတွင်သာ ဆက်လက်လေ့ကျင့်နေကြသည်။

ဝူယွမ်သည် သူတို့အတွက် နှစ်နှစ်ခန့်ကြာမည့် တိတ်တဆိတ်လေ့ကျင့်ရေးကာလကို ပြင်ဆင်ပေးထားသည်။

ထို့အပြင် လင်းမျိုးနွယ်စုပြိုင်ပွဲကြီးသည်လည်း နှစ်နှစ်အကြာတွင် ကျင်းပမည်ဖြစ်သည်။

ထိုအချိန်တွင်၊ လင်းမျိုးနွယ်စု၏ သဘောထားက မည်သို့ပင်ရှိစေကာမူ၊ သူတို့တွင် လုံလောက်သော တုံ့ပြန်နိုင်စွမ်းရှိသင့်သည်။

ဟုတ်ပါသည်၊ အခြားသူများသည် ရှေးဟောင်းဂူသင်္ချိုင်းတွင် နေထိုင်လေ့ကျင့်နိုင်သော်လည်း၊ ဝူယွမ်နှင့် လင်းတုန်တို့ကတော့ မနေနိုင်ကြပေ။

ဤနေရာတွင် သူတို့၏လေ့ကျင့်မှုသည် တဖြည်းဖြည်း ရပ်တန့်သွားသည့်ကာလသို့ ရောက်ရှိသွားသည်။

သူတို့၏စွမ်းအားကို မြှင့်တင်ရန် ပိုမိုများပြားသော အခွင့်အလမ်းများနှင့် ပိုမိုကောင်းမွန်သော အရင်းအမြစ်များ လိုအပ်သည်။

လင်းတုန်၏အခန်းထဲတွင်။

ဝူယွင် - “ညီလေး အခုဆို လူတိုင်းနေရာကျသွားပြီ။ ငါအပြင်ထွက်ပြီး အတွေ့အကြုံရအောင်လုပ်ချင်တယ်။ အနာဂတ်မှာ ကြုံတွေ့နိုင်တဲ့အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ငါတို့ရဲ့စွမ်းအားကို အမြန်ဆုံးမြှင့်တင်ဖို့လိုတယ်။”

“အစ်ကိုကြီး၊ ငါလည်း ဒီလို‌တွေးနေတာဘဲ အစ်ကိုကြီးပြောမှာကိုစောင့်နေတာ!” လင်းတုန်ကချက်ချင်း ‌ေထာက်ခံလိုက်သည်။ ဤအတွေးသည် အရင်ကတည်းက သူ့စိတ်ထဲတွင်ရှိခဲ့သည်။

သူ၏ ရည်မှန်းချက်မှာ နှစ်နှစ်အတွင်း လင်းမျိုးနွယ်စုပြိုင်ပွဲကြီးတွင် လင်းလန်တျန်းကို အနိုင်တိုက်ရန်ဖြစ်သည်။

လင်းလန်တျန်းနှင့် နောက်ဆုံးတိုက်ပွဲမှ သိလိုက်ရသည်က၊ သူတို့ကြားက ကွာခြားချက်သည် ကြီးမားနေဆဲဖြစ်သည်။ လင်းတုန်အနေဖြင့် သူ၏ရည်မှန်းချက်ကို အောင်မြင်ရန် သာမန်လေ့ကျင့်မှုများက မလုံလောက်ပါ။

သူသည် အပြင်သို့ထွက်ပြီး အပြင်ဘက်ကမ္ဘာတွင် အခွင့်အလမ်းများအတွက် တိုက်ပွဲဝင်ရမည်။

ရှောင်တျောင်း - “ဟေးဟေး၊ နောက်ဆုံးတော့ ဒီပျင်းစရာနေရာကနေ ထွက်ခွာတော့မယ်လား”

ရှောင်တျောင်း၏ စိတ်ထဲကစကားသံကိုကြားရသည့်အခါ လင်းတုန်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။

“ရှောင်တျောင်း နိုးလာပြီ”

လင်းတုန်၏လက်ဖဝါးသည် အလင်းရောင်တစ်ခု တောက်ပလာပြီး၊ အနက်ရောင်အလင်းတစ်ခုသည် လက်ဝါးထဲမီတစ်ဆင့် ပြေးထွက်လာသည်။

လင်းလန်တျန်းကို နောက်ဆုံးတိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်စဉ်က၊ ရှောင်တျောင်းသည် ဝူယွမ်နှင့် ခဏတာတွေ့ဆုံခဲ့ရသည်။ ထိုအချိန်မှစ၍ ရှောင်တျောင်း၏ ဝူယွမ်အပေါ် သတိထားမှုသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့်၊ နိုးထသည်နှင့်တစ်ပြိုင်နက်၊ သူက ဝူယွမ်ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။

အလင်းနှင့်အရိပ်များ စုစည်းလာပြီး၊ သေးငယ်သော ခရမ်းနက်ရောင် ပုံရိပ်တစ်ခုပေါ်လာသည်။

“အိုး၊ နောက်ဆုံးနိုးထပြီနော်”

ဝူယွမ်သည်လည်း အံ့အားသင့်စွာဖြင့် ရှောင်တျောင်းကို ကြည့်ရှုကာ ဂရုတစိုက်စစ်ဆေးနေသည်။

အနီးကပ်ကြည့်လျှင်၊ ရှောင်တျောင်းသည် သာမန်ကြွက်ကြီးများထက် ပိုမိုဆွဲဆောင်မှုရှိသေးသည်။ အထူးသဖြင့် သူ၏နဖူးပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင် သင်္ကေတ က ထင်ရှာလွန်းသည်။

ဝူယွမ်သည် ထိုသင်္ကေတကို သူ၏ ‘မူလရူန်း လျှို့ဝှက်ချက်’ တွင်ပင် ရှာမတွေ့ခဲ့ပေ။

ထိုသင်္ကေတသည် မူလရူန်းများထဲမှ မဟုတ်ဘဲ၊ ကောင်းကင်မြွေပါ ၏ အမွေအနှစ်ဖြစ်နိုင်သည်။

“ရှောင်တျောင်း အစ်ကိုကြီးဝူယွင်ကို အသက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!”

သူသည် ဝူယွမ်၏ ပြန်လည်၀င်စားသူဆိုသော အထောက်အထားကို မထုတ်ဖော်မိအောင် ဖြေးဖြေးခြင်း သတိထား နှုတ်ဆက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တားမြစ်ချက်တစ်ခုဖြစ်သည်။ ပြန်လည်၀င်စားသူ များသည် သူတို့၏မှတ်ဉာဏ်များကို ပေါင်းစပ်ရန်နှင့် နိုးထရန် အချိန်အတိုင်းအတာတစ်ခုလိုအပ်သည်။ တစ်စုံတစ်ဦး၏အထောက်အထားကို မဆင်မခြင် ဖော်ထုတ်ခြင်းသည် သူတို့နိုးထမှုစည်းချက်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။

ထို့ကြောင့် သူသည် လင်းတုန်ကဲ့သို့ပင် ဝူယွမ်အား “အစ်ကိုကြီး” ဟုခေါ်ရန် ရွေးချယ်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့စိတ်ထဲတွင် ဝူယွမ်သည် ဆရာကြီးတစ်ယောက်ဖြစ်သည်။ သူသည် “အစ်ကိုကြီး” ဟု စိတ်ထဲမှအပြည့်အဝခေါ်သည်သာမက၊ သူက အလေးသာနေသည်ဟုလည်းခံစားရပြီး တစ်စုံတစ်ခုကို ရရှိလိုက်သည်ဟုလည်းခံစားနေရသည်။

လင်းတုန်သည် နှုတ်ခမ်းရွဲ့ကာ၊ ရှောင်တျောင်းက သူ့ထက်ပင်ပို၍ ညီငယ်တစ်ယောက်ကဲ့သို့ ပြုမူနေသည်ကိုမြင်ပြီး၊ အနည်းငယ်မထီမဲ့မြင်ပြုလိုက်ပြီး အထင်သေးသွားသည်။ သူက အမြဲတမ်း သူ့ကိုယ်သူ အရှင်သခင်တျောင်း ဟုရည်ညွှန်းသူက ထိုမျှနှိမ့်ချလိမ့်မည်ဟု မထင်ထားပေ။

“ကျေးဇူးတင်စရာဘာလိုလဲ၊ မင်းက လင်းတုန်ကိုကူညီဖို့ အသက်စွန့်ရဲတယ်ဆိုမှတော့၊ မင်းကငါ့ညီဘဲပေါ့။” ဝူယွမ်က အလေးအနက်ပြောသည်။

ထို့နောက် အသံအတိမ်အနက်ကိုပြောင်းလဲကာ ရှောင်တျောင်းကို နှောင့်ယှက်လိုက်သည်။

“မင်းက ကောင်းကင်‌မြွေပါသားရဲတွေကြားမှာ မြင့်မြတ်သူဘဲ၊ ငါ့ကိုအစ်ကိုကြီးလို့ခေါ်တာ မင်းအတွက်အဆင့်အတန်း နိမ့်ကျမယ်ထင်တယ်။”

ဝူယွင်၏စကားမှာမှားယွင်းမှုမရှိပေ။ ရှောင်တျောင်း၏အထောက်အထားနှင့် သူ့ကို အစ်ကိုကြီးလို့ခေါ်တာက တကယ်ကိုအံ့အားသင့်စရာပါ။

ထို့အပြင်၊ ဤသည်မှာ ရှောင်တျောင်း၏ပုံမှန်ဟန်နှင့် ကိုက်ညီဟန်မရှိပေ။

ရှောင်တျောင်း - “ကောင်းကင်‌မြွေပါဘဲ ဖြစ်ဖြစ် မြေကမ္ဘာမြွေပါဘဲ ဖြစ်ဖြစ် ဘာဖြစ်လို့လဲ။ အစ်ကိုကြီးရဲ့ရှေ့မှာတော့ ကျွန်တော့်ရဲ့နိမ့်ကျတဲ့ဇစ်မြစ်က ထည့်ပြောစရာတောင်မလိုပါဘူး။ ဒီမှာရှိတာက ရှောင်တျောင်းတစ်ကောင်တည်းသာရှိပြီး၊ အစ်ကိုကြီးနဲ့ညီအစ်ကိုဖြစ်ခွင့်ရတာက ကျွန်တော့်အတွက်ဂုဏ်ယူစရာပါ”

ဝူယွမ် အနည်းငယ်တုန်လှုပ်သွားသည်။

ရှောင်တျောင်းက ဟာသလုပ်နေခြင်းမဟုတ်ပေ။ ဤကဲ့သို့သော စိတ်ရင်းမှန်နှင့် နှိမ့်ချမှုသည် ဝူယွမ်အား သူအမှန်တကယ် ကြောက်ရွံ့တုန်လှုပ်နေကြောင်း ပြသနေသည်။

“ဘာကြောင့်လဲ

မဖြစ်သင့်ဘူး။ မူရင်းဝတ္ထုထဲက ကောင်းကင်ကိုမကြောက်၊ မြေကြီးကိုမကြောက် အကြောက်တရားကင်းမဲ့တဲ့ အရှင်သခင်တျောင်းက တကယ်ကို စိတ်ရင်းမှန်နဲ့ ငါ့ကို အစ်ကိုကြီးလို့ အသိအမှတ်ပြုနေတာလား။”

အရင်က တွေ့ဆုံမှုမြန်ဆန်ခဲ့သည်ကို ဖယ်ရှားလိုက်လျှင်၊ ဤသည်ကို သူတို့၏ ပထမဆုံးစစ်မှန်သော တွေ့ဆုံမှုဟု သတ်မှတ်နိုင်သည်။

ပါးနပ်သော ရှောင်တျောင်း နိုးထပြီး လင်းတုန်သည် ကျောက်လက်ဖွဲ့၏ လျှို့ဝှက်ချက်ကို သူနှင့်မျှဝေခဲ့သည်ကို သိရှိပါက၊ သူ့ကို နှုတ်ပိတ်စေရန် သို့မဟုတ် လင်းတုန်အား သူ့ထံမှဝေးရာသို့ ခွဲထုတ်ရန် လှုံ့ဆော်ပေးကာ သူတို့၏ညီအစ်ကိုဆက်ဆံရေးကို နှောင့်ယှက်ပေးလိမ့်မည်ကို ဝူယွမ် အရင်က စိုးရိမ်ခဲ့သည်။

ကျောက်လက်ဖွဲ့ ၏အရေးပါမှုနှင့် ရှောင်တျောင်း၏အတွေ့အကြုံကို ထောက်ဆလျှင်၊ သူက ဝူယွမ်ကို သတိမထားဘဲနေမည်မဟုတ်ပေ။

သို့သော် ယခုအခါ၊ သူသည် သူ့အား အမည်မသိ ကြောက်ရွံ့တုန်လှုပ်မှုကို ပြသနေသည်။

“အိုး၊ ဟားဟား၊ ရှောင်တျောင်းကလည်း ရိုးသားတဲ့မြွေပါတစ်ကောင်ဘဲ။ ဒါဆိုရင်တော့ ငါတို့ညီအစ်ကိုတွေထဲ ဝင်လိုက်ပါ။

မင်းရဲ့ကျေးဇူးတင်စကားအတွက်ကတော့ မလိုပါဘူး။ မင်းကငါ့ကို အစ်ကိုကြီး လို့ခေါ်ချင်ရင် ငါမငြင်းတော့ဘူး။ မင်းနဲ့လင်းတုန်က ဒုတိယညီနဲ့တတိယညီ ဘယ်လိုခွဲမလဲဆိုတာကို ဆွေးနွေးကြည့်ကြတာပေါ့။”

ဝူယွမ်က စကားလမ်းကြောင်းကို သူတို့နှစ်ဦးဆီသို့ ပြောင်းလိုက်ပြီး၊ သူတို့၏တုံ့ပြန်မှုကို စိတ်ဝင်စားဖွယ်ကြည့်ရှုနေသည်။

မူရင်းဝတ္ထုတွင်၊ ရှောင်တျောင်းသည် အစောပိုင်းကာလများတွင် အမြဲတမ်းအဓိကကျကာ၊ ‘အစ်ကိုကြီး’ အဖြစ်ဦးဆောင်သည်။ လင်းတုန်က တဖြည်းဖြည်းရင့်ကျက်လာပြီး ရှောင်ယန်း သည်လည်း လူသားပုံစံသို့ပြောင်းလဲသည်အထိဖြစ်သည်။ လူနှင့်သားရဲနှစ်ကောင်တို့သည် တရားဝင်ညီအစ်ကိုများ ဖြစ်လာသောအခါမှသာ လင်းတုန်က အစ်ကိုကြီး ရာထူးကိုရရှိခဲ့သည်။

ပါးနပ်သော ကြွက်ကဲ့သို့မျက်လုံးများဖြင့်၊ ရှောင်တျောင်းသည် ချက်ချင်းပင် လင်းတုန်ထံသို့ ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်ကာ အားနည်းချက်ကိုအသုံးချပြောဆိုသည်။

“လင်းတုန်၊ အရှင်သခင်တျောင်း ပါဝင်လာတဲ့အတွက်၊ ဒုတိယညီနေရာကနေ မင်းနေရာပြန်ရွှေ့ပေးရမယ်”

သို့သော်၊ လင်းတုန်သည်လည်း ဤကိစ္စတွင်အလျှော့မပေးပေ။

“မဖြစ်နိုင်တာဘဲ၊ ရှေ့ရောက်သူက အရင်စားရတယ်ဆိုတဲ့ အခြေခံကို မင်းနားမလည်ဘူးလား။ ငါမရှိရင် အစ်ကိုကြီးကို မင်းတွေ့မှာမဟုတ်ဘူး။ ဒီနေရာကို ငါမစွန့်လွှတ်နိုင်ဘူး”

ရှောင်တျောင်း - “မင်းမှာ အရှင်သခင်တျောင်း နဲ့ယှဉ်ဖို့ ဘာရှိလဲ။ အရှင်သခင်တျောင်း ရဲ့အသက်- အသက်က မင်းထက်ကြီးတယ်။ စွမ်းအား- စွမ်းအားက မင်းထက်သန်မာတယ်။ အတွေ့အကြုံ- အတွေ့အကြုံက မင်းထက်ပိုကြွယ်ဝတယ်”

လင်းတုန်သည် နှုတ်ခမ်းကိုကုပ်ကာ ဂရုမစိုက်ဘဲပြောလိုက်သည်။ “ငါက အစ်ကိုကြီးကို မင်းထက်စောပြီးသိခဲ့တယ်”

ရှောင်တျောင်းသည် ခဏစကားမပြောနိုင် ဖြစ်သွားသော်လည်း၊ စွန့်လွှတ်ရန်မပြင်ဆင်သေးပေ။ “ငါ့ကိုဒုတိယအကိုကြီးနေရာပေးပါ၊ ဘယ်အခြေအနေမဆိုငါသဘောတူတယ်”

လင်းတုန် - “ကျန်တဲ့ဟာတွေအားလုံးက ညှိနှိုင်းလို့ရတယ်၊ ဒီတစ်ခုကလွဲရင်။”

...ဝူယွမ်သည် ရှောင်တျောင်းနှင့် လင်းတုန်ကြားတွင် ဝိညာဉ်လှိုင်းလေးတစ် ဆက်တိုက်ဖြတ်သန်းနေသည်ကို သတိပြုမိသည်။

သူတို့၏ အကြည့်များသည်လည်း တဖြည်းဖြည်းချင်းဆန့်ကျင်ဘက်ဖြစ်လာပြီး၊ တစ်ဦးနှင့်တစ်ဦး ပြင်းပြင်းထန်ထန်ကြည့်နေကြကာ စကားမပြောဘဲ တိုက်ပွဲဝင်နေသည်ဟုထင်ရသည်။

ဝူယွမ်နားလည်သွားသည်၊ “သူတို့‌နှစ်ယောက် ငြင်းခုန်နေကြတာဘဲ”

ဒုတိယညီနှင့် တတိယညီဟုဆိုသည့် ညီငယ် နေရာ‌လေးသာဖြစ်သည့်အတွက်၊ သူတို့က ဤမျှအရေးတယူဖြစ်ကြမည်ကို သူမျှော်လင့်မထားပေ။

ရှောင်တျောင်းသည် လင်းတုန်နှင့် ညှိနှိုင်းမရသောကြောင့်၊ ၀ူယွမ်ကိုတိုက်ရိုက်ပြောလိုက်သည်၊ “အစ်ကိုကြီး ဒီတတိယညီက ဘာကောင်မှန်းမသိဘူး။ ငါအကြာကြီးပြောနေတာ၊ သူကသဘောမတူဘူး။ သူမှာအရှက်အကြောက်မရှိဘူး။ မြင့်မြတ်တဲ့ကောင်းကင်မြွေပါ တစ်ကောင်အနေနဲ့ သူ့နောက်မှာဘယ်လိုလုပ် နေရာချမှတ်နိုင်မလဲ။”

လင်းတုန် - “တတိယညီ၊ အစဉ်လိုက်ကိုမရှုပ်ထွေးစေနဲ့။ မင်းငါ့ကိုဒုတိယအစ်ကိုကြီးလို့ခေါ်ရမယ်။ မင်းဘဲ အစ်ကိုကြီးကို မင်းရဲ့ဇစ်မြစ်ကို ပြောမပြနဲ့ဆို အခုဘာလို့မင်းရဲ့ဇစ်မြစ်ကိုသုံးပြီး ငါ့ကိုဖိအားပေးနေတာလဲ။ ဒါပေမယ့် ကောင်းကင်မြွေပါ ဆိုတာဘာလဲဆိုတာတောင် ငါမသိဘူး၊ ဒါကြောင့်ငါဂရုမစိုက်ဘူး။ ငါကမင်းထက်စောပြီးရောက်တာ၊ အစ်ကိုကြီးကို မင်းထက်စောပြီးသိခဲ့တာ၊ ဒါကြောင့်မင်းကငါ့နောက်မှာ ရှိရမယ်ဆိုတာပဲငါသိတယ်!”

ရှောင်တျောင်းက လင်းတုန်ကိုညွှန်ပြသည် - “ကြည့်စမ်း၊ ကြည့်စမ်း၊ အစ်ကိုကြီးကို၊ သူ့ကိုကြည့်စမ်း! ဒီတတိယညီက ဘယ်လိုအလျှော့ပေးရမှန်းမသိဘူး။ နှစ်ပေါင်းရာချီ အသက်ရှင်ခဲ့တဲ့မြွေပါတစ်ကောင် ဖြစ်နေတာတောင်၊ သူကနေရာပေးရကောင်းမှန်းမသိဘူး။”

လင်းတုန်က မျက်လုံးပြူးကာ၊ “ဟေးဟေး၊ အစ်ကိုကြီး၊ သူ့ကိုကြည့်စမ်း။ သူကတကယ်တော့အကြံနဲ့ အသက်အရွယ်ကိုတင်ပြနေတာ၊ အဲဒီလိုဆိုရင် ငါတို့နှစ်ယောက်စလုံးထက်သက်တမ်းကြီးတယ်၊ ဒါကြောင့်သူက အစ်ကိုကြီး ဖြစ်ချင်နေတယ်၊ သူကအစ်ကိုကြီးရဲ့ နေရာကိုတောင်တောင့်တနေသေးတယ်၊ သူ့ရည်ရွယ်ချက်တကယ်ကိုမကောင်းဘူး”

ရှောင်တျောင်းသည် ဤစကားကိုကြားရသည့်အခါ စိုးရိမ်သွားပြီး၊ “တတိယညီ၊ ဒိီမြွေပါကိုမစွပ်စွဲနဲ့ အစ်ကိုကြီးနဲ့ ယှဉ်ဖို့ငါဘယ်လိုရဲမလဲ။ မင်းကအစ်ကိုကြီးကို ဒိုင်းအဖြစ်သုံးနေတာ၊ မကောင်းတဲ့ရည်ရွယ်ချက် ရှိနေတယ်ဆိုတာသိသာနေတယ်”

ဝူယွမ်သည်လည်း ခေါင်းကိုက်သကဲ့သို့ခံစားလာရသည်။

“ဒီနှစ်ယောက်က ဒီလိုဘဲငြင်းခုံနေကြလား”

“ရပ်၊ ရပ်၊ ရပ်။ မင်းတို့နှစ်ယောက်လုံး ရပ်လိုက်ကြ။”

ရှောင်တျောင်း - “ဟုတ်တယ် အစ်ကိုကြီး၊ မင်းသူ့ကိုဆူပါ!”

လင်းတုန် - “အစ်ကိုကြီး မင်းအကြံပေးပါ”

ဝူယွမ်သည် သူတို့၏မဆုတ်မနစ်သော ရပ်တည်ချက်များကို ကြည့်ကာ၊ ခဏတာ ခေါင်းမူးလာသလိုခံစားလာရသည်။

“ငါဘာလုပ်သင့်လဲ”

All Chapters