လင်းတုန် - ညီအစ်ကိုဆိုရင် မိုးကြိုးပစ်ခံရမယ်
Vol. 9 Ch. 86
ဝူယွမ်သည် တကယ်ကို စကားမပြောတတ်တော့ပေ။ လူနှင့် မြွေပါတို့သည် ထိုအဆင့်အတန်းကြောင့် ထိပ်တိုက်ရင်ဆိုင်တော့မည့်ပုံရှိသည်။
“မင်းတို့နှစ်ယောက် မဆုံးဖြတ်နိုင်တဲ့အတွက် အစ်ကိုကြီးက ကူညီဆုံးဖြတ်ပေးမယ်။ အစ်ကိုက တစ်ဖက်သတ်ဘက်မလိုက်ဘူး။ အစ်ကို့နှလုံးသားထဲမှာတော့ မင်းတို့နှစ်ယောက်စလုံးဟာ ညီလေးတွေပဲ။ ဘယ်သူက ဒုတိယဖြစ်မလဲဆိုတာကိုတော့ မင်းတို့လက်ထဲမှာထားမယ်။ အစ်ကိုက နည်းလမ်းတစ်ခုေပြာပြမယ်- ငါပြထားတဲ့ သုံးမျိုးထဲက တစ်ဖက်လူဘာလုပ်လဲဆိုတာ မှန်အောင်ခန့်မှန်းနိုင်သူက ဒုတိယဖြစ်မယ်၊ သုံးကျော့ဆုံးဖြတ်မယ်။ စည်းမျဉ်းကတော့...”
ဝူယွမ်သည် ဖြေးညှင်းစွာရှင်းပြခဲ့ပြီး ကျောက်တုံး၊စက္ကူ၊ကက်ကြေးပြိုင်ရင် ပြောခဲ့သည်။
ယခင်ဘဝတုန်းက ဝူယွမ်နှင့်သူ့ညီအစ်ကိုများသည် ဤကစားနည်းကို ကြိုက်နှစ်သက်ကြပြီး အရှုံးသမားက အနိုင်ရသူကို ရေနွေးကြမ်းတိုက်ကာ ‘အဖေ’ ဟုခေါ်ရသည်။
“နားလည်ကြပြီလား။”
ဝူယွမ်သည် တစ်ကြိမ်ရှင်းပြပြီးနောက် သူတို့ကိုမေးမြန်းခဲ့သည်။
ရှောင်တျောင်း- “အစ်ကိုကြီး... ကျွန်တော့်လက်နဲ့ ‘ကက်ကြေး’ ကို မလုပ်နိုင်ဘူး”
ဟုဆိုကာ အနည်းငယ်ဒုက္ခရောက်နေဟန်ဖြင့် ဝူယွမ်ရှေ့တွင် ‘ကျောက်တုံး’ နှင့် ‘ကက်ကြေး’ လုပ်ပုံကို သရုပ်ပြခဲ့သည်။
သူ၏လက်သည်းကလေးက မပြေပြစ်နှင့် ဇလပ်ပန်းပွင့်ပုံ မြွေပါခြေသည်းကလေးကို ဖြန့်လိုက်သည့်အခါ အတော်လေး ချစ်စရာကောင်းသည်။
“အေး... ဒါဆိုရင် ဝိညာဉ်စွမ်းအင်သုံးပြီး ပုံစံတွေကို စုစည်းဖန်တီးကာ ဆုံးဖြတ်လိုက်ပါ။”
“ကောင်းပြီ... ငါက သုံး၊ နှစ်၊ တစ် ရေတွက်ပြီးရင် စမယ်။”
လူနှင့် မြွေပါတို့သည် စတင်စိုးရိမ်လာကြပြီး တစ်ဦးကိုတစ်ဦး မျက်ခြေမပြတ်ကြည့်ကာ အခြားတစ်ဖက်က လုပ်မည့်အမူအရာကို ခန့်မှန်းရန် ကြိုးစားကြသည်။
ဝူယွမ် သုံး၊ နှစ်၊ တစ် ရေတွက်ပြီးနောက် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ဘယ်ဘက်တွင် လင်းတုန်၏ ဝိညာဉ်စွမ်းအင်သည် ကျောက်တုံး ပုံဖြစ်သည်။
ညာဘက်တွင် ရှောင်တျောင်း၏ ဝိညာဉ်စွမ်းအင်သည် စက္ကူပုံဖြစ်သည်။
“ဟက်ဟက်... တတိယညီလေး... နောင်တမရနဲ့... ပထမအသုတ် ငါအနိုင်ရသွားပြီ”
ရှောင်တျောင်း၏ ကြွက်နှင့်တူသော မျက်လုံးများတွင် လှောင်ပြောင်ဟန်များထွက်နေပြီး လင်းတုန်သည် ကျောက်တုံးပုံ ထုတ်မည်ဟု ခန့်မှန်းခဲ့သည်။ အကြောင်းမှာ ထိုကောင်လေးသည် မကြာခဏ လက်သီးဆုပ်ညှစ်လေ့ရှိသောကြောင့်ဖြစ်သည်။
လင်းတုန်- “ဟမ်... နှစ်ကျော့ပဲကျန်သေးတယ်”
သူ၏မျက်နှာအမူအရာသည် အနည်းငယ်မပျော်မရွှင်ဖြစ်နေပြီး ရှောင်တျောင်းက သူ့ကို လုံးဝထိန်းချုပ်ထားသည်။
သူ၏ ဦးနောက်ကိုအလျှင်အမြန်အလုပ်ပေးလိုက်ကာ ဘာလုပ်ရမည်ကို စဉ်းစားနေသည်။
ဒုတိယအကြိမ် ဝိညာဉ်စွမ်းအင်များ ထပ်မံစုစည်းလာသည်။
ဝူယွမ်သည် အလယ်တွင် ရပ်နေပြီး နှစ်ဦးကို ကာထားသည်။
ဘယ်ဘက်တွင် ရှောင်တျောင်းသည် ယုံကြည်မှုအပြည့်ဖြင့် ကက်ကြေး ပုံထုတ်လိုက်သည်။
ဝူယွမ် ဘေးသို့ရွေ့သွားသည်။
လင်းတုန်သည်တော့ ကျောက်တုံးကို ဆက်ထုတ်နေသည်။
သူသည် ရှောင်တျောင်းကိုကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။... “မင်းတစ်ယောက်တည်းပဲ ဉာဏ်ကောင်းတယ်ထင်တာလား”
ရှောင်တျောင်း၏မျက်နှာ တွန့်သွားပြီး- “ဟီး... မင်းတိုးတက်လာပြီ”
သူထင်သည်မှာ လင်းတုန် ရှုံးပြီးနောက် စိတ်ရှုပ်ကာ အခြားတစ်ခုခုကို ပြောင်းလဲဖို့ရာ သေချာသည်ဟု ထင်မှတ်ခဲ့သည်။
သူသာ ကက်ကြေးပုံထုတ်ပါက လင်းတုန် ကျောက်တုံး မထုတ်သရွေ့ အနည်းဆုံး သရေကျမည်ဖြစ်သည်။
လင်းတုန်သည် ဤကဲ့သို့ ရဲရင့်ပြီး ကျောက်တုံး ဆက်ထုတ်နိုင်မည်ဟု မထင်ခဲ့ပေ။
ဤသည်မှာ အသက်သေဆုံးနိုင်သည့်အချိန်ဖြစ်သကဲ့သို့ လူနှင့် မြွေပါတို့သည် အလွန်တင်းကျပ်နေကာ တစ်ဦးမျက်နှာကိုတစ်ဦး အာရုံစိုက်ကြည့်ကာ အားနည်းချက်ရှာနေကြသည်။
ဝူယွမ်ပင် စိတ်လှုပ်ရှားလာသည်။
တိုက်ပွဲက အလွန်ပြင်းထန်လာလေပီ။
သေးငယ်သည့်ကိစ္စဖြစ်သော်လည်း ညီအစ်ကိုသုံးဦးသည် ထိုအရာကို အလွန်အမင်း အလေးအနက်ထားကြသည်။
ဝူယွမ်သည် တရားမျှတမှုရှိလိုပြီး လင်းတုန်နှင့် ရှောင်တျောင်းတို့က မိမိတို့စွမ်းရည်ရှိသမျှ ကြိုးစားအားထုတ်နေကြသည်။
“သုံး... နှစ်... တစ်... စ”
“ဟရှက်... ဟရှက်” ဝိညာဉ်စွမ်းအင်နှစ်ခုသည် ချက်ချင်းပုံသဏ္ဍာန်ပေါ်လာသည်။
ဝူယွမ် ဘေးသို့ရွေ့သွားပြီး ပထမဆုံး ရှောင်တျောင်း၏ပုံကို မြင်လိုက်ရသည်။ ရှောင်တျောင်းက ကက်ကြေး ပုံစံဆင်ထုတ်လိုက်သည်။
ရှောင်တျောင်း- “မဟုတ်... ဒါမျိုးဖြစ်နိုင်ရဲ့လား... မင်း... မင်းရဲ့”
သူသည် သူ၏လက်သည်းကလေးများဖြင့် မျက်နှာကိုကွယ်ကာ မယုံနိုင်ဖွယ်ရာ အော်ဟစ်ကာ ကြေကွဲနေခဲ့သည်။
လင်းတုန်မှာမူ သူ့ကို ငါနိုင်ပီဆိုသည့် အကြည့်ဖြင့်ကြည့်ေနခဲ့သည်။�
တတိယအကြိမ်တွင်လည်း လင်းတုန်က လက်သီးဆုပ်ကို ဆက်ထုတ်နေဆဲဖြစ်သည်။
ထိုအရာက ဝူယွမ်သည်ပင် လင်းတုန်ကို လေးစားမှုအမြင်အသစ်ဖြင့် ကြည့်စေခဲ့သည်။ ထိုကဲ့သို့သော စိတ်ဓာတ်သည် အလွန်ရှားပါးသည်။
သူကိုယ်တိုင်ပင် တစ်ကြိမ်ရှုံးနိမ့်ပြီးနောက် ကျောက်တုံးသုံးကြိမ်ဆက်တိုက်ထုတ်ရန် မရဲပေ။
သေးငယ်သည့်ကစားနည်းဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ လောင်းကစားလည်းဖြစ်သည်။
ရှောင်တျောင်းက လင်းတုန်ကို အနည်းငယ်နားလည်ထားသည်ဟု ထင်မှတ်ကာ ပထမတစ်ချီအနိုင်ရပြီး ဆက်လက်ခန့်မှန်းခဲ့သည်။
လင်းတုန်သည် ပထမတစ်ချီပြီးနောက် ရှောင်တျောင်း၏ သူ့အပေါ်ထားရှိသော အမြင်ကို သိသွားပြီး ဒုတိယတစ်ချီတွင် ရှောင်တျောင်း ခန့်မှန်းနေသည့်အရာကို ခန့်မှန်းခဲ့သည်။
တတိယအတစ်ချီတွင် လူနှင့် မြွေပါတို့သည် ခန့်မှန်းနေကြသည်။
ကံမကောင်းစွာပင် ဤအဆင့်တွင် ရှောင်တျောင်းသည် လည်ပေမဲ့ တစ်ပတ်မပြည့်ဘဲ လင်းတုန်မှာမူ အလွန်ရဲရင့်ကာ တစ်ပတ်ပြည့်အောင် ခန့်မှန်းကာ ဒုတိယညီလေးဖြစ်လာခဲ့သည်။
ကံကြမ္မာသားတော် ဖြစ်သူဆိုတဲ့အတိုင်းပင်၊ သူတို့ညီအစ်ကိုများနှင့် စောစောကြုံတွေ့ခဲ့ရသော်လည်း လင်းတုန်သည် ရှောင်တျောင်းထက် သာလွန်နေဆဲဖြစ်သည်။
ရှောင်တျောင်းက ကျောက်လက်ဖွဲ့၏ ယခင်ပိုင်ရှင်ဖြစ်ပြီး ကံကြမ္မာသားတော်လေးတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ကံမကောင်းစွာပင် အချိန်များ ပြောင်းလဲသွားခဲ့သည်။
ဝူယွမ်- “ကောင်းပြီ... လောင်းကြေးအတိုင်း သွားကြတာပေါ့ ရှောင်တျောင်း... ဒုတိယအစ်ကိုလို့ ခေါ်လိုက်ပါ”
“ဒုတိယအစ်ကို” ဟု ရှောင်တျောင်းက မကျေမနပ်ဖြင့် ခေါ်လိုက်သည်။
“ဒါဆိုရင် ရပီ... တျောင်းညီလေးရေ... စိတ်မပူပါနဲ့... ဒုတိယအစ်ကိုက မင်းကို အနိုင်မကျင့်ပါဘူး” လင်းတုန်က အတော်လေး ကျေနပ်နေဟန်ရှိသည်။
ဝူယွမ်- “ကောင်းပြီ... နောက်တစ်ခုအနေနဲ့... ငါတို့ရဲ့ လေ့ကျင့်ရေးဦးတည်ချက်ကို ဆွေးနွေးကြရအောင်”
ဝူယွမ်သည် အဓိကအကြောင်းအရာဆီသို့ ပြန်သွားခဲ့ပြီး သူ၏မျက်လုံးများမှ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ နောက်ဆုံး သူတို့ရှေ့ လေထဲ၌ ဝိညာဉ်မြေပုံတစ်ခုအဖြစ် ပြန့်ကားသွားခဲ့သည်။
ဤဝိညာဉ်မြေပုံသည် ဝိညာဉ်မျှော်စင်၏ အပေါ်ဆုံးအထပ်မှ ရရှိခဲ့သော ဘိုးဘေးအဆောင်အကြောင်း အချက်အလက်ဘဲဖြစ်သည်။
ဝူယွမ်သည် ထိုမြေပုံကို မဟာယန်မင်းဆက်၏မြေပုံနှင့် နှိုင်းယှဉ်ကြည့်သောအခါ အချို့သောအစိတ်အပိုင်းများက ထပ်နေသည်။ ထပ်နေသောမြေပုံ၏ အောက်ဘယ်ဘက်ထောင့်တွင် သွေးနီရောင်အလင်းစက်တစ်ခုရှိသည်။ ထိုနေရာသည် “ဘိုးဘေးအဆောင်” များထဲမှ တစ်ခုဖြစ်သော “ဝါးမြိုခြင်းအဆောင်” ၏ တည်နေရာဖြစ်သည်။
ထိူဝိညာဉ်မြေပုံပေါ်တွင် “ဘိုးဘေးအဆောင်” နှစ်ခုရှိသည်။ အခြားတစ်ခုမှာ “မိုးကြိုးဘိုးဘေးအဆောင်” ဖြစ်ပြီး မဟာယန်မင်းဆက်ပြင်ပရှိ ဝေးလံသောနေရာတွင် တည်ရှိသည်။
“ငါ မကြာသေးမီက မြေပုံကိုအသေးစိတ် စစ်ဆေးကြည့်ခဲ့တယ်။ ဒီ ‘ဘိုးဘေးအဆောင်’ ရဲ့ တည်နေရာဟာ မဟာယန်မင်းဆက်ရဲ့ အနောက်ဘက်နယ်စပ်ဖြစ်တဲ့ ၀မ့်လွန်ပြည်နယ်မှာ ဖြစ်သင့်တယ်” ဝူယွမ်က သွေးနီရောင်အစက်ကို ညွှန်ပြကာ ရှင်းပြလိုက်သည်။
ရှောင်တျောင်း- “ဘာတွေစောင့်နေတာလဲ... အခုပဲသွားရှာကြရအောင်။ ဘိုးဘေးအဆောင်လို ရတနာမျိုးကို တတ်နိုင်သမျှ မြန်မြန်ရအောင်ယူသင့်တယ်။ သူများတွေ မရောက်သေးခင်မှာ ရအောင်ယူသင့်တယ်”
ရှောင်တျောင်းသည် ဘိုးဘေးအဆောင်၏ စွမ်းအားကို ဤနေရာတွင် သေချာသိထားဆုံးသူဖြစ်သည်။
ခန္ဓာကိုယ်သာရှိပါက သူသည် အချိန်ကြာမြင့်စွာကတည်းက သွားရောက်ရှာဖွေခဲ့မည်ဖြစ်သည်။
ဝူယွမ်- “ဝိညာဉ်မြေပုံကတော့ ယေဘုယျဦးတည်ချက်ကိုပြသွားတယ်။ ၀မ့်လွန်ပြည်နယ်အတွင်းက ဘယ်နေရာမှာ ဘိုဘေးအဆောင် ရှိသလဲဆိုတာကိုတော့ မသိရဘူး။ ငါတို့ သွားပြီး စုံစမ်းစစ်ဆေးမှရမယ်” လင်းတုန်က အလေးအနက်ပြောလိုက်သည်။ သူအရင်က မြေပုံကိုကြည့်ဖူးပြီး ပြန်ရောက်သည့်အခါ လေ့လာခဲ့သည်။
လင်းတုန်- “ပြီးတော့... ၀မ့်လွန်ပြည်နယ်အကြောင်း ကျွန်တော်သိထားတာလေးတွေ ရှိတယ်။ အဲဒါက နယ်စပ်အနီးမှာရှိပြီး အထူးသဖြင့် ရှုပ်ထွေးတယ်။ ဂိုဏ်းအမျိုးမျိုး၊ အုပ်စုအမျိုးမျိုးရှိတယ်။ ရောထွေးနေတယ်။ မဟာယန်မင်းဆက် ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ဂုဏ်သတင်းတောင် အဲဒီမှာဆို မှေးမှိန်သွားတယ်။
အဲဒီနေရာက အန္တရာယ်တွေဟာ ယန်မြို့တော် မဟုတ်သေးဘူး တျန်းတူပြည်နယ်နဲ့တောင် နှိုင်းယှဉ်လို့မရဘူး။ ယွမ်ဒန်အဆင့် ကျင့်ကြံသူတစ်ယောက်ဟာ ယန်မြို့တော်မှာတော့ ထင်ရှားနိုင်ပေမယ့် အဲဒီလိုနေရာမျိုးမှာတော့ သာမန်လူတစ်ယောက်လောက်ဘဲ သတ်မှတ်ခံရမယ်။
၀မ့်လွန်ပြည်နယ်က မဟာယန်မင်းဆက်မှာ အရှုပ်ထွေးဆုံးနဲ့ အန္တရာယ်အများဆုံးနေရာလို့ ပြောလို့ရတယ်” လင်းတုန်က သူတို့ခရီးစဉ်အတွက် စိုးရိမ်စိတ်အနည်းငယ်ဖြင့် ပြောလိုက်သည်။
သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူများသည် ခွေးများကဲ့သို့ ပေါများပြီး ယွမ်ဒန်အဆင့် ကျင့်ကြံသူများက နေရာတိုင်းတွင် ရှိသည်... ဝူယွမ်မှာမူ မျှော်လင့်ချက်အပြည့်ဖြစ်နေသည်- “ဒီလောက်ကြာကြာ စဉ်းစားမနေနဲ့ ငါတို့သွားဖို့ပြင်ကြမယ်”
“အန္တရာယ်နဲ့ အခွင့်အလမ်းက ဒွန်တွဲနေတယ်၊ ဒဏ္ဍာရီမှာတောင် အဲဒီမြေက ဆန်းကြယ်တဲ့ ရတနာတွေ အဆုံးအစမရှိ ရှိတယ်လို့ဆိုတယ်။ သဘာဝအတိုင်းက နက်ရှိုင်းတဲ့တောင်တွေမှာ တခြားနယ်မြေက ကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ ကိုယ်ခန္ဓာပညာရပ်တွေ အများကြီးရှိပြီး ငါတို့နားမလည်တဲ့ ကိုယ်ခန္ဓာပညာရပ်နဲ့ လေ့ကျင့်ရေးနည်းလမ်းတွေလည်း အများကြီးရှိတယ်။ စွမ်းရည်နဲ့ အခွင့်အရေးရှိရင် ငါးရှဉ့်ကောင်းကင်ကို ခုန်ပျံသလို မဟာာန်မင်းဆက်မှာ နာမည်ကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်။
ချမ်းသာကြွယ်ဝမှုက အန္တရာယ်ထဲမှာရှိတယ်။ သာမန်မဟုတ်တဲ့လမ်းကို ရွေးချယ်မှသာ သာမန်မဟုတ်တဲ့လူဖြစ်လာနိုင်တယ်။
လင်းလန်တျန်းကို မင်းမရှုံးနိမ့်ချင်ဘူးမလား၊ ဒါဟာ မင်းအခွင့်အရေးပဲ။
သာမန်ဘဝက သာမန်လူတွေအတွက်ပါ။
သေလျှင်မြေကြီး၊ရှင်လျှင်ရွှေထီးပေါ့၊
မင်းအောင်မြင်ချင်ရင် ခရီးထွက်ရမယ်”
“အစ်ကိုကြီးပြောတာ မှန်တယ်... ဒုတိယအစ်ကို... မင်းကငယ်သေးတယ်... ဒီလိုအရမ်းသတိကြီးကြီးထားစရာ မလိုပါဘူး။ တစ်ခါတစ်ရံမှာ ရှောင်ယန့်ဆီကနေ သင်ယူသင့်တယ်။ သူက အရမ်းရဲရင့်တယ်”
ရှောင်တျောင်းက သဘောတူညီသည်။
“အစ်ကိုကြီးပြောတာ မှန်တယ်... တတိယညီလေး... ငါက သတိထားဖို့နဲ့ စိုးရိမ်တာကို ပြောတာပါ။ ငါတို့ စွန့်စားခန်းလုပ်တဲ့အခါ မသေချာဘဲ မလုပ်သင့်ဘူး။ တည်တည်ငြိမ်ငြိမ်ဘဲဆက်သွားရင် ပိုကောင်းမယ်လို့ ထင်တယ်။ ပြီးတော့... ရှောင်ယန့်ကလည်း ငါသင်ပေးလို့ ဒီလောက်ရဲရင့်တာ”
“ကောင်းပြီ... မင်းတို့နှစ်ယောက်လုံး အချက်တွေအရ မှန်တယ်။ ငါတို့ သတိနဲ့ရဲရင့်မှု ရောထားသင့်တယ်။
ဒါကြောင့်... ေသချာပြင်ဆင်ပြီး မိသားစုနဲ့ နှုတ်ဆက်ကြရအောင်။ မနက်ဖြန်ထွက်မယ်။ ဒီနေရာကနေ ၀မ့်လွန်ပြည်နယ်ကို သွားဖို့က အတော်ဝေးတယ်။ ကြားထဲမှာ ဆန်းပြည်နယ်ရှိတယ်။ ခရီးစဉ်တစ်ခုတည်းကတင် လပေါင်းများစွာ ကြာလိမ့်မယ်”
...ထိုညနေတွင် ဝူယွမ်သည် လုံချန်းနှင့် လုံတုန်းတို့အား သူ၏ခရီးထွက်ရန် အစီအစဉ်ကို ပြောပြခဲ့သည်။
တကယ်တော့ သူတို့အားလုံးက ပြင်ဆင်ထားကြသည်။ ယန်မြို့ငယ်လေးသည် ဝူယွမ်ကို အမြဲတမ်းမထိန်းသိမ်းနိုင်ပါ။ တစ်နေ့တွင် သူသည် ပိုမိုကျယ်ပြန့်သော ကမ္ဘာတစ်ခုသို့ သွားရမည်ဖြစ်သည်။
ယခုအခါ ဝူယွမ်သည် သူတို့အားလုံးကို စီစဉ်ပေးပြီးပြီဖြစ်သဖြင့် သူထွက်ခွာရန် အချိန်တန်ပြီဖြစ်သည်။
“ယွမ်အာ... အပြင်မှာ သွားရင် သေသေချာချာဂရုစိုက်ပါ။ အခွင့်အရေးရရင် ကောင်းကင်ဓားကျောင်းတော်ကို သွားလည်ပါ။ အရင်က ချန်ရှူလိုလူတိုင်းတော့ မဟုတ်ဘူး။
တစ်ခြားဟာတွေထားဦး... ကောင်းကင်ဓားကျောင်းတော်က သူတို့ရဲ့တပည့်တွေကို ဆက်ဆံပုံမှာ ပြဿနာမရှိဘူး။ ကောင်းကင်ဓားကျောင်းတော်ရဲ့တပည့်ဆိုတာနဲ့ အပြင်မှာ ဘယ်လောက်ပဲကြီးကျယ်ခမ်းနား စိတ်ကြီးဝင်နေနေ ကိုယ်ကျင့်တရားကောင်းရင် ကြီးမားတဲ့ဒုက္ခရောက်ရင်တောင် ကျောင်းတော်က ကူညီတယ်။
ကောင်းကင်ဓားကျောင်းတော်ရဲ့ တရား၀င်တပည့်ဖြစ်မယ်ဆိုရင် နောက်ခံတစ်ခုရသလိုပဲ။ မင်းနဲ့ လင်းလန်တျန်းရဲ့ ပဋိပက္ခလိုမျိုးဆိုရင် သူ့ရဲ့လင်းမိသားစုကို စိုးရိမ်စရာမလိုတော့ဘူး။
လူတိုင်းမှာ နောက်ခံတစ်ခုရှိရင်။ ပဋိပက္ခတွေက ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်သွားတယ်”
လုံချန်းက သေချာ ဆုံးမခဲ့သည်။
သူ့မှာ ဝူယွမ်ရဲ့ စွမ်းရည်ကို ယုံကြည်မှုအပြည့်ရှိသော်လည်း အပြင်ထွက်တဲ့အခါ အခြားသူများသည် ပြိုင်ပွဲများကဲ့သို့ မျိုးဆက်တူ သို့မဟုတ် အဆင့်တူစသည့် စည်းမျဉ်းများကို လိုက်နာမည်မဟုတ်ပါ။
တစ်စုံတစ်ဦးကို ဒေါသထွက်လျှင် ဒါမှမဟုတ် သူတို့၏ အကျိုးစီးပွားများကို လုယူလျှင် သင်သည် လူငယ်တစ်ဦးဖြစ်သည်ဖြစ်စေ ဂရုစိုက်မည်မဟုတ်ေပ။ ထိုအချိန်တွင် ဘိုးဘေးအဆင့်များပင် သင့်ကို တိုက်ခိုက်နိုင်သည်။
“သားသည် အဖေ ဆုံးမတာကို သေချာမှတ်သားထားပါ့မယ်” ဝူယွမ်က ရိုသေစွာ ပြန်ဖြေလိုက်သည်။
သူက ကောင်းကင်ဓားကျောင်းတော်ကို မုချသွားလည်မည်ဖြစ်သော်လည်း ဘိုးဘေးအဆောင်ကို ရှာဖွေပြီးသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။
လုံချန်းသည် သူ၏သားအရင်းထက်ပင်လျှင် ဝူယွမ်ကို ပိုမိုတန်ဖိုးထားသည်။ ထို့ကြောင့် ဝူယွမ်က သူ၏မွေးစားအဖေကို စိတ်ပျက်အောင်လုပ်မည်မဟုတ်ပေ။
ဝူယွမ်နှင့်နှိုင်းယှဉ်လျှင် သူ၏သားအရင်းဖြစ်သူ လုံထန်သည် အတော်လေးနိမ့်နေသကဲ့သို့ပင်။
သို့သော် လုံထန်သည်လည်း ဝူယွမ်ကို ချစ်ခင်သောကြောင့် မနာလိုခြင်းမရှိပေ။ သူသည် ဝူယွမ်ကို ပွေ့ဖက်ကာ “ညီလေး... အပြင်မှာ ဂရုစိုက်ပါ”
“ဟမ်... အစ်ကိုကြီး... စိတ်မပူပါနဲ့”
ညနက်ချိန်တွင် ဝူယွမ်သည် တိတ်တဆိတ် ချင်းတန်၏အခန်းထဲသို့ ဝင်ရောက်ခဲ့သည်။
“ဝူယွမ်အစ်ကို... ဘာလို့ ကျွန်တော့်ကို ခေါ်မသွားတာလဲ”
“ဘာမှမပြောနဲ့... နမ်းမယ်”
ဝူယွမ်သည် ချင်းတန်၏ ဂျီကြတာကို နားမထောင်ခဲ့ပါ၊ ရှင်းပြခွင့်လည်း မပေးခဲ့ပေ။ သူမ၏သေးငယ်သောပါးစပ်ကို တိုက်ရိုက်ပိတ်ဆို့ပြီး သူမကို နှုတ်ဆက်ခဲ့သည်။
အရာအားလုံးကို နားလည်သဘောပေါက်ပြီး စကားမလိုတော့ပေ။
နောက်တစ်နေ့...
မိုးသောက်ချိန်တွင် ဝူယွမ်သည် တိတ်တဆိတ် ချင်းတန်၏အခန်းပြတင်းပေါက်မှ ထွက်ခွာလာခဲ့သည်။
တစ်ညလုံဖျောင်းဖျပြီးနောက် ဝူယွမ်သည် ချင်းတန်အား အပြင်သို့မလိုက်ရန် သူ၏ဖျောင်းဖျစကားများ ကုန်ဆုံးသွားခဲ့သည်။
တကယ်တော့ ချက်တန်၏လက်ရှိစွမ်းရည်ဖြင့် သူတို့နှင့်အတူလိုက်ပါလျှင်လည်း သူတို့ကို အနှောက်အယှက်ဖြစ်စေမည်မဟုတ်ပေ။
သို့သော် မိန်းကလေးတစ်ယောက်နှင့် သိုင်းပညာကမ္ဘာကြီးထဲကိုခရီးထွက်ခြင်းသည် အခက်အခဲများစွာရှိသည်။
အကြောင်းရင်းများစွာရှိသည်။ ပထမဦးစွာ၊ ချစ်စရာကောင်းသောမိန်းကလေးများသည် အမြဲတမ်းဒုက္ခကိုသယ်ဆောင်လာသည်။ သူတို့သည် ဒုက္ခရောက်ချင်သည်မဟုတ်သော်လည်း သူတို့ကို ပစ်မှတ်ထားမည့် လူယုတ်မာများအမြဲရှိနေတတ်သည်။ ထိုကိစ္စသည် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် မကိုက်ညီပါ။
ဒုတိယအချက်အနေနှင့် ဝူယွမ်ဘဲဖြစ်သည်။ ဤလေ့ကျင့်ရေးခရီးစဉ်၏ ရည်ရွယ်ချက်မှာ သူ၏စွမ်းရည်ကို အမြန်တိုးတက်စေရန်ဖြစ်ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန်ဖြစ်သည်။ ချစ်စရာကောင်းသော ညီမကလေး ချင်းတန်ကို ခေါ်ဆောင်သွားပါက စစ်မြေပြင်သို့ ဇနီးသည်ကို ခေါ်ဆောင်သွားသကဲ့သို့ ဖြစ်ကာ ရန်သူများကို တိုက်ခိုက်ရန် ပိုမိုအားစိုက်ထုတ်ရမည်ဖြစ်သည်။
ဝူယွမ်၏ ချက်တန်အား မသွားရန် စည်းရုံးရေး တတိယ အကြောင်းပြချက်မှာ သူမအား ရှေးဟောင်းဂူသင်္ချိုင်းရှိ သူတို့မိသားစုကို ကာကွယ်ဖို့ရာ နောက်တွင် ကျန်ရစ်စေရန်ဖြစ်သည်။
မိသားစုနှစ်ခုတွင် ယွမ်ဒန်အဆင့် ပြီးပြည့်စုံ သောအောင်မြင်မှုအဆင့်နှင့်အထက် သုံးဦးသာရှိပြီး ဝူယွမ်၊ လင်းတုန်နှင့် ချင်းတန်တို့ဖြစ်သည်။
ဝူယွမ် ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုလုံးတွင် သတ်မှတ်ထားသော ပုံစံအားလုံးသည် ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်သူတစ်ဦး၏ ထိန်းချုပ်မှုလည်းလိုအပ်သည်။
ချင်းတန်ကို နောက်တွင် ချန်ထားခြင်းသည် လူတိုင်းကို စောင့်ကြည့်ရန်လည်းဖြစ်သည်။ တစ်ခါတစ်ရံ ရှေးဟောင်းဂူသင်္ချိုင်းသို့ ဝင်ထွက်သောအခါ လူတို့ကို စောင့်ကြည့်ရန် ဝိညာဉ်စွမ်းအင် အသုံးပြုနိုင်သည့် အဆောင်သခင်တစ်ဦးလိုပေသည်။
ထို့အပြင် ဝူယွမ်က ကောင်းကင်ကင်းမြီးကောက်ကျားကိုလည်း ချန်ထားခဲ့ပြီး သူ့အား အပြင်တွင် လွှတ်လွှတ်လပ်လပ်သွားလာခွင့်ပြုခဲ့ကာ ကောင်းကင်ကင်းမြီးကောက်ကျား၏ ဝိညာဉ်ထိန်းချုပ်မှုတံဆိပ်ကို ချင်းတန်ဆီသို့ လွှဲပြောင်းခဲ့သည်။
ယခုမှစ၍ ချင်းတန်သည် ရှေးဟောင်းဂူသင်္ချိုင်းရှိ ဝူယွမ်၏အခန်းကဏ္ဍကို အစားထိုးမည်ဖြစ်သည်။
သူမ၏တာဝန်သည် သေးငယ်သည်မဟုတ်၊ အလွန်အရေးကြီးသည်ဟုပင် ဆိုနိုင်သည်။
ဤသည်မှာ နောက်ဆုံးတွင် ချင်းတန်ကို စည်းရုံးနိုင်ခဲ့သည့် အရာလည်းဖြစ်သည်။
သူမက အမြဲတမ်း ကူညီချင်ခဲ့သည်။
ယခုအခါ အိမ်စောင့်ခြင်းကဲ့သို့သော အရေးကြီးသည့်တာဝန်ကို သူမအား ခွင့်ပြုထားသည့်အတွက် ကလေးလေးက ရုတ်တရက် ရင့်ကျက်သွားသည်ဟု ထင်ရသည်။ ဝူယွမ်နားကို မကပ်တော့ပါ၊ သေသည်အထိ မခွဲခွာရဘူးဆိုတဲ့ ကတိကဝတ်များလည်း မပြုတော့ပေ။
လင်းတုန်သည်လည်း မိဘများနှင့် နှုတ်ဆက်ခဲ့သည်။ လူတိုင်း၏ မျှော်လင့်ချက်များအပြည့်ဖြင့် အကြည့်များအောက်တွင် ဝူယွမ်နှင့် လင်းတုန်တို့သည် ပိုင်ယွမ်နှင့် ရှောင်ယန့်ပေါ်သို့ တက်ကာ တောအုပ်အတွင်းပိုင်းသို့ ခုန်ဆင်းသွားကြသည်။
“ဒီတစ်ကြိမ် ၀မ့်လွန်ပြည်နယ်ကို သွားမယ်။ ငါတို့က မြို့တွေကနေ သွားမှာမဟုတ်ဘူး။ ၀မ့်လွန်ပြည်နယ်ကို တိုက်ရိုက်သွားမယ်။ ကံကောင်းတာက ဒီလမ်းကြောင်းအများစုက တောတောင်တွေဖြစ်ပြီး သားရဲတွေ အများကြီးရှိတယ်။ ငါတို့ရဲ့ ကျင့်ကြံခြင်းနဲ့ ဝိညာဉ်စွမ်းအင်အတွက် သင့်တော်တယ်။ စွမ်းအားကို အမြန်တိုးအောင်လုပ်ဖို့လိုတယ် ဘိုးဘေးအဆောင်ကို ရှာတဲ့အခါ ယုံကြည်မှုပိုရှိအောင်လို့”
ဝူယွမ်က သူ့ဒုတိယနဲ့ တတိယညီတွေကို ပြောပြလိုက်သည်။ သူဒီလမ်းကြောင်းကို အဓိကထားရွေးချယ်ခဲ့တာ သူပြောတဲ့အကြောင်းပြချက်တွေအတွက်တင်မကဘဲ စနစ်ရဲ့ဆိုင်းအင်၀င်ရန်နေရာအသစ် ကြောင့်လည်းဖြစ်တယ်။
လိမ့်ယွမ်တောင်။
ထိုအရာသည် ဆန်းပြည်နယ် ကျယ်ပြန့်သောတောအုပ်တစ်ခုအတွင်းရှိ ၀မ့်လွန်ပြည်နယ်သို့ သွားရာလမ်းပေါ်ရှိ ကျော်ကြားသောတောင်တစ်ခုဖြစ်သည်။
“အစ်ကိုကြီး... ကျွန်တော်လည်း အဲဒီလိုပဲတွေးမိတယ်။ ဒီလိုဆိုရင် ရှောင်ယန့်နဲ့ ရှောင်တျောင်းတို့က သားရဲအမြုအတေတွေ ပိုလုယူပြီး သူတို့ရဲ့စွမ်းအားကို မြှင့်တင်နိုင်မယ်”
ရှေးဟောင်းဂူသင်္ချိုင်းရှိခန်းမထဲမှ လုယက်ခဲ့သော သားရဲဝိညာဉ်များကို ရှောင်တျောင်းမှ လွန်ခဲ့သောလနှစ်လအတွင်း အသုံးပြုခဲ့ပြီးပီဖြစ်သည်။
အဓိကအားဖြင့် လင်းလန်တျန်းနှင့် တိုက်ပွဲသည် သူ၏အင်အားကို အလွန်အမင်းသုံးစွဲခဲ့ရပြီး သူသည် သားရဲဝိညာဉ် အများစုကို စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အသုံးပြုခဲ့သည်။
ရှောင်တျောင်း- “ကျွန်တော့်ကို ဒီမိုက်မဲတဲ့တိရိစ္ဆာန်ကြီးနဲ့ တန်းတူမထားနဲ့”
လင်းတုန်သည် မျက်လုံးပြူးကြည့်ကာ ရှောင်တျောင်း၏ လျှို့ဝှက်ဆန်းကြယ်သော သာလွန်သကဲ့သို့ခံစားနေမှုကို အနည်းငယ်စိတ်ရှုပ်ခဲ့သည်။
သူမသိတာက။ သားရဲများကြား အဆင့်အတန်းသည် သွေးမျိုးဆက်စွမ်းအင်ဖြင့် အဆင့်သတ်မှတ်ထားသည်။
ရှောင်တျောင်း၏သွေးမျိုးဆက်ကို ဤကမ္ဘာရှိ သားရဲများထဲတွင် အမြင့်ဆုံးဖြစ်သည်ဟုပင် ဆိုနိုင်သည်။
အမြင့်မြတ်ဆုံးသားရဲဖြစ်သော ကောင်းကင်မြွေပါရှေ့တွင် ရှောင်ယန်ကဲ့သို့ မီးလျှံကျားတစ်ကောင်သည် အခြေခံအားဖြင့် ခြေနင်းပြားသာသာဖြစ်ပြီး သွေးမျိုးဆက် အဆင့်အတန်းအတွင်းပင်မ၀င်ပေ။
“ဝေါင်း”
ရှောင်ယန့်က ရှောင်တျောင်းကို မကျေမနပ်ဖြင့် ဟောက်လိုက်သည်။
“ဒီတိရစ္ဆာန်... မင်းကမကျေနပ်တာလား” ရှောင်တျောင်းသည် ရှောင်ယန့်၏ခေါင်းပေါ်သို့ ခုန်တက်ကာ နင်းလိုက်သည်။
ချွန်
ပိုင်ယွမ်သည် ရှောင်တျောင်းကို ထိမှန်စေသည့် ပြင်းထန်သောအလင်းတန်းပါးလေးကို တိုက်ရိုက်မှုတ်ထုတ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ကျားမျက်လုံးတစ်စုံက ရှောင်တျောင်းကို အလွန်မကျေမနပ်ဖြင့် ကြည့်နေသည်... “ငါတို့အားလုံးက သားရဲတွေဘဲ ဘယ်သူ့ကို မထီမဲ့မြင်ပြုနေတာလဲ။”
“ဟေး... ငါမှားသွားတာ... ငါမှားတာ”
ရှောင်တျောင်းသည် မြန်မြန်ဆန်ဆန် တောင်းပန်ခဲ့ပြီး ပိုင်ယွမ်နှင့် ငြင်းခုံရန် မရဲပေ။
သူသည် ပိုင်ယွမ်၏သွေးမျိုးဆက်စွမ်းအင်ကို စစစ်ဆေးခဲ့ဖူးပြီး ပိုင်ယွမ်သည် ကောင်းကင်မြွေပါမျိုးနွယ်၏ သွေးမျိုးဆက်စွမ်းအားထက် မည်သည့်နေရာတွင်မျှ မနိမ့်ကျသည့်အပြင် ပိုမိုသာလွန်ကြောင်း တွေ့ရှိခဲ့သည်။
မီးလျှံကျားမှ ပိုင်ယွမ်နှင့် ရှောင်ယန့်ကဲ့သို့သော မျိုးကွဲနှစ်မျိုးကို မွေးဖွားနိုင်သည်ကို သူထူးဆန်းစွာတွေ့ရှိခဲ့သည်။
သူသည် ရှောင်ယန့်ကို အနည်းငယ်နားလည်နိုင်သေးသည်။ သွေးသားပြောင်းလဲမှုများသည် ရှားပါးသော်လည်း မကြားဖူးသည်မဟုတ်ပေ။ ထိုအရာသည် ဆင့်ကဲပြောင်းလဲမှုတစ်ခုဖြစ်ပြီး မူလမျိုးစိတ်၏ ကန့်သတ်ချက်များကို ချိုးဖျက်လိုက်သည့် ပြောင်းလဲမှုတစ်ခုဖြစ်သည်။
သို့သော် ပိုင်ယွမ်ကို ရှောင်ယန့်၏အမဖြစ်သည်ဟု ပြောရန် မဖြစ်နိုင်ပါ။ သူမသည် လှပပြီး ဉာဏ်ရည်ထက်မြက်သည်သာမက စွမ်းအားလည်းကြီးမားသည်။
မျိုးစိတ်တစ်ခုလုံးအပြည့်အ၀ ပြောင်းလဲသွားသည်ဟု ထင်ရသည်။
ဝူယွမ်သည် ပြန်လည်၀င်စားသူတစ်ဦးဖြစ်သည်ဟု သူစတင်သံသယရှိသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ ပိုင်ယွမ်ဖြစ်သည်။
ယနေ့အထိ သူသည် မီးလျှံကျားတွေထဲမှာ နတ်ဆိုးမီးနီယံ အစွမ်းထက်ဆုံးကျားသုံးမျိုးထက် ပိုအားကောင်းတဲ့ ပြောင်းလဲနည်းကို မရှာဖွေနိုင်သေးပေ။
ဝူယွမ်က “ရှောင်တျောင်း... နောက်ပိုင်းမှာ စကားကို သတိထားပြောပါ။ ပိုင်ယွမ်နဲ့ ရှောင်ယန့်ရှေ့မှာ ကောင်းကင်မြွေပါလို မာန်မျိုးမထားနဲ့၊ ဒီကျားမောင်နှမတွေဟာ ငါတို့ရဲ့ အနီးကပ်ဆုံး လက်တွဲဖော်တွေဘဲ။ ငါတို့နဲ့အတူ ကြီးပြင်းလာတာပါ။ နောင်တစ်ချိန်မှာ သူတို့ပြောင်းလဲသွားရင် ငါတို့ညီအစ်ကိုအသင်းထဲ ဝင်လာကြပြီး ညီအစ်ကိုတွေဖြစ်လာကြလိမ့်မယ်။
ငါတို့ဆက်ဆံရေးကို ဘေးဖယ်ထားလိုက်ရင်... သူတို့ရဲ့အရည်အချင်းနဲ့ ဖြစ်နိုင်ခြေကိုပဲကြည့်မယ်ဆိုရင်... ပိုင်ယွမ်က မင်းရဲ့ကောင်းကင်မြွေပါတွေထက် မနိမ့်ဘူးဆိုတာ မင်းတွေ့ပြီးပြီထင်တယ်။ ငါကတော့ တူညီတဲ့အဆင့်မှာဆိုရင် မင်းနဲ့ မင်းရဲ့ကောင်းကင်မြွေပါမျိုးနွယ်တစ်ခုလုံးတောင် ပိုင်ယွမ်ကို မမှီနိုင်ဘူးလို့ ယုံကြည်တယ်။
ရှောင်ယန့်အတွက်ကတော့... သူ့မှာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရှိသည်... ဆိုလိုတာက သူ့မှာ အနန္တဖြစ်နိုင်ခြေရှိတယ်။ နောင်တစ်ချိန်မှာ သူကြိုးစားမှုကြောင့် မင်းရဲ့ကောင်းကင်မြွေပါအဆင့်ကို မှီလာနိုင်တယ် ... မင်းထက် သာလွန်သွားတာလည်း ဖြစ်နိုင်တယ်။
ရှောင်ယန့်ရဲ့ အံ့မခန်းရဲရင့်မှုနဲ့ဆိုရင်... သူက မလွဲမသွေ နောင်တစ်ချိန်မှာ ကောင်းကင်မြွေပါအဆင့်ကို ရောက်လာမယ်လို့ ငါယုံကြည်တယ်။
ဒီတော့... ဒီကျားမောင်နှမနှဲ့ယှဉ်ရင်... မင်းရဲ့တစ်ခုတည်းသော အားသာချက်က နှစ်ပေါင်းရာနဲ့ချီ ပိုရှည်တဲ့သက်တမ်းပဲ။
မင်းသိသင့်တာက... ဒီကျားမောင်နှမနှစ်ကောင်က အခုအချိန်ထိ နှစ်နှစ်သုံးနှစ်ပဲရှိသေးတယ်။
တူညီတဲ့စတင်မှုနဲ့ဆို... မင်းက သူတို့ကို မမီနိုင်ဘူးဆိုတာ”
“မဖြစ်နိုင်ဘူး... ငါ...”
ရှောင်တျောင်းသည် မသိစိတ်က ငြင်းဆိုချင်ခဲ့သည်၊ ထို့နောက် သူသည် သုံးနှစ်သားအရွယ်တွင် မည်သို့ပြုမူခဲ့သည်ကို ရုတ်တရက်သတိရလာသည်။
သူသည် သုံးနှစ်သားအရွယ်တွင် မဟုတ်ပါ၊ ဆယ်နှစ်မပြည့်မီအထိ နို့သောက်ရန် အချိန်အားလုံးကို ကုန်ဆုံးခဲ့သည်ဟု ထင်ရသည်။
ဤအတွေးဖြင့်။
ရှောင်တျောင်းသည် ချက်ချင်းစကားမပြောတတ်တော့ဘဲ ရှက်ရွံ့မှုအပြည့်ဖြင့် ဆက်ငြင်းခုံနိုင်ခြင်းမရှိတော့ပေ။ သူသည် မျက်နှာကိုကွယ်ကာ ကျောက်လက်ဖွဲ့သို့ ပြေးဝင်သွားခဲ့သည်။
ပိုင်ယွမ်နှင့် ရှောင်ယန့်တို့သည် သာမန်မဟုတ်သော ကျားနှစ်ကောင်၊ ထူးဆန်းသောကျားများ၊ နတ်ဆိုးကျားများဖြစ်သည်... ရှောင်တျောင်းသည် နက်ရှိုင်းစွာတွေးရင်း ကျောချမ်းသွားခဲ့သည်။ သားရဲများက လူသားများနှင့်ကွဲပြားသည်။ သူတို့က သက်တမ်းပိုရှည်ပြီး သူတို့၏လေ့ကျင့်မှုအမြန်နှုန်းသည်လည်း လူသားများကဲ့သို့ မြန်ဆန်လေ့မရှိပေ။
သားရဲအများစုက ကလေးဘဝတွင် စွမ်းအင်အမျိုးမျိုးဖြင့် အာဟာရဖြည့်တင်းခံရကာ အားကောင်းလာမှ လွှတ်ပေးလေ့ရှိသည်။
သို့သော် အများအားဖြင့် ဆယ်နှစ်ပြည့်ပြီးနောက်မှသာဖြစ်သည်။
ထိုအချိန်တွင် သူတို့က အလွန်အားကောင်းလာသော်လည်း ပိုင်ယွမ်နှင့် ရှောင်ယန့်ကိုတော့ နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။
လင်းတုန်က “အစ်ကိုကြီး... ဒီ ရှောင်တျောင်း...”
သူသည် နည်းနည်းရှုပ်ထွေးသွားသည်။ အမြဲတမ်း မာနကြီးသော တျောင်းသခင်ကြီးသည် အစ်ကိုကြီး၏စကားများဖြင့် ပြင်းထန်စွာစိတ်ထိခိုက်သွားဟန်ရှိသည်။
သူက သူ့အောက်ရှိ ရှောင်ယန်ကို ပွတ်သတ်လိုက်ပြီး၊ သူ၏စိတ်ထဲတွင်လည်း နည်းနည်း မာနကြီးသွားသည်... ကောင်းကင်မြွေပါက အလွန်စွမ်းအားကြီးသည်ဟု သူယူဆခဲ့သည်၊ သို့သော် ရှောင်ယန်သည် သူတို့ထက် သာလွန်နိုင်သည်ဟု ထင်ရသည်။
ဝူယွမ်က ဘက်လိုက်ခြင်းမရှိဘဲ ပြောခဲ့သည်။ ထိပ်တန်းကောင်းကင်မြွေပါမျိုးနွယ်၏ ငယ်ရွယ်သောခေါင်းဆောင်သည် လူပျိုရွယ်တွင် တောရိုင်းကျားနှစ်ကောင်ထက် မသာလွန်ကြောင်း ရုတ်တရက်ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး ခံစားချက်မကောင်းစရာပင်ဖြစ်သည်။
သို့သော် ဝူယွမ်ပြောသည့်အရာသည်လည်း အမှန်တရားဖြစ်သည်။ ပိုင်ယွမ်နှင့် ရှောင်ယန့်၏ ဖြစ်နိုင်ခြေသည် မည်သည့်သားရဲထက်မဆို မနိမ့်ကျပေ။
ရှောင်တျောင်းက ထိုအမှန်တရားကို မကြာမီလက်ခံနိုင်ရင် ပိုကောင်းသည်။
ဝူယွမ်က “သူ့ကို ဂရုမစိုက်နဲ့။ ဒါဟာ သူနောက်ပိုင်းကြ လက်ခံရမယ့် အချက်တစ်ချက်ပဲ၊ သူက ကောင်းကင်မြွေပါ တစ်ကောင်ဖြစ်လို့ ကောင်းကောင်းဆုံးဖြတ်နိုင်မှာပါ။
တျန်းယန်းတောင်တန်းတစ်လျှောက် ဆက်သွားကြရအောင်။ လမ်းကြောင်းတစ်လျှောက်က စွမ်းအားကြီးမားတဲ့ သားရဲတွေကို ရှင်းလင်းကြမယ်။ ရှေးဟောင်းဂူသင်္ချိုင်းကို ခြိမ်းခြောက်နိုင်တဲ့ သူတွေကို တားမြစ်ကြမယ်”
“ဟမ့်.. ကျွန်တော်လည်း မတိုက်ရတာ အတော်ကြာနေပီ” လင်းတုန်းက သူသွေးပူနေပီဖြစ်ကြောင်း ပြောပြလိုက်သည်။
သူသည် ရှောင်ယန့်နှင့်အတူ ရှေ့သို့ပြေးထွက်သွားပြီး သူ၏ဝိညာဉ်စွမ်းအင်ကို လွှတ်ကာ စွမ်းအားကြီးမားသော သားရဲများကို ရှာဖွေခဲ့သည်။
ဝူယွမ်သည် ဝိညာဉ်စုဆောင်းရူန်းဖြင့် ထွင်းထုထားသော အရာတစ်ခုကိုလည်း ထုတ်ယူခဲ့သည်။
ထိုအရာသည် အလွန်အသုံးဝင်ပြီး ရေဒါတစ်ခုနှင့်တူသည်။
၎င်းသည် ပတ်ဝန်းကျင်ရှိ သက်ရှိစွမ်းအင်၏ ပြင်းအားကို စကင်ဖတ်စစ်ဆေးနိုင်စွမ်းရှိပြီး၊ ရတနာရှာဖွေရန်အတွက် အကောင်းဆုံးဖြစ်သည်။
စွမ်းအင်ပြင်းထန်သော အချက်ပြမှုကို ရှာဖွေတွေ့ရှိပါက ထိုလမ်းကြောင်းအတိုင်းသွားလျှင် ပစ္စည်းကောင်းများ ရှာဖွေတွေ့ရှိရန် အာမခံချက်ရှိသည်။
ဝူယွမ်သည် ဤနည်းလမ်းကို အသုံးပြု၍ အဆင့်မြင့်ရှိ ဝိညာဉ်ဆေးပင်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။
တောင်များ၏အတွင်းပိုင်းတွင် သားရဲများစွာရှိပြီး လူအမှတ်အသားအနည်းငယ်သာရှိသောကြောင့် ဝိညာဉ်ဆေးပင်များကို ရှားရှားပါးပါးသာရှာဖွေတွေ့ရှိသည်။ သားရဲများသည် ဝိညာဉ်ဆေးပင်များကို မကြာခဏစောင့်ရှောက်တတ်ကြပြီး သူတို့ ဒဏ်ရာရလာသည့်အခါ သို့မဟုတ် အဆင့်တတ်ရန်လိုသည့် အခါများတွင် စားသုံးကြသည်။
ဝူယွမ်သည် မည်သို့ပင်ဖြစ်စေ ဂရုမစိုက်ပါ။ သူတွေ့သည်နှင့် တိုက်ခိုက်လုယက်မည် ဖြစ်ပြီးစိတ်ကောင်း၀င်နေလျှင်တော့ အညှောင့် ဒါမှမဟုတ် အစေ့တစ်စေ့လောက် ချန်ထားကောင်းချန်ထားခဲ့နိုင်သည်။
ဒိတစ်ကြိမ်ရိတ်သိမ်းမှုက အတော်လေးကောင်းခဲ့သည်။
စွမ်းအားကြီးမားသော သားရဲများကို သတ်ဖြတ်ရာမှ ရလာသော သားရဲအမြုအတေများကို ရှောင်တျောင်းနှင့် ရှောင်ယန်ကို ပေးအပ်ခဲ့သည်။
ရရှိသော ဝိညာဉ်ဆေးပင်နှင့်ဆေးလုံးအများစုကိုတော့ ပိုင်ယွမ်အား ပေးလိုက်သည်။
စားသောက်မှုအပိုင်းတွင် ပိုင်ယွမ်သည် အခြားနှစ်ဦးထက် အိန္ဒရေပိုရသည်။
တစ်လအကြာတွင်။
သူတို့သည် တျန်းယန်းတောင်တန်းမှ ထွက်ခွာလာပြီး ဆန်းပြည်နယ်ပိုင်နက်ထဲ ဝင်ရောက်လာခဲ့သည်။
ဤတစ်လအတွင်း သူတို့သည် တျန်းယန်းတောင်တန်းမှ အရင်းအမြစ်များကို ရိတ်သိမ်းခဲ့ကြသည်။
သဏ္ဍာန်ပြောင့်အဆင့် သားရဲ အားလုံးနီးပါးကို အမဲလိုက်ခဲ့သည်။
နေ့စဉ်လိုလို တိုက်ပွဲတစ်ခုရှိသည်။
ဤအရာသည် ရှေးဟောင်းဂူသင်္ချိုင်းပြီးနောက် သူတို့၏မြန်ဆန်စွာတိုးတက်လာသော စွမ်းအားကို နောက်ဆုံးတွင် တည်ငြိမ်စေပြီး သူတို့၏အဆင့်များလည်း ပိုမိုတည်ငြိမ်လာကာ တိုက်ခိုက်နိုင်စွမ်း သိသိသာသာတိုးတက်လာပြီး သူတို့လေ့ကျင့်ထားသော ကိုယ်ခန္ဓာပညာရပ် အသစ်များစွာသည်လည်း ကြီးမားသောအောင်မြင်မှုအဆင့်သို့ ရောက်ရှိခဲ့သည်။
ဝူယွမ်သည် သဏ္ဍာန်ပြောင်းခြင်းအဆင့် အဆင့်နိမ့်သို့ အဆင့်တက်နိုင်ခဲ့ပြီး လင်းတုန်းမှာမူ သဏ္ဍာန်ပြောင်းခြင်းအဆင့် ရောက်ရန် အနည်းငယ်လိုသေးသည်။
သူ၏စုဆောင်းမှုသည် လုံးဝလုံလောက်သော်လည်း ဝူယွမ်သည် ထိုအရာက မြင့်မြတ်ကောင်းကင်တန်ခိုး၏ ကန့်သတ်ချက်ကြောင့်ဖြစ်နိုင်သည်ဟု ခံစားရသည်။
ဝူယွမ်က “စကားမစပ်... ဒုတိယညီလေး... မြင့်မြတ်ကောင်းကင်တန်ခိုးကို အဆင့်မြင့်ယွမ်ဒန်အဆင့်အထိ လေ့ကျင့်ပြီးရင် သူ့ရဲ့အကျိုးသက်ရောက်မှုတွေက တဖြည်းဖြည်းလျော့နည်းလာလိမ့်မယ် ကျောက်လက်ဖွဲ့က တိုးတက်အောင်လုပ်ပေးနိုင်ပေမဲ့ သိပ်မထူးတော့ဘူး ပိုအားကောင်းတဲ့ ကျင့်စဉ်နည်းလမ်းကို ပြောင်းလဲဖို့ အချိန်တန်ပြီ”
“အင်း... ကျွန်တော်လည်း အဲဒီလိုခံစားရတယ်” လင်းတုန်းက ခေါင်းညိတ်ကာ ဝူယွမ်ကို မျှော်လင့်ချက်ဖြင့် ကြည့်နေသည်။ သူ၏ အစ်ကိုကြီးက ဒီအတိုင်းအကြံပေးယုံ သတ်သတ်တော့မဟုတ်မှန်း သူယုံကြည်သည်။
ဝူယွမ် ရှင်းပြချက်ကို ဆက်လက်ပြောကြားခဲ့သည်။
“အကြောင်းပြချက်သုံးချက်ရှိသည်။ ပထမတစ်ချက်က... ငါလက်ရှိလေ့ကျင့်နေ နည်းလမ်းကလွဲပြီး... အခြား လေ့ကျင့်ရေးနည်းလမ်းတွေက မင်းအတွက် မသင့်တော်ဘူး။
ဒုတိယအချက်... ငါတို့ ညီအစ်ကိုနှစ်ယောက်က တူညီတဲ့နည်းလမ်းကို မလေ့ကျင့်သင့်ဘူးလို့ ငါထင််တယ်။ ငါတို့ရဲ့နည်းလမ်းကို ဆန့်ကျင်နိုင်တဲ့ ရန်သူတစ်ဦးနဲ့ ရင်ဆိုင်ရရင် ငါတို့နှစ်ယောက်စလုံး ရှုံးနိမ့်ရလိမ့်မယ်။
တတိယအချက်ကတော့... ငါက မြင့်မြတ်ကောင်းကင်တန်ခိုးထက် ပိုစွမ်းအားကြီးတဲ့ လေ့ကျင့်ရေးနည်းလမ်းတွေကို မင်းအတွက် ရှာဖွေပေးနိုင်မယ်လို့ ငါထင်တယ်”
နတ်ဆင်နှင်နိမ်းခြင်းမှလွဲ၍ ဝူယွမ်တွင် ရှေးဟောင်းဂူသင်္ချိုင်းက သူ့ဆရာထံမှ အမွေဆက်ခံထားသော ကျင့်စဥ်နည်းလမ်းများလည်းရှိသော်လည်း ထိုနည်းလမ်းတွေသညါ နှစ်မွှာကျင့်စဥ်နည်းလမ်းများဖြစ်ပြီး လင်းတုန်းကဲ့သို့ လူငယ်လေးတစ်ဦးအတွက် မသင့်တော်ပါ။
လင်းတုန်းအား နတ်ဆင်နှိမ်နင်းခြင်းကို မကျင့်ကြံခိုင်းခြင်း၏အဓိက အကြောင်းရင်းမှာ အဖွဲ့တစ်ဖွဲ့ထဲတွင် တူညီသောနည်းလမ်းကို ကျင့်ကြံခြင်းသည် အားနည်းချက်အပြင်
အခြားအကြောင်းရင်းများလည်းရှိသည်။ ပထမအချက်မှာ နတ်ဆင်နှိမ်နင်းခြင်း အချက်အလက်များသည် အလွန်ကျယ်ပြန့်ပြီး ရှုပ်ထွေးသောကြောင့် ဝူယွမ်သည် လင်းတုန်းအား လွှဲပြောင်းပေးပါက ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်မည်မဟုတ်ပါ။
လင်းတုန်းသည် ချင်းတန်ကဲ့သို့ သူ၏ချစ်စနိုးညီမကလေးမဟုတ်သောကြောင့် တစ်နေ့လုံးအတူတကွရှိနေပြီး အနံ့ထိုင်ရှုမနေချင်ပေ။
ဒုတိယအချက်အနေနှင့် နတ်ဆင်နှိမ်နင်းခြင်းကို ကျင့်ကြံရန် ကျင့်ကြံခြင်းအရင်းအမြစ်များ အလွန်အမင်းလိုအပ်သည်။ အဆင့်တိုးတက်လာသည်နှင့်အမျှ ပိုမိုများပြားလာသော အရင်းအမြစ်များ လိုအပ်သည်၊ ထိုကျင့်စဉ်သည် နက္ခတ်ဗေဒင်ဆိုင်ရာ ကိန်းဂဏန်းများအထိ ရောက်ရှိသည်။
သူတို့၏လက်ရှိချမ်းသာကြွယ်ဝမှုစုဆောင်းမှုဖြင့် ဝူယွမ်တစ်ဦးတည်းသာ လေ့ကျင့်နိုင်သည်။
လူနှစ်ဦးသည် ၎င်းကို အတူတကွလေ့ကျင့်ပါက သူတို့ကို ထောက်ပံ့ရန် မလုံလောက်နိုင်ပေ။
ထိုသို့ဖြစ်လျှင် အကျိုးအမြတ်ထပ် ပိုမိုဒုက္ခရောက်စေမည်ဖြစ်သည်။
“ရှောင်တျောင်းကို ထွက်ပြောခိုင်းလိုက်”
လင်းတုန်းက ကျောက်လက်ဖွဲ့သို့ ဆက်သွယ်လိုက်သောအခါ တစ်လကြာ သီးသန့်နေထိုင်ခဲ့သော ရှောင်တျောင်းသည် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။
“အစ်ကိုကြီး... ကျွန်တော်မှားတယ်ဆိုတာ သိပါတယ်... နောက်ပိုင်းမှာ ပိုင်ယွမ်နဲ့ ရှောင်ယန့်တို့ဟာ ကျွန်တော့်ညီအစ်ကိုတွေပါ”
နောက်ဆုံးရှောင်တျောင်းထွက်လာပြီး သူ၏သဘောထားက သင့်လျော်ပြီး ရိုးသားစွာ သူ၏အမှားကို ဝန်ခံခဲ့သည်၊ ပိုင်ယွမ်နှင့် ရှောင်ယန့်တို့ကို လုံးဝလက်ခံလိုက်သည်။
“ဟမ်... မင်းဒီလ်ု တွေးခေါ်နိုင်တာကို ငါ အလွန်ကျေနပ်မိသည်”
ဝူယွမ် ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်၊ နောက်ဆုံးတွင် ရှောင်တျောင်း၏မာနကို ချိုးနှိမ်နိုင်ခဲ့ပီဖြစ်သည်။
“ငါနဲ့ ဒုတိယညီလေးတို့ရဲ့ စကားဝိုင်းကို မင်းကြားခဲ့တယ်မလား။ ညီအစ်ကိုတစ်ယောက်အနေနဲ့ သူ့ရဲ့ကျင့်စဥ်နည်းလမ်း ပြဿနာကို ဖြေရှင်းဖို့ ကူညီသင့်တယ်။ ဒါက မင်းအတွက် ခက်ခဲမယ်မထင်ဘူး”
ဝူယွမ်သည် ရှောင်တျောင်းကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်နေသည်။ ကျောက်လက်ဖွဲ့အတွင်းတွင် လျှို့ဝှက်ချက်များစွာ ရှိသေးသည်ကို သူသိသည်။ မူရင်းဝတ္ထုတွင် လင်းတုန်း၏ကျင့်စဥ်နည်းလမ်းအချို့ကို ရှောင်တျောင်းမှ ပေးခဲ့ခြင်းဖြစ်သည်။
“ပြဿနာသေးသေးလေးပါ... အစ်ကိုကြီး... ကျွန်တော့်အပေါ်မှာ လွှဲထားလိုက်”
ရှောင်တျောင်းက အလွယ်လေးဘဲ သဘောတူလိုက်သည်။ အစ်ကိုကြီး၏လုပ်ရပ်များကို သူမအံ့သြခဲ့ပါ၊ အရာအားလုံးကိုမြင်ပြီး အရာအားလုံးကို ထိန်းချုပ်ထားသည့် ပုံစံရှိသည်၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပြန်လည်မွေးဖွားသူကြီး၏ စတိုင်လ်ဘဲ ဖြစ်သောကြောင့်ဖြစ်သည်။
“ဒုတိယအစ်ကို... ကျောက်လက်ဖွဲ့ထဲကို ငါနဲ့အတူလိုက်ခဲ့”
လင်းတုန်း စိတ်ရှုပ်ထွေးသွားသည်။ သူ ရှောင်တျောင်းကို ပထမဆုံးတွေ့ဆုံခဲ့ပြီး ကျောက်လက်ဖွဲ့ကို ပထမဆုံးပိုင်ဆိုင်ခဲ့သော်လည်း အစ်ကိုကြီးက ရှောင်တျောင်းနှင့် ကျောက်လက်ဖွဲ့ကို သူ့ထက်ပို၍ နားလည်နေပုံရသည်။
သူ၏ဝိညာဉ်စွမ်းအင်သည် ရှောင်တျောင်းနှင့်အတူ ကျောက်လက်ဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည်။ သိပ်မကြာမီ လင်းတုန်၏ ဝိညာဉ်က အံအားတကြီး ပြန်ရောက်လာခဲ့သည်။
“ရိတ်သိမ်းတာက ဘယ်လိုလဲ” ဟု ဝူယွမ်က ပြုံးရင်းမေးမြန်းခဲ့သည်။
“မဟာနေကိုယ်ခန္ဓာ... ပထမအဆင့်ထက်သာလွန်တဲ့ ခန္ဓာကိုယ်ကိုသန်မာစေတဲ့ ကျင့်စဉ်နည်းလမ်း... အရမ်းစွမ်းအားကြီးတယ်” လင်းတုန်းက ကျေနပ်မှုဖြင့် ခေါင်းညိတ်ကာ ရှောင်တျောင်း၏လက်ောင်က်ု လက်ရှိတွင် အလွန်ကျေနပ်ကြောင်း ဖော်ပြခဲ့သည်။
ဤအချိန်တွင် ရှောင်တျောင်းသည်လည်း ပေါ်လာပြီး မျက်နှာတွင် မာနတက်ကာ ဟိတ်ဟန်ကြီးစွာ ကြေညာခဲ့သည်။
“မဟာနေကိုယ်ခန္ဓာကို အဆင့်သုံးဆင့်ခွဲထားတယ် ပထမအဆင့်က ကြေးဝါမိုးကြိုးကိုယ်ခန္ဓာကို စုစည်းနိုင်တယ်၊ ဒုတိယအဆင့်က ကျောက်စိမ်းမိုးကြိုးကိုယ်ခန္ဓာကို စုစည်းနိုင်တယ်၊ တတိယအဆင့်ကတော့ မဟာနေကိုယ်ခန္ဓာကို စုစည်းနိုင်တယ်။ ဒီနည်းလမ်းရဲ့မူရင်းပိုင်ရှင်က မဟာနေကိုယ်ခန္ဓာ ကြီးမားသောအောင်မြင်မှုကို ရောက်ခဲ့ပြီး လက်တစ်ချက်ရမ်းယုံနဲ့ အဆင့်မြင့်ဝိညာဉ်ရတနာကို ချိုးဖဲ့နိုင်ပြီး နိဗ္ဗာန်အဆင့် စွမ်းအားရှင်တွေတောင် သူ့ရဲ့ လှုပ်ရှားမှုတစ်ကြိမ်ကို မခံယူရဲဘူး”
“ဒါပေမဲ့. ဒီနည်းလမ်းကို ကျင့်ကြံဖို့ရာက အတော်လေးခက်ခဲတယ်။ ပထမအဆင့်ဖြစ်တဲ့ ကြေးဝါမိုးကြိုးကိုယ်ခန္ဓာကို လေ့ကျင့်ဖို့အတွက်တောင် မိုးကြိုးကိုဆွဲဆောင်ပြီး ခန္ဓာကိုယ်ကိုပြုပြင်ဖို့ လိုအပ်တယ် ဤ...”
လင်းတုန်းသည် တိုးတိုးတွတ်တွတ်ပြောကာ ညည်းညူနေသည်။ ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးစွမ်းအားက ကြီးမားလွန်းသည်။ လူတိုင်း ရှောင်ကြဉ်ကြသည်၊ မိုးကြိုးကိုဆွဲဆောင်ကာ ခန္ဓာကိုယ်ကိုပြုပြင်ရန် ရဲဝံ့ကြသူများက မရှိသလောက်ပင်၊ ဤနည်းလမ်းသည် အတော်လေးအားကောင်းကြမ်းတန်းသလို သူ၏လေ့ကျင့်မှုကလည်း အသက်အန္တရာယ်ရှိသည်။
“ဒီကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းအတွက်... အန္တရာယ်မရှိဘဲ ရရှိနိုင်ပါ့မလား။ ညီမလေး ချင်းတန်တောင် အားကောင်းတဲ့ ယင်ဒန်ကို စုစည်းဖို့ နှစ်ပေါင်းများစွာ အအေးဓာတ်ထခြင်း ဒုက္ခကိုခံခဲ့ရတယ်၊ မင်းရဲ့အနိမ့်ဆုံးအဆင့် ကျင့်စဥ်နည်းလမ်းတွေကိုတောင် လေ့ကျင့်တဲ့အခါ အန္တရာယ်ရှိနိုင်တယ်။ မဟာနေကိုယ်ခန္ဓာက အန္တရာယ်ရှိတာဘာဆန်းလဲ၊ ပစ္စည်းကောင်းရပြီးမှ ကျေးဇူးမတင်ရင်နေကျေးဇူးမကန်းနဲ့” ရှောင်တျောင်းက နှုတ်ခမ်းရွဲ့ကာပြောလိုက်သည်။
ဝူယွမ်ရယ်သည်- “ဟားဟား... စိတ်မပူပါနဲ့။ မိုးကြိုးပစ်ခံရတာက သေးငယ်တဲ့ကိစ္စလေးတစ်ခုပါပဲ။ ငါလေ့ကျင့်နေတဲ့ နည်းလမ်းကလည်း ဒီအဆင့်ကိုလိုအပ်တယ်။ ငါတို့ ညီအစ်ကိုတွေ အတူတူ မိုးကြိုးပစ်ခံလို့ရတယ်။
ငါတို့ ဘတ်စ်ကားအတူမစီးဖူးသေးပေမယ့်... မိုးကြိုးအတူပစ်ခံဖူးတဲ့ ညီအစ်ကိုတွေတော့ သိပ်မရှိဘူးထင်တယ်”
နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဉ်၏ လေ့ကျင့်ရေးနည်းလမ်းသည် အစုံလိုက်ဖြစ်ပြီး ခန္ဓာကိုယ်ပြုပြင်ရန် နည်းလမ်းအမျိုးမျိုးလည်း ပါ၀င်သည်။ တစ်ခုတည်းသော ရည်မှန်းချက်မှာ - ခန္ဓာကိုယ်၏အမှုန်တိုင်းသို့ စွမ်းအားဖြည့်ရန်၊ ဤလူသားအမှုန်များကို ဆင်ပြောင်ကြီးများအဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။
ကောင်းကင်မိုးကြိုးနှင့်ပြုပြင်ခြင်းသည် ညွှန်ပြထားသော အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
“အစ်ကိုကြီးရှိရင်... ကျွန်တော်မကြောက်ဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေ အတူတူ မိုးကြိုးရေချိုးလို့ရတယ်။ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ထင်တယ်။ တတိယညီလေး... မင်းလည်း စမ်းကြည့်ချင်လား” လင်းတုန်းက ပြုံးရင်းပြောကာ ရှောင်တျောင်းကို နှောက်ယှက်လိုက်သည်။
ရှောင်တျောင်း- “ထွက်သွား”
သူက လက်ရှိအချိန်တွင် မကောင်းဆိုးဝါးဝိညာဉ် အခြေအနေတွင် ရှိနေပြီး သူအကြောက်ဆုံးမှာ မိုးကြိုးဖြစ်သည်။ မိုးကြိုးတစ်ချက်က သူ့ကို အလွယ်တကူ ပြာဖြစ်စေနိုင်သည်။
“ဟင့်... စစ်မှန်တဲ့ညီအစ်ကိုမဟုတ်ဘူး”
လင်းတုန်းက နှုတ်ခမ်းရွဲ့ခဲ့သည်။ သူတို့ညီအစ်ကိုလေးယောက်ထဲမှာ ဒီတတိယညီ ရှောင်တျောင်းက အချိုးမပြေဟုသူထင်နေသည်။
လင်းတုန်းနှင့် ရှောင်တျောင်းတို့၏လမ်းကြောင်းသည် ကွဲထွက်နေပုံရသည်... ဝူယွမ်သည် နှစ်ယောက်ငြင်းခုံနေပုံကို ဘေးမှအေးဆေး ကြည့်နေခဲ့သည်။ သူတို့၏ပြောဆိုဆက်ဆံမှုသည် မူရင်းဝတ္ထုတွင် ရှိသင့်သည့် သဟဇာတဖြစ်မှုပုံစံမှ တစ်စစီ ကွဲထွက်နေဟန်ရှိသည်။
ဝူယွမ်က “ကောင်းပြီ... မငြင်းကြနဲ့တော့။ ညီအစ်ကိုတိုင်းက အရာအားလုံးကို အတူတူလုပ်ဖို့ မလိုပါဘူး။ ရှောင်တျောင်းက မကောင်းဆိုးဝါးဝိညာဉ်ဆိုတောါ သူ မိုးကြိုးပစ်ခံရတာကို မခံနိုင်ဘူး။ သူသေသွားရင် ငါတို့နှစ်ယောက်စလုံး တစ်ရက်၊ တစ်လ၊ တစ်နှစ်တည်းမှာပဲ သေရလိမ့်မယ်”
အီး... လင်းတုန်း ချက်ချင်း အသံတိတ်သွားသည်။
ကတိကဝတ်ပြုသည့်အခါ ပြောရလွယ်သော်လည်း သူနှင့်အတူ တကယ်သေရမည်လား။
ဝူယွမ်သည် အသက်သေဆုံးခြင်း အကြောင်းအရာကို မဆက်တော့ပါ။ သူသည် သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ပတ်ဝန်းကျင်ကို သေချာစစ်ဆေးခဲ့ပြီး သူပြုလုပ်ခဲ့သော မြေပုံနှင့် နှိုင်းယှဉ်ကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“မြေပုံအရ... နောက်ထပ်နည်းနည်းသွားမယ်ဆိုရင် လိန့်ယွမ်တောင်ကို ရောက်သွားလိမ့်မယ်။ အဲဒီမှာ မိုးကြိုးတိမ်တွေထူပြီး တစ်နှစ်ပတ်လုံး ကောင်းကင်မိုးကြိုးတွေ ထစ်ချုန်းနေတယ်။ ငါတို့ အဲဒီမှာသွားပြီး မိုးကြိုးကို ခန္ဓာကိုယ်ထဲဆွဲထည့်လို့ရတယ်”
သူ၏စိတ်ထဲတွင်လည်း အနည်းငယ်ပျော်လင့်လျှက်ရှိသည်။