မိုးကြိုးအရင်းအမြစ်စွမ်းအင်ဖြင့် ကျင့်ကြံခြင်း
Vol. 9 Ch. 87
ဝှစ်... ဝှစ်... ဝှစ်...
အဖြူရောင် အရိပ်နှင့် အနီရောင် အရိပ်တစ်ခုတို့သည် တောအုပ်ကြီးအတွင်း မြန်မြန်ဆန်ဆန် ခုန်ပေါက်ပြေးလွှားနေကြသည်။
ကျယ်ပြန့်သော တောအုပ်ကြီးအတွင်း၌ သူတို့သည် မိမိတို့၏ ပင်ကိုယ်သားရဲ စရိုက်ကို လွတ်လပ်စွာ ဖော်ပြနေကြသည်။
ကျားများသည် သားရဲတိရစ္ဆာန်များထဲတွင် ဘုရင်များဖြစ်ကြသည်။
ပိုင်ယွမ်နှင့် ရှောင်ယန်တို့ တောအုပ်ကြီးအတွင်း ပြေးလွှားနေရင်းသူတို့၏ သွေးမျိုးဆက်စွမ်းအင်များ အပြည့်အဝ ထွက်ပေါ်လာသည်။
သူတို့အနားသို့ ချဉ်းကပ်လာသော မည်သည့် မကောင်းဆိုးဝါးသတ္တဝါမဆို အစွမ်းထက်သော သွေးမျိုးဆက်စွမ်းအင်ကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားရသည်။
သူတို့ထက် သန်မာသော သားရဲများပင် သူတို့၏လမ်းကြောင်းကို ဝင်ရောက်ဟန့်တားရန် မလာရဲချေ။
သားရဲများအားလုံး အန္တရာယ်ကို ခံစားသိနိုင်ကြသည်။
ထိုကာလအတွင်း လူသားနှစ်ဦးနှင့် ကျားနှစ်ကောင်တို့က သားရဲများစွာကို သတ်ဖြတ်ခဲ့ကြပြီး တစ်လကျော်ကြာ ဤတောအုပ်ကြီးအတွင်း ခရီးသွားလာခဲ့သဖြင့် ၎င်းတို့အပေါ်တွင် ကပ်ငြိလာသော ရိုင်းပျမှုနှင့် သတ်ဖြတ်ခြင်း အငွေ့အသတ်များကြောင့် သူတို့ကို မြင်ရုံမျှဖြင့်ပင် ခြောက်လှန့်နိုင်သည့် စွမ်းအားကို ခံစားနေရကြသည်။
ထို့ကြောင့် မည်သည့် မကောင်းဆိုးဝါးသတ္တဝါမျှ မိုက်မဲစွာ လာရောက်အသတ်ခံမည် မဟုတ်ချေ။
အမြဲတမ်း သန့်ရှင်းပြီး အနည်းငယ် သန့်ရှင်းရေးကြိုက်သော ပိုင်ယွမ်တောင်မှ ယခုအခါ အနည်းငယ် ရိုင်းစိုင်းလာသည်။
ဂျိန်းး၊
ထိုအချိန်တွင် မိုးကြိုးချိန်းသံက သူတို့၏ အာရုံကို ဆွဲဆောင်လိုက်၏။
“ရောက်ပြီ”
“ဒီကနေ ဝင်ရင် လိန့်ယွမ်တောင်တန်းကိုရောက်လိမ့်မယ်၊ လိန့်ယွမ်တောင်ဆိုတာက မိုးတိမ်ထဲထိ ထိုးထွက်နေတဲ့ အဲဒီမြင့်မားတဲ့ တောင်ထိပ်ကြီးဘဲနေမှာ”
ဝူယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်သည်။ သူတို့ရှေ့တွင် တောင်ကုန်းငယ်များ စတင်မြင်တွေ့နေရပြီဖြစ်ကာ ထိုတောင်ထိပ်များအပေါ်တွင် အမည်းရောင် မိုးကြိုးမုန်တိုင်းများ စုဝေးနေပြီး လျှပ်စီးကြောင်းများ ပြင်းထန်စွာ ထွက်ပေါ်နေသည်။ ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့သော ဖိအားပေးနိုင်သည့် စွမ်းအားသည် သူတို့အား ဝေးရာမှပင် နှလုံးသားတုန်ခါစေသည်။
လိန့်ယွမ်တောင်သည် တစ်ခုတည်းသော တောင်ထိပ်မဟုတ်ဘဲ တောင်တန်းအတွင်းရှိ အမြင့်ဆုံးတောင်ထိပ်သာဖြစ်ပြီး
တောင်ကိုဝန်းရံထားသော တောင်ကုန်းငယ်များစွာ ရှိသည်။
“အပြင်ဘက်ကမိုးကြိုးတွေက အားနည်းတယ်။ ဒီတောင်ထိပ်ကိုအရင်တက်ပြီး ခန္ဓာကိုယ်ထဲ မိုးကြိုးဆွဲထည့်ပြီး ကျင့်ကြံကြည့်ရအောင်”
“သွားကြရအောင်၊ ပိုင်ယွမ်”
ဝူယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုကာ ပိုင်ယွမ်အား တောင်ပေါ်တက်ရန် တိုက်တွန်းလိုက်သည်။
မိုးကြိုးက သူ၏ ယခင်ဘဝတွင် မထိရဲမကိုင်ရဲသော အရာဖြစ်ပြီး ယခုဘဝတွင် မိုးကြိုးကို အသုံးချ၍ ကျင့်ကြံနိုင်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ချေ။ ဤအံ့သြဖွယ်ရာ စမ်းသပ်မှုသည် သူ့အား မျှော်လင့်ချက်များဖြင့် ပြည့်နှက်စေသည်။
ယနေ့မှစ၍ သူက မိုးကြိုးကို နိုင်နင်းသူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။
နောင်တွင် အမျိုးသမီးများအား ကတိပေးသည့်အခါ မိုးကြိုးငါးချက်ပစ်ခံရပြီး သေဆုံးလိမ့်မယ်ဟု ပြောဆိုရမှာကို မကြောက်တော့ပေ။
သိပ်မကြာမီ ဝူယွမ်သည် တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားပြီး ကောင်းကင်တွင် ပြင်းထန်စွာ လျှပ်တံ့နေသော မိုးကြိုးကြောင်းများကို ကြည့်ရင်း ဝူယွမ် မျက်နှာ အနည်းငယ် တောင့်တင်းသွားသည်။ မိုးကြိုးမုန်တိုင်းများက ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားချိန်တွင် သူ၏ပုံစံသည် ပုရွက်ဆိတ်ကလေးတစ်ကောင်ကဲ့သို့ သေးငယ်နေသည်။
မိုးကြိုးလျှပ်စီးကြောင်းများသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး အချို့က ကျယ်ပြန့်သော တောအုပ်ထဲသို့ ကျရောက်ကာ ကျရောက်ရာနေရာရှိ သန်စွမ်းသော အပင်ကြီးများက ချက်ချင်းဆိုသလို မြေကြီးပေါ်ရှိ မီးခိုးမည်းများအဖြစ်သို့ ပြောင်းလဲသွားကာ မီးခိုးများ ကောင်းကင်ဘုံသို့ တဖြောက်ဖြောက်ထွက်လာသည်ကို မြင်ရသဖြင့် ဝူယွမ်၏ နှလုံးသား တဒိန်းဒိန်းခုန်လာခဲ့သည်။
“ငါ အပျော်စောနေမိတာလား” ဝူယွမ်သည် မျိုချလိုက်ပြီး ဤအရာက လက်တွေ့ဖြစ်နိုင်ခြေရှိမရှိ သံသယဝင်မိသွားသညါ။
မိုးကြိုးတစ်ချက်ကျပြီးနောက် သူက ထိုအပင်ကြီးများကဲ့သို့ မီးခိုးများ စတင်ထွက်လာမည်လား။
“ပိုင်ယွမ်၊ မင်းကြောက်နေလား”
ဝူယွမ်စကားပြောရင်း နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ပိုင်ယွမ်က နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်နေသည်ကို တွေ့လိုက်ရသည်။
“တကယ်ဘဲ နောက်ကို ဆုတ်နေတာလား”
ဝူယွမ် အန္တရာယ်တွေ့နေသည့်အခါတိုင်း အမြဲတမ်း ရှေ့ဆုံးမှ ဦးဆောင်တတ်သော ပိုင်ယွမ်က အခု ကောင်းကင်မိုးကြိုးကို ရင်ဆိုင်ရသည့်အခါ နောက်သို့ဆုတ်နေခဲ့ပြီး သူမ၏ ဉာဏ်ကောင်းထက်မြက်သော ကျားမျက်လုံးများထဲတွင် စိုးရိမ်မှု၊ ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်မိုးကြိုးသည် သားရဲများအတွက် အဆုံးစီရင်မှုဘဲဖြစ်သည်။
“အစ်ကိုကြီး၊ ငါတို့ ထပ်စဉ်းစားကြည့်ကြအုံးမလား” လင်းတုန်လည်း နောက်ကရောက်လာပြီး နှုတ်ခမ်းတုန်သွားပြီး မေးလိုက်သည်။
ပထမဆုံးအကြိမ် ကောင်းကင်ဘုံ၏ စွမ်းအားနှင့် ထိုမျှနီးကပ်စွာ ရင်ဆိုင်ရသည့်အခါ ထွက်ပေါ်နေသော မိုးကြိုးသံများက သူတို့၏ နှလုံးသားများကို ထိခိုက်နေသကဲ့သို့ ခံစားရပြီး သတ္တိကိုပင် ကျဆင်းစေသည်။
“ကောင်းပြီ၊ ဒုတိယအစ်ကိုကြီး ဒီအထိရောက်လာပြီးမှတော့၊ စတင်လိုက်ကြရအောင်။ ဒီမိုးကြိုးက ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူကို သတ်နိုင်မှာမဟုတ်ဘူး။ အဆိုးဆုံးအနေနဲ့ ကိုယ်တစ်ပိုင်းသေယုံပေါ့”
ရှောင်တျောင်းက ဆုတ်ခွာနေရင်း လင်းတုန်အား တိုက်တွန်းနှိုးဆော်လိုက်ကာ သူကတော့ သူတို့နှင့် အတော်လေး ဝေးရာသို့ ခုန်ပြေးသွားသည်။
ရှောင်ေတျာင်းက သူများကို မိုးကြိုးပစ်ခံခိုင်းပြီး သူကိုယ်တိုင်ကတော့ သူများကိုထိရင် သူပါထိမှာစိုးရိမ်သကဲ့သို့ ဝေးရာမှာ ပုန်းရှောင်နေခဲ့သည်။
“ဝူးဝူး!”
အလွန်ရဲရင့်သော ရှောင်ယန်သည်လည်း ယခုအခါ ကျောက်တုံးကြီးတစ်ခု၏ နောက်တွင် ပုန်းရင်း တုန်ရီနေသည်။
“သွားကြရအောင်၊ အား…အားနည်းဆုံးကနေ စတင်ကြမယ်”
ဝူယွမ်သည် အံကြိတ်လိုက်ပြီး အပါးဆုံး မိုးကြိုးလျှပ်စီးကြောင်းကို ရွေးချယ်ကာ အဲ့နေရာကို လျှောက်သွားလိုက်သည်။
လူသားတွေက မပြင်းထန်လျှင် မတည်မြဲနိုင်၊
မိုးကြိုးအတွင်းတွင် မိုးကြိုးကို သည်းခံနိုင်မှသာလျှင် သာမန်လူတွေထက် ပိုသာတဲ့သူဖြစ်လာမည်ဖြစ်သည်။
သူက လေနှင့်လ၊ နူးညံ့သိမ်မွေ့သော ခံစားမှုဓားကို ကိုင်တွယ်လျက် ကကောင်းကင်ဘုံသို့ ထိုးချိန်လိုက်ကာ။
“လာလေ”
ဂျိန်း၊
ဂျစ်ဂျစ်၊
လက်တစ်စုပ်အရွယ် မိုးကြိုးတစ်ကြောင်းက ပြင်းထန်စွာ ကျရောက်လာပြီး ဝူယွမ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်ကာ တောင့်တင်းသွားစေခဲ့ပြီး မိုးကြိုးကြောင်းများသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းသွားကာ စူးရှသော မိုးကြိုးအလင်းသည် တောင်ထိပ်ပေါ်တွင် ပေါက်ကွဲထွက်လာပြီး မျက်စိစူးစေကာ ထိုအလင်းထဲတွင် ရှိနေသော ဝူယွမ်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ၏ တစ်ကိုယ်လုံးသည် တန်ချိန်တစ်သောင်းအလေးချိန်ရှိသော ပုဆိန်ကြီးဖြင့် ရိုက်ချခံရသကဲ့သို့ ခံစားလိုက်ရပြီး ကြီးမားသော ဖိအားအောက်တွင် အရိုးများပင် ကြေညပ်သွားမတတ်ဖြစ်နေသည်။
ဝူယွမ်- “မိုးကြိုးရေ၊ နည်းနည်းလေး သိမ်သိမ်မွေ့မွေ့ ကျဆင်းလာလို့ မရဘူးလား”
သူက တောင့်တင်းစွာဖြင့် ကောင်းကင်ရှိ မိုးကြိုးမုန်တိုင်းများကို ကြည့်လိုက်မိသည်။
ထိုတစ်ချက်ကပင် သာမန်လူတစ်ဦး သည်းခံနိုင်သည့်အရာ မဟုတ်ချေ။ မိုးကြိုး၏စွမ်းအားသည် လင်းလန်တျန်း၏ ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါးကျောက်တိုင်လက်ဝါး ကဲ့သို့ဖြစ်ပြီး ရှောင်တိမ်းရန် မဖြစ်နိုင်သော အမျိုးအစားဖြစ်သည်။
စွမ်းအားပြင်းထန်သော မိုးကြိုးအရင်းအမြစ်စွမ်းအင်က ဝူယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ကြမ်းကြမ်းတမ်းတမ်ူ လှိုင်းထနေပြီး သူ့ကို တစ်ကိုယ်လုံးကို ထုံကျင်သွားစေသည်... ဤခံစားမှုက လက်တွေ့တွင် အတော်လေး သက်သောင့်သက်သာရှိသည်ဟု ထင်ရသည်။
လင်းတုန်သည် မဝင်ရောက်သေးဘဲ မိုးကြိုးထိမှန်ပြီး တောင့်တင်းသွားသော အစ်ကိုကြီးကို စိုးရိမ်စွာ ကြည့်ရင်း မေး၏၊
“အစ်ကိုကြီး၊ ဘာမှမဖြစ်ဘူးလား”
ဝူယွမ်- “ထိမှန်တဲ့အချိန်က အစပိုင်းနာကျဉ်မှုလောက်ပါဘဲ၊ နောက်ပိုင်းကြ အတော်လေး သက်သောင့်သက်သာရှိတယ်”
“လာလေ၊ စိုးရိမ်စရာမလိုဘူး၊ မသေဖို့ရာငါအာမခံတယ်”
ဝူယွမ်က နတ်ဆင်နှိမ်နင်းခြင်း ကို စတင်လည်ပတ်နေပြီဖြစ်ကာ ခန္ဓာကိုယ်အတွင်း၌ ကျန်ရှိနေသေးသော မိုးကြိုးအရင်းအမြစ်စွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူနေသည်။
မိုးကြိုးထိမှန်သည့်အချိန်တွင် သူ၏တစ်ကိုယ်လုံးနှင့် စိတ်သည်ပင် ထုံကျင်သွားပြီး ကျင့်စဉ်နည်းလမ်းကို လည်ပတ်၍မရခဲ့ချေ။
မိုးကြိုးပြန်ဆုတ်သွားမှသာ မိုးကြိုးစွမ်းအင်အနည်းငယ်ကို စုပ်ယူနိုင်ခဲ့ချင်းဖြစ်သည်။
ညီအကို၊မောင်နှမများ၏ စောင့်ကြည့်မှုအောက်တွင် လင်းတုန်က ဆက်လက် ကြောက်ရွံ့နေခြင်းမရှိတော့ပေ။
သူက စိတ်မပါသော်လည်း တောင်ထိပ်စွန်းတွင် ချေချိတ်ထိုင်လိုက်ကာ တောင်အောက်ရှိ ကျယ်ပြန့်သန့်ရှင်းသော တောအုပ်ကြီးကို ကြည့်ပြီး နက်ရှိုင်းစွာ လေရှူသွင်းလိုက်ကာ သူ၏မျက်နှာအရောင်ကို ဖြည်းဖြည်းချင်း ကြည်ညိုဖွယ်ဖြစ်အောင် ပြုလုပ်လိုက်သည်။
သူက ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံကို ထုတ်ယူပြီး ယွမ်စွမ်းအင်ဖြင့် ပါးလွှာသောမိုးကြို ကြောင်းကို ဆွဲထုတ်ရန် လှုံ့ဆော်လိုက်သည်။
ယွမ်စွမ်းအင် အလင်းရောင်က ထိုမိုးကြိုးကြောင်းကို ထိမှန်သည်နှင့်တစ်ပြိုင်နက်...
ဂျိန်း၊
ကျယ်လောင်သော အသံတစ်ခုသည် ချက်ချင်းဆိုသလို ကောင်းကင်တွင် ဟိန်းထွက်လာပြီးနောက် ထိုမိုးကြိုးသည် နိုးထလာသော မြွေကြီးတစ်ကောင်ကဲ့သို့ ချက်ချင်းဆိုသလို သူ၏ကြမ်းတမ်းသော အစွယ်များကို ထုတ်ဖော်ပြသလိုက်သည်။ မိုးကြိုးအလင်းက ယွမ်စွမ်းအင် အလင်းရောင်နှင့် ရောနှောသွားပြီး စူးရှသော မိုးကြိုးစီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားကာ တောင်ထိပ်ပေါ်တွင် ထိုင်နေသော လင်းတုန်ဆီသို့ လျင်မြန်စွာ စီးဆင်းလာ၏။
မိုးကြိုးက အလွန်မြန်ဆန်စွာ ရွေ့လျားလာပြီး လက်သည်းချင်းဖြစ်သည့်အချိန်အတွင်း မိုးကြိုးချိန်းသံ ထွက်လာကာ ချက်ချင်းရောက်လာပြီး လင်းတုန်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။
မူလက ခြေချိတ်ထိုင်နေသော လင်းတုန်သည် မိုးကြိုးနှင့်ထိထိခြင်း ချက်ချင်းဆိုသလို တောင့်တင်းသွားသည်။ သူက လေထဲတွင် ယိုင်နဲ့နဲ့ဖြင့် လှုပ်ရှားနေကာ မီးခိုးမည်းစွဲပြီး လျှပ်စစ်ဓာတ်လိုက်သော ငါးခြောက်တစ်ကောင်ကဲ့သို့ဖြစ်ကာ သူ၏အရိုးများက မိုးကြိုးနှင့် ဆက်သွယ်ထားသည်ကိုပင် မြင်တွေ့နိုင်သည်။
လင်းတုန်က မျက်ရည်ကျလုနီးပါးဖြစ်ကာ မိုးကြိုးစီးကြောင်းအတွင်းမှ သူ၏မကျေမနပ်ဖြစ်သော အော်ဟစ်သံများ ပဲ့တင်ထပ်လာ၏၊ “အစ်ကိုကြီး၊ မင်းငါ့ကိုလှည့်စားလိုက်တာလား၊ ဒါက နည်းနည်းလေးနာတာလား၊”
“ငါကတော့ နာကျင်မှုပေါင်း တစ်ဘီလီယံလောက်ခံစားရသလိုခံစားရတယ်” ဝူယွမ်ကလည်း အခုမှသူခံစားရသည့် နာကျင်မှု အစစ်အမှန်ကို ထုတ်ပြောလိုက်သည်။
ရှောင်တျောင်းနှင့် ကျားနှစ်ကောင်တို့ကတော့ ဝေးရာသို့ပုန်းရှောင်ကာ မိုးကြိုးများပစ်နေသည်ကို ကြည့်ရင်း ကြောက်ရွံ့သော ကြောင်ကလေးများကဲ့သို့ အောက်ငုံ့၀ပ်နေကြသည်။
“မြန်မြန်လေး ကျင့်စဉ်ကို လည်ပတ်ပြီး မိုးကြိုးအရင်းမြစ်စွမ်းအင်ကို စုပ်ယူ” ဝူယွမ်က လင်းတုန်ကို သတိပေးလိုက်သည်။
လင်းတုန်က ခန္ဓာကိုယ်ထဲရှိ အရိုးတိုင်းမှ နာကျင်မှုကို ခံစားနေရသည်။
မိုးကြိုးစီးကြောင်းသည် ထောင်ပေါင်းများစွာသော ပါးလွှာသောမိုးကြိုးကြောင်းများကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။
သူ၏စိတ်စွမ်းအင် ပြန်လည်ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် မဟာနေ့မိုးကြိုး ခန္ဓာကို ကျင့်ကြံရန် မြန်မြန်ဆန်ဆန် လည်ပတ်လိုက်သည်။
ကျင့်စဉ်နည်းလမ်း လည်ပတ်လိုက်သည့်အခါ မဟာနေမိုးကြိုး ခန္ဓာ၏ ထူးခြားသော ရွှေရောင် ယွမ်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ထိုမိုးကြိုးကြောင်းများကို တိုက်ရိုက်အရည်ပျော်စေကာ အပေါက်တိုင်းသို့ စိမ့်ဝင်သွားပြီး လင်းတုန်၏ တစ်ကိုယ်လုံးသို့ စီးဆင်းသွားသည်။
မိုးကြိုးစွမ်းအင်က ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့်အခါ ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ အသားမျှင်ဆဲလ်များက ထိုလှုံ့ဆော်မှုအောက်တွင် ရုတ်တရက် ကျုံ့သွားသကဲ့သို့ ခံစားရနေရသည်
အခြားတစ်ဖက်တွင် ဝူယွမ်သည်လည်း ခန္ဓာကိုယ်ရှိ အပေါက်များအားလုံးကို ဖွင့်ထားပြီးဖြစ်ကာ မိုးကြိုးအရင်းအမြစ်စွမ်းအင်ကို သူ့အား ဆေးကြောခွင့်ပြုလိုက်ရင်း ပြင်းထန်သော နာကျင်မှုက ခန္ဓာကိုယ်၏ ထောင့်တိုင်းတွင် ပြည့်နှက်နေခဲ့သည်။
နောက်ပိုင်းတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသော အော်သံတစ်ခုသည် ဝူယွမ်၏ လည်ချောင်းမှ မထိန်းနိုင်တော့ဘဲ ထွက်ပေါ်လာသည်။ သူက သူ၏လက်သီးများဖြင့် ရှေ့ရှိ မာကျောသော ကျောက်သားများကို အပြင်းအထန် ရိုက်နှက်ကာ အက်ကွဲသွားစေသည်။
လင်းတုန်၏ မဟာနေမိုးကြိုး ခန္ဓာသည် အထူးသဖြင့် မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိရန် ဖန်တီးထားခြင်းဖြစ်ပြီး နတ်ဆင်နှိမ်နင်းရဲ့ မိုးကြိုးစုပ်ယူမှုကတော့ အခြေခံအားဖြင့် အားဖြင့် ဒီအတိုင်းစုပ်ယူခြင်းဘဲဖြစ်သည်
သို့ရာတွင် ဤနည်းလမ်း၏ အားသာချက်မှာ ခန္ဓာကိုယ်အား မိုးကြိုးဒဏ်ကို ဖြည်းဖြည်းချင်း ခံနိုင်ရည်ရှိလာစေရန်ဖြစ်ပြီး။ ခန္ဓာကိုယ်အတွင်းရှိ အမှုန်တိုင်းက မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး ဆင်ကြီးများဖြစ်သည်အထိ အားထုတ်ပြီးသည့်အခါ မိုးကြိုးဂုဏ်သတ္တိများပါရှိလာကာ ပိုမိုသန်မာသော မိုးကြိုးဆင်ကြီးများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ဂျစ်ဂျစါ!
တောင်ထိပ်ပေါ်တွင် မိုးကြိုးစီးကြောင်း အလင်းအစုအဝေးတစ်ခု ဖွဲ့စည်းကာ ဝူယွမ်နှင့် လင်းတုန်တို့၏ ခန္ဓာကိုယ်များကို ဖုံးလွှမ်းထား၏။ သူတို့ပတ်လည် ေပနှစ်ဆယ် အတွင်း မိုးကြိုးမြွေကလေးများသည် မြေပြင်ပေါ်တွင် ရွေ့လျားနေပြီး မကြာခဏ သေးငယ်သော ပေါက်ကွဲမှုများကို ဖြစ်စေကာ ကျောက်စရစ်ခဲ အချို့ကိုပင် တိုက်ရိုက် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေသည်။
ထိုသည်ကိုမြင်ပြီး ရှောင်တျောင်းနှင့် ရှောင်ယန်တို့က ပိုဝေးသည့်နေရာသို့ ထွက်ပြေးသွားကြသည်။
မိုးကြိုးစီးကြောင်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေစဉ် ထိုမိုးကြိုးစီးကြောင်းအတွင်းမှ ဝူယွမ်၏ ခရမ်းရွှေရောင် အလင်းနှင့် လင်းတုန်၏ ရွှေရောင် အလင်းတို့က မှုန်ဝါးဝါး ပေါ်လွင်နေရာမှ ဖြည်းဖြည်းချင်း ပိုမိုတောက်ပလာသည်။ ထို့အပြင် သူတို့နှစ်ဦး၏ အလင်းများ တောက်ပလာသည်နှင့်အမျှ ထိုအနိုင်ကျင့်တတ်သော မိုးကြိုးစီးကြောင်းများက သူတို့၏ ခန္ဓာကိုယ်များနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေသည်
မိုးကြိုးအရင်းအမြစ်စွမ်းအင်ကို ပိုမိုစုပ်ယူလာနိုင်သည်နှင့်အမျှ ပြင်းထန်သော နာကျင်မှုသည်လည်း နောက်ဆုံးတွင် မြန်ဆန်စွာ လျော့ပါးသွားသည်။
သူတို့၏ ခန္ဓာကိုယ်များသည်က မိုးကြိုးနှင့် လိုက်လျောညီထွေဖြစ်လာသကဲ့သို့ပင်။
“ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုပြီးသန်မာလာတယ်”
“မိုးကြိုးတစ်ချက်တည်းနဲ့တင် အကျိုးကျေးဇူးက ဒီလောက်ထင်ရှားတယ်လား”
ဝူယွမ်သည် သူ၏ အရေပြားပေါ်တွင် တလက်လက် တောက်ပနေသော ခရမ်းရွှေရောင် အလင်းကို ကြည့်ရင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပြောလိုက်သည်။
အခြားတစ်ဖက်တွင် လင်းတုန်သည်လည်း အတူတူပင်ဖြစ်သည်။ သူက ဝူယွမ်ထက်ပင် ပိုအကျိုးအမြတ်ရလိုက်သည်။
သူ၏ ခန္ဓာကိုယ်တွင် ကြေးဝါရောင် အရောင်အနည်းငယ် ရှိနေပြီဖြစ်ပြီး ဤသည်မှာ သူ၏ ခန္ဓာကိုယ်က ပိုမိုသန်မာလာကာ မဟာနေ့မိုးကြိုး ခန္ဓာ၏ ပထမအဆင့်ဖြစ်သော ကြေးဝါမိုးကြိုးခန္ဓာကိုယ် အဆင့်နှင့် သိပ်မဝေးတော့ဟု ဆိုလိုနေခြင်းဖြစ်သည်။
“ဟေးဟေး၊ အစ်ကိုကြီး၊ ဆက်လုပ်ကြရအောင်”
အကျိုးအမြတ်ကိုခံစားပြီးနောက် လင်းတုန်သည် ဒီတစ်ကြိမ်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်တွန်းရန် မလိုတော့ဘဲ တက်ကြွစွာဖြင့် ဒုတိယမိုးကြိုးကို ရှာဖွေနေသည်။
ဂျိန်း၊
ပိုမိုထူထဲသော မိုးကြိုးတစ်ကြောင်း ထပ်မံကျရောက်လာသည်။
မိုးကြိုးအရင်းအမြစ်စွမ်းအင်ဖြင့် ရောနှောထားသော မဟာနေမိုးကြိုး ယွမ်စွမ်းအင်များကို လင်းတုန်၏ ခန္ဓာကိုယ်က အရူးအမူး စုပ်ယူနေသည်။ ထိုစုပ်ယူမှုအောက်တွင် လင်းတုန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အတွင်းရောအပြင်ရော ဖြည်းဖြည်းချင်း သန်မာလာနေသည်ကို သတိပြုမိလိုက်သည်။ ဤခံစားမှုသည် အလွန်ရှင်းလင်းပြီး သိသာထင်ရှားလာသည်။ သူက ကြွက်သားများအတွင်းရှိ စွမ်းအားက တစ်နည်းနည်းဖြင့် တိုးပွားလာနေသည်ကို မှန်းဆမိနိုင်သည်။
လင်းတုန်၏ ကျင့်ကြံခြင်းအပေါ် စိတ်အားထက်သန်မှု မြင့်မားနေသည်ကို မြင်တွေ့ရသောအခါ ဝူယွမ်သည်လည်း တံတွေး မျိုချလိုက်မိသည် သူက သူ၏ညီငယ်ထံ ရှုံးနိမ့်ခံ၍မရပေ။
ဂျိန်း၊
ဝူယွမ်သည်လည်း ဒုတိယမိုးကြိုးကို ဆွဲဆောင်လိုက်သည်။
ဒီတစ်ကြိမ်တွင် စုပ်ယူမှုအရှိန်သည် အရင်ကထက် ပိုမိုမြန်ဆန်လာသည်။ ညီနောင်နှစ်ဦးသည် ပြင်းထန်စွာ ယှဉ်ပြိုင်နေကြပြီး တစ်ဦးက မည်းနက်သော ရှေးဟောင်းလှံကို ကိုင်တွယ်ကာ အခြားတစ်ဦးက ပန်းရောင် ဓားတိုကို ကိုင်တွယ်လျက် ကောင်းကင်ဘုံသို့ ထိုးထောင်ကာ မိုးကြိုးကြောင်းများကို အဆက်မပြတ်ဆွဲဆောင်နေသည်။
သူတို့နှစ်ဦး၏ အရူးအမူးဖြစ်နေသည့်ပုံစသည် မိုးကြိုးကို လုံးဝအရေးမစိုက်ဟုပင် ထင်ရစေသည်။ ဝူယွမ်တို့အမြင်တွင် ထိုမိုးကြိုးတွေက လူတို့ကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်မိုးကြိုးမဟုတ်ဘဲ ဆွဲဆောင်မှုအားကောင်းသော အမျိုးသမီးလေးသဖွယ် ဖြစ်နေသည်။
“အစ်ကိုကြီး၊ ဒီမိုးကြိုးကို ငါ့အတွက်ချန်ပေးပါ”
“ညီလေး၊ ဒီမိုးကြိုးက သိပ်ထူလွန်းတယ်၊ မင်းမခံနိုင်ဘူးထင်တယ်။ အစ်ကိုကြီးကိုလုပ်ခွင့်ပေးပါ”
ခန္ဓာကိုယ်က မိုးကြိုးအရင်းအမြစ်စွမ်းအင်ကို လိုက်လျောညီထွေဖြစ်လာသည်နှင့်အမျှ ဝူယွမ်သည် သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ သဘာ၀ဝိညာဉ်အဆောင် ငါးခုတွင် အချို့သော လှုပ်ရှားမှုများရှိသည်ကို သတိပြုမိလိုက်သည်။ အဆောင်များသည်လည်း မိုးကြိုးအရင်းအမြစ်စွမ်းအင်ကို စုပ်ယူနိုင်သည်ဟု ထင်ရသည်။
ဝိညာဉ်စုစည်းရေး သက်ရောက်မှု
ဝါးမြို စွမ်းအား၊
ဝူယွမ်သည် ချက်ချင်းဆိုသလို နားလည်သွားသည်- သူ၏ သဘာ၀ဝိညာဉ်အဆောင်များသည် လက်ရှိအချိန်တွင် အဓိကအားဖြင့် မူလဝိညာဉ် စုစည်းရေးရူန်း နှင့် ဝါးမျိုခြင်းရူန်း၊ ရိုးရှင်းသော စွမ်းရည်နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည်။
“ဒါဆို စမ်းကြည့်ရအောင်၊ မိုးကြိုးကို စုပ်ယူနိုင်မလားဆိုတာ”
ဝူယွမ်က သူ၏ နီဝမ်နယ်ပယ်ကို တိုက်ရိုက်ဖွင့်လှစ်ကာ သဘာ၀ဝိညာဉ်အဆောင် ငါးခုကို ထုတ်လွှတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအရင်းအမြစ်စွမ်းအင်ကို အာရုံခံမိသည်နှင့်တစ်ပြိုင်နက် ထိုရူန်းများသည် ချက်ချင်းဆိုသလို ရေ၀ဲကြီးများအဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးအရင်းအမြစ်စွမ်းအင်အားလုံးကို စုပ်ယူကာ ဝူယွမ်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
လင်းတုန်က ဘေးသို့လှည့်ကြည့်လိုက်သောအခ သူ၏အစ်ကိုကြီးက ဝေလငါးကြီးတစ်ကောင် မိုးကြိုးကို စုပ်ယူနေသကဲ့သို့ မိုးကြိုးအရင်းအမြစ်စွမ်းအင်ကို သူ့ဆီမှလုယက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် စိုးရိမ်သွားသည်။ အခုအချိန်သည် သူတို့၏ အားပြိုင်မှု အထွတ်အထိပ် အခြေအနေဘဲဖြစ်သည်။
ဤမျှစိတ်လှုပ်ရှားဖွယ်ကောင်းသော အခြေအနေကို သူ မည်သို့မျှ ချိုးဖျက်လိုစိတ်မရှိချေ။
“အစ်ကိုကြီး၊ မင်းရဲ့နည်းလမ်းကို ငါလည်းစမ်းကြည့်ချင်တယ်”
သူ အလွန်တုန်လှုပ်သွားပြီး သူ၏ နီဝမ်နယ်ပယ်ကို ဖွင့်လှစ်ကာ သဘာ၀ဝိညာဉ်အဆောင် လေးခုကို ထုတ်လွှတ်လိုက်ပြီး ဝူယွမ်နှင့်အတူ တောင်ထိပ်ပေါ်ရှိ မိုးကြိုးများကို စုပ်ယူလိုက်သည်... “ဒါက ကောင်းကင်ဘုံကို စိန်ခေါ်နေတာလား...” အဝေးမှ ကြည့်နေသော ရှောင်တျောင်းက လျှာသပ်လိုက်ပြီး အံ့အားသင့်သွားကာ “အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက တကယ်ကို အရူးကြီးတွေဘဲ၊ မိုးကြိုးကို ဒီလိုကစားနေကြတယ်။ သူတို့က လူမဟုတ်ဘူး ရတနာလက်နက်တွေဘဲနေမှာ”
တောင်ထိပ်ပေါ်တွင် လင်းလက်နေသော မိုးကြိုးစီးကြောင်း အလင်းစုက ဖြည်းဖြည်းချင်း အားနည်းလာပြီး ထိုအတွင်းရှိ ဝူယွမ်နှင့် လင်းတုန်တို့၏ ခန္ဓာကိုယ်က ပိုမိုတောက်ပလာကာ အရေပြားမှ မီးခိုးမည်းရောင် အညစ်အကြေးအချို့ကို ထုတ်ပစ်နေသည်။
နောက်ဆုံးတွင် ဝူယွမ်နှင့် လင်းတုန်တို့က မိုးကြိုးစီးကြောင်း ရှစ်ကြောင်းခန့်ကို စုပ်ယူပြီးနောက် ဤတောင်ထိပ်ပေါ်ရှိ မိုးကြိုးမုန်တိုင်းသည် နောက်ဆုံးတွင် သူတို့နှစ်ဦးအား ကြောက်သွားပြီး သူတို့ပတ်လည်တွင် နောက်ထပ်မိုးကြိုးများ မကျလာတော့ပေ။
အဲ့အစား မိုးသည်းထန်စွာ ရွာသွန်းလာကာ မိုးကြိုးမုန်တိုင်းလည်း ငိုကြွေးနေသည့်ပုံပင်။
အချိန်မှန် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သူတို့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဖြည်းညှင်းစွာ ဆေးကြောသန့်စင်ပြီးသားဖြစ်သွားစေသည်။
လင်းတုန်၏ ခန္ဓာကိုယ်အရေးပြားပေါ်တွင် ကြေးဝါရောင် စွမ်းအင်အနည်းငယ် ထုတ်လွှတ်နေပြီး
ဝူယွမ်မှာမူ ခရမ်းရွှေရောင်စွမ်းအင် ထုတ်လွှတ်နေကာ အမှုန်များသည် လှိုင်းထနေသကဲ့သို့ရှိပြီး လန်းဆန်းမှုများဖြင့် ပြည့်နှက်နေသည်။
ဆင်ကြီးများအဖြစ်အမှုန်များကို ကျင့်ကြံရန် ရှေ့တစ်လှမ်းတိုးလာပီဖြစ်သည်။
“မိုးကြိုးရှင်းလင်းခြင်း စစ်ဆင်ရေး စတင်ကြရအောင်”
ဝူယွမ်က ရှေ့တွင် ပိုပြင်းထန်စွာ စုဝေးနေသေည မိုးကြိုးမုန်တိုင်းများကို ကြည့်ရင်း စိတ်ဝင်စားမှုများတိုးလာသည်။ တောင်ထိပ်တိုင်းက အနက်ရောင်မိုးကြိုးစွမ်းအင် ဖိအားများ ဖုံးလွှမ်းခံထားရသည်။
လင်းတုန်သည်လည်း တိုက်ပွဲဝင်စိတ်ပြည့်နှက်နေကာ ဤနှုန်းဖြင့်ဆိုလျှင် ရက်အနည်းငယ်အတွင်း ကြေးဝါမိုးကြိုးခန္ဓာကို အားထုတ်နိုင်မည်ဖြစ်သည်။
“ပိုင်ယွမ်၊ ရှောင်ယန်၊ မင်းတို့နှစ်ကောင် ပတ်ဝန်းကျင်က သားရဲတွေကို အမဲလိုက်ကြတော့။ သိပ်ဝေးဝေးမသွားနဲ့”
ဝူယွမ်သည် ဝိညာဉ်စွမ်းအင်ဖြင့် ကျားနှစ်ကောင်ထံသို့ ဆက်သွယ်ပြောကြားလိုက်သည်။
သူတို့ ကျားမောင်နှမက ဤနေရာတွင် စောင့်ကြည့်နေရုံသာရှိပြီး ဘာမျှမလုပ်နိုင်ဘဲ တုန်ရီနေကြသဖြင့် သူတို့အား ပတ်ဝန်းကျင်ရှိ အခြားသားရဲများကို အမဲလိုက်ခွင့်ပြုလိုက်သည်က သူတို့ အတွေ့အကြုံရရှိရန်နှင့် ကြီးထွားလာရန်အတွက် ပိုကောင်းမွန်သည်။
“သွားကြရအောင်၊ ညီလေး၊ နောက်တောင်ကို ဆက်သွားကြမယ်”
လူသားနှစ်ဦးနှင့် မြွေပါတစ်ကောင်တို့က နောက်ထပ်တောင်ထိပ်ဆီသို့ ခုန်ကူးလိုက်ကြသည်။
နောက်ထပ် မိုးကြိုးစွမ်းအင်စီးကြောင်းတွေ၊
ညီအကိုနှစ်ယောက်၏ မိုးကြိုးရှင်းလင်းခြင်း စစ်ဆင်ရေး စတင်ပီဖြစ်သည်။