ရှောင်တျောင်း၏ စိတ်ကူးယဉ် မှန်းဆချက်များနှင့် လင်းတုန်၏ သဘောတူညီခြင်း
Vol. 9 Ch. 90
ဝူယွမ်က လက်တစ်ချက်လွှဲရမ်းကာ ခရမ်းငွေရောင် အလင်းတန်းတစ်ခုကို လွှတ်လိုက်ပြီး ကောင်းကင်ဘုံ၏ အစွမ်းဖြင့် ပစ်ခတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ ထိုစူးရှပြင်းထန်သော ဓားရိပ်သည် အနီးဆုံးရှိ တိထန်နှင့် လျူကွေ့တို့၏ မျက်နှာအမူရာကို ပြောင်းလဲသွားစေသည်။
ဝူယွမ်သည် ဤကဲ့သို့သော ဖျက်စီးအားပြင်းသည့် လက်နက်ကို ရုတ်တရက် ထုတ်လာလိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားပေ။
သူတို့က ထွက်ပြေးရန် ဆန္ဒရှိသော်လည်း အတိုင်းအဆမရှိ ကျယ်ပြန့်လှသော စွမ်းအင်တန်ခိုးသည် သူတို့အား ထိန်းချုပ်ထားပြီး အရင်က လိန့်ယွမ်သားရဲ အဆင့်တက်ချိန်တွင် ရင်ဆိုင်ခဲ့ရသည့် ကောင်းကင်ဘုံ မိုးကြိုးအရင်းအမြစ်၏ အစွမ်းအာနိသင်ကို ရင်ဆိုင်ရသကဲ့သို့ပင် သူတို့သည် ခုခံရန်ပင် စိတ်အားထက်သန်မှု လုံးဝမရှိတော့ဘဲ အန္တရာယ်မှ လွတ်မြောက်ရန် လုံး၀မဖြစ်နိုင်တော့ပေ။
သူတို့နှစ်ယောက်လုံးက အကောင်းဆုံးသော ကာကွယ်ရေးနည်းလမ်းများကို အသုံးပြုလိုက်ကြပြီး သူတို့၏ ယွမ်စွမ်းအင်များသည် အရူးအမူး ပန်းထွက်လာကာ ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအင် အကာအရံများအဖြစ် အလွှာလိုက် ဖွဲ့စည်းသွားသည်။ သူတို့လက်ထဲရှိ ဓားရှည်များကိုလည်း ရှေ့တည့်တည့်တွင် ကိုင်ထားပြီး ခရမ်းငွေရောင်ဓားအလင်း သူတို့၏ အဆင့်နိမ့် ဝိညာဉ်ရတနာ ဓားများဖြင့် ခုခံရန် ကြိုးစားနေကြသည်။
သို့သော် ခရမ်းငွေရောင် ဓားသွားက မှောင်မိုက်နေသော ကောင်းကင်ကို ဖြတ်သန်းကာ သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်တောက်လိုက်ပြီး ကောင်းကင်ဘုံအထိ တစ်ဟုန်ထိုး ထိုးတက်သွားသည်။
ဤရိုးရှင်းသော ဓားချက်က ဥက္ကာခဲတစ်ခုကဲ့သို့ပင် တောက်ပနေပြီး။ တောင်ထိပ်ပေါ်ရှိ ကောင်းကင်တွင် ယာယီတောက်ပနေပြီး ပျောက်ကွယ်သွားသည်။
ဓားရောင်က ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားပြီးမှသာ...
တိထန်နှင့် လျူကွေ့တို့၏ ခန္ဓာကိုယ်များ လှုပ်ရှားလာကြပြီး။ သူတို့၏ ကိုယ်အထက်ပိုင်းများ တဖြည်းဖြည်း ပြိုလဲကျသွားသည်။
ဓားချက်က သူတို့၏ ခန္ဓာကိုယ်များကို တိုက်ရိုက် နှစ်ပိုင်းပိုင်းလိုက်သည်။ ထို့အပြင် သူတို့လက်ထဲရှိ ဓားရှည်များလည်း ပါဝင်သည်။
ဓားချက်သည် ချောမွေ့ပြေပြစ်နေကာ ဤဓား၏ ထက်မြမှုကို မြင်ယောင်ကြည့်နိုင်သည်။
တောင်ထိပ်တစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
တိနှင့် လျူမိသားစုဝင် အားလုံး ပျက်စီးသွားပြီဖြစ်ကာ လိန့်ယွမ်သားရဲလည်း ရှောင်တျောင်းနှင့် လင်းတုန်တို့၏ ဆက်တိုက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည်။
“အစ်ကိုကြီး၊ရဲ့ဓားက...”
လင်းတုန်သည် ဝူယွမ်လက်ထဲရှိ ဓားကို ကြည့်ရှုကာ အံ့အားသင့်နေသည်။ ထိုထားသည် သူလက်ထဲရှိ မိုးကြိုးအရင်းအမြစ်ထက်ပင် ပိုမိုဆွဲဆောင်မှုရှိပုံရသည်။ သေချာပေါက် ဒြပ်မဲ့အဖိုးတန်ရတနာတစ်ခုဘဲဖြစ်သည်။
“မရောင်းဘူး”
ဝူယွမ်က ပြုံးရီလျက် ဟာသလုပ်လိုက်သည်။
“အစ်ကိုကြီး၊ ဒီဓားကို ဘယ်တုန်းက ရခဲ့တာလဲ? ကျွန်တော့် မှတ်ဉာဏ်ထဲမှာတောင် ဒီလိုအံ့ဖွယ် လက်နက်မျိုးကို ဘယ်တော့မှ မမြင်ဖူးခဲ့ဘူး” ရှောင်တျောင်းလည်း ပျံဝဲလာပြီး နီးကပ်စွာ စစ်ဆေးကြည့်ရင်း အံ့အားသင့်သံဖြင့် ပြောလိုက်သည်။
ရှောင်တျောင်းက အလွန်စိတ်ရှုပ်ထွေးနေသည်။ အစ်ကိုကြီး၊ ပြန်လည်မွေးဖွားသူက ဤကဲ့သို့သော စွမ်းအားပြင်းဓားကို ရုတ်တရက် မည်သို့ရရှိခဲ့သနည်း။ ဓားက မိုးကြိုးစွမ်းအင်ဖြင့် ပြည့်နှက်နေပြီး အရေးအကြီးဆုံးမှာ လူလုပ်ထားဟန်မပေါ်ဘဲ သဘာဝအတိုင်း ဖွဲ့စည်းထားသည်ဟု ထင်ရသည်။
တစ်ကြိမ် ကြည့်လိုက်သည်နှင့် သာမန်မဟုတ်ကြောင်း ထင်ရှားသည်။
“ဟဲဟဲ၊ အစော တောင်ထိပ်ပေါ်က တိုက်ပွဲကြီးအတွင်းက ပြင်းပြင်းထန်ထန် အက်ကွဲနေတဲ့ ကျောက်ဆောင်ထဲကနေ ရုတ်တရက် တွေ့ခဲ့တာပါ”
ဝူယွမ်က ရယ်မောနေသည်။ အခုအချိန်တွင် သူ၏ စိတ်အခြေအနေသည် အလွန်ကောင်းနေပြီး သင့်တော်သော အကြောင်းပြချက်တစ်ခုကို ဖန်တီးလိုက်သည်။
ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့အချိန်တုန်းက သူတို့အားလုံး တိုက်ပွဲအတွင်းမှာဖြစ်ပြီး မည်သူမျှ သတိမထားမိကြလိုက်ပေ။
သို့သော် မိုးကြိုးဝိညာဉ်ဓားသည် ရှောင်တျောင်းနှင့် လင်းတုန်တို့၏ အာရုံကို မိုးကြိုးအရင်းအမြစ်မှ ဓားဆီသို့ ချက်ချင်း ပြောင်းလဲသွားစေသည်။
“အစ်ကိုကြီး၊ ဒီဓားက လိန့်ယွမ်တောင်မှာ ရှိတယ်ဆိုတာ ကြိုသိခဲ့တာလား” ဟု လင်းတုန်က မေးမြန်းလိုက်သည်။
မဟုတ်လျှင်... ဤကဲ့သို့သော စွမ်းအားပြင်းသည့် အဖိုးတန်ဓားကို မည်သူက ဤမျှလွယ်ကူစွာ ကောက်ယူနိုင်မည်နည်း။
တိထန်နှင့် လျူကွေတို့ပင် မတွေ့ခဲ့ကြကာ ထိုဓားကအစ်ကိုကြီး ယူဆောင်တာကို ဤနေရာတွင် စောင့်ဆိုင်းနေသည့်ပုံစံဖြစ်နေသည်။
“ဖြစ်နိုင်ပါ့မလား။ မင်းအစ်ကိုကြီးက နိမိတ်ဖတ်သူမဟုတ်ဘူး။ ဒီမှာ အဖိုးတန်ဓားရှိတယ်ဆိုတာ ငါဘယ်လိုသိမှာလဲ။ ဒါက ကံတရားကြောင့်ပါ” ဝူယွမ်က ခိုင်ခိုင်မာမာဘဲ ငြင်းဆိုလိုက်သည်။
သို့သော် လင်းတုန်းနှင့် ရှောင်တျောင်းတို့က လုံးဝမယုံကြည်ကြပေ။
ဝူယွမ်သည် မိုးကြိုးဝိညာဉ်ဓားကို ဆော့ကစားနေသည်။ အခြားအရာများကို ချန်လှပ်ထားလျှင်ပင် ဤဓား၏ မျက်နှာပြင်ကို ပွတ်သတ်ခံစားနေသည်။
ကိုင်ထားသည့်အခါ လက်ဝါးကို တင်းတင်းကျပ်ကျပ် ကပ်နေနိုင်သော အားတစ်ခုရှိသည့်အလား ခံစားရပြီး သူနှင့် သဟဇာတဖြစ်လွန်းလှသည်။
အခုအချိန်တွင် တောက်ပသော အဖိုးတန်ဓားသည် အလင်းများ ဆက်လက်တောက်ပနေဆဲဖြစ်သည်။
သိပ်မကြာမီ ဝူယွမ်က ယွမ်စွမ်းအင်ဖြင့် ထိန်းချုပ်လိုက်သောကြောင့် ထိုဓားသည် လက်ဝါးအရွယ်အစားရှိသော ခရမ်းငွေရောင် ဓားငယ်လေးတစ်ခုအဖြစ်သို့ ကျုံ့ဝင်သွားပြီး ပုံဆောင်ခဲပုံသဏ္ဍာန်ဖြစ်နေကာ လက်ဝတ်ရတနာတစ်ခုနှင့် တူနေသည်။
လင်းတုန်းနှင့် ရှောင်တျောင်းတို့က ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။
ပိုင်ယွမ်နှင့် ရှောင်ယန်တို့သည်လည်း အံ့အားသင့်သွားကြသည်။
တကယ်တော့ ဝူယွမ်ကိုယ်တိုင်လည်း အလွန်အံ့အားသင့်နေသည်။
မိုးကြိုးဝိညာဉ်ဓားသည် မည်သည့်အရာနှင့်မှ တည်ဆောက်ထားခြင်းမဟုတ်ပါ။ ဓားက သဘာဝအတိုင်း ဖွဲ့စည်းထားသော အလိုအလျောက်ပုံစံဖြစ်ပြီး မိုးကြိုးအတွင်း၌ ပဋိသန္ဓေတည်ကာ မွေးဖွားလာခြင်းဖြစ်သည်။ မွေးရာပါအသိစိတ်ရှိသည်၊ ဒါမှမဟုတ်ရင် ထိုအရာက သက်မဲ့ထဲမှသက်ရှိ အထူးခြားဆုံးသော သက်ရှိ� တစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။
ဓားဝိညာဉ်။
ဝူယွမ်၏အတွေးအရ စိတ်တိုင်းကြ ကြီးထွားနိုင်ပြီး၊ ကျုံ့နိုင်သည်။
သူသည် ထိုဓာူကို အသင့်တော်ဆုံးသော ပုံသဏ္ဍာန်နှင့် အရွယ်အစားကို စိတ်တိုင်းကျ ပြောင်းလဲနိုင်သည်။
“ဒါက ငါ့အိပ်မက်ထဲက ဓားဘဲ”
ဝူယွမ်သည် ပျော်ရွှင်စွာဖြင့် တွေးမိသည်။
ထိုအချိန်တွင် ဝူယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဓားကို ပွတ်သပ်နေစဉ် လန်းဆန်းပြီး စိတ်လှုပ်ရှားဖွယ် အတွေးတစ်ခုက သူ၏ ဦးနှောက်ထဲသို့ ကူးစက်လာသည်။
စကားလုံးများ မရှိပေ။ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော အတွေးသာလျှင်ရှိသည်။
၎င်းသည် မိုးကြိုးဝိညာဉ်ဓားမှလာသော ဝေဝေဝါးဝါး အသိစိတ်တစ်ခုဖြစ်သည်။
အသိစိတ်က ဝူယွမ်အတွက် ချစ်ခင်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသော ခံစားချက်များကို ထုတ်လွှတ်နေသည်။
“တကယ်ကို အံ့အားသင့်စရာဘဲ”
ဓားသည် ပိုင်ယွမ်က ဝူယွမ်ကို ခေါင်းကြီးဖြင့် ပွတ်သပ်သကဲ့သို့ ဝူယွမ်၏ လက်ဝါးကို ညင်သာစွာ ပွတ်သပ်နေသည်။ လူအများကအမြင်တွင် ဝူယွမ်က ဓားကို ပွတ်သပ်နေသည်ဟု ထင်ရသော်လည်း ဓားက သူ့ဟာသူလှုပ်ရှားနေခြင်းဖြစ်သည်။
ဝူယွမ်၏ လက်ဝါးထဲတွင် လှိမ့်နေသည်ဟုပင် ထင်ရသည်။
ကလေးတစ်ယောက်လို ပျော်ပြီး ရွှင်မြူးနေသည်။
အနာဂတ်တွင် သူ၏စွမ်းအားမြင့်မားလာသည့်အခါ လူသားပုံစံသို့ ပြောင်းလဲနိုင်မလားဆိုတာကို... ဝူယွမ်တွေးမိလိုက်သည်။ ဤသည်မှာသိပ်တော့ မထူးဆန်းပေ။ ဤကမ္ဘာတွင် သားရဲများသည် သူတို့၏ကြီးထွားမှုအဆင့်တစ်ခုသို့ ရောက်ရှိပါက ပုံသဏ္ဍာန်ပြောင်းလဲနိုင်သည်။
ဤဓားဝိညာဉ်ပုံစံသည်လည်း အချို့သော အဆင့်အတန်းနှင့် တွက်မည်ဆို အသိစိတ်ရှိသော သက်ရှိဘဲဖြစ်သည်။
ဓားသည်သာ လူသားပုံစံသို့ ပြောင်းလဲနိုင်ပါက...
ဓားလူသားလား။ ဒါမှမဟုတ် ဓားမိန်းကလေးလား။
ဝူယွမ်က မျှော်လင့်ချက်များဖြင့် စိတ်ကူးယဉ်ခြင်း စတင်နေသည်။
လူတစ်ဦးက မိမိကြိုက်နှစ်သက်ရာကို မြင်လျှင် ၎င်းနှင့်ပတ်သက်၍ နောက်ဆက်တွဲများစွာကို မသိစိတ်မှ တွေးမိသည်။
ထိုကိစ္စသည် ဝူယွမ် သူ၏အရင်ဘ၀တွင် သူ၏ပထမဆုံးချစ်သူ ပင်းပင်းကို မြင်တွေ့ခဲ့သည့်အချိန်ကဲ့သို့ဖြစ်သည်။ ထိုအချိန်က သူ၏နှလုံးသားသည် ‘ပင်းပင်’ မှ ပင်းပင်း ဖြစ်နေပြီး သူတို့၏ကလေးများအတွက် အမည်များကိုပင် တွေးတောမိခဲ့သည်။
ကံဆိုးချင်တော့ ပင်းအပ်င်းသည် နောက်ပိုင်းတွင် မြို့ကြီးသို့သွားရောက်ကာ လှပစွာဝတ်စားတတ်သော မင်းသမီးတစ်ဦးဖြစ်လာခဲ့ပြီး သူက မတော်တဆဤကမ္ဘာသို့ ရောက်ရှိသွားခဲ့သည်။
“မင်းက ယောက်ျားလေးအဖြစ် ပြောင်းလဲပါစေလို့ ငါမျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းဟာ ငါနဲ့အတူ တိုက်ပွဲဝင်ပြီး ငါ့ရဲ့ မရှိမဖြစ် လက်တွဲဖော်ဖြစ်လာမှာမို့လို့ဘဲ”
ဝူယွမ်က သူ့စိတ်ထဲမှာ တွေးနေမိသည်။
အရင်က ပိုင်ယွမ်အတွက် သူ၏မျှော်လင့်ချက်များကို တွေးမိသောအခါ သူသည် ဝမ်းနည်းခြင်းဖြင့် ချက်ချင်းပင် ပြန်လည်တွေးနေမိသည်။ သူက အတူတွဲတိုက်ခိုက်မည့် ညီအကိုရပီထင်ခဲ့သော်လည်း နောက်ဆုံးတော့ ပိုင်ယွမ်က အမျိုးသမီးဖြစ်နေခဲ့သည်။
“မင်းကိုလည်း နာမည်တစ်ခုပေးရမယ်”
ဝူယွမ်သည် ကောင်းကင်မိုးကြိုးဝိညာဉ်ဓားအတွက် မည်သည့်နာမည်ပေးရမည်ကို စဉ်းစားနေသည်။
ဤအချိန်တွင် လင်းတုန်းနှင့် ရှောင်တျောင်းတို့က ဝိညာဉ်စွမ်းအင်ဖြင့် လျှို့ဝှက်စွာ ဆက်သွယ်နေကြသည်။
လင်းတုန်း- “တတိယညီ၊ အစ်ကိုကြီးရဲ့ဓားက တကယ်ပဲ ကံကောင်းပြီးတွေ့တာလား၊ ဘယ်လိုထင်လဲ၊”
ဤဖြစ်နိုင်ခြေကရှိသော်လည်း သူက သံသယအနည်းငယ်ရှိနေဆဲဖြစ်သည်။
ဤနေရာသည် ထူးခြားလွန်းသည်မဟုတ်ပေ။ အကယ်၍ ဤကဲ့သို့သော အဖိုးတန်ဓားသာ တကယ်ရှိပါက လိန့်ယွမ်သားရဲက နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သည်။ ချီဖန်တီးခြင်းအဆင့် သားရဲများက လက်နက်များကို ကိုင်တွယ်အသုံးပြုနိုင်သည်။
ရှောင်တျောင်း- “အစ်ကိုကြီးက မင်းလိုကလေးကို လှည့်စားနေတာပဲ၊ ဒုတိယအစ်ကို။ မင်းသိရမှာက သူက ပြန်လည်မွေးဖွားသူတစ်ယောက်ဘဲ။
ဟမ့်၊ ဒီခဏအတွင်းမှာဘဲ ကျွန်တော် အားလုံးကို နားလည်သွားပြီ။ ဒီဓားက တကယ်တော့ အစ်ကိုကြီးရဲ့ပိုင်ဆိုင်မှဘဲ
သူ့ရဲ့အရင်ဘ၀က အစ်ကိုကြီးက ဒီနေရာမှာ ချန်ထားခဲ့တာဖြစ်နိုင်တယ်”
ရှောင်တျောင်းက သူခန့်မှန်းတာ အမှန်ဟုယူဆကာ ဝိညာဉ်စွမ်းအင်ဖြင့် ဆက်လက်ပြောဆိုသည်။
“ကျွန်တော် ပထမဆုံးအကြိမ် အစ်ကိုကြီးက ပြန်လည်မွေးဖွားသူဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့တုန်းက ကျွန်တော် စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချင်းယန်မြို့ကဲ့သို့သော ဒေသကြီးကြီးမားမားနဲ့ ဝေးကွာလှတဲ့ သာမန်မြို့ငယ်လေးက ဘာမှမရှိသည့်နေရာမှာ ပြန်လည်မွေးဖွားသူတစ်ယောက် ရောက်ရှိလာနိုင်မယ်လို့ ဘယ်သူထင်မှာလဲ။
ဒါကတော့ မေးခွန်းတစ်ခုဘဲ။
အစ်ကိုကြီးက ဒီနေရာမှာ ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခဲ့တာက အကြောင်းပြချက်တစ်ခုခုရှိကိုရှိတယ်။
ကျွန်တော် ဝိညာဉ်မျှော်စင်ထဲမှာ ဘိုးဘေးအဆောင်မြေပုံကို ရှာဖွေတွေ့ရှိခဲ့တုန်းက အဲဒီမြေပုံက အစ်ကိုကြီး သူ့ရဲ့အရင်ဘဝက တမင်ချန်ခဲ့တာလို့ စတင်သံသယဝင်ခဲ့တယ်။
အဲ့အချိန်က ကျွန်တော် ထူးဆန်းတယ်လို့ ထင်မိတယ်။ မဟာယန်မင်းဆက်လို သေးငယ်တဲ့နေရာလေးမှာ ဘိုးဘေးအေဆာင်အကြောင်း အချက်အလက်တွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ၊
နိဗ္ဗာန်အဆင့်က အမြင့်ဆုံးဖြစ်တဲ့ နေရာမှာ ဘိုးဘေးအဆောင် ပိုင်ရှင်တစ်ဦး ရှိဖို့မဖြစ်နိုင်ဘူး၊
ဘယ်သူက ဒီလောက်အရေးကြီးတဲ့ အချက်အလက်ကို ဒီနေရာမှာ ချန်ထားခဲ့တာလဲ
ဘာလို့ ဒီနေရာမှာ ချန်ထားခဲ့တာလည်း။
ဘယ်သူက ပြန်ယူတာ စောင့်ဆိုင်းနေတာလဲ၊
ကံကြမ္မာအရ လူတစ်ဦးက စောင့်ဆိုင်း နေတာဖြစ်နိုင်ရဲ့လား။
ဒါက ဘိုးဘေး အဆောင်ပါ။ ဘယ်လိုလူက ကိုယ့်လူတွေထက် ကံကြမ္မာနဲ့ဆိုင်တဲ့ လူတစ်ဦးကို ပေးချင်မှာလဲ
တစ်ကယ်လို့ အစ်ကိုဆိုရင်ရော ကျောက်လက်ဖွဲ့ကို မသိတဲ့သူကို ပေးချင်မှာလား၊
အဲ့တာကြောင့် အဲ့ဒီအချက်အလက်က အစ်ကိုကြီး ပြန်လည်မွေးဖွားမှုမတိုင်မီက သူ့ကိုယ်ပိုင်အတွက် ချန်ထားခဲ့တဲ့ ကံကောင်းခြင်းတစ်ခုဘဲဖြစ်ရမယ်။
သူကအရင်ဘ၀က ဘိုးဘေးအဆောင်နှစ်ခု ပိုင်ရှင်ဖြစ်ခဲ့တာဘဲ”
“အဲ့အချိန် ကျွန်တော် သံသယဖြစ်မိပေမဲ့ မသေချာမရေရာဖြစ်နေခဲ့တယ်။ ဘာလို့ဆို ဝိညာဉ်မြေပုံကို သက်ဝင်လှုပ်ရှားစေနိုင်တဲ့ မွေးရာပါဝိညာဉ်သဘာ၀ အဆောင်ရဲ့ ရှေးဟောင်းအဆောင် လေ့ကျင့်ရေးနည်းလမ်းကို အစ်ကိုရှာတွေ့ခဲ့တာကြောင့်ဘဲ။
ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်၊ အစ်ကိုကြီးက နက်ရှိုင်းတဲ့ရူန်းတွေကို ကျွမ်းကျင်ကြောင်း တွေ့ခဲ့ရသလို အဲ့ရှေးဟောင်း၀န်ရိုး ဝိညာဉ်အဆောင်နဲ့ ပတ်သက်ပြီးတော့လည်း အတော်လေးရင်းနှီးကျွမ်း၀င်နေတယ်၊ အဲ့တာက သူ အရင်က အသုံးပြုဖူးတဲ့အရာတစ်ခုမလို့ဘဲ၊
ဒါပြီးတော့ ရှေးဟောင်းဂူသင်္ချိုင်း။ အစ်ကိုကြီးက ဂူသင်္ချိုင်းကို ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ ဂူသင်္ချိုင်းပိုင်ရှင်ရဲ့ ဘဝကို သူသေသွားတာတောင် သိရှိနေပြီး လူတိုင်းကို သံသယမရှိဘဲ ဝင်ရောက်ခွင့်ပြုနေတာလဲ၊
သူက လူတိုင်းကို ဂူသင်္ချိုင်းပိုင်ရှင်ကို ရိုသေလေးစား ဖို့ရာလည်း မှတ်တိုင် လုပ်ပေးခဲ့သေးတယ်။
ဂူသင်္ချိုင်းပိုင်ရှင်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတယ်လိုါ ပြောလိုက်ယုံနဲ့ လူတိုင်းကို လှည့်စားနိုင်မယ်လို့ အစ်ကိုကြီးက ထင်နေတာဘဲ၊
ကျွန်တော်သံသယရှိတာက ဂူသင်္ချိုင်းပိုင်ရှင်က အစ်ကိုကြီးရဲ့ အရင်ဘ၀က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဟောင်း တစ်ဦးဖြစ်ခဲ့တာနေမယ်။
မဟုတ်ရင် ရှေးခေတ်က သေဆုံးသွားတဲ့ သူစိမ်းတစ်ယောက်နဲ့ ဘာဖြစ်လို့ ဒီလောက်ရင်းနှီးနေရတာလဲ။
အစ်ကိုကြီးက တကယ်ပဲ တစ်စုံတစ်ယောက်ရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့ရင်တောင်မှ အဲ့တာက နိဗ္ဗာန်အဆင့် အမွေအနှစ်တစ်ခုသာသာဘဲ။ အစ်ကိုကြီးရဲ့ စွမ်းရည်နဲ့ဆို ထိုသူအတွက် အဲ့လောက်လုပ်ပေးဖို့မလိုဘူး၊
ဒါ့အပြင် သေဆုံးသွားသူတစ်ဦးက အစ်ကိုကြီးအတွက် အလွန်အရေးကြီးတဲ့ အကျိုးကျေးဇူးတွေ ဒါမှမဟုတ် အကျိုးအမြတ်တွေ ယူဆောင်လာနိုင်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား။
နောက်ဆုံး အခုအချိန်မှာ အစ်ကိုကြီးက ကျွန်တော်တို့ကို ဘာလို့ ဒီနေရာကို ခေါ်ဆောင်လာရတာလဲ၊
ကျွန်တော်ထင်တာတော့ မိုးကြိုးအရင်းအမြစ်အတွက် ပြိုင်ဆိုင်ခြင်းကမှ ကံတရားကြောင့်ဘဲ၊ အစ်ကိုကြီးရဲ့ တကယ့်ရည်မှန်းချက်က ဒီဓားကို ယူဖို့ ဒီနေရာကို လာခဲ့တာဘဲ။
ဒီဓားကို သူ့ရဲ့အရင်ဘ၀က သူကိုယ်တိုင် ဒီနေရာမှာ ချိတ်ပိတ်ထားခဲ့တာနေမယ်။
မဟုတ်ရင် မဟာယန်မင်းဆက်လို သေးငယ်တဲ့နေရာလေးမှာ အခုလိုမိုးကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အဖိုးတန်ပစ္စည်းတွေ ရှိနိုင်မယ်လို့ ကျွန်တော်မယုံဘူး
အဲ့တာကို လုံး၀ မယုံကြည်ပေးနိုင်ဘူး
ဒီခရီးစဥ်က မျဉ်းဖြောင့်အတိုင်း စီစဉ်ထားတဲ့ပုံစံဘဲ။
ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအားလုံးကို အစ်ကိုကြီးက ပြန်လည်မွေးဖွားမှုမတိုင်မီက ပလန်ချ အစီစဉ်ဆွဲထားခဲ့တာဘဲ။”
ရှောင်တျောင်း၏ အတွေးများသည် သူ့အတွက်တော့ အရာရာ ဆက်စပ်နေပြီး ဆန့်ကျင်ဘက်မရှိပေ။
သူက လင်းတုန်အား အံ့အားသင့်ဖွယ်စကားများကို ပြောဆိုခဲ့သည်။
လင်းတုန်းသည်လည်း ရှောင်တျောင်းပြောတာကို ကြားပြီးနောက် နက်ရှိုင်းစွာ တွေးတောနေမိခဲ့သည်။
ခရီးတစ်လျှောက်လုံး အစ်ကိုကြီး၏လုပ်ရပ်များကို သူဂရုတစိုက်စဉ်းစားကြည့်နေမိသည်။
အားလုံးက ကြိုတင်စီစဉ်ထားသည့် ပုံစံရှိသည်။
သူတို့သွားသည့်နေရာတိုင်းတွင် အစ်ကိုကြီးက အဆုံးမရှိသော အကျိုးကျေးဇူးများကို အမြဲတမ်းရရှိနိုင်သည်။
လင်းတုန်း တွေးမိပြီး အံ့အားသင့်သွားသည်... ဒီ”အရာက ထိတ်လန့်စရာဘဲ။ အဲ့တာက ပြန်လည်မွေးဖွားသူ တစ်ယောက်ရဲ့ စွမ်းအားလား။”
သူသည် အရင်ကက ရှောင်တျောင်းက ပြန်လည်မွေးဖွားသူများသည် အလွန်ထိတ်လန့်ဖွယ်ကောင်းကြောင်း ဖော်ပြသည်ကို ကြားဖူးသော်လည်း ပြန်လည်မွေးဖွားသူက မည်သည့်အရာဆိုတာ သူ့တွင် ရှင်းလင်းသော အယူအဆမရှိခဲ့ပေ။
အခုတော့ သူ နောက်ဆုံးတွင် ပြန်လည်မွေးဖွားသူ၏ စွမ်းအားကို နားလည်သွားပီဖြစ်သည်။
သူ ပိုပိုတွေးတောလေလေ၊ ပိုပိုထိတ်လန့်လာလေလေဖြစ်သည်။
“ဟင်၊ ရှောင်တျောင်း၊ ငါ့မှာရှိတဲ့ ကျောက်လက်ဖွဲ့၊ ဒါမှမဟုတ် မင်းရဲ့ ချင်းယန်မြို့မှာ အဆုံးသတ်သွားတာကရော၊ အစ်ကိုကြီးရဲ့ အစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းဖြစ်နိုင်မလား” လင်းတုန်းက ထိတ်လန့်သံဖြင့် ဝိညာဉ်စွမ်းအင်မှတစ်ဆင့် ပြောဆိုလိုက်သည်။
“ဒါ၊ ဒါကတော့ မဖြစ်နိုင်ဘူး။ ကျွန်တော့်မှာ ကျောက်လက်ဖွဲ့ရှိတာ အချိန်တော်တော်ကြာကတည်းက ဖြစ်ပြီး ကျွန်တော်က ကောင်းကင်မြွေပါ မျိုးနွယ်ထဲမှာတောင် သာမန်မဟုတ်တဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေတယ်။ အစ်ကိုကြီးက ပြန်လည်မွေးဖွားသူဖြစ်နေရင်တောင် ကောင်းကင်မြွေပါမျိုးနွယ်ထဲက အရာတွေအ၊ိ စီစဉ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော် ငယ်တုန်းက ဘယ်သွားရမယ်ဆိုတာတောင် ရေရေရာရာ သိတဲ့တာမဟုတ်ဘူး၊
ကျောက်လက်ဖွဲ့နဲ့ ကျွန်တော်ကတော့ ကံတရားကြောင့်ဘဲ ဖြစ်ရမယ်။
အစ်ကိုကြီးက ဒုတိယအစ်ကိုကို ကျောက်လက်ဖွဲ့ကို ထိန်းချုပ်ခွင့်ပြုရတဲ့ အကြောင်းရင်းကတော့ ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်ရှိနိုင်တယ်။
ဒါပေမဲ့ အခုမှ ပြောနေလည်း နောက်ကျသွားပြီ။ အစ်ကိုကြီးရဲ့ လမ်းညွှန်မှုကို လိုက်နာပါ။ အစ်ကိုကြီးလိုလူမျိုးရှေ့မှာ အကြံအစည် အသေးလေးတွေနဲ့ ဘယ်တော့မှ မကစားပါနဲ့။ သူက အကြံအစည်တွေနဲ့ ကြီးပြင်းလာသူဖြစ်တယ်။ ကျွန်တော်တို့က သူ့ကို မယှဉ်နိုင်ဘူး။
ပြီးတော့ အစ်ကိုကြီးက ကျွန်တော်တို့နဲ့ ဆော့ကစားနေဖို့ မလိုအပ်ဘူး။ သူသာ ကျွန်တော်တို့ကို ထိခိုက်စေလိုရင် အရင်ကတည်းက လုပ်ခဲ့ပြီးတာကြာပီ၊ ကျွန်တော်တို့ကို ခေါ်သွားဖို့ ဘာလို့ ဒုက္ခအရောက်ခံရမလဲ။ ၀န်ထုတ်နှစ်ခု သည်ထားတာနဲ့ တူမနေဘူးလား၊
ကျွန်တော်ထင်တာတော့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလည်း မိတ်ဆွေ လိုတယ်လို့ထင်တယ်။ နောက်ဆုံးမှာ တစ်ယောက်တည်းနေထိုင်ခြင်းက အထီးကျန်စေတယ်၊ အစ်ကိုကြီးက ကျွန်တော်တို့ကို ညီအစ်ကိုတွေအဖြစ် ဆက်ဆံတာက အစစ်အမှန်ဘဲနေမယ်။
ကျွန်တော်တို့က ဒီအခွင့်အရေးကို တန်ဖိုးထားရမယ်။
အစ်ကိုကြီးရဲ့ လျှို့ဝှက်ချက်များတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မသိချင်ယောင်ဆောင်နေကြမယ် မစုံစမ်း၊မမေးမြန်းဘဲနေကြတာပေါ့။
အစ်ကိုကြီးက ပြောသင့်တာကို သူအမှန်အတိုင်းဘဲ ပြောပြပါလိမ့်မယ်။ သူ မပြောသင့်တာတွေကို မပြောဘဲချန်ထားတာက၊ ကျွန်တော်တို့ ကောင်းဖို့ဆိုတာသေချာတယ်။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို သိဖို့ မသင့်တော်သေးဘူး။
အတိုချုပ်ပြောရရင် အစ်ကိုကြီးနောက်ကိုသာ လိုက်ပါ။ အကျိုးအမြတ်တွေအတွက် အာမခံချက်ရှိတယ်။
ဒုတိယအစ်ကိုရော အဲ့လို့မထင်ဘူးလား”
လင်းတုန်းကလည်း လေးလေးနက်နက် သဘောတူလိုက်သည်၊ “ဟုတ်တယ်၊ ညီအကိုတွေနဲ့ ပတ်သက်လာရင် အစ်ကိုကြီးက အမြဲတမ်း ရက်ရောတယ်”