လိန့်ယွမ်ပုံဆောင်သားရဲ
Vol. 9 Ch. 88
လိန့်ယွမ် တောင်တန်း။
အဝေးသို့ အမဲလိုက်ခိုင်းခံထားရသော ပိုင်ယွမ်နှင့် ရှောင်ယန်တို့သည် လိန့်ယွမ်တောင်၌ လှည့်လည်သွားလာ နေကြသည်။
“ဝေါင်း... ဝူးး... ဝူးး...”
ရှောင်ယန်သည် ပိုင်ယွမ်ကို နှစ်ကြိမ်တိုင်တိုင် အူကြောင်ကြောင် အသံပြုလိုက်သော်လည်း၊ သူ့အစ်မ ပိုင်ယွမ်က လျစ်လျူရှုသည်ကို မြင်သောအခါ၊ ရှောင်ယန်သည် တစ်ကိုယ်တော် ပြေးထွက်သွားလေသည်။
ပတ်ဝန်းကျင်ရှိ နေရာများသည် မိုးကြိုးပစ်ခြင်းခံထားရသဖြင့်၊ သူနှင့် တိုက်ခိုက်ရန် သားရဲကောင်မရှိသလောက်ဖြစ်နေသောကြောင့်၊ သူက ပိုမိုဝေးရာသို့ ပြေးသွားပြီး ရှာဖွေရန် လိုအပ်နေသည်။
သို့သော် ပိုင်ယွမ်မှာမူ ဤမျှ တက်ကြွခြင်းမရှိ၊ ညစ်ပတ်ပေရေမည်ကို ကြောက်သဖြင့် ဝူယွမ် ကျင့်ကြံပြီးသည်ကို စောင့်ဆိုင်းရင်း လှည့်လည်လိုက်ပါရုံသာ လိုလားနေသည်။
ရှောင်ယန် ပြေးထွက်သွားပြီး မကြာမီ၊ မိချောင်းဖြူကြီး တစ်ကောင်ကို ရှာဖွေတွေ့ရှိသွားသည်။ သူက ပျော်ရွှင်စွာဖြင့် ပြေးသွားပြီး ချက်ချင်းပင်တိုက်ခိုက်မှုစတင်လိုက်သည်။
ထိုမိချောင်းဖြူကြီးသည်လည်း ယွမ်ဒန် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် တွင်ရှိကာ သူ၏စွမ်းအားနှင့် အတူတူပင်ဖြစ်သည်။
သားရဲနှစ်ကောင်က တောအုပ်ထဲတွင် အပြင်းအထန်တိုက်ခိုက်နေကြသည်။
သိပ်မကြာလိုက်ဘဲ မိချေင်းဖြူကြီးသည် ရှောင်ယန်၏လက်ချက်ဖြင့် မှောက်သွားပြီး ရှောင်ယန်က မိချောင်း၏လည်ချောင်းကို ကိုက်ခဲကာ သတ်လိုက်ပြီးနောက်၊ သူ၏ခြေသည်းဖြင့် အမြုအတေကို ထုတ်ယူကာ မျိုချလိုက်သည်။
ယွမ်ဒန် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့် သားရဲများကြားတွင် ရှောင်ယန်၏စွမ်းအားသည် တစ်ဦးခြင်း တိုက်ခိုက်ပါက ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။
ရှောင်ယန်က အမဲလိုက်ရင်း ကွင်းပြင်လွတ်တစ်ခုသို့ ရောက်ရှိသွားပြီး ရုတ်တရက် လူအုပ်စုတစ်စုနှင့် တွေ့လိုက်ကြရသည်။
စကားတစ်လုံးမှ မပြောဘဲ သူတို့က ချက်ချင်း သူ့ပတ်လည်ကို ဝိုင်းရံလိုက်ကြသည်။
“ဟေ့... မီးလျှံကျားက ဒီလောက်အထိ ကြီးထွားလာတာ ရှားတယ်။ ငါ့အတွက် ဖမ်းချုပ်ထားလိုက်၊ သေသေချာချာမွေးမြူရင် အတော်လေး စွမ်းအားကောင်းလာနိုင်တယ်”
အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးသည် လူအုပ်စုဖြင့် ဝိုင်းရံထားခံရာကာ ကြောက်မက်ဖွယ်ကောင်းသည့် အနီရောင် ကျားကြီးကို မျက်လုံးပြူးနှင့် စိုက်ကြည့်ရင်း စိတ်လှုပ်ရှားသွားကာ ဖမ်းပေးဖို့ပြောနေသည်။
ကျား၏ အမြီးတွင်၊ အနီရောင် မြွေကြီးတစ်ကောင်သည် ဟူ၏ ကြောက်မက်ဖွယ် ချွန်ထက်သော လျှာကို ထုတ်နေပြီး၊ အနံ့ဆိုးတစ်ခုလည်း ပျံ့နှံ့လျက်ရှိသည်။
ဤစကားကို ကြားရသောအခါ၊ ရှောင်ယန်ကို ဝိုင်းရံထားသော အုပ်စုသည် စိတ်အားထက်သန်လာကြသည်။
သူတို့က ယွမ်စွမ်းအင် သုံးကာ သူတို့လက်ထဲရှိ ကြိုးများကို ရှောင်ယန်ဆီသို့ ပစ်လိုက်ကြသည်။
“ ဝေါင်း ”
ရှောင်ယန်၏ ကျားမျက်လုံးများသည်လည်း ကြောက်မက်ဖွယ် အနီရောင်ဖျော့ဖျော့ တောက်ပလာကာ သူ၏ ခြေထောက်များဖြင့် ခြေယှက်လိုက်ပြီး ချက်ချင်း အနီရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြိုးများကို ရှောင်တိမ်းလိုက်သည်။ သူ၏ ကျားလက်သည်းနှစ်ခုသည် လှိုင်းထနေသကဲ့သို့ လှုပ်ရှားနေပြီး၊ ချက်ချင်းပင် အနီးအနားရှိ လူအချို့ကို ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။
“သခင်လေး... ဒီမီးလျှံကျားက နည်းနည်းထူးဆန်းနေပြီး ကိုင်တွယ်ရခက်တယ်။ သာမန် ယွမ်ဒန် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူ တစ်ယောက်ထက် ပိုအားကောင်းနေတယ်” ဟု အဖွဲ့အတွင်းရှိ သက်လက်ပိုင်းအရွယ် ယောက်ျားတစ်ဦးက နဖူးတွန့်လျက် ပြောလိုက်သည်။
“ဟေ့... နည်းနည်းလေး ထူးဆန်းတာတွေ မထူးဆန်းတာတွေ ငါမစိတ်ဝင်စားဘူး။ ဦးလေး ကောင်း... ဦးလေးနဲ့ ယွမ်ဒန် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူ နှစ်ယောက်ပေါင်းပြီး ဒီသားရဲကို ဖမ်းလိုက်ပါ။ မြန်မြန်ဆန်ဆန်ဖမ်းလိုက်၊ အဖေရဲ့ အရေးကြီးကိစ္စကို မထိခိုက်စေနဲ့” အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်က ပြုံးရိပ်ဖြင့် ပြောလိုက်သည်။
ဦးလေးကောင်းက အခြား သက်လက်ပိုင်းအရွယ် ယောက်ျားနှစ်ဦးနှင့် မျက်လုံးချင်း ဖလှယ်လိုက်ကာ မသက်သာသည့်ဟန်ဖြင့် သုံးယောက်လုံး ရှောင်ယန်ကို ဝိုင်းတိုက်လိုက်ကြသည်။
ယွမ်ဒန် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူ သုံးဦးက အတွေ့အကြုံရင့် စစ်သည်တော်ဟောင်းများ ဖြစ်သဖြင့် ထိုမီးလျှံကျားကို အရှင် ဖမ်းဆီးရန် ခက်ခဲသော်လည်း မမဖြစ်နိုင်သည်တော့မဟုတ်ပ။
သူတို့သုံးဦးသည် တြိဂံပုံစံ နေရာယူလိုက်ပြီး ရှောင်ယန်ကို ဝိုင်းရံလိုက်ကြသည်။
“ ဖောက်ထွင်းလက်သည်း ”
ရှောင်ယန် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်ကို မြင်သောအခါ၊ ယွမ်ဒန် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့် သုံးဦးသည် ချက်ချင်း နှာမှုတ်လိုက်ပြီး၊ သူ့ကို သားရဲကောင်လို့ ကဲ့ရဲ့ကာ၊ သုံးဦးစလုံး တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ အားပြင်းသော ယွမ်စွမ်းအင်က ပေါင်းစည်းသွားကာ အစီအရင်တစ်ခြ ဖွဲ့စည်းထားသကဲ့သို့ဟန်ဖြင့်၊ ရှောင်ယန်ကို အပြည့်အဝ ပိတ်ဆို့ထားလိုက်သည်။
ကြီးမားသော လက်သုံးစုံသည် လက်ဟန်အမျိုးမျိုး ပြောင်းလဲနေကာ ကြမ်းတမ်းစွာဖြင့် ရှောင်ယန်၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
ရှောင်ယန်၏ ကျားမျက်လုံးများက သွေးနီရောင်သန်းလာပြီး၊ သူ၏ ကိုယ်ခန္ဓာမှ မီးနီရောင် စွမ်းအင်တစ်ခု ပေါ်ထွက်လာကာ၊ ထိုလက်ကြီးသုံးစုံကို တားဆီးနိုင်ခဲ့သည်။
“ဝေါင်း”
ရှောင်ယန်သည် ဒေါသဖြင့် ဟိန်းသံ အသံပြုလိုက်ပြီး သူ၏ မီးမြွေအမြီးကို ခတ်လိုက်ရာ၊ ထိုယွမ်စွမ်းအင် လက်များအားလုံး ပျက်စီးသွားသည်။
ထိုမြင်ကွင်းက ဘေးနားရှိ အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်ကို ပို၍ပင် စိတ်ဝင်စားလာစေသည်၊ ရှောင်ယန် ခုခံတိုက်ခိုက်မှု အားကောင်းလေလေ သူက ပိုစိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။
“ဦးလေး ကောင်း... မြန်မြန်ဖမ်းပစ်လိုက်! ဒီမီးလျှံကျားကို ယဉ်ကျေးအောင် လုပ်ဖို့ ငါမစောင့်နိုင်တော့ဘူး!”
“ချည်နှောင်ခြင်းလက်ချောင်း”
ယွန်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူ သုံးဦးသည် မျက်လုံးချင်း ဖလှယ်ကာ၊ ရုတ်တရက် တစ်ပြိုင်နက် ရှေ့တစ်လှမ်းတိုးကာ၊ သူတို့၏ လက်ချောင်းနှစ်ချောင်းကို ကွေးညွှတ်လိုက်သည်။
ယွမ်စွမ်းအင်သည် ကြိုးတစ်ချောင်းကဲ့သို့ ထွက်ပေါ်လာပြီး၊ လေထဲတွင် ဖြတ်သန်းရင်း ရှုပ်ထွေးသော ပိုင်ကွန်တစ်ခုအဖြစ် ပေါင်းစပ်သွားကာ၊ ရှောင်ယန်ပေါ်သို့ ကျရောက်ပြီး သူ့ကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်သည်။
ရှောင်ယန်က ပြင်းထန်စွာ ခုခံလှုပ်ရှားသော်လည်း၊ အတွေ့အကြုံရင့် ယွန်ဒန် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသုံးဦးရဲ့ ချည်နှောင်မှုမှ လွတ်မြောက်အောင် မတွန်းလှန်နိုင်ခဲ့ပေ။
“သားရဲလေး... မင်းအခုချိန် ဘယ်လောက်များ ကြောက်ရွံ့နေမလဲ။ ငါ့ရဲ့စီးနင်းတိရစ္ဆာန် အဖြစ် နေဖို့သဘောတူမယ်ဆို ချက်ချင်းလွှတ်ပေးမယ်”
အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်သည် ရူးသွပ်စွာ ရယ်မောကာ၊ ေရှာင်ယန်စီ လမ်းလျှောက်လာတော့မည့်အချိန်တွင်
“ဟမ်း”
ရုတ်တရက်၊ စွမ်းအားပြင်း ရွှေရောင် အသံလှိုင်းတစ်ခု မြည်ဟီးလျက် ဝင်ရောက်လာသည်။
ဖောက်၊
ရှောင်ယန်ကို ဝိုင်းရံထားသော သက်လက်ပိုင်းအရွယ် ယောက်ျားသုံးဦးသည် ချက်ချင်းပင် အသံလှိုင်းဖြင့် ပစ်ခတ်ခံလိုက်ရပြီး၊ လွင့်ပျံသွားကာ ပါးစပ်မှ သွေးများအန်ထွက်သွားသည်။
အရမ်းကိုမောက်မာနေသော အမည်းရောင် ဝတ်စုံဝတ်ထားသည့် လူငယ်တောင်၊ ပြန့်နှံ့သွားသော အသံလှိုင်း၏ စွမ်းအားကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ရှူး၊
အဖြူရောင် အလင်းတစ်ခု လျှပ်သွားပြီး ရှောင်ယန်ထက် ပိုကြောက်မက်ဖွယ်ကောင်းသော ကျားဖြူတစ်ကောင်သည် ဖြေးဖြေးမှန်မှန် ရှောင်ယန်ဆီသို့ လျှောက်လာသည်။ သူမ၏ မျက်လုံးများက အေးဆေးတည်ငြိမ်နေသော်လည်း၊ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးမှုက လူတိုင်းကို ခြိမ်းခြောက်နေသည်။ သူမကို မြင်တွေ့ရသူ အားလုံး နောက်ဆုတ်သွားကြသည်။
ကျားဖြူ၏ ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုသည် မီးလျှံကျားလောက် မပြင်းထန်သော်လည်း၊ သားရဲများရဲ့ဘုရင်ကဲ့သို့ အေးဆေးတည်ငြိမ်နေကာ သူတို့သည် နှလုံးသားထဲမှပင် ကြောက်ရွံ့မှုကို ခံစားနေရသည်။
“ဝါး... ဝါး... ဝါး...”
ရှောင်ယန်သည် သူ၏အစ်မဆီသို့ ညည်းညူသံဖြင့် တိုင်ကြားလိုက်သည်။ “သူတို့ငါ့ကိုဝိုင်းအနိုင်ကျင့်ကြတယ်”
ပိုင်ယွမ်သည် သူမ၏ ဖြူဖွေးနေသောလက်သည်းကို ဆန့်ထုတ်ကာ ရှောင်ယန်၏ခေါင်းကို ပုတ်ပေးလိုက်သည်၊ သူမ၏ ပိုင်ရှင် နေ့စဉ်သူမကို နှစ်သိမ့်ပေးသကဲ့သို့ပင်ဖြစ်သည်။
သားရဲများက အမြဲတမ်း သူတို့၏ ပိုင်ရှင်များကို အတုယူတတ်ကြသည်။
ရှောင်ယန်၏ ဟိန်းဟောက်သံကို ကြားရသည့်အချိန်တွင်၊ ပိုင်ယွမ်က အမြန်ဆုံး ပြေးလာခဲ့ပြီး ရောက်သည်နှင့် သူမသည် လူအုပ်တစ်စုက သူမ၏မောင်ကို နှိပ်စက်သည်ကို မြင်တွေ့လိုက်ရသည်။
ပိုင်ယွမ်သည် အမြဲတမ်း သူမ၏လူများကို ကာကွယ်လေ့ရှိပြီး၊ ဘာအကြောင်းပြချက်မှမလိုတဲ့ ကာကွယ်မှုမျိုးဘဲဖြစ်သည်။
ရှောင်ယန်သည် သူမကဲ့သို့ပင်၊ ဝူယွမ် နှင့် လင်းတုန် တို့၏ နေ့စဉ် လမ်းညွှန်မှုအောက်တွင်၊ လူများကို ဘယ်သောအခါမှ စတင်တိုက်ခိုက်လေ့မရှိပေ။ ဤလူအုပ်စုက ရှောင်ယန်ကို ဤမျှ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့တယ်ဆိုကတည်းက သူတို့ပ သူ့ကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိခဲ့ကြမှန်း ထင်ရှားသည်။
အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်၏ အကြည့်သည် ပိုင်ယွမ်အား ပြင်းထန်တဲ့ မကောင်းသော ရည်ရွယ်ချက်ကို ခံစားနေရသည်။
“ဝေါင်း”
ဝူယွမ်သည် အသံလှိုင်းပညာရပ်ကို အသုံးပြုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ဦးေလးကောင်းသူ နှင့် အခြားသူများက အမြန်ဆုံး ရှေ့သို့တိုးကာ အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်ကျု ကာကွယ်ရန် ကြိုးစားကြသည်၊ အားလုံးက ဝူယွမ်ကို ခုခံရန် သူတို့၏ ကိုယ်ခံပညာများကို အသုံးပြုကြသည်။
ကျားဖြူချေမှုန်းရွှေဟိန်းသံ၊
ဧရိယာ တိုက်ခိုက်မှု၊ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူအုပ်စုက သွေးအန်ခြင်း၊ သတိလစ်ခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရခြင်းများ ဖြစ်သွားကြသည်။
ဤသည်မှာ ပိုင်ယွမ် အသံလှိုင်းစွမ်းအင်၏ စွမ်းအားဘဲဖြစ်သည်။
ထို့အပြင် ပိုင်ယွမ်၏ လက်ရှိစွမ်းအားသည် သဏ္ဍာန်ပြောင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်ပြီး၊ ဤယွမ်ဒန်နယ် အဆင့်ရှိ ကျင့်ကြံသူများ တစ်ချက်လေးတောင် မခံနိုင်ကြပေ။ အကယ်၍ သူမသည် ကျားဖြူချေမှုန်းရွှေဟိန်းသံ ပညာရပ်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးပြုခဲ့မည်ဆိုပါက၊ သူတို့အားလုံး သေဆုံးသွားကြလိမ့်မည်။
“ကျားဖြူလား အတော်လေး စွမ်းအားကြီးတာဘဲ”
ဤအချိန်တွင်၊ အစိမ်းရောင် ဝတ်စုံဝတ်ထားသော သက်လက်ပိုင်းအရွယ် ယောက်ျားတစ်ဦး ရောက်လာပြီး၊ အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်၏ ရှေ့တွင် ရပ်လိုက်သည်။
သူက ဝူယွမ်ကို သတိထားပြီး ကြည့်နေကာ၊ သူ၏ ကျင့်ကြံခြင်း အဆင့်ကို ထုတ်ပြလိုက်သည်၊ သဏ္ဍာန်ပြောင်း အစောပိုင်းအဆင့် ရှိသည်မှာ ရှင်းနေသည်။
“အဖေ... အဖေ အချိန်မှန် ရောက်လာတာဘဲ မြန်မြန်လေး ဒီကျားဖြူကို ယဉ်ကျေးအောင် လုပ်လိုက်၊ အဖေ့သားက သူမကို စီးနင်းတိရစ္ဆာန်အဖြစ် ထားချင်တယ်” အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ပုတ်”
“မင်းကရူးနေတာလား၊ အခုအခြေအနေကို မသိဘူးလား၊ မင်းကအိပ်မက်တွေ ဆက်မက်နေသေးတယ်၊ ငါတောင် ဒီကျားဖြူကို မနိုင်နိုင်ဘူး။ ထွက်ပြေးကြစို့”
အစိမ်းရောင် ဝတ်စုံဝတ်ထားသော သက်လက်ပိုင်းအရွယ် ယောက်ျားသည် သူ၏ မိုက်မဲသော သားကို ရိုက်နှက်ကာ၊ ပိုင်ယွမ်ကို ကြည့်ရင်း မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
လိန့်ယွမ် တောင်တန်းထဲတွင် ဤမျှ စွမ်းအားကြီးမားသော ကျားဖြူ ပေါ်ပေါက်လာသည်ကို သူမသိလိုက်ပေ။
ပိုင်ယွမ်က နောက်ထပ်၀င်လာသူကို အေးဆေးတည်ငြိမ်စွာ ကြည့်ရှုနေသော်လည်း၊ သူမ၏မျက်လုံးများတွင်တော့ မသေချာမရေရာမှုကို ပြသနေသည်၊ ဆုတ်ခွာရန် သင့်မသင့် စဉ်းစာနေတာ မဟုတ်ဘဲ၊ သူတို့ကို သတ်ဖြတ်ရန် သင့်မသင့် စဉ်းစားနေခြင်းဖြစ်သည်။
“ကျားဘုရင်ကြီး... ကျွန်တော်တို့က မတော်တဆ ဘုရင်ကြီးကို နှောက်ရှက်မိခဲ့တယ် ကျွန်တော်တို့ အခုဘဲ ဆုတ်ခွာသွားပါ့မယ်”
တိထန်က ဂရုတစိုက်နှင့် ရိုသေစွာ ဦးညွှတ်ကာ ဆုတ်ခွာရန်ပြင်နေသည်။
သူက သူ၏သားကို ဆွဲကာ၊ တစ်လှမ်းချင်း နောက်သို့ ဆုတ်သွားသည်။
သူသည် သဏ္ဍာန်ပြောင်းအဆင့်၏ အေစာပိုင်းအဆင့်မှာ ရှိသော်လည်း ဤကျားဖြူကို ရင်ဆိုင်ရာတွင်၊ သူအနိုင်ရမည်ဟု ယုံကြည်ချက်မရှိပေ။
လိန့်ယွမ် ပုံဆောင်သားရဲနှင့် ချဉ်းကပ်လာမည့် တိုက်ပွဲကို တွေးကာ၊ သူက လုံခြုံစွာ ဆုတ်ခွာနိုင်ရန်သာ မျှော်လင့်နေပြီး၊ ဤကျားဖြူနှင့် ထပ်မံမပတ်သက်လိုတော့ပေ။
ပိုင်ယွမ် မသေချာမရေရာ ဖြစ်နေဆဲအချိန်တွင် သူမ၏နောက်ကျောမှ ရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရသည်။
“ငါတို့ရဲ့ အဖော်ကို မင်းတို့က တိုက်ခိုက်တုန်းက တိုက်ခိုက်ပြီးမှ အခု ဒီအတိုင်း ဆုတ်ခွာသွားမယ်ဆိုတာက... အတော်လေး လွယ်ကူလွန်းနေတယ်မလား၊”
ဝူယွမ် နှင့် လင်းတုန် တို့သည် ရေခဲပုံဆောင်ခဲ ဓားများဖြင့် ပျံသန်းကာ ရောက်ရှိလာကြသည်။
“ ဝေါင်း... ဝေါင်းး.. ဝေါင်း...”
ဝူယွမ်တို့နှစ်ယောက်ကို မြင်တွေ့ရသောအခါ၊ ပိုင်ယွမ် နှင့် ရှောင်ယန် တို့သည် သူတို့၏အမေကို တွေ့ရသကဲ့သို့၊ ညည်းညူသံဖြင့် သူတို့ဆီသို့ ပြေးလာကြသည်။
“ဒီကျားနှစ်ကောင်... မင်းတို့ရဲ့ သားရဲတွေလား”
တိထန်က မေးလိုက်ပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုမျှ စွမ်းအားကြီးမားသော ကျားများ၏ ပိုင်ရှင်များမှာ လူငယ်နှစ်ဦး ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
“သေချာတာပေါ့။ ငါကမင်းကိုလိမ် နေတယ်လို့ ထင်တာလား”
ဝူယွမ်က အေးစက်စွာ ပြောလိုက်ကာ၊ ပိုင်ယွမ်၏ ခေါင်းကြီးကို ပွတ်သပ်ပေးနေသည်။
သူတို့က လူငယ်နှစ်ဦးသာ ဖြစ်သော်လည်း၊ တိထန် ပေါ့ဆ၍မရပေ။ ဤမျှ စွမ်းအားကြီးမားသော ကျားများကို ယဉ်ကျေးအောင်ပြုလုပ်နိုင်သူများသည် သူတို့ထက် ပိုအားကောင်းရမည်သာဖြစ်သည်။
ထို့အပြင်၊ ဝူယွမ် နှင့် လင်းတုန် တို့သည် မိုးကြိုးကို စုပ်ယူပြီးချိန်တွင် ပြေးရောက်လာကြခြင်းဖြစ်သောကြောင့် သူတို့နှစ်ဦးစလုံးသည် မိုးကြိုး၏ စွမ်းအားပြင်း အရင်းအမြစ်စွမ်းအင်ကို သေချာမစုပ်ယူရသေးဘဲ၊ သူတို့၏ ကိုယ်ခန္ဓာများမှ ရွှေရောင် နှင့် ခရမ်းရွှေရောင် အလင်းများ တောက်ပလျှက် ရှိသည်။
နှစ်ဖက်မျက်နှာခြင်းဆိုင်ရာတွင် အသွင်အပြေ အနေအထားနှင့်ပင် တိထန်ရှုံးနိမ့်နေပီဖြစ်သည်။
သူက ခုခံတွန်းလှန်ရန် ဆန္ဒတောင် မထွက်ပေါ်လာနိုင်တော့ပေ။
တိထန် - “ကျွန်တော့်သားက အသိပညာနည်းပါးလို့ မင်းတို့ရဲ့ သားရဲေတွမှန်း မသိလိုက်မိပါဘူး။ ဒီအပြင် ကျွန်တော်တို့က ဒီကျားတွေမှာ ပိုင်ရှင်ရှိတယ်ဆိုတာ လုံး၀မသိခဲ့ကြဘူး။ ဆိုရိုးစကားရှိပါတယ်၊ မသိခြင်းက ပျော်ရွှင်မှုတည်းဟူ၏ တဲ့ သင့်ရဲ့ သားရဲတွေလည်း သိပ်ပြီးထိခိုက်မှု မရှိခဲ့တာအလ်ို့ ညီအစ်ကိုနှစ်ယောက်လုံးက စိတ်သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အဲ့လိုဆို ဆန်းပြည်နယ် တိမိသားစုကလည်း ကျေးဇူးတင်မှာ သေချာပါတယ်”
“ဆန်းပြည်နယ်က တိ မိသားစုလား။ မကြားဖူးဘူး”
ဝူယွင် နှင့် လင်းတုန် တို့သည် မျက်လုံးချင်း ဖလှယ်လိုက်ရင်း မကြားဖူးမှန်း ပြောလိုက်ကြသည်။
တိထန် နှင့် အခြားသူများ ရှက်သွားကြသည်။ သူတို့၏ တိ မိသားစုသည် ဆန်းပြည်နယ်၏ ထိပ်တန်း မိသားစုများထဲမှ တစ်ခုဖြစ်သည်။ အခြေခံအားဖြင့်၊ ဆန်းပြည်နယ် မည်သူမဆို တိ မိသားစုအကြောင်း ကြားဖူးကြသည်။
“ညီအစ်ကိုနှစ်ယောက်လုံးက ဆန်းပြည်ကလာတာ မဟုတ်ဘူးလား”
တိထန် က သတိထားပြီး မေးမြန်းလိုက်သည်။
“မဟုတ်ပါဘူး၊ ငါတို့ကလေ့ကျင့်ရေးအတွက် အပြင်ထွက်လာကြတာဖြစ်ပြီး၊ ငါတို့ ဘယ်နေရာမှာရှိလဲဆိုတာတောင် ငါတို့မသိကြဘူး”
ပြောရင်းဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ရှောင်ယန်၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီး၊ ရှောင်ယန်က ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရရှိထားသည်ကို တွေ့လိုက်ရသည်။ သို့သော် မျက်နှာပြင်ပေါ်တွင်တော့ အသေးစား ရှရာ ခုနစ်ခုလောက်ရှိသည်။
“အစကတည်းက သူတို့မှာ ပိုင်ရှင်ရှိမှန်း မသိခဲ့ကြဘူးဆိုမှတော့၊ ဒီတောအုပ်ကြီးထဲမှာ သားရဲတွေ အများကြီးရှိတဲ့အတွက်၊ အတိုင်းအတာတစ်ခုအထိ ငါခွင့်လွှတ်နိုင်တယ်။ ငါတို့က ဒီကိစ္စကို ဆက်အကျယ်မချဲ့တော့ဘူး ဒါပေမဲ့ မင်းတို့က ငါ့အဖော်ကို ထိခိုက်စေခဲ့တယ်။ အဲ့တာကြောင့်မလို့ လျော်ကြေးပေးရမယ်။ ငါက မင်းတို့ကို ငွေညှစ်တာတော့မဟုတ်ဘူး၊ ရှောင်ယန်မှာ ပြင်ပ ဒဏ်ရာခုနစ်ခုရှိတယ်၊ အဲ့တော့မင်းက ငါတို့ကို သန့်စင် ယွမ်ဆေးလုံး ခုနှစ်သောင်း လျော်ကြေးပေးရမယ်”
ဝူယွမ် ၏ အကြောင်းပြချက်ကို ကြားရသောအခါ၊ လူအုပ်စုက အံ့အားသင့်သွားကြသည်။
သန့်စင် ယယွမ်ဆေးလုံး ခုနှစ်သောင်း၊ ထိုပမာဏက ကြီးမားလွန်းလှသည်။ ဆန်ပြည်နယ် တိ မိသားစုအတွက်ပင်၊ ထိုပမာဏက နာကျင်ဖွယ်ကောင်းသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။
“အဖေ... ဒါက မဖြစ်နိုင်ဘူး၊ ဒီမီးလျှံကျားရဲ့ အရေပြားနဲ့ အသားက ထူထဲပြီး ခိုင်မာတယ်၊ လုံးဝထိခိုက်မှာမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကို တမင်သက်သက် ငွေညှစ်နေတာဘဲ” အမည်းရောင် ဝတ်စုံဝတ်ထားသော လူငယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ပိတ်ထားစမ်း” တိထန် က အသံတိုးတိုးဖြင့် ဆူလိုက်သည်။
သူသည် ပြန်လှည့်ကာ ဝူယွမ် နှင့် လင်းတုန် တို့ဆီသို့ ပျော်ရွှင်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“ငါ့ညီအစ်ကိုနှစ်ယောက်... ငါတို့ တိထန် မိသားစုက အမြဲတမ်း မိတ်ဆွေဖွဲ့ရတာကို ကြိုက်နှစ်သက်ပါတယ်။ ဒီတကြိမ်မှာ၊ ငါတို့က သင့်ရဲ့ သားရဲကို နှောင့်ယှက်မိခဲ့တယ်။ ဒီ ယွမ်ဆေးလုံး ခုနှစ်သောင်း ကို တိထန် ရဲ့ မိတ်ဆွေဖွဲ့တဲ့ အထိန်းအမှတ် လက်ဆောင်အဖြစ် ယူဆလိုက်မယ်။”
စကားပြောပြီးနောက်၊ တိထန် သည် သိုလှောင်အိတ် နှစ်လုံးကို ထုတ်ယူကာ၊ အတွင်းရှိ ဆေးလုံးများကို စုစည်းပြီး၊ ဝူယွင် ဆီသို့ ပစ်လိုက်သည်။
ဝူယွမ်က သိုလှောင်အိတ်ကို လက်ခံလိုက်ပြီး၊ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကာ၊ ယွမ်ဆေးလုံး ခုနှစ်သောင်း တကယ်ရှိသည်ကို အတည်ပြုလိုက်သည်။
“အားလုံး ဖြေရှင်းပြီးသွားပြီဆိုတော့၊ ငါတို့ ညီအစ်ကိုတွေ အရင်ထွက်သွားလိုက်ပါအုံးမယ်”
ဝူယွမ် သည် သိုလှောင်အိပ်ကို သူ၏ခါးတွင် ချိတ်ဆွဲပြီး၊ ပိုင်ယွမ် ကို စီးနင်းကာ၊ လင်းတုန် နှင့်အတူ တောအုပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
သို့သော်၊ ထွက်ခွာနေရင်း၊ သူက ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်လွှတ်လိုက်သည်။
“အဖေ... သူတို့ကို ဒီအတိုင်း လွှတ်လိုက်တာလား၊ ကျွန်တော်တို့ တိထန် မိသားစုက ဒီလိုဆုံးရှုံးမှုမျိုး ဘယ်တုန်းကမှ မကြုံဖူးဘူး။ သန့်စင် ယွမ်ဆေးလုံး ခုနှစ်သောင်းက ကျွန်တော်တို့မိသားစုရဲ့ သုံးနှစ်စာ ဝင်ငွေနဲ့ ညီမျှတယ်” တိယွမ် က မကျေမနပ်ဖြင့် ပြောနေသည်။ သူက သန့်စင် ယွမ်ဆေးလုံးများသာမက၊ ထိုကျားဖြူကိုလည်း အတော်လေးလိုချင်နေသည်။
ကလေးဘဝမှစ၍၊ ဆန်ပြည်နယ်၏ ထိပ်တန်း အင်အားစု သခင်လေးဖြစ်သည့် တိယွမ် သည် အမြဲတမ်း သူလိုချင်တာကို ရရှိခဲ့သည်။ ဤသည်မှာ သူပထမဆုံးအကြိမ် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရခြင်းဖြစ်သည်။
တိထန် - “ဟမ်း... မင်းထပ်ဘာလုပ်ချင်သေးလဲ၊ လူနှစ်ယောက်လုံးနဲ့ ကျားဖြူက ငါ့ထက်စွမ်းအား မနိမ့်ဘူး။ အထူးသဖြင့် ငါနဲ့စကားပြောတဲ့ လူငယ်၊ သူ့စွမ်းအားက ငါ့ထက်တောင် သာနေနိုင်တယ်။ ငါက မင်းကို သတိမမူဘဲ မလုပ်ဖို့ ပြောခဲ့တယ်။ အခုဆိုရင် လိန့်ယွမ် ပုံဆောင်သားရဲကို တိုက်ခိုက်ဖို့ရာက နီးနေပီ၊ အရေးကြီးအချိန်ဖြစ်နေပြီ၊ ငါတို့ ဒီလိုမျိုး အခက်အခဲသစ်တွေ မဖန်တီးသင့်ဘူး”
“လျူ မိသားစုကလည်း လိန့်ယွမ် ပုံဆောင်သားရဲကို မျက်စောင်းထောက်နေတယ်။ ဒီအချိန်မှာ ဒီနှစ်ယောက်နဲ့ ထိတ်တိုက်တွေ့မယ်ဆိုရင် မလွဲမသွေ ငါတို့မိသားစုက အားနည်းသွားပြီး၊ လျူ မိသားစုက နေရင်းထိုင်ရင်း အမြတ်ထွက်သွားလိမ့်မယ်၊”
“အဖေ... သူတို့ရဲ့စွမ်းအားက အဖေ့ထက် မနိမ့်ဘူးဆိုရင်၊ သူတို့လည်း လိန့်ယွမ် ပုံဆောင်သားရဲကို တိုက်ခိုက်နိုင်လောက်လား” တိယွမ် က စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။
“မဖြစ်နိုင်ဘူး။ သူတို့က ငါတို့ တိ မိသားစုအကြောင်းတောင် မသိကြဘူး၊ ဆန်ပြည်နယ်ကတောင် မဟုတ်ဘူး။ ကြည့်ရတာတော့ မိသားစုကြီး ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ခုခုက လေ့ကျင့်ရေးအတွက် အပြင်ထွက်လာကြတဲ့ တပည့်တွေလို့ ငါထင်တယ်။”
“အား... သန့်စင် ယွမ်ဆေးလုံး ခုနှစ်သောင်း ဆိုတာ နည်းနည်းနောနောပမာဏမဟုတ်ဘူး၊ နှေမျှာစရာဘဲ”
တိယွမ် က မကျေမနပ်ဖြင့် သက်ပြင်းချလိုက်သည်။
ဒီတင် - “ဟီးဟီး... အဲ့လောက်မလွယ်ပါဘူး၊ ငါတို့ တိ မိသားစုရဲ့ ပစ္စည်းတွေကို ဒီလောက်လွယ်လွယ်နဲ့ ရမယ်ထင်နေတာလား”
“အရင်ဆုံး လိန့်ယွမ် ပုံဆောင်သားရဲကို ကိုင်တွယ်ကြမယ်။ ငါသာ မိုးကြိုးအရင်းအမြစ်ကို ရရှိနိုင်မယ်ဆိုရင်၊ ငါ့မှာ ပြောင်းလဲခြင်းအဆင့် ဝင်ရောက်နိုင်ဖို့ အခွင့်အရေးရှိပြီး၊ ဖြစ်နိုင်တာက ဒဏ္ဍာရီလာ နိဗ္ဗာန်အဆင့်ကိုတောင် ဝင်ရောက်နိုင်ချေရှိတယ်။”
“အဲဒီအချိန်ကျရင်၊ ငါတို့ ဒီနှစ်ယောက်ကို ပြန်ရှာမယ်။ အကယ်၍ သူတို့ကို ငါတို့ တိ မိသားစုအတွက် အသုံးချနိုင်မယ်ဆိုရင်တော့၊ ပိုကောင်းတာပေါ့။ မဟုတ်ရင်တော့၊ ငါတို့က သူတို့ကို အားလုံးကို အတိုးရော အရင်းရော ပြန်ပေးဆပ်ခိုင်းလိုက်မယ်”
တိထန်သည် စကားများအတွင်းမှ သတ်ဖြတ်မှု အရိပ်အယောင်ကို နောက်ဆုံးတွင် ဖော်ပြလိုက်သည်။ သူ၏ အရင်က ဖော်ရွှေသော မျက်နှာသည် အတုအယောင်ဖြစ်ပြီး၊ ကိစ္စကြီးကြီးမားမားအတွက် သည်းခံမှုသာဖြစ်ကာ၊ အမှန်တကယ်တွင် သူက အလွန်အမင်း မကျေမနပ်ဖြစ်နေခဲ့သည်။
ဝိညာဉ်စွမ်းအင်တစ်မျှင်သည် ဝူယွမ် ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီး ရှောင်တျောင်း သည်လည်း ဝိညာဉ်ပုံစံဖြင့်ပေါ်လာသည်။ ပေါ်လာလာခြင်း သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစ်ကိုကြီး... တိထန် မိသားစုက လိန့်ယွမ် ပုံဆောင်သားရဲကို အမဲ လိုက်နေတာပဲ၊ ဒီမှာ လိန့်ယွမ် ပုံဆောင်သားရဲရှိလိမ့်မယ်လို့ မျှော်လင့်မထားဘူး”
“အင်း... ငါလည်း ကြားလိုက်တယ်”
လင်းတုန် - “လိန့်ယွမ် ပုံဆောင်သားရဲဆိုတာ ဘာလဲ?”
ရှောင်တျောင်း - “ဒါက အတော်လေး ထူးခြားတဲ့ မိုးကြိုးသားရဲတစ်မျိုးပါ။ အသွေးအသားကို မစားဘဲ၊ မိုးကြိုးကိုဘဲ အဟာရအဖြစ် စားသုံးတယ်။ ဒီမိုကြိုးသားရဲရဲ့ စွမ်းအားက အလွန်ကြီးမားတယ်။”
“အရွယ်ရောက်ပြီးသား လိန့်ယွမ် ပုံဆောင်သားရဲ အတော်များများရဲ့ စွမ်းအားက အနည်းဆုံး ချီ ဖန်တီးခြင်းအဆင့်မှာရှိပြီး၊ ပိုစွမ်းအားကြီးတဲ့အကောင်တွေဆို ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်တယ်”
ဒီ သဏ္ဍာန်ပြောင်းအဆင့်က လူတွေက ဒါကို မျက်စောင်းထိုးနေကြတယ် ဆိုတော့ လိန့်ယွမ် ပုံဆောင်သားရဲဟာ အားနည်းချိန် နီးနေတာဘဲ နေမယ် လိန့်ယွမ် ပုံဆောင်သားရဲ တစ်ကောင် ကြီးထွားလာတိုင်း၊ အားအရမ်းနည်းတဲ့ ကာလတစ်ခု ရှိတယ်”
လင်းတုန် - “ဒါက ထူးခြားတဲ့ မိုးကြိုးသားရဲတစ်ကောင်ဘဲ ဆိုရင်၊ ဘာလို့ ဒီလောက်အထိ ကြိုးစားပြီး သတ်ဖြတ်ချင်ရတာလဲ? သူ့ရဲ့ သားရဲအမြုအတေ အတွက်ဆိုရင်၊ ဒီလောက်ဒုက္ခခံစရာ မလိုဘူး မဟုတ်လား။”
ရှောင်တျောင်း - “ဟီးဟီး... ဒုတိယအစ်ကို မသိသေးဘူးဘဲ၊ လိန့်ယွမ် ပုံဆောင်သားရဲရဲ့ ခန္ဓာကိုယ်အတွင်းမှာ မိုးကြိုးအရင်းအမြစ်ရှိတယ်၊ အဲ့ထဲမှာ အလွန်များပြားပြီး စင်ကြယ်တဲ့ မိုးကြိုးစွမ်းအားတွေ ပါဝင်တယ်။ တစ်ကယ်လို့ ဒုတိယအစ်ကိုသာ ရရှိမယ်ဆိုရင်၊ အစ်ကိုရဲ့ ကြေး၀ါမိုးကြိုး ခန္ဓာကိုယ်ကို အလွယ်လေး အပြည့်အဝ လေ့ကျင့်နိုင်တယ်၊ ဒါ့အပြင် မိုးကြိုးအရင်းအမြစ်ကို သန့်စင်ပြီး သဏ္ဍာန်ပြောင်းအဆင့်ကို ဝင်ရောက်ပြီးတဲ့အခါ၊ ယွမ်စွမ်းအင်ကို မိုးကြိုးအဖြစ် ပြောင်းလဲနိုင်မယ်၊ ဒီစွမ်းအားက အတော်လေး ကြီးမားတယ်”
ဝူယွင် - “ဒီ လိန့်ယွမ် ပုံဆောင်သားရဲက ကောင်းတဲ့အရာတစ်ခုပဲ၊ ငါတို့က မထင်မှတ်ဘဲ ကြီးမားတဲ့ ကံကောင်းခြင်းတစ်ခုနဲ့တွေ့တာဘဲ၊ ငါတို့သိပြီးသွားပီဆိုတော့ သူ့ကို လွှတ်ပေးစရာ အကြောင်းမရှိတော့ဘူး။”
“တိထန် မိသားစုကို တိတ်တဆိတ် လိုက်ကြည့်ရအောင်၊ ဒီ လိန့်ယွမ် ပုံဆောင်သားရဲရဲ့ တည်နေရာကို ရှာဖွေကြမယ်”
တိထန် နှင့် စကားပြောေနတုန်းက၊ ဝူယွမ် သည် သူတို့ထဲမှ တစ်ဦးပေါ်တွင် ဝိညာဉ်စွမ်းအင်တစ်မျှင်ကို ချန်ထားခဲ့သည်။
သိပ်မကြာမီ၊ ဝူယွမ်တို့ နှစ်ယောက်လုံးသည် ထူးဆန်းသော ကျောက်ဆောင်ပုံစံများဖြင့် ဖုံးလွှမ်းနေသော တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာကြသည်။
တောင်ထိပ်၏ နှစ်ဖက်စလုံးတွင်၊ လူအုပ်စုများကိုတွေ့လိုက်ရကာ၊ အင်အားကြီးမားသော အုပ်စုနှစ်စုကို ကိုယ်စားပြုနေသည်။
တစ်ဖက်က တိထန် ဦးဆောင်သော တိ မိသားစုဖြစ်ပြီး၊ အခြားတစ်ဖက်က သူတို့ပြောခဲ့သော လျူ မိသားစုဖြစ်သည်။
ဝူယွမ်သည် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် တိတ်တဆိတ် စုံစမ်းစစ်ဆေးလိုက်သည်။ အဆင့်ငါး အဆောင်သခင် ဖြစ်သည့် သူ၏စွမ်းအားဖြင့်ဆိုလျှင်၊ ဤလူများထဲမှ မည်သူမျှ သူ့ကို မသိရှိနိုင်ပေ။
ဒီတင် မိသားစုနှင့် လျူ မိသားစုသည် စွမ်းအားချင်းညီမျှနေသည်၊ သူတို့ထဲတွင် စွမ်းအားအကြီးဆုံးမှာ သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်းမှာရှိသော ကျင့်ကြံသူ တစ်ဦးစီသာရှိပြီး၊ အခြားသူများက ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်နှင့် အဲ့အောက်လူများသာဖြစ်ကြသည်။
မိသားစု နှစ်ခုလုံး၏ အခြေအနေကို စုံစမ်းပြီးနောက်၊ ဝူယွမ်၏ မျက်လုံးသည် လူနှစ်စု၏ ဗဟိုချက်ဖြစ်သော နေရာဆီသို့ ရောက်သွား မတ်စောက်သော တောင်ထိပ်တစ်ခုသည် ထိုနေရာတွင် ရှိနေပြီး၊ တောင်ထိပ်သည် ငွေရောင် အလင်းဖျော့ဖျော့ဖြင့် တောက်ပလျက်ရှိသည်။
သူ၏ ခရမ်းရောင် စွမ်းအားပြင်းနတ်ဆိုးမျက်စိ အောက်တွင်၊ ထိုငွေရောင်က အမှန်တကယ်တော့ စီးဆင်းနေသည့် မိုးကြိုးအလင်းဖြစ်သည်ကို သူတွေ့လိုက်ရသည်။ သူသည် မကြာသေးမီက မိုးကြိုးစွမ်းအားများစွာကို စုပ်ယူခဲ့သဖြင့်၊ ဤကဲ့သို့သော စွမ်းအင်မျိုးအတွက် အထူးအာရုံခံစားမှုရှိသည်။
“လိန့်ယွမ် ပုံဆောင်သားရဲက အဲ့တောင်ထိပ်မှာ ရှိတယ်”
ရှောင်တျောင်း ၏ ဝိညာဉ်စွမ်းအင်သည် ဝူယွမ် ထက်ပင် ပိုအားကောင်းကာ၊ ဤမျှဝေးကွာသော အကွာအဝေးမှပင်၊ သူသည် လိန့်ယွမ် ပုံဆောင်သားရဲကို ရှာဖွေတွေ့ရှိခဲ့သည်။
“ဒီ လိန့်ယွမ် ပုံဆောင်သားရဲရဲ့ စွမ်းအားက ချီဖန်ဆင်းခြင်းအဆင့်ရဲ့ ခြေလှမ်း၀က်ကူးပြောင်းခြင်းမှာ ရှိတယ်၊ ဒါပေမဲ့ သူရဲ့ စွမ်းအင်တွေက အတော်လေးမတည်ငြိမ်နေဘူး၊ ကြီးထွားဖို့ အချိန်တန်တော့မယ်လို့ ထင်တယ်။ ကြီးထွားမှု အောင်မြင်သွားပြီးရင်၊ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ နှိုင်းယှဉ်နိုင်လိမ့်မည်။ သူ့ရဲ့ အားအနည်းဆုံးအချိန်မှာ တွေ့ရတာက ကံကောင်းတာပဲ၊ မဟုတ်ရင် ဒီငနဲကို ကိုင်တွယ်ရတာက အတော်လေးခက်ခဲလောက်တယ် အရင်က တွေ့ခဲ့ရတဲ့ လင်းလန်တျန်း ထက်တောင် ပိုခက်မယ်ထင်တယ်။”
ဝူယွမ်က ရယ်မောလိုက်သည်။ ရှောင်တျောင်း သည်လည်း သူတိုက်ခိုက်ခဲ့ဖူးသော ပြိုင်ဘက်များကို စွမ်းအားတိုင်းတာရန် ပစ္စည်းအဖြစ်အသုံးပြုရန် သင်ယူခဲ့သည်။ “ဒါဆို သူ့ကို လင်းလန်တျန်း ဘယ်နှစ်ယောက်စာ အားရှိတယ်လို့ ထင်သလဲ?”
ရှောင်တျောင်း - “တစ်ေယာက်ခွဲ”
“ဒါက နည်းနည်းခက်ခဲတယ်” ဝူယွမ် သည် မျက်ခုံးများကို အနည်းငယ်ကျုံ့ကာ ပြောသည်။
“တိ နဲ့ လျူ မိသားစုတို့ရဲ့ စွမ်းအားက ငါတို့အတွက် ခြိမ်းခြောက်မှုမရှိပေမဲ့၊ ငါတို့က လိန့်ယွမ် ပုံဆောင်သားရဲကို ကိုင်တွယ်ဖြေရှင်းဖို့ကို အပြည့်အဝ အာရုံစိုက်မယ်ဆို သူတို့ရှိနေတာက နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်စေတယ်”
လက်ရှိတွင်၊ သူနှင့် ပိုင်ယွမ် သာလျှင် သဏ္ဍာန်ပြောင်းအဆင့်ကို ဝင်ရောက်ခဲ့ပြီး၊ လင်းတုန် သည်လည်း သဏ္ဍာန်ပြောင်းအဆင့် စွမ်းအားကို ပြသနိုင်သည်။
တိ နှင့် လျူ မိသားစုမှ သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့်၊ ယွမ်ဒန်အဆင့် ကျင့်ကြံသူ အုပ်စုတစ်စုက၊ ရှောင်ယန် ပိုင်ယွမ် နှင့် လင်းတုန် တို့ကို အလုပ်ရှုပ်စေရန် လုံလောက်သည်။
သူတစ်ဦးတည်းကိုသာ လိန့်ယွမ် ပုံဆောင်သားရဲနှင့် ရင်ဆိုင်ရန် ချန်ထားခဲ့မည်ဆိုပါက၊ အနည်းငယ် ခက်ခဲလိမ့်မည်။
“လိန့်ယွမ် ပုံဆောင်သားရဲ အားနည်းနေတဲ့အချိန်မှ ငါတို့ တိုက်ခိုက်လို့ရမယ်ထင်တယ်”
ဝူယွင် သည် မျက်ရည်တစမ်းစမ်းဖြင့် ဖြစ်နေသည်၊ သူက ချက်ချင်းတိုက်ခိုက်ရန် ဆန္ဒရှိနေသော်လည်း မလွယ်ပေ။
လင်းတုန်က ညစ်ကျယ်ကျယ် ပြုံးကာ၊ “အစ်ကိုကြီး... ဒီတခါတော့ ငါတို့ ငါးဖမ်းသမားအဖြစ် ကစားကြမလား တိ နဲ့ လျူ မိသားစုတို့က အမဲလိုက်ဖို့ လာကြတဲ့အတွက်၊ သူတို့မှာ ယုံကြည်မှုအနည်းငယ်ရှိတယ်ဆိုတာ သက်သေပြနေတယ်၊ သူတို့ကို လိန့်ယွမ် ပုံဆောင်သားရဲ ပင်ပန်းသွားအောင် လုပ်ခိုင်းလိုက်မယ်၊ ငါတို့က အရင်ဆုံး အမှောင်ထဲကနေ စောင့်ကြည့်နေကြမယ်၊ အခွင့်အရေးရှာပြီးမှ တိုက်ခိုက်ကြမယ်။”
“လင်းတုန်လေး... မင်းလည်း ဆိုးလာပြီနဲ့တူတယ်...” ဝူယွမ် က လင်းတုန် ကို ကြည့်လိုက်သည်။ အပြင်ထွက်လာပြီးနောက်၊ သူသည် တဖြည်းဖြည်း ဇာတ်လမ်းထဲက ပင်ကိုယ်စရိုက်ကို ထုတ်ဖော်ခဲ့ပြီး၊ ဥပဒေကို လိုက်နာသော နိုင်ငံသားတစ်ဦးအဖြစ် လုပ်မနေတော့ပေ။
ရှောင်တျောင်း - “ကြီးထွားနေတဲ့အချိန်မှာ လိန့်ယွမ် ပုံဆောင်သားရဲက အရမ်းအားနည်းသွားလိမ့်မယ်၊ ချီ ဖန်တီးခြင်းအဆင့်၏ စွမ်းအားကိုတောင် ထုတ်နိုင်မှာမဟုတ်တော့ဘူး၊ အဲ့အချိန်က လှုပ်ရှားဖို့ အကောင်းဆုံးအခွင့်အရေးဘဲ။ တိ နဲ့ လျူ မိသားစုတို့ကလည်း သူ့ရဲ့ကြီးထွားမှုကို စောင့်နေကြတယ်၊ မဟုတ်ရင်၊ သူတို့ရဲ့ နိမ့်ကြတဲ့ စွမ်းအားက ချီဖန်တီးခြင်းအဆင့် လိန့်ယွမ် ပုံဆောင်သားရဲကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
“ကျွန်တော် ခုနက စောင့်ကြည့်လေ့လာချက်အရ၊ လိန့်ယွမ် ပုံဆောင်သားရဲရဲ့ စွမ်းအင်တွေက ပေါက်ကွဲတော့မယ့် အရိပ်အယောင်ရှိနေပြီ၊ နှစ်ရက်အတွင်း ကြီးထွားမှုစတင်လိမ့်မယ်”
“ကောင်းပြီ၊ ဒါဆို နောက်ထပ် နှစ်ရက်စောင့်ကြမယ်။”
ဝူယွင် က အလေးအနက် ပြောလိုက်သည်။
သူ လောနေသည့်အကြောင်းအရင်းက လိန့်ယွမ် ပုံဆောင်သားရဲကို ရရှိရန်သာမက၊ ဆိုင်းအင်၀င်ရန် ကြောင့်လည်း ဖြစ်သည်။
လိန့်ယွမ် ပုံဆောင်သားရဲရှိသည့်တောင်ထိပ်သည် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် လိန့်ယွမ် တောင်ပင်ဖြစ်သည်။
သူသည် လိန့်ယွမ် ပုံဆောင်သားရဲ၏ တည်နေရာတွင် ဆိုင်းအင်၀င်ရန် လိုအပ်သည်။