ဆိုင်းအင်လုပ်ခြင်း- ကောင်းကင် မိုးကြိုးဝိညာဉ်ဓား
Vol. 9 Ch. 89
ကျောက်တောင်ထိပ်၌... လိန့်ယွမ် ပုံဆောင်သားရဲကို အဆက်မပြတ် စောင့်ကြည့်နိုင်ရန် ဝူယွမ်နှင့် လင်းတုန်တို့က ေတာင်ထိပ်ပတ်လည်မှာ ပုန်းလျှိုးကွယ်လျှိုးဖြင့် စောင့်ဆိုင်းနေထိုင်ကြသည်။
ထိုအတောအတွင်း... တိမိသားစုနှင့် လျူမိသားစုတို့သည် ပတ်ဝန်းကျင်အား ကင်းထောက်ရန် မကြာခဏ လူစေလွှတ်စုံစမ်းလျက် ရှိသည်။
ထို့နောက်အနီးအနားရှိ သားရဲများအားလုံးကို မောင်းထုတ်ခြင်း၊ လိုက်လံအမဲလိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကြီးထွားမှုမစတင်ခင် ကြားအချိန်တွင် မိသားစုနှစ်ခုကြား ခဏခဏ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများတွင် လူများစွာ သေဆုံးခဲ့ကြသည်။
ဝူယွမ်တို့က ဝိညာဉ်စွမ်းအင် အားကောင်းသဖြင့် မိသားစုနှစ်ခု၏ စောင့်ကြပ်သူများကို လွယ်ကူစွာ ရှောင်ရှားနိုင်ခဲ့ကြသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် တိနှင့် လျူမိသားစုနှစ်ခု၏ အာရုံစိုက်မှုသည် တစ်ဦးကိုတစ်ဦး စောင့်ကြပ်ရန်သာ ဖြစ်နေပြီး လိန့်ယွမ် ပုံဆောင်သားရဲအား ချောင်းနေသော တစ်စုံတစ်ရာ ပုန်းကွယ်နေသည်ကိုတော့ မသိရှိကြပေ။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး... နှစ်ရက်ကြာပြီးနောက်...
လိန့်ယွမ်တောင်ထိပ်သည် နောက်ဆုံးတွင် ပုံမှန်မဟုတ်သော လှိုင်များထလာလေသည်။
ဂျိန်း... ကောင်းကင်တွင် မိုးကြိုးသံများ ဟိန်းနေပြီး... လိန့်ယွမ်တောင်ပေါ်ရှိ လေနှင့်မိုးကောင်းကင်က ကြီးမားစွာ ပြောင်းလဲသွားသည်။ မိုးကြိုးတိမ်တိုက်အလွှာများ ရုတ်တရက် ပေါ်ထွန်းလာပြီး... ၎င်းတို့သည် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
ဝူယွမ်မျက်လုံးများထဲ အံ့အားသင့်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည် မိုးကြိုးတိမ်တိုက်များကို နှိုးဆွပေးနေသော စွမ်းအင်လှိုင်းက တောင်တွင်းမှ လာနေသည်ကို သူသိထားသည်... ဆိုလိုသည်မှာ... လိန့်ယွမ် ပုံဆောင်သားရဲသည် မိုးကြိုးကို အမှန်တကယ် ဆင့်ခေါ်နိုင်ပုံရသည်။
ဤကဲ့သို့ မိုးကြိုးကို ထိန်းချုပ်နိုင်မှုသည် အမှန်စင်စစ် အံဩဖွယ်ရာ ဖြစ်သည်။
ထိုသားရဲက ကောင်းကင်မိုးကြိုးများကိုပင် ဆွဲချနိုင်သည်။
ဤစွမ်းအားက ဇူးစ်နှင့်သွားတူနေကာ အလွန်တရာ အံ့ဖွယ်ကောင်းလှပေသည်။(ဇူးစ် ရောမ၊အီဂျစ်က မိုးကြိုးကိုထိန်းချုပ်နိုင်တဲ့နတ်ဘုရားတစ်ပါး)
မိုးကြိုးပင်လယ်ကပါ ရုတ်တရက် ပေါ်လာပြီး… ကောင်းကင်ဘုံ၏အလိုကို ဆန့်ကျင်သော သားရဲကို အပြစ်ပေးရန် စွမ်းအားပြင်းသော တိုက်ခိုက်မှုတစ်ခုကို စတင်ပြင်ဆင်နေသည်။
“အဆင့်တက်တော့မယ်။”
အောက်ခြေရှိ အဖွဲ့နှစ်ဖွဲ့သည်လည်း လိန့်ယွန်တောင်ပေါ်ရှိ အခြေအနေကို နီးကပ်စွာ စောင့်ကြည့်လျက် ရှိသည်။ ဤမြင်ကွင်းကိုမြင်ရသည့်အခါ... အားလုံး လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
သူတို့သည် တောင်ထိပ်ဆီသို့ ဘယ်မှတစ်ဖွဲ့၊ ညာမှတစ်ဖွဲ့ ပြေးတက်လာကြသည်။ ခေါင်းဆောင်နှစ်ဦးအနက်... တစ်ဦးမှာ သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်းမှာ ရှိသော တိထန်ဖြစ်ပြီး... အခြားတစ်ဦးမှာ အဖြူရောင် မုတ်ဆိတ်ရှည်နှင်ါ လူကြီးတစ်ဦးဖြစ်ကာ... လျူမိသားစု၏ မိသားစုခေါင်းဆောင် ဖြစ်နိုင်တသည်။
“ငါတို့လည်း သွားကြရအောင်။”
ဝူယွမ် နှုတ်ခမ်းကို လျက်လိုက်သည်။ နှစ်ရက်ကြာ စောင့်ဆိုင်းပြီးနောက်... အဓိကအစီအစဉ်က နောက်ဆုံးတွင် စတင်တော့မည်ဖြစ်သည်။
ဤနှစ်ရက်အတွင်း သူက တောင်အတွင်း၌ ပုန်းခိုနေရပြီး မိုးကြိုးနှင့်မထိရသေးသဖြင့်... ခန္ဓာကိုယ်က မသက်မသာဖြစ်ကာ ယားယံနေသည်။
လင်းတုန်၏ မျက်လုံးများသည်လည်း ဤအချိန်တွင် တက်ကြွလာသည်။
သူသည်လည်း... မိုးကြိုး၏ အရသာကို လွမ်းဆွတ်နေပီ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည်... ရှောင်ယန်၊ပိုင်ယွမ်နှင့်အတူ... သစ်တောထဲသို့ ခုန်ဆင်းသွားကြပြီး... ဒီနှင့် လျူမိသားစုများ၏ မျက်စိနှင့် နားများကို ရှောင်ရှားကာ... လိန့်ယွမ်တောင်ပေါ်သို့ တက်သွားကြသည်။
ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များက အလွန်အမင်း လှုပ်ရှားလာပြီး... မိုးကြိုးစီးေကြာင်းကြီးများသည် ကြမ်းကြမ်းတန်းတန်း လှုပ်ရှားလာကာ... ကမ္ဘာမြေကိုပင် တုန်လှုပ်စေသည့် အသံများ ဖြစ်ပေါ်လာသည်။
ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များ ပိုမိုပြင်းထန်စွာ လှုပ်ရှားလာသည်နှင့်အမျှ... ကြီးမားသော တောင်ထိပ်ကြီးအတွင်းမှ... ခပ်ဩဩ ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဤအသံက ထူးဆန်းလွန်းကာ... ခြင်္သေ့ဟိန်းသံနှင့် မိုးကြိုးသံများ ရောထွေးနေသကဲ့သို့ဖြစ်ပြီး... ကောင်းကင်ရှိ မိုးကြိုးသံများနှင့် ရောစပ်ကာ... ဝေးရာပျံ့နှံ့သွားသည်။
ထိုကျယ်လောက်သော အသံကြီးသည်... တောင်ထိပ်ပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသူ အားလုံးကို တင်းကြပ်သွားစေသည်။
ရှောင်ယန်ပင်... စအိုကြွက်သားများကို တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်မိသည်။
ချီဖန်တီးခြင်းအဆင့် ပြောင်းလဲခြင်းတစ်၀က် လိန့်ယွမ် ပုံဆောင်သားရဲတစ်ကောင်သည် အမှန်စင်စစ် ကြောက်စရာကောင်းလွန်းလှသည်။
ဟိန်းသံများက မရပ်မနား ဆက်တိုက်ဖြစ်ပေါ်နေပြီး... ဟိန်းသံတစ်ကြိမ် ထွက်လာတိုင်း... ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များသည် ပိုမိုပြင်းထန်စွာ လိပ်တတ်လာသည်။
တိုက်ပွဲမစမီ... နှစ်ဖက်စလုံးက ဆောင်ပုဒ်များ အော်ဟစ်နေသကဲ့သို့ပင် ဖြစ်နေသည်။
ရှောင်တျောင်း - “ကောင်းကင်ဘုံရဲ့ ဘုန်းတန်ခိုးကို စိန်ခေါ်ခြင်း... ဒီလိန့်ယွမ် ပုံဆောင်သားရဲက တစ်ကယ်ကို သာမန်မဟုတ်ဘူး.. အစ်ကိုပြီးတို့နှစ်ဦးလိုဘဲ”
ကောင်းကင်တွင် မိုးကြိုးများ ပြည့်နှက်နေပြီး... မကြာခဏ မိုးကြိုးစီးကြောင်းကြီးများ ကောင်းကင်မှ ကျလာကာ... ကျယ်ပြန့်သော သစ်တောထဲသို့ ကျရောက်ပြီး... ကောင်းကင်ဆီသို့ မီးခိုးများ ထိုးတက်သွားစေသည်။
ဂျိန်း... နောက်ထပ် မိုးကြိုးတစ်ကြိမ် ကျရောက်လာသော်လည်း... ဤတစ်ကြိမ်တွင်... တောင်ထိပ်ကို တိုက်ရိုက်ထိမှန်ပြီး... နောက်တစ်ချက်တွင် တောင်တစ်ခုလုံး တုန်ခါသွားကာ... ကောင်းကင်နှင့် ကမ္ဘာမြေကို ထိုးဖောက်လိုက်သကဲ့သိုါ... ကောင်းကင်ဆီသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည့်... တောက်ပသော ငွေရောင် အလင်းတန်းတစ်ခု ရုတ်တရက် တောင်အတွင်းမှ ထွက်ပေါ်လာသည်။
အလင်းတန်းအတွင်းမှ... ကြီးမားသော သားရဲပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်။
ဝူယွမ်သည် သူ၏ စွမ်းအားပြင်း နတ်ဆိုးမျက်စိဖြင့် ကြည့်လိုက်သောအခါ... ကြီးမားသော သားရဲကြီးသည် ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပသော ငွေရောင်ဖြစ်နေကာ... မိုးကြိုးများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရပ်မနား စီးဆင်းနေသည်။ မိုးကြိုးလျှပ်စီးပွားများ ရံဖန်ရံခါ ပေါက်ကွဲပြီး... ပြင်းထန်သော စွမ်းအင်လှိုင်းများကို နှိုးဆွပေးနေသည်။ သားရဲ၏ အရေပြားပေါ်ရှိ အမွှေးများက သာမန်အမွေးမဟုတ်ဘဲ... ပုံဆောင်ခဲအလွှာနှင့် အတော်လေးတူပြီး... အလွန်ထူးဆန်းသည်ဟု ထင်ရသည်။
ပုံဆောင်သားရဲသည် အလင်းတန်းကို နင်းလျက်... သူ၏ ခြေလေးချောင်းသည် တောင်ကုန်းငယ်လေးများကဲ့သို့ ကြီးမားပြီး... သူ၏တည်ငြိမ်မှုနှင့် စွမ်းပင်ကြီးမားမှုကို ပြသလျက် ရှိသည်။ ကျောပေါ်တွင်လည်း မိုးကြိုးအတောင်ပံများ ရှိကာ... သူ၏ ရက်စက်သော ပါးစပ်အတွင်း၌... မိုးကြိုးများ မကြာခဏ လျှပ်ထနေသည်... ပါးစပ်ဖွင့်လိုက်သည်နှင့် အလွန်စွမ်းအားပြင်းသော မိုးကြိုးများကို မှုတ်ထုတ်နိုင်သည့်ဟန် ရှိသည်။
လင်းတုန် - “ဟပ်�... ဒီသားရဲသည် ပိုင်ယွမ်ကလွဲပြီး... ကျွန်တော် မြင်ဖူးသမျှ သားရဲတွေထဲမှာ အကြီးကျယ်ဆုံးနှင့် အထူးဆန်းဆုံးဘဲ။ သူ့ရဲ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံနံ့... ဒီသားရဲက သာမန်မဟုတ်မှန်း သိသာထင်ရှားတယ်။”
ရှောင်တျောင်း - “ကျွန်တော်က အဲ့သားရဲထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုအားကောင်းတဲ့ လိန့်ယွမ် ပုံဆောင်သားရဲတစ်ကောင်ကို တွေ့ခဲ့ဖူးတယ် ဟဲဟဲ... အဲ့အချိန်က... သားရဲကအတော်လေး စွမ်းအားပြင်းတာ... နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေတောင်... သူ့ရဲ့ ပါးစပ်ထဲမှာ သာမန်အစာတစ်ခု ဖြစ်သွားတယ်”
ဝူယွမ် - “လိန့်ယွမ် ပုံဆောင်သားရဲတစ်ကောင် ကြီးထွားလာရင်... သူ့ရဲ့ အနိမ့်ဆုံးအဆင့်က ပြောင်းလဲခြင်းအဆင့်ဘဲ၊ ဒီအဆင့်ရှိ သားရဲမျိုးက... မဟာယန်မင်းဆက်မှာတောင် အတော်လေးရှားတယ်။”
“ေသချာပြင်ဆင်ထားကြ... ငါတို့ လှုပ်ရှားတဲ့အခါ... ပိုင်ယွမ်နဲ့ ငါက တိနဲ့ လျူမိသားစုများကို တားဆီးထားမယ်... ဒုတိယညီလေးနဲ့ ရှောင်ယန်တို့က... မိုးကြိုးအရင်းအမြစ်ကို သိမ်းပိုက်ဖို့ တာဝန်ရှိတယ်။”
ရိုးရှင်းသော နည်းဗျူဟာတစ်ခု စီစဉ်ပြီးနောက်... သူတို့သည် လိန့်ယွမ် ပုံဆောင်သားရဲ၏ အဆင့်တက်ခြင်း ဖြစ်စဥ်ကို ဆက်လက်စောင့်ကြည့်နေကြသည်။
ကောင်းကင်ရှိ အလွန်ပြင်းထန်စွာ လှုပ်ရှားနေသော မိုးကြိုးတိမ်တိုက်များသည် ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး... နောက်တစ်ချက်တွင်... ကြီးမားသော မိုးကြိုးစီးေကြာင်းတစ်ခုက အောက်သို့ ကျဆင်းလာကာ... လိန့်ယွင် ပုံဆောင်သားရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသဘ်။
ကြီးမားသော မိုးကြိုးစီးေကြာင်းသည်... ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့... မိုးကြိုးတိမ်တိုက်များမှ အောက်သို့ ကျဆင်းလာပြီး... လိန့်ယွင် ပုံဆောင်သားရဲ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်နှင့် ချက်ချင်း... ကောင်းကင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး... ကမ္ဘာမြေကိုပါ တုန်လှုပ်စေသည့် အသံတစ်ခု ဖြစ်ပေါ်လာသည်။
ဝေါင်းး
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ... လိန့်ယွမ် ပုံဆောင်သားရဲသည်လည်း ချက်ချင်းပင်... နာကျင်မှုနှင့် ပြည့်နှက်နေသော အသံတစ်ခု အော်ဟစ်လိုက်သည်။ မိုးကြိုးများသည် သူ၏ ကိုယ်ခန္ဓာမှ အပြင်းအထန် ပေါက်ကွဲထွက်လာပြီး... ကြမ်းတမ်းသော မိုးကြိုးစွမ်းအားသည် သူ၏ ကိုယ်ခန္ဓာထဲသို့ အရူးအမူး တူးဆွနေကာ... ကြီးမားသော နာကျင်မှုကို ခံစားရစေသော်လည်း... သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ အားကောင်းလာစေသည်။
လိန့်ယွမ် ပုံဆောင်သားရဲသည်... စွမ်းအားပြင်းသော မိုးကြိုးရေချိုးခံမှုကိုတစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံခဲ့ပြီး... အကြိမ်တိုင်းတွင် ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ခဲ့သည်။
သူ၏ မိုးကြိုးကပ်ဘေးကို တိတ်တဆိတ် ကြည့်ရှုနေသူများသည်... အားလုံး တိတ်တဆိတ် အသက်ကို အားရပါးရ ရှုရှိုက်မိလိုက်ကြပြီး... လိန့်ယွမ် ပုံဆောင်သားရဲက မခံတော့နိုင်ဘဲ... မိုးကြိုးတစ်ချက်ဖြင့် ပျက်စီးသွားမည်ကို အဆက်မပြတ် စိုးရိမ်နေကြသည်။
ထိုသို့သာဖြစ်ခဲ့လျှင်... ဤခရီးက အချည်းနှီးဖြစ်သွားလိမ့်မည်။ လိန့်ယွမ် ပုံဆောင်သားရဲက ပြင်းထန်သော မိုးကြိုးစွမ်းအားကို မခုခံနိုင်ခဲ့လျှင်... ၎င်းအတွင်းရှိ မိုးကြိုးအရင်းအမြစ်သည်လည်း မလွဲမသွေ ပြာဖြစ်သွားလိမ့်မည်ဖြစ်သည်။
မိုးကြိုးတိမ်တိုက်များက ပိုမိုရိုင်းစိုင်းလာပြီး... ကောင်းကင်တွင်... လှည့်ပတ်နေသည့် ကြီးမားသော အမဲရောင်အပေါက်ကြီးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
ကောင်းကင်တစ်ခွင်လုံးတွင် ... မိုးကြိုးအလုံးကြီးတစ်ခုက... ပဲ့တင်သံမြည်ကာ... ကောင်းကင်နှင့် ကမ္ဘာမြေကို ပိုင်းဖြတ်လျက်... အောက်ခြေရှိ လိန့်ယွမ် ပုံဆောင်သားရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
မိုးကြိုးရိုက်နှက်မှုအောက်တွင်... လိန့်ယွမ် ပုံဆောင်သားရဲ၏ ကိုယ်ခန္ဓာမှ အလင်းသည် မှိန်ဖျော့သွားပြီး... သူ၏ ပုံဆောင်ခဲအလွှာ ခန္ဓာကိုယ်ပင်လျှင်... အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
သို့ရာတွင်... ဝူယွမ်က စွမ်းအားပြင်း နတ်ဆိုးမျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်... ထိုအက်ကြောင်းများအောက်တွင်... ပိုမိုတောက်ပသော ပုံဆောင်ခဲအလွှာက တိတ်တဆိတ် ကြီးထွားနေသည့်ပုံ ရသည်။
ထိုပုံဆောင်ခဲအလွှာများသာ အောင်မြင်စွာ ကြီးထွားလာပါက... လိန့်ယွမ် ပုံဆောင်သားရဲ၏ စွမ်းအားသည် နောက်ထပ် တစ်ကြိမ် မြင့်တက်လာလိမ့်မည်ဖြစ်သည်။
ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များက နောက်ဆုံးတွင် ကွယ်ပျောက်သွားသည်။
လိန့်ယွမ် ပုံဆောင်သားရဲက အဆင့်မြှင့်တင်မှု အောင်မြင်သွားခဲ့သညါ။
ဒါပေမဲ့... အခုအချိန်တွင်... သားရဲက အလွန်အားနည်းနေပြီး... အစောက မိုးကြိုးကို ခုခံရန် သူ၏ စွမ်းအားအားလုံးနီးပါးကို အသုံးပြုခဲ့ရသည်။
တိထန် ဆက်သည်းမခံနိုင်တော့ဘဲ... တိမိသားစုဝင်များကို ခေါ်ဆောင်ကာ ပထမဆုံး ထွက်လာခဲ့သည်။
သူ၏လက်ထဲတွင် ဓားကြီးတစ်လက် ပေါ်လာပြီး... ယွမ်စွမ်းအင် လှိုင်းများထလာကာ... လိန့်ယွမ် ပုံဆောင်သားရဲကို ပြင်းထန်စွာ ခုတ်လှဲလိုက်သည်။
ကြီးမားသော ဓားသွားကြီးက... မူလကတည်းက အက်နေသော လိန့်ယွမ် ပုံဆောင်သားရဲ၏ ကျောရိုးကို ပိုမိုပြင်းထန်စွာ အက်ကွဲသွားစေသည်။
အဆင့်မြင့် ယွမ်ဒန်အဆင့် ခြောက်ဦးသည်ည်း တိထန်နောက်သို့ လိုက်ပါလာပြီး... လိန့်ယွမ် ပုံဆောင်သားရဲကို ဝိုင်းရံလိုက်သည်။ ကြားချိန်တွင်... ၎င်းတို့သည် ချည်နှောင်လက်ချောင်းကို အသုံးပြုကာ... ယွမ်စွမ်းအား လက်ချောင်းခြောက်ချောင်းက လိန့်ယွမ် ပုံဆောင်သားရဲကို တင်းတင်းကျပ်ကျပ် ညှပ်ထားလိုက်သည်။
“ေ၀ါင်း”
လိန့်ယွမ် ပုံဆောင်သားရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူ၏ ငွေရောင် မျက်လုံးကြီးများသည် အောက်ခြေရှိ သူ့ကို တိုက်ခိုက်နေသော ပုံရိပ်များကို စိုက်ကြည့်လျက်... ခန္ဓာကိုယ်ကို ချက်ချင်းပင် အတင်းအကျပ် လှုပ်ရှားလိုက်သဖြင့် တောက်ပသော မိုးကြိုးများသည် သူ့အတွင်းမှ ပေါက်ကွဲထွက်လာပြီး... ချည်နှောင်မှုအားလုံးကို အားဖြင့် ချိုးဖျက်လိုက်သည်။
“ဟဟဟ... တိထန်ညီအစ်ကို... မင်း ကျွန်တော့်အကူအညီ လိုအပ်နေသေးတယ်လို့ ထင်တယ်”
ဤအချိန်တွင်... အဖြူရောင် ဆံပင်ရှည်ရှိသော သက်လက်ပိုင်းအရွယ် လူကြီးတစ်ဦးသည်... ဟားတိုက်ရယ်မောလျက်... ပြေးထွက်လာခဲ့သည်။
“လျူကွေ့ သူဌေးကြီး... မင်းရော သည်းခံမစောင့်နိုင်တော့ဘူးမလား ဒီသားရဲကို အရင်သတ်ကြတာပေါ့။”
တိထန်သည်လည်း အနည်းငယ် အခက်တွေ့သလို ခံစားနေရသည်။ ဤအားနည်းနေသော လိန့်ယွင် ပုံဆောင်သားရဲကို သူတစ်ဦးတည်း ကိုင်တွယ်ရန်က ပြဿနာရှိသည်။
“ကောင်းပြီ။”
နှစ်ဦးစလုံး ယာယီသဘောတူညီချက်ရသွားပြီး... လိန့်ယွမ် ပုံဆောင်သားရဲကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။ နှစ်ဦးစလုံးက ဓားကို အသုံးပြုကြပြီး... သူတို့လက်ထဲရှိ ဓားများသည် အဆင့်နိမ့် ဝိညာဉ်ရတနာလက်နက် များဖြစ်ကြသည်။
ဓားသွားများသည် လိန့်ယွင် ပုံဆောင်သားရဲ၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
ဓားအလင်းတန်း နှစ်ခု ဖွဲ့စည်းကာ... လိန့်ယွမ် ပုံဆောင်သားရဲကို တိုက်ခိုက်လိုက်သည်။
ဝေါင်းးး
ဟိန်းဟောက်သံထွက်လာပြီး... လိန့်ယွမ် ပုံဆောင်သားရဲက ခုခံရန် ကြိုးစားလိုက်သည်။
လိန့်ယွမ် ပုံဆောင်သားရဲ၏ မျက်လုံးများသည်လည်း လုံးဝ နီရဲသွားပြီး... နောက်တစ်ချက်တွင်... ဒေါသထွက်သော အသံဖြင့် အော်ဟစ်ကာ... သူ၏ ကြီးမားသော ပါးစပ်ကို ဖွင့်လိုက်သည်... ဦးခေါင်းတစ်လုံးအရွယ် ကြီးမားသည့်... တောက်ပသော မိုးကြိုးအလုံးတစ်ခုကို ပါးစပ် အတွင်းပိုင်းမှ ပစ်ထုတ်လိုက်သည်။
“မိုးကြိုးအရင်းအမြစ်။”
ဝူယွမ်နှင့် လင်းတုန်နှစ်ဦးစလုံး အံ့အားသင့်သွားသည်။
ထိုတောက်ပသော မိုးကြိုးအလုံးကို လိန့်ယွမ် ပုံဆောင်သားရဲ၏ ပါးစပ်မှ ပစ်ထုတ်လိုက်သည့်အချိန်တွင်... တိထန်နှင့် လျူကွေ့၏ မျက်လုံးများထဲတွင်လည်း... လောဘတကြီး အကြည့်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ သူတို့၏ယွမ်စွမ်းအင်သည် တိုက်ရိုက် ယွမ်စွမ်းအင် လက်ဝါးကြီးနှစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး... လက်ဝါးကြီးက အလျား ဆယ်ပေခန့်ရှိကာ... မိုးကြိုးအရင်းအမြစ်ကို ဆွဲယူလိုက်သည်။
လင်းတုန်က အလျင်အမြန် ပြောလိုက်သည် - “အစ်ကိုကြီး... မိုးကြိုးအရင်းအမြစ်ကို သူများသိမ်းယူတော့မယ်။”
ဝူယွမ်က လင်းတုန်ကို တားဆီးလိုက်သည်။
“မလောနဲ့... နောက်ထပ် နည်းနည်း စောင့်အုံး။”
တိထန်နှင့် လျူကွေ့တို့ မိုးကြိုးအရင်းအမြစ်သို့ ချဉ်းကပ်လာသည့်အချိန်တွင်... တောက်ပသော မိုးကြိုးအရင်းအမြစ်အတွင်းမှ... စွမ်းအားပြင်းသော စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဗုံးး၊
တိထန်နှင့် အခြားသူများက ဤစွမ်းအားကြောင့် လွင့်ပျံသွားပြီး... မျက်နှာဖြူဖပ်သွားကာ... သွေးတစ်လုပ် အန်ထုတ်လိုက်သည်။
မိုးကြိုးအရင်းအမြစ်၏ စွမ်းအင်ကလည်း အားနည်းသွားသည်။
“အမြန်... မိုးကြိုးအရင်းအမြစ်ကို သိမ်းယူကြ။” တိထန်နှင့် လျူကွေ့တို့က တစ်ချိန်တည်း အော်ဟစ်လိုက်သည်။
မိသားစုနှစ်ခုမှ ယွန်ဒန်အဆင့် ကျင့်ကြံသူများ လှုပ်ရှားလာပြီး... မိုးကြိုးအရင်းအမြစ်ဆီသို့ လက်ဆန့်လိုက်ကြသည်။
“တိုက်မယ်။”
ဤအချိန်တွင်... ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း ချက်ချင်း ပြေးထွက်လာကြသည်။
“ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုး၀ါး ကျောက်တိုင် လက်ဝါး။”
ဝူယွမ်က လက်ဝါးတစ်ချက်ရိုက်လိုက်ပြီး... ခရမ်းရွှေရောင် ယွမ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ကျောက်တိုင် လက်ဝါးတစ်ခုသည်... မိုးကြိုးအရင်းအမြစ်ဆီသို့ ချဉ်းကပ်နေသော တိနှင့် လျူမိသားစုဝင် အားလုံးကို လွင့်ထွက်သွားစေသည်။
ဤအချိန်တွင်... လင်းတုန်က မိုးကြိုးအရင်းအမြစ်ကို ဆွဲယူကာ... ထိန်းချုပ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့်... အနက်ရောင် လှံတံကို ကိုင်ကာ တိုက်ခိုက်လိုက်သည်။... လှံတံအရိပ်သည် ဒေါသထွက်နေသော မြွေဟောက်တစ်ကောင် ကဲ့သို့... လိန့်ယွမ် ပုံဆောင်သားရဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး... လိန့်ယွမ် ပုံဆောင်သားရဲနှင့် မိုးကြိုးအရင်းအမြစ်ကြားရှိ ဆက်သွယ်မှုကို အတင်းအကြပ် ဖြတ်တောက်လိုက်သည်။
“ မင်းတို့တွေ အခုထိ မထွက်သွားသေးဘူးလား”
တိထန်၏ မျက်နှာ အရောင်ပြောင်းသွားပြီး... မကောင်းသော အရိပ်တစ်ခု ပေါ်ထွက်လာသည်။
“တိထန်ညီအကို... သူတို့ကဘယ်သူတွေလဲ။”
လျူကွေ့သည်လည်း တုန်လှုပ်သွားပြီး... ရုတ်တရက် ပေါ်လာသော ဤလူငယ်နှစ်ဦးကိုကြည့်ရင်း အလွန်အံ့အားသင့်သွားသည်။
သူတို့က ပတ်ဝန်းကျင်ကို ရှင်းလင်းခဲ့သော်လည်း သူတို့က ထွက်လာသေးသည်။
“ထွက်ခွာတာလား... ဟီးဟီး... ငါတို့က ဘယ်ကိုသွားရမှာလဲ။ ဒီလိန့်ယွမ်တောင်က ငါတို့ရဲ့ ခရီးပန်းတိုင်ဘဲလေ” ဝူယွမ်က အပြုံးလေးဖြင့် ပြောလိုက်သည်။
“လျူကွေ့ သူဌေးကြီး... ဒီလူငယ်နှစ်ဦးက ကျွန်တော်တို့ ဆန်ပြည်နယ်က မဟုတ်ဘူး။ သူတို့ကွာ ရည်ရွယ်ချက် ကောင်းမရှိလောက်ဘူး၊ ကျွန်တော်တို့ ပူးပေါင်းပြီး သူတို့ကို အရင်သတ်ပစ်ကြပြီးမှ... မိုးကြိုးအရင်းအမြစ်ကို ခွဲဝေကြမလား။”
ဒီတိန်းက အကြံပြုသည်။ သူတစ်ဦးတည်းဖြင့် ဝူယွမ်ကို မနိုင်နိုင်သော်လည်း... လျူကွေးနှင့်ဆိုလျှင် ကွဲပြားသည်။
“ကောင်းပြီ... သူတို့ကို အရင် ရှင်းထုတ်ပစ်ကြရအောင်။”
နှစ်ဦးသည် ချက်ချင်း သဘောတူညီချက်ရသွားသည်။
“ေ၀ါင်း”
ဤအချိန်တွင်... လိန့်ယွမ် ပုံဆောင်သားရဲက... သူ၏ စွမ်းအင်ကုန်ခါနီးဖြစ်နေပြီဖြစ်ကာ... လင်းတုန်ဆီသို့ ပြေးသွားပြီး... လင်းတုန်၏လက်ထဲမှ မိုးကြိုးအရင်းအမြစ်ကို ပြန်လည် ဆွဲယူလိုနေသည်။
“ပိုင်ယွမ်... သွားပြီး လင်းတုန်ကို ကူညီလိုက်။”
ဝူယွမ်က အသံလွှင့် ပြောလိုက်ပြီး ပန်းရောင် ဓားတိုတစ်လက်က သူ၏လက်ထဲတွင် ရှိနှင့်နေပြီဖြစ်ကာ... ခရမ်းရွှေရောင် ယွမ်စွမ်းအင် လှိုင်းများက... သူ၏ ကိုယ်ခန္ဓာအပြင်ဘက်သို့ တောက်ပစွာ ပေါက်ကွဲထွက်လာသည်။
“လေ နှင့် လ၊ နူးညံ့သိမ်မွေ့သော ဓား”
ဝူယွမ်က အရင် လှုပ်ရှားလိုက်သည်... ခိုင်ခံသော ဓားသွားတစ်ခုက ပြေးလာသော တိထန်နှင့် လျူကွေ့တို့ဆီသို့ ခုတ်ချလိုက်သည်။
ဝူယွမ်၏ စွမ်းအားပြင်းသော ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ... တိထန်နှင့် အခြားသူများ၏ မျက်နှာအရောင်ပင် အနည်းငယ် ပြောင်းလဲသွားသည်။ ယွမ်စွမ်းအင်သည် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ထွက်လာပြီး... သူတို့၏ ဓားကြီးများဖြင့် ဝူယွမ် တိုက်ခိုက်လိုက်သည့် လမ်းကြောင်းအတိုင်း ပြန်လည်တိုက်ခိုက်လိုက်သည်။
“လေးလံဓား အတတ်ပညာ။”
“အရိုးပြောင်းလဲခြင်းဓား။”
တိထန်တို့ နှစ်ဦးစလုံး ခုခံရန် စွမ်းအားပြင်းသော ကိုယ်ခန္ဓာပညာရပ်များကို အသုံးပြုလိုက်ကြပြီး... သူတို့၏ တိုက်ခိုက်မှုများသည်လည်း ပြင်းထန်လွန်းလှသည်။
ဓားသွားသုံးခု ထိတ်တိုက်တွေ့သွားကြပြီး... ထက်မြသော လေတိုက်ခတ်မှုတစ်ခု ချက်ချင်း ဖြန့်ကျက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး လေနှင့်ဓားသွားစွမ်းအင်များ ရောထွေးသွားကာ။ ... ဓားလေဟာနယ်တစ်ခု ဖွဲ့စည်းလိုက်သကဲ့သို့ ဖြစ်သွားသည်။
သုံးဦးစလုံးက သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်း အဆင့်မှာရှိသော်လည်း... ဝူယွမ်က တစ်ဦးနှင့် နှစ်ဦးတိုက်ခိုက်ရာတွင် အစွမ်းကျဆင်းမသွားသေးပေ။ သူ၏ လေ နှင့် လ၊ နူးညံ့သိမ်မွေ့မှု ဓားကို... မူလ လေရူန်းများဖြင့် အားဖြည့်ထားပြီး... ယခုအခါ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။
တိထန်နှငါ် အခြားသူများ၏ ဓားများသည် အဆင့်နိမ့် ဝိညာဉ်ရတနာလက်နက်မျှသာ ဖြစ်ပြီး... သူတို့ အသုံးပြုသော ကိုယ်ခန္ဓာပညာရပ်များသည်လည်း ဆဌမအဆင့်မျှသာ ဖြစ်သည်။
ဝူယွမ်၏ နဂါးပျံသန်းခြင်းကိုကွက်နှင့် ကိုးယန် ဓားပညာရပ်တို့သည် အဆင့်မြင့်ထဲတွင်ပင် အတော်လေးကောင်းမွန်တဲ့ ကိုယ်ခန္ဓာပညာရပ်များ ဖြစ်သည်။
သူသည် တိထန်တို့ကို လုံးဝဖိအားပေးထားနိုင်သည်... သို့ရာတွင်... တိထန်တို့နှစ်ဦးစလုံးသည်လည်း အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားများဖြစ်ပြီး... အလွန်သတိထား တိုက်ခိုက်ကြသည်... ဟာကွက်မရှိသလောက်ပင်၊
ဒါပေမဲ့... ဝူယွမ်က သူတို့နှစ်ဦးကို အဆုံးသတ်ရန်က အချိန်တစ်ခုဘဲကြာလိမ့်မည်ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့... ကျန်ရှိနေတဲ့ ယွမ်ဒန်အဆင့် ကျင့်ကြံသူများ အားလုံး လင်းတုန်ကို ဝိုင်းရံထားပြီး... သူ၏လက်ထဲမှ မိုးကြိုးအရင်းအမြစ်ကို ဆွဲယူလိုနေကြသည်။
အစိမ်းရောင် အလင်းတစ်ခုလျှပ်သွားကာ တိယွမ်၏လက်ထဲတွင် ... အဆင့်နိမ့် ဝိညာဉ်ရတနာ... အစိမ်းရောင် ယွမ်လှံတံကို ထုတ်ယူလိုက်သည်။
လင်းတုန်နှင့် လိန့်ယွမ် ပုံဆောင်သားရဲတို့ တိုက်ခိုက်ရင်း ရှုပ်ထွေးနေစဉ်... သူက အခွင့်ကောင်းယူကာ... လှံတံအရိပ်တစ်ခုကို အသုံးပြုလိုက်ပြီး... လင်းတုန်၏ နောက်ကျောမှတစ်ဆင့် လင်းတုန်ကို လုပ်ကြံရန် ပြင်ဆင်နေသည်။
“ဗုံးး”
တောက်ပသော ရွှေရောင် အလင်းလှိုင်းတစ်ခုက သူ့ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။
တိယွမ်က သတိမထားမိဘဲ... သူ၏အာရုံကို လင်းတုန်၏ ကျောပြင်ပေါ်တွင်သာ ထားရင်း... ရက်စက်စွာ ပြောလိုက်သည် -
“ငရဲသို့...”
သို့ရာတွင်... ‘ငရဲ’ ဟူသော စကားလုံး တစ်ဝက်သာ ပြောလိုက်ရပြီး..
အလင်းလှိုင်းတစ်ခုက အသံမြည်လျက် ရောက်လာပြီး သူ့ကို လွမ်းခြုံလိုက်သည်။
ဒီယွန်၏ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြဲသွားကာ သေဆုံးသွားသည်။
သဏ္ဍာန်ပြောင်းအဆင့်၏ တိုက်ခိုက်မှုတစ်ခုသည်... သာမန် ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှု အဆင့်မှသူတစ်ဦး ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေသည်။
ပိုင်ယွမ်က အမြဲတမ်း ထိုလူ၏ အကြည့်များကို မကြိုက်ဘဲ... ရှုပ်ထွေးသော တိုက်ပွဲအတွင်း... သူ့အား အာရုံစိုက်ထားခဲ့သည်။
ဤကျားကလေးက အမြဲတမ်း ဒေါသဆက်သည်။
“ယွမ်အာ”
တိထန် ၀မ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။
“ဖအေကို တနေတာလား”
ဝူယွမ်သည် မျက်လုံးပြူးသွားပြီး... လက်ထဲရှိ ဓားတိုဖြင့် နဂါးပုံသဏ္ဍာန် ဓားသွားတစ်ခုကို တိုက်ရိုက် ခုတ်လှဲလိုက်သည်။
ဤနေရာတွင် သူ၏သားတစ်ဦးတည်းသာ ‘ယွမ်’ ဟူသော အမည်ပါသည်မဟုတ်ပေ။
“ဒီဓားတိုက ကောင်းကင်ဓားကျောင်းတော်ရဲ့ ကိုယ်ခန္ဓာပညာရပ်တွေကို အသုံးပြုဖို့ မသင့်တော်ဘူးဘဲ။”
ဝူယွမ် တိတ်တဆိတ် မကျေမနပ် ပြောလိုက်သည်။ အရင်က ဓားရှည်များကိုသာ အသုံးပြုခဲ့ဖူးပြီး... ကောင်းကင်ဓားကျောင်းတော်က ဓားပညာရပ်များ၏ လက္ခဏာမှာ ကြီးကျယ်ခမ်းနားပြီး... မိုးကြိုးကဲ့သို့ ပြင်းထန်လှသည်။
ဤဂူသင်္ချိုင်းပိုင်ရှင်၏ ဓားသည် အလွန်တရာ လှပပြီး... သူနှင့် မကိုက်ညီသည်မှာထင်ရှားသည်... ရိုင်းစိုင်းမှုကို ဖော်ဆောင်နိုင်ခြင်းမရှိသကဲ့သို့... ကိုယ်ခန္ဓာပညာရပ်၏ အနှစ်သာရကိုလည်း မဖော်ဆောင်နိုင်ပေ... နောက်ဆုံး ဓားခုတ်ချက်က တိထန် တိုက်ရိုက်သတ်နိုင်ခြင်းမရှိဘဲ... ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ရုံသာရှိသည်။
တောင်ထိပ်တစ်ခုလုံး အလွန်ရှုပ်ထွေးနေသည်။
တောင်ထိပ်တစ်ခုလုံးက အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုတစ်ခု ဖြစ်နေသော်လည်း... ဝူယွမ်တို့အဖွဲ့က အားသာချက်ရှိနေဆဲဖြစ်သည်။
လင်းတုန်က စွမ်းအားနည်းနေသော လိန့်ယွမ် ပုံဆောင်သားရဲနှင့် တိုက်ခိုက်နေပြီး... ပိုင်ယွမ်နှင့် ရှောင်ယန်တို့က အခြားသေးငယ်သည့် အရာများကို ကိုင်တွယ်နေသည်။
ဝူယွမ်နှင့် မိသားသုခေါင်းဆောင် တိထန်နှင့် လျူကွေ့တို့ကတေယ့ တောင်ထိပ်အထွတ်တွင် အပြင်းအထန်တိုက်ခိုက်နေကြသည်။
【ဒင်း... လိန့်ယွမ်တောင်သို့ အောင်မြင်စွာ ရောက်ရှိပါသည်။ ဆိုင်းအင် လုပ်လိုပါသလား။】
တိုက်ပွဲအတွင်း... ဝူယွမ်သည် နောက်ဆုံးတွင် အချိန်တစ်ခုကြာအထိ မကြားရသော စနစ်၏ အသိပေးချက်ကို ပြန်ကြားလိုက်ရသည်။
“ဆိုင်းအင် လုပ်ပါ။”
【ဆိုင်းအင် လုပ်ခြင်း အောင်မြင်ပါသည်။ ဆုအဖြစ် ... ကောင်းကင်မိုးကြိုးဝိညာဉ်ဓား။】
【ကောင်းကင်မိုးကြိုးဝိညာဉ်ဓား - မွေးရာပါ မူလဓားသွား… မိုးကြိုးအတွင်း၌ မွေးဖွားလာပြီး မိုးကြိုးဖြင့်ပျိုးထောင်ထားကာ... မိုးကြိုးဝိညာဉ်ပါရှိသည်။ ဓားသည် အပြည့်စုံဆုံးသော မူလဓားအသွား ဖြစ်သည်။ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးနောက်... ခန္ဓာကိုယ်အတွင်း သိုလှောင်ထားနိုင်ပြီး... ပိုင်ရှင်၏ စွမ်းအားမြင့်တက်လာသည်နှင့်အမျှ... ဆက်လက်အားကောင်းလာမည် ဖြစ်သည်။】
“ဟမ်... နောက်ဆုံးတော့ ငါ့အတွက် ဝိညာဉ်ရတနာတစ်ခုကို စနစ်က ဆိုင်းအင်ကနေ ပေးလိုက်ပီ”
ဝူယွမ်၏ မျက်လုံးများထဲတွင် အလင်းတစ်ခု လျှပ်သွားသည်။ အရင်က စနစ် ဆိုင်းအင်လုပ်ခြင်းက အားလုံး ကျင့်စဉ်နည်းလမ်းများနှင့် အရင်းအမြစ်များအတွက်သာ ဖြစ်သည်။
သူ့တွင် သင့်တော်သော လက်နက်တစ်ခု ချို့တဲ့နေခဲ့သည်။
ကောင်းကင်မိုးကြိုးဝိညာဉ်ဓား က အချိန်မှန် ရောက်ရှိလာခြင်းဖြစ်သည်။
ဝူယွမ်က မတွန့်ဆုတ်ဘဲ... ဓားကို အသုံးပြုရန် ချက်ချင်း ထုတ်ယူလိုက်သည်။
စိတ်ကူးတစ်ခုဖြင့်... ခရမ်းရောင်-ပုံဆောင်ခဲ အလင်းတစ်ခုက ချက်ချင်း ဝူယွမ်၏လက်ထဲတွင် ပေါ်လာသည်။ ထိုအရာသည် တောက်ပသော ဓားရှည်တစ်လက်ဖြစ်ပြီး... မိုးကြိုးများ စီးဆင်းနေသည်။ ဓားသွားက ကြည်လင်နေပြီး... အလင်းဖြင့် ဖွဲ့တည်ထားသည့်ပုံရသော်လည်း... ဝူယွမ် ကိုင်တွယ်သည့်အခါ... အလွန်ခိုင်ခံ့တာကို ခံစားလိုက်ရသည်။
ဝူယွမ်က လျှာထိပ်ကို ကိုက်လိုက်ပြီး... သွေးအစီအနှစ်တစ်စက် ကောင်းကင်မိုးကြိုးဝိညာဉ်ဓား ပေါ်သို့ ကျသွားသည်။ .ဓားက ချက်ချင်း တုန်ခါသွားပြီး... ဝူယွမ်သည် ဓားမတွင်းမှ အသိစိတ်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ထိုအသိိစိတ်သည် ရင်းနှီးမှုကို ဖော်ပြနေသည့်ပုံရပြီး... ဝူယွမ်သည် ဓားလက်ကိုင်ကို ကိုင်ထားသော လက်ဝါးပေါ်၌ နွေးထွေးသော အပူစွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။
ဓားထဲတွင် ဝိညာဉ်ရှိသည်။
ထိုဝိညာဉ်က ပိုင်ရှင်အား ချစ်ခင်နှစ်သက်ကြောင်း ပြသနေသည်။
“လာပါ... ဒီကမ္ဘာလောကထဲကို မင်းရောက်ရှိကြောင်း ကြေညာပေးမယ်၊မင်းရဲ့ ဓားအစွမ်းကို ခံစားခွင့်ပေးပါ။”