← Chapters

မိုးကြိုးပြစ်ဒဏ်အရည် အမှတ်တမဲ့ ရရှိကာ ထပ်ပြီး ရှင်းပြ၍မရနိုင်တော့ခြင်း

Vol. 10 Ch. 91

မိုးကြိုးပြစ်ဒဏ်အရည် အမှတ်တမဲ့ ရရှိကာ ထပ်ပြီး ရှင်းပြ၍မရနိုင်တော့ခြင်း

Vol. 10 Ch. 91

လင်းတုန်နှင့် ရှောင်တျောင်းတို့ စကားပြောပြီးနောက်တွင် အစ်ကိုကြီးအား ပို၍နက်နက်ရှိုင်းရှိုင်း ရို‌သေလာပြီး အစ်ကိုကြီးနောက်ကို လိုက်ရန် လုံး၀ စိတ်ပိုင်းဖြတ်ထားကြသည်။

ဆရာကြီးတစ်ဦးနှင့် မိတ်ဆွေဖြစ်ရခြင်းက မည်မျှပင်ရှားပါးပြီး ကောင်းမွန်လိုက်သနည်း။

ဝူယွမ်က သူ၏ညီနှစ်ယောက်သည် ဇာတ်လမ်းများစွာ စိတ်ကူးယဉ်ထားသည်ကို မသိထားပေ။ သူကိုယ်တိုင်ကတော့ သူ၏ညီနှစ်ယောက်က သူမရှင်းပြနိုင်သည့်အရာများကို မေးမြန်းလာပါက မည်သို့ဖြေရမည်ကို စိုးရိမ်နေဆဲပင်ဖြစ်သည်။

“မင်းတို့ဘာလို့ ငေးကြောင်ကြောင်ဖြစ်နေကြတာလဲ”

ဝူယွမ်က အံ့အားသင့်ပြီးမေးလိုက်သည်။ သူ၏ညီနှစ်ယောက်က စကားမပြောသော်လည်း သူတို့၏မျက်နှာအမူအရာမှာ ပုံမှန်မဟုတ်ဘဲ လေးနက်နေကာ ဆုံးဖြတ်ချက်ချနေသည့်ဟန် ရှိသည်။

ရှောင်တျောင်း - “ဘာမှမဟုတ်ပါဘူး အစ်ကိုကြီး။ ဒီဓားက ရှားပါးလွန်းလို့ပါ”

လင်းတုန်- “ဟုတ်တယ် အစ်ကိုကြီး။ အစ်ကိုကြီး တန်ဖိုးမဖြတ်နိုင်တဲ့ရတနာဓားကြီးကို ရတာ ကံအရမ်းကောင်းတယ်။ ဒီ လိန့်ယွမ် ပုံဆောင်ခဲ သားရဲရဲ့ မိုးကြိုးအရင်းအမြစ်ထက်တောင် တန်ဖိုးပိုကြီးမယ်ထင်တယ်”

ဝူယွင် - “ဒါက ကံကောင်းတာပါဘဲ။ မင်းတို့လည်း နောက်ကျရင် ဒါမျိုးတွေ့နိုင်တယ်။ အခု မြန်မြန်စဉ်းစားပြီး ဒီဓားအတွက် နာမည်ကောင်းတစ်ခု ပေးကြည့်ကြစမ်းပါ”

ဝူယွမ်သည် အမြဲတမ်း အမည်ပေးရာတွင် မကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

သို့သော် သူမကြာခဏ သုံးမည့် ပစ္စည်းများက နာမည်တစ်ခုခု ရှိသင့်သည်။

ရှောင်တျောင်းက ခေါင်းကုတ်လျက် “ဒါက အစ်ကိုကြီးရဲ့ဓား။ အစ်ကိုကြီးကိုယ်တိုင်ခေါ်မှာဆိုတော့ အစ်ကိုကြီးနာမည်တစ်ခုခုပေးလိုက်ရင် ရပြီဟာ”

လင်းတုန်က အကြံပြုလိုက်သည်- “ဟီးဟီး၊ ဝူယွမ်၊ ပိုင်ယွမ် ဆိုတဲ့ ‘ယွမ်’ က အစ်ကိုကြီးရဲ့ အမှတ်သားဘံ၊ ဒီဓားကိုလည်း ‘ယွမ်’ နဲ့တွဲပြီးနာမည်တစ်ခုခု ထည့်ပေးလိုက်ရင်ကောင်းမလား”

ဝူယွမ်က ခေါင်းညိတ်လိုက်သည်။ သူ အရင်ကတည်းက စဉ်းစားဖူးသည်။ သူ၏ကိုယ်ပိုင်ပစ္စည်းများကို နာမည်ပေးပါက သူ့ပိုင်ဆိုင်မှုအမှတ်အသားအဖြစ် သူနှင့်ဆိုင်သော အစိတ်အပိုင်းတစ်ခုပါဝင်သင့်သည်။

“ဒါပေမဲ့ ‘ယွမ်’ နဲ့ ဘာနဲ့ပေါင်းရမလဲ မိုးကြိုးတိမ်၊ ခရမ်းရောင်တိမ်၊ ငွေရောင်တိမ်...” ဝူယွမ်သည် မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ကြည့်ကာ ၎င်း၏ဂုဏ်သတ္တိများနှင့် အရောင်ကို စဉ်းစားကြည့်သော်လည်း တစ်ခုမျှ မကောင်းဟု မထင်မိ။

ရုတ်တရက် သူ၏အာရုံပြောင်းသွားသည်။ လိန့်ယွမ်တောင်ထိပ်မှ ကြည့်လျှင် ပတ်ဝန်းကျင်နှင့် ဝေးကွာသော တောင်ထွတ်များအားလုံး မြင်နိုင်သည်။

တောင်ထိပ်ပေါ်သို့ရောက်သောအခါ အခြားတောင်များအားလုံး သေးငယ်သွားသကဲ့သို့ပင်။

ရုတ်တရက် သူရဲကောင်းဆန်သော စိတ်ဓာတ်တက်ကြွလာပြီး ကောင်းကင်ဓားရတဲ့အချိန်က သူ၏စိတ်နေသဘောထားနှင့် အတိအကျကိုက်ညီနေသည်။

“ဒါကို... လင်းယွမ် လို့ခေါ်မယ်”

ဝူယွမ်က ဆုံးဖြတ်လိုက်သည်။

“စိတ်ဓာတ်မြင့်မားစွာဖြင့် ကောင်းကင်သို့ ပျံတက်ရမည်၊ လေပြင်းတိုက်ခတ်သောအခါ ကောင်းကင်ငှက်ကြီးသည် ကိုးသောင်းယူဇနာကို ပျံသန်းမယ်”

ရှောင်တျောင်းက ချီးကျူးလိုက်သည် “ကောင်းလိုက်တဲ့ကဗျာ၊ တစ်ကယ်ကောင်းတဲ့ကဗျာဘဲ”

လင်းတုန်ကမူ...မျက်လုံးပြူးသွားသည်... “ရူးသွပ်ဓားသိုင်းခန်းမက တကယ်ပဲ ကဗျာရွတ်တတ်သူရှိတာလား”

“အဲဒီနေရာက ကြမ်းတမ်းတဲ့ ကျင့်ကြံသူတွေနဲ့ဘဲ ပြည့်နေတာလားလို့”

“အစ်ကိုကြီးက တကယ်ကို ပြန်လည်မွေးဖွားလာသူပါလား။ ဒီကဗျာက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်သလဲ” လင်းတုန်က တွေးရင်းတွေးရင်းနှင့် သူ့အတွေးတွေက ပို၍ခိုင်မာလာသညါ။

ရူးသွပ်ဓားသိုင်းခန်းမလို နေရာမျိုးက အစ်ကိုကြီးလို ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်မည် မဟုတ်ပေ။

ဝူယွမ် - “လင်းယွမ်ကို ရတာကျေနပ်စရာဘဲ။ ဒီ လိန့်ယွမ် ပုံဆောင်ခဲ သားရဲရဲ့ မိုးကြိုးအရင်းအမြစ်ကို တော့ ညီနှစ်ကို ပေးမယ်။ မင်းရဲ့ မဟာနေ မိုးကြိုးကိုယ်ခန္ဓာ လေ့ကျင့်ဖို့အတွက် မိုးကြိုးအရင်းအမြစ်ကို စုပ်ယူတာက ငါ့ထက်ပိုအကျိုးရှိလောက်တယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ဒီမိုးကြိုးအရင်းအမြစ်နဲ့ဆိုရင် ကျွန်တော် သဏ္ဍာန်ပြောင်းအဆင့်ကို ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာတယ်”

လင်းတုန်က စကားများများပြောမနေတော့ပေ။ သူ၏စိတ်ထဲတွင် အစ်ကိုကြီးက မယုံနိုင်လောက်အောင် ကြီးမြတ်သော ပြန်လည်မွေးဖွားလာသူ အကြီးအကဲတစ်ဦးဖြစ်နေပြီဖြစ်သညါ။ သူတို့ကြားတွင် ထိုကဲ့သို့ ရတနာလေးက မပြောပလောက်ပေ။

အစ်ကိုကြီးက သူ့ကို ရတနာပေးသောအခါ လင်းတုန်၏သဘောထားမှာ... ဆရာကြီးတစ်ဦးရဲ့ ဆုလာဘ်ကို ငြင်းပယ်၍မရခြင်းပင်။

မိုးကြိုးအရင်းအမြစ်က အသေးအဖွဲလေးသာဖြစ်ပြီး မယူဘဲနေလျှင် အစ်ကိုကြီးကို မထီမဲ့မြင်ပြုရာရောက်လိမ့်မည်။

“ဒီနေရာလေးကောင်းတယ်။ ဒီမှာပဲ မိုးကြိုးအရင်းအမြစ်ကို စုပ်ယူလိုက်တော့”

လိန့်ယွမ်တောင်၏ ပတ်ဝန်းကျင်သည် သဘာဝမိုးကြိုးကွင်းပြင်ဖြစ်သည်။ လိန့်ယွမ် ပုံဆောင်ခဲ သားရဲက မိုးကြိုးမုန်တိုင်းများကို ဆွဲဆောင်ခြင်းအပြီးတွင် ကောင်းကင်ရှိ မိုးကြိုးတိမ်များက အကြမ်းမဖက်တော့သလို ပတ်ဝန်းကျင်တွင်လည်း အလွန်ကြွယ်ဝသော မိုးကြိုးစွမ်းအားများ ရှိနေသည်။

“ကြစ်ကျပ်.. ဂျစ်ဂျစ်”

လူအားလုံး စကားပြောနေစဉ် ရှောင်ယန်ကတော့ လိန့်ယွမ် ပုံဆောင်ခဲ သားရဲ၏ အလောင်းကို စားနေပြီးဖြစ်သည်။

အသစ်ပေါက်လာသော ပုံဆောင်အချွန်းများအားလုံးကို ကြိတ်ချေပြီး လေယွမ် ပုံဆောင်ခဲ သားရဲ၏ အသားနှင့်သွေးအားလုံးကို မျိုချလိုက်သည်။

ဝူယွမ်နှင့် လင်းတုန်တို့က ဤကြမ်းတမ်းသောမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြသည်။

ရှောင်တျောင်းနှင့် ပိုင်ယွမ်တို့မူ တိရစ္ဆာန်များဖြစ်သောကြောင့် ဤအရာကို ပုံမှန်အတိုင်းဟုသာ မြင်သည်။

ပိုင်ယွမ်က သူမ၏‌ေမာင်ငယ်ကို ကြည့်ရင်း မျက်လုံးပြာများထဲတွက် ချစ်ခြင်းမေတ္တာအရိပ်များ ပေါ်လွင်နေသည်။ ဤကဲ့သို့စားသောက်ခြင်းသည် ရှောင်ယန်အတွက် ကောင်းမွန်ပြီး အစ်မဖြစ်သူအနေဖြင့် မောင်ငယ် ပိုမိုအားကောင်းလာသည်ကို မြင်ရသည့်အတွက် သဘောကျ ကျေနပ်စွာကြည့်နေသည်။

ရှောင်တျောင်းက ဘေးမှ အံ့အားသင့်စွာပြောလိုက်သည် - “လိန်ါယွမ် ပုံဆောင်ခဲ သားရဲရဲ့ စွမ်းအားအများစုက မိုးကြိုးအရင်းအမြစ်ထဲမှာ သိုလှောင်ထားပေမယ့် အသားနဲ့အသွေးတွေကတော့ တိရစ္ဆာန်တွေအတွက် အကျိုးကျေးဇူးအများကြီးရှိတယ်။ ရှောင်ယန်ရဲ့ သွေးမျိုးဆက်က ဗီဇအနည်းငယ် ပြောင်းနေပြီး လိုက်လျောညီထွေရှိလွန်းတယ်။ ဒါကြောင့် သူ့ဒါက အတွက် အကျိုးများစေမယ်”

သိပ်မကြာမီ ရှောင်ယန်က ကြီးမားသော လိန့်ယွမ် ပုံဆောင်ခဲ သားရဲကို အရိုးသာကျန်သည်အထိ စားလိုက်သည်။

သူက အသားသွေးများစွာကို တစ်ကြိမ်တည်း မည်သို့မျိုချနိုင်သည်ကို သူကိုယ်တိုင်ပင်မသိချေ။

ဤအချိန်တွင် လျှပ်စီးမီးတောက်အလင်းရောင်များ ရှောင်ယန်၏ကိုယ်ခန္ဓာမှ ထွက်လာပြီး သူ၏အနီရောင်အမွေးများအောက်မှ အလင်းရောင်ထွက်နေသကဲ့သို့ဖြစ်နေသည်။

ဝေါင်းး…

ရှောင်ယန်က အသံကျယ်ကြီးဖြင့် ဟိန်းလိုက်ကာ ‌ေတာတောင်ကုန်းများ တုန်လှုပ်သွားသည်။

“သူက လိန့်ယွမ် ပုံဆောင်ခဲ သားရဲရဲ့ စွမ်းအင်ကို ချက်ချင်းစုပ်ယူနေတာ။ ဟဲဟဲ၊ ဒီ လိန့်ယွမ် ပုံဆောင်ခဲ သားရဲဟာ အဆင့်မြှင့်တင်ပြီးသွားပြီ။ စွမ်းအားပြန်လည်ပြည့်ဖြိုးမှုမရှိသေးပေမယ့် ခန္ဓာကိုယ်အတွင်းက အသားနဲ့အသွေးတွေကတော့ အားဖြည့်ပြီးသားဖြစ်နေပြီ။ အခု ရှောင်ယန်က စားလိုက်တော့ စွမ်းအင်အမျိုးမျိုးကို သူကစုပ်ယူနေရတယ်။ ဒီတစ်ခါတော့ ရှောင်ယန်က အစ်ကိုနှစ်ထက် စောပြီး သဏ္ဍာန်ပြောင်းအဆင့်ကို ရောက်သွားလောက်တယ်” ရှောင်တျောင်းက အေးဆေးပြောလိုက်သည်။

ဒါက... လင်းတုန် မျက်နှာအမူအရာ မထိန်းသိမ်းနိုင်တော့ပေ။

မသိလိုက်မသိဖာသာနှင့် သူသည် အောက်ဆုံးနေရာ ရောက်သွားသူဖြစ်လာသည်။

“ကျွန်တော် မိုးကြိုးအရင်းအမြစ်ကို ချက်ချင်းစုပ်ယူသင့်တယ်”

သူက အပြင်းအထန်ပြောလိုက်သည်။

လင်းတုန်က အမြဲတမ်း ဇွဲနှင့် လုံ့လရှိသူဖြစ်ကာ ချက်ချင်းပင် ကျင့်ကြံခြင်းစတင်ခဲ့သည်။

လင်းတုန်က မိုးကြိုးအရင်းအမြစ်ကို ကောက်ယူပြီး သူ၏ ယွမ်စွမ်းအင်ကို အသုံးပြုကာ မျက်စိဖြင့် မြင်နိုင်သော မိုးကြိုး အရည်ကဲ့သို့ အရည်များက မိုးကြိုးအရင်းအမြစ်ကနေ လင်းတုန်၏လက်ဝါးများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဖြေးညှင်းစွာ စီးဝင်လာသည်။

မိုးကြိုးအရည်များ လင်းတုန်၏ကိုယ်ခန္ဓာထဲသို့ စီးဝင်သောအခါ သူ၏အဝတ်အစားများသည် ချက်ချင်းလက်ငင်း အမှုန့်များအဖြစ်သို့ ပေါက်ကွဲသွားသည်။ သူထိုင်နေသော ကျောက်တုံးကြီးပင်လျှင် အက်ကြောင်းများဖြင့် ကွဲထွက်သွားသည်။

များပြားလှသော မိုးကြိုးစွမ်းအားများက အနီးအနားရှိ ဝူယွမ်ကိုပင် အနည်းငယ်စိတ်လှုပ်ရှားစေသည်။

မိုးကြိုးအရင်းအမြစ်ကို လင်းတုန်အားပေးလိုက်ဖို့အတွက် ဝူယွမ်အက အနည်းငယ်စိတ်မပါဖြစ်နေသော်လည်း အကျိုးအမြတ်အားလုံးကို သူတစ်ယောက်တည်းယူ၍မဖြစ်ပေ။

အဓိကအားဖြင့် ဤနူးညံ့သိမ်မွေ့သော မိုးကြိုးစွမ်းအားသည် လင်းတုန်၏ မဟာနေ မိုးကြိုးကိုယ်ခန္ဓာ လေ့ကျင့်ရန်အတွက် ပိုသင့်တော်သည်။

ဝူယွမ်၏ နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဉ်က မိုးကြိုးထိမှန်ခြင်းဖြင့်သာ ပိုအသုံး၀င်သည်။ မိုးကြိုးများကို ဆက်တိုက်အပစ်ခွမှသာ ထိုစွမ်းအားများက သူ၏ခန္ဓာကိုယ်အမှုန်များထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

သို့မဟုတ်ပါက မိုးကြိုးအရင်းအမြစ်ကို စုပ်ယူလိုက်ရင် စွမ်းအင်အများစုကို သူ၏ဒန်တျန်ထဲက စုပ်ယူသွားပြီး သူလိုချင်သောအကျိုးသက်ရောက်မှုကို မရရှိနိုင်တော့ပေ။

လင်းတုန်က မိုးကြိုးအရင်းအမြစ်ကို စုပ်ယူနေစဉ် ဝူယွမ်သည် သေဆုံးသွားသော တိနှင့် လျူမိသားစုဝင်များ၏ အလောင်းများကို ရှာဖွေသိမ်းဆည်းလိုကါသည်။

နေရာတိုင်းတွင် လုယက်က အမြဲတမ်းကောင်းမွန်သော အလေ့အကျင့်တစ်ခုဖြစ်သည်။

သိုလှောင်အိတ်အားလုံးကို ရှာဖွေပြီး‌ေနာက်။

ဝူယွမ်က သန့်စင် ယွမ်ဆေးလုံး ငါးသိန်းကျော်နှင့် အဆင့်နိမ့် ဝိညာဉ်ရတနာလက်နက်များ၊ ပညာရပ်များ၊ ဆေးပင်များ၊။ယန်ယွမ်‌ေဆးလုံးများကိုလည်း မရေမတွက်နိုင်အောင်ရရှိခဲ့သည်။

ဝူယွမ်၏လက်ရှိအဆင့်တွင် ဤပစ္စည်းများက အသုံးမဝင်တော့ပေ။

ဒါပေမဲ့ မြို့သို့ရောက်သောအခါ ၎င်းတို့ကို သန့်စင် ယွမ်ဆေးလုံးများနှင့် လဲလှယ်နိုင်သည်။

အချိန်တစ်ခုကြာ နှံစပ်အောင် ရှာဖွေပြီးနောက် ဝူယွမ်က တောင်ထိပ်ပေါ်ရှိ ပတ်ဝန်းကျင်ကို ထပ်စစ်ဆေးလိုက်သည်

ခဏအကြာတွင် သူက သူ၏ ဝိညာဉ် စုတ်တံ၊ အဆောင်စက္ကူ၊ ရူန်းထွင်းဓား၊ ကျောက်စိမ်းနှင့် အခြားပစ္စည်းများကို ထုတ်ကာ တောင်ထိပ်တစ်ဝိုက်တွင် ရူန်းများကို ထွင်းထုရန် စတင်‌ေတာ့သည်။

ရှောင်တျောင်း - “အစ်ကိုကြီး ဘာလုပ်နေတာလဲ”

“မိုးကြိုးတိမ်တွေဒီမှာစုနေတယ်။ လေ့ကျင့်ဖို့ မိုးကြိုးဆွဲအားဆက်ကွင်းတစ်ခု လုပ်မလိုါ”

ဝူယွမ်၏စကားသည် အံ့အားသင့်စရာဖြစ်သည်။

သူက ဂူသင်္ချိုင်းတွင် ချထားသော မီးလျှံဆက်ကွင်းကို စဉ်းစားမိလိုက်သည်။ ၎င်းက မြေအောက်မီးတောက်များကို ဆွဲငင်ပြီး ဖြန့်ဖြူးပေးသည့် နည်းလမ်းဖြင့် အလုပ်လုပ်သည်။

ထို့ကြောင့် ကောင်းကင်မှ မိုးကြိုးများကို ဆွဲငင်ပြီး မိုးကြိုးစွမ်းအားကို ဖြန့်ဖြူးကာ မိုးကြိုးများဖြင့်ပြည့်နေသော မိုးကြိုးဆက်ကွင်းတစ်ခု ဖန်တီးနိုင်မလားဟု စမ်းသပ်ကြည့်ချင်သည်။

ရှောင်တျောင်း - “အစ်ကိုကြီး၊ ဒါက ကောင်းကင်မိုးကြိုး‌ေနာ်။ အဲဒါနဲ့ကစားရင် လူသေနိုင်တယ်”

သူ တံတွေး မျိုချလိုက်မိသည်၊ ကောင်းကင်မိုးကြိုးက မြေအောက်လမ်းကြောင်းများဖြင့် ဖြန့်ဖြူးနိုင်သော မြေအောက်မီးကဲ့သို့မဟုတ်ပါ။ အနည်းငယ်သာ ဆွဲငင်နိုင်သည်။ ထိုအရာသည် သတိမမူမိပါက ကောင်းကင်ရှိ မိုးကြိုးအားလုံးကို ဆွဲငင်မိသွားနိုင်သည်။

ထိုစွမ်းအားက တောင်တစ်တောင်ကို ဖျက်ဆီးရန်ပင် ပြဿနာမရှိပါ။

“ပြဿနာမရှိပါဘူး၊ငါ စမ်းကြည့်တာပါ။ မအောင်မြင်ရင် ရပ်လိုက်မယ်” ဝူယွမ်က ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

သူက ဆက်ကွင်းကို ဆက်လက်တည်ဆောက်နေသည်။

ခဏအကြာတွင် ရှောင်ယန်က မိုးကြိုးပိုးတုံးလုံးတစ်ခုဖြစ်လာပြီး လင်းတုန်သည် မိုးကြိုးများဖြင့် လုံးဝဖုံးအုပ်သွားသည်။

မသိလိုက်ချိန်အတွင်းမှာပင် စွမ်းအားနှစ်ခုသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲလာသည်။

ပထမဦးစွာ ရှောင်ယန်၏ မိုးကြိုးပိုးတုံးလုံးအခွံက ဖြေးညှင်းစွာ အက်ကွဲလာပြီး အနီရောင်အလင်းနှင့် ခရမ်းရောင် မိုးကြိုးများ ထွက်လာသည်။

ခရက်...

မိုးကြိုးပိုးတုံးလုံးအခွံ ပေါက်ကွဲကာ အနီရောင်အလင်းတစ်ခု ပျံတက်လာပြီး ကောင်းကင်တွင် သားရဲကြီးတစ်ကောင် လေထဲတွင် ရပ်တန့်နေလေသည်။ သူ၏ကိုယ်ခန္ဓာကို အနည်းငယ်နက်မှောင်သော အနီရောင်ပုံဆောင်ခဲနှင့် ဖုံးအုပ်ထားပြီး ပုံဆောင်ခဲကြေးခွံပေါ်တွင် မိုးကြိုးများ ဆက်တိုက် စီးဆင်းနေကာ လိန့်ယွမ် ပုံဆောင်ခဲ သားရဲ၏ ပုံဆောင်ခဲအလွှာနှင့် အလွန်ဆင်တူသည်။

ထို့အပြင် ရှောင်ယန်၏နောက်ကျောတွင် မိုးကြိုးအလင်းထွက်နေသော မိုးကြိုးအတောင်နှစ်ဖက်ပေါက်လာသည်။ အတောင်များ ခက်လိုက်သောအခါ မိုးကြိုးအသံမြည်ဟီူကာ ခြိမ်းခြောက်မှုတစ်ခုကို လှစ်ဟဖော်ပြနေသည်။

ရှောင်ယန်၏ နောက်ကျောတွင် ကိုယ်ခန္ဓာတစ်ခုလုံး အနီရောင်ပုံဆောင်အလွှာဖြင့်ဖုံးအုပ်ထားသော မြွေဟောက်ကြီးတစ်ကောင် ရစ်ပတ်နေပြီး မြွေဟောက်၏ လျှာက တစ်လစ်တစ်လစ် ဖြစ်ကာ မိုးကြိုးများ စီးဆင်းနေပြီး အန္တရာယ်ကို ခံစားရစေသည်။

“ဒီကောင်က တကယ်ပဲ များပြားလှတဲ့ အကျိုးအမြတ်တွေရအောင် စုပ်ယူတတ်တယ်”

ဝူယွမ် အံ့အားသင့်ကာ စိုက်ကြည့်နေမိသည်။ ရှောင်ယန်က ယခုအခါ မီးလျှံကျားလမ်းကြောင်းမှ ပို၍ဝေးကွာသွားပြီဖြစ်သည်။

စွမ်းအားပြင်း သားရဲများ၏ အသွေးအသားကို စုပ်ယူခြင်းဖြင့် သူတို့၏ စွမ်းရည်အချို့ကို အမြဲတမ်း အမွေဆက်ခံနိုင်သည်။

ရှောင်ယန်၏ ဗီဇပြောင်းသွေးမျိုးဆက်က စွမ်းအားပြင်းကယ သဟဇာတဖြစ်သော သွေးမျိုးဆက်ဖြစ်ပြီး အခြားသွေးမျိုးဆက်များနှင့် ပေါင်းစည်းနိုင်သည်။

၎င်းက လုံးဝ ရောနှောထားသည့်အရာဖြစ်သည်။

ရှောင်ယန်က ရွေးချယ်စရာမရှိဘဲ စားသောက်ပြီးသာ စွမ်းအားတိုးတက်လာမည်ဖြစ်သည်။

အခုအချိန်တွင် ရှောင်ယန်က သဏ္ဍာန်ပြောင်းအဆင့် သားရဲတစ်ကောင်နှင့် ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။

ချက်ချင်းပင် တောင်ထိပ်ပေါ်တွင် ရွှေရောင်အလင်းတစ်ခု လင်းလက်လာသည်။

လင်းတုန် လေ့ကျင့်သော မဟာနေ မိုးကြိုးခန္ဓာကိုယ်သည် ကြမ်းကြမ်းတမ်းတမ်း ပေါက်ကွဲလာပြီး သူ၏ခန္ဓာကိုယ်ကို ဝိုင်းရံကာ တောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်သည်။

ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားတစ်ခု ပျံ့နှံ့လာသည်။

“ကြေး၀ါမိုးကြိုးကိုယ်ခန္ဓာ၊ အောင်မြင်ပြီ”

လင်းတုန်သည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများဖွင့်လိုက်သည်။

ရွှေရောင်အလင်းများ စုစည်းလာပြီး အလင်းအားလုံး ကိုသူ၏ကိုယ်ခန္ဓာထဲသို့ ဆွဲငင်လိုက်သည်။

နောက်ဆုံးတွင် သူ၏အစစ်အမှန်ခန္ဓာကိုယ်အရောင် ပေါ်လာသည်။

ကြေး...

ခန္ဓာကိုယ်တစ်ခုလုံးက ကြေးသွန်းထားသကဲ့သို့ ဖြစ်နေပြီး ထိုကြေးအောက်တွင် စွမ်းအင်ပုံစံများရှိသကဲ့သို့ ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် စွမ်းအင်များ ကြေးရောင်ပုံရိပ်အောက်မှာ စီးဆင်းနေစဉ် နောက်ထပ်မမြင်ရသော အားတစ်ခုက ထိုပုံရိပ်မှ တဖြည်းဖြည်း ပျံ့နှံ့လာပြီး တောင်ထိပ်တစ်ခွင်လုံးသို့ စိမ့်ဝင်လာသည်။ ထိုအရာက ဝိညာဉ်စွမ်းအင်ဖြစ်သည်။

သဘာ၀ဝိညာဉ်အဆောင် လေးခုက သူ၏ နီဝမ်နယ်ပယ်အတွင်း၌ မျောလွင့်လာပြီး ကြွယ်ဝသော ဝိညာဉ်စွမ်းအင်ကို အသွင်းအထုတ်လုပ်နေကာ နောက်ဆုံးအဆောင်တွင် နက်ရှိုင်းသော အက်ကြောင်းတစ်ခုရှိနေပြီး ပဉ္စမအဆောင်ကွဲထွက်တော့မည့် လက္ခဏာဘဲဖြစ်သည်။

လင်းတုန်က ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဝိညာဉ်စွမ်းအင်ကို ဆက်လက်အားစိုက်ထုတ်ပြီး ပဉ္စမအဆောင်အတားအဆီးကို တိုက်ခိုက်ရန် ပြင်ဆင်သည်။

အရင်က ဝူယွမ်သည် အဆင့်ရှစ် ဂျင်ဆင်းနှစ်ပင် ရရှိခဲ့ပြီး သန့်စင်ထားသောဆေးများကို ချင်းတန်အားပေးခဲ့ပေမဲ့ တစ်စိတ်တစ်ပိုင်းကို လင်းတုန်ကိုလည်းပေးခဲ့သည်။

ထို့ကြောင့် သူက ပဉ္စမအဆင့် အဆောင်သခင်အဖြစ် ကျော်ဖြတ်နိုင်ချေရှိပြီးသား ဖြစ်သည်။ ဒီတစ်ကြိမ်တွင် မိုးကြိုးအရင်းအမြစ်၏ စွမ်းအင် နောက်ဆုံးတွင် သူ့အား တစ်ခါတည်း ကျော်ဖြတ်နိုင်ရန် တွန်းအားပေးခဲ့သည်။

ခလွက်...

အဆောင်ဝိညာဉ် နှစ်ပိုင်းကွဲသွားပြီး။ ပဉ္စမအဆင့် သဘာ၀ဝိညာဉ်အဆောင် ပေါ်လာသည်။

ပဉ္စမအဆင့် အဆောင်သခင်သည် သဏ္ဍာန်ပြောင်းအဆင့် လေ့ကျင့်သူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ပြီး ဝိညာဉ်စွမ်းအင်က ထူးဆန်းသောသဘောရှိသဖြင့် မှန်းဆ၍မရနိုင်သော အံ့အားသင့်ဖွယ် သက်ရောက်မှုများရှိသည်။

သဘာ၀ဝိညာဉ်အဆောင်က စုပ်ယူခြင်းနှင့် ၀ါးမျိုခြင်းသက်ရောက်မှုရှိသောကြောင့် သူ၏စွမ်းအားကို ပိုကြီးမားလာစေသည်။

ဝူယွမ် - “ကောင်းလိုက်တာ၊ ညီနှစ်၊ အခု မင်းရဲ့ သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံခြင်းနဲ့ ပဉ္စမအဆင့် အဆောင်သခင် အနေအထားနဲ့ဆိုရင် သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူကို ကိုင်တွယ်ဖို့ ပြဿနာမရှိတော့ဘူး”

လင်းတုန် - “ကျေးဇူးပါ အစ်ကိုကြီး။ ကျွန်တော်တို့ လေးယောက်လုံး သဏ္ဍာန်ပြောင်းအဆင့်ရောက်သွားပြီ။ ဒီစွမ်းအားက တျန်းတူပြည်နယ်မှာတောင် ထိပ်တန်းကဘဲ။ ဒီတစ်ခါတော့ ကျွန်တော်တို့ရဲ့ ရိတ်သိမ်းမှုက တကယ်ကို ကောင်းတယ်”

“မင်းတို့ရဲ့ စွမ်းရည်အဆင့်တက်တာတွေက အချိန်မှန်ဘဲ။ ငါ့ရဲ့ မိုးကြိုးဆွဲအင်ဆက်ကွင်းလည်း ပြီးသွားပြီ။ သူ့ရဲ့သက်ရောက်မှုက ဘယ်လိုရှိမလဲ မသိဘူး”

ဝူယွမ်က ရယ်မောနေပြီး တောင်ထိပ်တစ်ခုလုံးတွင် သူထွင်းထုထားသော ရူန်းများကို ညွှန်ပြလိုက်သည်။

ထိုရူန်းမျညူက ဝိညာဉ်စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေသည်။

“ဟီး... အစ်ကိုကြီး ဒါဘယ်လိုဟာမျိုးလဲ။ အဆောင်စက္ကူနဲ့ ကျောက်စိမ်းတွေ ဒီလောက်များများ သုံးထားတာ”

“ဟဲဟဲ... မင်းတို့ စွမ်းရည်မြှင့်တင်ပြီးပြီ။ အခုတော့ ငါ့အလှည့်။ အပြင်ဘက်က မိုးကြိုးတွေအားလုံး ငါတို့နှစ်ယောက် ရှင်းလိုက်မိတယ်။ ဆိုတော့ ဒီမှာမိုးကြိုးတွေ လုံလောက်ရဲ့လားကြည့်ရအောင်”

“ရှောင်တျောင်း၊ ပိုင်ယွမ်၊ ရှောင်ယန်၊ မင်းတို့အားလုံး အရင်ဆုံးဆုတ်နေကြ။ ဒီတစ်ခါ မိုးကြိုးက နည်းနည်းကြမ်းလာနိုင်တယ်”

ဝူယွမ်က ညွှန်ကြားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသက မူလဝိညာဉ်စုစည်းရေးရူန်း၊ မူလမိုးကြိုးရူန်း၊ မူလသံလိုက်ရူန်းနှင့် အခြားအရာများကို အသုံးပြုခဲ့သည်။

ရှောင်တျောင်းက ဝူယွမ် မိုးကြိုးဆက်ကွင်းချသည်ကို ကြည့်ရင်း တစ်ချိန်လုံးထိန့်လန့်နေပြီး ထွက်သွားချင်နေသည်။

ဝူယွမ် စကားပြောပြီးသည်နှင့် သူကချက်ချင်းပင် တောင်အောက်သို့ ပြေးဆင်းသွားပြီး၊ ပိုင်ယွမ်နှင့် ရှောင်ယန်တို့သည်လည်း ကောင်းကင်မိုးကြိုး ကြလာတော့မည်ကို သိသောကြောင့် ရှောင်တျောင်းနောက်သို့ လိုက်သွားကြသည်။

“ဟီး... စမ်းကြည့်ရအောင်”

ဝူယွမ်က သူ၏ဝိညာဉ်စွမ်းအင်ကို လွှတ်ကာ ဆက်ကွင်း၏ဗဟိုရှိ ရူန်းများကို အသက်သွင်းလိုက်သည်။ ဤကွင်းဆက်၏ ထိရောက်မှုကို သူပင်သေချာမသိချေ။

ဂျစ်ဂျစ်... ဂျစ်ဂျစ်...

မကြာမီ တောင်ထိပ်ပေါ်တွင် လျှပ်စစ်မီးတောက်များ လျှပ်တပြက်ထွက်ပေါ်လာသည်။

အချိန်တိုအတွင်း စွမ်းအားပြင်းသော သံလိုက်စက်ကွင်းတစ်ခု ဖွဲ့စည်းလာလေသည်။

မမြင်ရသော ဆွဲငင်အားတစ်ခုက ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို တောင်ထွတ်သို့ စုစည်းရန် ဆွဲငင်နေသည်။

ဤစွမ်းအားက ကောင်းကင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အီလက်ထရွန်းနစ် အမှုန်များက ကောင်းကင်မှာ စုစည်းလာပြီး နောက်ဆုံးတွင် ကောင်းကင်ရှိ မိုးကြိုးတိမ်များကို နှိုးဆွလိုက်သည်။

တိမ်တိုက်များသည် အိပ်နေရာမှ နိုးထလာသကဲ့သို့ လှိုင်းထနေပြီး ချက်ချင်းပင် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာကာ မိုးကြိုးသံများ မြည်ဟီးလာကာ ကောင်းကင်တစ်ခုလုံး ဆူညံနေလေသည်။

အရင်ဆုံး လက်မောင်းအရွယ်လောက်ရှိသော မိုးကြိုးစီးကြောင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် မြွေဟောက်အရွယ်ရှိ မိုးကြိုးစီးကြောင်းများ ထွက်ပေါ်လာသည်။

မိုးကြိုးများသည်တဖြည်းဖြည်း ပိုမိုကြမ်းတမ်းလာပြီး မြွေဟောက်ထက်ပင် ပိုထူသော မိုးကြိုးစီးကြောင်းများ ပေါ်လာသည်။

မိုးကြိုးပင်လယ်က လှိုင်းထနေပြီး မိုးကြိုးနဂါးများ တိမ်တိုက်များထဲမှ ခုန်ထွက်လာသကဲ့သို့ရှိသည်။

မယုံနိုင်လောက်အောင် ကြီးမားသော ကောင်းကင်တန်ခိုးသည် လေယွမ်တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။

ဖျက်ဆီးတတ်သော လေထုသည် တောင်ထိပ်တစ်ခုလုံးကို ပြည့်သွားသည်။

ကောင်းကင်တွင် မိုးကြိုးများ ကြဆင်းမလာသေးသော်လည်း ဝူယွမ်နှင့် လင်းတုန်တို့သည် သေခြင်း အငွေ့အသက်ကို ခံစားရပြီးဖြစ်သည်။

ပထမဦးစွာ သူတို့သည် လက်နက်များဖြင့် အပြင်ဘက်တွင် မိုးကြိုး စိန်ခေါ်မှုပြုများသည်၊ ထို့နောက် လိန့်ယွမ် ပုံဆောင်ခဲ သားရဲ၏ တိုးတက်မှုက မိုးကြိုးကိုနှိုးဆွခဲ့ပြီး အခု သူတို့က မိုးကြိုးဆက်ကွင်းတစ်ခုပင် အသုံးပြုခဲ့သည်။ မိုးကြိုးက မကြာခဏ စိန်ခေါ်ခံရသောကြောင့် နောက်ဆုံးတွ�င် စိတ်ဆိုးသွားဟန်ရသည်။

မိုးကြိုးတိမ်များအတွင်း အဖြူရောင်အလင်းတစ်ချက် တောက်ပလာသည်။ ယခင်က မှောင်မည်းနေသော လိန့်ယွမ်တောင်ပတ်ဝန်းကျင်သည် ယခုအခါ နေ့ခင်းဘက်ကဲ့သို့ �လင်းလက်လာသည်။

ဟုန်းး...! ဟုန်းး...!

မိုးကြိုးများ ဟိန်းဟောက်နေသကဲ့သို့၊ အလွန်ဆူညံနေကာ မိုးကြိုးတိမ်များမရှိတော့ဘဲ စင်ကြယ်‌ေသာ မိုးကြိုးများသာရှိတော့သည်။

အလွန်များပြားလွန်းသည်။

ဂျစ်၊ ဂျစ်၊ ဂျစ်...!

သေးငယ်သော လျှပ်စီးကြောင်းတစ်ခုက ကျဆင်းလာကာ ချက်ချင်းပင် ဝူယွမ်နှင့် လင်းတုန်တို့၏ ခန္ဓာကိုယ်များ ထုံသွားသည်။

သူတို့၏နှလုံးခုန်သံများသည်လည်း မသိစိတ်အလျှောက် အလိုလိုမြန်ဆန်လာသည်။

အန္တရာယ်။

အန္တရာယ်။

သူတို့၏ခန္ဓာကိုယ်မှ မသိစိတ်သည် သတိပေးသံများ ဆက်တိုက်ထွက်ပေါ်နေသည်။

လင်းတုန် - “အ...အစ်ကိုကြီး၊ ငါတို့ အခု ထွက်ပြေးသင့်တယ်ထင်တယ်...”

“ဒီလိုအ‌ေခြအနေမျိုးမှာ မထွက်ပြေးလို့ရမလား”

“ပြေးးးး”

ဝူယွမ်က ယွမ်စွမ်းအင် ကိုအစွမ်းကုန်ထုတ်ကာ လင်းတုန်ကို တွန်းအားပေးလိုက်ပြီး ချက်ချင်းပင် ခုန်ချလိုက်သည်။

နှစ်ယောက်စလုံးသည် တောင်ထိပ်ပေါ်မှ တိုက်ရိုက်ခုန်ချလိုက်ကြသည်၊ ရေခဲပုံဆောင်ဓားကို ခေါ်ရန်ပင် အချိန်မရဘဲ၊ သို့မဟုတ် ခေါ်ရန် မရဲဝံ့ကြပေ။

တောင်ထိပ်ပေါ်။

အရင်က ကျလာသော ထိုသေးငယ်တဲ့လျှပ်စီးကြောင်းလေးက မီးပွားလေးဖြစ်ကာ မီးလောင်သကဲ့သို့ ဖြစ်နေသည်။

“ဟုန်းး... ဂွမ်းဂွမ်း... ဂွမ်းဂွမ်း...”

မိုးကြိုးအလုံးကြီးတစ်ခု လည်ပတ်နေပြီး အရှိန်ပြင်းပြင်းဖြင့် တောင်ထိပ်ပေါ်သို့ ထိုးဆင်းလာသည်။

မိုးကြိုးလုံးအရွယ်သည် မြွေဟောက်အရွယ်မပေ။ ကြီးမားသော မိုးကြိုးလုံးကြီး ကျဆင်းလာပြီး တောင်တစ်ခုလုံးကို တိုက်ရိုက်ဖုံးလွှမ်းသွားသည်။

ဝူယွမ်က နျူကလီးယားပေါက်ကွဲမှုတစ်ခုကို စတင်ခဲ့သည့်အလားရှိသည်။

လောကကြီးကို ဖျက်ဆီးတော့မည်ကဲ့သို့ မိုးကြိုးများက အရူးအမူးကခုန်နေသည်။

ဝူယွမ် ချန်ထားခဲ့သော မိုးကြိုးစွမ်းအားကို ဖြန့်ဖြူးရန် နည်းလမ်းများက အခုအချိန်တွင် လုံးဝအသုံးမဝင်တော့ပေ။

“ပြေး၊ နောက်ကိုလှည့်မကြည့်နဲ့”

“လိန့်ယွမ်တောင်နဲ့ ဝေးလေ ဘေးကင်းလေဘဲ။”

ဝူယွမ်နှင့် လင်းတုန်တို့သည် သူတို့၏သဘာဝဝိညာဉ်အဆောင် ငါးခုစလုံးကို တစ်ပြိုင်နက်ထုတ်ကာ လိန့်ယွမ်တောင်မှ အဝေးသို့ အစွမ်းကုန်ပျံပြေးတော့သည်။

အောက်ဘက်တွင် ရှောင်တျောင်းနှင့် ကျားနှစ်ကောင်ကတော့ ကြိုတင်သတိထားနေခြင်းဖြစ်ကာ မစခင်ကတည်းက ဝေးဝေးသို့ ပြေးသွားပြီဖြစ်သည်။

“ဂျုန်း”

ကျယ်လောင်သော အသံတစ်ခု နောက်မှထွက်လာသည်။ လိန့်ယွမ်တောင် ကွဲအက်သွားပြီး နောက်မှ မိုးကြိုးသံများက ၎င်းတို့အား ထွက်ပြေးရန် ဆက်လက်တိုက်တွန်းနေသော သေမင်း ခြေသံများကဲ့သို့ဖြစ်နေသည်။

အသက်ရှင်သန်ရေးအတွက် ဆယ်ကီလိုမီတာ ပျံသန်းပြီးနောက်မှသာ ဝူယွမ်နှင့် လင်းတုန်တို့က နောက်ပြန်လှည့်ကြည့်ရဲ့ကြသည်။

“လိန့်ယွမ်တောင် ပျောက်ကွယ်သွားပြီ။”

ကြီးမားသောတောင်ကြီးတစ်တောင်က ပြင်းထန်သောမိုးကြိုးများကြောင့် ပြားချပ်သွားသည်။

သားရဲတိရိစ္ဆာန်များကလည်း လိန့်ယွမ်တောင်နဲ့ဝေးရာသို့ အသက်လုပြေးနေကြသည်။

မိုးကြိုးကြောင့် တောင်ပတ်လည်တွင် မီးများ လောင်ကျွမ်းနေပြီး သစ်ပင်ကြီးတွေလည်း မိုးကြိုးများကြောင့် ပျက်စီးသွားသည်။

“အစ်ကိုကြီး၊ လိန့်ယွမ်တောင်ကို ဘာလုပ်လိုက်တာလဲ”

လင်းတုန်က အော်ဟစ်မေးမြန်းလိုက်သည်၊ သူ၏နှလုံးခုန်သံများ အခုထိမြန်နေဆဲဖြစ်သည်။

ဝူယွမ် လည်ချောင်းသည်လည်း လှုပ်ရှားသွားသည်၊ သူပါးစပ်မ အနည်းငယ်ခြောက်သွေ့နေလိုခံစားနေရသည်။

“ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ငါ့ရဲ့ ကနဦးရည်ရွယ်ချက်က ပေါင်အရွယ်လောက်ရှိတဲ့ မိုးကြိုးတစ်ချို့ကို ဆွဲဆောင်ဖို့ပါဘဲ”

သူသည်လည်း အခုအချိန်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သူက ပထမဆုံးအကြိမ် မိုးကြိုးဆွဲငင်ဆက်ကွင်းကို ချခဲ့ခြင်းဖြစ်ပြီး နည်းစနစ်ကို မကျွမ်းကျင်သေးသလို မူလမိုးကြိုးရူန်း တစ်ခုလုံးကို ထွင်းထုထားခဲ့သည်။

ထို့အပြင် သူသည် ပြည့်စုံသော ဝိညာဉ်စုစည်းရူန်းနှင့် သံလိုက်ရူန်းများကိုပါ ထည့်သွင်းခဲ့သည်။

၎င်းသည် မိုးကြိုးသံလိုက်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့မည်ဟုတော့ သူမသိထားခဲ့ပေ။

သူက သံလိုက်ရူန်းကို ထွင်းထုစဉ်က လျှပ်စစ်မြစ်တောင်တွင် သံလိုက်စက်ကွင်းတစ်ခုရှိနေသည်ကို ခံစားမိခဲ့သည်။

ဒီမိုးကြိုးပေါက်ကွဲမှုက အစပိုင်းကလုံးဝမရှိဘဲ၊ စတင်လိုက်ကာမှ မြေအောက်သံလိုက်စက်ကွင်းနှင့် ချက်ချင်းဆက်သွယ်ပြီး ပေါက်ကွဲထွက်သွားတာဖြစ်နိုင်တယ်ဟု ဝူယွမ်ထင်နေသည်။

အကျိုးသက်ရောက်မှုသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း လျင်မြန်စွာပင် ငြိမ်သက်သွားသည်။

အလာမြန်သည်၊ အပျောက်လည်းမြန်သည်။

ဝူယွမ်နှင့် လင်းတုန်တို့က အောက်ဆင်းပြီး ရှောင်တျောင်းနှင့် ကျားနှစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ရှောင်တျောင်းက သူတို့ကိုမြင်သည်နှင့် “အစ်ကိုကြီး၊ အစ်ကိုကြီးက ထိန်းချုပ်နိုင်တယ်လို့ ထင်ခဲ့တာ” ခါးခါးသီးသီးပြောလိုက်သည်။

ဤသည်မှာ သူ၏ပြန်လည်မွေးဖွားလာသူ အစ်ကိုကြီးအား သံသယဖြစ်ဖူးသည့် ပထမဆုံးအကြိမ်ဘဲဖြစ်သည်။

“ဒီလောက်တောင် မဆင်မခြင် ပြုမူခဲ့တာလား”

အခုဖြစ်စဉ်က ပြန်လည်မွေးဖွားလာသူတစ်ဦး၏ အဆင့်အတန်းနှင့် မကိုက်ညီနေပေ။

“အဟွတ်အဟွတ်၊ ငါထင်ထားတာနဲ့ နည်းနည်းကွဲသွားတာ” ဝူယွမ်သည် ခြောက်ကပ်ကပ်ချောင်းဆိုးကာ အနည်းငယ်အံ့အားသင့်သံဖြင့်ပြောလိုက်သည်။

“အခု မိုးကြိုးတိမ်တွေ ပြန်ဆုတ်သွားပြီ၊ သွားကြည့်ကြရအောင်”

လင်းတုန် - “လျှပ်စစ်မြစ်တောင်က ပြားချပ်သွားပြီ၊ ဘာကိုကြည့်ရမှာလဲ”

“အရင်သွားကြည့်ရအောင်”

ဝူယွမ်က သူ၏ရလဒ်များကို သိချင်နေခဲ့ပြီး သူတို့က တောင်ထိပ်ဆီသို့ ပြန်လည်ထွက်ခွာလာကြသည်။

အရင်က မြင့်မားသော လိန့်ယွမ်တောင်သည် အခုအခါ လုံးဝပြားချပ်သွားပြီဖြစ်သည်။

တဂျစ်ဂျစ်၊ တဂျစ်ဂျစ်...!

လေထုထဲတွင်လည်း လျှပ်စီးကြောင်းများ ကျန်ရှိနေဆဲဖြစ်သည်။

“ဟင်၊ ဒါတွေက ဘာလဲ”

လင်းတုန် လေထုထဲတွင် မျောလွင့်နေသော ခရမ်းရောင်အရည်များကို ရုတ်တရက် သတိထားမိသွားသည်။

“မိုးကြိုးပြစ်ဒဏ်ရည် ဖြစ်ကောင်းဖြစ်နိုင်တယ်”

ရှောင်တျောင်းက အံ့အားသင့်စွာပြောသည်။

ဝူယွမ်က လေပေါ်သို့ ပျံတက်သွားပြီးဖြစ်သည်၊ သူကဝိညာဉ်စွမ်းအင်များ အရူးအမူးထုတ်လွှတ်ကာ လေထုထဲတွင် မျောပါနေသော အရမ်းရောင်အရည်အားလုံးကို စုဆောင်းနေသည်။

၎င်းတို့သည် အဘယ်အရာဖြစ်သည်ကို သူမသိသော်လည်း ဤခရမ်းရောင်အရည်များမှ ကြွယ်ဝသော အသက်စွမ်းအင်၊ အဆုံးမရှိသော ရှင်သန်ခြင်းစွမ်းအင်ကို သူခံစားမိနေသည်။

“သေချာပေါက် ကောင်းတဲ့အရာတစ်ခုဖြစ်ရမယ်”

ဝူယွမ်သည် ကျောက်ပုလင်းတစ်လုံးထုတ်ကာ ခရမ်းရောင်အရည်အားလုံးကို စုဆောင်းလိုက်ပြီး၊ ပုလင်းတစ်ဝက်ခန့် ပြည့်သွားသည်။

ခရမ်းရောင် လျှပ်စီးကြောင်းများပ ဆက်တိုက် သူ၏ခန္ဓာကိုယ်မှာ ကပ်နေပြီး သူ့ကို ထုံကျင်စေသည်။

“တကယ်ပဲ မိုးကြိုးပြစ်ဒဏ်ရည်ဘဲ။ ဒီလိုရတနာတစ်ခုက တကယ်ရှိတယ်ဆိုတာ အံ့သြစရာပဲ”

ရှောင်တျောင်းက အရည်ကို ဂရုတစိုက်စစ်ဆေးပြီးနောက် အတည်ပြုပြောကြားလိုက်သည်။

“မိုးကြိုးပြစ်ဒဏ်ရည်ဆိုတာ ဘာလဲ”

ရှောင်တျောင်း - “ဒါက အသန့်စင်ဆုံး မိုးကြိုးစွမ်းအင်ဖြစ်ပြီး မိုးကြိုးပင်လယ်ထဲမှာသာ ပေါ်ပေါက်တတ်တယ်။ သာမန်လူတွေက ဒါကိုရယူဖို့ မဖြစ်နိုင်ဘူး၊ အဲ့အရည်ကို ခန္ဓာကိုယ်ကို မွမ်းမံသန့်စင်ဖို့အသုံးပြုနိုင်တယ်၊ ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းစေတယ်။ ဒါကို သုံးပြီးသန့်စင်တဲ့သူတွေက မိုးကြိုးကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိလာပြီး မိုးကြိုးစွမ်းအင်က သူတို့ရဲ့ယွမ်စွမ်းအင်ထဲမှာတောင် မွေးဖွားလာနိုင်တယ်၊ မိုးကြိုးဂုဏ်သတ္တိရှိတဲ့ ကိုယ်ခန္ဓာပညာရပ်တွေရဲ့ ထိရောက်မှုကိုလည်း အတော်လေးမြင့်တင်ပေးနိုင်တယ်”

“ဒီလိုရတနာမျိုးက ဘယ်နေရာမှာပဲပေါ်လာလာ လူတွေက အရူးအမူးတိုက်ခိုက်လုယူကြလိမ့်မယ်။ နိဗ္ဗာန်အဆင့်အထက်က စွမ်းအားရှင်တွေတောင် ဒါကိုအလွှတ်ပေးမှာမဟုတ်ဘူး”

ရှောင်တျောင်းသည် အနည်းငယ်စိတ်လှုပ်ရှား နေသည့်ပုံစံရှိသည်။

သူကိုယ်တိုင်လည်း ဤမိုးကြိုးပြစ်ဒဏ်ရည်ကို တောင့်တနေသည်။

သူက လက်ရှိတွင် သားရဲဝိညာဉ်အဆင့်တွင်သာရှိပြီး စုပ်ယူ၍မရနိုင်သောကြောင့် ဝမ်းနည်းဖွယ်ရာဖြစ်သည်။ သို့မဟုတ်ပါက သူက အစ်ကိုကြီးဆီကနေ အနည်းငယ်တောင်းယူ လို့ရမည်ဖြစ်သည်။

သို့သော် အခုအချိန်တွင်မှသာ သူနားလည်သဘောပေါက်သွားသည်။

“အစ်ကိုကြီးက ရည်ရွယ်ချက်မရှိဘဲ မလုပ်ဆောင်ခဲ့ဘူး ခန္ဓာကိုယ်သန့်စင်ဖို့ မိုးကြိုးဆွဲငင်ဆက်ကွင်းချမယ်ဆိုပြီး သူပြောခဲ့တာက အပေါ်ယံသက်သက်ဘဲ၊ မိုးကြိုးပြစ်ဒဏ်ရည်ကို ရဖို့ကမှ သူရဲ့တကယ့်ရည်မှန်းချက်ဘဲ။

သေချာပေါက်။

အဲ့တာပ ကြီးကျယ်တဲ့ ရှုထောင့်ကြီးတစ်ခုဘဲ။

ပြန်လည်မွေးဖွားလာသူ အစ်ကိုကြီးက ပြန်လည်မွေးဖွားလာသူဖြစ်ဖို့ ထိုက်တန်တယ်။

သူ ရတနာတွေရယူတဲ့နည်းလမ်းတွေက လုံးဝကွဲပြားတယ်။”

ရှောင်တျောင်းက သူ့ကိုယ်သူကန့်သတ်ထားသော ရှုထောင့်အတွက် အတော်လေး ရှက်မိသွားသည် သူ၏အရင်က စိုးရိမ်ပူပန်မှုများအားလုံးက မလိုအပ်ပါ။ အရာအားလုံးက အစ်ကိုကြီး၏ ထိန်းချုပ်မှုအောက်တွင်သာရှိသည်။ သူက ပြန်လည်မွေးဖွားလာသူ အစ်ကိုကြီး၏ နည်းလမ်းများကို နားမလည်နိုင်ခြင်းသာဖြစ်သည်။

“အစ်ကိုကြီး၊ အစ်ကိုကြီးတကယ်ပဲ အံ့မခန်းပါဘဲ။ ဒီတစ်ကြိမ်တော့ ရှောင်တျောင်း စိတ်ထဲက‌ေန လှိုက်လှိုက်လဲလဲ လေးစားမိသွားပါပြီ”

ရှောင်တျောင်းက ချီးကျူးဂုဏ်ပြုစကားပြောလိုက်သည်။

“မင်းဘာတွေပြောနေတာလဲ။ ဒီတစ်ကြိမ် ငါတကယ်ဘဲ မတော်တဆတွေ့ရှိလာတာ။ ညီနှစ်နဲ့ငါ မိုးကြိုးပင်လယ်ထဲမှာ သေ�လုနီးပါးဖြစ်သွားတာ မမြင်ခဲ့ရဘူးလား”

ဝူယွမ်က ကြိုးစားအားထုတ်ကာ သူ့ကိုယုံအောင်ပြောဆိုရင်း၊ ရှောင်တျောင်းကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။ “ဒီလောက် မတော်တဆမှုကြီကို မင်းမမြင်ဘူးလား။”

သူက လင်းတုန်ဘက် လှည့်လိုက်ပြီး၊

“ဟုတ်တယ်မလား၊ ညီနှစ်”

လင်းတုန်သည် ငေးငိုင်သွားပြီး အစ်ကိုကြီးအား မည်သို့ဖြေရမည်ကို မသိခဲ့ပါ။ မိုးကြိုးပြစ်ဒဏ်ရည်သာ မရှိပါက သူက အစ်ကိုကြီးကို ယုံကြည်ခဲ့မည်ဖြစ်သည်။

သို့သော် အခု ရှောင်တျောင်းက အထွတ်အထိပ်ရောက်ရတနာဟုခေါ်သော မိုးကြိုးပြစ်ဒဏ်ရည်ကို ကြည့်ရင်း သူ၏ယုံကြည်မှုဆုံးရှုံးသွားသည်။

ဤအရာကို မတော်တဆတွေ့ရှိနိုင်သလား။

ထို့အပြင် အစ်ကိုကြီးသည် မကြာခဏ ‘မတော်တဆ’ ဟုပြောလေ့ရှိပြီး ‘မတော်တဆ’ သည် သူ၏မူပိုင် ကြွေးကြော်သံဖြစ်လာခဲ့သည်။

တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် အဆင်ပြေသေးသော်လည်း မကြာခဏဖြစ်နေပါက မတော်တဆဖြစ်နေပါအုံးမလား။

လင်းတုန်က မိုက်မဲသူမဟုတ်ပေ။ ထိုသို့သော ‘မတော်တဆ’ မျိုးက အံ့အားသင့်ဖွယ်ရာများနှင့် ပြည့်နှက်နေပြီး... သူ့အစ်ကိုကြီးအတွက်သာ ဖြစ်ပေါ်နိုင်သည်လား။

သူက လှည့်ကွက်သို့မဟုတ် ပြဿနာကို မမြင်နိုင်သော်လည်း ခဏတာတွေးတောမိပါက အခုလောက်များပြားသော ‘မတော်တဆ’ များသည် မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

“ညီနှစ်ရော၊ ငါ့ကိုလည်း မယုံတော့ဘူးလား” ဝူယွမ်သည် မျက်လုံးများပြူးကျယ်ကာ မေးလိုက်သည်။

လင်းတုန်သည် ဤကမ္ဘာတွင် သူအရင်းနှီးဆုံးလူဖြစ်သည်ဟု ဆိုနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အချိန်အများဆုံးအတူရှိကြသောကြောင့်ဖြစ်သည်။ ပြောရမည်ဆို လင်းတုန်က သူ့ကိုနားလည်သင့်သည်။

“အစ်ကိုကြီး၊ ကျွန်တော့်ကို ဘာလို့ ဒီလိုကြည့်နေတာလဲ။ ကျွန်တော် ငတုံးငအလို့ ထင်နေတာလား” လင်းတုန်က နှုတ်ခမ်းကိုစို့ကာ ပြောသည်။

အစ်ကိုကြီးသည် သူလုပ်ပြီးသားအရာကို သူတို့မည်သို့ ယုံကြည်စေလိုသည်ကို သူနားမလည်ခဲ့ပါ။

ရှောင်တျောင်းက အစ်ကိုကြီးကို ပြန်လည်မွေးဖွားလာသူအဖြစ် ရှင်းရှင်းလင်းလင်းမဖော်ထုတ်ရန် ပြောထားသော်လည်း အစ်ကိုကြီးက သူရှင်းရှင်းလင်းလင်း နားလည်ပါလျက်နှင့် မသိဟန်မဆောင်သင့်ပေ။

ကမ္ဘာကြီးတစ်ခုလုံးက သူ့အား ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်း သိရှိပြီးနောက်ပိုင်းတွင်ပင် သူကိုယ်တိုင်ကတော့ မသိသည့်ဟန်ဆောင်နေသည်။

“ဟေ့... ငါ့ယုံတဲ့သူ ရှိသေးရဲ့လား”

ဝူယွမ်က သက်ပြင်းချလိုက်သည်... ညီအစ်ကိုအချင်းချင်း ချစ်ခြင်းမေတ္တာသည်ပင် မယုံကြတော့ပေ။

သူကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲနေသည်။

ဤနားလည်မှုလွဲမှားမှုကို သူခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဆက်မပြောတော့ဘူး၊ ဒီအရာက လိန့်ယွမ် ပုံဆောင်ခဲ သားရဲရဲ့ မိုးကြိုးအရင်းအမြစ်ထက် နည်းနည်း ပိုကောင်းတယ်ဆိုတာတော့ သေချာတယ်။ အရင်ဆုံး စုပ်ယူကြရအောင်”

ဝူယွမ်က မိုးကြိုးပြစ်ဒဏ်ရည်ပါသော ပုလင်းကိုကိုင်ကာ ပြောလိုက်သည်။

ရှောင်တျောင်းက သူ့ဘာသာသူ တွတ်ထိုးနေသည် ။ “မိုးကြိုးပြစ်ဒဏ်ရည်၊ အီး... မိုးကြိုးအရင်းအမြစ်ထက် အနည်းငယ်သာပိုကောင်းတာမဟုတ်ဘူး။ အဲ့တာက ကွာခြားချက် သေးသေးလေး ဖြစ်နိုင်ပါ့မလား။”

All Chapters