အထွတ်အထိပ် နတ်ကိုယ်ခန္ဓာ ဆယ့်နှစ်မျိုး
Vol. 10 Ch. 93
ယန်အာရုံ ရေကန်။
““ခန္ဓာကိုယ်ကျမ်း” က ကိုးကောင်းကင်ဘုံကျမ်း ကိုးစောင်ထဲက စောင်ထဲက တစ်စောင်ဘဲ
“ပျောက်သွားပြီးနောက်ပိုင်း “ဟန်ထုတ်ဘုရင်” အဖြစ် နာမည်ကျော်သူတစ်ယောက်က နှစ်ပေါင်းသောင်းချီ ရှာဖွေခဲ့ရတဲ့ ရတနာမဟုတ်လား”
ဒီလို အံ့ဖွယ်ရတနာကို ငါ ဆိုင်းအင်၀င်ရင်းရရှိခဲ့တာက။”
“ငါ့မှာလည်း “ဟန်ထုတ်ဘုရင်” ဖြစ်လာဖို့ ကံကြမ္မာရှိနေတာလား။”
ဝူယွမ်က အမှန်စင်စစ် ဟိတ်ဟန်ပြရန် အတွက် အတော်လေး ပျော်ရွှင်နေသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက အခြားသူများရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသလိုသော ဆန္ဒရှိကြသောကြောင့်ဖြစ်သည်။
“ကိုယ်ခန္ဓာကျမ်း” ၏ အချက်အလက်များသည် သူ၏ စိတ်ထဲသို့ ကြားဖြတ်ဝင်ရောက်လာခဲ့သည်။
အရင်က နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးလှသော ကိုယ်ခန္ဓာ ကျင့်စဥ်နည်းလမ်းများနှင့် မတူဘဲ၊ ဒီတစ်ကြိမ် “ကိုယ်ခန္ဓာကျမ်း” ၌ စာလုံးခြောက်လုံးသာ ပါရှိသည်။
ထိုစာလုံးခြောက်လုံးမှာ....
ယင်၊ ယန်၊ ခိုင်မာ၊ ပျော့ပျောင်း၊ စင်ကြယ် နှင့် မစင်ကြယ် တို့ဖြစ်ကြသည်။
“ကိုယ်ခန္ဓာကျမ်း” ၌ စာလုံးခြောက်လုံးသာ ပါရှိသော်လည်း၊ ကမ္ဘာတစ်ခုတွင် ယင်းသည် ထိုကမ္ဘာရှိ သက်ရှိအားလုံး၏ ခန္ဓာကိုယ် အဆင့်မြင့်ဆုံးသို့ ပြောင်းလဲသွားခဲ့သည်။
အဆင့်မြင့်ဆုံး နတ်ကိုယ်ခန္ဓာ ဆယ့်နှစ်မျိုး ပါဝင်သည်။
“ကိုယ်ခန္ဓာကျမ်း” စာလုံးခြောက်လုံးကို အဆင့်မြင့်ဆုံးအထိ လေ့ကျင့်သင်ယူနိုင်ပါက၊ စာလုံးတစ်လုံးစီမှ နတ်ကိုယ်ခန္ဓာ နှစ်မျိုးစီ ပေါ်ထွက်လာမည်ဖြစ်ပြီး၊ ၎င်းတို့မှာ မတူညီသော နတ်ကိုယ်ခန္ဓာ နှစ်မျိုးစီ ဖြစ်ကြသည်။
ယင် - ကောင်းကင်ဝါးမျို မိစ္ဆာကိုယ်ခန္ဓာ၊ ဗလာနတ်ကိုယ်ခန္ဓာ။
ယန် - နေ့ကောင်းကင်နတ်ကိုယ်ခန္ဓာ၊ နေမင်းနတ်ကိုယ်ခန္ဓာ။
ခိုင်မာ - မပျက်စီးနိုင်သော ကင်းကောင် ကိုယ်ခန္ဓာ၊ ဒေါသနတ်ဘုရင်ကိုယ်ခန္ဓာ။
ပျော့ပျောင်း - ထာ၀ရဘဝ နတ်ကိုယ်ခန္ဓာ၊ သန့်စင် စမ်းချောင်းနတ်ကိုယ်ခန္ဓာ။
စင်ကြယ် - အပြစ်ကင်းဆင်သော နတ်ကိုယ်ခန္ဓာ၊ ပျံသန်းခြင်းနတ်ကိုယ်ခန္ဓာ။
ကြည်လင် - ကောင်းကင်ခုတ်ပိုင်းပုဆိန် ကိုယ်ခန္ဓာ၊ ဖိနှိပ်ခြင်း အကျင်းထောင်ဘုရင်ကိုယ်ခန္ဓာ။
စာလုံးခြောက်လုံးသာ ရှိသော်လည်း၊ စာလုံးတစ်လုံးစီတွင် အနန္တ နက်နဲမှု အဓိပ္ပာယ်များ ပါဝင်သည်။
ဤစာလုံးခြောက်လုံးမှာ ကမ္ဘာဦးအစက ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပြီး၊ လူတိုင်းက ၎င်းတို့ထဲမှ မတူညီသော ဉာဏ်အလင်းများရရှိနိုင်ကြသည်။
နတ်ကိုယ်ခန္ဓာ ဆယ့်နှစ်မျိုးသည် ဤစာလုံးများ၏ အဆင့်မြင့်ဆုံး နက်နဲခြင်းအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ထိုအောင်မြင်မှုအဆင့်က ရောက်ရှိရန် အလွန်ခက်ခဲသော်လည်း၊ လေ့ကျင့်သင်ယူပါက အောင်မြင်မှုရရှိနိုင်ပြီး၊ မအောင်မြင်ခဲ့ရင်လည်း အဲ့အောက်က ကိုယ်ခန္ဓာကို လေ့ကျင့်သင်ယူနိုင်သေးည်။
ထိုထက်နိမ့်သော အဆင့်များမှာ ကမ္ဘာဦးအစက ပေါ်ပေါက်ခဲ့သော ကိုယ်ခန္ဓာ (၄၈) မျိုး၊ ဘုရင်ကိုယ်ခန္ဓာ (၂၄) မျိုး နှင့် စိန့်ကိုယ်ခန္ဓာ (၁၈) မျိုး တို့ဖြစ်ကြသည်။
ဤကိုယ်ခန္ဓာများအားလုံးက အံ့ဖွယ်စွမ်းအားကြီးမားလွန်းကြသ ည်။ တျန်းရွှမ်လောကမှာသာ ဆိုပါက သာမန်နောက်ပိုင်း ပေါ်ပေါက်လာသော ကိုယ်ခန္ဓာတစ်ခုတောင် ဖွံ့ဖြိုးတိုးတက်နိုင်သည်။
တဒင်္ဂအတွင်းမှာပင် “ကိုယ်ခန္ဓာကျမ်း” သည် ဝူယွမ်၏ စိတ်ထဲတွင် စီးဆင်းသွားခဲ့သည်။
“အစ်ကိုကြီး၊ ကြည့်ပါဦး”
လင်းတုန်၏ အော်သံက ဝူယွမ်ကို လက်တွေ့ကမ္ဘာသို့ ပြန်ဆွဲခေါ်လာခဲ့သည်။
ထိုအချိန်တွင် သူတို့သည် မြူဆိုင်းတောထဲတွင် ရှိနေဆဲဖြစ်ပြီး၊ အန္တရာယ်က မပြေလည်သေးပေ။
ဝူယွမ်က ချက်ချင်းပင် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ခုနက ထူးဆန်းသော ပိုးကောင်အုပ်စု၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက်၊ ယခုအခါ မည်သည့်အခြေအနေနှင့် ရင်ဆိုင်ရမည်ကို သူမသိပေ။
ရွှေရောင် စွမ်းအင်အကာအရံတစ်ခုက သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
အကာအရံအတွင်းမှ တစ်ဆင့် ရွှေရောင်အလင်းများ တလက်လက်တောက်ပနေသည်ကို မြင်တွေ့နိုင်ကာ ထိုအထဲတွင် ထူးဆန်းသော ရေကန်တစ်ခုရှိပြီး၊ ထိုကန်တွင် သာမန်ရေများ မဟုတ်ဘဲ ရွှေရောင်အရည်များ ပါဝင်နေသည်။
သူတို့လက်ရှိတည်ရှိရာနေရာသည် ရှေးဟောင်းဂူသင်္ချိုင်းတွင် အပြင်ဘက်ဆုံးအကာအရံနှင့် အတွင်းပိုင်းအတားအဆီးကြားရှိ နေရာနှင့် တူညီနေသည်။
ထိုအရာသည် ဆဲလ်နံရံနှင့် ဆဲလ်အမြှေးပါးကြားရှိ ကွာဟချက်နှင့် တူညီနေသည်။
အပြင်ဘက်ရှိ ပိုးကောင်များအားလုံးသည် ပထမဆုံး စွမ်းအင်အကာအရံ၏ အပြင်ဘက်တွင် ကပ်တွယ်နေကြသည်။
သူတို့က ယာယီအားဖြင့် ဘေးကင်းနေသော်လည်း၊ အလယ်တွင် ညပ်မိနေပြီး ရှေ့တိုးခြင်း နောက်ဆုတ်ခြင်း မပြုနိုင်ပေ။
“ဝိညာဉ်စုဆောင် ရေးရူန်း” ကို ကြည့်ရှုလိုက်ရာတွင်၊ ယခုအခါ ရိုးရိုးရှင်းရှင်း အဝိုင်းပွိုင်လေးတစ်ခုမဟုတ်တော့ဘဲ၊ ရူန်း၏ထိပ်တွင် ရွှေရောင်အရည်များ စုစည်းလာခဲ့သည်။
ဤအရည်တွင် အလွန်ပြင်းထန်သော ယန်စွမ်းအင်များပါဝင်သည်။
“ကျွန်တော်တို့ နောက်ပြန်ဆုတ်လို့မရတော့ဘူး။ အတွင်းကို ဝင်ကြည့်ရအောင်”
“သတိထားပါ၊ ဘယ်နေရာမှာမဆို အန္တရာယ်ရှိနေနိုင်တယ်”
ဝူယွမ်က သတိပေးပြီးနောက်၊ ဒုတိယမြောက် စွမ်းအင်အကာအရံကို ချိုးဖျက်ရန် ပြင်ဆင်သည်။
ဤစွမ်းအင်အကာအရံသည် ရှေးဟောင်းဂူသင်္ချိုင်းရှိ အကာအရံထက် ပိုမိုခိုင်မာပြီး၊ နိဗ္ဗာန်အဆင့် ကျွမ်းကျင်သူတစ်ဦးတောင်မှ ချိုးဖျက်နိုင်မည် မဟုတ်ပေ။
သို့သော် ဤအရာက ဝူယွမ်အတွက်တော့ ခက်ခဲမှုမရှိပေ။
အကာအရံတစ်ခုစီတိုင်းတွင် ၎င်း၏ ကိုယ်ပိုင်အထူးရူန်းများရှိသည်။
အကာအရံတစ်ခုက မည်မျှပင် စွမ်းအားကြီးမားစေကာမူ၊ သူ၏လက်ထဲရှိ မူလ ရူန်းများရှေ့တွင် ဘာမျှမဟုတ်ပေ။
“မူလနယ်နိမိတ်ရူန်း” သည် ဤကဲ့သို့သော စွမ်းအင်အကာအရံများအတွက် အထူးတလည် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က “မူလနယ်နိမိတ်ရူန်း” အဖြစ် စုစည်းလာပြီး၊ ထို့နောက် ရူန်းကို အကာအရံထဲသို့ တိုက်ရိုက်ထိုးသွင်းကာ ဤစွမ်းအင်အလွှာကို အင်အားသုံး၍ ချိုးဖျက်လိုက်သည်။
အလွန်နွေးထွေးပြီး နူးညံ့သိမ်မွေ့သော အာရုံ၊ နေရောင်ခြည်ကဲ့သို့သော အလင်းအာရုံက အက်ကွဲကြောင်းမှ ထွက်ပေါ်လာသည်။
ဤရွှေရောင်စွမ်းအင်ကို မြင်တွေ့ရသော အခါ၊ ပတ်ဝန်းကျင်ရှိ ပိုးကောင်များသည် အရူးအမူးတက်ကြွလာပြီး၊ ဤနွေးထွေးမှု စွမ်းအင်ကို မျိုချရန် ပြေးလာကြသည်။
“သွား၊ အတွင်းကိုမြန်မြန်ဝင်”
လူနှစ်ဦးနှင့် ကျားနှစ်ကောင်သည် အက်ကြောင်းမှ တစ်ဆင့် အမြန်တိုးဝင်သွားကြသည်။
ဝူယွမ်သည် ချက်ချင်းပင် နယ်နိမိတ်ရူန်းကို ဖျက်စီးလိုက်ပြီး၊ ကျိုးပဲ့သွားသော စွမ်းအင်အလွှာက ချက်ချင်းပင် ယခင်အတိုင်း ပြန်လည်ဆက်စပ်သွားသည်။
ရွှေရောင်စွမ်းအင်အကာအရံအတွင်းရှိ နေရာလွတ်က ကျယ်ပြန့်ခြင်းမရှိပေ။ အတွင်းသို့ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် နွေးထွေးသော အာရုံခံစားမှုတစ်ခုကို ခံစားနေရသည်။ သက်တောင့်သက်သာရှိမှုက ဖော်ပြ၍ပင်မရနိုင်ပေ။
လူတစ်ဦးကို သတိမဲ့စွာ ကန်အတွင်း စိမ့်ဝင်သွားစေလိုသော ဆန္ဒဖြစ်ပေါ်စေသည်။
သို့သော် သူတို့က စိတ်မချနိုင်သေးပေ။ ဤအမည်းရောင်ပိုးကောင်များဖြင့် ဝန်းရံထားသော နေရာက သာမန်ထက်ထူးခြားမှုတစ်ခု ရှိရမည်ဖြစ်သည်။
ထို့အပြင် ခုနက စွမ်းအင်အကာအရံသည် လုံးဝသဘာဝအတိုင်း ဖွဲ့စည်းတည်ဆောက်ထားခြင်းမဟုတ်ဘဲ၊ လူသားတစ်ယောက်၏ အမှတ်အသားများ ရှိနေသည်။
ဤနေရာက ဝူယွမ်ပင် မသိထားသော နေရာတစ်ခုဖြစ်သည်။
ဆိုရသော် ဝူယွမ်သိထားသော မူရင်းဇာတ်လမ်းတွင် ဤကဲ့သို့သော နေရာမျိုး မရှိသောကြောင့်ဖြစ်သည်။
သူတို့၏ ဝိညာဉ်စွမ်းအင်က ပတ်ဝန်းကျင်ကို အရူးအမူးစစ်ဆေးနေကာ၊ ထောင့်တစ်ထောင့်ကိုတောင် လက်လွတ်မခံပေ။
ရွှေရောင်ရေကန်ကို ချန်လှပ်ထားလျှင်၊ တစ်နေရာလုံး နေရာလွတ်ဖြစ်နေပြီး အခြားသော သားရဲများ သတ္တဝါများ မရှိပေ။
သူတို့က အန္တရာယ်ကိုလည်း မခံစားရပေ။
ဝူယွမ်က ရေကန်၏အစွန်းသို့ သွားကြည့်လိုက်ပြီး၊ လင်းတုန်သည်လည်း နောက်မှကပ်လျက် လိုက်ပါသွားသည်။ ကျားနှစ်ကောင်လည်း ဝူယွမ်တို့ ရင်ခွင်ထဲမှ ဆင်းလာပြီး သူတို့၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားကြသည်။
“ဒီရေကန်က အတော်လေး အံဩဖို့ကောင်းတယ်၊ အထဲကအရည်တွေက ရွှေရောင်အရည်ဖြစ်နေတယ်” လင်းတုန်က ပထမဆုံး အံ့အားသင့်သံဖြင့် ပြောဆိုလိုက်သည်။
လင်းတုန်၏ အတွေ့အကြုံမရှိသော “ဝိုး” ဟူသော အံ့အားသင့်သံနှင့် နှိုင်းယှဉ်ပါက၊ ရှောင်တျောင်းက သိသိသာသာပင် ပိုဗဟုသုတကြွယ်၀ပြီး အတွေ့အကြုံရှိသည်။
“ယန်အာရုံ အရည်တွေပျော်ဝင်နေတယ်၊ အားလုံးက ယန် စွမ်းအင်တွေကြီးဘဲ။ ယန်အာရုံ ရေကန်တစ်ခုဘဲ၊ အတော်ကြီးကျယ်တဲ့လက်ရာ မြောက် ရေကန်တစ်ခုပါလား”
“ယန်အာရုံ ရေကန်လား”
ရှောင်တျောင်း- “ဟုတ်တယ် အဲ့တာတွေက အနွေးထွေးဆုံးနဲ့ အစင်ကြယ်ဆုံး ယန်စွမ်းအင်တွေဘဲ။ ယန်အာရုံအရည်က မိုးကြိုးပြစ်ဒဏ်အရည်ရဲ့ နိယာမနဲ့ ဆင်တူတယ်။ မိုးကြိုးပြစ်ဒဏ်အရည်က မိုးကြိုးနဲ့လျှပ်စီးကြောင်းရဲ့ ပြင်းထန်တဲ့စွမ်းအားကို ဖယ်ရှားပြီးနောက်မှ ရလာတဲ့ အရည်ဖြစ်ပြီး၊ ဒီ ယန်အာရုံအရည်ကလည နေစွမ်းအင်ရဲ့ ပူပြင်းမှုကို သန့်စင်ပြီးနောက်မှ ဖြစ်ပေါ်လာတဲ့ အလားတူနူးညံ့သိမ်မွေ့တဲ့ စွမ်းအင်အရည်တစ်ခုဘဲ”
“မြူဆိုင်းတောဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို အခု ကျွန်တော်သိပြီ။ အပြင်ဘက်က ကြည့်ရင်တော့ ဒီနေရာက တစ်နှစ်ပတ်လုံး မြူတွေနဲ့ဖုံးလွှမ်းနေပြီး၊ အရိုးကွဲအောင် အေးမြတဲ့လှိုင်းတွေ အငွေ့တွေနဲ့ ပြည့်နှက်နေတယ်၊
အဲ့ဒါတွေအားလုံးက ဒီယန်အာရုံ ရေကန်ကြောင့်ဘဲ မြူဆိုင်းတောတစ်ခုလုံးရဲ့ ယန် စွမ်းအင်အားလုံးကို ဒီနေရာမှာ စုစည်းထားတာ၊
ဒီလောက်များတဲ့ ယန်အာရုံ ရေကန်ကြီးတစ်ခုဖြစ်ပေါ်ဖို့ဆို အနည်းဆုံး နှစ်ပေါင်း တစ်ထောင်လောက် စုဆောင်းရလိမ့်မယ်၊
ဟေ့... ကမ္ဘာပေါ်မှာ ဘယ်လိုလူကများ နှစ်ပေါင်းတစ်ထောင်လောက် ကြိုတင် အစီအစဉ် ချမှတ်ခဲ့တာများလဲ”
ရှောင်တျောင်းက အံ့အားသင့်၊ လေးစားမှုတို့ဖြင့် ပြောဆိုနေစင်၊ သူ၏ လှည့်စားတတ်သော မျက်လုံးငယ်လေးများက ဝူယွမ်ကို မသိမသာကြည့်နေကာ၊ အတိအကြသိထားသည်ဆိုသည့် လေသံဖြင့် မေးမြန်းလိုက်သည်။
“အစ်ကိုကြီး၊ ဘယ်သူချန်ထားခဲ့တယ်လို့ အစ်ကိုကြီး ထင်လဲ”
လင်းတုန်သည်လည်း လေးစားမှုများတိုးလာနေခဲ့သည်။ ရှောင်တျောင်းပြောသကဲ့သို့ အစ်ကိုကြီးအတွက် သူ၏လေးစားမှုသည် စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်ပေ။ အစ်ကိုကြီး ချန်ထားခဲ့သော နည်းလမ်းများက သူ၏အတွေးကို ကျော်လွန်နေသည်။
ဒီတစ်ကြိမ်က လိန့်ယွမ်တောင်ရှိ ဓားနှင့် မတူညီပေ။ အခုရေကန်က အခုလိုအကျိုးသက်ရောက်မှုရရှိရန် နှစ်ပေါင်း တစ်ထောင်ကျော် စောင့်ဆိုင်းရမည်ဖြစ်သည်။
အစ်ကိုကြီး၏ သေသပ်တိကျသော အစီအစဉ်က ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
တစ်ချိန်တည်းမှာတွင်၊ အစ်ကိုကြီးက ကမ္ဘာလှည့်ခရီးသည်ကြီးဖြစ်ပြီး၊ သူမှန်းဆ၍မရနိုင်သည့် အကြောင်းရင်းကိုလည်း နားလည်သွားသည်။ အစ်ကိုကြီးက အလွန်ရှေးကျသော ပုဂ္ဂိုလ်၊ နှစ်ပေါင်းတစ်ထောအင်ကြာမှ ပုဂ္ဂိုလ်ကြီးဖြစ်နေခဲ့သည်။
သို့သော် ဝူယွမ်ကတော့ ရှောင်တျောင်း၏ သေးငယ်သော အသေးစိတ်အချက်များကို သတိမပြုမိပေ။
လင်းတုန်ကဲ့သို့ပင်၊ ရှောင်တျောင်းပြောသည်များကို ကြားရသောအခါ သူအလွန်အံ့အားသင့်သွားသည်။ ဤကဲ့သို့သော ယန်အာရုံ ရေကန်ကြီးကို နှစ်ပေါင်းတစ်ထောင်ကြာ ကြိုးပမ်းစုစည်းထားတာက အခုအရကို စီစဉ်ခဲ့သော ပုဂ္ဂိုလ်ကြီးအတွက် “ဘုရားသခင်၊ အံ့ဖွယ်” စတဲ့ ခံစားချက်များကို ဖြစ်ပေါ်စေသည်။
“မင်းပြောတာကြားရတာတော့ အတော်လေး အံ့အားသင့်စရာဘဲ။ ငါတို့တစ်ကယ်ဘဲ ကံကောင်းလွန်းပြီး ဒီလိုနေရာမျိုးကို ရောက်လာတာလား။ နှစ်ပေါင်းတစ်ထောင် ဒီအစီအစဉ်ကို ချမှတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရော အသက်ရှင်နေသေးလား မသိဘူး”
ဝူယွမ်က ထိုပုဂ္ဂိုလ်ကြီးတွင် အခြားသော လျှို့ဝှက်ချက်များ ရှိနေသေးသလားဟု စိုးရိမ်နေသည်။
“အစ်ကိုကြီး၊ ကိုယ့်ကိုယ်ကိုယ် ဒီလိုမပြောပါနဲ့...” ရှောင်တျောင်း မျက်လုံးပြူးသွားသည်။ ‘မင်းငါ့ကိုလာ ဟန်ဆောင်ပြနေတာလား’ “ဒါမဖြစ်သင့်ဘူး။ သူဒါတွေအားလုံးကို ဘာအတွက်လုပ်ခဲ့တာလဲ။ အခြားသူတွေအတွက် ပြင်ဆင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိမှာမဟုတ်ဘူး”
ရှောင်တျောင်းက လုံးဝမယုံကြည်ပေ။ မည်သူကများ နှစ်ပေါင်းတစ်ထောင်ကြိုတင်၍ ဤကဲ့သို့သော ကံကောင်းထောက်မမှုကို ချန်ရစ်ခဲ့ပြီး အနာဂတ်တွင် သူစိမ်းများအား အကျိုးကျေးဇူးရရှိစေရန် ပြုလုပ်ခဲ့မည်နည်း။
“ကံနဲ့ပတ်သတ်ပြီး ဘယ်သူကပြောနိုင်မှာလဲ အရင်တစ်ခေါက်က ရှေးဟောင်းဂူသင်္ချိုင်းလိုပေါ့၊ ဂူသင်္ချိုင်းပိုင်ရှင်က အခြားသူတွေကို ကူညီရတာ နှစ်သက်တဲ့ ကြီးမြတ်တဲ့သူတစ်ဦးဘဲ။
ညီသုံး ရှောင်တျောင်း မင်းရဲ့ အတွေးတွေနဲ့ ကြီးမြတ်သူတွေရဲ့ နှလုံးကိုသား မှတ်ချက်ပေးတာက မသင့်တော်ဘူး၊ ရှောင်တျောင်း လောကကြီးမှာ မကောင်းတဲ့သူတွေရှိတာနဲ့၊ အားလုံးက မကောင်းတဲ့သူတွေ ဖြစ်သွားမှာမှမဟုတ်တာ”
“ဒီလိုမြင့်မြတ်တဲ့ ရှေးပုဂ္ဂိုလ်ကြီးတွေကို ငါတို့က စွပ်စွဲပြောဆိုလို့မရဘူး”
“အစ်ကိုကြီး၊ ငါကို စိတ်ဆိုးနေတာလား။ သူကကောင်းတဲ့အရာမဟုတ်ဘူးလို့ ငါမပြောခဲ့သင့်ဘူး...” ရှောင်တျောင်းသည် ဝူယွမ်၏ ကန့်ကွက်ချက်ကို ပြန်လည်ငြင်းဆိုရန် လုံးဝမဝံ့ရဲပေ။
“ကံကောင်းတာက၊ကံကောင်းတာဘဲ၊ ကံကြမ္မာအရ ထိုင်တန်တဲ့သူတွေကဘဲ ရယူနိုင်ကြတယ်။ အခု ငါတို့ ကြုံတွေ့နေရပြီ၊ ဒါကြောင့် ဒါဟာ ငါတို့ပိုင်တဲ့အရာဘဲ”
ဝူယွမ်က ထပ်လောင်းပြောဆိုသည်။
“အစ်ကိုကြီး၊ ဒီယန်အာရုံ အရည်က ဘာအသုံးဝင်လဲ” လင်းတုန်က သိလိုစိတ်ဖြင့် စူးစမ်းမေးမြန်းလိုက်သည်။
“ညီသုံးကို မေးလိုက်၊ ညီသုံးအဲ့တာကို သိသင့်တယ်”
ဝူယွမ်က ရှောင်တျောင်းကို ညွှန်ပြလိုက်သည်။
သူက ယန်အာရုံ အရည်အကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအင်စစ်ဆေးမှုမှ စွမ်းအင်သည် နူးညံ့သိမ်မွေ့ပြီး ကြွယ်ဝသည်ကိုတော့ သိခဲ့ရသည်။ ထိုစွမ်းအင်အကျိုးသက်ရောက်မှုက ဧကန်အမှန်ပင် ကြီးမားသော်လည်း၊ ထိုအကျိုးသက်ရောက်မှုကို သူဖော်မပြတတ်ပေ။
ယန်အာရုံ အရည်၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်လာသည့်အခါ၊ ရှောင်တျောင်းက နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားသည်၊ အစ်ကိုကြီး နားလည်နေပါလျက် နားမလည်ဟန်ဟန်လုပ်နေသည်ကို စဉ်းစားမနေတော့ပေ။
သူသည်လည်း အခုအချိန်တွင် ယန်အာရုံ အရည်ကို အလွန်တောင့်တနေသောကြောင့်ဖြစ်သည်။
“ယန်အာရုံ အရည်ကို ကောင်းကင်ဘုံအောက်က အကောင်းဆုံး အခြေခံတည်ဆောက်ရေး ဝိညာဉ်အရည်လို့ ပြောလို့ရတယ်။
အရာဝတ္ထုအားလုံးသည် နေစွမ်းအင်ကနေ ကြီးထွားတယ်။ အဲ့တာက အန္တာရယ်မရှိဆုံး၊ အစွမ်းထက်ဆုံးနှင့် အားနည်းချက်အကင်းဆုဖ့း ကိုယ်တွင်းစွမ်းအင်စုပ်ယူမှု အရင်းမြစ်တစ်ခုဘဲ။
ယန်အာရုံ အရည်ရဲ့အကြီးမားဆုံး သက်ရောက်မှုကတော့ ကျင့်ကြံခြင်း အားနည်းချက်တွေကို ဖာထေးပေးနိုင်တာနဲ့ အတုမရှိတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်တာဘဲ။
လူတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကို အဆုံးစွန်ပြောင်းလဲမှုပြုလုပ်ပြီး မြှင့်တင်ပေးနိုင်တဲ့အပင်၊ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကို လုံးဝအသစ်ဖြစ်စေပြီး စင်ကြယ်တဲ့ ကမ္ဘာဦးအစက ပေါ်ပေါက်ခဲ့တဲ့ ကိုယ်ခန္ဓာအခြေအနေအထိ ရောက်ရှိစေနိုင်တယ်၊
ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာ ကျင့်ကြံခြင်းကို အဓိကထားသူတွေအတွက်၊ ယန်အာရုံ အရည်က အဖိုးတန်ဆုံး ရတနာဖြစ်ပြီး၊ မိုးကြိုးပြစ်ဒဏ်အရည်ထက် ဘယ်နေရာကမှ မနိမ့်ကြဘူး၊
နှစ်ခုလုံးက ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကို မြှင့်တင်ပေးနိုင်တာ ဆိုပေမဲ့၊ သူတို့ရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ဦးတည်ရာတွေက နည်းနည်းကွဲတယ်
ဥပမာ၊
သစ်ပင်ကြီးတစ်ပင်က၊ မိုးကြိုးပြစ်ဒဏ်အရည်ကို စုပ်ယူမယ်ဆို အဲ့သစ်ပင်က ပိုခိုင်ခံလာပြီး သစ်ပင်ရဲ့ ရှင်သန်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်တယ်၊ အဲ့တာက လျှပ်စီးကြောင်းထိမှန်ထားတဲ့ သစ်သားရဲ့ သက်ရောက်မှုမျိုးဘဲ၊ သစ်ပင်ရဲ့ ပြင်ပခွန်အားကို မြှင့်တင်ပေးလိုက်နိုင်တယ်။
ယန်အာရုံ အရည်ကကြ သစ်ပင်ရဲ့အမြစ်တွေကို ခိုင်ခံ့စေနိုင်သလို ပိုနက်ရှိုင်းပြီး ပိုကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်သွားနိုင်တယ်၊ သစ်ပင်ရဲ့ အရင်းအမြစ်ကို ခိုင်ခံ့စေတာမျိုး၊ သစ်ပင်ကို ခုတ်လှဲပစ်လျှင်တောင် အပစ်ရဲ့အမြစ်တွေကို ဖျက်ဆီု့လို့မရနိုင်ဘဲ၊ ပြန်လည်ရှင်သန်လာနိုင်တယ်၊
အခြေခံအုတ်မြစ်ကို တစ်ဆင့် မြှင့်တင်ပေးလိုက်တာဘဲ။
လူ့ကိုယ်ခန္ဓာအတွက်လည်း အဲ့လိုသက်ရောက်မှုမျိုးဘဲ၊
အခု ကျွန်တော်တို့က ယန်အာရုံ အရည်ကို သုံးပြီး ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေကို ပြောင်းလဲနိုင်တယ်၊ အဲ့တာက ကမ္ဘာဦးအစက ပေါ်ပေါက်ခဲ့တဲ့ ကိုယ်ခန္ဓာတွေလို ဖြစ်စေနိုင်ပြီး၊ လုံး၀ စင်ကြယ်နေလိမ့်မယ်၊ မသန့်စင်တာတွေလုံး၀ မရှိတော့ဘဲ၊ ကျွန်တော်တိုရဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာ ခွန်အားကိုတင် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ကိုယ်တွင်းစွမ်းအင် ပါရမီကိုပါ မြှင့်တင်ပေးနိုင်တယ်။
ယန်အာရုံ အရည်က သာမန်လူတွေနဲ့ အရာဝတ္ထုတွေအတွက် သက်ရောက်မှုရှိပြီး၊ အထူးသဖြင့် ယန်စွမ်းအင်ပြည့်၀နေတဲ့ ကျားတွေအတွက် သက်ရောက်မှုက ပိုအားကောင်းတယ်၊
ဒါပေမဲ့ ချင်းထန်လို ယင်စွမ်းအင်ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာ ရှိတဲ့သူအတွက်တော့၊ အဲ့တာက လုံး၀ အဆိပ်ရည်ဘဲ”
ရှောင်တျောင်း၏ ရှည်လျားသော ရှင်းလက်ချက်အတွင်း၊ သူက ယန်အာရုံ အရည်၏ လုပ်ဆောင်ချက်ကို သေသေချာချာ ရှင်းပြခဲ့သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ဤသည်မှာ မိုးကြိုးပြစ်ဒဏ်အရည်ထက် မည်သည့်နေရာတွင်မျှ မနိမ့်ကျသော ရတနာတစ်ပါးဖြစ်သည်။
မိုးကြိုးပြစ်ဒဏ်အရည်၏ အကျိုးကျေးဇူးများကို သူတို့ ခံစားဖူးပြီးပီဖြစ်ကာ၊ ထိုအရာက အတော်လေးကောင်းသည်ဟု ဖော်ပြလို့ရနိုင်သည်။
ဒါပေမဲ့ မိုးကြိုးပြစ်ဒဏ်အရညက အစက်ရာချီဘဲ ရှိသည်၊ ပုလင်းသေးတစ်ဝက်ခန့် ရှိသည်။
ဤနေရာတွင်မူ၊ ယန်အာရုံ အရည် တစ်ကန်လုံးရှိသည်။
တစ်ကန်၊ တစ်ကန်လုံး။