← Chapters

ဆင်ကြီးများအမှုန်၊ နှိပ်ကွပ်သည့်ဘုရားကြီးကိုယ်ခန္ဓာ၏ ခမ်းနားသောတောင်ကိုယ်ထည်၊ ထူးဆန်းသောရွှေဥ

Vol. 10 Ch. 94

ဆင်ကြီးများအမှုန်၊ နှိပ်ကွပ်သည့်ဘုရားကြီးကိုယ်ခန္ဓာ၏ ခမ်းနားသောတောင်ကိုယ်ထည်၊ ထူးဆန်းသောရွှေဥ

Vol. 10 Ch. 94

“ဒီအရည်က ‘ကိုယ်ခန္ဓာကျမ်း’ အတွက် အကိုက်ညီဆုံးပဲကွ။”

ဝူယွမ်သည် ချီးကျူးတသဖြင့် စိတ်ထဲမှပြောလိုက်သည်။

ကန်ထဲမှ ယန်းအာရုံအရည်၏ အကျိုးသက်ရောက်မှုကို ကြားသိရပြီးနောက်၊ ယန်ရေကန်ထဲတွင် ‘ကိုယ်ခန္ဓာကျမ်း’ကို လေ့ကျင့်မည်ဆိုလျှင် အလွန်အံ့ဖွယ်ကောင်းမည်ဟု သူခံစားမိသည်။ အဘယ့်ကြောင့်ဆိုသော် ဤအရည်သည် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာအတွက် အကောင်းဆုံး ဝိညာဉ်ရည်ဖြစ်သောကြောင့်ဖြစ်သည်။

ယင် နှင့် ယန်၊ ခိုင်မာ နှင့် ပျော့ပြောင်း၊ စင်ကြယ် နှင့် ကြည်လင်။

နတ်သားတော် ကိုယ်ခန္ဓာ ဆယ့်နှစ်မျိုး။

ဝူယွမ်သည် သူသည် မည်သည့် စာလုံးနှင့် မည်သည့်အမျိုးအစား ကိုယ်ခန္ဓာကို လေ့ကျင့်သင့်သည်ကို စဉ်းစားနေသည်။

ဤ ကိုယ်ခန္ဓာ ဆယ့်နှစ်မျိုးတွင် ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။

‘ကိုယ်ခန္ဓာကျမ်း’ မှ အချက်အလက်များသည် သူ၏ စိတ်ထဲသို့ လုံးဝအပြည့်အစုံ ပေါင်းစည်းသွားပြီဖြစ်ရာ အလွန်ရှင်းလင်းပြတ်သားနေသည်။ ထို့ကြောင့် ထို ‘ဟန်ထုတ်ဘုရင်’ ကဲ့သို့ နှစ်ပေါင်းသောင်းချီ၍ ဖြေးဖြေးချင်း သုတေသနပြုကာ ဆင်ခြင်နားလည်ရန် မလိုအပ်တော့ပေ။

သူ၏ စိတ်ထဲရှိ စာလုံးခြောက်လုံးကို တစ်ခုပြီးတစ်ခု ပြန်လည်သုံးသပ်ပြီးနောက်။

ဝူယွမ်သည် “ ကြည်လင်” ဟူသော စာလုံးကို ရွေးချယ်လိုက်သည်။

သူ၏ ကိုယ်ခန္ဓာသည် ဤစာလုံးနှင့် အတော်လေး ကိုက်ညီမှု ရှိသည်။

“ ကြည်လင်” စာလုံးနှင့် သက်ဆိုင်သော နတ်ကိုယ်ခန္ဓာ နှစ်မျိုးမှာ ကောင်းကင်ခုတ်ပိုင်းပုဆိန် ကိုယ်ခန္ဓာ နှင့် ဖိနှိပ်ခြင်းအကျင်းထောင်ဘုရင် ကိုယ်ခန္ဓာ တို့ဖြစ်သည်။

ထိုအနက်မှ၊ ကောင်းကင်ခုတ်ပိုင်းပုဆိန် ခန္ဓာကိုယ်က စွမ်းအား၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။

ဖိနှိပ်ခြင်းအကျင်းထောင်ဘုရင် ကိုယ်ခန္ဓာက အလေးချိန်၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။

သူအခု လေ့ကျင့်နေသည့် ‘နတ်ဆင်နှိမ်နင်းခြင်း’ ၏ အကျိုးသက်ရောက်မှုသည် ဖိနှိပ်ခြင်း အကျင်းထောင်ဘုရင် ကိုယ်ခန္ဓာနှင့်ဆင်တူသည်။

‘နတ်ဆင်နှိမ်နင်းခြင်း’ သည် ကိုယ်ခန္ဓာက သန်းပေါင်းများစွာသော အမှုန်များအဖြစ်၊ လူသားအမှုန် တစ်ခုစီကို ဆင်ပြောင်ကြီးအမှုန်၊ နဂါးဆင်အမှုန်၊ မူလဆင်အမှုန် အထိ လေ့ကျင့်ရပြီး၊ နောက်ဆုံးတွင် အပြင်းထန်ဆုံး နတ်ဆင်အမှုန် ဖြစ်လာသည်အထိ ဖြစ်သည်။

ဖိနှိပ်ခြင်းအကျင်းထောင်ဘုရင် ကိုယ်ခန္ဓာက ကိုယ့် ကိုယ်အလေးချိန်နှင့် ပတ်ဝန်းကျင်ရှိ အရာများ၏ အလေးချိန်ကို အဆမတန် တိုးပွားစေခြင်း ဖြစ်သည်။

ဝူယွမ်၏ ကိုယ်ခန္ဓာ ဆင်ပြောင်ကြီးအမှုန် အဆင့်နှင့် နီးကပ်လာနေပြီဖြစ်ရာ၊ သူ၏ “ ကြည်လင်” စာလုံးနှင့် သဟာဇာသ ရှိရခြင်း၏ အကြီးမားဆုံးအကြောင်းရင်းမှာ ဖိနှိပ်ခြင်းအကျင်း‌ေထာင်ဘုရင် ကိုယ်ခန္ဓာအတွက် အခြေခံအုတ်မြစ်ကြောင့်ဘဲ ဖြစ်သည်။

“သူတို့ပါ လေ့ကျင့်နိုင်အောင် လွှဲအပ်ပေးလို့ ရမလားလို့ ကြည့်ရအောင်။”

ဝူယွမ်က သူ့ဘေးမှ ကျားနှစ်ကောင်၊ လူတစ်ယောက်၊ မြွေပါတစ်ကောင်ကို ကြည့်ရင်း စဉ်းစားမိသည်။

ဤနတ်ကိုယ်ခန္ဓာ ဆယ့်နှစ်မျိုးဖြင့်၊ သူ၏လက်ရှိအခြေအနေအရ တစ်မျိုးကို လေ့ကျင့်ခြင်းကပင် သေချာပေါက် သူ၏ အကန့်အသတ်ဖြစ်နေပီဖြစ်သည်။ လောလောဆယ်တွင် စာလုံးတိုင်းကို လေ့ကျင့်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ကိုယ်ခန္ဓာနှစ်မျိုးလုံးကို တစ်ပြိုင်နက်လေ့ကျင့်ရန်က ခက်ခဲသည်။

ဒါပေမဲ့ သူက သူ့အနားက လူများကို နတ်ကိုယ်ခန္ဓာများ လေ့ကျင့်ခိုင်းနိုင်သေးသည်။

“ညီနှစ် ဒီကိုလာပါ။ ညီနှစ်ကို တစ်ခုပြမယ်။”

ဝူယွမ်သည် လက်ဟန်ဖြင့် အချက်ပြကာ လင်းတုန်ကို ခေါ်လိုက်သည်။

“အစ်ကိုကြီး၊ ဘာမလို့လဲ။ ဒီလောက်ထူးဆန်းနေတာ။”

လင်းတုန်သည် မသေမချာဖြစ်နေသည့် ဟန်ဖြင့် ချဉ်းကပ်လာသည်။

ဝူယွမ်က သူ၏လက်ဖဝါးကို လင်းတုန်၏ နဖူးပေါ်တွင် တင်လိုက်ပြီး ဝိညာဉ်စွမ်းအင်သည် မရပ်မနား ထွက်ပေါ်လာကာ တိုက်ရိုက် သူ၏ စိတ်ထဲသို့ အတင်းဝင်ရောက်သွားသည်။

လင်းတုန်သည် မသိစိတ်မှ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ဝင်ရောက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။

“မတားနဲ့၊ ဝင်ခွင့်ပေးလိုက်ပါ။”

ဝူယွမ်က ညင်သာစွာ ပြောလိုက်သည်။

ထို့နောက် သူက လင်းတုန်ထံသို့ ဝိညာဉ်စွမ်းအင်ဖြင့် အသံ ပို့လိုက်သည်၊

“စိတ်ကိုလွတ်လွတ်လပ်လပ်ထားလိုက်ပါ၊ငါပေးနေတာကို သိအောင်လုပ်ပါ၊ ပြီးတော့ မင်းအထိရောက်ဆုံး တုံ့ပြန်မှုရှိတဲ့ စာလုံးကို ရှာပါ။”

ထိုအခါမှသာ လင်းတုန်သည် သူ၏စိတ်ကို လွှတ်လိုက်ကာ အစ်ကိုကြီး၏ ဝိညာဉ်စွမ်းအင်ဝင်ရောက်ခွင့်ကို ပေးလိုက်သည်။

ဤသည်မှာ ဝိညာဉ်စွမ်းအင်မျှဝေခြင်း နည်းလမ်းဖြစ်ပြီး၊ ရှေးဟောင်းဂူသင်္ချိုင်း၏ ပိုင်ရှင်၏ မှတ်ဉာဏ်များထဲမှ ဝူယွမ်ရရှိခဲ့သော လျှို့ဝှက်နည်းလမ်းတစ်ခုဖြစ်သည်။

ထိုအခိုက်၊ လင်းတုန်၏ စိတ်ထဲတွင် တောက်ပနေသော်လည်း မှုန်ဝါးဝါးဖြစ်နေသော အလင်းစုခြောက်ခု ပေါ်လာသည်။ သူက ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မြင်ရန် ကြိုးစားသော်လည်း၊ အလင်းစုခြောက်ခုက တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားသကဲ့သို့ ရှိနေသည်။

လင်းတုန်သည် အစ်ကိုကြီး၏ စကားကို လိုက်နာကာ အလင်းတွေကို သိအောင် ကြိုးစားသည်။

သိပ်မကြာမီ၊ အလင်းစုတစ်ခုက သူ့အပေါ်တုံ့ပြန်မှု အလွန်ပြင်းထန်လာသည်။ လင်းတုန်သည် ဤအလင်းစုကို ထိုးဖောက်ရန် အာရုံစိုက်ကာ၊ နောက်ဆုံးတွင် အတွင်းရှိ အရာကို မြင်ရသည်။

ထိုအရာမှာ “ခိုင်မာ” ဟူသော စာလုံးတစ်လုံးဖြစ်သည်။

လင်းတုန်သည် မျက်လုံးမှိတ်ရင်း၊ သူ၏နှုတ်ခမ်းထောင့်တွင် အံ့အားသင့်သော အပြုံးတစ်ခု ပေါ်လာသည်ကို ဝူယွမ် မြင်လိုက်ရကာ အမြန်မေးသည်။

“ဘယ်လိုလဲ။ဘာတွေမြင်လဲ။”

လင်းတုန် မည်သည့်စာလုံးနှင့် သဟာဇာသဖြစ်မလဲကို သူလည်း သိချင်နေသည်။

လင်းတုန် - “ခိုင်မာ။”

ဝူယွမ်- “ခိုင်မာတယ်ဆိုတာ။”

ရှောင်တျောင်း- “ဘာကခိုင်မာတာလဲ။”

“မင်းပဲပေါ့၊ ညီနှစ်က တကယ့် ဖြောင့်မတ်တဲ့ ယောက်ျားတစ်ယောက်၊ တကယ်ကို ခိုင်မာတယ်”

လင်းတုန်၏ စရိုက်နှင့် ကြည့်လျှင်၊ ကြမ်းတမ်းသော ပန်းဖျက်စီးသူ၊ ကျင့်ကြံခြင်း အရူး၊ ခိုင်မာသော စိတ်အားထက်သန်မှု၊ ထူးခြားသော လုံ့လဝီရိယ၊ ပြီးတော့ လျှပ်စစ်ဓာတ်လိုက်ခြင်းကို နှစ်သက်သူတစ်ဦး။

သူက “ခိုင်မာ” စာလုံးနှင့် နှင့် တကယ်ဘဲ ကိုက်ညီသည်။

“ခိုင်မာ” စာလုံးနှင့် သက်ဆိုင်သော နတ်သားတော် ကိုယ်ခန္ဓာ နှစ်မျိုးမှာ-

မပျက်စီးနိုင်သော ကင်းကောင် ကိုယ်ခန္ဓာ၊

သူ၏ ထူးခြားချက်မှာ အဆုံးမရှိသော မာကျောမှု၊ အထွတ်အထိပ်ကာကွယ်မှု၊ နှင့် အဆုံးမရှိ ပြန်လည်မွေးဖွားနိုင်မှုတို့ ဖြစ်သည်။

ဒေါသနတ်ဘုရင် ကိုယ်ခန္ဓာ၊

သူရဲ့ ထူးခြားချက်မှာ ရူးသွပ်သည့် ဂုဏ်သတ္တိရှိခြင်း၊ တိုက်ခိုက်မှုစွမ်းအားကို နှစ်ဆတိုးစေခြင်းတို့ ဖြစ်သည်။

“ညီနှစ်က ဘယ်လိုကိုယ်ခန္ဓာကိုယ် လေ့ကျင့်နိုင်မှာလဲ စောင့်ကြည့်ရမယ်...” ဝူယွမ်သက အနည်းငယ် မျှော်လင့်မိနေသည်။ လင်းတုန်၏ စရိုက်သဘောထားအရ၊ သူက မပျက်စီးနိုင်သောကင်းကောင် ကိုယ်ခန္ဓာ ကဘက်သို့ ပို၍ ယိမ်းညွှတ်နိုင်သည်။

ကိုယ်ထည်တစ်ခု၏ လေ့ကျင့်မှုက ကိုယ်ခန္ဓာအပေါ်သာမက လူတစ်ဦး၏ စရိုက်ပေါ်လည်း မူတည်သည်။

ယွဲ့ဖူကျွင်းကဲ့သို့ပင်၊ ယောက်ျားဖြစ်သော်လည်း သူ၏သဘာဝမှာ မိန်းမဆန်ပြီး၊ ‘အဆိပ် တွန်းလှန် ဓားကျမ်း’ ကို လေ့ကျင့်ရာတွင် အလွယ်တကူနှင့် အောင်မြင်မှု ကြီးကြီးမားမား ခဲ့သည်။

“ငါ့ညီတော်အတွက် ‘ခိုင်မာ’ စာလုံးရဲ့ နက်နဲတဲ့အဓိပ္ပာယ်ကို ထုတ်ဖော်မှတ်သားပေးမယ်။ ကောင်းကောင်းလေ့ကျင့်ပါ။”

ဝူယွမ်သည် ပြုံးရယ်လျှက် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ‘ခိုင်မာ’ ကို လင်းတုန်ထံသို့ ပို့လွှတ်လိုက်သည်။

“ဒီစာလုံးကနေ ရတဲ့ ထိုးထွင်းဉာဏ်ကို အခြေခံပြီး လေ့ကျင့်ပါ။ နောက်ဆုံးမှာ ဘာရမလဲဆိုတာ မင်းရဲ့ကံပေါ်မှာပဲ မူတည်တယ်။”

“နားလည်ပါပြီ။”

လင်းတုန်က ခေါင်းညိတ်ပြလိုက်သည်။ ဤအရာက ဘာလဲဆိုတာ သူမသိသော်လည်း၊ အစ်ကိုကြီး ထုတ်ယူလာသမျှက မကောင်းမည် မဟုတ်ပေ။

“မောင်နှမနှစ်ယောက်ရော ကြိုးစားကြည့်ကြပါလား။”

ဝူယွမ်က ပိုင်ယွမ်ကို ခေါ်ကာ၊ လင်းတုန်တုန်းကအတိုင်း၊ စာလုံးခြောက်လုံး၏ နက်နဲသောအဓိပ္ပာယ်များကို ခွဲဝေကာ တစ်ခုပြီးတစ်ခု ပိုင်ယွမ်၏ စိတ်ထဲသို့ ပို့လွှတ်လိုက်သည်။

ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ပိုင်ယွမ်အား မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို လမ်းညွှန်ပေးလိုက်သည်။

ပိုင်ယွမ်က အမျိုးသမီးဖြစ်သဖြင့် ဝူယွမ်က “ယင်” စာလုံးဖြင့် စတင်သည်။ ပိုင်ယွမ်က မျက်နှာအရောင်ပြောင်းသွားပြီး တုံ့ပြန်မှုမရှိ။

ထို့နောက် “နူးညံ့” စာလုံးသို့ ရောက်သောအခါ၊ သူမသည် အနည်းငယ် တုံ့ပြန်မှုရှိသည်။

“စင်ကြယ်” စာလုံးသို့ ရောက်သောအခါ၊ ပိုင်ယွမ်၏ ကျားမျက်လုံးများ လင်းလက်လာပြီး သူမ၏တုံ့ပြန်မှုက အလွန်ပြင်းထန်သည်။

ဝူယွမ် စိတ်အတွင်းမှ ခေါင်းညိတ်လိုက်သည်။

မှားယွင်းမှုတစ်စုံတရာမရှိစေရန်၊ သူသည် အခြားစာလုံးသုံးလုံးကို ဆက်လက်စမ်းသပ်ပြီးမှ ပိုင်ယွမ်သည် “စင်ကြယ်” စာလုံးကိုသာ အပြင်းထန်ဆုံး တုံ့ပြန်သည်ကို တွေ့ရှိရသည်။

“သန့်ရှင်း နှင့် ကြည်လင်” စာလုံးနှင့် သက်ဆိုင်သော နတ်သားတော် ကိုယ်ခန္ဓာ နှစ်မျိုးမှာ-

ပျံသန်းခြင်းနတ်ကိုယ်ခန္ဓာ၊

သူ၏ ထူးခြားချက်မှာ အလျင်အမြန်၏ အထွတ်အထိပ်ဖြစ်ပြီး၊ အချိန်ကိုဖြတ်သန်းနိုင်လောက်အောင် မြန်ဆန်ခြင်းဖြစ်သည်။

အပြစ်ကင်းစင်သော ကိုယ်ခန္ဓာ၊

သူ၏ ထူးခြားချက်မှာ မှော်အားလုံးကို ခံနိုင်ရည်ရှိခြင်း၊ ဓာတ်ငွေ့ပျက်စီးမှုကို ခံနိုင်ရည်ရှိခြင်းတို့ ဖြစ်သည်။

“ကိုယ်ထည်နှစ်မျိုးစလုံးက ပိုင်ယွမ်အတွက် အတော်လေး သင့်တော်တယ်။”

မည်သည့်ဟာကို လေ့ကျင့်လေ့ကျင့်၊ ပိုင်ယွမ်အတွက် ကြီးမားသော အကျိုးကျေးဇူးရှိမည်ဖြစ်သည်။

“ဒီကိုလာ၊ ရှောင်ယန်။”

ရှောင်ယန်၏ အလှည့်ရောက်လာကာ ဝူယွမ်က စာလုံးခြောက်လုံးကို အစဉ်လိုက် စမ်းသပ်လိုက်သည်။

ရှောင်ယန်က “ခိုင်မာ” စာလုံးကို အရှင်းလင်းဆုံး တုံ့ပြန်မှုရှိသည်။

သူ၏သခင်ကဲ့သို့ပင်၊ သူသည်လည်း ခိုင်မာသည်။

ဝူယွမ်ထံမှ ကိုယ်ခန္ဓာလေ့ကျင့်နည်းများ ရရှိသော လူတစ်ယောက်၊ ကျားနှစ်ကောင်တို့ အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ချက်ချင်းပင် ရေကန်နားတွင် စာလုံးများ၏ နက်နဲသောအဓိပ္ပာယ်ကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြသည်ကို ရှောင်တျောင်းက မနာလိုစွာဖြင့် ကြည့်နေသည်။ ပြန်လည်မွေးဖွားသူ အကြီးအကဲထံမှ အရာတစ်ခုက လုံး၀ရိုးရှင်းမည်မဟုတ်ပေ။ သူလည်း လိုချင်သည်။

ရှောင်တျောင်းက ဝူယွမ်ဘေးတွင် မျောနေကာ၊

“အစ်ကိုကြီး၊သူတို့ကို ဘာတွေ ပေးတာလိုက်လဲ။ မျှမျှတတဖြစ်အောင် ကျွန်တော့်ကိုလည်း ပေးပါဦးလား။”

“ ငါပေးလိုက်တာက ကိုယ်ခန္ဓာလေ့ကျင့်တဲ့ နည်းလမ်းတစ်ခုပါ။ မင်းမှာ ကိုယ်ခန္ဓာတောင် မရှိသေးဘူး၊ မင်းကိုပေးရင်လည်း အသုံးမကျဘူး။”

‘ကိုယ်ခန္ဓာကျမ်း’ ၏ လေ့ကျင့်မှုသည် သေချာပေါက် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာရှိသူ အပေါ်တွင်သာ သက်ရောက်မှုရှိမည်ဖြစ်သည်။

ရှောင်တျောင်း - “ပေးပါ၊ အစ်ကိုကြီး၊ ပေးပါ၊ အစ်ကိုကြီး။ နောက်ပိုင်းမှာ ကျွန်တော် ကိုယ်ခန္ဓာကို ပြန်လည်ပုံဖော်နိုင်မှာပါ။ အရင်ဆုံး နားလည်သဘောပေါက် ထားမယ်ဆိုရင်၊ ကိုယ်ခန္ဓာရှိလာရင် တိုက်ရိုက်လေ့ကျင့်လို့ရတာပေါ့။”

“ကောင်းပြီး၊ ဒါဆို မင်းရဲ့စိတ်ကို လွှတ်ထားလိုက်၊ ငါ့ကိုဝင်ခွင့်ပေးပါ။”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။”

ရှောင်တျောင်းသည် အလျင်အမြန် သဘောတူပြီး၊ မျက်လုံးမှိတ်ကာ စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။

ဝူယွမ်က စာလုံးခြောက်လုံးကို ဝိညာဉ်စွမ်းအင်ဖြင့် ရှောင်တျောင်း၏ ဝိညာဉ်သိစိတ်အတွင်းသို့ မျှဝေလိုက်သည်။

အလင်းစုခြောက်ခုကို တွေ့သောအခါ ရှောင်တျောင်းက အလွန်တရာ စူးစမ်းချင်စိတ်ဖြစ်ကာ၊ ၎င်းတို့ကို တစ်ခုပြီးတစ်ခု သိရှိအောင် ကြိုးစားသည်။

နောက်ဆုံးတွင်၊ သူ၏ နတ်ဆိုးဝိညာဉ်သည် အလင်းစုတစ်ခုကို တုံ့ပြန်မှုရှိလာသည်။

ထိုစာလုံးမှာ “ယင်” ဖြစ်သည်။

“ယင်။”

ဝူယွမ်သည် ရှောင်တျောင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ယင်နှင့် ယန်၊ ခိုင်မာနှင့် နူးညံ့၊ သန့်ရှင်းနှင့် ကြည်လင်တို့သည် လိင်ကို တိုက်ရိုက်မရည်ညွှန်းသော်လည်း၊ ယေဘုယျအားဖြင့်၊ ယန်၊ ခိုင်မာ၊ နှင့် ကြည်လင်သော ကိုယ်ထည်များက ယောက်ျားဘက်သို့ တိမ်းညွှတ်လေ့ရှိပြီး၊ ယင်၊ နူးညံ့၊ နှင့် စင်ကြယ် ကိုယ်ထည်များသည် အမျိုးသမီးဘက်သို့ တိမ်းညွှတ်လေ့ရှိသည်။

‘ခိုင်မာ’ လင်းတုန်၊ ‘ယင်’ ရှောင်တျောင်း။

ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်သလဲ။

သေချာပေါက်၊ ‘ကိုယ်ခန္ဓာကျမ်း’က လူတစ်ဦး၏ အနှစ်သာရကို နားလည်ထားသည်။

“ယင်” စာလုံးနှင့် သက်ဆိုင်သော ကိုယ်ထည် နှစ်မျိုးမှာ-

ကောင်းကင်ဝါးမျို မိစ္ဆာကိုယ်ခန္ဓာ၊

သူ၏ ထူးခြားချက်မှာ စွမ်းအင်အားလုံးကို ကိုယ်ပိုင်အဖြစ်အသုံးချရန် မျိုချနိုင်ခြင်းဖြစ်ပြီး၊ ဝါးမျိုးဘိုးဘေးအဆောင် အဓိပ္ပာယ်နှင့် အနည်းငယ်ဆင်တူသည်။

ဗလာနတ်ကိုယ်ခန္ဓာ၊

သူဧ။ခ ထူးခြားချက်မှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခြင်းနှင့် လေဟာနယ်ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းတို့ ဖြစ်သည်။

“ငါတို့ သက်ဆိုင်ရာ ကိုယ်ခန္ဓာတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို ရပြီးသွားပြီဆိုတော့၊ ဒီမှာ ခဏလောက် လေ့ကျင့်ကြည့်ကြရအောင်။”

ဤလေ့ကျင့်ရေး နည်းလမ်းအားလုံးသည် သူတို့နှင့် သက်ဆိုင်သော စာလုံးများအတွင်း၌ ပါရှိပြီး၊ ကိုယ် ကိုယ်တိုင်သာ နားလည်သဘောပေါက်နိုင်သည်။

လူနှစ်ယောက်၊ ကျားနှစ်ကောင်၊ နှင့် မြွေပါဝိညာဉ် တစ်ခု။

သူတို့က ယန်အာရုံ ရေကန်ကို ဝန်းရံကာ လေ့ကျင့်ရန် စတင်လိုက်ကြပြီး၊ ရွှေရောင် ယန်အာရုံ စွမ်းအင်သည်။ စီးကြောင်းငါးခုအဖြစ်ပြောင်းသွားကာ၊ သူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ စုပ်ယူနေကြသည်။

ယန်အာရုံ စွမ်းအင်က သူတို့ကို လွှမ်းခြုံထားကာ၊ ရေကန်ပတ်လည်တွင် ရွှေရောင် အလင်းစု ငါးခုကို ဖြစ်ပေါ်လာစေသည်။

စွမ်းအင်စီးကြောင်း ငါးခုအနက်။

ဝူယွမ်၏ စီးကြောင်းက အထူဆုံးဖြစ်သည်။

ယန်အာရုံ စွမ်းအင်သည် မယုံနိုင်လောက်အောင် ကြွယ်ဝသော်လည်း၊ သူတို့၏ လက်ရှိ ကိုယ်ခန္ဓာများက ထိုစွမ်းအင်ကို အလွန်အမင်းကို ခံနိုင်ရည်မရှိကြသေးပေ။

နည်းနည်းကြာပြီးနောကိ ရှောင်တျောင်းက ပထမဆုံး ရပ်လိုက်ရသည်။ သူက ဝိညာဉ်အသွင်သာရှိပြီး၊ ယန်အာရုံ စွမ်းအင်နှင့် လုံးဝကိုက်ညီမှုမရှိသောကြောင့်၊ အနည်းငယ် သောက်ပြီးသည်နှင့် ပြည့်သွားသည်။

ဤအချိန်တွင်၊ ယန်အာရုံအရည်ကို ရှောင်တျောင်း အသုံးပြုခြင်း၏ အကြီးမားဆုံးသ အကျိုးသက်ရောက်မှုမှာ သူ၏ နတ်ဆိုးဝိညာဉ်ကို ပြန်လည်ထူထောင်ရန်နှင့်၊ သူ၏ နတ်ဆိုးဝိညာဉ် အလွယ်တကူ ပျောက်ကွယ်မသွားစေရန် သာဖြစ်သည်။

“ကံမကောင်းပါလား၊ အရှင်သခင်တျောင်းမှာ ကိုယ်ခန္ဓာမရှိဘူး၊ မဟုတ်ရင် ငါ သေချာပေါက် ဝအောင်သောက်မှာ။”

ရှောင်တျောင်းက တောက်ပနေသော ရွှေရောင် ယန်အာရုံ ရေကန်ကို ကြည့်ကာ နောင်တရစွာဖြင့် ပြောလိုက်သည်။

သိပ်မကြာမီ၊ ပိုင်ယွမ်လည်း ရပ်လိုက်သည်။

သူမသည် “စင်ကြယ်” စာလုံးကို ရွေးချယ်ထားပြီး၊ အမျိုးသမီးဖြစ်သည့်အတွက်၊ သူမသည် မူလအားဖြင့် ယင်ဖြစ်နေပြီး၊ ယန်အာရုံအရည်နှင့် အတော်လေး မကိုက်ညီပေ။

လိင်က အားသာချက်ကို ဆုံးဖြတ်သည်။

ယန်စွမ်းအင်လောကတွင်၊ ယောက်ျားများက သဘာ၀ အားသာချက်ရှိသည်။

ထို့နောက်၊ လင်းတုန်နှင့် ရှောင်ယန်တို့က တစ်နာရီကြာ ခံနိုင်ရည်ရှိပြီးနောက်၊ သူတို့လည်း ပြည့်သွားကြသည်။

သူတို့အားလုံး စုပ်ယူခြင်းကို ရပ်လိုက်ကြသည်။

အလင်းစု လေးခုသည် ရေကန်နားတွင် တိတ်တဆိတ် ရပ်နေကြပြီး၊ စုပ်ယူထားသော စွမ်းအင်ကို ဖြေးဖြေးချင်း သန့်စင်နေကြသည်။

မူက ပေါ်လွင်နေသော ယန်အာရုံရေကန်သည် ယခုအခါ အနက်သုံးမီတာ ကျဆင်းသွားသော်လည်း၊ အောက်ခြေအထိတော့ မရောက်သေးပေ။

ဝူယွမ်မှာမူ ယန်အာရုံစွမ်းအင်ကို ရူးသွပ်စွာ ဆက်လက်စုပ်ယူနေဆဲဖြစ်သည်။

သူ၏အဖော်များ အားလုံး စုပ်ယူခြင်း ရပ်လိုက်ပြီကို မြင်သောအခါ၊ ဝူယွမ်က နောက်ထပ် မတုန့်ဆိုင်းတော့ဘဲ ရေကန်ထဲသို့ တိုက်ရိုက်ခုန်ချလိုက်သည်။

သူ၏ကိုယ်ခန္ဓာသည် ယခုအချိန်တွင် အလွန်တရာ အသက်၀င်နေပြီး၊ သူ၏ကိုယ်ခန္ဓာရှိ အမှုန်အားလုံး လှုပ်ရှားကာ၊ ခြောက်သွေ့နေသော ရေမြှုပ်တစ်ခုကဲ့သို့ ယန်အာရုံအရည်ကို စုပ်ယူနေသည်။

‘နတ်ဆင်နှိမ်နင်းခြင်း’ ၏ လေ့ကျင့်မှုသည် “ကြည်လင်” စာလုံး လေ့ကျင့်မှုအတွက် အလွန်ကောင်းမွန်သော အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။

တစ်ချိန်တည်းမှာ “ကြည်လင်” စာလုံး လေ့ကျင့်မှုသည်လည်း ‘နတ်ဆင်နှိမ်နင်းခြင်း’ ကို လျင်မြန်စွာ တိုးတက်လာအောင် လှုံ့ဆော်ပေးခဲ့သည်။

ဝူယွမ်က ယခုအချိန်တွင် ‘နတ်ဆင်နှိမ်နင်းခြင်း’ကို ပထမဆုံးအဆင့် အရေးကြီးသော အဆင့်ဆီသို့ တွန်းပို့နေသည်။

ဆင်ပြောင်ကြီးအမှုန်၊

သူက သူ၏ကိုယ်ခန္ဓာတစ်ခုလုံးရှိ သန်း ၈၄၀ ရှိ သေးငယ်သော အမှုန်လေးများအတွင်း ဆင်ပြောင်ကြီးများ၏ စွမ်းအားကို ဖွင့်လှစ်လိုက်နိုင်သည်။

တစ်ချိန်တည်းမှာပင်၊ သူက ‘ကြည်လင်’ စာလုံးကို လေ့ကျင့်ခြင်း ပထမဆုံးခြေလှမ်းကို လှမ်းလိုက်နိုင်ပြီး၊ မွေးရာပါ ကိုယ်ခန္ဓာကို ရရှိခဲ့သည်။

ဖိနှိပ်ခြင်းအကျင်းထောင်ဘုရင် ကိုယ်ခန္ဓာ၏ အစောပိုင်းအဆင့်တွင် မွေးရာပါ ကိုယ်ခန္ဓာ လေးမျိုးရှိသည်။ ကြမ်းတမ်းသော ဖိနှိပ်ခြင်း ကိုယ်ထည်၊ စီးဆင်းမှု ဖိနှိပ်ခြင်း ကိုယ်ခန္ဓာ၊ ခမ်းနားသောတောင် ကိုယ်ခန္ဓာ၊ နှင့် အနန္တအလေးချိန် ကိုယ်ထည်။

ဝူယွမ်မှာ၊ ‘ ကြည်လင်’ စာလုံးကို နားလည်သဘောပေါက်ပြီး၊ သူ၏အလိုအလျောက် အသိကို အခြေခံကာ လေ့ကျင့်ခြင်းဖြင့်၊ ခမ်းနားသောတောင် ကိုယ်ခန္ဓာကို ဖွဲ့စည်းရန် အလွန်နီးကပ်နေပြီဖြစ်သည်။

သူ၏ကိုယ်ခန္ဓာ အလေးချိန်က ကြီးကျယ်သော တောင်ကြီးတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

ဖိချလိုက်ရုံဖြင့် လူကို သေအောင်ကြေမွအောင် လုပ်နိုင်သည်။

‘နတ်ဆင်နှိမ်နင်းခြင်း’ ပထမအဆင့်၊

နှင့် ခမ်းနားသောတောင် ကိုယ်ခန္ဓာကို အောင်မြင်စွာ လေ့ကျင့်နိုင်ခြင်း၊

နှစ်ခုစလုံးက တိုးတက်ရန် ကြီးမားသော စွမ်းအင် ပမာဏကို လိုအပ်သည်၊ သူ၏ကိုယ်ခန္ဓာထဲရှိ အမှုန်တစ်ခုချင်းစီကို အပြည့်အဝ အားအင်းဖြည့်တင်းပေးရန် လိုအပ်သည်။

ဝူယွမ်က အဝတ်အစားများကို ဆုတ်ဖြဲကာ၊ သူ၏ကိုယ်ခန္ဓာကို ဖော်ပြလိုက်ပြီး၊ ရွှေရောင်ရေကန်ထဲသို့ နှစ်ဝင်သွားသည်။

သူ၏ကိုယ်ခန္ဓာတစ်ခုလုံးတွင် ရေဝဲများပေါ်လာကာ၊ ယန်အာရုံအရည်ကို ရူးသွပ်စွာ စုပ်ယူနေသည်။

ယန်းအားရည်အားလုံးသည် ဝူယွမ်ဆီသို့ ဖြေးဖြေးချင်း စီးဝင်လာပြီး၊ သူ၏ကိုယ်ခန္ဓာသည် ရွှေရောင် ပိုးခြည်လုံး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူက နောက်ဆုံးတွင် ရေကန်၏အောက်ခြေထိ ရောက်ရှိသွားသည်။

ရေကန်၏အောက်ခြေတွင် ခြေချိတ်ထိုင်နေပြီး၊ ပျစ်ချွဲသော ယန်းအာရုံအရည်က သူ၏ကိုယ်ခန္ဓာကို တင်းတင်းကျပ်ကျပ် ကပ်နေသည်။

သူ၏ကိုယ်ခန္ဓာအတွင်းမှ အလွန်တရာ ခမ်းနားသော စွမ်းအင်ကလည်း ပေါက်ကွဲထွက်တော့မလို ဖြစ်နေငည်ာ

သူ၏ကိုယ်ခန္ဓာ နေရာတိုင်းတွင် စွမ်းအင်လှိုင်းများ လှုပ်ရှားနေသည်။ ‘ ကြည်လင်’ စာလုံးကို လေ့ကျင့်ခြင်း၏ အကျိုးသက်ရောက်မှုက သူ၏ကိုယ်ခန္ဓာကို ပိုမိုပြီးပြည့်စုံလာစေရန်ဖြစ်သည်။

သူ၏အရိုးများ ပဲ့ထွက်လာသည်၊

သူ၏အတွင်းကလီစာများ တုန်ခါကုန်သည်။

သူ၏အပေါက်များ ကျယ်ပြန့်လာပြီး၊ ရွှေရောင် စွမ်းအင်စီးကြောင်းများ ဝင်ထွက်နေသည်။

အသက်ရှူလိုက်တိုင်း၊ မျက်စိဖြင့်ပင် မြင်နိုင်သောထုထည်နှင့် ကြွယ်ဝသော ယန်စွမ်းအင်များကို ထုတ်လွှတ်နေသည်။

သူ့ပါးစပ်မှ အရည်များစုပ်ယူနေကာ သူ၏အရေပြားမှ မွှေးကြိုင်သောအနံ့များ ထွက်လျှက်ရှိသည်။

ဤအချိန်တွင်၊ သူ၏ကိုယ်ခန္ဓာသည် ပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုနှင်ါ ကြုံတွေ့ခဲ့ရသည်။

သူ၏မျက်နှာပုံသဏ္ဍာန်ကို အနည်းငယ် ညှိပေးထားပြီး၊ အလွန်တရာ ပြေပြစ်သိမ်မွေ့၊ ကြည်လင်စင်ကြယ်၊ သန့်ပြန့်လာသည်။

သူ၏ကိုယ်ခန္ဓာသည် ပြည့်စုံသော အချိုးအစားများ၊ ကြွက်သားများ ရှင်းရှင်းလင်းလင်းဖြင့် အမြှောင်းလိုက်ထနေပြီး၊ ကိုယ်ခန္ဓာ ကြီးလာခြင်းမဟုတ်ဘဲ ပိုကျစ်လစ်သိပ်သည်းသွားသည်။

သူ၏အသားအရေကလည်း ရွှေရောင်ရှိပြီး၊ မယုံနိုင်လောက်အောင် ခိုင်မာသော ယောက်ျားပီသမှုနှင့်၊ မယုံနိုင်လောက်အောင် ခိုင်မာသော စွမ်းအားရှိသည့် အရှိန်အဝါကို သူ၏ကိုယ်ခန္ဓာမှ ထုတ်လွှတ်နေသည်။

မျက်နှာက သိမ်မွေ့သော်လည်း၊ ထိုစွမ်းအားက တောင်တစ်ခုကဲ့သို့ ခံစားရကာ၊ မြင်သူတိုင်း ကြီးမားသော ဖိအားကို ခံစားရစေသည်။

သူက မျက်လုံးဖွင့်လိုက်ကာ၊ မျက်လုံး အတွင်းတွင် ရွှေရောင် အလင်းများ လည်ပတ်နေသည်။

ဓားကဲ့သို့ မျက်ခုံးမွှေးများနှင့် ကြယ်ကဲ့သို့ မျက်လုံးများ၊ တောက်ပသော မျက်ဆန်များနှင့် ပုလဲကဲ့သို့ သွားများ၊

သူ့တွင် အတုမရှိသော ချောမောလှပသည့် မျက်နှာနှင့် သာမန်မဟုတ်သည့် အရှိန်အဝါကပေါင်းစပ်နေကာ ယောက်ျားဆန်မှုကို အပြည့်အ၀ဖော်ပြနေသည်။

သူ၏ကျင့်ကြံခြင်း အဆင့်က တိုးတက်မှုမရှိသော်လည်း၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် အရင်နဲ့ မတူတော့ဘဲ အတော်လေး ကွာခြားသွားသည်။

ဝူယွမ်သည် လက်သီးဆုပ်ပြီး ညှစ်လိုက်သည်နှင့် သူ၏ လက်သီးဆုပ်အဆစ်များမှ တစ်ဆစ်ဆစ် မြည်သံထွက်လာသည်။

သူ့ကိုယ်အတွင်းရှိ ကြီးမားသော စွမ်းအားသည် သူ့ကို ယုံကြည်မှုအပြည့် ခံစားရစေကာ။ အခု လင်းလန်တျန်း သို့မဟုတ် လိန့်ယွမ် ပုံဆောင် သားရဲနှင်ါ ရင်ဆိုင်ရမည်ဆိုလျှင်၊ လက်သီးတစ်ချက်ဖြင့်၊ ခြေကန်ချက်တစ်ချက်ဖြင့် ကြေမွသွားအောင် လုပ်နိုင်မည်ဟု သူခံစားနေရသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ စွမ်းအု်ကို အသုံးပြုသောအခါ၊ အလေးချိန် ထောင်ပေါင်းများစွာရှိသကဲ့သို့‌ လေးလံနေသည်။

ရှောင်တျောင်း - “အစ်ကိုကြီး၊ ရေချိုးနေတာလား။”

လင်းတုန် - “အို၊ အစ်ကိုကြီး၊ အဝတ်တွေ ဘာလို့ အကုန်ချွတ်လိုက်တာလဲ။”

ပိုင်ယွမ် - “‌ေဝါးးး ~”

ရှောင်ယန် - “အော်ဝိုး။”

ကန်အထက်မှ လူတစ်ယောက်၊ မြွေပါတစ်ကောင်၊ ကျားနှစ်ကောင်တို့သည် သူ့ကို မျက်လုံးအဝိုင်းကြီးများဖြင့် ကြည့်နေကြသည်။

ဝူယွမ်က အနည်းငယ် ရှက်ကိုးရှက်ကန်ဖြစ်ကာ၊ ထပြီး သူ၏သိုလှောင်အိပ်ထဲမှ အဝတ်အစားများကို ထုတ်ယူကာ ဝတ်လိုက်သည်။

“ဟင်၊ အစ်ကိုကြီး၊ မင်းက... ပြောင်းလဲသွားတယ်”

လင်းတုန်သည် အသက်ပြင်းပြင်းရှူကာ၊ စိတ်ထဲတွင် အနည်းငယ် နိမ့်ကြသွားသကဲ့သို့ ခံစားချက်ဖြင့် အော်ဟစ်လိုက်သည်။

ပိုင်ယွမ်ကတော့ စိတ်ဝင်တစား စိုက်ကြည့်နေသည်။

ရှောင်တျောင်းနှင့် ရှောင်ယန်တို့သည်လည်း တုန်လှုပ်သွားကြသည်။

“ခဏစောင့်ပါ၊ အစ်ကိုကြီးက ဘာလို့ ချောမောလှပသွားသလိုခံစားရတာလဲ။”

လင်းတုန်က အမြန်အကြောင်းအရာပြောင်းလိုက်ပြီး၊ သူ၏ပါးစပ်ကို အုပ်လိုက်မိသည်။

သူက အစ်ကိုကြီးကို သေချာကြည့်‌ေနသည်။ သူ၏အသွင်အပြင်က မှတ်မိနိုင်သေးသော်လည်း၊ အနီးကပ် ကြည့်လျှင်၊ အရင်ကနှင့် သိသိသာသာ ကွာခြားမှုရှိသည်ဟု သူခံစားနေရသည်။

အရှင်းဆုံး ခံစားချက်မှာ အစ်ကိုကြီးက ပိုပြီးဆွဲဆောင်မှုရှိလာခြင်းဖြစ်သည်။

သူသ ပိုကြည့်လေ ပိုချောလေဖြစ်ပြီး၊ ပကတိချို့ယွင်းချက်မရှိ လှပသော မျက်နှာတစ်ခုဖြစ်သွားသည်။

ထို့အပြင်၊ ဝူယွမ်က ယောက်ျားပီသသော အရှိန်အဝါနှင့် ကြီးကျယ်ခန်းနားသော အရှိန်အဝါဖြင့် ပြည့်နှက်နေသည့် အခြေအနေမှာ ရှိသည်။

“အစ်ကိုကြီး၊ သူပြောင်းလဲသွားပြီ။

သူက ပိုပြီးလှပလာတယ်”

ဝူယွမ်သည် အဝတ်အစားများကို ဝတ်ဆင်ပြီး၊ အပေါ်သို့ တက်လာရန် ပြင်ဆင်နေချိန်၊ ရုတ်တရက်၊ ရှောင်တျောင်းသည် အံ့အားသင့်ကာ အော်ဟစ်လိုက်သည်။

“အစ်ကိုကြီး၊ ကြည့်ပါဦး၊ ဒါဘာကြီးလဲ။”

သူက စိတ်လှုပ်ရှားစွာဖြင့် ဝူယွမ်၏ အောက်ဘက်ကို ညွှန်ပြနေသည်။

ဝူယွမ်က ရှောင်တျောင်းညွှန်ပြရာ အောက်သို့ ကြည့်လိုက်သည်နှင်ါ သူထိုင်နေခဲ့သော ရေကန်၏အောက်ခြေတွင် ထူးဆန်းသော အရာဝတ္ထုတစ်ခုကို မြင်လိုက်ရသည်။

၎င်းသည် လုံးဝန်းပြီး ရွှေရောင်ဖြစ်နေသည်။

“ဥတစ်လုံး။”

“အစ်ကိုကြီး၊ ကျွန်တော်တို့ မမြင်ရတုန်း မင်းဥချလိုက်တာလား။”

ရှောင်တျောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

သူသည် သူ၏လက်ဖဝါးကလေးဖြင့် ပါးစပ်ကို ပိတ်ကာ၊ ဝူယွမ်ကို မယုံကြည်နိုင်ဖွယ်ရာ ကြည့်နေသည်။

ဤအရာသည် အလွန်ထူးဆန်းသည်။ သူတို့၏ ဝိညာဉ်စွမ်းအင်ဖြင့် စမ်းသပ်ကြည့်ရာတွင် ဘာမှမတွေ့ခဲ့ပေ။

ဝူယွမ်က ကန်အောက်တွင် လေ့ကျင့်နေခဲ့ပြီး၊ သူထိုင်နေခဲ့သော နေရာတွင် ဥတစ်လုံးရှိနေသည်။

ဤအရာသည် မြွေပါကို သံသယဝင်စေရန်၊ ကျားများကို သံသယဝင်စေရန်၊ လူကို သံသယဝင်စေရန် လုံလောက်သည်။

လင်းတုန်၊ ပိုင်ယွမ်၊ နှင့် ရှောင်ယန်တို့သည်လည်း ထူးဆန်းပြီး ရှုပ်ထွေးသော အမှတ်အသားများရှိသည့် ရွှေဥကို တွေ့မြင်ကြသည်။

ဝူးး ~ ဝူးး

ပိုင်ယွမ်နှင့် ရှောင်ယန်တို့သည် စူးစမ်းချင်သည့် အသံဖြင့် အော်‌ေနကြသည်။

လင်းတုန် - “ဥချတယ်ဆိုတာ။ လူသားက ဒါမျိုးလုပ်နိုင်သလား။”

ဝူယွမ် - “ဥချတယ်ဆိုတာ။ ဒါ လူသားက လုပ်နိုင်တဲ့အရာလား။”

ဤသည်မှာ မှားယွင်းနေသည်။

သူသည် အမြန်ထပြီး စစ်ဆေးကြည့်သည့်အခါ တကယ်ပဲ ဥတစ်လုံးဖြစ်နေသည်။

ထိုဥက သူထိုင်ခဲ့သော နေရာတွင် ရှိနေပြီး၊ သူ၏နောက်ကျော တစ်ခုစာလောက်ဘဲ ကြီးမားသည်။ သူသာမထပါက၊ ကန်အထက်ရှိ ရှောင်တျောင်းနှင့် အခြားသူများ မြင်နိုင်မည် မဟုတ်ပေ။

ဝူယွမ်၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးနေပြီး ဤမြင်ကွင်းက ဝူယွမ်ကို ရှင်းပြရန် ခက်ခဲသွားစေသည်။

သို့သော်၊ ဤဥက ဝူယွမ်၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်သည်။

သူအစောက ဝိညာဉ်စွမ်းအင်ဖြင့် စမ်းသပ်ကြည့်ခဲ့သော်လည်း၊ တုံ့ပြန်မှုမရှိခဲ့ပေ။

ပုံမှန်အားဖြင့်၊ မည်သည့်ဥဖြစ်စေ၊ အတွင်းရှိအရာကသည် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ၊ ဝိညာဉ်စွမ်းအင်ဖြင့် စမ်းသပ်တွေ့ရှိနိုင်သည်။

သို့သော် ဤဥကတော့ မတွေ့ရပေ။

တစ်ချိန်လုံး သူဝိညာဉ်စွမ်းအင်ဖြင့် စမ်းသပ်ကြည့်နေသော်လည်း၊ ရလာဒ်ကအတူတူပင်ဖြစ်ပြီး လုံးဝဗလာဖြစ်နေသည်။

မျက်လုံးဖြင့် မြင်နိုင်သော်လည်း၊ ဝိညာဉ်စွမ်းအင်ဖြင့် စမ်းသပ်၍မရပေ။

ရေကန်၏အောက်ခြေသည် အထူးကြွေပြားများ-ရွှေရောင် ထူးဆန်းသော ကျောက်တုံးများ ခင်းထားပြီး၊ ဤကျောက်တုံးများတွင် လူသား လက်ရာ၊ လက္ခဏာများရှိကြောင်း၊ ဤကြွေပြားများအတွင်း၌လည ရူန်းများရှိကြောင်း တွေ့ခဲ့ရသည်။

ယန်အာရုံရေကန်တစ်ခုလုံးက အစီအရင်ပုံစံကဲ့သို့ ဖြစ်နေပြီး

ရွှေဥကို ရေကန်၏အောက်ခြေရှိ ကြွေပြားများအတွင်း၌ ထည့်သွင်းထားသည်။

ဝူယွမ်က ဥကို ကောက်ယူလိုက်သည်က။ ဥ အလွန်ကြီးမားကာ၊ သူ၏ဘဝနှစ်ခုအတွင်း မြင်ဖူးသမျှ ဥများထဲတွင် အကြီးဆုံးဖြစ်ပြီး၊ သူ့ခါးအရွယ်အစား၏ တစ်ဝက်ခန့်ရှိသည်။

“အတော်လေးတာဘဲ ချင်းတန်သာ မမယ်ဆိုရင် သူ မ မ နိုင်တာသေချာတယ်။”

ရှောင်တျောင်းနှင့် လင်းတုန်တို့သည်လည်း ဥကို စူးစမ်းစွာ စစ်ဆေးကြည့်ရန် အောက်သို့ ဆင်းလာကြသည်။

“ဒီတော့ ဒီယန်အာရုံရေကန်ရဲ့ အဓိကရည်ရွယ်ချက်က ဒီဥဘဲပေါ့။”

ရှောင်တျောင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ဘာလို့ လှုပ်ရှားမီု မရှိတာလဲ။ ဥသေလား။” လင်းတုန်က သံသယဖြင့် မေးလိုက်သည်။

“ဥက မသေဘူး

မဟုတ်ရင်၊

ရှေးခတ်ကပုဂ္ဂိုလ်က ဒီလောက်ကြီးမားတဲ့ အစီအစဉ်တွေ အလကား ချခဲ့မှာမဟုတ်ဘူး

ယန်းအာရုံအရည် အများကြီး စုဆောင်းဖို့ နှစ်ထောင်ချီပြီး ကြာခဲ့တယ်၊

အဲ့တာက ဒါကို ပြုစုပျိုးထောင်ဖို့အတွက်ဘဲ၊

ဟုတ်တယ်မလား၊

အစ်ကိုကြီး။”

ရှောင်တျောင်းသည် ဤကိစ္စကို အတည်ပြုရန် သူ၏စကားလုံးများကို ဖြေးဖြေးခြင်း ထပ်ကာထပ်ကာ အားဖြည့်ပြောလိုက်သည်။

သူက ဤဥသည် အစ်ကိုကြီးမှ အစီအစဉ်ချထားသည်ဟု ယူဆပြီးသားဖြစ်သော်လည်း၊ ဥက သေသလား ရှင်သလား သေချာမသိသေးပေ။

ထို့ကြောင့် သူက အစ်ကိုကြီးကို မေးမြန်းလိုက်ခြင်းဖြစ်သည်။ အစ်ကိုကြီးက ဥသေဟု ပြောသည်ကို သူမကြားလိုပေ။

နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့်၊ ဤဥက ပြန်လည်မွေးဖွားသူ အကြီးအကဲတစ်ဦးက ဤမျှကြိုးပမ်းအားထုတ်ခဲ့သည့်အတွက် မည်သည့် မျိုးနွယ်စုတွင် ပါဝင်သည်ကို အလွန်စူးစမ်းချင်နေသည်။

“ရှောင်တျောင်း မှန်တယ်၊ ဒီဥက သေတာမဟုတ်ဘူး၊ ဒါပေမယ့် အပေါ်မှာ ချိတ်ပိတ်ထားတဲ့ အတားအဆီးရှိတယ်၊ အတွင်းကစွမ်းအင်ကို အပြင်ကိုမယိုစေဖို့ သီးသန့်ခွဲထားတယ်။ ဒါပေမယ့် စွမ်းအင်ကိုတော့ စုပ်ယူနိုင်တယ်၊ စွမ်းအင်က ဝင်နိုင်ပေမယ့် မထွက်နိုင်ဘူး။”

ဝူယွမ်က ကြိုးစားပြီး ဖြေသည်။ သူက ဥပေါ်ရှိ ရူန်းများကို ဂရုတစိုက် ကြည့်ရှုနေခြင်းဖြစ်သည်၊ ထို့ကြောင့် ရှောင်တျောင်း၏ စကားသံကို သတိမထားမိပေ။

ဥပေါ်ရှိ ရူန်းများထဲတွင်၊ ဝူယွမ်က အမျိုးမျိုးသော ပေါင်းစပ်ရူန်းများကို တွေ့ရှိခဲ့သည်။ ယင်းတို့ထဲတွင် ချိတ်ပိတ်ရူန်းများလည်း ပါဝင်ပြီး၊ မူလချိတ်ပိတ်ရူန်းများနှင့် အလွန်နီးစပ်ကာ၊ အစီအရင်ပုံစံ ချမှတ်သူက အလွန်ကျွမ်းကျင်မှုရှိကြောင်း သက်သေပြနေသည်။

ဤပေါင်းစပ်အစီအရင်ပုံံစံကို သူအချိန်တိုအတွင်း နားလည်နိုင်ခြင်းမရှိပေ။

ဥပေါ်ရှိ ရူန်းများနှင့် ဤယန်အာရုံရေကန်ရှိ အစီအရင်အပြင်၊ ဝူယွမ်သည် မြူဆိုင်းတော တစ်ခုလုံးမှာ အစီအရင်များ ရှိလိမ့်မည်ဟု သံသယရှိနေသည်။

ရှောင်တျောင်းက စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်သည်၊ “အစ်ကိုကြီး၊ ဒီဥထဲမှာ ဘယ်လိုသားရဲ ရှိနေတာလဲဆိုတာ သိလား။”

“ငါသေချာမသိဘူး၊ ဒါပေမယ့် သူပေါက်လာတာနဲ့ သိရမယ်မလား”

ဥအတွင်းရှိ သက်ရှိက ဘာကောင်လဲဆိုတာကို သူလည်း သိချင်နေသည်၊ ဒါပေမယ့် သူဘယ်လိုသိနိုင်မှာလဲ။

ရှောင်တျောင်းကဲ့သို့ အဆင့်မြင့် သားရဲကတောင် မသိတာကို၊ သူ့ကိုလာမေးနေသည်။

‘ငါတိုါ လူသားတွေက သားရဲကိစ္စတွေကို နားမလည်ဘူး။”

“သိထားတာအရမ်းကြာနေပြီ လျှို့ဝှက်နေသူကြီး” ရှောင်တျောင်းက ဝူယွမ်ကို မျက်လုံးပြူးကြည့်လိုက်သည်။

လင်းတုန်သည်လည်း ဥအကြောင်းကို အလွန်စူးစမ်းချင်နေပြီး အစ်ကိုကြီး၏အဖြေကိုကြားသောအခါ နှုတ်ခမ်းစူပြလိုက်သည်... “လျှို့ဝှက်ဆန်းကြယ်သူနေကြီး၊ ဒီတိုက်ကြီးက ထွက်သွားပါလား”

“ဒီမှာရှိတဲ့ ယန်အာရုံ အရည်ကို ငါတို့ စုပ်ယူပြီးသွားပြီ။ ဒီဥကို ဒီမှာထားရင် အသုံးမ၀င်တော့ဘူး၊ ဒါကြောင့် အခုတော့ ငါတိုါယူလိုက်ကြရအောင်။ ဒီမှာရှိတဲ့ အစီအရင်ကတော့ ဆက်ပြီးလည်ပတ်ခိုင်းလိုက်ပါ၊ ယန်းအာရုံအရည်ကို စုဆောင်းပါစေ၊ နောက်လာမယ့် ကံကောင်းသူတွေအတွက် ဒါမှမဟုတ် ငါတို့ရဲ့ မျိုးဆက်တွေ နောက်ပိုင်းမှာ ပြန်လာယူလို့ရတယ်။”

ဝူယွမ်က ဤနေရာကို ဖျက်ဆီးရန် ရည်ရွယ်ချက်မရှိပေ။

ထိုအစီအရင်က အလွန်စွမ်းအားကြီးပြီး၊ သဘာဝကျကာ၊ ချောမွေ့သော ခံစားချက်ကိုပေးနေသည်။ ၎င်းက မြူဆိုင်းတော တစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်ကို ခြုံငုံထားပြီး၊ နေစွမ်းအင်ကို စုပ်ယူနိုင်ကာ၊ မိမိကိုယ်ကို ဖြည့်တင်းနိုင်သည်။ နေတစ်လုံးလုံး ပေါက်ကွဲမသွားသရွေ့၊ အစီအရင်က မရပ်မတန့် အလုပ်လုပ်နေမည် ဖြစ်သည်။

ရှေးဟောင်းဂူသင်္ချိုင်းကဲ့သို့၊ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အားနည်းလာမည်ကို စိုးရိမ်စရာမလိုပေ။

ဝူယွမ်က ဥကို သူ၏သိုလှောင်အိပ်ထဲသို့ ထည့်ကာ၊ သန့်စင် ယွမ်းဆေးလုံးများဖြင့် အားဖြည့်လိုက်သည်။

ဤရွှေဥပေါ်တွင် ဝါးမျိုရူန်းတစ်ခုရှိပြီး၊ ဥအတွင်းရှိ သက်ရှိ၏ အသက်စွမ်းအားကို ထိန်းသိမ်းရန် စွမ်းအင်ကို စုစည်းနိုင်သည်။

ဝူယွမ်က ကျေနပ်သွားပြီး ပြောလိုက်သည်။ “ကောင်းပြီ၊ ဒီမှာရှိတဲ့ ကံကောင်းမှုကို ငါတို့ရပြီးပြီ။”

“ထွက်သွားကြရအောင်”

All Chapters