← Chapters

လင်းတုန်-‌အစ်ကို၊ ကျန်းယွဲ့ဆိုတဲ့ မိန်းကလေးက နက်ရှိုင်းစွာ မိတ်ဖွဲ့သင့်သူ မဟုတ်ပါဘူး

Vol. 10 Ch. 96

လင်းတုန်-‌အစ်ကို၊ ကျန်းယွဲ့ဆိုတဲ့ မိန်းကလေးက နက်ရှိုင်းစွာ မိတ်ဖွဲ့သင့်သူ မဟုတ်ပါဘူး

Vol. 10 Ch. 96

“ဟားဟား... ညီလေးဝူယွမ် ဒီလောက်ကြိုးစားပြီးလုပ်ဖို့ မလိုပါဘူး၊ ညီငယ်လည်း ခဏအနားယူလိုက်လေ။ ကျွန်တော်တို့လည်း ဒီမှာ ခဏနားပြီးရင် ထွက်ကြတော့မှာ မနက်ဖြန်ဆို မြူတိမ်တောထဲကနေ ထွက်နိုင်ပြီထင်တယ်။”

ကျန်းလဲ့က ရယ်ရယ်မောမောဖြင့် ဝူယွမ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ သူတို့ကို မြူတိမ်တောထဲကနေ ခေါ်ထုတ်ပေးဖို့ဆိုတာ သူ့အတွက်တော့ အလွန်လွယ်ကူသော ကိစ္စတစ်ခုပင်။

ဝူယွမ်နှင့် လင်းတုန်တို့ကလည်း အဖွဲ့ထဲသို့ ချောမောစွာ ပေါင်းစည်းသွားကြသည်။ သိန်းငှက်သိုင်းခန်းသားတွေမှာ ဖြောင့်မတ်ရိုးသားသူများဖြစ်ပြီး ဝူယွမ် ခုနက ပြသခဲ့သော ကျွမ်းကျင်မှုကြောင့် အားလုံးက သူ့ကို လေးစားတည်ကြည်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ကျန်းယွဲ့တစ်ယောက်သာလျှင် ဝူယွမ်အပေါ် သံသယဝင်နေဆဲဖြစ်သည်။ သူမ၏ စိတ်အတွင်းက သူခုနကပြောသမျှအားလုံး အလိမ်စကားတွေချည်းပဲလို့ ပြောနေသည်။

“မင်းပြောသမျှအားလုံး အမှန်တကယ်ဖြစ်ရင်ကောင်းမယ်... မဟုတ်ရင် ငါ မင်းကို မချမ်းသာပေးဘူး။”

သူမက ဝူယွမ်ထံသို့ လျှောက်သွားကာ ခပ်တိုးတိုး ခြိမ်းခြောက်လိုက်သည်။

ပြောပြီးသည်နှင့် ဂရုမစိုက်သလို ထွက်သွားပြီး သူမ၏ အေးစက်သော ဟန်က လူတွေနှင့် ခပ်ခွာခွာနေသည့် သဘောရှိသည်။

“ဟီး... ဒီမိန်းကလေးက လှတယ် မဟုတ်လား... ဒါပေမယ့် လူတိုင်းကို ရန်သူလိုမျိုး ဆက်ဆံနေတယ်။ အစ်ကိုကြီး... ဒီလိုမိန်းကလေးမျိုးက နက်နက်ရှိုင်းရှိုင်းမိတ်ဖွဲ့သင့်တဲ့သူမဟုတ်ဘူးနော်” လင်းတုန်က ဝူယွမ်ထံ အသံလွှင့်ကာ မှတ်ချက်ပေးလိုက်သည်။

“အခုမှစတွေ့တာကို... အလျင်စလိုသတ်မှတ်တာမျိုးမလုပ်နဲ့။ အစ်ကို့အတွေ့အကြုံအရဆို ဒီလိုမိန်းကလေးတွေက အပြင်က အေးတယ်... အတွင်းက ပူတယ်ဆိုတာမျိုး ဖြစ်တတ်တယ်”

ဝူယွမ်က ခေါင်းခါကာ ရိုးသား‌ေသာ လင်းတုန်၏ အမြင်ကို သဘောမတူခဲ့ပေ။

လင်းတုန်က မိန်းကလေးတွေနဲ့ ပတ်သတ်လျှင် အတွေ့အကြုံနည်းသူဖြစ်ပြီး။ ဒီအချက်မှာတော့ သူဟာ အစ်ကိုတော်ဖြစ်သူလောက် အတွေ့အကြုံမရှိပေ။

ကျန်းယွဲ့၏ သံသယဖြစ်တတ်သော စိတ်သဘောထားက သူမ၏ သိုင်းခန်းနှင့် မိသားစုအတွက် စိုးရိမ်သောကရောက် နေသောကြောင့်ဖြစ်သည်။ သူမရဲ့ ပိုမိုထိရှလွယ်သော အကျင့်က သူမ မိသားစုကို ဂရုစိုက်တတ်ကြောင်း သက်သေပြနေသည်။

“အစ်ကိုကြှး... လှလိုက်တာ”

ကျန်းယင်းယင်းက သူမ၏ ခြေထောက်တိုတိုလေးများဖြင့် လမ်းလျှောက်လာကာ ချစ်စရာကောင်းသော ချင်းတန်နှင့် သိပ်ဆင်တူသည်။

သူမ ဝူယွမ်ရင်ထဲက ပိုင်ယွမ်ကို လိုချင်နေသောမျက်လုံးများဖြင့် ကြည့်ကာ “အစ်ကို... ကျွန်မ ချီလို့ရမလား”

“ရတာပေါ့... မင်းကလည်း ချစ်စရာကောင်းတယ်မလား... ချီလို့ရတာပေါ့”

ကျန်းယင်းယင်း၏ ချောမောသိမ်မွေ့သော မျက်နှာလေးက အလွန်ချစ်စရာကောင်းလှသည်။

ဝူယွမ်က ပိုင်ယွမ်ကို ကျန်းယင်းယင်းထံပေးလိုက်ပြီး ကျန်းယင်းယင်း၏ ရင်ခွင်ထဲမှ ပိုင်ယွမ်က မကျေမနပ်ဖြစ်နေပြီး ပြန်ခုန်ချင်နေသည်။

“အငြိမ်နေပြီး... သူမကို ချီခွင့်ပေးလိုက်ပါ”

ဝူယွမ်က ဝိညာဉ်စွမ်းအင်ဖြင့် ပိုင်ယွမ်ထံသို့ အသံလွှင့်လိုက်သည်။

သူမက ပြန်လည်မွေးဖွားလာသော စွမ်းအားကြီးသူတစ်ဦးဖြစ်သည်။ သူမချီတာခံရတာဟာလည်း သိပ်မဆိုးပါ... နောင်တစ်ချိန်မှာ သူတို့တွေအတွက် အကူအညီ ဖြစ်စေနိုင်လောက်သည်။

ကျန်းယင်းယင်း၏ မျက်နှာသေးသေးလေးတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ပေါ်လာပြီး သူမ၏ လက်ကလေးဖြင့် ပိုင်ယွမ်ကို သတိထားကာ ပွတ်သပ်ပေးနေသည်။

ပိုင်ယွမ်က “ညှစ်...ညှစ်” ဟု နှစ်ကြိမ်အသံပြုကာ မကျေမနပ်ဖြင့် ပါးဖောင်းနေပြီး သူ့ခန္ဓာကိုယ် မသန့်ရှင်းတော့ဟု ခံစားနေရသည်။

ခဏတာ အနားယူပြီးနောက်... သူတို့ ခရီးဆက်ကြပြန်သည်။

ဝူယွမ်နှင့် လင်းတုန်တို့ကလည်း လှည်းထဲသို့ တက်လိုက်လာကြသည်။

“လာပါ... ဝူယွမ်ညီငယ်... ရေနည်းနည်းသောက်လိုက်။ ကျွန်တော်တို့က မိသားစုလိုပဲဖြစ်သွားပြီ... အပြင်ရောက်ရင် အချင်းချင်း ကြည့်ရှုစောင့်ရှောက်ကြရမှာဘဲ”

သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ရေဘူးတစ်ဘူးကို လှမ်းပေးလိုက်သည်။ သူ၏ အမည်မှာ ဝူကျဲ့ဖြစ်ပြီး ယွမ်ဒန်အဆင့် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကာ ရွှေလင်းယုန်သိုင်းခန်း၏ အကြီးအကဲ တစ်ဦးလည်းဖြစ်သည်။

အဖွဲ့အတွင်းရှိ သူ၏ဂုဏ်သတင်းက ကျန်းလဲ့ပြီးလျှင် ဒုတိယဖြစ်သည်။

“ကျေးဇူးပဲ... အစ်ကိုကြီး”

ဝူယွမ်သည် လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ဖြောင့်မတ်ရိုးသားသူဖြစ်သည်။ သူက ဝူကျဲ့၏ ရေဘူးကိုယူကာ သောက်လိုက်သည်။

ပတ်ဝန်းကျင်ရှိ အမျိုးသားများက ဝူယွမ်ကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

“အဟွတ်... အဟွတ်... သောက်ရတာကောင်းတယ် အရက်ကောင်းပဲ”

တစ်ငုံ မျိုချလိုက်ပြီးနောက် ဝူယွမ်က ဝူကျဲ့ပေးသည်မှာ ရေမဟုတ်ဘဲ အရက်ပြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။

သို့သော်လည်း ဝူယွမ်က ဂရုမထားဘဲ နောက်ထပ်သောက်လိုက်ကာ အရက်ကောင်းကြောင်း ချီးကျူးလိုက်သည်။

“ဝူယွမ်ညီငယ်က စိတ်ရင်းမှန်တဲ့သူဖြစ်ကြောင်း ထင်ရှားတယ်... ဟားဟား... အရက်သောက်တတ်တဲ့သူကမှ ယောက်ျားအစစ်ဘဲ... ဒါပေမယ့် ငါ့ရဲ့အရက်က အတော်ကြမ်းတယ်ကွ”

“အရက်မှာ ကြမ်းတယ် နုတယ်ဆိုတာ မရှိပါဘူး... မူးရင်ပြီးရောလေ” ဝူယွမ်က ကြမ်းတမ်းစွာပြောလိုက်သည်။

သူ ရူးသွပ်ဓားသိုင်းခန်းတွင် ရှိစဉ်က သိုင်းခန်းမ အဖွဲ့၀င်များနှင့် မကြာခဏသောက်လေ့ရှိသည်။

သူက အမြဲတမ်း မာန်ကြီးပြီး လွတ်လပ်သူဖြစ်သည်။

“အား... ညီငယ်... နည်းနည်းလောက်တော့ ချန်ထားပါဦး... ဒါက အစ်ကို့မှာ ကျန်တဲ့ အရက်ကောင်းနည်းနည်းလေးပါ”

ဝူယွမ် ဆက်လက်သောက်သုံးနေသည်ကိုမြင်သော ဝူကျဲ့က အရက်အိုးကို ပြန်ယူကာ စိတ်မချမ်းသာဖြင့် ပြောလိုက်သည်။

“အစ်ကိုက... ဒီလောက်တောင်စဉ်းစားပေးတတ်တာဘဲ... လာပါ... ကျွန်တော့်ဟာသောက်ကြည့်” ဝူယွမ်က သူ၏ သိုလှောင်အိပ်ထဲမှ ဟွာချိုးအရက်တစ်အိုးကို ထုတ်ယူလိုက်သည်။

ဤအရက်သည် ယန်မြို့တွင်ရှိစဉ်က မြို့တော်ဝန် ရှီ... ဇီယွဲ့၏ ဖခင် ပေးခဲ့သော အရက်ဖြစ်ကာ။ သူ၏ သိုလှောင်အိပ်ထဲတွင် ရှိနေပြီး သောက်ဖို့မေ့နေခဲ့သည်။

နှစ်ပေါင်းတစ်ရာကျော်သက်တန်းရှိ ဟွာချိုးအရက်သည် မြို့တော်ဝန် ရှီ၏ အဖိုးတန်သော စုဆောင်းမှုတစ်ခုဖြစ်သည်။

ဝူယွမ်က အရက်အိုးကိုဖွင့်လိုက်သည်နှင့် ကြွယ်ဝသော အရက်နံ့များ ချက်ချင်းပျံ့နှံ့သွားပြီး ထိုနံ့ကိုရှူရှိုက်မိသူ ဒီနေရာရှိ အမျိုးသားအားများလုံး စိတ်လန်းဆန်းသွားကြသည်။

“ညီငယ်... အရက်ကောင်းကို ယူဆောင်လာမှတော့ အစ်ကိုကလည်း ယောက်ျားအစစ်မှန် ဖြစ်ကြောင်း သက်သေပြရမယ်” ဝူကျဲ့က လက်မထောင်ပြလိုက်သည်

ဝူယွမ်က သူကိုယ်တိုင် တစ်ကြိုက်မော့သောက်လိုက်ပြီးနောက် ဝူကျဲ့ထံ ပေးလိုက်ကာ အရက်သောက်ချင်နေသော အမျိုးသားများလည်း ဝူယွမ်ရှိရာဆီ စုဝေးလာကြသည်။ တောအုပ်ထဲတွင် မအီမသာဖြစ်နေသဖြင့် လူတိုင်းက ဗူးကိုကိုင်ပြီး အတူတူသောက်နေကြသည်။

တစ်ခဏအတွင်းမှာပင် ဝူယွမ်က ဤအမျိုးသားအုပ်စုနှင့် ရောနှောသွားခဲ့သည်။

လင်းတုန်က အရက်များများမသောက်ခဲ့သော်လည်း အနည်းငယ်တော့သောက်ခဲ့သေးသည်။ သူက ရှောင်ယန်အနားတွင်သာ တိတ်ဆိတ်စွာနေပြီး ရှောင်ယန်ကိုပွေ့ထားပြီး စကားနည်းနည်းသာပြော၀င်သည်။

“ဝူကျဲ့... မင်းတို့အားလုံး သတိထားကြ... အမူးလွန် မသွားကြစေနဲ့။ ဖြေရှင်းရမဲ့ ပြဿနာတွေ ကျန်သေးတယ်... မဟုတ်လား” ကျန်းလဲ့က လူတိုင်းကို သတိပေးလိုက်သည်။

“ခေါင်းဆောင်... စိတ်မပူပါနှင့်... ကျွန်တော် ၀ူကျဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းတတ်ပါတယ်။ ဒီအရက်ကောင်း သောက်ရင် ပိုပြီးတောင် လန်းဆန်းစေတယ်။ တစ်ကယ်လို့ အဲ့သားရဲတွေသာ လိုက်လာရင် ကျွန်တော် ပိုခုတ်ဖြတ် တိုက်ခိုက်နိုင်လိမ့်သည်”

ဝူကျဲ့က လက်မြှောက်ကာ ပြန်ပြောလိုက်သည်။

ပိုင်ယွမ်ကို ပွတ်သပ်နေသော သူ၏ညီမနှင့်အတူ ရှေ့တွင် လှည်းမောင်းနေသော ကျန်းယွဲ့က အခွင့်ကောင်းယူကာ ဝူယွမ်ကို ခိုးကြည့်နေခဲ့သည်။

အခု သူမက ဝူယွမ်ကို ကြည့်နေရင်း သိုင်းခန်းသားများနှင့် သဟဇာတဖြစ်စွာ ပျော်ရွှင်နေသော ဝူယွမ်၏ စစ်မှန်သော စိတ်သဘောထားသည် ဟန်ဆောင်ထားခြင်းမဟုတ်ဟု ထင်မိသည်။

ဤသို့သော ရဲရင့်ပြီး ပွင့်လင်းသော အမျိုးသားများထဲတွင် လှည့်စားတတ်သူများ ရှားပါးသည်။

အစောပိုင်းကလည်း သူ့အဖေက ညီအစ်ကိုနှစ်ယောက်သည် သာမန်မဟုတ်ပဲ ရိုးရှင်းသူများမဟုတ်ကြောင်း၊ သူမအနေဖြင့် ကောင်းကောင်းဆက်ဆံသင့်ကြောင့် သူမကို ပြောထားသည်။

ဝူယွင်- “အစ်ကိုကြီး... ခုနကပြောတာက မင်းတို့တစ်တွေ သားရဲတွေ လိုက်လံတိုက်ခိုက်တာကို ခံနေရတယ်ဆိုတာလား”

“အင်း... ညီငယ်... မင်းတို့ ငါတို့အဖွဲ့ကို ရောက်လာတာက ကံဆိုးတာလို့ ဆိုရမှာပဲ”

ဤစကားကို ပြောလိုက်သည့်နှင့် ဝူကျဲ့က သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် ကျန်းယွဲ့က ထွက်လာပြီး။

“အကြီးအကဲဝူ... ကျွန်မဘဲ မောင်လေးဝူယွမ်ကို ရှင်းပြလိုက်ပါ့မယ်”

“ငါတို့ သိန်းမငှက်သိုင်းခန်းမက မြူတိမ်တောထဲကို သားရဲတွေကို သတ်ပြီး သားအရဲအမြုအတေယူဖို့နဲ့၊ ဝိညာဉ်ဆိုင်ရာ ဆေးဘက်ဝင်ပစ္စည်းတွေကို ရှာဖွေဖို့ရာ ပုံမှန် ဝင်ရောက်လေ့ရှိတယ်”

ကျန်းယွဲ့က ဝူယွမ်ဘေးတွင် ထိုင်ကာ အကြောင်းအရာအချို့ကို ဖြည်းဖြည်းချင်း ရှင်းပြနေသည်။

“ဒါပေမဲ့ ဒီတစ်ကြိမ်ကြ ရှေ့ကအကြိမ်တွေနဲ့မတူဘူး၊ ကျွန်မတို့ရဲ့ အဖွဲ့သားများထဲက တစ်ဦးက ဝိညာဉ်ဆေးပင် ခူးနေရင်း သားရဲလေးတစ်ကောင်ကို ဆွဲဆောင်မိပြီး သတ်ဖြတ်ခဲ့ရတယ်၊ အဲ့နောက်ပိုင်း သားရဲတွေရဲ့ လက်စားချေမှုကို ခံခဲ့ရပြီးမှ အဖွဲ့သားတစ်‌ေယာက် သတ်ခဲ့မိတဲ့ သားရဲက ကျားသစ်မိချောင်းဘုရင်ရဲ့ သားငယ်ဖြစ်ကြောင်း သိလိုက်ရတယ်”

“ကျားသစ်မိချောင်းဘုရင်က မြူဆိုင်းတောအတွင်းမှာရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီး ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းဆိုးဝါးသတ္တဝါဘဲ။ အထီးနဲ့ အမတစ်ကောင်စီရှိပြီး နှစ်ကောင်ပေါင်းရင် သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ယောက်ကိုတောင် ယှဉ်နိုင်တယ်။ အစောက ကျွန်မတို့ ဆက်တိုက်တိုက်ခိုက်ခံခဲ့ရပြီး သူတို့ မောင်းထုတ်တာကို ခံခဲ့ရတယ်။ မနက်ဖြန်ဆို မြူဆိုင်းတောထဲကနေ ထွက်နိုင်တော့မှာဆို‌ေတာ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လှည့်ကွက်တွေအရ သူတို့က ကျွန်မတို့ကို ဒီညအတွင်း ကျိန်းသေတိုက်ခိုက်လိမ့်မယ်”

ကျန်းယွဲ့၏ ရှင်းပြချက်ကို ကြားပြီးနောက် ဝူယွမ်က နေရောင်ခြည်စုဆောင်းခြင်း အစီအရင်ပြင်ပ ရွှံ့နွံများထဲ၌ရှိသော ကျားသစ်မိချောင်းသားရဲ များကို သတိရလိုက်သည်။ ထိုသားရဲတို့နှင့်စာလျှင် အခုကျားသစ်မိချောင်းဘုရင် နှစ်ကောင်မှာ သာမန်အဆင့်သာဖြစ်သည်။

သူတို့က ပြင်ပဒေသများတွင်သာ စိုးမိုးနိုင်ပြီး ရွှံ့နွံထဲသို့ဝင်ရောက်ပါက သာမန်လက်အောက်ငယ်သားများသာ ဖြစ်လိမ့်မည်ဖြစ်သည်။

“သူတို့ကို ဒုက္ခရောက်စေတဲ့အရာက အဲ့တာလား”

ဝူယွမ်နှင့် လင်းတုန်တို့သည် အံ့အားသင့်သော မျက်နှာထားများကို မထိန်းသိမ်းနိုင်ခဲ့ကြပေ။

သို့သော်လည်း သေချာ စဉ်းစားကြည့်လျှင်တော့ အဓိပ္ပါယ်ရှိသည်။ ဤအဖွဲ့တွင် အားအကြီးဆုံးမှာ ကျန်းလဲ့ ဖြစ်ပြီး သူက သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်းမှာဘဲရှိသေးပြီး ကျားသစ်မိချောင်းဘုရင်နှစ်ကောင်နှင့် ရင်ဆိုင်ရသည်မှာ အတော်လေး ခက်ခဲသည်။

သူတို့၏ အံ့အားသင့်မှုကို မြင်လိုက်ရသော ကျန်းယွဲ့က ချက်ချင်းနားလည်မှုလွဲသွားကာ သက်ပြင်းချလိုက်သည်။

“ကျွန်မက ရှင်တို့နှစ်ဦးကို မလိုက်စေချင်ဝာာ ရှင်တို့ကို ဒုက္ခရောက်စေမှာကို ကြောက်တာကြောင့်တင်မဟုတ်ဘဲ ရှင်တို့က အဖွဲ့ကို နှောင့်နှေးစေမှာကိုလည်း စိုးရိမ်မိတာကြောင့်ဘဲ ဘာလို့ဆို ကျွန်မတို့အုပ်စုက ယင်းယင်းလေးကို ကာကွယ်ဖို့ လိုနေသေးတယ်။”

“ဟမ်... ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ကို မစိုးရိမ်ပါနဲ့”

ဝူယွမ်က ဂရုမစိုက်သလို ပြောသည်။

ကျန်းယွဲ့က နက်ရှိုင်းစွာ ရှူရှိုက်လိုက်ပြီး ရင်ဘတ်ကို မသိစိတ်ဖြင့် ပင့်လိုက်မိသည်။ သူမသည် ထိုလူနှစ်ယောက်သည် စိုးရိမ်နေခြင်းလား၊ သို့မဟုတ် လုံးဝဂရုမစိုက်ခြင်းလားဆိုတာ မပြောနိုင်ခဲ့ပေ။

သူမသည် နောက်ထပ်လေကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး ရင်ဘတ်မြင့်တက်လာကာ ပြန်ကျသွားသည်။ သူမက သေချာဆုံးဖြတ်ချပြီး ပြောလိုက်သည်။

“ဒီညက ကျွန်မတို့သိုင်းခန်းအတွက် အသက်သေဆုံးနိုင်ချေ အမြင့်ဆုံးအချိန်ဘဲ၊ ရှင်တို့နှစ်ဦးမှာ ချောမောလှပခြင်းကလွဲပြီး ထူးခြားတာမရှိဘူးလိုါ ကျွန်မမြင်ပေမဲ့ အဖေကရှင်တို့ကို သာမန်လူတွေမဟုတ်ဘူးလို့ပြောခဲ့တယ် ဒီညအခြေအနေတွေ ရှုပ်ထွေးလာခဲ့ရင် ယင်းယင်းလေးကို ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်”

ပြောပြီးသည်နှင့် သူမထွက်သွားပြီး သိမ်မွေ့သောရနံ့သာကျန်ရစ်ခဲ့သည်။

ကျန်းယွဲ့၏ ကွေးညွှတ်နေသော ကိုယ်ဟန်အနေအထား၊ သဘာဝကျသော ဝိုင်း၀န်းမှုကို ကြည့်ရင်း ဝူယွမ်က အတော်ကြာကြာ စိုက်ကြည့်နေမိသည်။

သူမ၏ နောက်ဆုံးတောင်းဆိုမှုက အဖွဲ့ထဲသို့ ဝင်ရောက်လာသော ညီအစ်ကိုနှစ်ယောက်အပေါ် မျှော်လင့်ချက်အနည်းငယ် ရှိကြောင်း ညွှန်ပြနေသည်။

ဤအချက်က သူမ၏ အရင်လုပ်ရပ်များက မကောင်းတဲ့စိတ်ထား ရှိခြင်းကြောင့်မဟုတ်ကြောင်းဖော်ပြနေသည်။ သူမက သိုင်းခန်းမနှင့် မိသားစုကို အလွန်ဂရုစိုက်ပြီး ဝူယွမ်နှင့် လင်းတုန်တို့က သိုင်းခန်းကို နှောင့်နှေးစေမည်ကို စိုးရိမ်နေခြင်းသာဖြစ်သည်။ ထို့အပြင် သူတို့က လက်တွေ့မှာ ဖုံးကွယ်နေသော စွမ်းအားကြီးကျင့်ကြသူများ ဖြစ်နိုင်ပြီး သိုင်းခန်းမအား ဒုက္ခမှ လွတ်မြောက်စေနိုင်သည်ဟူသော မျှော်လင့်ချက်အနည်းငယ်လည်း ရှိသည်။

သူမ၏ နောက်ဆုံးတောင်ဆိုမှုက ညီအစ်ကိုနှစ်ယောက် အဖွဲ့ထဲသို့ ဝင်ရောက်တာကို လက်ခံကြောင်း ဖော်ပြနေသည်။ သူမက သူတို့ကို အဖွဲ့ဝင်များအဖြစ် သဘောထားနေသည်။

“ဟီး... ညီငယ်နှစ်ယောက် စိတ်မဆိုးကြပါနဲ့... ယွဲ့ကအဲ့လိုဘဲ၊ ဒီသိုင်းခန်းမကို အရမ်း ချစ်တာဆိုတော့... တစ်ခုခုဖြစ်မှာကို၊ မလိုလားဘူးလေ”

“စကားမစပ်... သူမက စိတ်ထားကောင်းတဲ့သူတစ်ယောက်ပါ... မင်းတို့စားခဲ့တဲ့ အစားအစာတွေကို သူမက သီးသန့်ပေးခဲ့တာ” ဝူကျဲ့က ချဉ်းကပ်လာပြီး ပြုံးရင်းပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး... ကျန်းယွဲ့က တစ်ကယ်ကို ရိုးသားတဲ့ အမျိုးသမီးလေးပါ... ဘာကိုမှမဖုံးကွယ်ထားဘူး... သူပြောတာဟုတ်တယ်... အစ်ကိုတို့ရဲ့လက်ရှိအခြေအနေမှာ ကျွန်တော်တို့လိြလူနှစ်ယောက်ကို ရုတ်တရက်ခေါ်လာရတာ တကယ်တော့ အတော်ခက်ခဲတဲ့ကိစ္စဘဲ”

ဝူယွမ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူတို့ကို ပုန်းကွယ်�နေသော အန္တရာယ်များအကြောင်း တိုက်ရိုက်ပြောပြခဲ့ခြင်းက အကယ်၍ သူတို့က အဖွဲ့နှင့်အတူ ဆက်လက်နေထိုင်ရန် ရွေးချယ်ပါက အန္တရာယ်များကို သဘာဝအတိုင်း လက်ခံရမည်ဆိုသည့် သဘောဖြစ်သည်။

ထို့အပြင် ကျန်းယွဲ့၏ အသံထဲတွင် သူတို့ကို ကာကွယ်ရန် လူအနည်းငယ် ချန်ထားရန် ရည်ရွယ်ချက်ရှိသော်လည်း မဖြစ်နိုင်ခြင်းသာဖြစ်သည်။

လင်းတုန်က ဝူယွမ်ထံ အသံလွင့်ဆက်သွယါလိုက်သည်- “အစ်ကို... ဒီမိန်းကလေးက တကယ်ဘဲ အပြင်က အေးတယ်... အတွင်းက ပူတယ်ဆိုတာမျိုးနဲ့ တူတယ်”

“ဟုတ်တယ်... ဒါကြောင့် လူတစ်ယောက်ကို အပြင်ပန်းနဲ့ဘဲ မသတ်မှတ်သင့်ဘူး... ဒီလိုမိန်းကလေးမျိုးက နက်နက်ရှိုင်းရှိုင်း မိတ်ဖွဲ့ဖို့ထိုက်တန်တယ်”

ဝူယွမ်ကလည်း ချက်ချင်း ပြန်ပြောလိုက်သည်...

မိုးကောင်းကင်တစ်ခုလုံး တဖြည်းဖြည်း မှောင်သွားပြီး အဖွဲ့သည်လည်း နောက်တစ်ကြိမ် ရပ်တန့်သွားခဲ့ရသည်။

“စခန်းချမယ်”

ကျန်းလဲ့က အမိန့်ပေးလိုက်သည်။

သိန်းငှက်သိုင်းခန်းမမှ အဖွဲ့ဝင်များ အလှုပ်ရှုပ်ကုန်ကြပြီး သိပ်မကြာမီ သစ်တောထဲတွင် စခန်းတစ်ခုပေါ်လာသည်။

ထို့နောက် ရိုးရှင်းသော အတားအဆီးများကိုလည်း တပ်ဆင်ထားသည်။ သိန်းငှက်သိုင်းခန်းမက သားရဲတိုက်ခိုက်မှုများကို ကာကွယ်ရာတွင် အတော်လေး အတွေ့အကြုံရှိကြောင်း ထင်ရှားသည်။

သို့သော်လည်း ဝူယွမ်၏မျက်လုံးထဲတွင် ဤနည်းလမ်းများက အလွန်ရိုးရှင်းပြီး သန်မာသော သားရဲများအတွက် ထိရောက်မှုမရှိပေ။

ဝူယွမ်သည် လှည်းထဲတွင် ထိုင်ပြီး ခေါင်းကိုပွတ်ရင်း တွေးတောနေသည်။

သူ့ဘေးတွင် ယင်းယင်းနှင့် ဒဏ်ရာရအဖွဲ့ဝင်များ ရှိပြီး အကယ်၍ မကောင်းဆိုးဝါးသတ္တဝါများသာ တစ်ကယ် တိုက်ခိုက်လာပါက ဤနည်းလမ်းများကိုသာ အားကိုးလျှင် ဒဏ်ရာရအဖွဲ့ဝင်များ ကျိန်းသေသေဆုံးကြရမည်ဖြစ်သည်။

ယခုသူက အဖွဲ့ထဲတွင်ရှိနေပြီဖြစ်သောကြောင့် သူသည်လည်း သူတို့အတွက် ပံ့ပိုးကူညီလိုသည်။

သူတို့က စိတ်ရင်းအမှန်နဖျင်ါ သူ့ကိုဆက်ဆံပြီး သူကူညီနိုင်သည်ဆိုပါက ဘေးမှ ရပ်ကြည့်နေရန် မလိုလားပေ။

ဝတ္ထုတွေထဲက အရေးကြီးဆုံးအချိန်မှ ကယ်တင်ရှင်အဖြစ် ပေါ်လာတာမျိုးကို သူမကြိုက်ခဲ့ပေ။

မူရင်းဇာတ်လမ်းတွင်လည်း လင်းတုန်က ချက်ချင်းမလုပ်ဆောင်ခဲ့သောကြောင့် ‌သိန်းငှက်သိုင်းခန်းမမှ လူအများအပြား သေဆုံးခဲ့ရသည်။ ထိုသူများက အမည်မသိဇာတ်ဆောင်များဖြစ်သော်လည်း ဝူယွမ်က ထိုသို့သောအခြေအနေမျိုးကို ကြုံတွေ့ရန် မလိုလားပေ။

၀ူယွမ်က သူတော်ကောင်းတစ်ဦး ဖြစ်ခြင်းကြောင့်မဟုတ်၊ အခုအချိန်တွင် သူ့ပတ်ဝန်းကျင်တွင် ထိုင်နေသူများသည် တစ်ချိန်က သူနှင့် ညီအစ်ကိုများကဲ့သို့ သောက်စားပျော်ပါးခဲ့ကြဖူးသည်။

နောက်တစ်ချိန်တွင် ဝူယွမ်က သူတို့ကို သေဆုံးသည်ကို ကြည့်ရှုနေရမည်ဖြစ်ပြီး သူ ကယ်တင်နိုင်သည်ကိုလည်း ရှင်းရှင်းလင်းလင်းသိထားခဲ့သည်။ ဝူယွမ်က ထိုသို့သောအရာမျိုးကို မပြုလုပ်နိုင်ပေ။

ထို့ကြောင့် သူက ကြိုတင်ကာကွယ်ပြီး ကူညီရန် ဆုံးဖြတ်ခဲ့သည်။

ကျားသစ်မိချောင်းဘုရင်နှစ်ကောင်ဘဲရှိပါက ဝူယွမ်က ထိုနှစ်ကောင်ကို လုံး၀ဂရုစိုက်မည်မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်၌ မြူထဲတွင် ကျားသစ်မိချောင်းဘုရင်နှစ်ကောင်က သားရဲဘယ်‌နှစ်ကောင် ခေါ်ဆောင်လာမည်ကို သူမသိပေ။

အကယ်၍ အလွန်များပြားလွန်းပြီး နေရာအနှံ့မှတိုက်ခိုက်ပါက အကာအကွယ်မပေးနိုင်ဘဲ မလိုလားအပ်သော သေဆုံးမှုများဖြစ်စေနိုင်သည်။

ဝူယွမ်သည် မျက်ခုံးအနည်းငယ်ကျုံ့သွားပြီး ပြောသည်။

“ကျန်းလဲ့အစ်ကို... သားရဲတွေကို ဒီနည်းလမ်းတွေနဲ့ ကာကွယ်နေတာလား... ဒါတွေက ယွမ်ဒန်အဆင့်က သားရဲတွေကို မတားဆီးနိုင်ဘူး... တကယ်လို့ သားရဲအုပ်ကြီးသာ တကယ်တိုက်ခိုက်လာရင်... လူအများကြီး သေကြရလိမ့်မယ်”

“အင်း... နည်းလမ်းမရှိတော့ဘူး... ငါတို့မှာ ဒီနည်းလမ်းတွေပဲရှိတယ်... သေဆုံးမှုတွေက ရှောင်လွှဲမရဘူး... အကုန်မသေရင်ကို ကံကောင်းတာပေါ့” ကျန်းလဲ့က သက်ပြင်းချလိုက်သည်။

“ဒါဆို မပူနဲ့... ကျွန်တော့်မှာ နည်းလမ်းရှိတယ်... ကျွန်တော်ပြောတဲ့အတိုင်း လုပ်ကြပါ... တစ်ယောက်မှ မသေစေရဘူး”

ဝူယွမ်က ရဲရင့်စွာပြောလိုက်သည်။

သူက ချက်ချင်းပဲ သူ၏ သိုလှောင်အိပ်ထဲမှ အဆောင်စုတ်တံ အဆောင်စက္ကူနှင့် အဆောင်ပစ္စည်းများကို အစီအရင်တည်ဆောက်ရန် စနစ်တကျ ထုတ်ယူလိုက်သည်။

“ဝူယွမ်ညီငယ်က အဆောင်သခင်တစ်ဦးဖြစ်နေတာလား” ကျန်းလဲ့ အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်... မဟုတ်ရင် ယင်းယင်းလေးကို ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းကို သင်ပေးနိုင်မယ်လို့ ဘယ်လိုလုပ် အာမခံရဲမှာလဲ”

“လာကြ... ဒီနေရာတွေမှာ... လူတစ်ယောက်စာ အနက်တူးရမယ်... လူတစ်ယောက်စာအနက်လောက်ရှိမှရမယ်” ဝူယွမ်က သူတို့ရဲ့စခန်းကို ဝိုင်းရံထားသော နေရာအနည်းငယ်ကို အမှတ်ထင်အောင် မှတ်သားလိုက်သည်။

“တူးကြ”

ကျန်းလဲ့တွင် ပိုကောင်းသောနည်းလမ်းမရှိတော့ဘဲ ဝူယွမ်ကို ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။ အဆိုးဆုံးအနေနှင့် အပိုကြိုးစားမှုတစ်ခု ဖြစ်ရုံသာ။

လူတိုင်းက အလုပ်ပြန်များလာခဲ့ပြီး၊ ဝူယွမ်၏ အဆောင်စုတ်တံက လှပသေသပ်စွာ ဆက်တိုက်လှုပ်ရှားနေရင်း ရှုပ်ထွေးသော ရူန်းများ သူ၏လက်ထဲတွင် မြန်ဆန်စွာ ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။

တစ်ခဏအကြာတွင် သူက အဆောင်ပစ္စည်းများပေါ်တွင် မြန်ဆန်စွာ ထွင်းထုရန် လုပ်ဆောင်လိုက်သည်။

ဝူယွမ်က လုပ်ငန်းစင်တစ်ခုလုံးကို ရေစီးကြောင်းအတိုင်း ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်။

အခုနေရာရှိ လူအားလုံး ထိုမြင်ကွင်းကိုမြင်ပြီး အလွန်အံ့အားသင့်သွားကြသည်။

တစ်စုံတစ်ရာကို စူးစမ်းလေ့လာနေသူက အလှဆုံးဖြစ်သည်။ အစီအရင်ပြုလုပ်ရာတွင် နှစ်မြုပ်နေပြီး စူးစမ်းလေ့လာနေသော ဝူယွမ်၏အမူအရာက ယောက်ျားတစ်ယောက်၏ ဆန်းကြယ်မှုကို အပြည့်အဝပြသနေသည်။

သိပ်မကြာမီ ကျောက်တွင်းခုနစ်တွင်းကို တူးဖော်ပြီးသွားပြီး ဝူယွမ်၏ ပစ္စည်းကိရိယာများလည်း လုံလုံလောက်လောက် ပြင်ဆင်ပြီးပီဖြစ်သည်။ သူက လက်ချောင်းများကို လှည့်ပတ်လိုက်ပြီး မျက်စိဖြင့် မမြင်ရသည့် ကြီးမားသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာကာ အဆောင်စာရွက်များနှင့် အဆောင်ပစ္စည်းများ ကျောက်တွင်းများထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားသည်။

ရေခဲပုံ‌ေဆာင်ခဲဓားက ပျံထွက်လာပြီး မြေပေါ်တွင် တရွေ့ရွေ့ လှုပ်ရှားနေကာ။ ဓားသည် နဂါးနှင့်မြွေကဲ့သို့ ရွေ့လျားကာ မကြာမီတွင် ဓားရာများမှတစ်ဆင့် မြေပြင်ပေါ်တွင် အံ့ဖွယ်ရူန်းပုံစံတစ်ခုဖြစ်ပေါ်လာပြီး ကျောက်တွင်းခုနစ်တွင်းလုံးကို ဆက်သွယ်ပေးလိုက်သည်။

ဝူယွမ်သည် ထို့နောက် မီးမိုးကြိုးဓား ခုနစ်ချောင်းကို ထုတ်ယူကာ ကျောက်တွင်းများထဲသို့ ထည့်သွင်းလိုက်သည်။ နောက်ဆုံးတွင် သူသည် သန့်စင်ယွမ်ဆေးလုံး သောင်းချီကို ပစ်ချကာ ရူန်းတိုင်းကို ပေါင်းစပ်သွားစေသည်။

ဝူယွမ် ပစ္စည်းတန်ဖိုးကြီးများစွာကို လွယ်လွယ်ကူကူထုတ်ယူနေသည်ကို ကြည့်ရင်း လူအားလုံး စကားမပြောတတ်အောင် ဖြစ်သွားကြသည်။

သူ၏ ရုပ်ရည်ကကြည့်ကောင်းပြီး စွမ်းရည်၊ နည်းလမ်းများနှင့် ငွေကြေးပါရှိသူဖြစ်သည်။

ထိုကဲ့သို့သော ယောက်ျားမျိုးကသည် အလွန်ထူးချွန်လွန်းလှသည်။

ဤအရာကို မြင်တွေ့ခဲ့ရသော ကျန်းယွဲ့တစ်ယောက် တံတွေးမျိုချလိုက်မိသည်။

အစောပိုင်းက သူမသည် ဝူယွမ်၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်မှ ဖိအားကို ခံစားရပြီး သိုင်းခန်းရှိ အမျိုးသားအများစုကဲ့သို့ ကြမ်းတမ်းသော ကိုယ်ခန္ဓာရှိသည့် ကိုယ်ခန္ဓာကျင့်ကြံသူတစ်ဦးသာဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။

သူ့တွင် အခုလို ကျွမ်းကျင်မှုမျိုးရှိမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သူ၏နည်းလမ်းများက သိသိသာသာ နက်ရှိုင်းပြီး ယင်းယင်း၏ ခန္ဓာကိုယ်ကို စစ်ဆေးရာတွင် သူပြသခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ခရမ်းရောင်မျက်လုံးများကို သတိရလိုက်သည်။

“သူ့မှာ အဲ့ထက်ပို‌တဲ့လျှို့ဝှက်ချက်တွေရှိလောက်သေးတယ်”

ကျန်းယွဲ့က ဝူယွမ်အပေါ် ပိုစူးစမ်းလိုစိတ်ဖြစ်လာပြီး သူ၏စွမ်းရည် အစစ်အမှန်ကို ဖော်ထုတ်လိုစိတ်ဖြစ်လာသည်။

“ဟမ့်... မကောင်းဆိုးဝါးသတ္တဝါတွေ ချဉ်းကပ်လာနေပြီ”

ဝူယွမ်က သတိပေးလိုက်သည်။

လူတိုင်း မစိုးရိမ်ရသေးခင်။

“စတင်အယ်”

သူက အော်လိုက်ပြ ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်လာကာ။ ချက်ချင်းဆိုသလို စွမ်းအင်အကာအရံတစ်ခုသည် လေထဲတွင် ပေါ်လာပြီး လူတိုင်းကို ဝိုင်းရံလိုက်သည်။

ချက်ချင်းဆိုသလို လုံခြုံသည့် ခံစားချက် အကာအရံ အတွင်းရှိ လူတိုင်း၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။

All Chapters