ကြောက်မက်ဖွယ် ကိုယ်ခန္ဓာ၊ ကျားသစ်မိချောင်းဘုရင်များကို ခြေနှစ်ဖက်ဖြင့် နှိမ်နှင်းခြင်း
Vol. 10 Ch. 97
ပေါက်… ပေါက်… ပေါက်…!!!
စွမ်းအင်အကာအရံမှ လှိုင်းများ ဖျာထွက်လာပြီး သားရဲများ အကာအရံကို တိုက်မိသည့်အသံသည် လူတိုင်း၏ နှလုံးသားကို တုန်ခါသွားစေသညါ။
မှောင်မိုက်သော မြူအတွင်း၌ စူးရှသော သွေးနီရောင် သားရဲများ၏ မျက်လုံးများကိုသာ မြင်ရသည်။ သူတို့သည် စွမ်းအင်အကာအရံအနီးတစ်ဝိုက် လှည့်ပတ်သွားလာကာ ရံဖန်ရံခါ အကာအရံကို တိုက်ခိုက်နေကြသည်။
ခဏအတွင်းမှာပင် ရာနှင့်ချီသော သားရဲများ အကာအရံ အပြင်ဘက်တွင် စုရုံးလာကြသည်။
“ဒီကျားသစ်မိချောင်းဘုရင် နှစ်ကောင်က ဒီလောက်ကောင်းတဲ့ စည်းရုံးမှုစွမ်းအားရှိလိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး၊ ခင်ဗျားတို့အားလုံးကို ဝိုင်းရံသတ်ဖြတ်ဖို့ ဒီလောက်များတဲ့ သားရဲတွေကို ခေါ်နိုင်တယ်။”
ဝူယွမ်က ခပ်တိုးတိုး သက်ပြင်းချလိုက်သော်လည်း ဤမကောင်းဆိုးဝါးသားရဲအများစုက ယွမ်ဒန်အဆင့်နှင့် အဲ့ထက်နိမ့်ေသာ သားရဲများသာဖြစ်နေသည်ကို တွေ့ရသဖြင့် နည်းနည်း စိတ်သက်သာရာသွားသည်။
သူ ယာယီပြုလုပ်ထားသော အတားအဆီးက ယွမ်ဒန်အဆင့်များ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော်လည်း သဏ္ဍာန်ပြောင်းအဆင့်ရှိသူများအတွက်ေတာ့ လေးငါးကြိမ်ခန့် တိုက်ခိုက်မှုကိုသာ ခံနိုင်သည်။
ဤအချက်သည်ပင် သိန်းငှက်သိုင်းခန်းမ၀င်များကို အံ့အားသင့်စေခဲ့သည်။
အတားအဆီးများအကြောင်း သိတဲ့သူနည်းပါးပြီး သူတို့အမြင်တွင် အဆောင်သခင်များက အမြဲတမ်း လျှို့ဝှက်ဆန်းကျယ် တတ်ကြသည်။
အခု ဝူယွမ်က သာမန်အတိုင်း အတားအဆီးတစ်ခု လုပ်လိုက်ရုံဖြင့် သားရဲအုပ်ကြီးကို တားဆီးနိုင်သည်မှာ အမှန်ပင်လူငယ်များထဲက သူရဲကောင်းတစ်ဦးဖြစ်ပြီး ကြည်ညိုဖွယ်ရာ ကောင်းလွန်းလှပေသည်။
ထိုသားရဲများက အကာအရံကို အချိန်အတော်ကြာ တိုက်ခိုက်နေသော်လည်း မချိုးဖျက်နိုင်သည်ကို တွေ့ရသောအခါ အကာအရံအတွင်းရှိ လူများသည် စိုးရိမ်ပူပန်မှုများကို လုံးဝလွှတ်ပစ်လိုက်ကြသည်။
သူတို့ အစောကလို စိတ်ပူမနေတော့ပေ။
“ဝူယွမ်ညီလေးက တစ်ကယ်ကို အစွမ်းအစရှိတာဘဲ၊ အခုလိုနည်းနဲ့ သားရဲအုပ်ကြီးကို တွန်းလှန်နိုင်ခဲ့တယ်။”
“ဒါက လူတစ်ဦးတည်းက သားရဲအတော်များများ တိုက်ခိုက်နေသလိုဘဲ”
“ဒီလောက်များတဲ့ သားရဲတွေ ထွက်လာမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး၊ ဒီနေ့ငါတို့ရဲ့ အသက်တွေကို ဝူယွမ်ညီလေးအပေါ် ပုံအပ်ထားရတယ်”
...သိန်းငှက်သိုင်းခန်းမ၀င်များက သူတို့၏ နှလုံးသားထဲမှ ချီးကျူးဂုဏ်ပြုနေကြသည်။
ဒီနေ့ည အရေးပေါ်အခြေအနေကို ကျော်လွှားနိုင်ရန် သူတို့တွင် ယုံကြည်မှု ပိုမိုရှိလာကြသည်။
“ဝူယွမ်ညီလေး စိတ်ချပါ၊ ငါကျန်းလဲ့က ငါရဲ့ရွှေလင်းတသိုင်းခန်းအတွက် ဒီကြီးမားတဲ့ ကျေးဇူးတရားကို မှတ်ထားပါ့မယ် မြို့ကိုပြန်ရောက်တာနဲ့ ၀ူယွမ်ညီလေးရဲ့ ဆုံးရှုံးမှုတွေကို နှစ်ဆပြန်ဆပ်ပါ့မယ်။”
ကျန်းလဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ အရင်က ဝူယွမ် ပစ်ချလိုက်သော သန့်စင် ယွမ်ဆေးလုံးများသည် အတော်လေးများတဲ့ ပမာဏဖြစ်သည်ကို သူမြင်ခဲ့ရသည်။
ဟုတ်ပေသည်၊ ဤဆေးလုံးများကို အသုံးပြု၍ သူ၏သိုင်းခန်းမ အဖွဲ့၀င်များရဲ့အသက်ကို ကယ်တင်ရခြင်းက တန်ဖိုးရှိသည်ဟု ကျန်လဲ့ ခံစားနေရသည်။
ကျန်းလဲ့ အနီးအနားတွင် ရပ်နေသော ကျန်းယွဲ့သည်လည်း စိတ်လှုပ်ရှားနေသည်။
ယခုအချိန်တွင် သူမ၏ နှလုံးသားထဲရှိ ဝူယွမ်၏ ပုံရိပ်က ပိုမြင့်မားလာခဲ့သည်။
သူ၏လုပ်ရပ်အားလုံးက စစ်မှန်သောပါရမီရှင်တစ်ဦး၏ ထူးခြားသောအရည်အသွေးများနှင့် ကိုက်ညီနေသည်။
သူက သိုင်းခန်းမကို ကယ်တင်ရန် ကောင်းကင်ဘုံမှ စေလွှတ်ခံရသူပမာ ဖြစ်နေခဲ့သည်။
သိုင်းခန်းမသည် ကျန်းယွဲ့၏ နှလုံးသားထဲတွင် အဓိက နေရာယူထားပြီး ဝူယွမ်၏ကယ်ဆယ်မှုက သူမ၏ ဒုတိယအသက်ကို ကယ်တင်ချင်းဘဲဖြစ်သည်။
သူမက ဝူယွမ်၏ကျေးဇူးကို မည်သို့ပြန်ဆပ်ရမည်ကို စဉ်းစား၍မရတော့ပေ။
ဝမ်း… ဝူး…!
ပိုင်ယွမ်က မကျေမနပ် ညည်းညူလိုက်သည်။
ယင်းယင်းက အကာအရံအပြင်ဘက်ရှိ ကြမ်းတမ်းချောက်ချားဖွယ်ကောင်းသော သားရဲများကို ကြည့်ရင်း သူမစိတ်ထဲ အလွန်အမင်းတင်းကျပ်လာတာကြောင့် ပိုင်ယွမ်ကို သူမ၏လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိသည်။
“ဟောင်းး…!”
ရုတ်တရက် ကြမ်းတမ်းသော အသံကြီးထွက်လာကာ မြေကြီးကို တုန်လှုပ်စေပြီး နောက် ချောက်ချားဖွယ်ကောင်းလောက်အောင် ကြမ်းတမ်းသော စွမ်းအင်လှိုင်းနှစ်ခု ထွက်လာသည်။
“ကျားသစ်မိချောင်းဘုရင်တွေ”
“သူတို့ ရောက်လာပြီ”
“ဒီမှာရှိတဲ့သူအားလုံး စိုးရိမ်ပူပန်သွားကြပြန်သည်။
အစစ်အမှန် စမ်းသပ်မှုက ရောက်ရှိလာခဲ့လေပီ။ သူတို့ အသက်ရှင်ကျန်ရစ်နိုင်ခြေရှိမရှိက အကာအရံသည် ကျားသစ်မိချောင်းဘုရင်ဘုရင်နှစ်ပါး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမရှိအပေါ် မူတည်နေသည်။
သူတို့၏ ကြီးမားသော အရိပ်များက မြူထဲအတွင်းမှ တဖြည်းဖြည်း ပိုမိုရှင်းလင်းလာပြီး နောက်ဆုံးတွင် မီးရောင်အောက်၌ ကြီးမားချောက်ချားဖွယ်ကောင်းသော မကောင်းဆိုးဝါး သားရဲကြီးနှစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားကြသည်။
စွမ်းအင်အကာအရံမှတစ်ဆင့် မြင်ရသော ချောက်ချားဖွယ်ကောင်းသည့် သားရဲနှစ်ကောင်၏ ကြမ်းတမ်းသော သွေးနီရောင် သားရဲမျက်လုံးများကို မြင်လိုက်ရသော သိန်းငှက်သိန်းခန်းမ အဖွဲ့၀င်များအားလုံး သူတို့၏ နှလုံးသားများ ကြမ်းကြမ်းတမ်းတမ်း ခုန်နေတာကို ခံစားလိုက်ရသည်။
အရှေ့ဆုံးမှ ရပ်နေသော ကျန်းယွဲ့သည်ပင် အနည်းငယ် တုန်လှုပ်သွားသည်။
“စိတ်မပူပါနှင့်၊ သူတို့က သဏ္ဍာန်ပြောင်းအဆင့် မကောင်းဆိုးဝါး သားရဲလေးနှစ်ေကာင်ပါ”
ဝူယွမ်က သူတို့ကို နှစ်သိမ့် ပြောဆိုခဲ့ပြီး သူ၏အသံက ထူးခြားစွာ တည်ငြိမ်နေကာ သိန်းငှက်သိုင်းခန်းမ၀င်များ၏ စိတ်တင်းမာနေမှုကို သက်သာရာရစေခဲ့သည်။
သို့သော် ဝူယွမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်…
“ဟောက်…! ဟောက်…!”
အကာအရံကို ဝိုင်းရံထားသော သားရဲအုပ်ထဲမှ ချောက်ချားဖွယ်ကောင်းသည့် ကျားသစ်မိချောင်းဘုရင်နှစ်ပါးက ကောင်းကင်ကြီးကိုပင် အက်ကွဲစေနိုင်လောက်သည့် အသံကျယ်ကြီးဖြင့် ဟစ်ကြွေးလိုက်သည်။
ဤဟစ်ကြွေးသံက အလွန်စူးရှပြီး၊ ကျားသစ်အော်သံနှင့် မိကျောင်းအသံတို့ ရောထွေးနေသကဲ့သို့ ဖြစ်ကာ စွမ်းအင်အကာအရံကို ဖြတ်သန်းဝင်ရောက်လာပြီး နားထောင်သူများ၏ နားစည်များကို နာကျင်စေကာ မူးဝေသွားစေသည်။
အချိန်တိုအတွင်း အကာအရံအတွင်းရှိ လူများ သူတို့၏ နှလုံးသားများ ရင်ဘက်မှ လည်ချောင်းထိပ်ထိ ခုန်တက်လာသည်ကို ထပ်မံခံစားလိုက်ရသည်။
အနည်းငယ် မျက်နှာပျက်စရာပင်။
“ကျားသစ်မိချောင်းဘုရင်တွေက ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုတွေကိုတောင် အသုံးချနိုင်တာဘဲ။”
ဝူယွမ်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ခု လျှပ်တစ်ပြက်ထွက်လာသည်။ ဒီတစ်ကြိမ်မှာ ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုများ လုပ်နိုင်သော၊ သားရဲကို သူပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သော်လည်း ထိုသို့သော ဝိညာဉ်စွမ်းအင်က သူ့ရှေ့မှောက်တွင် ကလေးကစားသလောက်သာရှိသည်။ သူက လက်ချောင်းလေးတစ်ချောင်းကို လှုပ်လိုက်ပြီး မျက်စိဖြင့် မမြင်ရသော လှိုင်းတစ်ခု သိမ်မွေ့စွာ ပြန့်နှံ့သွားကာ ဝိညာဉ်စွမ်းအင်ပါရှိသော အသံလှိုင်းများကို တိုက်ရိုက်ချေဖျက်ပစ်လိုက်သည်။
“ဖောက်…!”
ကျားသစ်မိချောင်းဘုရင်နှစ်ပါးက သူတို့၏ သွေးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် အကာအရံအတွင်းရှိ လူများကို ဒေါသတကြီး စိုက်ကြည့်ကာ စွမ်းအင်အကာအရံကို အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။
အခြား သားရဲများကလည်း ထိုနည်းတူ အကာအရံကို အတူတကွ တိုက်ခိုက်နေကြသည်။
စွမ်းအင်အကာအရံသည် ပြင်းထန်စွာ တုန်ခါသွားပြီး အခုအခြေအနေအရဆို အကာအရံက အကြာကြီး ခံနိုင်မဲ့ပုံမပေါ်ပေ။
လူတိုင်းက ဝူယွမ်ကို လှည့်ကြည့်လိုက်ကြသည်၊ အခုအချိန်တွင် သူကသာ လူတိုင်း၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်နေခဲ့သည်။
သို့သော် ဝူယွမ်က အေးဆေးဖြစ်နေပြီး၊ သူအကာအရံလုပ်ရသည့် ရည်ရွယ်ချက်မှာ သဏ္ဍာန်ပြောင်းအဆင့် မကောင်းဆိုးဝါးသတ္တဝါနှစ်ကောင်ကို ခုခံရန်မဟုတ်ဘဲ သိုင်းခန်းမရှိ အားနည်းသူများကို ကာကွယ်ရန်ဖြစ်သည်။
“မင်းတို့နှစ်ကောင်နဲ့ ငါ့ရဲ့လက်ရှိကိုယ်ခန္ဓာအားအင်ကို စမ်းကြည့်ရအောင်”
ဝူယွမ်သည် ကျားသစ်မိချောင်းဘုရင်နှစ်ပါးကို စိုက်ကြည့်ကာ သူတို့၏ ထူထဲသောအရေပြားနှင့် ကြံ့ခိုင်သောအသားများကို မြင်ရသည့်အခါ သူတို့ကို လေ့ကျင့်ဖို့အသုံးချရန် စိတ်ကူးမိသွားသည်။
သူ့ထံမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ထူးဆန်း ရှုပ်ထွေးသည့် မူလနယ်နိမိတ်ရူန်းတစ်ခု ပုံသဏ္ဍာန်ဖြစ်လာကာ ကျားသစ်မိချောင်းဘုရင်နှစ်ပါးက စွမ်းအင်အကာအရံကို ထပ်မံတိုက်မိသောအခါ ဝူယွမ်က နယ်နိမိတ်ရူန်းကို စတင်အသုံးချလိုက်ပြီး အကာအရံတွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာကာ ကျားသစ်မိချောင်းဘုရင်နှစ်ပါး အကာအရံကို တိုက်ရိုက်ဖြတ်သန်းကာ အတွင်းဘက်သို့ ရောက်လာကြသည်။
ဝူယွမ်က လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်နှင့် သူ၏လက်မောင်းကြွက်သားများ ဖောင်းကြွလာပြီး သူ၏အရေပြားပေါ်တွင် ခရမ်းရောင် အလင်းတစ်ခု လင်းလက်လာသည်။ မြင့်မြတ်ပြီး ခမ်းနားသည့် စွမ်းအင်သည် သူ၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာကာ တောင်ကုန်းတစ်ခုကဲ့သို့ ကျားသစ်မိေချာင်းဘုရင်နှစ်ပါး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဖောက်…! ဖောက်…!
သူက ကျားသစ်မိချောင်းဘုရင်နှစ်ကောင်လုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မြေကြီးပေါ်သို့ အပြင်းအထန်ဆွဲချလိုက်�ကာ ခြေထောက်တစ်ဖက်စီဖြင့် ခိုင်မြဲစွာ နင်းထားလိုက်သည့် မြင်ကွင်းက ခမ်းနားလွန်းလှပေသည်။
ကြီးမားသော ကျားသစ်မိချောင်းဘုရင်နှစ်ကောင်နှင့် နှိုင်းယှဉ်လျှင် ဝူယွမ်၏ကိုယ်ခန္ဓာက အတော်လေး သေးငယ်ကာ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးတစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည်နှင့် တူပေသည်။
ဝူယွမ်က ကြီးမားသော သားရဲကြီးနှစ်ကောင်ပေါ်တွင် ရပ်နေပြီး သူက အားပြင်းသောခွန်အားဖြင့် ရက်စက်ကြမ်းကျုပ်သည့် သားရဲနှစ်ကောင်ကား၊ မလုပ်နိုင်၊ထွက်မပြေးနိုင်အောင် လုပ်ဆောင်ထားနိုင်ခဲ့သည်။
သူက အဲ့လောက်တောင်လေးလံတယ်လား၊
ထိုသေးငယ်သောကိုယ်ခန္ဓာလေးက သတ္တဝါနှစ်ကောင်ကို ဖိနှိပ်နိုင်သော အလေးချိန်ကို မည်သို့ထုတ်လွှတ်နိုင်သနည်း။
“အံ့အားသင့်စရာဘဲ”
သိန်းငှက်သိုင်းခန်းမ အဖွဲ့၀င်များ မပြောနှင့် သူတို့နှင့်အတူရှိသော လင်းတုန်သည်ပင် ဤအရာကိုမြင်ပြီးနောက် “အိုး ဘုရားရေ” ဟု သူ့စိတ်ထဲမှ အော်ဟစ်နေမိသည်။
“ဟောက်… ဟောင်း…!”
ကျားသစ်မိချောင်းဘုရင်နှစ်ကောင်က ဟစ်ကြွေးချင်သော်လည်း သူတို့ပေါ်တွင် တောင်ကုန်းတစ်ခု ဖိနေသကဲ့သို့ ခံစားနေရပြီး အသက်ကိုပင် ခဲခဲယဉ်းယဉ်းရှုနေရကာ မြေကြီးထဲ နစ်မြှုပ်မတက်ဖြစ်နေသည်။
ကျားသစ်မိချောင်းဘုရင်နှစ်ကောင်လုံး ခုခံရန် ကြိုးစားခဲ့ကြပြီး သူတို့၏ ယွမ်စွမ်းအင်များကို စုစည်းကာ လှိမ့်ထွက်ပြီး သူတို့ပေါ်ရှိလူကို ခါချပစ်ရန် ကြိုးစားခဲ့သည်။
သို့သော် ဝူယွမ်သည် အေးဆေးတည်ငြိမ်စွာ ရယ်မောလိုက်ကာ ခမ်းနားသောတောင် ကိုယ်ခန္ဓာကို အပြည့်အဝအသုံးချပြီး နတ်ဆင်နှိမ်နင်းခြင်းစွမ်းအင်ကို လှည့်ပတ်လိုက်သည်။ သူ၏ကိုယ်ခန္ဓာအတွင်းရှိ အမှုန်အားလုံးက ကြီးမားသောဆင်ပြောင်ကြီးများနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ချက်ချင်းဆိုသလို သူတို့ကိုယ်ပေါ်ရှိအလေးချိန်က နောက်တဖန် တိုးမြင့်လာပြီး ကျားသစ်မိချောင်းဘုရင်နှစ်ကောင်ဧ။ါ ကိုယ်ခန္ဓာများက အမှန်တကယ် မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။
ခမ်းနားသောတောင် ကိုယ်ခန္ဓာ၊ ကြီးမားသောဆင်ေပြာင်ကြီး အမှုန်များ ပေါင်းစပ်လိုက်သောအခါ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ကျန်းလဲ့နှင့် အခြားသူများလည်း အတော်လေး အံ့အားသင့်သွားကြသည်။
ထိုသို့သော ပုံမှန်မဟုတ်သည့် ကိုယ်ခန္ဓာမျိုးကို သူတို့ မည်သည့်အခါကမျှ မမြင်ဖူးကြပေ။
ဝူယွမ်ကိုယ်တိုင်ပင် သူ၏ကိုယ်ခန္ဓာစွမ်းအားကို အသစ်တစ်ဖန် နားလည်သဘောပေါက်လာခဲ့သည်။
ခမ်းနားသောတောင် ကိုယ်ခန္ဓာမှ ထုတ်လွှတ်လိုက်သော အလေးချိန်နှင့် ကြီးမားသည့်ဆင်ပြောင်ကြီး အမှုန်များ ပေါင်းစပ်လိုက်သောအခါက အလေးချိန်က ပိဿတစ်သောင်းလောက်မက၊ သိန်းဂဏန်းအထိပင် ထိုးတက်သွားသည်။
အမှန်ပင်တောင်၏အလေးချိန်နှင့် နှိုင်းယှဉ်နိုင်ပေသည်။
ခမ်းနားသောတောင်ကိုယ်ခန္ဓာပင် ဤမျှစွမ်းအားကြီးပါ နောက်ဆုံးထွက်ရှိလာမည့် နတ်ဘုရားကိုယ်ခန္ဓာက ငရဲကိုပင် ဖိနှိပ်နိုင်မည်ဟု စိတ်ကူးကြည့်နိုင်သည်။
ရှူ…~
စွမ်းအင်အကာအရံအတွင်းရှိ လူတိုင်းက ဖိအားတစ်ခုကို ခံစားနေရကာ သူတို့၏ အသက်ရှူသံမျာူက ပိုမိုလေးလံလာခဲ့သည်။
ဝူယွမ်၏ကိုယ်ခန္ဓာသည် သူ၏ကိုယ်ပိုင်အလေးချိန်ကို တိုးမြှင့်ရုံသာမက ဆွဲငင်အားနယ်ပယ်တစ်ခုကိုလည်း ဖွဲ့စည်းပေးသည်။
သူ့ကိုဗဟိုပြု၍ ပတ်ဝန်းကျင်ရှိ ဆွဲငင်အားက တိုးပွားလာလိမ့်မည်ဖြစ်သည်။
ပတ်၀င်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
စုရပ်အတွင်းရှိ လူများသည် အသက်ပြင်းပြင်းရှူရန် ပင်မရဲဖြစ်နေကြသည်။ အစပိုင်းတွက် ကျားသစ်မိချောင်းဘုရင် နှစ်ကောင် ရုတ်တရက်ဝင်ရောက်လာခြင်းက သူတို့အား အလွန်တင်းကျပ်စေပြီး စကားပြောရန် ခက်ခဲစေခဲ့သည်။ ထို့နောက် ဝူယွမ်က ၎င်းတို့ကို အလွယ်တကူဆွဲချပြီး နင်းလိုက်ခြင်းသည် သူတို့အား အံ့အားသင့်စေကာ စကားမပြောတတ်အောင် ဖြစ်စေခဲ့သည်။ ထို့နောက် ဆွဲငင်အားနယ်ပယ် ပြန့်နှံ့လာပြီး သူတို့သည် အသက်ရှူကျပ်လာသလို ခံစားလာရသည်။
အကာအရံအပြင်ဘက်တွင် အစောပိုင်းက အပြင်းအထန် တိုက်ခိုက်နေသော သားရဲများအားလုံး ငေးမောသွားကြသည်။
ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြသော သူတို့၏ဘုရင်နှစ်ပါးက ဘယ်လိုဖြစ်ပြီး ထိုလူ၏ခြေဖဝါးအောက်သို့ ရောက်သွားကာ ထပ်မထလာနိုင်တော့မှန်း မသိဖြစ်နေကြသည်။
သူတို့အားလုံး စိတ်ရှုပ်ထွေးနေကြကာ စူးစိုက်ကြည့်နေကြသည်။ သူတို့က အကာအရံ အပြင်ဘက်တွင်ရှိသောကြောင့် ဆွဲငင်အား၏ ဖိအားကို မခံစားရကြပေ။
သူတို့၏ခေါင်းဆောင်နှစ်ယောက် ထိုလူ၏ဖိနပ်အောက်သို့ ရောက်သွားသည်ကိုသာ တွေ့လိုက်ရသည်။
အကာအရံကိုဘဲ ဆက်လက်တိုက်ခိုက်ရမလား၊ သူတို့၏ခေါင်းဆောင်ကြီးများအတွက် ဟစ်ကြွေးရမလား၊ ဒါမှမဟုတ် အသက်လုပြေးရန် လိုအပ်မလားဆိုသည်ကို သူတို့မသိကြတော့ပေ။
“မင်းတို့နှစ်ကောင် ဆူညံဆူညံမလုပ်ကြနဲ့”
ဝူယွမ်က ဒူးထောက်ထိုင်လိုက်ပြီး ကျားသစ်မိချောင်းဘုရင်များ၏ ခေါင်းကို ရိုက်လိုက်သည်။
“ဖက် ၊ ဖက်”
နှစ်ကြိမ်ရိုက်လိုက်တာက သားရဲဘုရင်နှစ်ပါးကို လုံးဝငြိမ်သက်သွားစေခဲ့သည်။
ရှုးး…!
ပတ်လည်ရှိ ကြည့်ရှုနေသော သားရဲများအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ခြေတစ်လှမ်း ဆုတ်သွားကြသည်။
သတ္တဝါအားလုံး - “ဒါမဖြစ်နိုင်တာဘဲ”