ရွှေသိမ်းငှက်မြို့တော်သို့ရောက်ရှိခြင်း
Vol. 10 Ch. 100
ရွှေသိမ်းငှက်မြို့တော်။
ခရီးသည်အများအပြား မြို့တွင်းသို့ ခမ်းနားစွာ ဝင်ရောက်လာနေကြသည်။
သိမ်းငှက်သိုင်းခန်းမက ဤမြို့တွင် အလွန်ထင်ရှားသော စွမ်းအားတစ်စုဖြစ်သည့်အတွက် ခရီးတစ်လျှောက်လုံး လူများက ပျော်ရွှင်စွာဖြင့် ကြိုဆိုနေကြသည်။
သူတို့၏ လှည်းများပေါ်တွင် ကုန်ပစ္စည်းများ အပြည့်တင်လာသည်ကို မြင်ရသော အခါတွင် လူအားလုံးက ဤနှစ်တွင်လည်း သိမ်းငှက်သိုင်းခန်းမသည် ကြီးမားသော ရိတ်သိမ်းမှုတစ်ခု ရရှိခဲ့ကြောင်း ဆွေးနွေးနေကြသည်။
မြူဆိုင်းသော တောအုပ်ကြီးကို နောက်ခံထားကာ၊ တောအုပ်အတွင်းသို့ ဝင်ထွက်ရာလမ်းကြောင်းများကို ထိန်းချုပ်ထားသည့် သိမ်းငှက်သိုင်းခန်းမက တောအုပ်အတွင်းမှ အဖိုးတန်ပစ္စည်းများစွာကို အမှန်တကယ် ရရှိခဲ့သည်။
လမ်းများစွာကို ဖြတ်သန်းပြီးနောက်၊ သူတို့သည် မကြာမီ သိုင်းခန်းမ၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။
ထို့နောက်၊ ကျယ်ပြန့်သော နေရာတစ်ခုလုံးကို သိမ်းပိုက်ထားသည့် ကြီးမားလှသော သိုင်းခန်းမကြီးတစ်ခုက ဝူယွမ်၏ ရှေ့မှောက်တွင် ပေါ်လာသည်။
“ခေါင်းဆောင်ကြီး ပြန်ရောက်ပြီ”
သိုင်းခန်းမ၏ တံခါးဝရှိ စောင့်ကြပ်ရေးမှူးများစွာက ခရီးသည်လှည်းများကို မြင်သည့်အခါ ချက်ချင်းပင် အံ့အားသင့်စွာဖြင့် အော်ဟစ်ကြွေးကြော်ကြသည်။ ထိုအခါ ဝူယွမ်က သိုင်းခန်းမ တစ်ခုလုံး ပိုမိုရှုပ်ထွေးသွားသည်ကို ခံစားလိုက်ရပြီး၊ အတွင်းမှ လူအုပ်ကြီး ထွက်လာသည်ကို မြင်ရသဖြင့် လင်းတုန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
သိမ်းငှက်သိုင်းခန်းမက၊ အရွယ်အစား ဖြစ်စေ၊ စွမ်းအား ဖြစ်စေ၊ သူတို့၏ ရူးသွပ်ဓားသိုင်းခန်းမထက် ဆယ်ဆမက ပိုအားကောင်းသည်။
“ခေါင်းဆောင်ကြီး၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီနော်”
အကြီးအကဲများစွာက ကျန်းလဲ့ကို မြင်သည့်အခါ၊ စိုးရိမ်ပူပန်မှု၊ စိတ်သက်သာရာရမှုတို့ဖြင့် နှုတ်ဆက်ပြောဆိုလိုက်ကြသည်။
သိုင်းခန်းမအတွင်း လေထုက အတန်ငယ် ဖိစီးနေသည်မှာ ထင်ရှားသည်။
“ယွဲ့... မင်း အရင်ဦးဆုံး ညီလေးဝူယွမ်နဲ့ သူ့အဖော်ကို ခန်းမအနောက်ပိုင်းကို ခေါ်သွားပြီး အနားယူခိုင်းလိုက်၊ အကောင်းဆုံးအခန်းတွေ စီစဉ်ပေးလိုက်။”
ကျန်းလဲ့က ဦးစွာ ညွှန်ကြားလိုက်သည်။
သူ၏ မိသားစုပြဿနာများဖြင့် ဝူယွမ်ကို အနှောက်အယှက်ဖြစ်စေရန် သူမလိုလားပေး။
ကျန်းယွဲ့၏ မျက်ခုံးကြားတွင် စိုးရိမ်ပူပန်မှု တစ်စက်ပေါ်လာသည်။ သိုင်းခန်းမကို ဒုက္ခပေးနေသော ပြဿနာကို သူမသေချာသိထားသည်။ သိုင်းခန်းမ၏ ကိစ္စရပ်များကို ဖြေရှင်းဖို့ သူမ၏ဖခင်အား ကူညီရန် သူမအလွန်တောင့်တနေခဲ့သည်။ သို့သော်် သူမက အားနွဲ့နေပြီး ဘာမှမတတ်နိုင်သည်ကို ခံစားရသည်။
သူမ၏ မျက်လုံးများက ဝူယွမ်ကို မရည်ရွယ်ဘဲ လှည့်ကြည့်လိုက်မိသည်။ ဝူယွမ်၏ စွမ်းအားဖြင့် ကျားသစ်မိကျောင်းဘုရင်နှစ်ကောင်ကို အလွယ်တကူ နှိမ်နင်းနိုင်သည်ကို သူမတွေးမိသွားသည်။ အကယ်၍ သူသာ သိုင်းခန်းမကို ကူညီပါက၊ အခြေအနေက သေချာပေါက် ပြောင်းလဲသွားမည်ဖြစ်သည်။
သို့သော််... သူက အဘယ်ကြောင့် ဘာအကြောင်းရင်းမရှိဘဲ သူတို့ကို ဆက်လက်ကူညီရမည်နည်း။
အရင်က သူ၏ ဝင်ရောက်စွက်ဖက်မှုသည်ပင် စေတနာအပြည့်နှင့် ကူညီမှုတစ်ရပ်ပင်ဖြစ်သည်။
ကျန်းယွဲ့သည် ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး ချက်ချင်းပင် ဝူယွမ်အကူအညီကို မည်သို့ရနိုင်မည်နည်းဟု စဉ်းစားနေလေတော့သည်။
အကယ်၍ သူမသည် ဝူယွမ်သာ သိုင်းခန်းမအား ဤအကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီနိုင်ပါက၊ နွားများ၊ မြင်းများကဲ့သို့ အလုပ်လုပ်ရန်၊ ကျေးကျွန်အဖြစ် လုပ်ကျွေးပြုစုရန်တောင် သူမ ဆန္ဒရှိသည်။
“မြန်မြန်သွားလိုက်” ကျန်းလဲ့က ထပ်မံတိုက်တွန်းလိုက်သည်။
“သခင်လေး ဝူယွမ်၊လင်းတုန်... ကျေးဇူးပြုပြီး ကျွန်မနောက်ကနေ လိုက်လာပါ”
ကျန်းယွဲ့က ရွေးစရာမရှိတော့ဘဲ ၀ူယွမ်တို့နှစ်ယောက်ကို ဦးဆောင်ပြီး ခန်းမအတွင်းသို့ ဝင်သွားသည်။
သူမက ရှေ့မှလျှောက်နေပေမဲ့ ဝူယွမ်နှင့် အတော်လေးကပ်နေလေသည်။
ကျန်းယင်ယင်ကတော့ ပိုင်ယွမ်ကို ပွေ့ဖက်၍ လင်းတုန်နှင့်အတူ နောက်မှလိုက်လာသည်။
သိုင်းခန်းမ၏ တပည့်များက အံ့အားသင့်စွာဖြင့် ကြည့်နေကြပြီး၊ သူတို့၏ စီနီယာအမကြီးက ယောက်ျားတစ်ယောက်နှင့် ဤမျှနီးကပ်စွာ လမ်းလျှောက်နေမည်ဟု လုံးဝမျှော်လင့်မထားပေ။
ကျန်းယွဲ့က အမြဲတမ်း ‘လူစိမ်းများနှင့် မနီးစပ်ရ’ ဟူသော သဘောထားရှိကြောင်း၊ အများအားဖြင့် အပြင်ပိုင်း အေးစက်သော်လည်း အတွင်းတွင် နွေးထွေးပြီး၊ နှုတ်ခမ်းကတော့ခက်ထော်ေသာ်လည်း စိတ်ထားကောင်းကာ သိုင်းခန်းမကို သစ္စာရှိသူဖြစ်ကြောင်း သူတို့သိထားသည်။
သို့သော်် အပေါ်ယံကြည့်လျှင်ရင်၊ သိုင်းခန်းမ၏ မည်သည့်တပည့်မဆို သူတို့၏ စီနီယာအမထံမှ ဤမျှသိမ်မွေ့သော ဆက်ဆံမှုကို မခံစားရဖူးပေ။
အရေးကြီးဆုံးမှာ၊ ကျန်းယွဲ့က သိမ်းငှက်မြို့တွင် အလှအပမှာ အတုမရှိ၊ ဘယ်သူနှင့်မျှ နှိုင်းယှဉ်၍မရသော တစ်ပွင့်တည်းပွင့်နေသော ပန်းတစ်ပွင့်ဖြစ်ပြီး၊ ေရွှသိမ်းငှက်မြို့ရှိ လူငယ်အမျိုးသားအားလုံး၏ စိတ်ထဲတွင် နတ်သမီးတစ်ပါးဖြစ်ကာ၊ ဤသိုင်းခန်းမတပည့်များသည်လည်း ကျန်းယွဲ့အပေါ် အနည်းနှင့်အများ စိတ်ကူးယဉ်မှုများ ရှိကြသည်။
အခုအချိန်၊ အခုမြင်ကွငး...
သူတို့၏ နတ်သမီးလေးက လူငယ်တစ်ယောက်နှင့် ထိုမျှရင်းနှီးစွာ လမ်းလျှောက်နေသည်ကို မြင်ရသော အခါ၊ သူတို့၏ စိတ်ထဲတွင် ရန်လိုမှုကို ခံစားရပြီး သူတို့အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
“ဟေ့... ဒီကောင်လေးက ဘယ်သူလဲ၊ စီနီယာအမကြီးက သူ့ကို အရမ်းဂရုစိုက်နေသလျုဘဲ”
“ဟုတ်တယ်၊ စီနီယာအမကြီးက အပြင်သူတစ်ယောက်ကို ဒီလိုဂရုစိုက်ဖူးတာမျိုး မရှိဘူး။”
“အင်း... သူ့ ရုပ်ရည်က မဆိုးဘူးလေ”
ဝူယွမ်က သူ၏ ထက်မြက်သော ဝိညာဉ်အာရုံခံစွမ်းရည်ဖြင့် ဤတပည့်များ၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုများနှင့် သူတို့၏ ငြီးငွေ့ဖွယ် တိုးတိုးပြောဆိုမှုများကို အလွယ်တကူ သတိပြုမိသည်။
ထိုအချက်များမှ ကျန်းယွဲ့က သူတို့၏ စိတ်ထဲတွင် အလွန်မြင့်မားသော နေရာမှာရှိကြောင်း သိလိုက်ရသည်။
“သခင်လေးဝူယွမ်၊ သခင်လေးလင်းတုန် ... ဧည့်ခန်းတွေက ဒီမှာပါ။ နှစ်ယောက်လုံး ဒီနေရာမှာ အနားယူနိုင်ပါတယ်၊ သခင်လေးတို့ လိုအပ်တဲ့ ၀မ့်လွန်ပြည်နယ် မြေပုံနဲ့ အဖွဲ့အစည်းအလိုက် နယ်နမိတ်မြေပုံတွေကို မနက်ဖြန်မှာ မြို့ထဲမှာ ဝယ်ယူဖို့ ကျွန်မ သခင်လေးတို့ကို ခေါ်သွားေပးမယ်” ကျန်းယွဲ့က သူမ၏ ပေါ့ပါးသော ခြေလှမ်းများကို ရပ်တန့်ကာ၊ သူမ၏ လှပသော မျက်လုံးများဖြင့် ဝူယွမ်ကို ကြည့်ရင်း ပြောလိုက်သည်။
“ဟေ့... ခဏလေး စောင့်ဘူး၊ ကျွန်တော် မပင်ပန်းသေးပါဘူး။ အရေးကြီးတဲ့ ကိစ္စကို အရင်ပြီးအောင် လုပ်လိုက်ကြရအောင်!”
ဝူယွမ်ရုတ်တရက် ကျန်းယွဲ့ကို ခေါ်လိုက်သည်။
အခုအချိန်က ညနေစောင်းဖြစ်ပြီး၊ ကောင်းကင်ယံမှာ လလုံးဝမှောင်မသွားသေးပေ။
“အရေးကြီးတဲ့ကိစ္စလား”
ကျန်းယွဲ့ စိတ်ရှုပ်သွားပြီး ဝူယွမ်၏ ဆိုလိုရင်းကို နားမလည်နိုင်တော့ပေ။
ဝူယွမ်- “ကျွန်တော် ကတိပေးထားတယ်မဟုတ်လား... မြူဆိုင်းတောအုပ်ကနေ ကျွန်တော်တို့ကို ခေါ်ထုတ်ပေးပြီးတာနဲ့ ကျန်းယင်ယင် မကျင့်ကြံနိုင်တဲ့ ပြဿနာကို ဖြေရှင်းပေးမယ်လို့။ အခုက စခန်းချပြီးပြီ၊ ခေါင်းဆောင်ကြီး ကျန်းလဲ့က ပြင်ပကိစ္စတွေကို ကိုင်တွယ်ဖို့ လိုအပ်သေးတယ်။ ကျန်းယင်ယင်ရဲ့ အစ်မဖြစ်သူအနေနဲ့ ကျွန်တော် သင်ကြားပေးပုံကို လေ့လာခွင့်ရနိုင်တယ်”
သူတို့က သူ့ကို တက်တက်ကြွကြွ မတောင်းဆိုသော်လည်း၊ ဝူယွမ်က ဤကိစ္စကို အမြဲတမ်းစိတ်ထဲထားခဲ့သည်။
တကယ်တော့၊ အကူအညီချင်းလှယ်ချင်တာကြောင့် မဟုတ်ပေ။
ကျန်းယင်ယင်ကို ကူညီရန် သူ၏ကမ်းလှမ်းချက်သည် လမ်းပြသခြင်းကဲ့သို့သော အကြောင်းပြချက် ငယ်လေးများကြောင့်မဟုတ်ပေ။ အဓိက ကတော့ ကျန်းယင်ယင်က ပြန်လည်မွေးဖွားသူတစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ သူမ နိုးကြားလာသောအခါ၊ သူမက စွမ်းအားကြီးသော ပြန်လည်မွေးဖွားချင်းသံသရာဝင်အဆင့် စွမ်းအားရှင်တစ်ဦးဖြစ်လာမည်ဖြစ်ပြီး ယခုသူမကိုကူညီခြင်းက ကြိုတင်ရင်းနှီးမြှုပ်နှံမှု တစ်ခုဘဲဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီရှင်ခြင်းနှင့်သေခြင်း၏ ဘိုးဘေးက သူ့ကိုသေချာပေါက် အမှတ်ရနေမည်ဖြစ်သည်။
ဤသည်မှာ ရှေးခေတ်အဆောင်ဘိုးဘေးရှစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး သူမဆီမှ ကျေးဇူးတင်ခံရခြင်းက အလွန်အမင်းအကျိုးအမြတ်ရရှိစေမည့် လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်သည်။
ထို့အပြင်၊ ဝူယွမ်သိသည်မှာ ထိုအကြီးအကဲက အလွန်ကြင်နာတတ်သူဖြစ်ပြီး သူမ၏ပတ်ဝန်းကျင်ရှိလူများကို အလွန်ချစ်မြတ်နိုးတတ်သူဖြစ်သည်။ သူမနိုးကြားလာသောအခါ၊ ဝူယွမ်အတွက် ဤကျေးဇူးကို သေချာပေါက် ပြန်ဆပ်လိမ့်မည်ဖြစ်သည်။
တကယ်တော့၊ ဝူယွမ်ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ၊ သူမက နောက်ဆုံးတွင် နိုးကြားလာမည်ဖြစ်သည်။ သို့သော်် သူ၏ကူညီမှုက လုပ်ငန်းစဉ်ကို မြန်ဆန်စေနိုင်သည်။
ထို့အပြင်၊ သာမန်ကူညီမှုက ရှင်ခြင်းနှင့်သေခြင်း၏ ဘိုးဘေးကဲ့သို့သော စွမ်းအားကြီးမားသူအတွက် သိပ်အကျိုးကျေးဇူးမရှိပေ။ ထို့ကြောင့်၊ ဝူယွမ်က ခန္ဓာကိုယ်ကျမ်း၊ ကျင့်ကြံခြင်းနည်းလမ်း တွကို သူမအား သင်ကြားပေးရန် စီစဉ်ထားသည်။
ခန္ဓာကိုယ်ကျမ်းကို သူပထမဆုံးရရှိချိန်တွင်၊ နတ်ဘုရား၏ခန္ဓာကိုယ် ဆယ့်နှစ်ခုရှိပြီး၊ တစ်ယောက်ချင်းစီက တစ်ခုတည်းကိုသာ လေ့ကျင့်နိုင်သည်။ အကယ်၍ သူတစ်ယောက်တည်းသာ လေ့ကျင့်ပါက၊ အခြားဆယ့်တစ်ခုက အလဟဿဖြစ်သွားမည်ဖြစ်သည်။
ဝူယွမ်သည် သင့်လျော်ပြီး နီးစပ်ရာ ယုံကြည်စိတ်ချရသူများကို ရှာဖွေကာ နည်းလမ်းများကို သင်ကြားပေးရန် စဉ်းစားထားခဲ့သည်။
သူသည် တျန်းရွှမ် တိုက်ကြီးတွင် လူဆယ့်နှစ်ယောက်ကို ရှာဖွေကာ နတ်ဘုရား၏ခန္ဓာကိုယ် ဆယ့်နှစ်ခုလုံးကို ကျင့်ကြံနိုင်ရန် ရည်ရွယ်ထားသည်။
ထို့နောက်၊ နတ်ဘုရား၏ခန္ဓာကိုယ် ဆယ့်နှစ်ခုစလုံး သူ့အနားတွင် စုဝေးနေသည့်အခါ၊ နောက်ပိုင်းတွင် ထိုမြင်ကွင်း၏ ခမ်းနားကြီးကျယ်မှုကို မြင်ယောင်ကြည့်နိုင်သည်။ မည်သည့် မကောင်းဆိုးဝါးများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်စေ၊ သို့မဟုတ် လောကတစ်ထောင် သို့ ဝင်ရောက်ရန် ဖြစ်စေ၊ ယင်းက မတားဆီးနိုင်သော အင်အားစုတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။
ကျန်းယင်ယင်၊ ချစ်ဖို့ကောင်းသော ကလေးမလေးက သူ၏ ပျိုးထောင်လိုသော မျိုးဆက်လောင်းများထဲမှ တစ်ယောက်ဖြစ်သည်။
ဝူယွမ်က ဤကိစ္စကို မှတ်မိနေပြီး ဆက်လက်လုပ်ဆောင်လိုစိတ် ရှိခြင်းက ကျန်းယွဲ့အတွက် အလွန်ကျေးဇူးတင်စရာကောင်းသော အဖြစ်အပျက်ကြီးတစ်ခုဖြစ်သည်။ ဆိုရသော် အခုကိစ္စသည် သူမ၏ညီမ၏ အနာဂတ်နှင့် သက်ဆိုင်နေသောကြောင့်ဖြစ်သည်။
သို့သော််၊ သူမသည် အနည်းငယ် ရှက်ကိုးရှက်ကန်ဖြစ်ကာ-
“သခင်လေးက ယင်ယင်ကို သင်ပေးနေတာ၊ ကျွန်မက ဘေးကနေ ကြည့်နေတယ်ဆိုရင်... ဒါက မသင့်တော်ဘူးလားလို့”
စိတ်လှုပ်ရှားနေသော်လည်း၊ ကျန်းယွဲ့က အနည်းငယ် ရှက်ကိုးရှက်ကန်လည်း ဖြစ်နေသည်။ နောက်ဆုံးတွင်၊ ကျင့်ကြံခြင်းနည်းလမ်းများ သင်ကြားပို့ချခြင်းသည် လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး၊ ဘေးကကြည့်ရန် မသင့်တော်ဟု သူမ ခံစားနေရသည်။
“ပြဿနာမရှိပါဘူး။ မိန်းမပျိုကျန်းယွဲ့ကို ကြည့်ခွင့်ပြုတာက ငါက လိမ်ညာသူမဟုတ်ကြောင်း သက်သေပြဖို့ပါ”
ဝူယွမ်က ဂရုမစိုက်ဘဲ ပြောသည်။
“လာကြ... အတွင်းကို ဝင်ကြရအောင်”
သူက ကျန်းယွဲ့တို့ညီအစ်မကို ခေါ်ဆောင်ကာ အခန်းအတွင်းသို့ ဝင်သွားသည်။
ထို့နောက်၊ ရှောင်ယန်ကို ပွေ့ထားသော လင်းတုန်ကို ပြောသည်- “ညီလေး... မင်းနဲ့ ရှောင်ယန် အပြင်ဘက်မှာ စောင့်ကြပ်ပေးလို့ရမလား၊ ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေနဲ့။”
သူက လင်းတုန်ကို ကိရိယာတစ်ခုအဖြစ် အသုံးပြုချင်းက သိသိသာသာ အကျင့်ပါသွားသည်။
“သိပါပီ”
လင်းတုန်က မျှော်လင့်ချက်မဲ့စွာနှင့် ပြောလိုက်သည်။ တံခါးစောင့်ရခြင်းကို သူ ရင်းနှီးပြီးသားဖြစ်သည်။
အိမ်တွင်ရှိစဉ်၊ သူက သူ၏အစ်ကိုကြီးနှင့် ချင်းတန်အတွက် တံခါးကို မကြာခဏ စောင့်ကြပ်ပေးရလေ့ရှိသည်။
“သခင်လေးလင်းတုန်ကို ကျေးဇူးတင်ပါတယ်။”
ကျန်းယွဲ့က တောင်းပန်ဟန်ဖြင့် ပြောလိုက်သည်။ လင်းတုန်၏ အကူအညီနှင့် ပတ်သက်၍ သူမက ယဉ်ကျေးမှုရှိရမည်ဖြစ်သည်။
“မလိုပါဘူး... ငါ့အစ်ကိုကြီးရဲ့ စကားကို နားထောင်တာ၊ ကိုယ်လုပ်စရာရှိတာသာလုပ်... ငါ့အစ်ကိုကြီးက လူတွေအပေါ် ဘယ်တော့မှ မတရားမှုမလုပ်ဘူး။”
လင်းတုန်းက လက် ဝေရမ်းကာ မိန်းကလေးတွေနဲ့ မတွေ့ချင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ကလစ်”
တံခါးပိတ်သွားသည်။ အခန်းအတွင်းတွင် ကျန်းယွဲ့က အနည်းငယ် စိတ်ရှုပ်နေပြီး၊ ကျန်းယင်ယင်၏ မျက်လုံးပြူးကြီးများက ဝူယွမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကာ၊ သူက သူမအား နည်းလမ်းတွေကို မည်သို့သင်ကြားပေးမည်နည်းဟု တွေးနေသည်။
“ယင်ယင်... ပိုင်ယွမ်ကို မင်းအစ်မကို ပေးလိုက်၊ ပြီးရင် အိပ်ရာပေါ်တက်ထိုင်လိုက်” ဝူယွမ်က ညွှန်ကြားလိုက်သည်။
“ဟုတ်”
လီယင်ယင်က နာခံစွာဖြင့် သဘောတူလိုက်ပြီး ပိုင်ယွမ်ကို ကျန်းယွဲ့ထံ ပေးအပ်လိုက်သည်။
ကျန်းယွဲ့သည် ပျော်ရွှင်စွာဖြင့် ပိုင်ယွမ်ကို သူမ၏ လက်နှစ်ဖက်ကြားသို့ခေါ် ယူလိုက်သည်။
ပိုင်ယွမ်လို ချစ်စရာကောင်းတဲ့ သတ္တဝါလေးကို မကြိုက်တဲ့သူ မရှိေပ။ ပိုပြီးး ပိုင်ယွမ်၏ အမွေးများက နူးညံ့ပျော့ပျောင်းပြီး ချောမွတ်နေသောကြောင့် သူမအတွက် ပိုင်ယွမ်ကို ကိုင်ထားရသည်က အတော်လေးပျော်ဖို့ကောင်းလေသည်။
“ဝူးး… ဝူး..”
ပိုင်ယွမ်က မကျေမညပ်ညည်းညူလိုက်ပြီး ကျန်းယွဲ့၏ လက်နှစ်ဖက်ကြားတွင် အနည်းငယ် မသက်မသာ ခံစားနေရသည်။
ကျန်းယွဲ့က လီယင်ယင်ထက် အရပ်ပ်ုရှည်သော်လည်း၊ သူမ၏လက်နှစ်ဖက်ကြားရှိ နေရာသည် လီယင်ယင်၏လက်ထဲကကဲ့သို့ ကျယ်ပြန့်ခြင်းမရှိပါ။
နေရာကျဉ်းလွန်းပြီး၊ ညှစ်ခံထားရသောကြောင့်၊ လှည့်ရန် မလွယ်ကူပါ။ ချိုင့်နှစ်ခုသည် ကြီးမားပြီး ခမ်းနားထည်ဝါကာ၊ ဖိထားသဖြင့်၊ သူမ၏ခေါင်းကြီးက တဆတ်ဆတ်ခုန်နေသည်။
“အီး...”
ဝူယွမ်က ကျန်းယွဲ့၏လက်နှစ်ဖက်ကြားတွင် မသက်မသာဖြစ်နေသော ပိုင်ယွမ်ကို ကြည့်ရင်း၊ တံတွေးမမျိုချဘဲ မနေနိုင်တော့ချေ။
“သူ့ရဲ့ငရဲက ငါရဲ့သုခဘုံကြီးဟ”
ဤဒုက္ခကို၊ ပိုင်ယွမ်အစား သူသာပြေးခံလိုက်ချင်သည်။ (ကူညီပါရစေ ပိုင်ယွမ်🌚)
ကျန်းယွဲ့၏ဝတ်စုံက နည်းနည်း ချောင်နေသောကြောင့် အရပ်ကမသိသာသော်လည်း အခု ပိုင်ယွမ်ကို ပွေ့ဖက်ထားသောအခါ၊ သူမ၏အဝတ်အစားများက သူမ၏ခန္ဓာကိုယ်နှင့် ကပ်နေပြီး၊ ချက်ချင်းပင် သူမ၏ကြီးမားသောရင်ဘတ်ကို ထုတ်ဖော်ပြသလိုက် သလိုဖြစ်သွားသည်။
သူမ၏ပိုင်ဆိုင်မှုများသည် ရွှမ်စုထက် မနိမ့်ပါ။
“ညည်းညူနေတာရပ်လိုက်၊ နောင်တစ်ချိန် မင်းလူသားအသွင် ပြောင်းတဲ့အခါ၊ မင်းအခုမကြိုက်တာတွေကို ကြိုက်လာတဲ့အခါ၊ ဒါတွေကနောက်ပိုင်းမှာ လက်လှမ်း မမီနိုင်တဲ့ အမြင့်ကြီး ဖြစ်ကောင်းဖြစ်လာနိုင်တယ်။”
ဝူယွမ်က မကျေမနပ်ဖြစ်ကာ ပိုင်ယွမ်ထံ စိတ်ဖြင့်ဆက်သွယ်ပြောလိုက်သည်။ ပိုင်ယွမ်သည် သူ့သခင်က သူ့ကို မကျေနပ်ဖြစ်နေကြောင်း သိသော်လည်း၊ သူ့သခင်၏စကားကို နားမလည်ပေ။
ထို့ကြောင့်၊ သူမက ကျန်းယွဲ့၏လက်နှစ်ဖက်ကြားတွင် နာခံစွာဖြင့် လဲလျောင်းနေလိုက်သည်။
ကျန်းယွဲ့၏မျက်နှာက အနည်းငယ် နီနေသည်။ ကံကောင်းထောက်မစွာပင်၊ ပိုင်ယွမ်က ဆက်မတွန်းတော့သလို၊ ညည်းညူလည်းမနေတော့ပေ။
“အစ်ကိုကြီး... အခု စတင်လို့ရပြီလား”
ကျန်းယင်ယင်က အိပ်ရာပေါ်တွင် ထိုင်နေပြီး ဝူယွမ်ကို မျှော်လင့်ချက်များဖြင့် စောင့်မျှော်နေသည်။
“အင်း... ခြေချင်းချိတ်ထိုင်လိုက်၊ မျက်လုံးမှိတ်ထား၊ စိတ်ကို ရှင်းလင်းအောင်ထားလိုက်။”
ဝူယွမ်သည် ကျန်းယင်ယင်ကို ဖြည်းဖြည်းချင်း လမ်းညွှန်ပေးနေသည်။
“နောက်ပိုင်း၊ အစ်ကိုကြီးရဲ့ ဝိညာဉ်စွမ်းအင်က မင်းရဲ့ အသိပင်လယ်ထဲကို ဝင်ရောက်လိမ့်မယ်။ မခုခံနဲ့၊ မင်းရဲ့ မသိစိတ် အတွေးမှာလည်း မခုခံနဲ့... မင်းက အစ်ကိုကြီးကို လုံးလုံးလျားလျား ယုံကြည်ရမယ်၊ နားလည်တယ်နော်”
ဝူယွမ်က သည်းခံပြီး စိတ်ရှည်ရှည်ဖြင့် ပြောပြနေသည်။ ကျန်းယင်ယင်က ပြန်လည်မွေးဖွားလာသူဖြစ်သောကြောင့်၊ သူမ၏အတွင်းစိတ်ထဲတွင် ရှင်ခြင်းနှင့်သေခြင်းဘိုးဘေး၏ အရင်ဘဝအမှတ်ရများ ရှိနေဆဲဖြစ်သည်။ အကယ်၍ ဝူယွမ်သာ သူမ၏ အသိပင်လယ်ထဲသို့ အတင်းဝင်ရောက်ပါက၊ ရှင်ခြင်းနှင့်သေခြင်းဘိုးဘေး၏ မှတ်ဉာဏ်များကို နှိုးဆွစေမိနိုင်ပြီး၊ ပြန်လည်မွေးဖွားမှုအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည်။
“ကျွန်မ အစ်ကိုကြီးကို ယုံကြည်တယ်”
ကျန်းယင်ယင်က ခိုင်မာစွာပြောလိုက်သည်။
ဝူယွမ်က နောက်ထပ်မတွန့်ဆုတ်တော့ဘဲ၊ ခန္ဓာကိုယ်ကျမ်း၏ စာလုံးခြောက်လုံးကို သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ရစ်ပတ်ကာ ကျန်းယင်ယင်၏ အသိပင်လယ်ထဲသို့ ထည့်သွင်းလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်နီးကပ်လာသည်နှင့်တပြိုင်နက်၊ သူမ၏အတွင်းစိတ်မှ မမြင်ရသောအားတစ်ခုက ချက်ချင်းပေါ်ထွက်လာပြီး၊ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို တွန်းထုတ်ရန် ကြိုးစားနေသည်။
“ဟမ့်”
ဝူယွမ်က သူ၏ဝိညာဉ်က ချက်ချင်းနာကျင်မှုကို ခံစားလိုက်ရပြီး၊ ချက်ချင်းဆုတ်ခွာကာ၊ မျက်နှာ အနည်းငယ်ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။
ထိုခဏတာအတွင်း တိုက်ခိုက်မှုက ဝေးကွာသောအချိန်နှင့်နေရာမှ လာသောတိုက်ခိုက်မှုတစ်ခုကဲ့သို့ ခံစားရပြီး၊ ဝူယွမ်ကို အံ့အားသင့်စေခဲ့သည်။
“ဟင်၊ ဘာဖြစ်သွားတာလဲ အစ်ကိုကြီး... ကျွန်မ အစ်ကိုကြီးကို ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။”
ကျန်းယင်ယင်က အပစ်ကင်းသော မျက်လုံးများဖြင့် ပြောသည်။ သူမသည် သူမ၏ကိုယ်ကို ပြင်ဆင်ထားသော်လည်း၊ ထိုကဲ့သို့သော ထူးဆန်းသည့်မြင်ကွင်း ဖြစ်ပေါ်လာမည်ကို မျှော်လင့်မထားဘဲ၊ သူမ၏ပင်ကိုသဘာဝက ယင်းကို မောင်းထုတ်လိုက်ခြင်းဖြစ်သည်။
ကျန်းယွဲ့သည်လည်း အလွန်အံ့အားသင့်သွားပြီး၊ သူမ၏ညီမက စွမ်းအားကြီးမားသော ဝူယွမ်ကို ဒဏ်ရာရစေနိုင်မည်ဟု လုံး၀မထင်ထားခဲ့ပေ။
“ပြဿနာမရှိပါဘူး... မင်းရဲ့ အတွင်းစိတ်က ငါ့ကို သတိထားနေတုန်းပဲ... မင်းရဲ့ နှလုံးသားကို ငါ့အတွက် ဖွင့်ပေးမှသာ ငါက ဒီနည်းလမ်းကို သင်ပေးနိုင်မယ်။ မင်းရဲ့ အတွင်းစိတ်ထဲမှာ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားကြည့်ပြီး၊ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်နဲ့ အတူတူ ဘာတွေရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်အောင် ကြိုးစားကြည့်လိုက်”
ဝူယွမ်က ဆက်လက်လမ်းညွှန်ပေးလိုက်သည်။ ဤသင်ကြားပို့ချသည့်နည်းလမ်းက အနည်းငယ်အန္တရာယ်ရှိပြီး၊ သူ့အတွက်သာမက လီယင်ယင်အတွက်ပါ ဖြစ်သည်။
“အစ်ကိုကြီး... ဝိညာဉ်စွမ်းအင်ဆိုတာ ဘာလဲ”
လီယင်ယင်သည် မည်သည့်ကျင့်ကြံခြင်းမှ မပြုလုပ်ဖူးသောကြောင့် နားမလည်နိုင်ဖြစ်နေသည်။
“အာ... ဝိညာဉ်စွမ်းအင် လေ့ကျင့်ရေးနည်းလမ်းကို အရင်သင်ပေးမှရမယ်၊ ကြည့်ရအောင်။”
ဝူယွမ်က ဖြည်းဖြည်းခြင်းသတိထား ပြောလိုက်သည်။ ပြန်လည်မွေးဖွားလာသူနှင့် သက်ဆိုင်သောကြောင့်၊ ဝူယွမ် အလွန်အမင်းမလုပ်ရဲတော့ပေ။
“ဒါက နတ်ဆင်နှိမ်နင်းခြင်း ကျင့်စဉ်နည်းလမ်းဘဲ...”
ဝူယွမ်သက ချက်ချင်းဗျူဟာပြောင်းကာ၊ လီယင်ယင်ကို ဝိညာဉ်စွမ်းအင်ကျင့်ကြံနိုင်ရင် ဦးစွာသင်ကြားပေးလိုက်သည်။
လီယင်ယင်က ပြန်လည်မွေးဖွားလာသူဖြစ်ပြီး၊ သူမက ဘိုးဘေးအဆောင် ရှင်ခြင်းနှင့်သေခြင်း၏ ပိုင်ရှင်ဖြစ်သော်လည်း၊ အခုလောလောဆယ် ရှင်ခြင်းနှင့်သေခြင်း၏ ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားခြင်းမရှိပေ။
သို့သော််၊ ဝူယွမ်၏ မူလရူန်း လျှို့ဝှက်ချက်တွင် မူလရှင်ခြင်းနှင့်သေခြင်း ရူန်း ကျင့်ကြံရန်နည်းလမ်းများ ပါရှိသည်။
အကယ်၍ သူမက အဆောင်သခင်၏လမ်းကြောင်းကို လေ့ကျင့်နိုင်ပါက၊ ဝူယွမ်က ချင်းတန်အား မူလတိုင်ယင်ရူန်းကို သင်ကြားပေးသကဲ့သို့၊ မူလရှင်ခြင်းနှင့်သေခြင်း ရူန်းကို သူမအား သင်ကြားပေးနိုင်သည်။
“ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် ကျန်းယင်ယင် လုံးလုံးလျားလျားနိုးကြားလာပြီး ရှင်ခြင်းနှင့်သေခြင်းအဆောင်ရဲ့ပိုင်ရှင် ဖြစ်လာတဲ့အခါကြ ရှင်ခြင်းနှင့်သေခြင်း ရူန်းအကြောင်းကို ငါသိထားတာကို ဘယ်လိုရှင်းပြရမလဲ၊ အခုအချိန်မှည ရှင်ခြင်းနှင့်သေခြင်း ရဲ့ ဘိုးဘေးအဆောင်က လူသားအသွင်ကို ကူးပြောင်းသွားပီ၊ ရှင်ခြင်းနှင့်သေခြင်းအဆောင်ရဲ့ပိုင်ရှင်နဲ့ သင်္ကေတဘိုးဘေးတို့ကဘဲ ရှင်ခြင်းနှင့်သေခြင်း ရူန်းကို သိထားကြတယ်။ အဲ့အချိန်ကြ ရှင်ခြင်းနှင့်သေခြင်း အဆောင်ပိုင်ရှင်က ငါ့ကို သင်္ကေတဘိုးဘေး ပြန်လည်မွေးဖွားလာသူလို့ ထင်မှာလား”
ဝူယွမ်က ရဲဲရဲရင့်ရင့်တွေးလိုက်မိပြီး၊ ဤဖြစ်နိုင်ခြေက အလွန်မြင့်မားသည်ဟု ခံစားနေရသည်။
အဆုံးတွင်၊ ဤကမ္ဘာတွင် ကျန်ရှိနေသော ပြည့်စုံသည့် မူလရူန်းများက ဘိုးဘေးအဆောင်ရှစ်ခုသာဖြစ်သည်။
ကျန်ူယင်ယင်၏ ဝိညာဉ်စွမ်းအင်က အပေါ်ယံတွင် သာမန်ဖြစ်နေသော်လည်း၊ သူမလေ့ကျင့်သည်နှင့်တပြိုင်နက်၊ အလွန်ထက်မြက်သော ပါရမီကို ချက်ချင်းပြသလိုက်သည်။
သူမတွင် အဆုံးမရှိသော ဝိညာဉ်စွမ်းအင် အရင်းအမြစ်များ ရှိသည့်အလား၊ ဝူယွမ်၏ ဂရုတစိုက်လမ်းညွှန်မှုဖြင့်၊ ဆယ့်ငါးမိနစ်ကြာပြီးနောက်၊ သူမက ဝိညာဉ်စွမ်းအင် ခွဲထွက်နိုင်သည်အထိ လေ့ကျင့်နိုင်ခဲ့သည်။
ဤမြန်ဆန်သော လေ့ကျင့်မှုနှုန်းဖြင့်၊ သူမ၏ သဘာ၀ အဆောင်တံဆိပ်ကို စုစည်းရန် ရက်ပေါင်းများစွာ ကြာမည်မဟုတ်ပေ။
“ကောင်းပြီ... ယင်ယင်ကို အရင်အေးဆေး ကျင့်ကြံခွင့် ပေးလိုက်ရအောင်၊ ကျွန်တော်တို့ ထွက်သွားသင့်ပြီ။”
ကျန်းယင်ယင်က ကျင့်ကြံခြင်းထဲ နစ်မြုပ်နေပီဖြစ်ကာ၊ ဝူယွမ်က ကျန်းယွဲ့ကို ခေါ်ပြီး ထွက်ခွာသွားသည်။
နေရာချပေးပြီးနောက် ကျန်းယွဲ့က ဝူယွမ်အတွက် အရာရာတိုင်းကို ကိုယ်တိုင်စီမံခဲ့သည်။ သူ့အတွက် ရေချိုးရေကိုပင် နွေးအောင်လုပ်ပေးခဲ့သည်၊ သူ့ကို ရေချိုးဖို့ကူပေးခါနီးပင် ဖြစ်ခဲ့သည်။
နောက်တစ်နေ့...
ကျန်းယွဲ့သည် နံနက်စောစောကတည်းက အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။ ဝူယွမ်ကလည်း ကျန်းယွဲ့ကို အကြာကြီး မစောင့်ခိုင်းစေချင်ပေ ထို့ကြောင့် သူက အနည်းငယ်ပြင်ဆင်ပြီးနောက် အိပ်ခန်းကထွက်လာပြီး မြို့ထဲသို့ သွားရန် အိမ်မှထွက်ခွာလာသောအခါ။
လီယင်ယင်က ပြေးထွက်လာသည်။ တစ်ညလုံး လေ့ကျင့်ခန်းလုပ်ပြီးနောက်၊ ကလေးမလေးက ငြီးငွေ့နေပုံရပြီး သူတို့အား ကပ်နေလေသည်။ ကျန်းယွဲ့က သူမ၏ညီမ ကပ်ချွဲတာကို သေချာပေါက် ခံနိုင်ရည်မရှိပေ။ အနည်းငယ်ပြောဆို ဆွေးနွေးပြီးနောက်၊ သူမက ကျန်းယင်ယင်ကို သူတို့နှင့် အတူလိုက်ခွင့်ပြုလိုက်သည်။
“အစ်ကိုကြီး... ဝိညာဉ်စွမ်းအင်က အရမ်းအံ့သြဖို့ကောင်းတယ်၊ မနေ့ညက ကျွန်မ အခန်းထဲကနေ အကိုကြီးတို့ ဘာလုပ်နေတယ်ဆိုတာ မြင်နိုင်တယ်”
“အစ်မ တစ်ညလုံး ဘယ်လိုအိပ်တယ်ဆိုတာ... သူမ...”
ကျန်းယင်ယင်က တက်ကြွနေပြီး ပိုင်ယွမ်ကို ပွေ့ဖက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောနေသည်။
“ယင်ယင်... မင်းဘယ်သူ့ကိုမှ ဝိညာဉ်စွမ်းအင်နဲ့ မစမ်းသပ်ပါနဲ့၊ အဲ့တာက ဒုက္ခရောက်နိုင်တယ်။”
ဝူယွမ်က မတက်နိုင်ဘံ သတိပေးလိုက်ရသည်။ မနေ့ညက လီယင်ယင်သည် ပထမဆုံးအကြိမ် ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ၊ သိလိုစိတ်ဖြင့် သူမ၏ဝိညာဉ်ခန္ဓာကို သိုင်းခန်းမ တစ်ခုလုံးတွင် လှည့်လည်နေသည်ကို ဝူယွမ်သတိပြုမိသည်။
“ဟုတ်”
ကျန်းယင်ယင်က နှုတ်ခမ်းကို စူပြီး သဘောတူလိုက်သည်။
စွမ်းအားရှိသည်ဟု ခံစားရသည့် ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားရပြီး၊ သူမက အလွန်ကစားတတ်သူဖြစ်သည်။
တံခါးဝတွင်။
ကျန်းယွဲ့- “အိုး... သခင်လေးလင်းတုန်ကို မခေါ်ဘူးလား”
“အမ်း... မလိုပါဘူး။ သူ့ကို နည်းနည်းထပ်အိပ်ခွင့်ပေးလိုက်ပါ။”
ဝူယွမ်က သူ၏ညီကို မေ့သွားကြောင်း မပြောပြလိုပေ။
“ဒါက မင်းအတွက်ဘဲ”
ကျန်းယွဲ့သည် သိုလှောင်အိတ်တစ်လုံးထုတ်ကာ ဝူယွမ်ထံ ပေးအပ်လိုက်သည်။
“ဘာတွေလဲ”
“အထဲမှာ သန့်စင် ယွမ်ဆေးလုံး တစ်သိန်း ပါတယ်။ အဖေကကျွန်မကို သခင်လေးကိုပေးဖို့ ပြောထားတာ။ မြူဆိုင်းတောအုပ်ထဲမှာ သခင်လေး ဆေးလုံးနဲ့ ရတနာတွေအများကြီးသုံးပြီး အစီအရင်တွေချခဲ့တယ်။ သခင်လေးက ကျွန်မတို့ကိုကယ်ဖို့လုပ်ခဲ့တာ၊ ဒါကိုသခင်လေးတစ်ယောက်တည်း ဆုံးရှုံးခွင့်မပြုနိုင်ဘူး။”
“အိုး... ဟုတ်ပါပြီ”
ဝူယွမ်က သူ၏ခေါင်းကို ကုတ်လိုက်မိသည်။ သူက ထိုအကြောင်းကို စဉ်းစားခဲ့ခြင်းမရှိပါ။ လိန့်ယွမ်တောင်တွင် တိနှင့် လျူမိသားစုဝင်များကို သုတ်သင်ပြီးနောက်၊ လုယက်ရာမှ သန့်စင် ယွမ်ဆေးလုံး ငါးသိန်း နီးပါးရရှိခဲ့သည်။ သူ၏အရင် စုဆောင်းမှုများနှင့် ပေါင်းလိုက်သောအခါ၊ သူ့တွင် တစ်သန်းကျော်ရှိနေပြီဖြစ်သည်။
ကျန်းယွဲ့၏ စိတ်ပိုင်းဖြတ်ထားသည့် ဟန်ကို မြင်ရသောအခါ၊ ဝူယွမ်က ငြင်းဆန်လျှင်မယဉ်ကျေးရာကြသည်ဟု ခံစားရပြီး၊ လက်ခံဖို့လုပ်လိုက်သည်။ ထိုဆေးလုံးပမာဏက သူ့အတွက် သိပ်အရေးမကြီးပေ။ ဒါပေမဲ့ ဒီအတိုင်းလက်မခံလိုပေ။
ဝူယွမ်- “တစ်သိန်း မရှိပါဘူး။ အဲ့အချိန်က သန့်စင် ယွမ်ဆေးလုံး ငါးသောင်းဘဲ သုံးခဲ့တာ။ မိန်းမပျိုကျန်းယွဲ့ ပြောမှမှတ်မိသွားတယ်။ ခေါင်းဆောင်ကြီး ကျန်းလဲ့ကလည်း အတော်သေသပ်တာဘဲ။ ဒီလိုဘဲ ထားပါတော့၊ ဒီနေ့ကျွန်တော်တို့ အပြင်ထွက်ပြီး ကျွန်တော့်အတွက်ပစ္စည်းတွေဝယ်ကြမှာဆိုတော့၊ မိန်းမပျိုယွဲ့က ဒီသန့်စင် ယွမ်ဆေးလုံးတွေနဲ့ ကျွန်တော့်ဝယ်စရာတွေအတွက် ပေးချေလိုက်ပါ။ မလောက်ရင် ကျွန်တော်ကျန်တာပေးမယ်၊ ပိုနေရင် မင်းယူသွားနိုင်တယ်။”
“ဒါမဖြစ်သင့်ဘူး”
ဝူယွမ်က မြေပုံများနှင့် သတင်းအချက်အလက်များကို ဝယ်ယူနေခြင်းဖြစ်ပြီး၊ အများဆုံးလည်း သန့်စင် ယွမ်ဆေးလုံး ထောင်ဂဏန်းခန့်သာ ကုန်ကျမည်ဖြစ်သည်။ အားလုံးသုံးကုန်ရန် မဖြစ်နိုင်ပေ။
“ဒီလိုပဲဆုံးဖြတ်လိုက်ကြရအောင်။ ကျွန်တော်က ယင်ယင်ရဲ့ ဆရာလည်းဖြစ်တယ်၊ ဒါကြောင့် ဒီလောက်အထူးတလည် လုပ်ဖို့မလိုပါဘူး။”
“မှန်တယ်၊ မှန်တယ်! ဆရာပြောတာမှန်တယ်၊ အစ်မ... ဆရာရဲ့စကားကိုနားထောင်လိုက်”
လီယင်ယင်က မြန်မြန်ပြောလိုက်သည်။ သူမက ဆရာဟု ခေါ်ရတာကို အတော်လေးကြိုက်သွားဟန်ရသည်။
“ကောင်းပြီ” ကျန်းယွဲ့က မတက်နိုင်ဘဲ သဘောတူလိုက်ရသည်။ သူမက သခင်လေးဝူယွမ်အပေါ် ကျေးဇူးအကြွေးတင်နေမှုများ ပိုမိုများပြားလာသည်ကို စိတ်ထဲတွင် တွေးနေမိသည်။ “ဒီကျေးဇူးကြွေးတွေကို ဘယ်လိုပြန်ဆပ်ရမလဲ”
ဝူယွမ်- “နောက်ပြီး အခုကျွန်တော်တို့ အပြင်ထွက်ကြတော့မှာ ဆိုတော့၊ ကျွန်တော့်ကို သခင်လေလို့ မခေါ်ပါနဲ့တော့၊ အဆင်ပြေရင် ကျွန်တော့်ကို အစ်ကိုကြီးလို့သာ ခေါ်လိုက်ပါ”
ကျန်းယွဲ့- “အဲ့တာဆို... အစ်ကိုကြီးဝူယွမ်ကလည်း ကျွန်မကို မိန်းမပျို လို့မခေါ်နဲ့တော့... ကျွန်မကို ယွဲ့... လို့ဘဲခေါ်လို့ရတယ်”
“ဟုတ်ပီ၊ ယွဲ့”