← Chapters

ကျန်းယွဲ့၏အတွင်းခံ

Vol. 10 Ch. 98

ကျန်းယွဲ့၏အတွင်းခံ

Vol. 10 Ch. 98

အကာအရံအပြင်ဘက်ရှိ မကောင်းဆိုးဝါးသာရဲများအားလုံးး ဆုတ်ခွာသွားကြသည်။

သူတို့ခေါင်းဆောင်က လူသားတစ်ဦး၏ခြေဖဝါးအောက်တွင် ဖိနင်းခံထားရသည်မှာ အလွန်ပင်ထိတ်လန့်ဖွယ်ရာဖြစ်သည်။

သူတို့ဦးနှောက်ထဲမှာ ပြည့်နှက်နေသော အကြမ်းထန်သည့် အဆိပ်သင့်စိတ်ခံစားမှုများက ထိုလူသား သူတို့ခေါင်းဆောင်၏ ဦးခေါင်းကို “ပုတ်၊ ပုတ်” ရိုက်နေသည့် မြင်ကွင်းနှင့်အတူ ချက်ချင်းဘဲ ပျောက်ကွယ်သွားလေသည်။

သာရဲများအတွက်မူ ဤမြင်ကွင်းက ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။

အရင်ကအမြဲတမ်း သန်မာပြီး အနှိုင်းမဲ့ဖြစ်ခဲ့သည့် သူတို့၏ခေါင်း‌ဆောင်၊ သားရဲဘုရင် ကျားသစ်မိချောင်း နှစ်ကောင်က ယခုအခါ လူသားတစ်ဦး၏ ချေမှုန်းခြင်းကို ခံနေရသည်။

ကျားသစ်မိချောင်းနှစ်ကောင်လုံး ပါးစပ်မှ အမြှုပ်များထွက်လျက် ရှိသည်၊ ဂုဏ်သိက္ခာရှိသော သားရဲဘုရင်၊ သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်း ကျင့်ကြံသူနှင့်ညီမျှသော သားရဲနှစ်ကောင်က ယခုအခါ အသက်ရှူရန်ပင် ခဲယဉ်းနေလေသည်။

သူတို့က စိတ်ရှုပ်ထွေးနေပြီဖြစ်ကာ သတိလစ်တော့မည့်အရေးနှင့် ကြုံနေရသည်။

“ဟမ့်... မင်းတို့ ဆက်ပြီး မောက်မာနိုင်သေးရဲ့လား။”

ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဝူယွမ်က စိတ်သက်သာရာရသွားကာ ခေါင်းမော့ကြည့်လိုက်သည်။

ထိုအခါမှသာ အကာအရံအပြင်ဘက်ရှိ သားရဲများနှင့် အတွင်းရှိ လူအားလုံးတို့က သူ့ဘက်သို့ အလွန်အမင်း အံ့အားသင့်ဖွယ်မျက်နှာထားများဖြင့် ကြည့်နေကြောင်း သတိထားမိလေသည်။ အချို့မှာ ထိတ်လန့်နေကြသည်၊ အချို့မှာ အံ့အားသင့်နေကြသည်။

“အစ်ကိုကြီး... မင်းရဲ့ နတ်ကိုယ်ခန္ဓာစွမ်းအင်တွေကို ချက်ချင်းရပ်လိုက်ပါ၊ လူတိုင်းအသက်ရှူကျပ်နေကြပြီ။”

လင်းတုန်းက ပါးစပ်ခြောက်လျက် ပြောသည်၊ သူ၏အစ်ကိုကြီး စွမ်းအားပြသမှုကြောင့် ဖြစ်ပေါ်လာသည့် ထိတ်လန့်ဖွယ်ဖိအားကို နက်ရှိုင်းစွာ ခံစားရပြီး တစ်ချိန်တည်းမှာဘဲ သူပင်အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။

အစ်ကိုကြီး၏ စွမ်းအားက အလွန်ကြီးမားလွန်းလှပြီး သူတို့အားလုံး မခံနိုင်ဖြစ်နေကြသည်။ သူတို့အားနည်းလွန်းနေတာ မဟုတ်တာတော့ သေချာပေသည်။

“အင်း...”

ဝူယွမ် နည်းနည်းရှက်သွားပြီး၊ လှည့်ပတ်ကြည့်လိုက်သောအခါ လူအားလုံး မျက်စိဖြင့် မမြင်နိုင်သည့် ဖိအားတစ်ခုကို ခုခံနေကြရသည်ကို တွေ့လိုက်ရသည်။

လင်းတုန်းနှင့် ကျန်းလဲတို့က အခြေအနေ နည်းနည်းပိုကောင်းပြီး၊ သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံသူများဖြစ်သည့်အတွက် ခံနိုင်ရည်ရှိကြသည်။ ယွမ်ဒန်အဆင့်အောက်ရှိ လူအများအပြားမှာမူ ကြမ်းပြင်ပေါ်တွင် ထိုင်နေကြရသည်။

ကျန်းယွဲ့မှာလည်း ခက်ခက်ခဲခဲ ရပ်နေရသည်၊ သူမက ချွေးပြန်နေပြီဖြစ်ကာ သိသိသာသာ ကြီးမားသောဖိအားကို ခံစားနေရပြီး စိတ်အားထက်သန်မှုသက်သက်ဖြင့်သာ ခုခံနေရသည်။

အလွယ်ဆုံးသူမှာမူ စိတ်ကူးယဉ်စရာအကောင်းဆုံး အားအအနည်းဆုံးသူ ယင်းယင်းလေးပင်ဖြစ်သည်။ သူမက ပိုင်ယွမ်ကို ပွေ့ထားပြီး ဉာဏ်ကောင်းသော ပိုင်ယွမ်က သူမကို ဖိအားမှ ကာကွယ်ပေးထားသည်။

ကျန်းယွဲ့၏ စိတ်အားထက်သန်သော မျက်လုံးများကလည်း ဤသေးငယ်သောအချက်လေးကို သတိထားမိသွားသည်။ ဖိအားခံစားရသည်နှင့် သူမ၏ပထမဆုံးစိုးရိမ်မှုမှာ သူမ၏ညီမလေး ယင်းယင်းအတွက်ဖြစ်သည်။

သို့သော် သူမညီမကိုမြင်ပြီးနောက် သူမ အလွန်အံ့အားသင့်သွားသည်။ သူမညီမလေးက အေးဆေးဖြစ်‌ေနပြီး၊ နေရာတစ်ခုလုံးတွင် ထိုသို့လုပ်နိုင်ခြေအရှိဆုံးသူမှာ ထိုသတ္တဝါလေးပင်ဖြစ်သည်။ သူသည် ဖိအားကို ခံနိုင်ရည်ရှိရုံသာမက သူမ၏ညီမကိုပါ ခုံခံကာကွယ်ပေးနိုင်ခဲ့သည်။

ကျန်းယွဲ့က ပိုင်ယွမ်၏စွမ်းအားကို နက်ရှိုင်းစွာ အံ့အားသင့်သွားပြီး ကြောက်ရွံ့မိသွားသည်။

သူမ၏ညီမပွေ့ထားသည်မှာ လှပသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်မဟုတ်ဘဲ သဏ္ဍာန်ပြောင်းအဆင့် စွမ်းအားရှင်တစ်ဦးထက် မနိမ့်သော သားရဲ တစ်ကောင်ဖြစ်ကြောင်း ထင်ရှားသွားသည်။

“ညီလေးဝူယွမ်... ဒါလောက်ဆိုရပြီ၊ ကျားသစ်မိချောင်းစုံတွဲကို မင်းက သတိလစ်အောင်လုပ်လိုက်ပြီးပီဆိုတော့၊ မင်းရဲ့နတ်စွမ်းအားတွေကို မြန်မြန်ရပ်လိုက်ပါ၊ မဟုတ်ရင် ငါမင်းကို ဒူးထောက်ရတော့မယ်”

ဝူကျဲ့၏ ခြေထောက်များ တုန်ရီနေပြီး ခဲခဲယဉ်းယဥ်း ခုခံနေရသည်။

“ဟီး... လူကြီးမင်းတို့အားလုံးကို တောင်းပန်ပါတယ်၊ ဒီခန္ဓာကိုယ်က သိပ်ပြင်းထန်လွန်းတော့ နည်းနည်းလေး ထိန်းချုပ်ရခက်သွားတယ်”

ဝူယွမ်က သူ၏ကိုယ်ခန္ဓာအလေးချိန်ကို လျှော့ကြစေရန် ကိုယ်ခန္ဓာနည်းစနစ် လည်ပတ်ခြင်းကို အမြန်ရပ်တန့်လိုက်သည်။

သူ၏ကိုယ်ခန္ဓာစွမ်းအားသည် သူမျှော်လင့်ထားသည်ထက် အနည်းငယ်ပိုမြင့်နေခဲ့သည်၊ ထိုစွမ်းအားက သူ၏ကိုယ်ခန္ဓာကိုသာမက ပတ်ဝန်းကျင်ကိုပါ သက်ရောက်မှုရှိသည်။

မွေးရာပါကိုယ်ခန္ဓာနှင့် ဆင်အမှုန်များကို ရရှိခဲ့သည်မှာ မကြာသေးသောကြောင့် သူ၏ကိုယ်ခန္ဓာအလေးချိန်ကို သူလိုသလိုအသုံးချနိုင်ရန် လေ့ကျင့်မှုမလုံလောက်သေးပေ။

“ဟူး...”

ဖိအားလျော့သွားပြီးနောက် လူတိုင်း စိတ်သက်သာရာရသွားကြသည်။

ဤအချိန်တွင် အပြင်ဘက်ရှိ မကောင်းဆိုးဝါးသတ္တဝါများက ရပ်ကြည့်နေဆဲဖြစ်သည်။ သူတို့ခေါင်းဆောင်များကို လူသားက နင်းခြေပစ်လိုက်ပြီး ခေါင်းဆောင်မရှိဘဲ သူတို့ဘာလုပ်ရမှန်းမသိတော့ပေ။

ဝူယွမ်က တစ်ခုခု တွေးတောနေရင်း

“ရှောင်ယန်... ဒီကိုလာခဲ့”

သူသည် လင်းတုန်းပွေ့ထားသည့် ရှောင်ယန်းဘက်သို့ လက်ဟန်ပြုကာ ခေါ်လိုက်သည်။

“ ဝူးး ”

ရှောင်ယန်ဆီမှ စိတ်လှုပ်ရှားဖွယ်အသံများထွက်လာသည်။

သူသည် အစကတည်းက ဤသတ္တဝါဘုရင်နှစ်ပါး၏ သားရဲအမြုအတေများကို တောင့်တနေခဲ့သည်။

သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်း သားရဲတစ်ကောင်၏ သားရဲအမြုအတေက သူ့အတွက် အလွန်ကောင်းမွန်သော အားဖြည့်ဆေးတစ်မျိုးဖြစ်သည်။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သေးငယ်နုနယ်သော အနီရောင်သတ္တဝါလေးသည် စတင်အသံမြည်လာပြီး အနီရောင်အလင်းများ ခန္ဓာကိုယ်မှ ထွက်လာကာ အရွယ်အစား ကြီးထွားလာလေသည်။

ကြောက်မက်ဖွယ်ရာ ကြီးမားသော မြွေဟောက်အမြီး၊

နောက်ကျောကို ဖုံးလွှမ်းထားသော လျှပ်စီးပုံ‌ေဆာင်ခဲအခွံ၊

မီးတောက်များ မှုတ်ထုတ်နိုင်သော သန်မာသည့် ကျားဦးခေါင်း၊

သဏ္ဍာန်ပြောင်းအဆင့် သားရဲ တစ်ကောင်၏ စွမ်းအားြ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ကျားသစ်‌မိချောင်းဘုရင် နှစ်ကောင်နှင့်ပင် ယှဉ်နိုင်သည်။

“ဒါက သဏ္ဍာန်ပြောင်းအဆင့် သားရဲတစ်ကောင်ဘဲ ဘုရားရေ”

“ငါအရင်က သူ့ကို ထိခဲ့ဖူးတယ်”

“ဒါဆို နောက်တစ်ကောင်က...”

လူများအားလုံး အံ့အားသင့်သွားကြပြီး သူတို့၏အကြည့်များက ရှောင်ယန်းနှင့် ပိုင်ယွမ်ကြားတွင် တစ်လှည့်ဆီပြောင်းနေကြသည်။

အဖြူရောင်သတ္တဝါလေးက ဝူယွမ်၏ပိုင်ဆိုင်မှုဖြစ်ကာ မှန်းဆရန်မလို၊ သူက ပိုအားကောင်းမည်မှာမှာ သေချာပေသည်။

အတူလိုက်ပါလာသော သားရဲများသည်ပင် သဏ္ဍာန်ပြောင်းအဆင့်တွင်ရှိသည်ဆိုပါက ညီအစ်ကိုဝူယွမ်၏စွမ်းအားက မည်မျှကြီးမားမည်ကို မှန်းဆ၍ရနိုင်သည်။

အခုအချိန်တွင် ရှောင်ယန်းက သူ၏တိုက်ပွဲ၀င်ပုံစံသို့ လုံးဝပြောင်းလဲသွားပြီး ဝူယမ်၏ရှေ့သို့ရောက်လာသည်။ သူက လက်သည်းများကို ဆန့်ထုတ်ကာ သားရဲဘုရင်နှစ်ကောင်၏ ဦးခေါင်းများကို နှစ်ကြိမ်ခန့် ပုတ်ခတ်ပြီးနောက် သားရဲအမြုအတေ နှစ်ခုကို ထုတ်ယူလိုက်သည်။

သူ၏ပါးစပ်ကြီးကိုဟလိုက်ပြီး သားရဲအမြုအတေများကို တိုက်ရိုက်မျိုချလိုက်သည်။

သားရဲဘုရင်နှစ်ကောင်လုံး သတိလစ်နေစဉ်အတွင်း သေဆုံးသွားကြရသည်။

ဗုန်း... ဗုန်း... အပြင်ဘက်အစွန်းရှိ သားရဲများက ရပ်ကြည့်မနေရဲတော့ပေ။ သူတို့ကို ဦးဆောင်မည့် သားရဲနှစ်ကောင်က သေဆုံး‌သွားသောအခါ အားလုံးက နောက်ပြန်လှည့်ကာ မြူထဲသို့ ထွက်ပြေးသွားကြသည်။

သူတို့က အလျင်အမြန်ရောက်လာပြီး အလျင်အမြန် ထွက်ခွာသွားကြသည်။

အလွန်ခက်ခဲမည်ဟု မျှော်လင့်ထားသော ညသည် အခုတော့ ည၏ လေးပုံတစ်ပုံမျှသာ အချိန်ကုန်လွန်ပြီး အကျပ်အတည်းက ဖြေရှင်းပြီးသားဖြစ်သွားခဲ့သည်။

သားရဲများ ထွက်ခွာသွားသည်ကို ကြည့်ရင်း လူတိုင်း စိတ်သက်သာရာရသွားကြကာ ဘေးဒုက္ခမှ လွတ်မြောက်သွားသကဲ့သို့ ခံစားနေကြရသည်။

“ကျေးဇူးတင်ပါတယ်”

အမွှေးနံ့သင်းပြန့်သော လေညှင်းလေးတစ်ခု ဝူယွင်၏နှာခေါင်းထဲသို့ ရုတ်တရက် တိုးဝင်လာသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ပသောအခါ သွယ်လျပျော့ပျောင်းသော ကိုယ်ဟန်အနေအထား‌နှင့် ပုံရိပ်တစ်ခုကို တွေ့မြင်ရသည်။ ထို့နောက် ကျန်းယွဲ့၏ နူးညံ့သောအသံက၊ သက်တောင့်သက်သာဖြင့် သူ့နားထဲသို့ ၀င်ရောက်လာသည်။

ချွေးများပြန်နေသော်လည်း ကျန်းယွဲ့က အမွှေးနံ့သင်းနေဆဲဖြစ်သည်။ သူမ၏အင်္ကျီက ခန္ဓာကိုယ်နှင့် ကပ်နေကာ ပင်ပန်းနွမ်းနယ်သော အမူအရာ ဖြစ်နေသည်။

သူမ၏အသံက လေးနက်သော်လည်း မျက်နှာလေးပ နီမြန်းနေပြီး အနည်းငယ် ရှက်ကြောက်နေသည့် ပုံရှိသည်။

“အစ်ကိုကြီး... မင်းအရမ်းတော်တယ်”

ယင်းယင်းလေးကလည်း ပြေးလာပြီး ပိုင်ယွမ်ကို ပွေ့ထားကာ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေကာ၊ အကြည့်များက ကြယ်စင်ကြယ်ဝန်းများသဖွယ် တောက်ပြောင်နေသည်။

ဝူယွမ်က သူမ၏ဦးခေါင်းကို ပုတ်ပေးရင်း နူးညံ့စွာပြောလိုက်သည်။ “နောင်တစ်ချိန်မှာ မင်းလည်း စွမ်းအားကြီးမားလာမှာပါ”

မိန်းကလေးနှစ်ယောက်က ဝူယွမ်ကို ဝိုင်းထားကြသော်လည်း ဘယ်သူမှ ဘာမှမပြောကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသို့ပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု သူတို့ထင်ကြသည်၊ ကြီးမြတ်သူနှင့် စကားပြောဆိုရန်အတွက် တစ်စုံတစ်ယောက်ရှိလျှင် သူက လျစ်လျူရှုခံရသည်ဟု ခံစားရတော့မည်မဟုတ်ပေ။

ယောက်ျားတွေက ဝူယွမ်ကို အံ့အားသင့်၊ ကြည်ညိုလေးစားစွာနဲ့ ကြည့်နေကြသည်။

သူ့ရဲ့စွမ်းအားကို ပြသပြီးတဲ့နောက် ချက်ချင်းပဲ သူတို့ကြား အကွာအဝေးတစ်ခု ဖြစ်ပေါ်လာခဲသည်။

သူတို့က ဝူယွမ်နှင့် ပေါ့ပေါ့တန်တန် စကားမပြောရဲတော့ပေ။

ကျန်းလဲ့မှာ သူ့သမီးနှစ်ယောက် ဝူယွမ်ကို ကျေးဇူးတင်နေတာကို ကြည့်ရင်း ပြုံးနေမိသည်။

ဖခင်တစ်ယောက်အနေနဲ့ အရည်အချင်းရှိတဲ့လူငယ်လေးက သူ့သမီး ချစ်သူဖြစ်လာနိုင်တာကို ပျော်ရွှင်သင့်သည်။

ဝူယွမ်က သူ့သမီးချစ်သူဖြစ်ဖို့အတွက် လိုအပ်ချက်များနှင့် ကိုက်ညီလွန်းလှသည်။

သူက ဝူယွမ်၏အသွင်အပြင်၊ စွမ်းအားနှင့် စရိုက်လက္ခဏာတို့ကို အတည်ပြုပြီးဖြစ်သည်။

“မိန်းမလှလေးကျန်းယွဲ့... ကျေးဇူးတင်ဖို့မလိုပါဘူး၊ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော်ကြိုးစားသင့်တာကို ကြိုးစားရမှာပေါ့” ဝူယွမ်က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

“အစ်ကိုကျန်း... လူအားလုံးကို အနားယူခိုင်းလိုက်ပါ၊ ဒီအကာအရံက မနက်အထိခံတယ်၊ လူအားလုံး အိပ်ရေးဝဝအိပ်လို့ရတယ်”

“ကောင်းပြီ... အားလုံးဘဲ အနားယူကြတော့”

“ယွဲ့... ညီလေးဝူယွမ် မောပန်းနေလောက်ပီ၊ သူ့ကို မင်းရဲ့ရထားပေါ်မှာ အနားယူခိုင်းလိုက်ပါ”

ကျန်းလဲ့က ညွှန်ကြားလိုက်သည်။

ဒီမှာရှိတဲ့ ရထားအနည်းငယ်ထဲမှာ ကျန်းယွဲ့နဲ့ ယင်းယင်းလေးစီးတဲ့ ရထားတစ်စီးကသာ အကောင်းဆုံးဖြစ်သည်။

အခုအခါ ဝူယွမ်က သူ၏စွမ်းအားကိုပြသပြီးပီဖြစ်သဖြင့် အကောင်းဆုံးအရည်အသွေးကို ခံစားခွင့်ရှိသည်။

ဝူယွမ်- “အကိုကျန်း... ဒီလောက်ဒုက္ခမခံပါနဲ့၊ ကျွန်တော် အိပ်စက်ဖို့ နေရာတစ်ခုရှာလိုက်ပါမယ်”

“သခင်လေးဝူယွမ်... ကျေးဇူးပြုပြီးမငြင်းပါနဲ့၊ သခင်လေးသာဝင်ရောက်မစွက်ဖက်ခဲ့ရင် ကျွန်မတို့အိပ်စက်ဖို့ မပြောနဲ့၊ အသက်တောင် ရှုနိုင်တော့မှာမဟုတ်ဘူး၊ အသက်ရှင်နေရုံလေးနဲ့တင်ကို ကျေးဇူးတင်စရာဖြစ်နေပါပီ၊ လာပါ၊ ကျွန်မရထားထဲက အိပ်ရာခင်းတွေက ပိုသန့်တယ်၊ သခင်လေး ကောင်းကောင်းအနားယူနိုင်တာပေါ့”

“ဒါဘယ်လိုဖြစ်နိုင်မလဲ၊ ကျွန်တော်သွားအိပ်ရင် ကျန်းယွဲ့နဲ့ ယင်းယင်းလေးတို့ကရော ဘယ်မှာအိပ်ကြမလဲ”

“ယင်းယင်းလေးနဲ့ကျွန်မက တဲထဲမှာပဲအိပ်မယ်”

“တဲလား”

ဝူယွင် ရုတ်တရက်ပြောလိုက်သည်။ “ဒါဆို မင်းတို့ ငါ့တဲထဲမှာ အိပ်လို့ရတယ်”

သူကပြောနေရင်း သိုလှောင်အိတ်ထဲမှ ယင်ယန်နှစ်မြွှာ ကြာပန်းပွင့်ကို ထုတ်ယူလိုက်သည်။ ရှေးဟောင်းဂူသင်္ချိုင်းတွင် အသုံးပြုပြီးသည့်အချိန်မှစ၍ ဝူယွမ်က ကြာပန်းကို သူနှင့်အတူ ယူဆောင်ကာ ရိုးရှင်းသောအိပ်ရာအဖြစ် အသုံးပြုခဲ့သည်။

ကြာပန်းအပေါ်မှာအိပ်လျှင် ကြာပန်းထဲမှ ယင်နဲ့ယန် စွမ်းအင်တွေက ခန္ဓာကိုယ်စွမ်းအင်ကို ထိန်းညှိပေး‌နိုင်တာတော့ အတော်လေးအကျိုးရှိသည်။

“ဝိုး... ဒီလောက်ကြီးတယ်လား”

ယင်းယင်းလေးက ပါးစပ်ကိုအုပ်ရင်း အံ့အားသင့်သွားသည်။ ဒီလိုကြီးမားတဲ့ ကြာပန်းကြီးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးချင်းဖြစ်သည်။

ဝူယွမ်က ကြာပန်းကို နေရာလွတ်တစ်ခုမှာ ချထားလိုက်ပြီး တဲတစ်လုံးကို ထုတ်ကာ ကြာပန်းအပေါ်တွင် ချိတ်ဆွဲလိုက်သည်။

ချက်ချင်းဆိုသလို ရိုးရှင်းသော ကြာပန်းအိပ်ရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ယင်းယင်းလေးက အရမ်းစူးစမ်းကြည့်ချင်နေပြီး ရှေ့ဆုံးက ဝင်ကြည့်လိုက်သည်နှင့် ကြာပန်း၏ အံ့အားသင့်ဖွယ် အေးမြပြီး နွေးထွေးတဲ့ စွမ်းအင်ကို ခံစားမိလိုက်သည် ၊ ရေခဲနှင့်မီး ဆန့်ကျင်ဘက်အား နှစ်မျိုးဖြစ်ပေမဲ့ ထိုအားနှစ်မျိုးက ခန္ဓာကိုယ်ထဲဝင်လာသည့်နှင့် အတော်လေးသက်တောင့်သက်သာရှိသော ခံစားချက်ကို ခံစားလိုက်ရသည်။

သူမကအံ့အားသင့်သွားပြီး ချိုမြိန်စွာပြောလိုက်သည်။ “အစ်မ... အမြန်ဝင်လာခဲ့၊ အစ်ကိုကြီးရဲ့တဲက အရမ်းသက်တောင့်သက်သာရှိလိုက်တာ”

“သခင်လေးဝူယွမ်က ဒီလောက်ကောင်းပြီး သက်တောင့်သက်သာရှိတဲ့ တဲကို သယ်လာမယ်လို့ မထင်ထားခဲ့ဘူး၊ ဒါဆို ကျွန်မတို့ ရထားမလိုတော့ဘူးပေါ့၊ ယင်းယင်းက ကလေးဆ်ုတော့ ပျော်နေလို့ပါ။ သူ့ကိုအခုထုတ်လိုက်မယ်၊ သခင်လေး ကျေးဇူးပြုပြီး အတွင်းမှာ အေ‌ဆေးအနားယူပါ”

ကျန်းယွဲ့က ရှက်ရှက်နှင့်ပြောလျုက်သည်။

ဝူယွင်၏ “အိပ်ရာ” ကို သူမလည်း အလွန်စူးစမ်းချင်နေသည်။ ဤမျှကြီးမားသော ကြာပန်းပွင့်၊ အားပြင်းသော မူလစွမ်းအင်လှိုင်းများနှင့် သာမန်မဟုတ်သည်မှာ သေချာသည်။ အပေါ်မှာလှဲနေရင် အရမ်းသက်တောင့်သက်သာရှိလိမ့်မည်ဟု သူထင်မိသည်။ မဟုတ်လျှင် ယင်းယင်းလေး ဒီလောက်စိတ်လှုပ်ရှားနေမည်မဟုတ်ပေ။

ဝူယွမ်- “ဒီကြာပန်းကို မမျှော်လင့်ဘဲရခဲ့တာ၊ အပေါ်မှာအိပ်ရင် ထူးခြားတဲ့အတွေ့အကြုံရစေပြီး ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိတယ်၊ ချန်းယွဲ့ မစမ်းကြည့်ချင်ဘူးလား၊ မင်းနဲ့ ယင်းယင်းလေး၊ ပိုင်ယွမ်တို့အတွက် အရမ်းသင့်တော်တယ်၊ လူနှစ်ယောက်နဲ့ ကျားတစ်ကောင်၊ နည်းနည်းပိုကျယ်တော့ ပိုကောင်းတယ်၊ ငါတစ်ယောက်တည်း မင်းရထားထဲမှာ အိပ်လိုက်မယ်”

“အစ်ကိုကြီး... ဒါဆို ရှောင်ယန်းနဲ့ကျွန်တော်က ဘယ်မှာအိပ်ကြမလဲ”

လင်းတုန်းက အပြစ်ကင်းစွာနဲ့မေးလိုက်သည်။

အရင်က သူတို့နှစ်ယောက်နှင့် ကျားနှစ်ကောင်က တောထဲမှာ စခန်းချလျှင် ယင်ယန်အမြွှာ ကြာပန်းပွင့်ပေါ်မှာ အတူတူအိပ်နေကြ ဖြစ်သည်။ အခုတော့ အစ်ကိုကြီးက အဲ့ဒါကို မိန်းကလေးနှစ်ယောက်ကို ပေးလိုက်ပီဖြစ်သည်။

ဝူယွမ်က စိတ်ရှုပ်သွားပြီး “ငါနဲ့အတူ ရထားထဲမှာ အနားယူကြရင်ကော”

“မဖြစ်နိုင်ဘူး၊ မိန်းကလေးတွေရဲ့အိပ်ရာမှာ မအိပ်တတ်ဘူး၊ ပျော့ပျောင်းလွန်းတယ်”

လင်းတုန်းက နှုတ်ခမ်းကိုစူပြီး ပြောလိုက်သည်။

“လင်းတုန်းညီလေး ငါ့ရထားထဲမှာ အနားယူလို့ရတယ်”

ဝူယွမ် မတုံ့ပြန်မီတွင် ကျန်းလဲ့က ရှေ့သို့တက်လာပြီး ပြောလိုက်သည်။

“ဒါမဖြစ်သင့်ဘူးထင်တယ်၊ ခင်ဗျားက ခေါင်းဆောင်လေ ခင်ဗျားပဲအနားယူသင့်တယ်”

“ပြဿနာမရှိပါဘူး၊ ငါ့ရထားက ယွဲ့အာရဲ့ရထားထက်စာရင် ပိုကျယ်တယ်၊ ငါတို့အတူအိပ်လိုက်ရင် ပြဿနာမရှိဘူး”

ကျန်းလဲ့က ဂရုမစိုက်ဘဲ ပြုံးရင်းပြောသည်။

“အစ်ကိုကျန်းက ဒီလောက်တိုက်တွန်းနေတာဘဲကို ညီလေး သွားလိုက်ပါ”

ဝူယွမ်က လင်းတုန်းကို တိုက်တွန်းလိုက်သည်။

အကုန်စီစဉ်ပြီးသွားသည်နှင့် ဝူယွမ်က ကျန်းယွဲ့ရဲ့ရထားပေါ်သို့ တက်လိုက်သည်။

တဲထဲ၀င်လိုက်သည်နှင့် သင်းပြန့်သောမွှေးရနံက ချက်ချင်းဘဲ သူ့နှာခေါင်းထဲသို့ တိုး၀င်လာခဲ့သည်။

ဝူယွမ် ကအိပ်ရာပေါ်လှဲလိုက်ပြီး၊ “အရမ်းပျော့ပြီး သက်တောင့်သက်သာရှိတယ်”

နူးနံသင့်ပြန့်သော ခံစားချက်ကို ခံစားရလိုက်ပြီး ဝူယွမ်က စိတ်ထဲတွင် အကဲဖြတ်လိုက်မိသည်။

“ချင်းတန်ရဲ့အိပ်ခန်းထက်တော့ မကောင်းသေးဘူး”

မိန်းကလေးတစ်ဦး၏အိပ်ရာပေါ်တွင် လှဲနေခြင်းသည် သူ၏ပထမဆုံးအကြိမ်မဟုတ်ပေ။ လိုလီလေးချင်းတန်၏ အိပ်ခန်းအပြင်အဆင်က ပိုအသေးစိတ်ကြပြီး သက်တောင့်သက်သာရှိသည်။

“တကယ်တော့ ကျန်းယွဲ့နဲ့သူမညီမလေးတို့ရဲ့ ရထားက ယာယီအသုံးပြုဖို့အတွက်ဘဲ၊ ဒီလောက်သက်တောင့်သက်သာရှိအောင် လုပ်ထားတာကိုက တော်တော်လေးကောင်း‌ေနပီ”

“ဟင်... ဒါဘာလဲ”

အမှောင်ထဲမှာ ဝူယွမ်က ရထားထဲရှိ အဝတ်တစ်ထည်ကို မတော်တဆထိမိလိုက်မိပြီး အထိအတွေ့က ပိုးကဲ့သို့ ချောမွေ့ပြီး နူးညံ့သိမ်မွေ့သည်ဟု ခံစားနေရသည်။ သူကလက်နဲ့ကောက်ယူကြည့်လိုက်သောအခါ အလွန်ပေါ့ပါးကာ အလွန်သေးငယ်ပြီး၊ အလွန်နူးညံ့သည်။

“ဒီအနံ့... ဟ ရှုးးး… မူးယစ်စေတယ်...”

“ဘုရားရေ... ဒါက အတွင်းခံ‌လေးတွေ နဲ့တူတယ်”

ဝူယွင်၏နှလုံးခုန်သံက ချက်ချင်းအရှိန်မြင့်တက်လာပြီး မျက်နှာပူလောင်လာသည်။

တစ်ဖက်တွင်မူ ကျန်းယွဲ့က ဝူယွင်၏တဲထဲသို့ဝင်ပြီး ကြားပန်းခွေကို ထိကြည့်ရင်း သူမ၏စိတ်ထဲတွင် ထူးခြားသော ခံစားချက်များ ပေါ်ပေါက်လာသည်။

ရုတ်တရက် သူမတစ်ခုခုကို သတိရလိုက်သည်။

“အိုး မဟုတ်သေးဘူး၊ ငါ့အတွင်းခံတွေ ပြန်မသိမ်းမိခဲ့ဘူးထင်တယ်”

ကျန်းယွဲ့က သူမရဲ့မျက်နှာကို လက်နဲ့အုပ်လိုက်ပြီး ရှက်လွန်းလို့ မြေကြီးထဲဝင်ထိတိုး၀င်မိသွားသည်။

အစောက တိုက်ခိုက်ဖို့ပြင်ဆင်ဖို့ရာ ရထားထဲမှာ မြန်မြန်ဆန်ဆန် အကျီလဲခဲရပြီး၊ သံချပ်ကာ ၀တ်ရမှာမလို့ သူမ၏ အတွင်းခံတွေကိုချွတ်ပြီး‌နောက် သူမ၏သိုလှောင်အိပ်ထဲသို့ ပြန်မထည့်မိခဲ့ပေ။

“ဘာလုပ်ရမလဲ”

“သူတွေ့သွားမှာလား”

“အခုချက်ချင်းသွားသိမ်းသင့်သလား”

“သူတွေ့ရင် ငါကသူ့ကိုသွေးဆောင်ဖြားယောင်းဖို့ ရည်ရွယ်နေတယ်လို့ ထင်သွားမှာလား”

“ငါကသူသိပ်တော်တယ်လို့ထင်ပေမယ့် ငါအဲ့လိုမိန်းမမျိုးမဟုတ်ဘူး”

ခဏအတွင်းမှာဘဲ ကျန်းယွဲ့၏ ဦးနှောက်ထဲသို့ အတွေးအမြောက်အမြားက စီးဝင်လာခဲ့သည်။

ရထားထဲမှ ဝူယွမ်က သူ့လက်ထဲရှိပစ္စည်းကို မသိစိတ်က ဆုပ်ကိုင်ထားမိပြီး နှိပ်နယ်‌နေမိသည်။ ကျန်းယွဲ့ကဲ့သို့ အလားတူ အတွေးများစွာက သူ့ဦးနှောက်ထဲသို့ စီးဝင်လာခဲ့သည်။

“ဒီဟာကို သူမတမင်ထားခဲ့တာလား၊ မတော်တဆမေ့ကျန်ခဲ့တာလား”

“ဒါပေမယ့် ငါမဝင်ခင်မှာ ရထားကိုသန့်ရှင်းရေးလုပ်ပြီး ယူသွားနိုင်တာဘဲမဟုတ်လာူ”

“မဟုတ်ဘူး၊ ကျန်းယွဲ့ရဲ့ မာနကြီးတဲ့အကျင့်နဲ့ဆို ဒီလိုမျိုးအပြုအမူရှိမယ်မထင်ဘူး”

“ယင်းယင်းလေးရဲ့ဟာဖြစ်နိုင်မလား”

“ဖျား... ဖျား... ဖျား... မတွေးသင့်တာ‌ေတွ၊မလုပ်သင့်တာတွေ”

“ငါဘာလုပ်ရမလဲ၊ ပြန်ပေးရမလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်ထားရမလား”

“ညီလေးရဲ့ရွေးချယ်မှုက တကယ်ပဲဉာဏ်ရှိတာဘဲ”

“ဟင်းး... အရင်ဆုံးအိပ်လိုက်မယ်၊ မနက်မှပြောပြလိုက်မယ်”

ဝူယွမ်သည် ထိုပစ္စည်းကို ခေါင်းအုံးအဖုံးအဖြစ် အသုံးပြုကာ အိပ်ဖို့လုပ်လိုက်သည်။

ကျန်းယင်းယင်း- “အစ်မ... မြန်မြန်အိပ်လိုက်ပါ”

“အင်း... အိပ်မယ်”

ကျန်းယွဲ့ လှဲနေပေမယ့် လုံး၀အိပ်မပျော်ပေ။...

All Chapters