ကျွန်တော့်မျက်လုံးတွေ လှရဲ့လား
Vol. 10 Ch. 99
နောက်တစ်နေ့သို့ ရောက်သောအခါက ထူထပ်နေသော မြူများ နည်းနည်းပါးပါး လျော့နည်းလာခဲ့သည်။
ဝူယွမ်က လက်မောင်းဆန့်ပြီး လှည်းထဲမှ ထွက်လာခဲ့သည်။
ထိုအချိန်တွင် လူအားလုံး နိုးနေကြပြီဖြစ်ပြီး တဲများကို လိပ်ပြီး အိမ်ပြန်ရန် ပြင်ဆင်နေကြသည်။
“အစ်ကိုဝူယွမ်၊ မနေ့ညက အိပ်လို့ကောင်းလား”
ကျန်းယွဲ့က ထိုလှည်းကို စောင့်ကြည့်နေခဲ့သူဖြစ်ရာ ဝူယွမ်ထံ ချက်ချင်း ရောက်ရှိလာကာ မျက်နှာ အနည်းငယ် နီရဲနေခဲ့သည်။
“ဟုတ်တယ်၊ အိပ်ရတာ အရမ်းကောင်းတယ်”
“ဘယ်လိုလဲ။ငါ့တဲက အသုံးဝင်တယ်မလား”
ဝူယွမ်သည်ပြုံးရီလျက် ခေါင်းညိတ်ခဲ့သည်။
မသက်မသာဖြစ်မှုကို ရှောင်ရှားရန် သူက အတွင်းခံအကြောင်းကို မသိချင်ယောင်ဆောင်နေရန် လိုအပ်သည်။ ယောက်ျားလေးများက ထိုကဲ့သို့သော အရာများကို မသုံးကြသည့်အတွက် ခေါင်းအုံးစွပ်အဖြစ် သဘောထားလိုက်ခြင်းမှာ သိပ်အထင်ကြီးစရာ မလိုပေ။
“အင်း.. ခံစားရတာ အရမ်းထူးခြားတယ်”
ကျန်းယွဲ့က အားတင်းပြောလိုက်သည်။ သူမက သူမ၏ အတွင်းခံအကြောင်း စိုးရိမ်နေရသည့်အတွက် အိပ်ပျော်ရန် ခက်ခဲခဲ့သော်လည်း သတိမထားမိဘဲ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသော ယန်အစွမ်းကြောင့် ထိုသက်တောင့်သက်သာဖြစ်သွားပီး အနားရခဲ့သည်။
“နိုးတာနဲ့ လှည်းသန့်ရှင်းရေးလုပ်ရမယ်”
ကျန်းယွဲ့သည်လျင်မြန်စွာ သွားပြီး လှည်းတံခါးကို ဖွင့်လိုက်သည်နှင့် သူမ၏မျက်လုံးများက ပန်းရောင်နုရောင်အတွင်းခံကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။
“သူက ဒါကို ခေါင်းအုံးစွပ်အဖြစ် သုံးတယ်လား” ကျန်းယွဲ့က အံ့အားသင့်စွာပြောလိုက်သည်။
သူမက အတွင်းခံအသေးလေးကို ကောက်ယူကာ “ဘာဖြစ်လို့လဲ... ဒါက တကယ်ပဲ ခေါင်းအုံးစွပ်နဲ့ တူလို့လား” သူမကိုယ်သူမ ပြန်မေးနေခဲ့သည်။
သူမ၏ စိတ်ထဲတွင် အနည်းငယ်စပ်စုခြင်းနှင့် စိတ်ပျက်ခြင်းကို ခံစားခဲ့ရသော်လည်း မည်သည့်အရာကို စိတ်ပျက်နေမှန်း သူမကိုယ်တိုင် အတိအကျ မပြောနိုင်ခဲ့ပေ။
တစ်ညလုံး သူမ၏အတွင်းခံ ရှာတွေ့ခံရမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သော်လည်း အဆုံး၌ သူက သာမန်ပစ္စည်းတစ်ခုသဖွယ်သာ သဘောထားခဲ့သည်။
ကျန်းယွဲ့သည် ယင်းကို ကောက်ယူအနံ့ခံကြည့်လိုက်သောအခါ မူလအနံ့အပြင် အထူးအနံ့တစ်မျိုးလည်း ရှိနေသည်။
“ဒါကသူ့အနံ့လား...”
ဝူယွမ်သည်တစ်ညလုံး သူမ၏အဝတ်အစားပေါ်တွင် ခေါင်းအုံးထားခဲ့သည်ကို တွေးမိသော် ကျန်းယွဲ့၏ နှလုံးသား ခုန်ခါသွားခဲ့သည်။
ပါးလေးများနီရဲလာပြီး အပျိုလေးတစ်ယောက်၏ စိတ်လှုပ်ရှားမှုသည် ပို၍ပို၍ ထင်ရှားလာခဲ့သည်။
ဤလုပ်ရပ်ကြောင့် သူမက ဝူယွမ်ထံသို့ မသိလိုက်ဘဲ ယိမ်းယိုင်လာခဲ့သည်။
“အစ်ကိုကြီး”
လင်းတုန်ကရှေ့ဆုံးလှည်းမှ ထွက်လာပြီး ချက်ချင်းပင် ဝူယွမ်ကို ရှာဖွေလိုက်သည်။
“မနေ့ညက အိပ်ရတာ ကောင်းရဲ့လား” ဝူယွမ်က အပြုံးကလေးနှင့် မေးလိုက်သည်။
လင်းတုန်က ကျောဘက်သို့ သတိထားကြည့်ရင်း မျက်နှာပေါ်တွင်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်သည့် အသွင်ရှိခဲ့သည်။
“ပြောမနေနဲ့တော့... ဆရာကြီးကျန်းရဲ့ ဟောက်သံဟာ ရှောင်ယန့်ထက်တောင် ကျယ်သေးတယ်”
“ဟားဟား...”
ဝူယွမ်မနေနိုင်တော့ဘဲ ရယ်မောမိသွားခဲ့သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့တဲက အရမ်းသက်တောင့်သက်သာရှိပြီး ပိုင်ယွမ်ကလည်း အရမ်းနွေးတယ်”
ယင်းယင်းလေး သည်လည်းနိုးလာပြီး အားအာင်အပြည့်ဖြစ်နေသည်။ သူမက အသက်အရွယ်အရ အငယ်ဆုံးဖြစ်ပြီး လူကြီးတွေထက် ပိုကြာကြာအိပ်ရသည်။
ပိုင်ယွမ်က ချက်ချင်းပင် ဝူယွမ်၏ လက်ထဲသို့ ခုန်ဝင်လာခဲ့ပြီး ယင်းယင်းလေးထံမှ ထွက်ပြေးလိုသည့်ဟန်ရှိသည်။
ပိုင်ယွမ်တစ်ယောက်မနေ့ညက ယင်းယင်းလေး၏ ညှင်းဆဲမှုကို ခံခဲ့ရသည်။ အိပ်စက်နေစဉ် အနေအထားအမျိုးမျိုး ပြောင်းလဲခံခဲ့ရပြီး ယင်းယင်းလေးက အမြဲတမ်း သူမ၏အမွေးပေါ်တွင် ဖိအိပ်နေခဲ့သည်။ ယင်းယင်းက သက်တောင့်သက်သာရှိသော်လည်း သူမမှာမူ အိပ်ရတာ လုံးဝမကောင်းခဲ့ပေ။
ဝူယွမ်နှင့် အတူအိပ်ခဲ့သည့်အချိန်တုန်းကဆို။ သူ့လက်ထဲတွင် လှဲနေရုံမျှဖြင့် နွေးထွေးပြီး သက်တောင့်သက်သာလွန်းရှိသည်။
ကျန်းလဲ- “ကောင်းပြီ၊ ထွက်ခွာဖို့ အဆင်သင့်ပြင်ကြစို့။ ဒီနေ့ အိမ်ပြန်ကြမယ်”
အပြန်လမ်းတွင် လှည်းအမိုးကုပ်ကို ဖယ်ရှားလိုက်ပြီး ဝူယွမ်က ကျန်းယွဲ့ညီအမနှင့် အတူတူ လှည်းစီးလာခဲ့သည်။
လှည်းအတွင်း၌ ဝူယွမ်သည် မျက်နှာမော့၍ ကြည့်လိုက်သောအခါ ကျန်းယွဲ့၏ ဆံပင်ရှည်လေးက အခုအခါ စုစည်းထားပြီး လည်ပင်းဖြူဖြူလေးကို ထင်ရှားစေသည်။ တောထဲတွင် ရှိနေပြီး ရေချိုးခွင့်မရသည့်အတွက် သူမ၏ အသားဖြူဖြူလေးပေါ်တွင် သစ်ရွက်လေးတစ်ရွက် နှင့် အစင်းရာတစ်ခု ရှိသော်လည်း ထိုကိစ္စကြောင့် သူမကို ရှုပ်ပွနေသည်ဟု မထင်ရဘဲ အဲ့တာထက် ကြည့်မိသူတိုင်းကို အလွန်ထူးခြားသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။
ဤအမျိုးသမီးက သိုင်းခန်းအပေါ် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ ရှိသူဖြစ်ကြောင်း ဝူယွမ်သေချာသိထားသည်၊ မနေ့ညက သူကူညီပေးခဲ့သည့်အတွက် ကျန်းယွဲ့၏ လှပသောနုပျိုသည့် မျက်နှာပေါ်ရှိ ပုံမှန်အေးစက်မှုက ပျောက်ကွယ်သွားပြီး နူးညံ့သိမ်မွေ့မှု တစ်စိတ်တစ်ပိုင်း အစားထိုးဝင်ရောက်လာခဲ့သည်။
မျက်ခုံးမွှေးပါးပါးနှင်ါ မိတ်ကပ်အနည်းငယ်သာ လူးထားသော်လည်း လင်းချင်းကျူလောက် မတောက်ပသည့်တိုင် သူမကိုယ်ပိုင် ဆွဲဆောင်မှုမျိုး ရှိနေသည်။
သူတို့၏ မျက်လုံးများ ခဏတာ လေထဲ၌ဆုံသွားခဲ့ပြီး၊ ကျန်းယွဲ့က ချက်ချင်း မျက်လုံးလွှဲကာ သူမ၏ လှပနုပျိုသော မျက်နှာလေးက အနည်းငယ်နီရဲသွားပြီး ခေါင်းအနည်းငယ် ငိုက်ကာ အနောက်သို့ ရွေ့သွားခဲ့သည်။
ဤရှက်ရွံ့နေသည့် ပုံစံလေးကြောင့် ဝူယွမ်၏ နှလုံးသား တုန်ခါသွားခဲ့သည်။
“မကြာခင်မှာ မြူဆိုင်းတောထဲကနေ ထွက်နိုင်လိမ့်မယ်”
ကျန်းလဲ့က မြင်းစီးလာပြီးပြုံးရွှင်ကာ သတိပေးခဲ့သည်။
သူသည် တစ်ခုခုကို သတိရသွားပြီး
“ညီလေးဝူယွမ်၊ မင်း ၀မ့်လွန်ပြည်နယ်ကို ရောက်လာတာ မဟာတောရိုင်းကျောက်တိုင်ကြီးအတွက် ဖြစ်မယ်ထင်တယ်”
မနေ့က ဝူယွမ် ပြသခဲ့သည့် နည်းလမ်းများကို ကြည့်ပြီး ကျန်းလဲ့သည် ထိုကဲ့သို့သောလူတစ်ဦးကို ၀မ့်လွန်ပြည်နယ်သို့ လာရောက်ရန်ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ မဟာတောရိုင်းကျောက်တိုင်ကြီးသာ ဖြစ်နိုင်သည်ဟု ခံစားရသည်။
ဝူယွမ်သည် ခဏတာ ငေးငိုင်သွားပြီး ချက်ချင်းပင် ကျန်းလဲ့၏ စကားကို ပြန်ဖြေခဲ့သည်။ “ဟုတ်တယ်၊ မဟာတောရိုင်းကျောက်တိုင်ကြီးက ကျွန်တော်တို့ ရည်မှန်းချက်တွေထဲက တစ်ခုဘဲ”
“အစ်ကိုကြီး၊ မဟာတောရိုင်းကျောက်တိုင်ကြီးဆိုတာ ဘာလဲ” နောက်မှရှိသော လင်းတုန်က အသံလွှင့်ေမးလိုက်သည်။
ဝူယွမ်က မဟာတောရိုင်းကျောက်တိုင်ကြီးအကြောင်း သိထားသော်လည်း အသေးစိတ်အထိ မမှတ်မိနိုင်ခဲ့ပေ။ “အစ်ကိုကျန်း၊ ငါတို့က ၀မ့်လွန်ပြည်နယ်ကို အခုမှရောက်တာဆိုေတာ့။ ဒီမဟာတောရိုင်းကျောက်တိုင်ကြီးက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်ဆိုတာဘဲ သိထားတယ်။ အစ်ကိုကျန်း ဒီအကြောင်းကို ပြောပြနိုင်မလား”
“ဟေးဟေး... မဟာတောရိုင်းကျောက်တိုင်ကြီးက ၀မ့်လွန်ပြည်နယ်မှာ အကျော်ကြားဆုံးအရာဘဲ။ ရှေးဟောင်းဂိုဏ်းကြီးတစ်ခုရဲ့ အပျက်အစီးတွေလို့ လူတွေက ဆိုကြတယ်။ ရှေးရှေးတုန်းက ၀မ့်လွန်ပြည်နယ် မပေါ်ခင် ကတည်းက မဟာတောရိုင်းကျောက်တိုင်ကြီးက ရှိနေပြီးသား၊ နောက်ပိုင်းမှာ ဒီ၀မ့်လွန်ပြည်နယ်ကိုလည်း သူ့နာမည်ကိုအစွဲပြုပြီး မှည့်ခေါ်ခဲ့ကြတာ။” ကျန်းလဲက သေချာရှင်းပြခဲ့သည်။
“အဲဒီရှေးဟောင်းဂိုဏ်းကြီးရဲ့ စွမ်းအားက သူတို့ခေတ်တုန်းကဆို အရမ်စကြောက်မက်ဖွယ်ကောင်းခဲ့တယ်။ သူတို့က ကျောက်တိုင်ကြီးအတွင်းမှာ ကြီးမားကျယ်ပြန့်တဲ့ နေရာလွတ်ကြီးတစ်ခုကို တိုက်ရိုက်ဖွင့်လှစ်ခဲ့ကြတယ်။ အပျက်အစီးများသာမက ကောင်းကင်နဲ့မြေကြီးဝိညာဉ်စွမ်းအင်ကလည်း အပြင်ဘက်ထက် အဆမတန်များပြားသလို အဲဒီမှာ တစ်ရက်တည်းနေပြီး လေ့ကျင့်ခြင်းဟာ အပြင်မှာ ဆယ်ရက်ကျော်လေ့ကျင့်တာနဲ့ ညီမျှတယ်”
“မဟာတောရိုင်းကျောက်တိုင်ကြီးထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်။ တစ်ချို့လူတွေက ဖန်ဆင်းခြင်းအဆင့် သိုင်းပညာတွေနဲ့ လေ့ကျင့်ရေးနည်းစနစ်တွေကိုတောင် ရရှိခဲ့ကြတယ်၊ ပြီးတော့ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာတွေတောင် ပေါ်ထွက်ခဲ့တယ်လို့ ဆိုကြတယ်”(ကိုယ်ခန္ဓာပညာရပ်အစား သိုင်းပညာက ပိုအဆင်ပြေလောက်လို့ သိုင်းပညာလို့ပြောင်းလဲအသုံးပြုထားသည်)
လင်းတုန်သည်လည်း အံ့အားသင့်သွားပြီး အာရုံစိုက် နားထောင်နေခဲ့သည်။ “ဖန်ဆင်းခြင်းအဆင့် သိုင်းပညာတွေ။ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာတွေလား”
ရှောင်တျောင်းက လင်းတုန်၏ မသိနားမလည်မှုကို မြင်ပြီး ပုံမှန်အတိုင်း ရှင်းပြခဲ့သည်။ “အစ်ကိုနှစ် ဖန်ဆင်းခြင်းအဆင့် သိုင်းပညာဆိုတာ နဝမအဆင့်အထက်က သိုင်းပညာတွေဘဲ။ အဲဒီအထက်မှာ ဝိညာဉ်သိုင်းပညာတွေနဲ့ ကောင်းကင်သိုင်းပညာတွေ ရှိတယ်။ မြေကြီးအဆင့် ဝိညာဉ်ရတနာဆိုတာကတော့ အဆင့် ဝိညာဉ်ရတနာတွေထက် ပိုပြီးအားကောင်းတယ်၊ အဲဒီအထက်မှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေ ရှိတယ်။
ကမ္ဘာကြီးက ကျယ်ပြန့်တယ်။ အစ်ကိုနှစ်ရဲ့မဟာယန်မင်းဆက်ဆိုတာ ပင်လယ်ထဲကရေစက်လေးတစ်စက်ပါဘဲ”
လင်းတုန် စိတ်ထဲတွင် အံ့အားသင့်သွားခဲ့သည်။ သူက သူ့အစ်ကိုကြီးကို ကြည့်လိုက်သည့်အခါ မဟာတောရိုင်းကျောက်တိုင်ကြီး၊ ဖန်ဆင်းခြင်းသိုင်းပညာနှင့် မြေကြီးအဆင့်ဝိညာဉ်ရတနာများအကြောင်း သူ့အစ်ကိုကြီးက အံ့အားသင့်ဟန်မရှိဘဲ အားလုံးကို သိထားသကဲ့သို့ ရှိနေသည်။
“ရှောင်တျောင်း၊ ဒီမဟာတောရိုင်းကျောက်တိုင်ကြီးက အရမ်းထူးခြားတယ်၊ အစ်ကိုကြီးနဲ့ ဆက်စပ်မှုရှိနိုင်မလား။ ဘိုးဘေးအဆောင်တွေကို အထဲမှာ သိမ်းထားနိုင်တယ်” ဟု လင်းတုန်က ရဲရဲတင်းတင်း ခန့်မှန်းလိုက်သည်။
ရှောင်တျောင်းက ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။ “ဟေးဟေး... ငါ ဒါကို ကြိုတွေးထားပြီးသား”
“၀မ့်လွန်ပြည်နယ်ရဲ့ အထူးခြားဆုံးနေရာက မဟာတောရိုင်းကျောက်တိုင်ကြီးဘဲ။ အစ်ကိုကြီးက ဘိုးဘေးအဆောင်ကို သိမ်းဆည်းဖို့ဆိုရင် အဲ့ဒီနေရာကိုဘဲ ရွေးချယ်လိမ့်မယ်။”
ကျန်းလဲ့က မဟာတောရိုင်းကျောက်တိုင်ကြီးအကြောင်း ဆက်လက်ပြောပြခဲ့နေသည်။ မဟာတောရိုင်းကျောက်တိုင်ကြီးမှာ အလွန်အားကောင်းသော တံဆိပ်ခတ်ခြင်းရှိပြီး နိဗ္ဗာန်ရောက်အဆင့် စွမ်းအားရှင် တစ်ဦးကတောင် မချိုးဖျက်နိုင်ပေ။
သို့သော် သုံးနှစ်တစ်ကြိမ် မဟာတောရိုင်းကျောက်တိုင်ကြီးက သူ၏အားအအားနည်းဆုံးကာလသို့ ရောက်ရှိပြီး အဲဒီအချိန်မှသာ ဝင်ရောက်နိုင်သည်။
ယခုအခါတွင် တံဆိပ်ခတ်ခြင်း၏ အားအအားနည်းဆုံးကာလရောက်ရန် အချိန် ငါးလကျန်သေးသည်။
မဟာတောရိုင်းကျောက်တိုင်ကြီး၏ ဆွဲဆောင်မှုက ကြီးမားလွန်းသည်။ ဤကာလအတွင်း လူအများအပြားက ဝမ့်လွန်ပြည်နယ်သို့ စိမ့်ဝင်လာကြသည်။ မဟာယန်မင်းဆက်မှသာမက အခြားကပ်လျက်ရှိသော မင်းဆက်များမှလည်း လာရောက်ကြသည်။
မဟာတောရိုင်းကျောက်တိုင်ကြီးအကြောင်းကို ဆွေးနွေးပြီးနောက် ဝူယွမ်က ၀မ့်လွန်ပြည်နယ်ရှိ အခြေအနေများကို မေးမြန်းခဲ့သည်။ အဓိကအားဖြင့် အုပ်စုအားလုံး၏ စွမ်းအားအခြေအနေဖြစ်သည်။
“မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီ၀မ့်လွန်ပြည်နယ်ကို စူးစမ်းရှာဖွေဖို့ ပြဿနာမရှိသင့်ဘူး။ ၀မ့်လွန်ပြည်နယ်အတွင်းမှာ ဂိုဏ်းအသင်းအဖွဲ့နဲ့ အုပ်စုတွေအများကြီး ရှိတယ်။ ဒါပေမဲ့ မင်းသိထားသင့်တဲ့ အဓိကအုပ်စုကြီးသုံးခု ရှိတယ်” ကျန်းလဲက ခဏစဉ်းစားပြီး ဆက်ပြောခဲ့သည်။
“နောက်ထပ် အဓိကအုပ်စုကြီးသုံးခုပဲလား” ဟု လင်းတုန်က အံ့အားသင့်စွာ ပြန်ပြောခဲ့သည်။
ချင်းယန်းမြို့ငယ်စ၊ ယန်မြို့၊ ဤ၀မ့်လွန်ပြည်နယ်အဆုံး အပြင်းထန်ဆုံးအုပ်စုများသည် အမြဲတမ်း သုံးခုပဲဖြစ်သည်။
တြိဂံပုံစံက အမြဲတမ်းအတည်ငြိမ်ဆုံးဖြစ်ဟန်ရသည်... ဝူယွမ်လည်း စိတ်ထဲမှာ ပြုံးလိုက်မိသည်။ အမှန်တစ်ကယ် ရှုပ်ထွေးသောနေရာများစွာတွင် နောက်ဆုံးအခြေအနေကို အခြေခံအားဖြင့် အုပ်စုသုံးစုကထိန်းချုပ်ထားသည်။ ယင်းသည် စက်မှုနိယာမများနှင့် ကိုက်ညီမှုရှိသည်။
ကျန်းလဲ- “ဒီအုပ်စုကြီးသုံးခုက ယင်ရုပ်သေးဂိုဏ်း၊ မဟာနတ်ဆိုးဂိတ်နဲ့ သိုင်းမဟာမိတ်တို့ဘဲ”
“ယင်ရုပ်သေးဂိုဏ်းကတော့ လျှို့ဝှက်ဆန်းကြယ်တယ်။ သူတို့က ရူန်းအရုပ်သေးတွေကို ထိန်းချုပ်ရာမှာ ကျွမ်းကျင်ကြပြီး အဖွဲ့၀င်တိုင်းမှာ အနည်းဆုံး ရူန်းအရုပ်သေးတစ်ခုစီရှိတယ်”
“မဟာနတ်ဆိုးဂိတ်၊ ဒီလူတွေကတော့ ခန္ဓာကိုယ်ကို မွေးမြူရာမှာ ကျွမ်းကျင်ကြတယ်။ သူတို့တစ်ယောက်ချင်းစီက တိရစ္ဆာန်ရိုင်းတစ်ကောင်ထက်ကို ပိုရိုင်းတယ်။ သူတို့နဲ့ တိုက်ခိုက်လို့ အနီးကပ်ရောက်သွားရင် ဒုက္ခရောက်ရလိမ့်မယ်... အိုး၊ ညီလေးဝူယွမ်နဲ့ နှိုင်းယှဉ်ရင်တော့ မျိုးဆက်သစ်ကြားထဲမှာ မဟာနတ်ဆိုးဂိတ်ရဲ့ အဖွဲ့၀င်တွေက မှတ်ထားစရာမရှိလောက်ပါဘူး”
ကျန်းလဲက မနေ့ညက ဝူယွမ် ကျားသစ်မိချောင်းမျိုးနွယ်စု ဘုရင်နှစ်ပါးကို ရိုက်ချသည့်အခြေအနေကို ရုတ်တရက်သတိရသွားသည်။ သူ၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းပြီး မျိုးဆက်သစ်များကြားထဲတွင် သူမြင်ဖူးသည်မှာ မရှိသလောက်ဖြစ်သလို ကြားဖူးသည်မှာလည်း မရှိပေ။
“သိုင်းမဟာမိတ်ဆိုတာ အုပ်စုတစ်ခုတည်းမဟုတ်ဘူး။ သိုင်းခန်းမအများကြီးပါ၀င်တဲ့ မဟာမိတ်အဖွဲ့ဖြစ်သည်။ သိုင်းမဟာမိတ်ကို ကောင်းကင်သိုင်းပညာခန်းမက စီမံခန့်ခွဲတယ်။ သူ့ရဲ့စွမ်းအားကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အရင်နှစ်ခုနဲ့ နှိုင်းယှဉ်ရင် သိုင်းမဟာမိတ်က အဖွဲ့ဝင်အရေအတွက် အများဆုံးဘဲ”
“ဒီအဓိကအုပ်စုကြီးသုံးခုအပြင် ၀မ့်လွန်ပြည်နယ်မှာ အခြားလျှို့ဝှက်ဆန်းကြယ်တဲ့ အုပ်စုတွေလည်း အများကြီးရှိသေးတယ်။ အဓိကအုပ်စုကြီးသုံးခုတောင် သွားမထိရဲကြဘူး”
...ကျန်းလဲ၏စကားကို နားထောင်ရင်း ဝူယွမ်နှင့် လင်းတုန်နှစ်ယောက်စလုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ဤ၀မ့်လွန်ပြည်နယ်က မဟာယန်မင်းဆက်တွင် အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံးပြည်နယ်ဖြစ်သည်ဟူသော ဂုဏ်သတင်းနှင့် လုံးဝကိုက်ညီသည်။
ယခင်က တျန်းတူပြည်နယ်နှင့် ဆန်ပြည်နယ်ထက် များစွာပိုမိုအားကောင်းသည်။
ထို့အပြင် ရွှေသိန်းငှက်မြို့ဖြစ်သည့် သိန်းငှက်သိုင်းခန်းမ တည်ရှိရာနေရာကပင် သူတို့၏တျန်းတူပြည်နယ်ထက် ပိုအားကောင်းသည်။
ထိုအချိန်တွင် သူတို့ပတ်လည်ရှိ မြူများက တဖြည်းဖြည်းနည်းပါးလာပြီး ကောင်းကင်ကို မြင်နိုင်လာသည်။
“နောက်ဆုံးတော့ ထွက်ခွာနိုင်သွားပြီ” ကျန်းလဲက သက်ပြင်းချလိုက်မိသည်။
အကယ်၍ ဝူယွမ်နှင့်သာ မတွေ့ခဲ့ပါက သူတို့ရဲ့ သိန်းငှက်သိုင်းခန်းမသည် အပြင်က နေရောင်ခြည်ကို ထပ်မံမြင်တွေ့ရမည် မဟုတ်ခဲ့ပေ။
“ညီလေးဝူယွမ်၊ ညီလေးက မဟာတောရိုင်းကျောက်တိုင်ကြီးကို သွားမှာဆိုတော့ အချိန်အများကြီးကျန်သေးတယ်။ ရွှေသိန်းငှက်မြို့မှာ အရင်နားလိုက်ပါလား။ ဒါက ညီလေးတို့ သွားမယ့ လမ်းပေါ်မှာပါဘဲ။ မြို့ထဲမှာ ၀မ့်လွန်ပြည်နယ်အကြောင်း အချက်အလက်တွေကိုလည်း စုဆောင်းလို့ရတယ်လေ၊ ပိုသိရှိနိုင်ဖို့အတွက်ပေါ့”
ကျန်းလဲက အတင်းအကျပ်ပြောခဲ့သည်။ သူက ဝူယွမ်၏ အရင်က ယင်းယင်းလေးကို ကျင့်ကြံနိုင်ရန် ကူညီမည်ဟူသော သဘောတူညီချက်အကြောင်း တက်တက်ကြွကြွ မပြောခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် မနေ့ညက ဝူယွမ်၏ ဝင်ရောက်စွက်ဖက်မှုသည်ပင် အကြီးမားဆုံးသော ကျေးဇူးတရားကြီးဖြစ်နေခဲ့သည်။
“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော်တို့ အနှောက်အယှက်ပေးပါရစေ။ ရွှေသိန်းငှက်မြို့မှာဘဲ အရင်နားလိုက်မယ်” ဝူယွမ်က သဘောတူလက်ခံလိုက်သည်။
ညီအစ်ကိုနှစ်ယောက်က ဒီလများအတွင်း တောထဲတွင် ရှိနေခဲ့ပြီး မြို့တစ်မြို့တွင် အနားယူရန် အချိန်ကျရောက်လာပီဖြစ်သည်။
“နောက်ထပ် နေ့တစ်ဝက်ခရီးသွားရင် ရွှေသိန်းငှက်မြို့ကို ရောက်ပီ”
ကျန်းလဲ့တို့အုပ်စုက ရှေ့ဆက်သွားခဲ့သည်။
“ရွှေသိန်းငှက်မြို့၊ သိန်းငှက်သိုင်းခန်းမ။ သူတို့ကြားမှာ ဆက်နွယ်မှုရှိနေတာလား”
လှည်းအတွင်း၌ ဝူယွမ်နှင့် ကျန်းယွဲ့တို့ စကားဆက်ပြောခဲ့သည်။
“ဟုတ်တယ်၊ ကျွန်မတို့ သိန်းငှက်သိုင်းခန်းမကို မြူတောနားမှာ တည်ထောင်ခဲ့တာ ကြာပြီ၊ နောက်ပိုင်းမှ ရွှေသိန်းငှက်မြို့က တဖြည်းဖြည်းနဲ့ ဖွဲ့စည်းလာခဲ့တာ”
“သိုင်းခန်းမရဲ့ လွှမ်းမိုးမှုအောက်မှာ ဖွဲ့စည်းလာတဲ့မြို့၊ ဆိုလိုတာက ရွှေသိန်းငှက်မြို့မှာ ရွှေသိန်းငှက်သိုင်းခန်းမက အပြင်းထန်ဆုံးအုပ်စုဖြစ်သင့်တယ်လို့ ဆိုလိုတာလား”
ဝူယွမ်က အနည်းငယ်မနာလိုဟန်ဖြင့် ပြောခဲ့သည်။
နှိုင်းယှဉ်ကြည့်လျှင် သူတို့၏ရူးသွပ်ဓားသိုင်းခန်းမက အရွယ်အစားအားဖြင့် သေးငယ်ပြီး သေးငယ်သည့်ချင်းယန်းမြို့ငယ်လေးတွင်ပင် ယခင်ကတည်းက လွှမ်းမိုးနိုင်ခြင်းမရှိပေ။
ဤမေးခွန်းပေါ်လာသောအခါ ကျန်းယွဲ့သည် သူမ၏နီမြန်းသောနှုတ်ခမ်းသားလေးကို အနည်းငယ်ကိုက်ပြီး ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
“ငါတို့သိန်းငှက်သိုင်းခန်းမက ရွှေသိန်းငှက်မြို့မှာ အပြင်းထန်ဆုံးအုပ်စုဖြစ်ခဲ့တယ်။
ဒါပေမဲ့ လွန်ခဲ့သောခြောက်လအတွင်း သွေးလင်းတသိုင်းခန်းမလို့ခေါ်တဲ့ ပြင်ပသိုင်းခန်းမတစ်ခုက ရွှေသိန်းငှက်မြို့မှာ အခြေစိုက်ခဲ့ကြတယ်။ အဲ့လူတွေက အရမ်းမောက်မာပြီး ငါတို့သိန်းငှက်သိုင်းခန်းမနှင့် ခဏခဏ ပဋိပက္ခဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့စွမ်းအားက တစ်ကယ်ကို ကောင်းလွန်းတယ်၊ ပဋိပက္ခအချို့မှာ ငါတို့သိုင်းခန်းမက အနိုင်မရခဲ့တာကြောင့် သူတို့ရဲ့မာန်မာနကို ပိုတက်အောင်လုပ်ပေးသလို ဖြစ်ခဲ့တယ်၊ တစ်ကယ်လို့ အတော်ကြာတဲ့အထိ ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့သိန်းငှက်သိုင်းခန်းမရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တယ်”
“အဲဒီလိုလား”
ဝူယွမ်လည်း ခက်ခဲသည်ဟု ထင်ခဲ့မိသည်။ မိသားစုတိုင်းတွင် ခက်ခဲမှုများရှိသည်။
သို့သော် သွေးလင်းတသိုင်းခန်းမကို ဖော်ပြခြင်းက ဝူယွမ်အား မူရင်းဇာတ်လမ်းတွင် ကျန်းယွဲ့က လင်းတုန်အား ကျေးဇူးတင်သည့်အနေဖြင့် သူမကိုယ်သူမ ပေးအပ်ရန် ဆန္ဒရှိခဲ့သည်ကို သတိရစေခဲ့သည်။
လင်းတုန်က ဖြောင့်မတ်သောယောက်ျားလေးဖြစ်ပြီး ထိုအချိန်က လေ့ကျင့်ရေးကိုသာ အာရုံစိုက်ခဲ့ပြီး သူ့အမြင်ထဲတွင် မိန်းမ မပါရှိခဲ့ပေ။
အခုတော့ ကူညီသူက ဝူယွမ်ဖြစ်သည်။ ကျန်းယွဲ့က တူညီသောရွေးချယ်မှုကို ပြုလုပ်ဦးမည်လားဆိုသည်ကို သူသိချင်နေခဲ့သည်။
ဝူယွမ်သည် ကျန်းယွဲ့ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူမ၏မျက်နှာလေးက အသေးစိတ်ကျပြီး သူမ၏ခန္ဓာကိုယ်က ကြံ့ခိုင်မှုရှိသည်။
အမှန်ပြောရလျှင် ကျန်းယွဲ့က လင်းချင်းကျူမှလွဲ၍ သူတွေ့ဖူးသမျှ အမျိုးသမီးများထဲတွင် အလှဆုံးအမျိုးသမီးဖြစ်သည်။ ရွှမ်စုကတော့ ဆွဲဆောင်အား အကောင်းဆုံးဖြစ်ပြီး၊ ယင်းယင်းလေးကတော့ မရင့်ကျက်သေးပေ။
ရမှတ်ဆယ်မှတ် ပေးရပါက လင်းချင်းကျူက ဆယ်မှတ်ပြည့်မှီပြီး ကျန်းယွဲ့မှာ ကိုးမှတ်ရမည်ဖြစ်သည်။
“ကျေးဇူးပြု၍... ရှင် ဘာလို့ ကျွန်မကို ဒီလိုကြည့်နေတာလဲ”
ကျန်းယွဲ့က ရှက်ရွံ့ဟန်ဖြင့် ပြောခဲ့သည်။
“ကျွန်တော့်မျက်လုံးတွေ လှတယ်ထင်လား” ဝူယွမ်က ရုတ်တရက်မေးလိုက်သည်။
“လှ...လှတယ်၊ ဟုတ်တယ်” ကျန်းယွဲ့က အနည်းငယ်နားမလည်နိုင်ခဲ့ပေ။
“ဒါဆို ဘာကြောင့်လှတာလဲသိလား”
“ဘာကြောင့်လဲ”
“ဘာလို့လဲဆိုတော့ ကျွန်တော့်မျက်လုံးထဲမှာ မင်းရှိနေလို့ပေါ့”
“ဟင်”
ချက်ချင်းဆိုသလို ကျန်းယွဲ့၏မျက်နှာက သူမ၏လည်ပင်းအထိ နီရဲသွားခဲ့ပြီး အသက်ရှုပင် မမှန်ချင်တော့ပေယ
ဒီကမ္ဘာရှိအမျိုးသမီးများသည် အခုကဲ့သို့ စကားပြောဆိုမှုမျိုးကို မည်သည့်အခါကမှ မကြားဖူးကြပေ။
ဝူယွမ်၏စကားပ အလွန်နားထောင်ကောင်းပြီး သူမ၏နှလုံးသားကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
“ဟင်...သ… သခင်လေး ဝူယွမ်က အရမ်းနောက်တတ်တာဘဲ”
ကျန်းယွဲ့က ချက်ချင်းမျက်နှာလွှဲလိုက်ပြီး သူမ၏စိတ်ကို ငြိမ်သက်စေခဲ့သော်လည်း သူမ၏မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သော ပျော်ရွှင်နေဟန်ရသည့် အပြုံးရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“သူက ငါ့ကို ချစ်တယ်လို့ ပြောချင်တာလား”
“သူက ငါ့ကို ကြိုက်တာလား”
“ငါဘာလုပ်ရမလဲ။ သူက ငါတို့သိုင်းခန်းကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ကျေးဇူးဆပ်ဖို့ ငါ့ကိုယ်ငါ ပေးအပ်သင့်သလား”
...ကျန်းယွဲ့တစ်ယောက် စိတ်အလွန်ရှုပ်ထွေးသွားခဲ့သည်။
“အမ်.. မိန်းမလှလေးယွဲ့...”
ဝူယွမ်က ဤမျှရိုးရှင်းသော တော်ကီလေးတစ်ခုက ကျန်းယွဲ့ကို ပြင်းထန်သောတုံ့ပြန်မှုတစ်ခု ဖြစ်စေမည်ဟု မျှော်လင့်မထားခဲ့ပေ။
သူက ရုပ်အရမ်း ချောလွန်းေနလို့ ထင်သည်။
ဆိုရသော် အကယ်၍သူသာ ရုပ်ဆိုးနေခဲ့လျှင် သူမ၏တုံ့ပြန်မှုက အခုကဲ့သို့မဟုတ်ဘဲ သူ့ကိုရိုက်နှက်ပြီး... လူယုတ်မာဟု ခေါ်ကောင်းခေါ်လိမ့်မည်။
“အစ်ကိုကြီး၊ အစ်မကြီးကို ဘာပြောလိုက်တာလဲ”
ယင်းယင်းလေးက စူးစမ်းချင်စိတ်ဖြင့်ချဉ်းကပ်လာခဲ့သည်။
“မင်းအစ်မကြီး လှတယ်လို့ ငါပြော လိုက်တာ”
“ငါ့အစ်မကြီးက အမြဲတမ်းလှတယ်”
“မင်းလည်း ချစ်စရာကောင်းပါတယ်”
ကျန်းယွဲ့က ယင်းယင်းလေးကို ချက်ချင်းပွေ့ဖက်လိုက်သည်။ “ယင်းယင်း ဒီကိုလာ၊ အစ်ကိုကြီးကို မနှောက်ယှက်နဲ့”
“မင်းက အရွယ်မရောက်သေးဘူး၊ အစ်ကိုကြီးပြောနေတဲ့စကားတွေကို နားမလည်နိုင်ဘူး...” ကျန်းယွဲ့က ယင်းယင်းလေး၏ ခေါင်းကို ပုတ်လိုက်သည်။
“သခင်လေးဝူယွမ် ကျေးဇူးပြုပြီး အေးဆေးနားနေလိုက်ပါ။ အပြန်လမ်းက ရှည်နေသေးတယ်။ နေရောင်ကို ကျွန်မကာပေးမယ်” သူမက ဝူယွမ်အား နူးညံ့စွာပြောခဲ့သည်... ပြန်လမ်းတွင် ကျန်းယွဲ့က ထူးခြားစွာ နူးညံ့သိမ်မွေ့နေခဲ့သည်။ လက်ဖက်ရည်နှင့်ရေနွေးကိုပင် ငှဲ့ပေးနေပြီး ဝူယွမ်ကို အထူးဂရုစိုက်ကာ သူ့ကိုမကြည့်ရဲခဲ့ပေ။
သူမက သူ့အပေါ် အမြင်ကောင်းရှိသော်လည်း အနည်းငယ်ရှောင်ရှားလိုဟန်ရှိသည်။
သူမသည် ပထမဆုံးအကြိမ် အချစ်ရေးဖူးပွင့်ခါစ အပျိုလေး၏ ပုံရိပ်ကို အပြည့်အ၀ပြသနေခဲ့သည်။
သူမ၏မျက်လုံးထဲတွင် ဆယ်ပုံ ပုံလျှင် သုံးပုံကဟန်ဆောင်မှု၊ သုံးပုံရှက်ရွံ့မှု၊ သုံးပုံတအပြစ်ကင်းမှုနှင့် တစ်ပုံက လက်ခံလိုစိတ်ရှိသော်လည်း နောက်ဆုတ်နေသည့် ဟန်ရှိသည်။
ထိုမြင်ကွင်းက ဝူယွမ်အား သူ၏ ပထမဆုံးအချစ်ကိုခံစားမိတဲ့ အလှတရားကို သတိရစေခဲ့သည်။
အတော်လေးအံ့သြဖွယ်ကောင်းသည်။