ကျန်းယွဲ့ခြေလှမ်းအစပြုခြင်း
Vol. 11 Ch. 101
ဝူယွမ် ဒီတစ်ကြိမ်လိုအပ်သော ပစ္စည်းများက များလှသည် မဟုတ်၊ ၀မ့်လွန်ပြည်နယ်၏ မြေပုံအသေးစိတ်နှင့် အခြားအရာများသာ ဖြစ်သည်။ သူက ရွှေသိမ်းငှက်မြို့တွင် ထာဝရနေထိုင်မည့်သူ မဟုတ်သည့်အတွက်၊ မြေမျက်နှာသွင်ပြင်နှင့် အဖွဲ့အစည်းအသီးသီး၏ နေရာချထားမှုများကို မြန်မြန်ဆန်ဆန် ရင်းနှီးကျွမ်းဝင်ထားရန် လိုအပ်သည်၊ သို့မဟုတ်ပါက သူ မျက်စိမှိတ်၍ လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်
လက်ရှိ သူတို့၏ စွမ်းအားမှာ မည်သည့်အဖွဲ့အစည်းကိုမဆို လျစ်လျူရှုနိုင်သည့် အဆင့်သို့ မရောက်သေးပေ။
မြို့တစ်ဝိုက် ခဏကြာ လှည့်ပတ်ပြီးနောက်၊ မွန်းတည့်ချိန်တွင်၊ သူ ပစ္စည်းအားလုံးကို ဝယ်ယူပြီးစီးခဲ့ပီဖြစ်သည်။ သူက ကျန်းယင်ယင်၏ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ရန် အတွက် အဆင့်နိမ့် ဝိညာဉ်ဆေးပင်များကိုလည်း ဝယ်ယူခဲ့သည်၊ ထိုဆေးပင်များကို လင်းတုန်ကို ဆေးလုံးများအဖြစ် သန့်စင်ခိုင်းရန် သူစီစဉ်ထားသည်၊ ကျန်းယင်ယင်၏ ဝိညာဉ်စွမ်းအင်ကို မြန်မြန်ဆန်ဆန် တိုးတက်စေရန် ကူညီပေးရန်အတွက် သူအတော်လေးအားထုတ်နေလေသည်။
“သခင်လေးယွမ် ပစ္စည်းတွေအကုန်ဝယ်ပြီးပြီလား။ သန့်စင် ယွမ်ဆေးလုံး လေးသောင်းကျော်ပဲ သုံးတယ်နော်” ဟု ကျန်းယွဲ့က ယဥ်ေကျးသိမ်မွေ့သောဟန်ဖြင့် ပြောလိုက်သည်။
“အင်း ပြီးပြီ။ နောက်ထပ်ဝယ်စရာလည်း မရှိတော့ဘူး။ ပြန်ကြရအောင်”
ရွှေသိမ်းငှက်မြို့တွင် သူ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်သော ရတနာများ မရှိသောကြောင့် ဝူယွမ်က ပြန်ဖို့တိုက်တွန်းလိုက်သည်။
ပြောရလျှင် သူက လက်ရှိအချိန်တွင် ကျင့်စဉ်နည်းလမ်း သို့မဟုတ် ဝိညာဉ်လက်နက်များ ချို့တဲ့နေသည် မဟုတ်ပေ။
“သန့်စင် ယွမ်ဆေးလုံး ငါးသောင်းကျော် ကျန်သေးတယ်လေ...” ကျန်းယွဲ့က သိုလှောင်အိတ်အတွင်းရှိ သန့်စင် ယွမ်ဆေးလုံးများကို ကြည့်ရင်း၊ ဝူယွမ်က သူတို့ထံမှ အကျိုးအမြတ်ရယူလိုခြင်း မရှိတာကို နားလည်ခဲ့သည်။
သန့်စင် ယွမ်ဆေးလုံး ငါးသောင်းက သူတို့သိုင်းခန်းမအတွက် မပြောပလောက်သော ပမာဏမဟုတ်ပေ၊ မြူဆိုင်းတောအတွင်း တစ်ကြိမ်ခရီးသွားလျှင်ပင် ဤမျှလောက် ရနိုင်ခြင်း မရှိပေ။
ဝူယွမ်တို့ ဈေးထဲမှ ထွက်လာပြီး ခန်းမပြန်ဖို့လုပ်တုန်း၊ ရုတ်တရက်၊ သူတို့နှင့် မနီးမဝေးမှ လူဆယ်ဦးကျော်ခန့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူများ၏ ရင်ဘတ်ပေါ်တွင် သိုင်းခန်းမတံဆိပ်တစ်ခု ရှိပြီး၊ တံဆိပ်က သွေးရောင်ငှက်တစ်ကောင် ပုံသဏ္ဍာန်ထွင်းထုထားသည်။
“သွေးလင်းတ သိုင်းခန်းမ”
ထိုတံဆိပ်ကို မြင်လိုက်ပြီးဝူယွမ် မျက်ခုံးကျုံ့သွားသည်။ “ရွှေသိမ်းငှက်မြို့မီာ သိမ်းငှက်သိုင်းခန်းမနဲ့ နယ်မြေအတွက် ပြိုင်ဆိုင်နေတဲ့ အခြားအုပ်စု မဟုတ်လား။”
“ဟေးဟေး... ကျန်းယွဲ့ မဟုတ်လား။ အချိန်ကိုက်ဘဲနော်”
လူအုပ်စုက သူ့တို့၏ လမ်းကြောင်းကို တိုက်ရိုက်လာပြီး ပိတ်ဆို့ခဲ့သည်၊ သေချာပေါက် ထိုလူတွေရဲ့ ပစ်မှတ်မှာ ကျန်းယွဲ့ကဘဲ ဖြစ်သည်။ ထိုအဖွဲ့ထဲတွင် စက္ကူလေပန်ကာလေးကို ကိုင်ထားသော အသက် ၂၅ ခန့်ရှိဟန်ရှိသည့် ယောက်ျားလေးက ခေါင်းဆောင်ဖြစ်ဟန်ရပြီး အနည်းငယ် မိန်းမဆန်သော မျက်နှာအမူအရာရှိကာ၊ သူ၏ နှုတ်ခမ်းထောင့်ရှိ ပြုံးရိပ်က လူများကို အလွန်အမင်း မသက်မသာဖြစ်စေသည်။
“သခင်လေးယွမ်၊ သွားကြရအောင်”
ကျန်းယွဲ့၏ နုနယ်သော မျက်ခုံးလေးများ ကျုံ့သွားပြီး၊ သူမက သူတို့ကို ရှောင်ရန် ကြိုးစားလိုက်သည်။
“အိုး... ချောမော လှပတဲ့ လူပျိုလေးတစ်ယောက်ကိုတောင် ခေါ်လာခဲ့သေးတယ်”
အစောက စက္ကူလေပန်ကာ ကိုင်ထားသောယောက်ျား၏ အကြည့်က ဝူယွမ်ပေါ်သို့ရောက်သွားခဲ့ပြီး၊ ဝူယွမ်၏ ချောမောလှပသော မျက်နှာကို မြင်တွေ့ရသည့်အခါ၊ သူ့စိတ်ထဲတွင် အားငယ်စိတ်များ ဖြစ်ပေါ်လာသည်။
သူ၏ မျက်လုံးများတွင်လည်း ရန်လိုမှုအရိပ်အယောင်များ ချက်ချင်းပေါ်ပေါက်လာခဲ့ကာ... “ရွှေသိမ်းငှက်မြို့မှာ သါ့ ပိုချောတဲ့ ယောက်ျား ရှိလို့မရဘူး။”
အထူးသဖြင့် ဤယောက်ျားက သူကြိုက်နှစ်သက်နေတဲ့ အမျိုးသမီး နှစ်ယောက်နှင့် အတူရှိနေသည့်အတွက် ဖြစ်သည်။
“ကျန်းယွဲ့... မင်းယောက်ျားလိုချင်ရင် ငါ့ကို ရှာလို့ရတယ်။ ဒီလိုလူမျိုးက မင်းနဲ့ ဘယ်လိုကိုက်ညီမှာလဲ”
သူက ခပ်ပါးပါး ပြုံးကာ စကားပြောနေချိန် သူ၏ အကြည့်များကလည်း ကျန်းယွဲ့အပေါ် စူးစိုက်ကြည့်နေပြီး မျက်လုံးအတွင်း၌ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများ ပေါ်လွင်နေသည်။
သူ့ ဘေးနားရှိ လက်အောက်ငယ်သားများသည်လည်း လူယုတ်မာအပြုံးများဖြင့် ကျန်းယွဲ့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
“လုံရှန်း... ငါ့ရှေ့က ဖယ်စမ်း”
ကျန်းယွဲ့က ဒေါသထွက်သွားပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
“အိုးး... ယွဲ့အာ... ဒီလောက်ကြီး ကြမ်းတမ်းမနေပါနံ့၊ မင်းက ရွှေသိမ်းငှက်မြို့မှာ သိန်းငှက်သိုင်းခန်းမ အင်အားအကြီးဆုံး ထင်နေသေးတာလား၊ အချိန်တွေ ပြောင်းလဲသွားပြီ။ မင်းရဲ့ သိမ်းငှက်သိုင်းခန်းမဟာ မကြာခင်မှာပဲ ရွှေသိမ်းငှက်မြို့ကနေ ထွက်သွားရတော့မယ်။ ငါ့အဖေက မင်းရဲ့သိုင်းခန်းမကို စိန်ခေါ်ပြီး မင်းအဖေနဲ့ သေခြင်းရှင်းခြင်းတိုက်ပွံ တိုက်ခိုက်မယ်လို့ ကြေညာထားတယ်”
လုံရှန်းက အတော်လေး မာန်တက်နေသည့် အမူအရာဖြင့် “မင်းကို လျှို့ဝှက်ချက်လေး တစ်ခုပြောပြမယ်... တစ်ကယ်တော့ ငါ့အဖေဟာ သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ်ကို ရောက်သွားပြီ”
“ဒါကြောင့်... မင်းငါ့စကားကို နားထောင်ရင်တော့ အကောင်းဆုံးပဲ။ ဒါဆိုရင် မင်းရဲ့ သိမ်းငှက်သိုင်းခန်းမက အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်”
လုံရှန်း၏ အကြည့်များက ကျန်းယွမ်းရဲ့ ကိုယ်ခန္ဓာ အကွေးအကောက် အမို့အမောက်များ ပေါ်သာရောက်နေပြီး သူမကို လမ်းဆုံးရောက်နေသော သိုးကလေးတစ်ကောင်ကဲ့သို့ တပ်မက်မှုပြင်းထန်စွာဖြင့် ကြည့်နေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဝူယွမ် မျက်ခုံးအနည်းငယ် ကျုံ့သွားသည်။ ဤလူ၏ ညစ်ညမ်းသော အပြုအမူမှာ ယန်မြို့တွင် နဂါးချည်မျှင်သလင်းများဖြင့် ထိုးဖောက်ကာ ငိုကြွေးခဲ့ရသော စုန်ချန်းနှင့် အလွန်ဆင်တူနေသည်။
“မင်းကအိပ်မက် မက်နေတာဘဲ။ မင်းလိုလူယုတ်မာနဲ့ဆိုရင် ငါသေတောင် မလိုက်ဘူး”
“ဟမ့်... ခုချိန်မှာ မာနကြီးနေနိုင်ပေမယ့်၊ နောက်ပိုင်းမှာ မင်းငါ့ကို ခခယယ တောင်းပန်ရတော့မယ်”
လုံရှန်း၏ အကြည့်က ကျန်းယင်ယင်အပေါ်သို့ ရွေ့လျားသွားပြီး၊ သူ့ မျက်လုံးထဲတွင် မူမမှန်သော အလင်းတစ်ချက် ဖြတ်သန်းသွားသည်။
“ကြည့်စမ်း... ကျန်းယင်ယင်က ဒီလောက်တောင်နာခံတယ်လား။ အိုး... ယင်ယင်၊ ဒီလိုချစ်စရာကောင်းတဲ့ သတ္တဝါလေးတစ်ကောင် ဘယ်တုန်းက ရလာတာလဲ။ လာ... အစ်ကိုကြီးက ပွတ်သပ်ပေးမယ်”
လုံရှန်းသည် ကျန်းယင်ယင်၏ ရင်ခွင်ထဲရှိ ပိုင်ယွမ်ကို ထိရန် လက်ကို ဆန့်ထုတ်ခဲ့သည်။
ထိုလူယုတ်မာ၏ လက်က သူ့ထံသို့ ဆန့်ထွက်လာသည်ကို ပိုင်ယွမ် မြင်လိုက်ရသည့်အခါ၊ သူ့မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုမှုနှင့်အတူ သည်းမခံနိုင်သော စက်ဆုပ်ဖွယ်အမူအရာများ ပေါ်လာခဲ့သည်။
“ပိုင်ယွမ်... သူ့ကို မောင်းထုတ်လိုက်”
ဝူယွမ်က ပိုင်ယွမ်ကို တိုက်ခိုက်ခွင့်ပေးလိုက်သည်
ခွင့်ပြုချက်ရပြီးသည်နှင့် ပိုင်ယွမ်က သူမ၏ မျက်ခုံးများကို ဖြေလျှော့လိုက်ကာ၊ တိုက်ပွဲ၀င် ပြောင်းလဲခြင်း မပြုဘဲ သူမ၏ ဗိုက်သေးသေးလေးကိုသာ ဖောင်းကြွတက်လာစေပြီး၊
“၀ူးး”
ရုတ်တရက် အသံလှိုင်းတစ်ခု ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။
လုံးရှန်း တုံ့ပြန်နိုင်ချိန်မရှိမီ၊ သူ၏ နားစည်များသည် တိုက်ရိုက်ပေါက်ကွဲသွားပြီး၊ သူ၏ ကိုယ်ခန္ဓာကလည်း လွင့်ပျံထွက်သွားကာ၊ ဒွာရခုနှစ်ပေါက်မှ သွေးများယိုစီးပြီး သူ၏ ဦးခေါင်းတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နေခဲ့သည်။
လုံရှန်းနှင့်အတူပါလာသူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။ ဤကဲ့သို့သော သေးငယ်သည့် သတ္တဝါသည် ပြင်းထန်သော အသံလှိုင်းကို ထုတ်လွှတ်နိုင်သည် ဆိုသည်မှာမဖြစ်နိုင်သလောက်ပင်။
“အား... သခင်လေး၊ သခင်လေး”
သူတို့က ငေးမောနေရာမှ သတိပြန်လည်လာပြီးနောက်၊ လုံရှန်းကို ဆွဲထူပေးရန် ချက်ချင်းလျှောက် သွားလိုက်ကြသည်။
လုံရှန်းက ဒွာရခုနှစ်ပေါက်မှ သွေးထွက်လျက်၊ မျက်လုံးများ အာရုံမစိုက်နိုင်ဖြစ်ကာ၊ သူ၏ ပုံစံမှာ ကြည့်ရဆိုးလွန်းနေခဲ့သည်။
ပိုင်ယွမ်၏ ကိုယ်ချုံ့ထားတဲ့ အချိန်မှာ ပြုလုပ်သော တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သည်။ အကယ်၍ ပိုင်ယွမ်သာ သူမ၏ တိုက်ပွဲ၀င်ပုံစံမှာ ရှိနေခဲ့ပါက၊ လုံရှန်း ယခုအချိန်တွင် အရိုးဘဲကျန်နေလိမ့်မည်။
“ဝိုး... ပိုင်ယွမ်... မင်းအရမ်းတော်တယ်”
ပိုင်ယွမ် တိုက်ခိုက်သည်ကိုမြင်ပြီး ကျန်းယင်ယင်က ချက်ချင်း ပိုင်ယွမ်ကို ပွေ့ဖက်ပြီး နမ်းရှုတ်လိုက်သည်။
“ဘာရပ်ကြည့်နေကြတာလဲ။ မင်းတို့ အဲဒီ သားရဲကို ငါ့အတွက် သတ်ပစ်ပေးကြစမ်း”
လုံရှန်း ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ နားများက အခုချိန်တွင် အသံလှိုင်းကြောင့်ဘာသံမှ မကြားရဘဲ အကျယ်ကြီးအော်ဟစ် ပြောဆိုနေခဲ့သည်။
သွေးလင်းတခန်းမမှ တပည့်များက ရှေ့သို့ ပြေးတက်လာကြပြီး၊ သူတို့၏ ဓားများက ကျန်းယင်ယင်၏ ရင်ခွင်ထဲရှိ ပိုင်ယွမ်ကို ချိန်ထားကာ ရိုက်နှက်ရန် ပြင်ဆင်နေကြသည်။
“အား”
လူတစ်စုက ကျန်းယင်ယင်ဆီ တိုး၀င်လာကြပြီး၊ သူမက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ကျန်းယင်ယင်နောက်မှ ဝူယွမ်က သူမ၏ မျက်လုံးလေးများကို ဖုံးအုပ်ပေးလိုက်ကာ၊
“ပိုင်ယွမ်... ဆက်လုပ်ပါ”
“ ဝေါင်း ”
‘ကျားဖြူချေမှုန်းရွှေဟိန်းသံ’ကို ပိုင်ယွမ်က ထပ်မံအသုံးပြုလိုက်ပြီး ရှေ့သို့ ပြေးလာသူ အားလုံးသည် လွင့်ထွက်သွားကာ သွေးအန်လိုက်ကြရသည်။
အချိန်တိုအတွင်း သွေးလင်းတသိုင်းခန်းမမှ လူအားလုံး မြေပြင်ပေါတွင်
“မင်းမလား... မင်းရဲ့ သားရဲမလား”
လုံရှန်းသည် ဘာမှ ကြားနိုင်ခြင်း မရှိသော်လည်း၊ ဝူယွမ်က ပိုင်ယွမ်ကို အမိန့်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။ သူက ဝူယွမ်ကို လက်ညိုးထိုးပြီး ချိန်းချောက်ဖို့ပြင်လိုက်သည်။
“မင်းတို့… မင်းတို့က သွေးလင်းတသိုင်းခန်းမကို စော်ကားရဲတယ်မလား။ ငါ့အဖေက ဘယ်သူလဲဆိုတာ မင်းသိလား”
“ကောင်လေး... မင်းသေပြီ၊ မင်းနဲ့ မင်းရဲ့ သားရဲ နှစ်ေကာင်လုံးသေပီသာမှတ်”
“မင်းကို အမုန့်လှုပ်ပစ်မယ်”
“ဆူညံလိုက်ပြီ”
ဝူယွမ်က မျက်ခုံးကျုံ့သွားပြီး၊ သူ၏ လက်ချောင်းထိပ်မှ နဂါးချည်မျှင်သလင်း နှစ်ချောင်းကိုကာ၊ ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင်၊ နဂါးချည်မျှင်သလင်း နှစ်ချောင်းက ချောမောစွာဖြင့် လုံရှန်း၏ နှုတ်ခမ်း ထဲ ဖြတ်သန်းဝင်ရောက်သွားခဲ့သည်။
ထို့နောက်၊ သူ၏ ဝိညာဉ်စွမ်းအင်ကို ရုပ်သိမ်းလိုက်ပြီး၊ နဂါးချည်မျှင်သလင်းများက ချက်ချင်း ကွေးညွှတ်သွားခဲ့သည်။
လုံရှန်း၏ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းက ကျုံ့သွားကာ၊ အရေပြားအလုံး နှစ်လုံးအဖြစ် ပါးစပ်ကိုပိတ်သွားသည်။
“အား~ မင်း မ”
သူ အော်ဟစ်ချင် နေသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။
နာကျင်မှုက သူ၏ ဦးနှောက်မှတစ်ဆင့် ပျံ့နှံ့သွားပြီး၊ အာရုံကြောများကို လှုံ့ဆော်နေခဲ့သည်။
နဂါးချည်မျှင်သလင်း၏ နာကျင်မှုက လုံရှန်းအတွက် သည်းမခံနိုင်လောက်အောင် ဖြစ်ကာ။
လုံရှန်းက နာကျင်လွန်းသဖြင့် မြေကြီးကို တစ်ဖုန်းဖုန်း ရိုက်နှပ်နေပြီး တစ်ကိုယ်လုံးမှလည်း ချွေးစီးများထွက်နေကာ ရေချိုးထားသကဲ့သို့ဖြစ်နေခဲ့သည်။
နဂါးချည်မျှင်သလင်းများ သူ၏ နှုတ်ခမ်းကို ဆွဲဆန်လိုက်ခြင်းက သူ၏ မျက်နှာတစ်ခုလုံးကို တင်းကျပ်သွားစေခဲ့သည်။
“သွားကြရအောင်... ပြန်ကြရအောင်”
ဝူယွမ်က ကျန်းယွဲ့၏ လှပပျော့ပြောင်းသော လက်လေးနှင့် ကျန်းယင်ယင်၏ လက်ကလေးကို တစ်ဖက်စီဆွဲပြီး၊ ထိုလူစုကို ဖြတ်သန်းကာ လမ်းလျှောက်ထွက်လာခဲ့သည်။
ကျန်းယွဲ့က အခုအချိန်ထိ စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။
သူမ၏ လက်က ဝူယွမ်၏ လက်ကြီးဖြင့် တင်းတင်းကျပ်ကျပ် ကိုင်ထားခြင်းခံရပြီး၊ သူမက ရုတ်တရက် လုံခြုံမှုနှင့် တည်ငြိမ်၊ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
“သခင်လေးရဲ့ နောက်ဆုံးတစ်ကွက်... လုံရှန်းကို သတ်ပစ်နိုင်လိမ့်မယ် မဟုတ်လား”
သူတို့သည် ကုန်သွယ်ရေးဈေးကွက်ထဲမှ ထွက်ခွာလာပြီးနောက်၊ ကျန်းယွမ်း နောက်ဆုံးတော့ စကားစပြောလာခဲ့သည်။
“အိုး... သူမသေပါဘူး၊ သေချင်လောက်အောင်ဘဲ နာကျင်နေရမှာပါ”
သူက နဂါးချည်မျှင်သလင်းများ၏ စွမ်းအားကို လူတစ်ဦးတည်းတွင် စမ်းကြည့်ခဲ့ခြင်း မဟုတ်ပေ။
ထိုလက်နက်၏ နာကျင်မှုက သာမန်လူတစ်ဦး သည်းခံနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။
“လုံရှန်းက သွေးလင်းတသိုင်းခန်းမ ခေါင်းဆောင် လုံကျိုးရဲ့ သားဘဲ။ တစ်ကယ်လို့ သခင်လေးသာ သူ့ကို အသေသတ်လိုက်ရင် လုံကျိုးက သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး ”
“သူ အလွတ်မပေးဘူးဆိုရင် သတ်ပစ်လိုက်မယ်လေ။ ဒါဆိုရင် မင်းရဲ့ မိသားစုပြဿနာလည ဖြေရှင်းပြီးသား ဖြစ်သွားတာပေါ့။ အဲ့လိုဆို ပိုကောင်းတယ်မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့သားက မျက်စိကန်းပြီး အရင်ရန်လာစခဲ့တာဘဲ”
“အီး...” ကျန်းယွဲ့ စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားခဲ့သည်။ သူတို့၏ သိုင်းခန်းအတွက် အလွန်ခက်ခဲသော အရာတစ်ခုဟု ထင်ရသည်က၊ ဝူယွမ်အတွက်တော့ အလွယ်တကူ ဖြေရှင်းနိုင်သော သေးငယ်သည့် ကိစ္စတစ်ခုသာ ဖြစ်သည်။
ဤသည်မှာ စွမ်းအား ကွာခြားချက်ဘဲဖြစ်သည်။
ထိုစကားများမှတစ်ဆင့်၊ သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ယောက်က ဝူယွမ်၏ မျက်လုံးထဲတွင် ခြိမ်းခြောက်မှုတစ်ခုမဟုတ်မှန်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
“စိတ်မကောင်းပါဘူး၊ ကျွန်မတို့နဲ့ တွေ့ဆုံပြီးကတည်းက သခင်လေး ဆက်တိုက်ဒုက္ခရောက်စေမိခဲ့တယ်”
ကျန်းယွမ်းက ရုတ်တရက်ထပြောလိုက်သည်။ ဝူယွမ် သူတို့၏ သိုင်းခန်းမအဖွဲ့ဝင်များနှင့် စတွေ့သည့်အချိန်မှစ၍ သေးငယ်သော ပြဿနာများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။
“ဘာမှမဖြစ်ပါဘူး၊ မင်းကလည်း ငါ့ကို အများကြီး ကူညီပေးခဲ့တာဘဲလေ”
ဝူယွမ်က ထိုပြဿနာ သေးသေးလေးတွေကို ခေါင်းထဲထည့်မထားပေ။ သို့သော် သူက ညီအစ်မ နှစ်ယောက်၏ လက်များကို ဆက်ကိုင်ထားဆဲဖြစ်သည်။
ကျန်းယွဲ့၏ လက်က တောင့်တင်းနေဆဲဖြစ်ပြီး။ သူမက လမ်း တစ်လျှောက်လုံး ရှက်ရွံ့နေခဲ့ကာ မည်သည့် လှုပ်ရှားမှုကြီးကြီးမားမား ပြုလုပ်ရန် မဝံ့မရဲဖြစ်နေခဲ့သည်။
ကျန်းယင်ယင်မှာမူ၊ ဝူယွမ့်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
သိမ်းငှက်သိုင်းခန်း၏ ဝင်ပေါက်သို့ ရောက်သည့်အခါ၊ ကျန်းယွမ်းက နောက်ဆုံးတွင် သူမ၏လက်ထဲက အားအနည်းငယ်ထည့်ကာ၊ ဝူယွမ်ကိုင်ထားသည်မှ ရုန်းထွက်လိုက်ပြီး ရှက်ကြောက်စွာဖြင့် ပြောလိုက်သည်၊ “အမ်... သခင်လေးယွမ်၊ ဒီနေရာမှာတော့ ကျွန်မရဲ့လက်ကို ဆက်မကိုင်ထားပါနဲ့တော့”
“အိုး... ဟုတ်သားဘဲ၊ ကျွန်တော် တစ်လမ်းလုံး မင်းရဲ့လက်ကို ကိုင်ထားမိတာကို သတိမထားမိဘူး”
ဝူယွမ်က သူမလက်ကို မလွှတ်ပေးမီ၊ သူမလက်ဝါးပေါ်တွင် သူ့လက်ညှိုးဖြင့် စက်ဝိုင်းတစ်ခု ရေးဆွဲခဲ့သည်။
ထိုလုပ်ရပ်က ကျန်းယွဲ့၏ နှလုံးသားကို တဒိန်းဒိန်းခုန်စေခဲ့သည်... သိုင်းခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက်၊ ကျန်းယွဲ့က ကျန်းလဲ့ကို ချက်ချင်း ရှာဖွေလေတော့သည်။
ဝူယွမ်မှာမူ၊ ကျန်းယင်ယင်ကို ခေါ်ဆောင်ကာ သူ့အခန်းဆီသို့ ပြန်သွားပြီး၊ လင်းတုန်အား ကျန်းယင်ယင်အတွက် ကနေ့ဝယ်ယူခဲ့သော ဝိညာဉ်ဆေးပင်များကို ဆေးလုံးများအဖြစ် သန့်စင်ခိုင်းလိုက်သည်။
ထို့နောက်၊ သူကဘကျန်းယင်ယင်၏ ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ရန် ကူညီပေးလိုက်သည်။
ဆေးလုံးများ သောက်သုံးပြီးနောက်၊ ကျန်းယင်ယင်၏ ဝိညာဉ်စွမ်းအင်က အဆောင်သခင် အဆင့်တစ်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိသွားပြီး၊ သူမက နီဝမ်နယ်ပယ်ကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့ပြီး ဝူယွမ်က ရှင်ခြင်း နှင့် သေခြင်း ရူန်းတို့ကို စုစည်းရန် နည်းလမ်းကို သင်ကြားပေးလိုက်သည်။
ပုံမှန်ဆို သဘာ၀အဆောင်ကို စုစည်းခြင်းက အခက်ခဲဆုံး အဆင့်ဖြစ်သော်လည်း၊ ကျန်းယင်ယင်က အတိတ်ဘ၀က ရှင်းခြင်းနှင့်သေခြင်း သဘာ၀အဆောင်ကို စုစည်းသည့် မှတ်ဉာဏ်များ ကျန်ရှိနေဟန်ရသည်။ သူမက ရှင်ခြင်းနှင့် သေခြင်း စွမ်းအင်တို့ကို စုစည်းရမည့် အခက်ခဲဆုံးအဆင့်ကို တစ်ကြိမ်တည်းဖြင့် အောင်မြင်စွာ စုစည်းနိုင်ခဲ့ကာ၊ ကျန်းယင်ယင်က ဝူယွမ် သင်ကြားပေးသမျှ ရူန်းပုံစံအတော်များများကို စုစည်းနိုင်ခဲ့လေသည်။
သူမက ပါရမီရှင်တစ်ဦးဘဲဖြစ်သည်။
အချိန်တိုအတွင်း သူမက ပထမဆုံး သဘာ၉အဆောင်ကို စုစည်းနိုင်ခဲ့ပြီး၊ တရားဝင် အဆောင်သခင် အဆင့်တစ်ဖြစ်လာခဲ့သည်။
ထို့ကြောင့်၊ ကျန်းယင်ယင်၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း လမ်းကြောင်းသည်လည်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
“အခု အစ်ကိုကြီးက ကိုယ်ခန္ဓာ ကျင့်ကြံခြင်းနည်းလမ်းကို ဆက်သင်ပေးမယ်။ အစ်ကိုကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို မခုခံဖို့ သတိမမေ့ါစေနဲ့၊ ဝိညာဉ်စွမ်းအင်ကို မင်းရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်ခွင့်ပေးလိုက်ပြီး အစ်ကိုကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို သေချာ မြင်နိုင်အောင် လုပ်ရုံဘဲ၊ နားလည်ပြီမလား”
ဝူယွမ်က နောက်တစ်ကြိမ် သတိပေးလိုက်ပြီး၊ ကျန်းယင်ယင်အား ခန္ဓာကိုယ်ကျမ်း၏ စာလုံးခြောက်လုံးကို ဝိညာဉ်စွမ်းအင်သုံးပြီး လွှဲပြောင်းပေးလိုက်သည်။
ဒီတစ်ကြိမ်တွင် ကျန်းယင်ယင်က သူမ၏ ဝိညာဉ်စွမ်းအင်အပေါ် လုံး၀ထိန်းချုပ်နိုင်နေပြီး၊ မသိစိတ်က မပိတ်ပင်မိတော့ဘံ၊ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို သူမ၏ နီဝမ်နယ်ပယ်ထဲသို့ ဝင်ရောက်ခွင့်ပြုနိုင်ခဲ့သည်။
သူမ၏ နီဝမ်နယ်ပယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အလင်းစုခြောက်ခုကို တွေ့လိုက်သည်နှင့် ကျန်းယင်ယင်က တစ်ခုပြီးတစ်ခု စူးစမ်းလေ့လာနေခဲ့သည်။
နောက်ဆုံးတွင်၊ အလင်းစုများထဲမှ တစ်ခုက သူမအပေါ် တုံ့ပြန်မှုအလွန်ပြင်းထန်လာသည်။ သူမ၏ ဝိညာဉ်စွမ်းအင်က ထိုဝိညာဉ်စွမ်းအင် အလင်းစုကို ထိမိလိုက်သည့်နှင့်၊ အလင်းစုက ပျံ့သွားပြီး၊ ထူးဆန်းသော စာလုံးတစ်လုံးဖြစ်သည်- “ပျော့ပျောင်း”
“သူနဲ့ကိုက်ညီတဲ့စာလုံးက ‘ပျော့ပျောင်း’ဘဲ”
ဝူယွမ်က စိတ်၀င်တစားရေရွတ်လိုက်သည်။
‘ပျော့ပျောင်း’ စာလုံး နှင့် ကိုက်ညီသော ကိုယ်ခန္ဓာ နှစ်မျိုးမှာ-
သန့်စင် စမ်းချောင်းနတ်ကိုယ်ခန္ဓာ- အနန္တစွမ်းအားကို စုစည်းနိုင်ပြီး၊ အစီအရင်နှင့် မှော်စွမ်းအင်များကို ရွတ်ဆိုရန် အချိန်မလိုဘဲ ဆက်တိုက်အသုံးပြုနိုင်သည်။
ထာ၀ရဘ၀ နတ်ကိုယ်ခန္ဓာ- အသက်ရှည်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး။ အကန့်အသတ်ထိ လေ့ကျင့်ထားပါက၊ အချိန်ကိုပင်ထိန်းချုပ်နိုင်သည်။
“ဒီကိုယ်ခန္ဓာ နှစ်မျိုးလုံးက ရှင်ခြင်းနဲ့သေခြင်းတို့ရဲ့ အရှင်သခင်မအတွက် အတော်လေးကိုက်ညီမှုရှိတာဘဲ”
...”အဖေ... ဒီနေ့ သခင်လေးနဲ့ ကျွန်မ ပစ္စည်းဝယ်ထွက်ခဲ့တယ်။ ယွမ်ဆေးလုံး တစ်သိန်းထဲက ဒီလောက် ကျန်နေသေးတယ်- ...”
ကျန်းယွဲ့က သိုလှောင်အိပ်ကို ကျန်းလဲဆီ ပစ်ပြေးလိုက်ပြီး၊ နေ့လည်က ဖြစ်ရပ်များကို ကျန်းလဲ့အား ပြန်ပြောပြခဲ့သည်။
စာကြည့်ခန်းအတွင်း၊ ကျန်းယွဲ့ တစ်ညတည်းနဲ့ အိုမင်းသွားဟန်ရှိသော ကျန်းလဲ့ကို ကြည့်ရင်း၊ သူမ၏ မျက်လုံးများ နီမြန်းသွားခဲ့ကာ တိုးတိုး မေးလိုက်သည်၊ “အဖေ... သွေးလင်းတသိုင်းခန်းမက ကျွန်မတို့ကို စိန်ခေါ်ခဲ့တာလား”
“အင်း...” ကျန်းလဲ့က သက်ပြင်းတစ်ချက် ချပြီးနောက် “နှစ်ရက်ကြာပြီးရင်၊ ငါ စင်ပေါ်မှာ လုံကျိုးနဲ့ တိုက်ခိုက်ရမှာ။ အဲဒီအချိန် ငါ ရှုံးသွားရင်၊ မင်း ယင်ယင်ကို ခေါ်ပြီး ရွှေသိမ်းငှက်မြို့ကနေ ထွက်ခွာသွားရမယ်။ အဲ့ကြ သိမ်းငှက်သိုင်းခန်းမကတော့ ဆက်ရှိနိုင်တော့မှာ မဟုတ်ဘူးထင်တယ်”
“လုံကျိုးက အခု သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ်ကို ရောက်နေပြီ။ သူနဲ့ တိုက်ဖြစ်ခဲ့ရင် အဖေကို အေးဆေးနိုင်မီာ သေချာတယ်။ သူက စင်ပေါ်မှာ အဖေကို သတ်ဖို့ ကြိုးစားမယ်လို့ အဖေထင်တယ်”
ကျန်းယွဲ့၏ မျက်နှာက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားပြီး၊ သူတစ်ချိန်လုံးတွေးနေသော အကြံကို ထုတ်ပြောလိုက်သည်။
“အဖေ... ကျွန်မတို့ သခင်လေးယွမ်ကို ကူညီခိုင်းလို့ရတယ်၊ သခင်လေးယွမ်သာ အဖေ့အစား တိုက်ခိုက်ဖို့ သဘောတူရင်၊ သူရဲ့စွမ်းအားနဲ့ဆိုရင် လုံကျိုးကို အနိုင်ရနိုင်မှာသေချာတယ်”
ဤစကားကို ကြားသည့်အခါ၊ ကျန်းလဲ့ တုန်လှုပ်သွားခဲ့သည်။ ခဏကြာပြီးနောက်၊ သူက ခေါင်းခါလိုက်ပြီး “ဟင်းး... အဖေလည်း ဒီလိုတွေးဖူးပါတယ်။ ဒါပေမယ့် ဝူယွမ်က အဖေတို့ကို အများကြီး အကူအညီပေးခဲ့ပြီးပီ၊ အခုဆိုရင် ယင်ယင်ကိုတောင် စိတ်လိုလက်ရ သင်ကြားပေးနေတယ်၊ နောက်ဆုံးအနေနဲ့ သူနဲ့ အဖေတို့မှာ နက်ရှိုင်းတဲ့ ခင်မင်မှုမရှိဘူး ။ အဖေတို့က သူ့ကို ဘာမှပြန်မပေးနိုင်ဘဲ ဘယ်လိုလုပ်ပြီး ထပ်ခါထပ်ခါ သူ့ကိုကူညီခိုင်းလို့ရမှာလဲ။ သူ့ကို အခမဲ့လုပ်ခိုင်းတာက စိတ်ဆိုးစေမှာဘဲ။ ပြီးတော့ သူက အဖေတို့ သိုင်းခန်းမက လူမှမဟုတ်တာ”
“ဘာမှ မပေးနိုင်ဘူးလား...” ကျန်းယွမ်း နှလုံးသားထဲတွင် နက်ရှိုင်းစွာ သက်ပြင်းချနေသည်။ သူတို့၏ သိုင်းခန်းမတွင် ဝူယွမ်အား အကူအညီတောင်းခံရန် အသုံးပြုနိုင်သော မည်သည့်အရာမျှ မရှိခဲ့ပေ။
“အေးဆေးသွားနားနေလိုက်ပါ၊ စိတ်မပူနဲ့၊ အားလုံးကို အဖေ ကိုင်တွယ်ဖြေရှင်းလိုက်မယ်”
ကျန်းယွဲ့က စိတ်ပြတ်လက်ပျက် ခေါင်းညိတ်ကာ၊ အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားပြီး။ တံခါးကို ဆွဲပိတ်လိုက်ပြီးသည့်နှင့်၊ သူမ၏ ကြည်လင် လှပသော မျက်လုံးများထဲတွင် စိတ်ဆုံးဖြတ်ထားသည့်ဟန်များ ပေါ်ပေါက်လာခဲ့သည်။
သူမက ဝူယွမ်အတွက် လုံလောက်မလောက် သူမ မသိပေ။
...ထိုည၌
ရွှေသိမ်းငှက်မြို့တစ်ခုလုံး ဆီမီးတစ်သောင်း၊ အလင်းပန်းများ ထွန်းညှိထားသကဲ့သို့
သိုင်းခန်းမအတွင်း၊ ဝူယွမ်က ကျန်းယင်ယင်ကို သင်ကြားခြင်း ပြီးဆုံးကာ၊ သူ၏အခန်းထဲသို့ ပြန်သွားခဲ့သည်။
တံခါး၀သို့ ရောက်ရှိနှင့်၊ သူ၏အခန်းထဲတွင် တစ်စုံတစ်ဦးရှိနေသည်ကို ဝိညာဉ်စွမ်းအင်ဖြင့် သိလိုက်ရသည်။
“ဟင်~ သူမများလား”
“တစ်ကယ် ဖြစ်နိုင်လောက်လား...”
ဝူယွမ်က တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မှေးမှိန်သော ဆီမီးအလင်းအောက်တွင်၊ သွယ်လျသော ခန္ဓာကိုယ်လေးတစ်ခု ဝူယွမ်၏မြင်ကွင်းအတွင်း ပေါ်လွင်လာခဲ့သည်။
ဝူယွမ်ခန့်မှန်းထားသည့် အတိုင်း ကျန်းယွမ်းဘဲဖြစ်လေသည်။ သူမ၏ ခန္ဓာကိုယ်လေးက ရှည်လျား၊ ပြည့်ဖြိုးကာ၊ သွယ်လျသော ခါးနုနုလေးက လက်တစ်ဖက်တည်းနှင့် သေးသွယ်လွန်းလှသည်။ သူမ၏ အသားအရေကလည်း ဆီးနှင်းနှင့် ကျောက်စိမ်း ပေါင်းစပ်ထားသကဲ့သို့ဖြစ်နေကာ၊ သူယောင်မယ်လေး တစ်ပါးကဲ့သို့ လှပထင်ရှားနေသည်။
“သခင်လေးယွမ်... တံခါးကိုပိတ်ပေးပါ။ ယွဲ့က ရှင့်ကို တောင်းဆိုချင်တာရှိလို့”
တိတ်ဆိတ်သောအခန်းငယ်လေးထဲတွင်၊ အမွှေးရနံ့များ ပြည့်နှက်နေပြီး ဝမ်းနည်းမှုအနည်းငယ်ပါသော အမျိုးသမီးတစ်ဦး၏အသံက ပျံ့နှံ့လာခဲ့သည်။
“အိုး... ယွဲ့... မင်း ဒီကို ဘယ်လိုဖြစ်...”
ဝူယွမ် စကားမဆုံးသေးခင်ပင် ကျန်းယွဲ့က သူ့စကားကို ဖြတ်တောက်လိုက်၊သည်။
သူမက နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် အကြည့်ဖြင့် ဝူယွမ်ထံသို့ ဖြေးဖြေးခြင်း လမ်းလျှောက်လာရင်း၊ ပြောဆိုလိုက်သည်၊
“အမေက စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်၊ ဒါကြောင့် အဖေက ယင်ယင်နဲ့ ကျွန်မကို အမြဲတမ်း တစ်ယောက်တည်းစောင့်ရှောက် ကြီးပျင်းလာစေခဲ့တယ်။ နောက်ပိုင်း၊ ကျွန်မတို့ ရွှေသိမ်းငှက်မြို့ကို ရောက်လာပြီး ဒီမှာ သိမ်းငှက်သိုင်းခန်းမကို တည်ထောင်နိုင်ခဲ့တယ်။ ဒါက အဖေရဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြိုးပမ်းအားထုတ်မှုရဲ့ ရလဒ်ဘဲ၊ သိုင်းခန်းကို ဖျက်သိမ်းလိုက်ရရင်၊ အဖေ သည်းခံနိုင်မှာမဟုတ်ဘူး၊ အဖေ ဒုက္ခရောက်တာကို ကျွန်မ မမြင်ချင်ဘူး”
သူမက ပန်းရောင်နှုတ်ခမ်းလေးကို ပွတ်လိုက်ကာ၊ မျက်၀န်းများထဲတွင်လည်း မျက်ရည်စများစုဝေးလာသည်။ သူမ၏ နူးညံ့သိမ်မွေ့သော အသံက အလွန်တရာ မျှော်လင့်ချက်ကင်းမဲ့နေပြီး ကြားရသူတိုင်းကို ၀မ်းနည်းစိတ် ၀င်စေနိုင်သည်။
“ဒါကြောင့်... ကျွန်မက သခင်လေးယွမ်ကို ကျွန်မတို့ကို ကူညီပေးဖို့ တောင်းဆိုချင်တယ်။ အခုအချိန်မှာ အဖေက လုံကျိုးနဲ့ မယှဉ်နိုင်တော့ဘူး။ သူသာ စင်ပေါ် တက်ခဲ့ရင်၊ ေသချာပေါက် ရှုံးနိမ့်မှုနဲ့ဘဲ အဆုံးသတ်သွားမှာ”
“ယွဲ့မှာ သခင်လေးကို တစ်ခြား ပေးစရာလည်း မရှိဘူး။ ကျွန်မအတွက် ဂုဏ်ယူစရာကောင်းတဲ့ တစ်ခုတည်းသောအရာက ဒီစင်ကြယ်တဲ့ ခန္ဓာကိုယ်ပဲ။ ဒါကသိမ်းငှက်သိုင်းခန်းမ မပြိုကွဲအောင် တားဆီးနိုင်မယ်ဆိုရင်၊ ယွဲ့က ယွမ်သခင်လေးရဲ့... ”
ဝူယွမ်က ချက်ချင်း သူ၏လက်ကို ကျန်းယွဲ့၏ နှုတ်ခမ်းများပေါ်သို့ ဖိကပ်ကာ၊ သူမအား ဆက်လက်ပြောဆိုခွင့် မပြုခဲ့ပေ။
အခုအခြေအနေက၊ သူမျှော်လင့်ထားသည်ထက် ပိုစောနေခဲ့သည်။
ကျန်းယွဲ့ရဲ့ ‘ကိုယ်ကိုယ်ကိုယ် ပေးအပ်ခြင်း’ က ရောက်ရှိလာလေပြီ။
“မင်းကိုယ်မင်း နှိမ့်ချတဲ့ စကားတွေ မပြောပါနဲ့၊ ယွဲ့... မင်းသိလား၊ မင်းနဲ့ ကောင်းကင်ကကြယ်တွေရဲ့ ကွာခြားချက်က ဘာလဲဆိုတာ”
“ဘယ်လိုကွာခြားတာလဲ” ကျန်းယွဲ့က ဝူယွမ်ရုတ်တရက် မေးလိုက်သော မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။
“ကြယ်တွေက ကောင်းကင်မှာ၊ မင်းလေးက ကျွန်တော့်နှလုံးသားထဲမှာ”
ဝူယွမ်က ပြောပြီးသည်နှင့်၊ ကျန်းယွဲ့၏ သွယ်လျဖြူဖွေးသော လက်လေးကို ဆူယူကာ၊ သူ၏ ညာဘက် ရင်ဘက်ပေါ်တွင် တင်ထားလိုက်သည်။
ချင်းတန်နှင့် လင်းချင်းကျူတို့က သူ၏ ဘယ်ဘက်နှလုံးသားထဲမှာ နေရာယူထားပြီးသား ကျန်းယွဲ့က အလိုလို ညာဘက်ရောက်သွားခြင်းဖြစ်သည်။
“သခင်လေးယွမ် ...”
ဝူယွမ်က သူမ၏နှုတ်ခမ်းများကို ဆက်လက်ပိတ်ပင်ထားပြီး၊ ဖြည်းဖြည်းချင်း ပြောခဲ့သည်၊ “ဒီလိုသေးငယ်တဲ့ အကူအညီအတွက်ဆိုရင်၊ မင်းတောင်းဆိုရုံနဲ့၊ ယင်ယင်နဲ့ ဆရာနဲ့တပည့် ဆက်ဆံရေးကြောင့်၊ ကျွန်တော် ကူညီမှာသေချာတယ်။ ဒါ့အပြင်၊ ဒီနေ့ ကျွန်တော် လုံရှန်းကို ဒဏ်ရာရစေပြီးသားဘဲ။ သူတို့သာ နည်းနည်းလောက် ထပ်လှုပ်ရှားလာမယ်ဆို ကျွန်တော် သွေးလင်းတသိုင်းခန်းမနဲ့ ထိတ်တိုက်တွေ့မှာဘဲ၊ မင်းဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး”
“ဒါပေမယ့် မင်းက ဒီလမ်းကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းက၊ ဒါဆိုရင် မင်းစိတ်ထဲမှာကိုက ဒါကို လုပ်ချင်နေတာလား”
“ယွဲ့... မင်းက တောင်းဆိုမှုတစ်ခုအတွက် ဒီမှာရောက်နေတာဆိုရင်၊ မင်းရဲ့ အစ်ကိုကြီးယွမ်ကို သိပ်အထင်သေးလွန်းသွားပီ။ ကျွန်တော်က သူတော်ကောင်းတစ်ယောက် မဟုတ်ပေမယ့်၊ အခြားသူတွေကို အမြတ်ယူရတဲ့ အရာမျိုးကို လုပ်ကိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ စိတ်နှလုံးက ကျွန်တော့်ဆီမှာ မရှိရင်၊ မင်းရဲ့ခန္ဓာကိုယ်ကို ရတာက ဘာအဓိပ္ပာယ်ရှိမှာလဲ”
ဝူယွမ်က မျက်နှာပြင်ပေါ်တွင် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြောဆိုနေသော်လည်း၊ စိတ်ထဲမှာတော့ လင်းချင်းကျူနှင့် ဖြစ်ရပ်ကို တွေးနေခဲ့သည်။ ညစ်ပတ်တဲ့ အရာအတော်များများကို လုပ်ခဲ့ပြီးနောက်၊ သူက ယခုအခါ မျက်နာမနီ နှလုံးမခုန်ဘဲ ချိုမြိန်သော စကားများကို ပြောဆိုနိုင်ပီဖြစ်သည်။
ပျော်ဖွယ် ဆရာကြီး၏ မှတ်ဉာဏ် လွှမ်းမိုးမှုကြောင့်လားတော့မသိ၊ ဝူယွမ်သည်လည်း ဆရာတော်၏ အကျင့်တစ်ချို့ ရှိလာခဲ့သည်။
တစ်သက်တာလုံးတွင်၊ ဆရာကြီးမှာ မရေမတွက်နိုင်သော အမျိုးသမီးများ ရှိခဲ့သော်လည်း၊ မည်သူ့ကိုမျှ မတွန်းအားပေးခဲ့ပေ။
ဆရာတော်နှင့် အပြန်အလှန်ဆက်ဆံခဲ့ဖူးသော အမျိုးသမီးအားလုံးသည်၊ ယာယီချစ်ရေးချစ်ရာပင် ဖြစ်စေကာမူ၊ ဆရာတော်ကို နက်ရှိုင်းစွာ ချစ်မြတ်နိုးကြသည်။
သူက ‘အချစ်ဆရာတော်’ ဟူသော ဘွဲ့နှင့် အမှန်တကယ် ထိုက်တန်ခဲ့သည်။
ဝူယွမ်သည်လည်း အတိုင်းအတာတစ်ခုအထိ မှတ်ညာဏ် လွှမ်းမိုးခံခဲ့ရသဖြင့်၊ သူက အမျိုးသမီးတစ်ဦးကို အမှန်တကယ်နှစ်သက်သည့်တိုင်၊ သူမကို ရယူရန် မဖြောင့်မတ်သောနည်းလမ်းများကို အသုံးပြုမည် မဟုတ်ပေ။
ပထမဦးဆုံး သူမ၏စိတ်ကို ချစ်ခြင်းမေတ္တာဖြင့် လှုပ်ရှားစေမည်။ ထို့နောက် သူ၏လုပ်ရပ်ဖြင့် လှုပ်ရှားစေမည်ဖြစ်သည်။
လိင်ပိုင်းဆိုင်ရာ စွဲလန်းသူတစ်ဦးက ဘယ်တော့မှ နောက်ပြန်မလှည့်နိုင်တော့သကဲ့သို့၊
ချစ်ရေးချစ်ရာ လမ်းကြောင်းပေါ်သို့ ရောက်သွားပါက၊ နောက်ပြန်မလှည့်နိုင်တော့ဘဲ၊ တစ်သက်လုံး လျှောက်လှမ်းရမည်ဖြစ်သည်။
ဝူယွမ်က အစကတည်းက ကျန်းယွဲ့ကို တပ်မက်ခဲ့ကြောင်း သူကိုယ်သူ ဝန်ခံခဲ့သည်၊ သို့သော် သူက ထိုအရာကို သူမ မမြင်အောင် ဖုံးကွယ်ခဲ့သည်။
“ဒါကြောင့်... ယွဲ့... မင်းမှာ ကျွန်တော့်အတွက် ခံစားချက်မရှိဘူးဆိုရင်၊ အခုထွက်သွားပါ။ မင်းဒီကို မရောက်ဖူးသလို ဟန်ဆောင်ပေးမယ်၊ သိန်းငှက်သိုင်းခန်းက ဒုက္ခရောက်တဲ့အခါ ကျွန်တော် ဆက်ပြီးကူညီပေးမယ်”
ထိုစကား ပြောသည့်လိုက်အချိန်တွင် ဝူယွမ်၏ အသံက အတိုင်းအတာတစ်ခုအထိ အေးစက်သွားခဲ့သည်။
“အကယ်၍ ကျွန်မမှာ ရှိခဲ့ရင်ကော” စကားပြောနေစဉ် ကျန်းယွမ်း၏ အသံက လုံးဝမကြားရလောက်အောင် တိုးသွားခဲ့သည်။
“အိုး... မင်းမှာရှိရင်၊ အဲ့အတိုင်းလေး ဆက်နေတာ ပိုကောင်းတယ်” ဝူယွမ်က မသက်မသာဖြစ်ကာ ပြောလိုက်သည်။
“သခင်လေးယွမ်... တကယ်တော့၊ ယွဲ့က ရှင့်ရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေအတွက် စိတ်လှုပ်ရှားသွားခဲ့တယ်။ ဒီလိုမှမဟုတ်ရင်၊ ရှင့်ကို အကူအညီတောင်းဖို့ရာ အခန်းထဲကို ဝင်ရောက်ရဲခဲ့မှာမဟုတ်ဘူး အကူအညီတောင်းတာက ကျွန်မရဲ့ ဆင်ခြေသက်သက်ဘဲ။ ရှင်က ကျွန်မကို ဘာလို့ ဖော်ထုတ်လိုက်ရတာလဲ”
ကျန်းယွဲ့က ဝူယွမ်ကို စိတ်၀င်စားကြောင်း ၀န်ခံလိုက်ပြီး၊ ဝူယွမ့် ရင်ဘတ်ကို သူမ၏ လက်သီးကလေးများဖြင့် ပုတ်ခတ်လိုက်သည်။
သူမက ညည်းညူနေဟန်ရှိသော်လည်း၊ စိတ်ထဲကတော့ ကြိတ်ပျော်နေလေသည်။
“,သခင်လေးယွမ်က သူများဒုက္ခကို အမြတ်ထုတ်တတ်တဲ့ သူမျိုးမဟုတ်ဘဲ၊ အရသာရှိပြီး စားလို့ကောင်းမဲ့ ယောက်ျားကောင်း တစ်ယောက်ဘဲ”
ကျန်းယွဲ့က သူမ ရွေးချယ်မှု မမှားယွင်းခဲ့ကြောင်း ခံစားနေရသည်။
“,မင်း ရှက်တာကို ငါနားလည်တယ်၊ ဒါပေမယ့် ဒီစာကြောင်းနှစ်ကြောင်းကို မပြောခဲ့ရင်၊ မင်းရဲ့ နှလုံးသားထဲက ခံစားချက်ကို ဘယ်လိုသိရမှာလဲ...” ဝူယွမ်က စိတ်ထဲမှ တိတ်တဆိတ် စဉ်းစားနေခဲ့သည်။
ကျန်းယွဲ့က လက်သီးကလေးများ ပုတ်ခတ်နေရင်း၊ ၀ူယွမ်က ဆွဲခေါ်လိုက်ကာ နှစ်ဦးစလုံးက အိပ်ရာအစွန်းပေါ်တွင် ထိုင်မိလျှက်သားဖြစ်သွားသည်။
လုပ်ငန်းမစခင် ဝူယွမ်က အရာရာကို ရှင်းရှင်းလင်းလင်း လုပ်လိုသေးသည်။ သူက ရွှေသိမ်းငှက်မြို့တွင် ခရီးသည်မျှသာဖြစ်ပြီး တစ်နေ့ကြ အဝေးကို ထွက်သွားရမည်ဖြစ်သည်။
“ယွဲါ... ကျွန်တော် အရင်ဆုံး တစ်ခုပြောပြရမယ်၊ ကျွန်တော့်မှာ အရေးကြီးတဲ့ အရာတွေ ရှိနေသေးတယ်၊ ရွှေသိမ်းငှက်မြို့မှာ တစ်သက်လုံးနေလို့မရဘူး၊ ကျွန်တော်...”
ဒီတစ်ကြိမ်တွင်၊ ကျန်းယွဲ့က ဝူယွမ်၏ နှုတ်ခမ်းများကို ပိတ်ရန် အလှည့်ရောက်လာသည်။ ဉာဏ်ရည်ထက်မြက်သော ကျန်းယွဲ့က ဤအရာများကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ဝူယွမ်က ပင်လယ်ထဲက နဂါးတစ်ကောင်ဖြစ်ပြီး သေးငယ်သော ရွှေသိမ်းငှက်မြို့လေးက သူ့ကို တားဆီးထားနိုင်မည်မဟုတ်ပေ။ ကျန်းယွဲ့က သူကို ဒီနေရာမှာ ဆွဲထားမည်မဟုတ်သလို၊ အခြားမိန်းမများ ထက်ရလျှင်လည်း မနာလို၀န်တို ဖြစ်မည်မဟုတ်ပေ။
သူက ပိုမိုကျယ်ပြန့်သော ကမ္ဘာတစ်ခုနှင့်သာ သက်ဆိုင်သည်။
ဤနေရာတွင်၊ သူနှင့် လှပသော တွေ့ဆုံမှုတစ်ခု ရှိခဲ့လျှင်ကို သူမအတွက် လုံလောက်ပေသည်။
ကျန်းယွဲ့က အခန်းမီးကို ယွမ်စွမ်းဖြင့် ငြိမ်းလိုက်ပြီး အခန်းတစ်ခုလုံး အမှောင်ထုဖြင့် ဖုံးလွှမ်းကာ တိတ်ဆိတ်သွားခဲ့သည်။
နှစ်ဦးစလုံးက တစ်ဦးနှင့်တစ်ဦး အသက်ရှုသံများကို ကြားနိုင်ပြီး၊ သူတို့၏ နှလုံးခုန်သံများက မြန်ဆန်စွာဖြင့် တဒိန်းဒိန်းခုန်နေခဲ့သည်။
ဝူယွမ်က အထူးရနံ့တစ်မျိုး သူ့နှာခေါင်းအတွင်း ၀င်ရောက်နေသလိာ ခံစားရပြီး၊ အနည်းငယ် ရှုပ်ထွေးနေသလို ခံစားရသည်။
အခုအချိန်တွင် သူပင်လျှင် အနည်းငယ် စိုးရိမ်နေခဲ့သည်။
ကျန်းယွဲ့၏လက်က ဝူယွမ့် နှုတ်ခမ်းများပေါ်တွင် ရှိနေဆဲဖြစ်ပြီး၊ သူ့ကို တိတ်တိတ်နေစေရန် အမိန့်ပေးသည့် အမူအရာကို ထိန်းသိမ်းထားသော်လည်း၊ သူမ၏လက်က အတော်လေး နွေးလာခဲ့ပြီး အနည်းငယ် တုန်ယင်နေခဲ့သည်။
ရုတ်တရက်၊ ဝူယွမ်က ပစ္စည်းများ ကြမ်းပြင်နှင့် ထိမိသည့် အသံကို ကြားခဲ့ရသည် - အပေါ်၀တ်များကျွတ်ကြသွားသည်။
အတွင်းခံများကျွတ်ကြသွားသည်။
ကျန်းယွမ်း၏ လက် နောက်ဆုံးတွင် ရွေ့လျားသွားခဲ့ပြီး၊ သူမ၏ သံလိုက်ကဲ့သို့ ဆွဲအားကောင်းသော အသံက ဝူယွမ်၏ နားထဲသို့ ရောက်ရှိလာခဲ့ပြီး ဝူယွမ်တစ်ဦးတည်းသာ ကြားနိုင်သည်။
“သခင်လေးယွမ်... ကျွန်မတို့ နှလုံးသားချင်း ဖွင့်ဟပြီးသွားပြီ၊ ဒါကြောင့် ဝမ်းနည်းစရာစကားတွေ မပြောကြရအောင်။ ဒီညမှာ၊ ယွဲ့က ရှင့်ရဲ့ …….. ဖြစ်လိမ့်မယ်”