← Chapters

နယ်ပယ်တူတွင်ပြိုင်ဘက်ကင်း

Vol. 11 Ch. 102

နယ်ပယ်တူတွင်ပြိုင်ဘက်ကင်း

Vol. 11 Ch. 102

“ငဲ...ဟင့်ဟင့်...” မိုးလင်းသန်းခေါင်အချိန်၊ မုန်တိုင်းကျပြီးနောက် ကျန်းယွဲ့သည် အခန်းထဲတွင် ညည်းတွားငိုကြွေးနေလေသည်။

သူမက အလွန်အမင်း စိတ်ပျက်အားငယ်နေရပြီး မတရားသလိုခံစားနေရသည်။

အကြောင်းမှာ အစ်ကိုကြီးဝူယွမ်ရဲ့ စွမ်းရည်က အလွန်ထူးချွန်လွန်းသောကြောင့်ဘဲဖြစ်သည်။

ဤအချက်ကြောင့် ကျန်းယွဲ့က လှည့်စားခံလိုက်ရသလို ခံစားရစေသည်။

စဉ်းစားကြည့်ပါ၊ အရင်က အလွန်ရိုးသားဟန်ရှိပြီး စကားတစ်ခွန်းချင်းစီတိုင်းက သူမ၏နှလုံးသားကို ထိပ်ကနဲထိမိသွားစေကာ၊ သူမတစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးဟန်ရှိခဲ့သူက...

ခဏအတွင်းမှာပင် ကျွမ်းကျင်လှသော နည်းဗျူဟာ တစ်ရာရှစ်မျိုးက ကျန်းယွဲ့၏ အိပ်မက်ကို ချေမှုန်းလိုက်သည်။

ယခင်က ဘာမှမသိခဲ့သော သူမပင်လျှင် ဝူယွမ်က ဤအတတ်ပညာတွင် ကျွမ်းကျင်ကြောင်း သိမြင်နိုင်သည်။

သူမသည် ညီအစ်ကိုဝူယွမ်၏ ပထမဆုံးသော မိန်းမတစ်ယောက် မဟုတ်ခဲ့ပေ။

သူမမတိုင်မီ တစ်ယောက်မကရှိခဲ့ပြီးသားဖြစ်နိုင်သည်။

ဟန်ဆောင်မှုလှပသော်လည်း အမှန်တွင် ရိုင်းပြလွန်းသည်။

လူကိုလှည့်စားရုံသာမက ချစ်ရေးချစ်ရာကိုပါ လှည့်စားသွားသည်။

အကယ်၍ အခုတိုင်းဆိုလျှင် ကျန်းယွဲ့အနေဖြင့် လက်ဝယ်ပစ္စည်း ဖလှယ်ရုံမျှက ပို၍လက်ခံနိုင်မည်ဟု ခံစားရသည်။

“ယွဲ့... ခဏတိတ်ပါဦး၊ ငါဘာမှားသွားတာလဲ။”

ဝူယွမ်က နှစ်သိမ့်ရင်းမေးမြန်းသည်။

လင်းချင်းကျူနှင့် နှိုင်းယှဉ်လျှင် ကျန်းယွဲ့က အနည်းငယ်ပို နူးညံ့သိမ်မွေ့သော်လည်း ငိုကြွေးနေစရာမလိုပေ။

သူမသည် နောက်ဆုံးတွင် ယွမ်ဒန် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

“ရှင့်လိုလိင်စိတ်ပြင်းတဲ့ပြသူက ကျွန်မကိုချစ်တယ်ဆိုပြီး ပျားရည်ခလုတ်တွေနဲ့ ဘာလို့လှည့်စားရတာလဲ။”

ကျန်းယွဲ့က ချက်ချင်းပင် သူမ၏နှလုံးထဲက မကျေမနပ်ဖြစ်နေသည့်အချက်ကို ဖွင့်ဟလိုက်သည်။

“အို... ယွဲ့... မင်းငါ့ကိုမတရားစွပ်စွဲနေတာဘဲ။”

ဝူယွမ်က မတရားစွပ်စွဲခံရသလို ခံစားနေရသည်။ သူင အလွန်ကျွမ်းကျင်သောကြောင့် အကျင့်ပျက်သူဟု တံဆိပ်ကပ်ခံခဲ့ရသည်။

သို့သော် ဤကဲ့သို့အရာမျိုးသက တကယ်တော့ နားလည်မှုမှားယွင်းနေခြင်းသာ။

“အခု... ငါရှင်းပြဖို့လိုအပ်နေပြီ၊ ယွဲ့... အရင်ဆုံး မင်း၏ယွမ်စွမ်းအင်က သိသိသာသာတိုးတက်လာတာကို ခံစားကြည့်ပါ။”

ဝူယွမ်၏ ညီးညူဟန်ကိုမြင်ပြီးနောက် ကျန်းယွဲ့က နောက်ဆုံးတွင် ဝမ်းနည်းခြင်းမှ ပြန်လည်ရုန်းထွက်လာကာ သူမ၏ကိုယ်ပိုင်ယွမ်စွမ်းအင်ကို စမ်းသပ်ကြည့်သည်။ သူမ၏ကျင့်စဥ်ကို လှည့်ပတ်လိုက်သည်နှင့် သူမ၏ယွမ်စွမ်းအင်သည် အမှန်တကယ် သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိရသည်။

ဤမိနစ်ပိုင်းအတွင်း ရရှိလိုက်သော ယွမ်စွမ်းအင် သူမ ကျင့်ကြံခဲ့သည့် လပေါင်းများစွာနှင့် ညီမျှသည်။

“ဘာဖြစ်သွားတာလဲ။”

ဝူယွမ်သည် ရှင်းပြရန် စတင်သည်- “အရာအားလုံးကို ကျင့်ကြံခြင်းနဲ့ဘဲ စုစည်းရတာမဟုတ်ဘူး။ ပညာရပ်တွေထဲမှာများတွင် အမွေဆက်ခံမှုလို့ခေါ်တဲ့ နည်းလမ်းတစ်ခုရှိတယ်။ အရင်က... နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ရှေးဟောင်းဂူသင်္ချိုင်းမှာ သူ့မှတ်ဉာဏ်အမွေဆက်ခံမှု တစိတ်တပိုင်းကို ငါ မတော်တဆရရှိခဲ့တယ်။ သူက ရှေးခေတ်က ပျော်ဖွယ်မဟာကျောင်းတော်ရဲ့ တပည့်တစ်ဦးမလို့... ခုနကဖြစ်ခဲ့တာက သူ့ဆီကရတဲ့ ယင်ယန် နဏ်မြွှာကျင့်ကြံခြင်း ပညာရပ်ဘံ... နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးကျေးဇူးအလွန်များတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုဘဲ။”

ဝူယွမ် ခက်ခက်ခဲခဲရှင်းပြပြီးနောက် ကျန်းယွဲ့အား ယုံကြည်စေရန် သူက ထပ်မံသရုပ်ပြခဲ့သည်။

သူတို့က တစ်ညလုံး အလုပ်များနေခဲ့ကြသည်။

ကြက်ဖတွန်သည်အထိ။

ထိုအချိန်မှသာ ဝူယွမ်တို့က လျှို့ဝှက်ပညာရပ်ကို လေ့လာမှုအဆုံးသတ်ခဲ့သည်။

ဝူယွမ်၏ ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်မှုကြောင့် ကျန်းယွဲ့၏ စွမ်းအားက သိသိသာသာတိုးတက်လာပြီး သဏ္ဍာန်ပြောင်းအဆင့်သို့ ကျော်ဖြတ်ရန် မဝေးတော့ပေ။

ဤတွေ့ဆုံမှုက သူမအတွက် အကျိုးကျေးဇူးများစွာ ယူဆောင်လာပေးခဲ့သည်ဟု ဆိုနိုင်သည်။

နားလည်မှုမှားတာကိုရှင်းလင်းသွားပြီးနောက် ကျန်းယွဲ့က ဝူယွမ်အတွက် စိတ်မကောင်းဖြစ်ပြီး ပို၍နာခံလာသည်။

ဘယ်သူမှမသိအောင် သူမက ဝူယွမ်၏အခန်းထဲမှ စောစောထွက်ခွာသွားသည်။

တစ်နာရီအကြာတွင် လူအားလုံး တစ်ယောက်ပြီးတစ်ယောက် နိုးထလာခဲ့ကြသည်။

အဝတ်အစားအသစ်များဝတ်ဆင်ပြီး၊ အလှဆင်ပြီးနောက် ကျန်းယွဲ့ ပို၍ဆွဲဆောင်မှုရှိလာပြီး စွဲမက်ဖွယ်ကောင်းလာသည်။ ယခင်က ရှက်ရွံ့ဟန်နှင့်နှိုင်းယှဉ်ပါက ယခုအခါ ဆွဲမက်ချင်စရာ ဆွဲဆောင်မှုအနည်းငယ်ရှိလာသည်။

သူမက ရေဇလုံတစ်လုံးကိုယူဆောင်ကာ ဝူယွမ်၏တံခါးကို ခေါက်လိုက်သည်။

ထိုအချိန်တွင် ဝူယွမ်သည်လည်း အဝတ်အစားများလဲလှယ်ပြီး ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။

“ထပီလား”

ကျန်းယွဲ့၏အသံက နူးညံ့လွန်းလှပြီး။ သူမက ဇလုံးကို စားပွဲပေါ်တွင်ထားကာ လက်ကိုင်ပဝါတစ်ထည်ကို ‌ေရစိုစေပြီး ကျောက်စိမ်းကဲ့သို့သော လက်များဖြင့် ညင်သာစွာ ညှစ်လိုက်ကာ ဝူယွမ်ထံ ပေးလိုက်သည်။ သူမ၏အပြုအမူက အလွန်နာခံသော အမျိုးသမီးငယ်တစ်ဦး ပုံစံဖြစ်နေခဲ့ပြီး၊ ထိုအရာက ဝူယွမ်ကို အံ့အားသင့်သွားစေသည်။ သူသည် တစ်သက်လုံးတွင် ထိုမျှလှပသော အမျိုးသမီးတစ်ဦး၏ ဤမျှနီးကပ်စွာ ပြုစုစောင့်ရှောက်ခြင်းကို မခံစားဖူးပေ။

ကြမ်းတမ်းသော လင်းချင်းကျူနှင့် နှိုင်းယှဉ်ပါက ကျန်းယွဲ့က အလွန်စဉ်းစားဉာဏ်ရှိသည်။

ကျန်းယွဲ့ကို စူးစူးရှရှကြည့်နေသော ဝူယွမ်ကြောင့် ကျန်းယွဲ့၏ လှပသောမျက်နှာပေါ်တွင် နီရဲမှုများ ပိုမိုနက်ရှိုင်းလာသည်။ သူမက ခေါင်းအနည်းငယ်ငုံ့ကာ “မျက်နှာသစ်လိုက်ပါ၊ ကျွန်မကိုဘာလို့ကြည့်နေတာလဲ”

“မင်းဒီလိုလုပ်နေမယ်ဆိုရင်... ငါရွှေသိန်းငှက်မြို့ကနေ ထွက်ခွာဖို့ စိတ်မပါတော့ဘူး။”

ဝူယွမ်က ပြုံးရင်းပြောလိုက်သည်။ သူက လက်ဆန့်ကာ ပူနွေးသော လက်ကိုင်ပဝါကို ယူလိုက်ပြီး ပဝါပေါ်တွင် သူမ၏ကိုယ်သင်းရနံ့ အနည်းငယ်ရှိနေသေးသည်။ သူက သူ၏မျက်နှာပေါ်ရှိ အညစ်အကျေးနှင်ါ ချွေးစက်အားလုံးကို ပြောင်စေရန် ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်သည်။ နောက်ဆုံးတွင် အနည်းငယ်ရှက်သွားပြီး ညစ်ပတ်နေသော အဖြူရောင်လက်ကိုင်ပဝါကို ကျန်းယွဲ့ထံ ပြန်ပေးလိုက်သည်။

“ရှင်သွားပါ၊ ရှင်မရှိဘဲနဲ့ ကျွန်မနေနိုင်ဘူးလို့ မထင်နဲ့။”

ကျန်းယွဲ့က လက်ကိုင်ပဝါကို ဆွဲယူရင်း ခေါင်းမာမာနှင့်ပြောသည်။

“ငါ့ခန္ဓာကိုယ်က ထွက်ခွာသွားရင်တောင် ငါ့နှလုံးသားက မင်းအတွက် အမြဲတမ်းရှိနေမှာပါ စွန်ကြိုးတစ်ချောင်းလိုပေါ့။ အ‌မြင့်ကြီးကို ပျံသန်းသွားပေမဲ့ ကြိုးရဲ့တစ်ဖက်စွန်းက အမြဲတမ်း မင်းရဲ့လက်ထဲမှာ တင်းတင်းကျပ်ကျပ်ရှိနေမှာပါ။ မင်းသာ လမက်လျှော့သရွေ့ ငါက အမြဲတမ်း မင်းရဲ့လက်ထဲရှိနေမှာပါ။ မင်း ငါ့ကိုလွမ်းတဲ့အခါတိုင်း ကြိုးကိုသာဆွဲလိုက်ပါ၊ ငါက မင်းရဲ့ဘေးကို ပျံသန်းလာခဲ့မယ်။”

ဝူယွမ်သည် သူမ၏လက်ကိုကိုင်ပြီး နက်ရှိုင်းသောချစ်ခြင်းမေတ္တာဖြင့် ပြောဆိုလိုက်သည်။

ကျန်းယွဲ့က ခဏတောင့်တင်စနေပြီး သူမ၏လှပသောမျက်နှာလေးကို မော့ကာ ဝူယွမ်၏မျက်လုံးထဲသို့ လှပသောမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် ဆွဲဆောင်မှုရှိသော ပြုံးရိပ်တစ်ခုက သူမ၏ သန့်ရှင်းလှပသော လှပသည့်မျက်နှာပေါ်တွင် ပြန့်နှံ့သွားသည်။

“အစ်မကြီး။”

အခန်းထဲ တိတ်ဆိတ်မှုကျရောက်နေစဉ် ရုတ်တရက် အရေးပေါ်အော်ဟစ်သံတစ်ခု အပြင်မှလာသည်။ ကျန်းယွဲ့က မြန်မြန်လှည့်ပြီး အခန်းမှထွက်သွားကာ ဝူယွမ်လည်း သူမနောက်ကိုလိုက်သွားသည်။

“အစ်မကြီး၊ အရမ်းဆိုးနေပြီ။ သွေးလင်းတသိုင်းခန်းမ က ရုတ်တရက် လူတွေခေါ်ပြီး ကျွန်တော်တို့သိုင်းခန်းမကို ဝိုင်းထားကြတယ်။”

“မပူပါနဲ့၊ အရင် ထွက်ပြီးကြည့်ရအောင်။”

ဝူယွမ်က ကျန်းယွဲ့ရဲ့ဘေးကို လမ်းလျှောက်လာပြီး အေးဆေးတည်ငြိမ်စွာပြောကာ သိုင်းခန်းမ၏အပြင်ဘက်ထိ တိုက်ရိုက်လမ်းလျှောက်သွားသည်။

“အစ်ကိုကြီး၊ သိမ်းငှက်သိုင်းခန်းမက ဒုက္ခရောက်နေပုံရတယ်။ ကျွန်တော်တို့ ကြားဝင်သင့်လား။”

လင်းတုန်လည်း သူ့အခန်းထဲကထွက်လာပြီး စကားပြောလိုက်သည်။

ဝူယွမ်က နှုတ်ခမ်းသပ်ကာ “ဒီမှာ ညနှစ်ညအိပ်ခဲ့တယ်၊ ဒါဆိုဘယ်လိုလုပ်သင့်မယ်ထင်လဲ”

“ဟီး... တိုက်ပွဲဆိုတာ ဒါပဲ၊ အစ်ကိုကြီး။ ကျွန်တော့်ကိုသာပြောလိုက်ပါ၊ ကျွန်တော်သွားမယ်။” လင်းတုန်က စိတ်အားထက်သန်စွာ စေတနာ့ဝန်ထမ်းလုပ်လိုက်သည်။

မဟာနေ မိုးကြိုးကိုယ်ခန္ဓာ နှင့် ခိုင်မာ စာလုံးကို လေ့ကျင့်ပြီးကတည်းက သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားက ပိုမိုကြီးမားလာသည်။ ယခုအခါ သူ မပျက်စီးနိုင်သော ကင်းကောင် ကိုယ်ခန္ဓာ ၏ မွေးရာပါအဆင့်၊ ရွှေရောင်ခန္ဓ သို့ရောက်နေရှိပြီဖြစ်သည်။

‌ေရွှရောင်ခန္ဓာ တစ်ချိန်က အကောင်းဆုံးကာကွယ်မှုဟုနာမည်တွင်ခဲ့သည်။

လင်းတုန် အခုအောင်မြင်ပြီးသော ရွှေရောင်ခန္ဓာအဆင့်က အဆင့်တူအတွင်း ပြိုင်ဘက်ကင်း ကာကွယ်မှုကို လုပ်ဆောင်နိုင်သည်။ သဏ္ဍာန်ပြောင်းအဆင့် တွင် သူ၏အစ်ကိုကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်တစ်ဦးနှင့် မတွေ့သရွေ့ မည်သူမျှ သူ၏ရွှေရောင်ကာကွယ်မှုကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် မဟာနေ မိုးကြိုးခန္ဓာ ၏အကျိုးသက်ရောက်မှုကြောင့် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးနှစ်ခုလုံးရှိပြီး သူ၏စွမ်းအားက သဏ္ဍာန်ပြောင်းအဆင့် တစ်ခုလုံးကို ရှင်းလင်းရန်လုံလောက်သည်။

သိမ်းငှက်သိုင်းခန်းမ၏ အပြင်ဘက်တွင် အခုအခါ လူများပိတ်ဆို့ခံထားရသည်။ လူအများစု၏ ရင်ဘတ်ပေါ်တွင် သွေးလင်းတသိုင်းခန်းမ၏ တံဆိပ်များရှိကြပြီး သွေးလင်းတသိုင်းခန်းမမှဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်သည်။

သွေးလင်းတသိုင်းခန်းမ နှင့် သိမ်းငှက်သိုင်းခန်းမက ရန်သူဟောင်းများဖြစ်ပြီး တစ်ဦးကိုတစ်ဦး မနှစ်သက်ကြပေ။ ယခုအခါ သူတို့က တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြပြီး ဓားများဆွဲထုတ်၊ လေးများတင်းထားကာ လေထုကတင်းမာနေပြီး ပေါက်ကွဲထွက်တော့မည့် ဟန်ဖြစ်နေသည်။

သိုင်းခန်းမ၏ အဓိကတံခါးဝတွင် ကျန်းလဲ့မျက်နှာက အနည်းငယ် ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ သူက သွေးလင်းတသိုင်းခန်းမ၏ ထူထပ်သောလူအုပ်ကို ကြည့်ရင်းပြောသည်။

“ခေါင်းဆောင် လုံကျိုး၊ ကျွန်တော့်သိမ်းငှက်သိုင်းခန်းမ ကို ရွှေသိန်းငှက်မြို့ ကနေ မောင်းထုတ်ဖို့ ဒီလောက်အလျှင်လို နေပီလား”

“ ကျန်းလဲ့၊ ငါ့ သွေးလင်းတသိုင်းခန်းမနဲ့ မင်းရဲ့သိမ်းငှက်သိုင်းခန်းမ ကြားက ကိစ္စကို မနက်ဖြန်သိုင်းပြိုင်ကွင်းမှာ ဆုံးဖြတ်မယ်။ ဒီနေ့က ငါ့သားကိုထိခိုက်စေတဲ့ လူငယ်လေးနဲ့ နတ်ဆိုးတိရစ္ဆာန်လေးကို ထုတ် ပေဖို့ရာ တောင်းဆိုဖို့ဒီမှာရောက်နေတာ။”

သွေးလင်းတသိုင်းခန်းမ လူအုပ်ထဲတွင် ပိန်လှီသော သက်လက်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က မြင်းပေါ်တွင်ထိုင်နေသည်။ သူက ပါးလွှာသောအဝတ်အစားများကိုဝတ်ဆင်ထားပြီး မျက်လုံးများက နက်ရှိုင်းကာ သူ၏မျက်နှာသည် အလွန်မှောင်မိုက်နေပြီး မျက်လုံးများတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များရှိနေသည်။ သူအလွန်ဒေါသထွက်နေမှန်း ရှင်းနေသည်။

သူ၏ဘေးတွင် လုံရှန်းက ခုံတန်းလျားပေါ်တွင် လဲလျောင်းနေရသည်။ သူ့ပါးစပ်က ယခုချိန်တွင် ပုံပျက်နေပြီး ခရမ်းရောင်သန်းနေသည်။

နဂါးချည်မျှင်သလင်းက လုံရှန်၏ပါးစပ်ထဲတွင် ရစ်ပတ်နေဆဲဖြစ်ပြီး မဖယ်ရှားရသေးပေ။

မနေ့က လုံရှန်း ပြန်ရောက်သည့်အခါ လုံကျိုးက မြို့တစ်မြို့လုံးရှိ သမားတော်များကို ရှာဖွေခဲ့သော်လည်း မည်သူမျှ လုံရှန်း အတွက် ချွန်ထက်သောအရာကို ဖယ်ရှားနိုင်ခြင်းမရှိပေ။ သူတို့အားလုံးက မျက်လုံးပြူးနေကြပြီး အချို့ကမူ ချွန်ထက်သောအရာကို ဖယ်ရှားရန် လုံရှန်း ၏နှုတ်ခမ်းနှစ်ခုကို ဖြတ်ရမည်ဟု ပြောဆိုကြသည်။

ဤအရာက လုံကျိုး ကို အလွန်ဒေါသထွက်စေခဲ့သည်။ သူ၏သား၏ပါးစပ်ကို မည်သို့ဖြတ်နိုင်မည်နည်း။

ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ယနေ့မိုးလင်းချိန်တွင် လူများခေါ်ကာ သိမ်းငှက်သိုင်းခန်းမကို ဝိုင်းပြီး ရှင်းလင်းချက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကျန်းလဲ့ နှင့် အခြားသူများက လုံရှန်းကို လိုက်ကြည့်လိုက်ကြသည်။ မကြည့်ခင်က မသိသော်လည်း ကြည့်လိုက်သည်နှင့် သူတို့အားလုံး မရယ်ဘဲ မနေနိုင်ကြပေ။ လုံရှန်း၏ ပါးစပ်က အခုအချိန်မှာ ခရမ်းရောင်ဖျော့ဖျော့ ဖြစ်နေပြီး နာကျင်မှုကြောင့် သူက အိပ်ပျော်ခြင်းမရှိသဖြင့် သူ၏မျက်လုံးများက နီမြန်းရောင်ရမ်းနေပြီး မျက်နှာတစ်ခုလုံး ပုံပျက်နေခဲ့သည်။

“ဒီမြင်ကွင်းက တကယ်စိတ်ကျေနပ်စရာပဲ။”

“ဒီအကျင့်ပျက်ကောင်ကို သတ်ပစ်လိုက်ရမှာ။”

“ညီအစ်ကိုဝူယွမ် လုပ်ခဲ့တယ်လို့ကြားတယ်။ သူအရမ်းကြမ်းတယ်၊ ငါကြိုက်တယ်။”

...သိမ်းငှက်သိုင်းခန်းမ ၏ တပည့်များက တိုးတိုးပြောဆိုနေကြသည်။ လုံရှန်း ၏ စိတ်ပျက်စရာအခြေအနေကိုမြင်ရသည့်အခါ သူတို့က စိတ်ထဲမှ ကျေနပ်ပျော်ရွှင်သွားကြသည်။

လုံရှန်းက ရွှေသိန်းငှက်မြို့ တွင် သူ၏ဩဇာအာဏာကို ကြွားဝါတတ်သူဖြစ်ပြီး သူတို့၏အစ်မကြီးကို မကြာခဏလိုချင်သေးသည်။ သူက မည်သို့ထိုက်တန်နိုင်မည်နည်း။

အခု ဝူယွမ်က သူ့ကို စိတ်ပျက်စရာအခြေအနေဖြစ်သည်အထိ ရိုက်နှက်ခဲ့သည့်အခါ တပည့်များက စိတ်ထဲမှ တစ်ကယ်ပျော်ရွှင်ကြပြီး တစ်ချိန်တည်းတွင် ဝူယွမ်အပေါ် ယခင်က မနာလိုဝန်တိုမှုများက ပြောင်းလဲသွားသည်။

သူတို့က လူံရှန်းနှင့်ယှဉ်ပါက အစ်မကြီးနှင့် ဝူယွမ်အတူရှိခြင်းကို အနည်းငယ်ပို၍လက်ခံနိုင်ကြသည်။

သိမ်းငှက်သိုင်းခန်းမ မှ လူများ၏ လှောင်ပြောင်မှုကိုမြင်ရသည့်အခါ လုံကျိုး၏ မျက်နှာအမူအရာက ပိုဆိုးရွားလာသည်။ သူ၏မှောင်မိုက်သောမျက်နှာက ချက်ချင်းပင် ကြောက်မက်ဖွယ်ဖြစ်လာကာ သူ၏မျက်လုံးများက စူးရှလာပြီး ကျန်းလဲ့ကို ကြည့်ရင်းပြောလိုက်သည်။

“တစ်ကယ်လို့မင်းသာ ဒီနေ့ အဲ့သူငယ်ကို မလွှဲပေးရင်... ငါ မင်းတို့ကိုအရှက်ကွဲတာကို အပြစ်မတင်နဲ့။”

“လုံကျိုး ၊ ငါမင်းကိုကြောက်နေတယ်လို့ ထင်တာလား။”

ကျန်းလဲ့ကလည်း အလျှော့မပေးချေ။ သူက ပြက်ရယ်ပြုကာ သူ၏လက်ကိုဆုပ်လိုက်သည်နှင့် လေးလံသောဓားတစ်ချောင်း ထွက်လာပြီး ပြင်းထန်သောစွမ်းအားတစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။

“မင်းနဲ့ငါကြားက ကွာခြားမှု၊ သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် နဲ့ အစောပိုင်း ကြားက ကွာခြားမှုကို ကြည့်ရအောင်။”

လုံကျိုး၏ မျက်လုံးများသည်လည်း ချွန်ထက်လာပြီး သူ၏လက်ကိုဆုပ်လိုက်ကာ လေးလံသော တူတစ်ချောင်းက သူ၏လက်ထဲတွင်ပေါ်လာသည်။ သူက လက်ဖဝါးဖြင့် မြင်းရဲ့ကျောကို ရိုက်လိုက်ပြီး လေထဲသို့ ခုန်တက်သွားကာ လေးလံသောတူက တရွှီရွှီမြည်ဆဲဖြစ်ပြီး လျှပ်စီးကဲ့သို့ လျှပ်တစ်ပြက်အလျင်ဖြင့် ကျန်းလဲ့ ၏ ဓားအလင်းရောင်ပေါ်သို့ ပြင်းထန်စွာရိုက်ချလိုက်သည်။

ပတ်ဝန်းကျင်ရှိ တပည့်များက လျင်မြန်စွာ နောက်ဆုပ်သွားကြကာ နှစ်ဦးတိုက်ခိုက်ရန် နေရာလွတ် ပေးကြလိုက်သည်။

လေးလံသောတူနှင့် လေးလံသောဓားတို့ ထိပ်တိုက်တွေ့ဆုံသွားပြီး

ယွမ်စွမ်းအင်လှိုင်းများ လေထဲတွင်ပေါက်ကွဲထွက်လာသည်။

ထို့နောက် ကျန်းလဲ့၏ ပုံရိပ်က တုန်ခါသွားပြီး မတ်တတ်ရပ်နေရာမှ ခြေဆယ်လှမ်းခန့်ဆုပ်ခွာလိုက်ရသည်။

တစ်ချက်တည်းနှင့် ကျန်းလဲ့က စွမ်းအားနိမ့်မှန်းသိသာနေသည်။

“ခေါင်းဆောင်”

သိမ်းငှက်သိုင်းခန်းမ၏ တပည့်မျာက စိုးရိမ်စွာအော်ဟစ်ကြလိုက်သည်။

သို့သော် လုံကျိုးက ယခုအခါ အလွန်ဒေါသထွက်နေပြီး သူ၏ဒေါသကိုသာ သတ်ဖြတ်ခြင်းဖြင့်ဖြေရှင်းလိုနေသည်။ ယွမ်စွမ်းအင်က ထပ်မံတုန်ခါသွားပြီး သူက နောက်ထပ်တူရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ရက်စက်သောအကြည့် သူ၏မျက်လုံးများထဲတွင်တောက်ပနေပြီး လင်းတတစ်ကောင်ကဲ့သို့ ထိုးဆင်းလာကာ သူ၏လက်ထဲရှိ လေးလံတူက အလွန်ပြင်းထန်သော စွမ်းအားနှင့် ယွမ်စွမ်းအင်လှိုင်းများကို သယ်ဆောင်လျက် ကျန်းလဲ့၏ ရင်ဘတ်ကို ပြင်းထန်စွာရိုက်ချလိုက်သည်။

သူက ကျန်းလျို့ကို သတ်ဖြတ်ရန် ရည်ရွယ်ထားလေသည်။

“ အဖေ ”

ထိုအချိန်တွင် ကျန်းယွဲ့ ရောက်လာပြီး ကြောက်လန့်တကြားအော်လိုက်သည်။ သူမ၏မြင်ကွင်းထဲတွင် ကြီးမားသောသံတူကြီးက သူမဖခင်၏ရင်ဘတ်ကို ထိမိရန် နီးစပ်နေပီဖြစ်သည်။

သူမစကားပြောပြီးသည်နှင့် လေလှိုင်းတစ်ခု သူမ၏နားဘေးမှ ဖြတ်သန်းသွားကာ

ရုတ်တရက်... ပုံရိပ်တစ်ခုက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ချောမောလှပသော လူငယ်တစ်ယောက် ကျန်းလဲ့ရှေ့တွင် ပေါ်လာသည်။

ဝူယွမ်က လက်သီးတစ်ချက် ထုတ်လိုက်ပြီး။ သူ၏လက်သီးအသေးလေးက ပြိုင်ဘက်၏ကြီးမားသော လေးလံသည့်တူနှင့် ထိတ်တိုက်တွေ့ဆုံသွားသည်။

“ဘန်းး”

လေးလံသောတူက တိုက်ရိုက်နောက်ကို လွင့်ထွက်သွားပြီး သူ၏လက်မှ လွတ်သွားကာ သံတူပေါ်တွင် နက်ရှိုင်းသော လက်သီးရာတစ်ခုပေါ်လာသည်။

လုံကျိုး၏လက်များသည်လန်း ထုံကျင်သွားပြီး လေးလံသောတူမှလာသော အားကြောင့် တုန်ခါသွားကာ အလွန်တုန်လှုပ်သွားသည်။

သူ၏ဆန့်ကျင်ဘက်ရှိ ဝူယွမ်ကို ကြည့်လိုက်ရာတွင်တော့ ဝူယွမ်က လုံးဝထိခိုက်ဒဏ်ရာမရခဲ့ပေ။

သူက သူ၏ကိုယ်ခန္ဓာ၏စွမ်းအားဖြင့်သာ လေးလံသောတူကို လွင့်ထွက်စေခဲ့ခြင်းဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာခွန်အားက

ပစ္စုပ္ပန်ရှိလူအားလုံးကို အံ့အားသင့်စေသည်။

“ငါအမြင်မှားတာလား... သူကလက်သီးနဲ့တင် လုံကျိုး ရဲ့လေးလံတူကို တိုက်ရိုက်ခုခံခဲ့တာလား။”

“ဘုရားရေ... ဒါကဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့ ကိုယ်ခန္ဓာစွမ်းအားလဲ။”

“လုံကျိုး ရဲ့လေးလံတဲ့တူက ဝိညာဉ်ရတနာလက်နက်တစ်ခုဘဲ။”

“ဝိညာဉ်ရတနာလက်နက်ကိုတောင် သူချေမှုန်းနိုင်တယ်။”

...”ညီလေးဝူယွမ်၊ ကျေးဇူးတင်ပါတယ်။” ကျန်းလဲ့က တံတွေး မျိုချရင်း လက်ချင်းဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

‌ေနာက်ဆုံးတော့ ဝူယွမ်က သူတို့အား ကူညီရန် ကြား၀င်လာခဲ့ပီဖြစ်သည်။

“ကျေးဇူးတင်စရာမလိုပါ၊ အစ်ကို...” ဝူယွမ်က သူ၏လက်ကို အနည်းငယ်မြှောက်ကာ အစ်ကိုကျန်းဒီကိစ္စက ကျွန်တော့်ကိုဦးတည်နေတာ၊ အစကတည်းက ကျွန်တော့်ကိုခေါ်သင့်တယ်။”

ဝူယွမ် ကျန်းလဲ့ကို “အစ်ကို” ဟုခေါ်ဆိုသည်ကိုကြားပြီး ကျန်းယွဲ့သည် နောက်ဘက်မှလာကာ ခေါင်းကိုက်နေသည်... “ဒါကဘယ်လိုကြီးလဲ”

“အဖေ အဆင်ပြေရဲ့လား။”

သူတို့၏ဆက်ဆံရေးကို အများသိအောင်ပြောပြီးမှသာ ခေါ်ဆိုမှုကိစ္စကို ပြန်ပြင်နိုင်သည်။ ယခုအချိန်တွင် ကျန်းယွဲ့က သူမ၏ဖခင်အတွက် အဓိကစိုးရိမ်နေသည်။

“ဘာမှမဖြစ်ပါဘူး။ ဒီလူအိုကြီးမှာ လှည့်ကွက်အနည်းငယ်ရှိသည်။”

ကျန်းလဲ့က လုံကျိုးကို လှည့်ကြည့်လိုက်သည်။ လုံကျိုးက သူ၏တူလွင့်ထွက်သွားပြီးနောက် အနည်းငယ်ရှုပ်ထွေးနေဟန် ရသည်။

“ဝူ...ဝူ...”

ခုံတန်းလျားပေါ်တွင်ထိုင်နေသော လုံရှန်းက ဝူယွမ်ကိုညွှန်ပြရင်း ညည်းညူနေသည်။ ဆိုလိုသည်မှာ “အဖေ သူဘဲ၊ မြန်မြန်သတ်ပစ်လိုက်။ ငါ့အတွက်လက်စားချေပါ။”

သို့သော် သူ၏ဖခင်က လက်ရှိအချိန်တွင် ပြင်းပြင်းထန်ထန်မျက်နှာပျက်နေပြီး သူ့ကိုကြည့်ရန်ပင် အာရုံမလာပေ။

ဝူယွမ်၏ စွမ်းအားက သူ့အား ကြောက်ရွံ့စေခဲ့သည်။

“မင်းက မနေ့ကငါ့သားကိုထိခိုက်စေခဲ့တဲ့သူလား။ မင်းနဲ့ သိမ်းငှက်သိုင်းခန်းမ ကြားက ဆက်ဆံရေးကဘာလဲလို့ မေးချင်တယ်။ ဒါကငါတို့သွေးလင်းတသိုင်းခန်းမ ( နဲ့ သိန်းငှက်သိုင်းခန်းမ ကြားက ကိစ္စဘဲ မင်းလိုဂုဏ်သိက္ခာတဲ့ရှိသူက ဒီကိစ္စကိုကြားမဝင်ဖို့မျှော်လင့်တယ်။”

လုံကျိုးက ဝူယွမ်ကို ကြည့်ရင်းသတိထားပြောလိုက်သည်။ ဝူယွမ်ကိုအနိုင်ယူရန် သူ့တွင် ယုံကြည်မှုအပြည့်အဝ မရှိပေ။

“မှားယွင်းမှုတိုင်းအတွက် အရင်းအမြစ်ဆိုတာရှိတယ်၊ အကြွေးတိုင်းမှာ ကျေးဇူးရှင်ဆိုတာရှိတယ်။ မင်း သားကို ကျွန်တော်ထိခိုက်စေခဲ့တာ။ ခေါင်းဆောင်လုံက ဒီနေ့လက်စားချေချင်ရင် ကျွန်တော့်ဆီကိုလာပါ။ အခြားသူတွေကို တိုက်ခိုက်ဖို့မလိုပါဘူး” ဝူယွမ်က အေးဆေးတည်ငြိမ်စွာပြောသည်။

“မင်းရဲ့လက်စက နည်းနည်းကြမ်းတယ်မထင်ဘူးလား။”

လုံကျိုးက အေးစက်စွာပြောလိုက်သည်။ သူ၏နှလုံးသားထဲတွင် အလွန်ဒေါသထွက်နေသော်လည်း ရုတ်တရက်စတင်တိုက်ခိုက်ရန် မ၀ံ့ရင့်ပေ။

“ကြမ်းတယ်လား။ ကျွန်တော်မထင်ပါဘူး။ ခင်ဗျားရဲ့မိုက်မဲတဲ့သားရဲ့ အပြုအမူက ပေါ့ဆလို့ ကျွန်တော်က သူ့ကိုပုံမှန်သင်ကြားပေးခဲ့တာ။ သူ့ကိုမသတ်တာကဘဲ အလွန်ကရုဏာရှိတဲ့သူဖြစ်နေပီ။ အကယ်၍ သူသာ အခြားသူတစ်ဦးနဲ့တွေ့ခဲ့ရင် မနေ့ကသတ်ဖြတ်ခံရလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားကဒီနေ့ထပ်လာပြန်တာကြောင့် ကျွန်တော်င သူ့ကိုနောက်ထပ်သင်ကြားပေးမှရမယ်” ဝူယွမ်က ပြုံးရိပ်ဖြင့်ပြောလိုက်သည်။

“ညီလေး၊ မင်းမတိုက်ချင်ဘူးလား။ သွားလိုက်”

“ဖအေနဲ့သားနှစ်ယောက်လုံးကို သတ်ပစ်လိုက်”

သူသည် လင်းတုန်အား ညွှန်ကြားလိုက်သည်။ သူက မနေ့ညက ကိစ္စကြောင့် အလွန်ပင်ပန်းနေပြီး ထွက်မတိုက်ချင်ပေ။

ထို့အပြင် လင်းတုန်က ဤမျှနိမ့်ကျစွာနေထိုင်ပြီးဖြစ်သည်။ သူ့အတွက် တောက်ပရန်အချိန်ရောက်ပြီ။

“ဟီး။”

လင်းတုန်သည် ရိုးရှင်းသောစိတ်နှင့် ပြုံးလိုက်သည်။ သူ၏လက်ထဲတွင် ထူထဲသော၊ အနက်ရောင် ကောင်းကင်အကြေးခွံရှေးဟောင်းလှံ ပေါ်လာသည်။ လှံထိက်ရှိ ရူန်းများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ယွမ်စွမ်းအင်က ပျံ့နှံ့သွားကာ အဆင့်မြင့်ဝိညာဉ်ရတနာလက်နက် ၏စွမ်းအားက ပတ်ဝန်းကျင်ရှိလူအားလုံးကို အံ့အားသင့်စေသည်။ သူ၏ဆန့်ကျင်ဘက်ရှိ လုံးကျိုးလည်း ကြီးမားသော အန္တရာယ်ကိုခံစားလိုက်ရသည်။

“ငါးအကြေးခွံလှံ။”

“ဒေါသမီးလျှံမြွေလှံ ”

“ပြောင်းလဲနဂါးလှံ”

“ကောင်းကင်နဂါးလှံ”

လေးကြိမ်ဆက်တိုက်တိုက်ခိုက်မှု။

လင်းတုန်က ဆက်တိုက်လှံချက်လေးချက်ကို ထုတ်လွှတ်လိုက်သည်။ လှံအရိပ်လေးခုသည် တစ်ခုပြီးတစ်ခု၊ တစ်ခုထက်တစ်ခု ကြီးမားပြီး ပိုအားကောင်းလာကာ လုံကျိူး ဆီသို့ ဦးတည်ချီတက်လာသည်။

သူ၏မျက်လုံးများက အနည်းငယ်တောက်ပနေပြီး။ လုံကျိူးက ရုတ်တရက်သူ၏လက်များကိုဆုပ်လိုက်ပြီး လေးလံသည့်တူနှစ်ချောင်းက သူ၏လက်ထဲတွင်ပေါ်လာသည်။ တူများပေါ်တွင် အလင်း စီးဆင်းနေပြီး အလွန်လေးလံသော ခံစားချက်ကိုပေးသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလေးလံသောတူနှစ်ချောင်းသည် ဝိညာဉ်ရတနာလက်နက်များ ဖြစ်ကြောင်းရှင်းနေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က အဆင့်နိမ့် ဝိညာဉ်ရတနာလက်နက်များ ဖြစ်သော်လည်း နှစ်ခုရှိသည်။

“ကောင်းကင်ချိုးဖျက်တူ။”

ပန်းရောင်တူအရိပ်ကြီးနှစ်ခုက ထပ်နေပြီး လင်းတုန်၏လှံအရိပ်လေးခုကို ချေမှုန်းရန် ရိုက်ချလိုက်သည်။

ကြောက်မက်ဖွယ်ယွမ်စွမ်းအင်မျာူ ပျံ့နှံ့သွားကာ လူအားလုံးသည် နောက်သို့ဆုပ်လိုက်ကြရသည်။

သိမ်းငှက်သိုင်းခန်းမ ၏တံခါး၀ရှေ့တွင် ကြီးမားသော ကျင်းကြီးတစ်ခုပေါ်လာသည်။

“ညီလေးဝူယွမ်၊ လုံကျိုးက သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံတစ်ဦးဖြစ်နေပီ၊ ညီလေးလင်းတုန်က သူ့ကိုအနိုင်ယူနိုင်ပါ့မလားလား။” ကျန်းလဲ့က စိုးရိမ်မှုကိုမပြေလျော့နိုင်ပေ။ သူအရငိက လင်းတုန်တိုက်ခိုက်သည်ကိုမမြင်ဖူးပေ။ ယခုကြည့်လျှင် လင်းတုန်က သဏ္ဍာန်ပြောင်းအဆင့် အစောပိုင်းကိုပင် မရောက်ရှိသေးဟုထင်ရသည်။

ဝူယွမ်သည် လင်းတုန်အား လုံကျိုးကို တိုက်ခိုက်ခိုင်းရန် မည်သို့ရဲရင့်သည်ကို သူနားမလည်ပေ။

“မပူပါနဲ့ အစ်ကို၊ ကျွန်တော့်ညီက နယ်ပယ်တူမှာ ပြိုင်ဘက်ကင်းဘဲ။”

ဝူယွမ်က ယုံကြည်မှုအပြည့်အဝဖြင့် ပြောလိုက်သည်။

အားကစားကွင်းအတွင်း၊ ပြိုင်ဘက်က လေးကြိမ်ဆက်တိုက် တိုက်ခိုက်မှုကို တားဆီးနိုင်သည်ကိုမြင်လိုက်ရသည့်အခါ လင်းတုန်က နောက်ဆုံးတွင်စိတ်ဝင်စားလာခဲ့သည်။

လုံကျိုးက သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အင်အားကြီးမားသည်။ လင်းတုန်တွင် နည်းဗျူဟာများစွာရှိသော်လည်း သူက လုံးဝမလွှမ်းမိုးထားနိုင်သေးပေ။

သို့သော်... ဒါကြောင့်ပင်စိတ်ဝင်စားဖွယ်ကောင်းလာခြင်းဖြစ်သည်။

ဖိအားအနည်းငယ်မရှိဘဲ မည်သို့စိတ်၀င်စားဖွယ်ကောင်းနိုင်မည်နည်း။

“ထပ်တိုက်ခိုက်မယ်။”

လင်းတုန်က ပျော်ရွှင်စွာပြောလိုက်သည်။ အခုအချိန်တွင် သူက တိုက်ခိုက်ရေးစိတ်ဓာတ်ပြင်းထန်သော စစ်သည်တစ်ဦးဖြစ်သည်။

ရွှေရောင်အလင်းသည် သူ၏ခန္ဓာကိုယ်မှထွက်လယပြီး ရွှေရောင်မဟာနေမိုးကြိုး ယွမ်စွမ်းအင်က သူ့အရေပြားပေါ်တွင် လှည့်ပတ်နေကာ။ သူ၏ကြံ့ခိုင်သောကိုယ်ခန္ဓာကို ပြသနေသည်။

“သူကလည်း အရမ်းအားကောင်းတယ်။” ကျန်းလဲ့က လျှာကိုထုတ်ကာ အံ့အားသင့်သွားသည်။ လင်းတုန်၏ ကိုယ်ခန္ဓာခွန်အားပြသမှု၊ တိုက်ခိုက်ရေးဆန္ဒနှင့် စွမ်းအားက သူ့ကို အံ့အားသင့်စေခဲ့သည်။

ဝူယွမ်၏ညီက နယ်ပယ်တူတွင် တစ်ကယ်ပြိုင်ဘက်ကင်းပုံရသည်။

All Chapters